မီဒီယာကို ဝေဖန်ထားတဲ့ ဌာနတွင်းပေးစာ

Saturday, March 24, 2012

image - www.fmmagazine.com.au

သတင်းလုံခြုံရေး ဂရုစိုက်ဖို့ နိုင်ငံခြားရေးဌာနတွင်း အသိပေးစာ အွန်လိုင်းကို ရောက်လာပါတယ်။ မီဒီယာတွေက ပြည်သူနဲ့အစိုးရ နားလည်မှုလွဲမှားအောင် လုပ်နေတယ် လို့လည်း အသိပေးစာထဲမှာ ရေးထားပါတယ်။ ပြည်သူတွေ ဇဝေဇ၀ါဖြစ်သွားအောင် လုပ်တယ်၊ လုပ်ကြံရေးတယ် လို့ ၀ါးလုံးရှည်နဲ့ ရိုက်ထားပါသေးတယ်။

http://2.bp.blogspot.com/-bH7J6t63wfg/T22IscDN9WI/AAAAAAAAUZw/GfFoza4NX3g/s1600/000ooo%2B%25282%2529.jpg မှာ ဖတ်နိုင်ပါပြီ။

ညွှန်း - ဆွေဆွေကြည်Facebook

4 comments :

  1. အေတူကန် said... :

    အစိုးရအတွင်းအကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်သည့်မီဒီယာများ၊ အာဏာရှင်စနစ်ကို ထိခိုက်ပြိုလဲစေမည့် အရေးအသားများ၊ ဝန်ကြီးဌာနများ သိန်းထောင်ချီအလွဲသုံးစားမှုများ ပေါက်ကြားခြင်းကဲ့သို့ သောဖြစ်ရပ်များမပေါ်ပေါက်စေရန်အတွက် အထူးကြပ်မတ်သွားရမည်။

  1. Anonymous said... :

    အပိုတွေလုပ်မနေကြနဲ့ တရားမျှမျှတတနဲ့ မှန်တာကိုပြော ပြောတဲ့အတိုင်းလုပ် ပြည်သူလူထုကြားပြန်ကြားသင့်တဲ့သတင်းအချက်အလက်တွေကို ပွင့်ပွင့်လင်းလင်းချပြရင် ဘာအပိုတွေမှလုပ်နေစရာမလိုဘူး နဂိုကတည်းက မဟုတ်ကဟုတ်ကတွေတန်းစီပြီးလုပ် ဝန်ကြီးဋ္ဌာနတွေ လုပ်နေတာနှစ်ပေါင်း၅၀ကျော်နေပြီ ဘာစီမံကိန်းတွေရေးဆွဲပြီး ဘယ်လိုအကောင်အထည်ဖေါ်နေကြသလဲဆိုတာဘာတစ်ခုမှတိုးတက်မှု့မရှိပဲ တိုင်းပြည်လည်းအောက်ဆုံးရောက် အကြွေးတွေလည်းဝိုင်းနေပြီ ဟိုဟာပိတ်ဒီဟာဆို့နဲ့ ဆက်လိမ်မနေကြတော့နဲ့ တိုင်းပြည်အကျိုးကို အားလုံးပူးပေါင်းပြီး တကယ်လုပ်ကြဖို့အချိန်တန်ပြီ

  1. Anonymous said... :

    အော်...သတင်းတွေ မပေါက်ကြားချင်ဘူး ဆိုမှဘဲ....ခွီးးးးးးးးးး

  1. Anonymous said... :

    လွှတ်တော်ညီလာခံတစ်ခု၌ ဦးရွှေမန်းပုံ

    အကြီးအကဲ ဗိုလ်ချုပ်များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပြီ။ ထို့ကြောင့် စစ်ဥပဒေသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့သည်။ ထို့ကြောင့် “စစ်ဥပဒေဟူသည် လက်အောက်ငယ်သား အောက်ခြေ လူတန်းစားများအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်” ဟု နားလည်ရပေတော့မည်။ ရဲဘော်အဆင့်မှ အရာရှိငယ်အဆင့်ထိ လူတန်းစားများသည် စစ်တပ်မှ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းလျှင် ၄င်းပြစ်မှုပြစ်ဒဏ်များကို မလွဲမသွေ ကျခံရမည် ဖြစ်သည်။ သို့သော် ၄င်းဥပဒေများသည် အကြီးအကဲများနှင့်တော့ လားလားမျှ မသက်ဆိုင်ပေ။

    အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ စစ်ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက ရဲဘော်မှ ဗိုလ်ကြီးအဆင့်ထိ လူများကိုသာ တွေ့နေရသည်။ အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်ဆိုလျှင် ညီအမနှစ်ဦးကို တပြိုင်နက် မယားပြိုင်သဘော ယူထားသေးသည်။ ကောင်းလေစွ။

    ဥပဒေနှင့် ငြိစွန်းသော အလုပ်များ လုပ်ကိုင်နေကြသည်မှာ စစ်ဗိုလ်ချုပ်များပင် ဖြစ်တော့သည်။ အာဏာကို ပါဝါတစ်ခုလို အသုံးချကြသည်။ ရဲဘော်အဆင့်မှ ဗိုလ်ကြီးအဆင့် လူများသည် မိသားစုအတွက် ရုံးကန်ရင်း အပြစ်ဖြစ်ကြသည်။ ဥပမာ ဆိုင်ကယ် ကယ်ရီ၊ မှောင်ခိုပစ္စည်း လုပ်မိကြသည်။ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းသည်။ အပြစ်ရှိသည် မှန်၏။ ပြုတ်မည် (သို့) ထောင်ချခံရမည်။ ပြစ်ဒဏ်များ ချမှတ်ပြပါလိမ့်မည်။ အကြီးအကဲများ၊ စစ်တရားသူကြီးဆိုသူများ။ သို့သော် ယင်းစစ်ဗိုလ်ချုပ်များ၊ စစ်တရားသူကြီးများ၊ အကြီးအကဲ ဆိုသူများသည်ပင် ဇိမ်ခံကားများ အစီးရာနှင့်ချီ၍ တရားမဝင် သွင်းနေကြသည်။ လေလံအဖြစ် ပြန်လည် ရောင်းစားနေကြသည်။ ချမ်းသာနေကြသည်မှာ ဆွေစဉ်မျိုးဆက် စားမကုန်နိုင်အောင် ဖြစ်သည်။

    ဤသို့ တရားမ၀င်ကိစ္စများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို မည်သူ တရားစီရင်ပါမည်နည်း။ ထုတ်ပြန်ထားသော စစ်ဥပဒေသည် အဘယ့်သို့ ရောက်သွားပါသနည်း။ ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ဥပဒေများအတိုင်းသာ အရေးယူရပါလျှင် စစ်တပ်အတွင်း အကြီးအကဲဟူသည် ရှိနိုင်တော့မည်ပင်မထင်။ ငယ်သားများအား အပြစ်ပေး ထောင်ချနေသော စစ်တရားသူကြီးများ ကိုယ်တိုင်ပင် ထောင်ထဲတွင် အရိုးထုတ်ရဖွယ်ရှိမည်။ ကားမှောင်ခိုမှု၊ လာဘ်စားမှု၊ အာဏာသုံး မတရားသိမ်းပိုက်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် ပေါင်းကာ စီးပွားရှာမှု၊ မိန်းမပျက်များနှင့် ပျော်ပါးမှု၊ မိန်းမ ရှုပ်ထွေးမှု စသည့် မမြင်ဘူးသေးသော အမှုများ အမြောက်အများ ရှိပါဦးမည်။ ဂုဏ်သိက္ခာဟူသည် မရှိ။ “ကာရင် အိုကေ” ဆိုသော ကာရာအိုကေ စားသောက်ဆိုင်၊ ကေတီဗွီများနှင့် မိန်းကလေး အနှိပ်ခန်း မာဆာ့ခ်ျဆိုင်များသို့ ဝင်ကာ အပျော်အပါး လိုက်စားကြသည်။ အငယ်အနှောင်းများ ထားကြသည်။ ဘာကြောင့် ဥပဒေကို လူတန်းစားခွဲခြား သတ်မှတ်ထားပါသလဲ။

    နေပြည်တော်မှရန်ကုန် အစည်းအဝေးအသွား လူပင်မရောက်သေး၊ ဟိုတယ် (၃) လုံးတွင် ပျော်ပါးနေကြ မိန်းမပျက် (၃) ယောက်က တစ်ခန်းစီတွင် အသင့် စောင့်လျှက်ရှိသည်။ ခေါင်းဆောင်ဆိုသုများ ငွေကြေး သိန်းပေါင်း သန်းနှင့်ချီကာ ချမ်းသာကြသည်။ ဤမျှ များပြားသော ငွေများ အဘယ်က ရကြပါသနည်း။ စစ်တပ်အကြီးဆုံး တပ်ချုပ်ပင် (၁၂) သိန်း မကျော်သော လစာနှင့် ၄င်းတို့ချမ်းသာမှုများကို စဉ်းစားနှိုင်းယှဉ်ကြည့်လျှင် စစ်ဥပဒေအပြင် နယ်ဘက်ဥပဒေများနှင့်ပါ မုချ ငြိစွန်းနေပေလိမ့်မည်။

    ရဲဘော်မှ အရာရှိငယ်အဆင့် လူများတွင်တော့ စစ်တပ်မှ အနားယူလျှင် နေစရာအိမ်ပင် မရှိပေ။ ဘဝ အာမခံချက်လည်း မရှိပေ။ စစ်ဗိုလ်ချုပ်များကတော့ မြေကွက်များ၊ အိမ်ကြီးအိမ်ကောင်းများက မြို့တိုင်းလိုလိုတွင် ရှိကြသည်။ သိန်း ထောင်သောင်းကျော်တန် မြေကွက်များ တစ်ကွက်ပြီးတစ်ကွက် ဝယ်နိုင်နေကြသည်။ မည်သူစစ်ဆေးပါသနည်း။ ဗိုလ်ကြီးတစ်ယောက် ဤမျှ ချမ်းသာသွားပါက စစ်ဆေးမှုများ မှိုလိုပေါက် ရောက်လာပါလိမ့်မည်။

    လွှတ်တော်ညီလာခံတစ်ခု၌ လွှတ်တော်ဥက္ကဌပုံ

    စစ်တပ်အကြီးအကဲများနှင့် ဝန်ကြီးများ ဤမျှ ချမ်းသာနေကြသည်ကိုတော့ စစ်ဆေးရန် မသိကျိုးကျွံ ပြုနေကြသည်။ ဥပဒေမရှိသယောင် မေ့ထားကြသည်။ ဤအချက်များကြောင့်ပင် အောက်ခြေအဆင့် ရဲဘော်များ၊ အရာရှိများသည် မကျေနပ်ချက်များနှင့် တင်းမာမှုများ တစ်စ တစ်စ ပိုတိုးလာနေသည်။ နာကြည်းချက်များ၊ အငြိုးအတေးများနှင့် ခဲထားကြသည်။ ဘယ်အချိန်မှာ ထပေါက်ကွဲမလဲ ဆိုသည်သာ စောင့်ကြည့်နေရသည်။ အကြီးအကဲများကလည်း မိမိတို့ အမှားများ လုပ်မိနေကြသည်၊ မတရားမှုများ လုပ်နေကြသည်ကို သိ၍ အမှန်တရား ထုတ်ဖော်သူများကို အတင်းအကြပ် လိုက်လံတားဆီး နှိပ်ကွပ်နေကြသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved