အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဘယ်လိုစဉ်းစားလိုက်တာလဲ ကြည့်လုပ်ကြပါအုံး
စီမံ/စီးပွားအုပ်ချုပ်မှု့အောက်ရှိ နိုင်ငံခြားစီးပွားမှာ မြန်မာနှစ်ဦးအကြိုကာလတွင် တစ်ရုံးလုံးရှိဝန်ထမ်းများအားလုံး ရာထူးများတိုးကြလို့ ၀မ်းသာအားရ ဖြစ်မယ်ကြံရုံရှိသေး၊ ဒုညွှန်မှုးတွေကို ယခင်က တယောက်ကားတစ်စီးစီ (တစ်လ-ဆီဂါလံ ၄၀) ပေးနေရာမှ ဒုညွှန်မှုးနှစ်ယောက်ကားတစ်စီး (တယောက်ဆီဂါလံ ၃၀) ဖြစ်သွားသည်။ ဆီဂါလံလျော့သွားတာကို ဘာမှမပြောလိုသော်လည်း တစ်ယောက်နဲ့တစ်ယောက် ရုံးသွား/ပြန်ချိန် မတူလို့ ညှိရတာလည်း ဒုက္ခပါပဲ။
စီမံစီးပွားအုပ်ချုပ်မှုအောက်ရှိ အရာထမ်းအများစုရှိသော တခြားဌာနတွေမှာတောင် ဒုညွှန်မှုးတွေ တစ်ယောက်တစ်စီး စီးနေချိန်မှာ ဒီဌာနမှ တာဝန်ရှိသူတွေ ဘယ်လိုစဉ်းစားကြပါသလဲ။ ကားမရသေးတဲ့ ဒုညွှန်မှုးများရှိသေးတယ။် ကားမလောက်ဖူးပြောရအောင်လဲ DG က ကား ၃စီး၊ DDG က ကား ၂စီး နဲ့ ဆီကိုတာ အပြည့်ယူထားတာက………??? အရာထမ်း၊ အမှုထမ်းတွေ စိတ်ချမ်းသာစွာ အလုပ် လုပ်နိုင်အောင် စဉ်းစားပေးထားတာလား။
DG မှ ဘတ်ဂျက်ပိုငွေ သိန်း ၃၀၀ ကို make-up voucher လုပ်ခိုင်းပြီး ဘယ်မှာ သုံးစွဲမှာလဲ၊ DG နဲ့ DDG မှ အလိုမကျရင် ဆူပူကြိမ်းမောင်းတာတွေလည်း နားနဲ့မဆန့်အောင် နေ့စဉ်နဲ့အမျှ ကြားနေ ရပါတယ်။ ဒါလား တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတာ။
တိုင်းပြည် ရဲ့အထက်ပိုင်းမှ ထင်သာမြင်သာ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေကို နားမဆန့်အောင် ကြားနေရသော်လည်း တကယ်တမ်း ၀န်ထမ်းလောက မှာတော့ ခြစားပျက်ရွင်းမှုတွေ ကြိုးနီစနစ်တွေဟာ ပိုတောင်ဆိုးလာနေပါတယ်။
တခုတော့ပြောချင်တယ် ခင်ဗျားတို့ အစိုးရ၀န်ထမ်းတွေကို ကားတွေ အိမ်တွေပေးတယ်ဆိုတာ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ လမ်းစဉ်မှာ အခွင့်ထူးခံပေးထားတာ။ ဘာကြောင်လဲဆိုတော့ကာ အဲဒီလမ်းစဉ်မှာ ပြည်သူပိုင်ဆိုပြီး ရောချထားတယ်။ မလုပ်လဲ မပြုတ်ဖူး။ မဟုတ်လဲ မပြုတ်ဖူး။ ဒီခေတ်မှာ ဒီလို ရေပေါ်ဆီ အခွင့်ထူးခံဆိုတာ မရနိုင်တော့ဖူး။ ဘာလဲ ဆိုတာ ၀န်ထမ်းဆိုတာ လူထု ကိုယ်စားလှယ်မဟုတ်လို့ ပဲ။ ကိုယ့်အတတ်ပညနဲ့ စီးပွါးရှာတဲ့ သာမန် အလုပ်သမားဖြစ်လို့ ပဲ ဒါကြောင့် ပြည်သူ့ ငွေကိုအလဟသ ခင်ဗျားတို ဇိမ်ခံဖို့ မသုံးနိုင်ဖူး။ ဒီလုပ်ရပ်မှန်တယ်။ ဒါကျုပ်တို့ အခွန်ထမ်းတွေဖက်မှန်တယ်။ တခုတော့ရှိတယ် ခင်ဗျားတို့ လုပ်ရပ်ပေါ်မူတည်ပြီးတော့ ထိုက်သင့်တဲ့ လစာရသင့်တယ်။ အဲ လဘ်ပေးလဒ်ယူ ငါ့ အမျိုး ကောင်းစားရေးဆိုတဲ့  ၀န်ထမ်းလုပ်ရပ်တွေ ရပ်ရင်ပေါ့ မဟုတ်ရင် လစာတိုးပြီး လဒ်စားနေဦးရင် အလကားပဲ။