လူပုံကြေးရုပ်တွေက အင်မတန် မြင့်ပါတယ်၊ တခုက ၇ ပေ၊ နောက်တခုက ၈ ပေ မြင့်တယ်။
ဒီ ဒေ၀နတ်ရုပ်ကြီးတွေကို ဘုရားဖူးတွေက ပွတ်ကြပါတယ်။
ယင်းနတ်ရုပ်များအား ရောဂါရှိသူများက သက်ဆိုင်ရာ ဝေဒနာခံစားနေရသည့် အစိတ်အပိုင်းအား ပွတ်တိုက်လျှင် ရောဂါပျောက်ကင်းသည်ဟု ယုံကြည်ကြသည် လို့ ဒီအရုပ်ကြီးနောက်က ဆိုင်းဘုတ်မှာ ရေးထားပါတယ်။
ပွတ်လို့ ရေးထားတယ်၊ ရေးထားတော့ ပိုပွတ်ကြတယ်၊ သံသရာ လည်နေပါတယ်။
ကြေးရုပ်ကြီးတွေရဲ့ မူလဘူတဟာ ကမ္ဘောဒီးယားကဖြစ်တယ် တဲ့။
ဒီပုံတွေကို ဓာတ်ပုံရိုက်ထားတဲ့ Fu-min ဆိုသူရဲ့ ဘလော့ http://kuradashieigakan.com မှာ ကြေးရုပ်ကြီးများ ရောက်ရှိခဲ့တဲ့ နေရာ မြေပုံကို အခုလို တွေ့ရပါတယ်။
အန်ကောဝပ်ကျောင်းတော်မှာရှိတဲ့ ဒီအရုပ်ကြီးတွေကို ထိုင်းတွေက ယူခဲ့တယ်လို့ ဆိုတယ်။
ထိုင်းတွေဆီကနေ ဘုရင့်နောင်တပ်တွေက သိမ်းယူတဲ့အတွက် မြန်မာပြည်ရောက်လာတယ်။ (သက္ကရာဇ် ၉၂၅ ခုနှစ်)
ဟံသာဝတီအပျက်မှာ ထိုင်းတွေက တောင်ငူကို ၀င်တိုက်တယ်လို့ ကြေးရုပ်ကြီးများနောက်က ဆိုင်းဘုတ်က ဆိုတယ်။ တောင်ငူကို ရခိုင်ဘုရင်က ကူတယ်။ ဒါကြောင့် ထိုင်းရှုံးတယ်၊ တောင်ငူက ရခိုင်ဘုရင်ကို ဒီကြေးရုပ်ကြီးတွေ လက်ဆောင်ပေးလိုက်တယ် တဲ့။ (သက္ကရာဇ် ၉၆၁)
ဘိုးတော်ဗဒုံမင်းလက်ထက် ရခိုင်ဒေသ မဟာမုနိဘုရားကြီး မန္တလေးကို သိမ်းလာ (ပင့်ဆောင်လာ) ချိန်မှာ ဒီကြေးရုပ်ကြီးများကိုလည်း ယူဆောင်လာခဲ့တယ် တဲ့။ (သက္ကရာဇ် ၁၁၄၆)
ဘုရားဖူးတွေပွတ်သပ်မှု များတဲ့ နေရာတွေက ပြောင်လက်နေပါတယ်။
သူ့ဘလော့မှာ မန္တလေး ဘုရားကြီးမြင်ကွင်း တခုတည်း မဟုတ်ပါဘူး။
မြန်မာပြည်ရဲ့ တခြားဒေသ မြင်ကွင်းများလည်း ရှိပါတယ်။ မြန်မာပြည်ခရီးစဉ်တွေမှာ ရိုက်ကူးထားတဲ့ ပုံတွေပါ။
ကြည့်ရှုလိုသူများအတွက် လင့်တွေကို ဖော်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်ခရီး kuradashieigakan.com/con84myanmar/myanmar02-2day.html
http://kuradashieigakan.com/con84myanmar/myanmar03-3day.html
http://kuradashieigakan.com/con84myanmar/myanmar04-4day.html
ရန်ကုန် - http://kuradashieigakan.com/con84myanmar/myanmar05-5day.html
http://kuradashieigakan.com/con84myanmar/myanmar13-13day.html
http://kuradashieigakan.com/con84myanmar/myanmar14-14day.html
ပုဂံ - http://kuradashieigakan.com/con84myanmar/myanmar06-6day.html
http://kuradashieigakan.com/con84myanmar/myanmar07-7day.html
http://kuradashieigakan.com/con84myanmar/myanmar08-8day.html
မန္တလေး http://kuradashieigakan.com/con84myanmar/myanmar09-9day.html
http://kuradashieigakan.com/con84myanmar/myanmar10-10day.html
ရှမ်းပြည်နယ် http://kuradashieigakan.com/con84myanmar/myanmar11-11day.html
http://kuradashieigakan.com/con84myanmar/myanmar12-12day.html
ိအနော်ရထာမင်းကြီး ခမာတွေဆီက ဘတ်လာခဲ့တာကိုး။