အရှင်ဝီရသူ ဆန္ဒပြမည်

Thursday, February 23, 2012


"---ငြိမ်းချမ်းစွာ အေးချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်ဆောင်ရွက်မည်---" တဲ့။
အရှင်ဝီရသူရဲ့ ကြေညာချက် ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား
အကုန်လွှတ်ဖို့ ဆန္ဒပြမယ် လို့ ဆိုပါတယ်။


အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၂)
၁၃၇၃-ခု တပေါင်းလဆန်း(၁)ရက်၊ (၂၂.၂.၂၀၁၂)

(က) ဦးပဉ္ဇင်းသည် ၁၃.၁.၂၀၁၂-ရက်နေ့တွင် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သူ ဖြစ်ပါသည်။ မြစ်ကြီးနားထောင်မှ(၁၁)ယောက် လွတ်မြောက်ရာတွင် သီးသန့်(ယုံကြည်ချက်) အကျဉ်းသား(၅)ဦး ပါဝင်ခဲ့ပါသည်။ မြစ်ကြီးနားထောင်၌ လက်ရှိနိုင်ငံရေး(ယုံကြည်ချက်)အကျဉ်းသား သံဃာနှစ်ပါး ကျန်ရစ်ခဲ့ပါသည်။ တစ်ပါးမှာ ဦးဂန္ဓသာရ(မန္တလေး၊ မူလဆီးဘန်နီတိုက်)ဖြစ်ပြီး၊ ကျန်တစ်ပါးမှာ ဦးဓမ္မသာမိ(မန္တလေး၊ ရန်ကင်းတောင်) ဖြစ်ပါသည်။ နှစ်ပါးစလုံးသည် ရွှေဝါရောင်အကြိုကာလနှင့် ရွှေဝါရောင် ကာလ နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် အကျဉ်းကျခံနေရခြင်း ဖြစ်ပါသည်။

(ခ) မန္တလေးထောင်တွင် NLD-မှ ကိုမင်းသူ၊ ကိုဝင်းရွှေ၊ ကိုဝင်းကြည်-နှင့် ကျောက်ဆည်အဖွဲ့မှ မင်းကုန်း ကျောင်းဆရာတော်ကြီးအပါအ၀င် သံဃာလေးပါးသာ လွတ်ပါသည်။ ယုံကြည်ချက်အကျဉ်းသားများ အမြောက် အများပင် ကျန်ရှိနေခဲ့ပါသည်။ သံဃာအပါး(၂၀)နှင့် လူပုဂ္ဂိုလ်(၅၆)ယောက်။ စုစုပေါင်း(၇၆)ဦး ကျန်ခဲ့ပါ သေးသည်။

(ဂ) ဦးပဉ္ဇင်းတို့ ထောင်မှလွတ်သော်လည်း ဦးပဉ္ဇင်းတို့၏ အမှုတွဲများ၊ ရပ်ဆွေ ရပ်မျိုးများ၊ လုပ်ဖော်ကိုင်ဖက် များ၊ တပည့်ဒကာများ-များပြားစွာ ကျန်ရစ်နေသောကြောင့် စိတ်မလွတ်လပ်သေးပါ။ ၎င်းတို့အတွက် များစွာ ကြောင့်ကြနေရပါသည်။ ၎င်းတို့၏ မိသားစုများကိုလည်း နှစ်သိမ့်နားချနေရပါသည်။ ခေါင်းတွဲနှင့် အထက်တန်း တွဲများထွက်ပြီး အထက်တန်းအချို့နှင့် ရိုးရိုးတန်းအတွဲများ ပြုတ်ကျန်နေခဲ့သော ရထားတစ်စင်းလို ဖြစ်နေသော ကြောင့် လွတ်မြောက်သူလည်း စိတ်မချမ်းသာ၊ ကျန်ရစ်သူလည်း ၀မ်းနည်းပက်လက် ဖြစ်နေရပါသည်။

ဦးပဉ္ဇင်းအား လွတ်မြောက်သံဃာကံထပ်ပွဲသို့ ကြွရောက်ရန် ရန်ကုန်မြို့က ပင့်ဖိတ်ပါသည်။ ဦးပဉ္ဇင်း မကြွပါ။ ထောင်ထဲမှာ သံဃာတွေကျန်ရစ်နေသေးသောကြောင့် ဖြစ်ပါသည်။ ကျန်ရစ်အကျဉ်းသားများ လွတ်မြောက်ရေး campaigm-တစ်ခု ကျင်းပဖို့လည်း တိုင်ပင်ပါသည်။ ဦးပဉ္ဇင်း သဘောမတူခဲ့ပါ။ ဘုရားကြီး ငါးပါးလှုပ်ရှားမှုကြောင့် လွတ်လပ်ရေးနေ့ အစီအစဉ်ပျက်ခဲ့ရကြောင်း၊ ယခုလည်း ပြည်ထောင်စုနေ့ အစီအစဉ် ရှိလျှင် ပျက်သွားနိုင်ကြောင်း ပြောပြခဲ့ပါသည်။

(ဃ) ယုံကြည်ချက် အကျဉ်းသားများ ကျန်ရှိနေက စာရင်းပို့ပါ၊ လွှတ်ပေးပါမည် ဆို၍ ပြည်ထဲရေးဝန်ကြီးဌာန- ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကိုထံသို့လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လည်းကောင်း၊ အခြားပြည်တွင်း ပြည်ပအဖွဲ့အစည်းများသို့ လည်းကောင်း လက်ကျန် ယုံကြည်ချက် အကျဉ်း သားများ စာရင်းကို အရောက်ပေးပို့ခဲ့ပါသည်။

ပြည်တွင်းပြည်ပ-အစိုးရများ၊ အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဧည့်သည်တော်များ၊ သက်ဆိုင်ရာဌာနများကလည်း လက်ကျန်ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးဖို့တောင်းဆိုနေကြသည်ကို တွေ့ရပါသည်။ ပြည်ထောင်စုနေ့ လွှတ်မည်ထင်သော်လည်း လွှတ်မပေးခဲ့ပါ။ နောက်နောင် မည်သည့်အချိန်မှာ လွှတ်ပေးမည်ဆိုသည်ကိုလည်း မသိရပါ။ လွှတ်ပေးဖို့ အစီစဉ်ရှိသေးသည်/ မရှိတော့ဘူးဆိုသည်ကိုလည်း မသိရပါ။

ဆရာလွတ်ပြီး တပည့်မလွတ်လျှင် ဆရာကြောင့်ကြ၊ တပည့်သောက။ အဖေလွတ်ပြီး သားမလွတ်လျှင် အဖေ၀မ်းနည်း၊ သားကြေကွဲ။ လူကြီးလွတ်ပြီး လူငယ်မလွတ်လျှင် လူကြီးစိတ်မချမ်းသာ၊ လူငယ်စိတ်ဆင်းရဲ ခြင်းတည်းဟူသော ဒုက္ခအမျိုးမျိုးကို ခံစားရတတ်ပါသည်။ ဦးပဉ္ဇင်းတို့လည်း ထို့အတူ ဖြစ်ပါသည်။ လူလွတ် မြောက်သော်လည်း စိတ်မလွတ်မြောက်သေးပါ။

ကျန်ရစ်သော ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် စာရေးစာတင် တောင်းဆိုရုံ မျှဖြင့် မရနိုင်တော့ပါ။ တောင်းဆိုမှု အဆင့်ဆင့် ပြုလုပ်ရပါတော့မည်။ သို့သော်…သမ္မတကြီး ဦးသိန်းစိန်နှင့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ်ကြီး မထိခိုက်စေရပါ။ ငြိမ်းချမ်းစွာ အေးချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးပဉ္ဇင်း၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ငြိမ်းချမ်းရေးပန်းတိုင်သို့ ရှေးရှုဦးတည်လျက်

ဦးပဉ္ဇင်း

ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ၊
ဓမ္မသဟာယကျောင်းနာယက၊
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့

27 comments :

  1. ကိုလင်း said... :

    လုပ်တာတော့လုပ်ပေါ့.. ဗျာ.. ပုဂိုလ်ရေးနဲ့ နိုင်ငံရေးတော့ ခွဲခြားပြီးလုပ်ကြဗျာ... နောက်တစ်ခုက... လူတိုင်းလူတိုင်း.. ကိုတာဝန်ကိုကျေဖို့တော့လိုတယ်.. ကိုအလုပ်ကိုလုပ်ကြဖို့တော့လိုတယ်... ဘုန်းကြီးက.. ဘုန်းကြီးအလုပ်လုပ်... ကျောင်းသားကကျောင်းသားအလုပ်လုပ်... နိုင်ငံရေသမားကနိုင်ငံရေးအလုပ်လုပ်... စီးပွားရေးသမားက.. စီးပွားရေးအလုပ်လုပ် ဒါဆို.. ဘာဖြစ်မှာလဲ.. အေးအေးဆေးပေါ့. နေရာတကာ.. လောဘတွေကြီး.. ဒေါသတွေကြီး.. ဖြစ်ချင်တာတွေသိပ်များနေရင်..လက်ရှိဖြစ်နေတဲ့အရာလေးတွေ ပျက်ပျယ်သွားနိုင်တယ်...။ လူတိုင်းလူတိုင်း ချမ်းသာသုခ ရကြပါစေ.....

  1. ဘုန်းကြီးကျောင်းသား said... :

    အရှင်ဘုရား-
    ဘယ်နေ့ ဘယ်ရက်ကို နောက်ဆုံးထားပြီး လွှတ်ပေးပါ၊ မလွှတ်ပေးခဲ့လျှင် ဆိုတာမျိုးနဲ့ သမ္မတရော ပြည်ထဲရေးဝန်ကြီးထံပါ စာတင်တာမျိုး လုပ်ကြည့်ရင် မကောင်းဘူးလား။
    သတ်မှတ်ရက် ရောက်လို့မှ အစိုးရဘက်က တုံ့ပြန်ဆောင်ရွက်ပေးတာမျိုး မရှိခဲ့ရင် သံဃာအင်အားနဲ့ လိုလားချက်ပြည့်ဝအောင် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ရင် ပိုပြီး ကောင်းမွန်မယ် ထင်တယ်ဘုရား။

  1. aung said... :

    “ရှေ့ရှု့မေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတက်သူ၊ ဆရာဟူလော့”(မာန်လည်ဆရာတော်)။ မြန်မာတပြည်လုံးအတွက် ဒီမိုကရေစီ လမ်းကြောင်းကောင်း ဖော်ဆောင်ရာမှာ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ကောင်းတွေ အဘက်ဘက်က လိုအပ်တယ်လို့ ဆန္ဒပေးပါသည်ဘုရား။ ယခုလို တိုင်းပြည်လိုအပ်နေချိန်မှာ ရပ်တည်ဖော်ဆောင်သွားမည့် ဆရာတော်၏ ကြေငြာချက်သည် ခေါင်းဆောင်ကောင်းတို့၏လမ်းစဉ်နှင့် ညီညွတ်, လေးစား, ဦးခိုက်ရပါကြောင်း ဆန္ဒပေး လျှောက်ထားပါသည်ဘုရား။

  1. Anonymous said... :

    ဒီခေတ်ကြီးက ပြောင်းပြန်ဖြစ်နေပြီ...ဘုန်းကြီးက ဒကာကို တရားမချရဘဲ ဒကာက ဘုန်းကြီးကို တရားချနေပြန်ပြီ..အော် လူဝတ်ကြောင်တွေက ဘုန်းကြီးတွေထက် အာဏာပါဝါ လက်နက်ရှိထားတော့ ပြီးတော့ ဘုန်းကြီးဆိုတာမျိုးကလဲ လူဝတ်ကြောင်တွေရဲ့ ထမင်းကို စားရတယ်ဆိုတော့ ဒကာတော် ကိုလင်းရဲ့ သြဝါဒကို ခံယူရုံဘဲ ရှိတော့လေဧ။်

  1. Anonymous said... :

    တခုကျန်တယ် စစ်သားကစစ်သား အလုပ် လုပ် okie?

  1. ခေတ်အဆက်ဆက် တပည့်တော်တို့တိုင်းပြည်မှာ ပွဲလှန့်တုန်း ဖျာခင်းချင်ကြတဲ့သူတွေသိပ်များတယ်ဘုရား မြတ်စွာဘုရားနည်းအတိုင်း အစွန်းနှစ်ဖက်လွတ်မည့် တကယ်ငြိမ်းချမ်းမည့် နည်းလမ်းများဖြင့် ရှေ့ကိုကြွချီပါဘုရား. အပြောင်းအလဲလုပ်ဖို့ရာ တစ်ချို့က သိပ်တွေဝေကြပါသေးတယ်ဘုရား.မလိုအပ်ပဲ ပြုပြင်ပြောင်းလဲရေးတွေ နှောင့်နှေးမှာလည်း အထူးစိုးရိမ်မိပါတယ်ဘုရား.အခုအခြေနေဟာ မြန်မာတနိုင်ငံလုံးရဲ့ နောက်ဆုံးထွတ်သက်ပါပဲ ဒီတစ်ချီ အောင်ပွဲမခံနိုင်ရင် နောင်ဘယ်တော့မှ မမျှော်လင့်ကြပါနဲ့လို့တောင် ပြော၇မလိုပါဘဲ၊ ဒါကြောင့် ဖြစ်နိုင်ရင် ထိတ်တိုက်တိုးမည့် လုပ်ရပ်တွေကို သတိကြီးကြီးနဲ့ စဉ်းစားပြီးမှ ဆောင်ရွတ်တော်မူပါဘုရား

  1. Anonymous said... :

    ကိုလင်း ခင်ဗျာ နိုင်ငံရေးသမားက နိုင်ငံရေးအလုပ်လုပ်
    ပါလို့ပါလို့ မသိလို့မေးပါရစေ...နိုင်ငံရေးအလုပ်
    ဆိုတာဘာကိုဆိုလိုပါသလဲ...
    ပညာရေး စီးပွားရေး ဘာသာရေးတွေနဲ့ လုံးဝမပါတ်သက် ပဲ နိုင်ငံရေးလို့သီးသန့်ရှိပါသလား
    သီတဂူဆရာတော်က ဟောထားတာရှိလို့ပါ..
    ပညာရေး စီးပွားရေး ဘာသာရေးအားလုံးဟာ
    နိုင်ငံအရေးပါပဲတဲ့... အဲဒါတွေအားလုံးက
    နိုင်ငံရေးမဟုတ်ဘူးဆို ဖယ်လိုက်ပါတဲ့..
    နိုင်ငံရေးဆိုတာဘာလဲတဲ့ မေးသွားပါတယ်...
    ကိုလင်းက နိုင်ငံရေးသမားနိုင်ငံရေးလုပ်ဆိုတော့
    အဲဒါတွေမပါတဲ့နိုင်ငံရေးဟာဘာလဲ သိနေမလားလို့ပါ

  1. Anonymous said... :

    ဆူကြပူကြဆန္ဒပြကြပေါ့ဗျာ မကျေနပ်ရင်လဲလမ်းပေါ်ထွက်ကြပေါ့ ဘုန်းကြီးက တမျိုး၊ ၈၈ကတမျိုး၊လက်နက်ကိုင်တွေကတမျိုး၊ပါတီနိုင်ငံရေးတွေတမျိုးနဲ့တော့ အင်းးးကျုပ်တို့နိုင်ငံတော့ စစ်တပ်အာဏာသိမ်းခံရမယ့်လမ်းပဲ ပြန်သွားနေကြသလိုပဲ။ဒီလိုနဲ့ သူများနိုင်ငံနောက်ကျန်ခဲ့တာလဲ နှစ်ပေါင်းစွာဖြစ်လာပြီ။လုပ်ကြပေါ့ဗျာ ခင်ဗျားတို့က တက်ကြွသူတွေကို။နောက်၂၀၁၅မှာဘာဖြစ်လာမလဲ ကြည့်သေးတာပေါ့။

  1. Anonymous said... :

    ဘုန်းကြီး အလုပ်-ဘုန်းကြီးလုပ် လို့ ပြောခြင်းသည်-ဘာသာရေး နားမလည်တာလား- နိုင်ငံရေးနားမလည်တာလား-ရှစ်လေးလုံးကာလအတွင်းမှာ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်တွေ ကိုယ်တိုင် တိုင်းသူ ပြည်သားတွေကို ငြိမ်းချမ်းရေးအတွက် နိုင်ငံပိုင် ရုပ်သံမှ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီလို အစိုးရ ခိုင်းတာ လုပ်တာရော နိုင်ငံရေး လုပ်တာမဟုတ်ဘူးလား။ပဲခူးကြခတ်ဝိုင်း ဆရာတော်က နိုင်ငံတော် အကြီးအကဲတွေကို ဖြတ်စရာရှိတာ ပျက်အောင်ဖြတ်-လို့ အကြံပေးဟောကြားတာရော နိုင်ငံရေး မဟုတ်လားဘူး။ တကယ်တော့ အစိုးရက သိက္ခာရှိရှိနဲ့ တိုင်းသူပြည်သားတွေ အပေါ် တရားသဖြင့် အုပ်ချုပ်နေလျှင် ဘယ်ရဟန်းသံဃာမှ ကန့် ကွက်ဆန္ဒပြမည်မဟုတ်ပါ။ အစိုးရ လုပ်ရပ် တရားမျှတမှူ မရှိ နိုင့်ထက်စီနင်း ပြုလုပ်နေလို့ သာ ဆန္ဒပြခြင်းဖြစ်သည်-

  1. Anonymous said... :

    We call democracy that every body can concern politic, understand,,,,
    who can and who can't , no such thing anymore....

  1. Kyaw Kyaw Singapore said... :

    Absolutely Agreed!!!

    ခေတ်အဆက်ဆက် တပည့်တော်တို့တိုင်းပြည်မှာ ပွဲလှန့်တုန်း ဖျာခင်းချင်ကြတဲ့သူတွေသိပ်များတယ်ဘုရား မြတ်စွာဘုရားနည်းအတိုင်း အစွန်းနှစ်ဖက်လွတ်မည့် တကယ်ငြိမ်းချမ်းမည့် နည်းလမ်းများဖြင့် ရှေ့ကိုကြွချီပါဘုရား. အပြောင်းအလဲလုပ်ဖို့ရာ တစ်ချို့က သိပ်တွေဝေကြပါသေးတယ်ဘုရား.မလိုအပ်ပဲ ပြုပြင်ပြောင်းလဲရေးတွေ နှောင့်နှေးမှာလည်း အထူးစိုးရိမ်မိပါတယ်ဘုရား.အခုအခြေနေဟာ မြန်မာတနိုင်ငံလုံးရဲ့ နောက်ဆုံးထွတ်သက်ပါပဲ ဒီတစ်ချီ အောင်ပွဲမခံနိုင်ရင် နောင်ဘယ်တော့မှ မမျှော်လင့်ကြပါနဲ့လို့တောင် ပြော၇မလိုပါဘဲ၊ ဒါကြောင့် ဖြစ်နိုင်ရင် ထိတ်တိုက်တိုးမည့် လုပ်ရပ်တွေကို သတိကြီးကြီးနဲ့ စဉ်းစားပြီးမှ ဆောင်ရွတ်တော်မူပါဘုရား

  1. Myo Zaw said... :

    သို့သော်…သမ္မတကြီး ဦးသိန်းစိန်နှင့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ်ကြီး မထိခိုက်စေရပါ။

    ????? Everybody should think about that.

    Confrontation can cause U-turn for present movement.

  1. Anonymous said... :

    Hello!

    General Min Aung Hlaing!

    Seize State Power ! It is good chance for u. You have good reason.

  1. Si Thu Htay said... :

    ခက်တာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ပေမမှီ ၊ ဒေါက်မမှီတဲ့ လူရမ်းကားတွေ ၊ အခုထိ မော်ကြီးကို အဖေခေါ်ချင်သေးတဲ့ လက်ဝဲစွန်း လူ့အန္တတွေကရှိနေသေးတယ်။ ဂလဲ့စားနိုင်ငံရေးကို ဦးတည်ချင်သူတွေ ကရှိနေသေးတယ်။ ဒီလိုလူတွေ ရှိနေသေးတာကြောင့် သူတို့ အတွက် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကို အာမခံ ထားခဲ့တာ အပြစ်တင်လို့ရမလား။ မျက်ကန်းတစ္ဆေ မကြောက်သလို ဥါဏ်မမှီလို့ ရမ်းလာမှ စစ်တပ်ကအာဏါပြန်သိမ်းရရင် နောက်အနှစ် (၂၀) ကွိနေကြမယ်

  1. ဘုန်းကြီးနှင့်နိုင်ငံရေး မဆိုင်ဟု ခိုင်မာစွာ ငြင်းချက်ထုတ်နေသူများအား သဘောမတူပါ ။ အမျိုး ၊ ဘာသာ ၊ သာသနာ သည် နိုင်ငံရေးဟူသောခေါင်းစဉ်အောက်တွင် တည်ရှိနေပါသည် ။ ( ငြင်းချက်ထုတ်နိုင်ပါသည် ) ။ ဘုန်းကြီးများ မည်သို့ရှင်သန်နေထိုင်ကြပါသနည်း ။ အဖြေ - ဒကာ ၊ ဒကာမ တို့လှူဒါန်းသောကြောင့် ဖြစ်ပါသည် ။ ဒကာ ၊ ဒကာမ တို့ကိုယ်တိုင်က စားဝတ်နေရေး အဆင်မပြေလျှင် မည်သို့ လှူဒါန်းမည်နည်း ။ စားဝတ်နေရေး အဆင်ပြေသည့်တိုင် ခိုး ၊ ၀ှက်၍ရလာသော ပစ္စည်းအားလှူဒါန်းလျှင် ဒါနမြောက်ပါရဲ့လား ၊ ကုသိုလ်ကောင်းမှု ဖြစ်ပါရဲ့လား ။ ဤသို့ စားဝတ်နေရေး အဆင်မပြေမှုသည် အဘယ်သို့သောအကြောင်းတရားမှ ပေါက်ဖွားလာပါသနည်း ။ ဘုရားရှင်လက်ထက်နှင့် လက်ရှိခေတ် အနေအထား အပြောင်းအလွဲကို သတိမူကြပါရဲ့လား ။ ဦးနှောက်ရှိသူများ စဉ်းစားဆင်ခြင်ကြတော်မူကြပါရန် ။

  1. ထပ်ပြောမယ် ။။။ ကိုလင်း ......
    ကျောင်းသားက ကျောင်းသားအလုပ်လုပ် ဆိုတဲ့နေရာမှာ ယခုလက်ရှိ ၊ ယခင်ဖြစ်ပျက် ခဲ့တဲ့ နိုင်ငံရေးမှာ ကျောင်းသားရဲ့အရေးပါမှု ဘယ်အတိုင်းအတာထိရှိခဲ့သလဲဆိုတာ သမိုင်းကိုပြန်လေ့လာပါ ။ ဗမာ့လွပ်လပ်ရေးကို အကောင်အထည်ဖော်ခဲ့သူဟာ ဘယ်သူလဲ ၊ ဘယ်လိုလူမျိုးစားလဲ ဆိုတာ အသေအချာလေ့လာပါ ။ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားတိုင်းအရေးလို့ အဓိပ္ပါယ်ဖွင့်ခဲ့တာတွေကို ကျက်မှတ်ပါ ။ သင်ယူပါ ။ နို့နံ့မစင်တဲ့ နိုင်ငံရေးအသိအမြင်နဲ့ ၂၁ ရာစုမှာ မွေးခဲ့တဲ့လူသားဆိုရင်တော့ မပြောလိုပါဘူး ။

  1. မြတ်သူ said... :

    ဦးဝီရသူနဲ့တကွ နိုင်ငံရေး လုပ်မယ့် သံဃာတော်တွေ အားလုံးဟာ ဘယ်သူမဆို မိမိဆန္ဒကို မိမိဖော်ထုတ်ပိုင်ခွင့် အရ ဆန္ဒပြတာအပါအ၀င် နိုင်ငံရေးအလုပ်တွေကို လုပ်နိုင်ပါတယ် လုပ်ခွင့်လဲ ရှိပါတယ်။
    မိမိဆန္ဒဟာ အစိုးရရဲ့ ဆန္ဒနဲ့ မတူရင် အစိုးရကလဲ အရေးယူမှာ အမှန်ပဲ ဖြစ်ပါတယ်။
    ဒီလိုမျိုးအရေးယူခံရတဲ့ အခါ (ငါတို့ လုပ်တာသည် မဟာနာယကဆရာတော်ကြီးများရဲ့ ဆုံးမသြ၀ါဒကို ခံယူပြီး ဆရာတော်ကြီးများရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာ မဟုတ်ခြင်းကြောင့် ဆရာတော်ကြီးများနဲ့ ဘာမှ မသက်ဆိုင်ဘူး) လို့ နှလုံးသွင်းပြီး-
    ဆရာတော်ကြီးတွေကို သမိုင်းရဲ့ တရားခံ စာတမ်းမျိုးတွေ နဲ့ ပက်ပက်စက်စက် ဆဲရေးတိုင်ထွာတာမျိုးတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
    ကိုယ်ကိစ္စကိုယ်တာဝန်ယူရပါမယ်။ ဆရာတော်ကြီးတွေက ထောင်ကျသံဃာတွေ လွတ်မြောက်အောင် လုပ်မပေးရကောင်းလား ဆိုပြီး ရန်မတွေ့ရပါဘူး။
    ကိုယ့်ဆန္ဒအတိုင်း ကိုယ်လုပ်ပြီး ထောင်ကျမှ မဆိုင်တဲ့သူတွေကို အပြစ်ဖို့တာဟာ ညံ့ဖျင်းသော နိုင်ငံရေးသမား၊ နိုင်ငံရေးဘုန်းကြီးတို့ရဲ့ လုပ်ရပ်ပါ။

  1. Anonymous said... :

    ကိုယ့်အလုပ်ကိုပဲ ကိုယ်စီတာဝန် ကျေအောင် လုပ်ကြရင် ကောင်းမယ်။

  1. Anonymous said... :

    "ဘုန်းကြီးက.. ဘုန်းကြီးအလုပ်လုပ်... ကျောင်းသားကကျောင်းသားအလုပ်လုပ်... နိုင်ငံရေသမားကနိုင်ငံရေးအလုပ်လုပ်..."

    ခင်ဗျားကကော ခင်ဗျားအလုပ် ခင်ဗျားမလုပ်ပဲ ဘာလာပွါးနေတာလဲ ကိုလင်း

  1. Anonymous said... :

    ကိုလင်း

    ဘာမှမသိပဲနဲ့ သူများတွေ ကောမက်ရေးတိုင်း လိုက်ရေးလိုက်ရင်ပြီးရောဆီပြီး မရေးပါနဲ့ ဗျာ
    ကောင်းသတင်းနဲ့ မကျော်ပဲ အပုတ်နံ့ နဲ့ တော့မပေါ်စေချင်ဘူးဗျာ။
    တကယ်သိတယ်ဆိုရင် ပြောပြပါလား .
    ခင်ဗျားကောအခုဘာတွေလုပ်နေတယ်ဆိုတာကိုပေါ့
    ခင်ဗျားအလုပ်ကဘာလဲ ခင်ဗျားအလုပ်ခင်ဗျားလုပ်နေရဲ့ လားလို့ပေါ့
    ကို့အလုပ်လိုမလုပ်ပဲ သူများ အလုပ်ကိုသွားမနှောက်ယှက်သင့်ပါဘူး ..
    ပြောရရင်တော့အများကြီးပဲ ဗျ ..
    စာများများဖက်ပြီး လေ့ လာစေချင်ပါတယ်

  1. Myo Zaw said... :

    Carry On!

    But Pls take responsibility for consequences caused by you.

  1.့ honey said... :

    တိုင်းပြည်မှာလူသားအချင်းချင်းကယ်တင်သင့်လို့
    ကယ်တင်တာလက်ခံပေးကြပါ။
    နိုင်ငံရေးဆိုတာစီးပွါးရေး။ပညာရေး၊လူမှုရေး
    အားလုံးကိုနိုင်ငံရေးလို့ခေါ်တယ်။
    တတိုင်းပြည်လုံးကိုချူပ်ကိုင်ပြီးမတရားမှု၊တရားမှုတွေကို
    ဖန်တီးနေတဲ့သူကိုလူသားတိုင်းကငြိမ်ပြီးခေါင်းငုံခံ
    ပေးစရာမလို။ကိုလိုနီခေတ်လည်းဆိတ်သုန်းသွားပြီ။
    သက်ဦးဆံပိုင်ဘုရင်စနစ်လည်းပျက်သုန်းခဲ့ပြီ။
    ဒီအတွက်မြန်မာပြည်သားတိုင်းတာဝန်ရှိတဲ့ကိစ္စတိုင်းကို
    ရဲရဲရင့်ရင့်သတ္တိနဲ့ငါတို့နင်တို့မစွမ်းနိုင်ရင်
    စွမ်းတဲ့သူကလုပ်ဆောင်နေရင်နေတက်သလိုနေပေးပါ။
    သံဃာတိုင်းလည်းမညီမျှမှုကိုတ၇ားနဲ့မြင်သာအောင်ပြ
    နိုင်တယ်။အကြမ်းဖက်ခြင်းကင်းတဲ့ဆန္ဒပြမှုကို
    နိုင်ငံအုပ်ချုပ်သူခေါင်းဆောင်တိုင်းကအမှန်တရားကိုရှာ
    ဖွေလက်ခံသင့်ပါတယ်။အကျဉ်းသားဆိုပေမဲ့
    ဘာကြောင့်အကျဉ်းသားဖြစ်ခဲ့ရသလဲ...
    အမှန်တရားကိုရှာဖွေပြီးမှန်ကန်တဲ့မျှတတဲ့ဆုံးဖြတ်ချက်ကိုပေးနိုင်မှတိုင်းပြည်ရဲ့ခေါင်းဆောင်ကောင်း
    ပီသနိုင်ပါတယ်။
    ယခုအရှင်ဝိရသူရဲ့ဆန္ဒဟာပြည်သူပြည်သားအချင်း
    ချင်းစာနာစိတ်နဲ့ဆန္ဒပြခြင်းဆိုတာဦးနှောက်
    အသိဥာဏ်
    ပြည့်စုံသူတိုင်းလက်ခံနိုင်ကြပါတယ်။

  1. Si Thu Htay said... :

    ကိုယ့်ဆန္ဒအတိုင်း ကိုယ်လုပ်ပြီး ထောင်ကျမှ မဆိုင်တဲ့သူတွေကို အပြစ်ဖို့တာဟာ ညံ့ဖျင်းသော နိုင်ငံရေးသမား၊ နိုင်ငံရေးဘုန်းကြီးတို့ရဲ့ လုပ်ရပ်ပါ။

    Yes It is right Ko Myat Thu.

    Monk can also do politic. But should think widely and wisely . And should think consequences and take responsibility for what he did.

  1. KO PAUL said... :

    Anonymous who are attacking to Ko Linn!

    Pls give comments with your real name first.

    Above Anonymous also should see widely and think wisely. And should read more.

  1. Unknown said... :

    လက်နှက်အားကိုးနဲ့ နိုင်ငံတော် အချူပ်အချာအာဏာ ဆိုတဲ့စကားလုံးကိုသု့ြးံပီး လူပါး ၀ သူတွေရှိနေသရွေ့ ဘုန်ကြီးရော ကျောင်းသားရော ညိမ်ညိမ်နေလို့မရဘူး။

  1. thet said... :

    i quite agree for Ashin Wiyathu because Myanmar is long way to go for Democracy
    for the present situation.everybody know that.Every class in Myanmar should join in Democracy movement especially intellctual class and
    working class
    ,even Monks should join the movement
    even Military government (USPD) used Buddhism for one of the strategic in
    suffron revolution.So Buddhist Monks
    movement is very important for Myanmar.

  1. Shin Thant said... :

    သာသနာ အတွင်းရန်က အပြင်ရန်ထက်ပိုဆိုးပါတယ်။ သာသနာက အပြင်က ဖျက်လို့ မပျက်နိုင်ပါဘူး ..။ ရဟန်းတော်များ က ဝိနည်းသိက္ခာ ကို မလေးစား၊ အလေးမထားကြတော့တဲ့ အချိန်ကစလို့ ပျက်ရမှာပါ...။

    သံဃာတော်တွေသာ နိုင်ငံရေး လုပ်လာကြရင် ...NLD ဘုန်းကြီးတို့၊ ကြံ့ဖွံ့ ဘုန်းကြီးတို့၊ ကျားဖြူ ရှမ်းဘုန်းကြီးတို့ စသည်ဖြင့် နိုင်ငံရေးဘုန်းကြီး အုပ်စုကွဲများ၊ ဂိုဏ်းကွဲများ နဲ့ သာသနာအရေး ပိုရင်လေးစရာများ မြင်ကြောင်းပါ..။

    အေးဗျာ ..ကျွန်တော်တို့လည်း ကိုယ် ကိုးကွယ်နေတဲ့ ရဟန်းတော်များကို ရဟန်း ပီပီ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး တွေနဲ့ ကင်းကင်းရှင်းရှင်း နဲ့ ဓူရ ၂ဖြာကိုသာ ..ကြိုးပမ်းအားထုတ်နေကြတာကိုသာ တွေ့မြင်ချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved