လျှပ်စစ် ၀န်ကြီးဌာနက မီးရရှိရေး ကြိုးစားလုပ်ဆောင်နေမှုများ

Thursday, May 24, 2012


အများပြည်သူ လျှပ်စစ်မီးရရှိရေး အတွက် ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကြေငြာချက်ကို ယနေ့ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါတယ်။


နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူများ အတွက် ဓာတ်အား ပြတ်တောက်မှုများသည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညဘက် မီးရရှိရေးတို့တွက် လက်ရှိ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များအပြင် ထပ်မံဝယ်ယူ ဖြည့်တင်းပြီး ဖြန့်ဖြူးပေးနေပါတယ်။

၎င်းအပြင် အမေရိကန်နိုင်ငံ Caterpillar Co,.ltd မှ 2 mw မီးစက် (၁၀) လုံးကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ရောက်ရှိပါက လျှပ်စစ်ဓာတ်အား လိုအပ်သောနေရာများသို့ ဆက်လက် ပေးပို့နိုင်မှာ ဖြစ်ကြောင်းနှင့်
ဓာတ်အား ဖြန့်ဖြူးပေးပို့သွားနိုင်မှာဖြစ်ပါတယ်။

ထပ်မံ၍လည်း ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ် ဓာတ်အားပေးစက် (၆) လုံးကိုလည်း စင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း မြန်မာပြည်အရောက် ပို့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း General Electric Co,.ltd မှလည်း ၂၅ မဂ္ဂဝပ် ထုတ်လုပ်နိုင်သော Gas Turbine (၂) လုံးကို ဝယ်ယူရေးဆောင်ရွက်လျှက်ရှိပြီး ၄င်းစက်(၂) လုံးမှာ မြန်မာနိုင်ငံသို့ အမြန်ဆုံးရောက်ရှိရေး အတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါတယ်။

တဖက်မှာလဲ မီးရရှိရေးအတွက် ဆန္ဒ ထုတ်ဖော် တောင်းဆိုသူများကိုလဲ ရိုက်နှက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ် လိုလဲ သိရှိရပါတယ်။




2 comments :

  1. Anonymous said... :

    I have read the comments on the demonstrations about 24 hours Electricity.According to the majority of comments, visibly, people just want "the excuses of Minister Zaw Min" who said there are more electricity production than necessary. People visibly know and are ware of the government has no capacity to provide 24 hours Electricity in the short time and it is not also their objective. So demand for excuses and everthing will be fine i think.

    Like always, the opposition mindset is "they wish excuses, demand for pardon,or symbolical recognition of 1990 Elections results.

    So be simply, and demand the people for to excuse for wrong words.

    The opposition main objective is not at all 24 hours electricity but just Excuses and full-stop.

  1. Anonymous said... :

    :P

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved