ဘုရားကြီးမှာ တွေ့ရတဲ့ ကြေးရုပ်များ

Monday, April 16, 2012

(ဓာတ်ပုံများ - Fu-min)
မန္တလေး မဟာမုနိဘုရားကြီးမှာ ထူးခြားတဲ့ ကြေးရုပ်ကြီးတွေ ရှိတယ်။

လူပုံကြေးရုပ်တွေက အင်မတန် မြင့်ပါတယ်၊ တခုက ၇ ပေ၊ နောက်တခုက ၈ ပေ မြင့်တယ်။

ဒီ ဒေ၀နတ်ရုပ်ကြီးတွေကို ဘုရားဖူးတွေက ပွတ်ကြပါတယ်။

ယင်းနတ်ရုပ်များအား ရောဂါရှိသူများက သက်ဆိုင်ရာ ဝေဒနာခံစားနေရသည့် အစိတ်အပိုင်းအား ပွတ်တိုက်လျှင် ရောဂါပျောက်ကင်းသည်ဟု ယုံကြည်ကြသည် လို့ ဒီအရုပ်ကြီးနောက်က ဆိုင်းဘုတ်မှာ ရေးထားပါတယ်။
ပွတ်လို့ ရေးထားတယ်၊ ရေးထားတော့ ပိုပွတ်ကြတယ်၊ သံသရာ လည်နေပါတယ်။

ကြေးရုပ်ကြီးတွေရဲ့ မူလဘူတဟာ ကမ္ဘောဒီးယားကဖြစ်တယ် တဲ့။

ဒီပုံတွေကို ဓာတ်ပုံရိုက်ထားတဲ့ Fu-min ဆိုသူရဲ့ ဘလော့ http://kuradashieigakan.com မှာ ကြေးရုပ်ကြီးများ ရောက်ရှိခဲ့တဲ့ နေရာ မြေပုံကို အခုလို တွေ့ရပါတယ်။

အန်ကောဝပ်ကျောင်းတော်မှာရှိတဲ့ ဒီအရုပ်ကြီးတွေကို ထိုင်းတွေက ယူခဲ့တယ်လို့ ဆိုတယ်။

ထိုင်းတွေဆီကနေ ဘုရင့်နောင်တပ်တွေက သိမ်းယူတဲ့အတွက် မြန်မာပြည်ရောက်လာတယ်။ (သက္ကရာဇ် ၉၂၅ ခုနှစ်)

ဟံသာဝတီအပျက်မှာ ထိုင်းတွေက တောင်ငူကို ၀င်တိုက်တယ်လို့ ကြေးရုပ်ကြီးများနောက်က ဆိုင်းဘုတ်က ဆိုတယ်။ တောင်ငူကို ရခိုင်ဘုရင်က ကူတယ်။ ဒါကြောင့် ထိုင်းရှုံးတယ်၊ တောင်ငူ
က ရခိုင်ဘုရင်ကို ဒီကြေးရုပ်ကြီးတွေ လက်ဆောင်ပေးလိုက်တယ် တဲ့။ (သက္ကရာဇ် ၉၆၁)
ဘိုးတော်ဗဒုံမင်းလက်ထက် ရခိုင်ဒေသ မဟာမုနိဘုရားကြီး မန္တလေးကို သိမ်းလာ (ပင့်ဆောင်လာ) ချိန်မှာ ဒီကြေးရုပ်ကြီးများကိုလည်း ယူဆောင်လာခဲ့တယ် တဲ့။ (သက္ကရာဇ် ၁၁၄၆)

ဘုရားဖူးတွေပွတ်သပ်မှု များတဲ့ နေရာတွေက ပြောင်လက်နေပါတယ်။

မဟာမုနိဘုရားကြီး

ဒီကြေးရုပ်များကို ယုံကြည်ချက်တခုခုကြောင့် ပွတ်သပ်ကြခြင်းဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ မကောင်းပါ။ ရောဂါပျောက်အောင် ပွတ်ကြ၊ လူပေါင်းစုံ ပွတ်သပ်ကြတာကြောင့် ရောဂါကူးနိုင်ချေ ရှိလို့ပါပဲ။

သူ့ဘလော့မှာ မန္တလေး ဘုရားကြီးမြင်ကွင်း တခုတည်း မဟုတ်ပါဘူး။
မြန်မာပြည်ရဲ့ တခြားဒေသ မြင်ကွင်းများလည်း ရှိပါတယ်။ မြန်မာပြည်ခ
ရီးစဉ်တွေမှာ ရိုက်ကူးထားတဲ့ ပုံတွေပါ။

ကြည့်ရှုလိုသူများအတွက် လင့်တွေကို ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်ခရီး kuradashieigakan.com/con84myanmar/myanmar02-2day.html
http://kuradashieigakan.com/con84myanmar/myanmar03-3day.html
http://kuradashieigakan.com/con84myanmar/myanmar04-4day.html

ရန်ကုန် - http://kuradashieigakan.com/con84myanmar/myanmar05-5day.html
http://kuradashieigakan.com/con84myanmar/myanmar13-13day.html
http://kuradashieigakan.com/con84myanmar/myanmar14-14day.html

ပုဂံ - http://kuradashieigakan.com/con84myanmar/myanmar06-6day.html
http://kuradashieigakan.com/con84myanmar/myanmar07-7day.html
http://kuradashieigakan.com/con84myanmar/myanmar08-8day.html

မန္တလေး http://kuradashieigakan.com/con84myanmar/myanmar09-9day.html
http://kuradashieigakan.com/con84myanmar/myanmar10-10day.html

ရှမ်းပြည်နယ် http://kuradashieigakan.com/con84myanmar/myanmar11-11day.html
http://kuradashieigakan.com/con84myanmar/myanmar12-12day.html



7 comments :

  1.ိအနော်ရထာမင်းကြီး ခမာတွေဆီက ဘတ်လာခဲ့တာကိုး။

  1. Maung Maung said... :

    အူ ကြောင် ကြား၊ စာ သေ ချာ ဖတ် ။ အနော် ရ ထာ နဲ့ ဘုရင့် နောင် က နှစ် ငါးရာ လောက် ကွာ တယ်။ အယ်ဒီတာ မင်းများ ကလဲ ဒါမျိုး comment တော့ တင်ပေးတယ်။

  1. ပေါက်လှ said... :

    ဘုန်းကျော်ဆိုတဲ့ကောင်။ ပုဂံခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်တွေကြား နှစ်တွေ ဘယ်လောက်ခြားတယ်ဆိုတာ သေချာလေ့လာဦးကွ။ ရမ်းရွှီးပြီး အနော်ရထာဘုရင်ကို စော်ကားရအောင် မင်းကဘယ်လောက်အဆင့်ရှိလို့ လဲ။ အဲဒီဘုရင်တွေဟာ ငါတို့ ဘိုးဘေးတွေကွ။ နားလည်လား။

  1. Anonymous said... :

    အော်စီက ဘုန်းကျော် ရေးတဲ့စာတွေ ဖတ်ကြည့်။ဒီကောင် အရင်တုန်းက ရေးခဲ့ဖူးတဲ့ စာတခုမှာလည်း =ထိုင်းကို အနော်ရထာ မင်းကြီးက သိမ်းတယ်” လို့ သမိုင်းမှား ရေးခဲ့ဖူးတယ်။ အဲဒီအမှားကို ငါ ထောက်ပြဖူးတယ်။အခုထိ အမှန်မမြင်သေးဘူး။ အခုထိ လည်း အမှတ်မှားနေတုန်း။ ဒီကောင့်ဘ၀မှာ ဘုရင့်နောင်နဲ့အနော်ရထာ တသက်လုံး ကွဲမှာ မဟုတ်ဘူး။ (အိုးဝေအောင်-ခေတ္တ-အမေရိက)

  1. ပေါက်လှ said... :

    အဲဒီကောင်က နာမည်ကြီး စာရေးဆရာကြီးတွေရဲ့ စာမူတွေကို ဖြတ် ညှပ် ကပ်ပြီး Australian Burmese Community ဂျာနယ်ဆိုပြီးထုတ်၊ မလေးရှားမှာ လာရောင်းဘူးတယ်။

  1. ဆောရီးမှားသွားပြန်ပြီ။ ဒီဘုရင်တွေ ကြေးရုပ်ကြီးတွေကို ဒေါ်လာနဲ့ ဝယ်လာတာမှ မဟုတ်တာ။ အဲဒါ ဘတ်လာတယ်လို့ခေါ်တယ် ဆရာသမားတို့ ရဲ့ ။ တခါတည်းကျနော့်ဆိုရင် ဆော် ဖို့ လောက်ပဲ ကြည့်နေကြတယ်ထင်တယ်။ အိုးဝေအောင် ကလည်း သူပဲ သမိုင်းပညာရှင်လိုလို ဘာလိုလို။

  1. Anonymous said... :

    ဧရာဝတီကိုကျေးဇူးတင်ပါတယ်..
    အခုလိုလတ်လတ်ဆတ်ဆတ် ဓါတ်ပုံလေးတွေ တင်ပေးလို့.
    ဘုရားဖူးရတော့စိတ်ကြည်နူးပါတယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved