မောင်းတောတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့ ဖွဲ့

Saturday, June 9, 2012


တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါအဖွဲ့တွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်က ဦးအောင်ကြီးကို ဥက္ကဌထား၍ ဒေသဆိုင်ရာ အရာရှိကြီးများပါဝင်သည့် ၇ ဦးဖြင့်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင်ဖော်ပြသည်။

အဆိုပါ အဖွဲ့၏ အဓိက တာဝန်မှာ အကြမ်းဖက်ခံရမှုများကြောင့် ဆင်းရဲဒုက္ခခံစားနေရသော ဒေသခံ တိုင်းရင်းသားများအား ယာယီ နေရာချထားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ရေရှည်တွင် ဘေးကင်းလုံခြုံရာတွင် နေရာချထားနိုင် မည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ရ မည်ဖြစ်ကြောင်း သိရသည်။

1 comments :

  1. Anonymous said... :

    By the way,
    I have to let you know everybody, we arakan people never accept a word "Rakhine Kalar" bcos rakhine never mix with kalar.People called rakhine kalar to Rohingha and Bangalis.
    Please be sure there is no Rakhine Kalar.Rakhine is Rakhine and kalar is Kalar, we never mix.

    arakan min

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved