ရေထဲကအလုပ်သမားနဲ့ မြန်မာသံရုံး

Thursday, November 3, 2011

.





"ကျနော့်နာမည် နိုင်ထွန်း၊ ကျနော် မြန်မာသံရုံးကနေ လာတယ်၊ အခု လောလောဆယ် မြန်မာအလုပ်သမားကိစ္စတွေကို တာဝန်ယူ ဖြေရှင်းပေးနေတယ်"


အပြည့်အစုံကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်



.

9 comments :

  1. Anonymous said... :

    မြန်မာသံရုံးက မြန်မာပြည်သူတွေကို ကူညီတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါ ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းပါပဲခင်ဗျာ...။ မင်္ဂလာရှိလာတဲ့သဘောပေါ့..။

  1. Anonymous said... :

    U Naing Tun, u should use polite words when telling to public.

  1. Anonymous said... :

    The person who say
    'U Naing Tun, u should use polite words when telling to public."
    How about you,..did you do something for those people,..better shut your xxx mouth,...
    The embassy was helping the people,...its a good news and we have to appreciated it.

  1. Anonymous said... :

    ကောင်းတယ်ဟေ့ ကောင်းတယ်... ၀မ်းသာတယ် ...

  1. Anonymous said... :

    ကိုနိုင်ထွန်း အခုလို ကူညီမှု့ တွေ ပေးတာ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ နောက်မဆုတ်တဲ့ ခြေလှမ်းတွေနှင့်အတူ လူထုကို အင်တိုက်အားတိုက် စောင့်ရှောက်ပေးကြပါ။ ဗမာပြည်သားတစ်ဦးအနေဖြင့် ဖြစ်စေ၊ သံရုံးတာဝန်ရှိသူတစ်ယောက်သဘောထား ဖြစ်စေ ပြည်တွင်းပြည်ပက ကျွန်တော်တို့  ဗမာပြည်သား တွေအပေါ် ကူညီတာ ဖေးမတာ ကိုကြိုက်ပါတယ်။ ဒီထက်ပိုပြီး ကိုယ်ကျိုးစွန့်  စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေ လို ပြောချင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အခွင့်အရေးထဲကနေ ကိုယ့်လူထုကို ရဲရဲကြီး စောင့်ရှောက်ပေးကြပါ။ ပြည်ပ အတိုက်အခံ တစ်ဦး။

  1. Anonymous said... :

    ဘယ်စကားက မယဉ်ကျေးတဲ့စကား ဖြစ်နေလို့ လဲ။ တိုင်းရင်းသားတယောက်ဖြစ်ပြီး ဗမာစကားကို ဒီလောက်ပြေပြစ်အောင် ပြောသွားနိုင်တာ ချီးကျူးစရာပါ။ စစ်တပ်က ပြောင်းလာသူဆိုရင်လည်း အရင်ကလက်ကျန်ဟောင်းတွေ နည်းနည်းကျန်တာလောက်တော့ ရှိမှာပေါ့။ သူက ဒီအစိုးရတက်မှဖြစ်လာတဲ့ သံအမတ်လား ဘာလားတော့မသိဘူး၊ ဒီကိစ္စမှာတော့
    အံဝင်ခွင်ကျပဲလို့  ပြောရမယ်။ သူ ထိုင်းစကားပြောတာကို နားထောင်ကြည့်ပါ၊ သိပ်ကောင်းပါတယ်။ မလုပ်ပေးတာထက်စာရင် လုပ်ပေးနေတာက ပိုပြီးမွန်မြတ်ပါတယ်။ အကောင်းမြင်ဝါဒလေးတွေ များများထားကြရင်၊ ဒီ့ထက်ကောင်းတာတွေ မြင်လာရဖို့  မဝေးတော့ပါဘူး။ အားလုံး မင်္ဂလာအပေါင်းနဲ့  ပြည့်စုံပါစေ။

  1. Anonymous said... :

    သံမှူးကိုနိုင်ထွန်းပြောသွားတာ မယဉ်ကျေးတာ ဘာပါသွားလို.လဲ ??? စဉ်းစားလို.မရဘူးဖြစ်နေတယ် ...
    စစ်တပ်ကလာတဲ့ သံမှူးပဲဖြစ်ဖြစ် အရပ်ဘက်ကလာတဲ့ သံမှူးပဲဖြစ်ဖြစ်ကောင်းတဲ့သူဆိုရင်တော့ကြိုဆိုရမှာပါ ..

  1. Anonymous said... :

    ဆရာရယ်-- ဆရာ့ လိုလူမျိုးတွေ မြန်မာပြည်မှာများများရှိရင် တိုင်းပြည်က မြန်မြန် တိုးတက်လာမှာ သေချာပါတယ်။ ခုလိုကူညီပေးတဲ့ အတွက် ကျန်းမာ ချမ်းသာပြီး ကျက်သရေ အပေါင်းနဲ့ ပြည့်စုံနေမှာ ပါ။ မင်္ဂလာ အလွန်ရှိလှပါတယ်။ သာဓု သာဓု သာဓုပါ ခင်ဗျာ။

  1. Anonymous said... :

    THADU,THADU,THADU...U NAING HTUN
    Our people need more people like you.
    May you can do good tings more for our needy people and be successful.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved