ကိုကိုကြီး သို့ အိတ်ဖွင့်ပေးစာ

Friday, August 3, 2012

သြဂုတ်လ၊ ၂ ရက်နေ့က ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွှာိ မသီတာထွေး၏ ကျန်ရစ်သူ မိသားစုများကို အားပေးစကားပြောကြားနေသည့် ကိုကိုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားတချို့၊ ဓာတ်ပုံ- ၈၈

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်

ကိုကိုကြီးရှင့်

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း
စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင်
ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။

ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ
စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ်ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက် ခဲ့ရတာ မြန်မာ နိုင်ငံ တနိုင်ငံလုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့ တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကိုလေးစား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင်။

ကျမတို့  မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်း မှာ နေလို့ မရတော့လောက်အောင်ကို အခြေအနေ ဆိုက်ရောက်လာတဲ့ အတွက် ရှစ်လေးလုံးပြီးကထဲက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံမှာ အခြေချ နေထိုင်လျှက်ရှိပါတယ်။

ကျမရဲ့ အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ ကို ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်နေ့ တုံးက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေ ဖြစ်တဲ့ (အသက်ကြီး လှပြီဖြစ်ပေ မယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ အခြားခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမ ပြော ခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေ ထဲမှာကိုကိုကြီး လဲ ပါရင် ကျေးဇူး တင်ပါရစေ ရှင်။


ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲ ခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ စတာတွေကို ကျမတို့ မိသားစု တစုလုံးက လေးစား အသိအမှတ်ပြု လျှက်ရှိဆဲပါ ရှင်။

အခုလူတွေ အတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေ မပြတ်ကြည့်နေပါတယ်။ ကျမတို့ ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊အေ၇ခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့  အနှစ်သာရ အရ ဘာမှ မပြောင်းဘူး။

၁၉၆၂ ခုနှစ်တုံးက ကျောင်းသားသမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ် နေ၀င်းက ဓါးဓါးခြင်း လှံလှံခြင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီး အမွှမ်း တင်ဘို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည်အတွေး အခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင် စွဲထားတာကို သတိမပြုမိဘူး လားရှင့်။ အခု ခဏကလေးဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက်ဘဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။

အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက် တည်ရှိနေတယ် ဆိုတာ ကိုကိုကြီး သိမှာ မလွဲပါဘူး။

အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ဗိုလ်ချုပ်သစ်တွေကဘဲ တိုင်းပြည်အာဏာကို ဆက်လက် ချုပ်ကိုင်ထားတာကြောင့်လူသစ်တွေလဲ နေရာရသင့်တယ်ရယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
တောင် ပြောဆိုသွားခဲ့တာကိုကိုကြီးကြားမှာပါ။

ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာ ကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည် အပေါ်မှာ ကိုကိုကြီး တိုင်းသိပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါ စကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြ တုန်လှုပ် သွားခဲ့တယ် ရှင့်။

ဒါကြောင့်လဲ ဒီ အိပ်ဖွင့်ပေးစာကို ရေးလိုက်တာပါဘဲ။

" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့  ဘူးသီးတောင် မောင်းတော ကိစ္စတွေမှာနိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့မျက်နာ မပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး
တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေ ဟာ ကျမတို့ မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
"နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော် နဲ့လက်တွဲ ဖြေရှင်း သွားမယ်..။”

ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသား ခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လား ရယ်လို့ ကျမတို့ သံသယ ၀င်သွားခဲ့တယ် ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်းသားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြု တဲ့ ကျောင်းသားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။

ရှစ်လေးလုံးကာလ အတွင်းမှာ ဒီမိုကရေစီ ဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော် ရှည်ပါစေလို့ လူထုက တန်ဘိုးထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက "တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့  ” လို့ပြောခဲ့ တဲ့ အတွက် လူထုက နိုင်ငံရေး မြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေခြင်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကို သာ ခိုင်မာအောင် လုပ်နေကြ တာ မျက်မြင်ပါဘဲ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန် မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင်တွေ တင်ပေး၇မယ့် အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကိုကျောင်းသားခေါင်း ဆောင်တဦး အနေနဲ့  မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။

၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တည်းခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းတုံးက ကျမတို့ မိဘတွေရောကျမအကိုကြီး ဆလိုင်း ကိုတင်မောင် ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြသနာဖြစ်ပြီး စစ်တွေမှာ ဆန်လုပွဲတွေပေါ်တော့ ရခိုင်လူထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ သို့ မဟုတ် ငယ်သေးလို့ များ မသိတာလား။ ဆန်ပြသနာ အရေးအခင်းကို အာရုံလွှဲခြင်တော့ တရုတ် ဗမာ အဓိကရုဏ်းဖြစ်အောင်နေ၀င်းက ဖန်တည်းခဲ့တယ်။

တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့ လုံခြုံရေး အဖွဲ့ လက်ပါးစေတွေ ကိုအရပ်ဝတ် လဲ၊ အခြေမဲ့အနေမဲ့  လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ် တွေကို ၀င် ရောက် မီးရှို့ဖျက်ဆီး (တချို့
သတ်ဖြတ်တာတွေပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီး နောက်က လိုက်ပေးတယ်။ ဘာမှ မတားဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင် အောင်သာ မီးငြိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေ အပေါ် ဘာမှ ထိထိ ရောက် ရောက် အရေးမယူခဲ့ဘူး။

ကျမ အကိုကြီး ဆလိုင်းကိုတင်မောင်ဦး ဆိုရင် အဲသည်တုံးက သူ့ အသက် (၁၆) နှစ်ဘဲရှိသေးတာပေါ့။ အသက်ဘေးကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစု တစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။

တရုတ်တွေ အပေါ် လူမျိုး မတူတာ အပထား၊ လူသားချင်း စာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့အသက်တွေကိုတော့ကယ်တင်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။
စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ ဘဲဖန်တည်းပြီး လက်နက်အားကိုးနဲ့အုပ်ချုပ်ခွင့်၇အောင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီးပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လိုမျိုးဖြစ် မှာ ကျမတို့ သိတ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီ လို့ လဲ ယူဆတယ်။

ကျမတို့ က ရိုဟင်ဂျာတွေ ဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံ ကာကွယ်ပြောဆိုနေတာမဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီးခံရတာတွေ ရှိကြောင်းကြားရတယ်။
ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေး ကိစ္စဆိုပြီးရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့်မယ် ဆိုရင်တော့ ကျမတို့လက်မခံနိုင်ဘူး ရှင့်။ ကိုကိုကြီး သုံးနှူံးသွားတဲ့ စကားလုံးအသုံးအနုန်းတွေဟာ သည်လို မတရားတာတွေ ပြုကျင့်စေဘို့ အားပေးရာ ရောက်တာမျိုး မဖြစ်သင့်ဘူးလို့  ပြောပါရစေ။

ကိုကိုကြီး အပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ် တချို့လောက် ပြင်ပ ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုဘဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့  အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြီးလေ့လာကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲ လို့  ယူဆနေကြတဲ့ အနေအထားတွေဟာလွန်ခဲ့တဲ့ ၁၅ နှစ် လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှား နိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ GuidedDemocracy လို့ ခေါ်တဲ့ လမ်းညွှန် ဒီမိုကရေစီ အောက်က ရခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကို တောင်မမှီသေးဘူးရှင့်။

အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရ တဲ့အဆင့်ဘဲရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့် အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို ရှိစဉ်ကထဲက ရခဲ့တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှ မပြောင်း လဲသေးဘူးဆိုတာရှင်းနေပါတယ်။
ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ် ကို တောက်လျှောက်ဆန့် ကျင် တိုက်ပွဲဝင်ခဲ့ တဲ့ အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီး
တွေ၊ ၁၉၆၂ ခုနှစ်ကျောင်းသားခေါင်း ဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်း စည်းရုံးနေ ကြတာတွေ၊ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့ ခေါင်း ဆောင်တဲ့ ရှစ်လေးလုံးမျိုး ဆက်ကျောင်းသားတွေက တပြည်လုံး ထွက်၊ စည်းရုံးလှုပ်ရှားနေကြတာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင်တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံး မှာ ဗကသ တွေ ပြန်လည် ဖွဲ့စည်းဘို့ လုပ်နေကြတာတွေ၊ ဒါတွေ အားလုံးကို ကျမတို့ လုံးဝ တန်ဘိုး ထား အသိအမှတ်ပြုပါတယ်။

အခက်အခဲတွေအကြားကနေ လုပ်နေကြရတဲ့အခြေအနေကိုလဲ သဘောပေါက်ပါရဲ့ရှင်။

ဒါပေမယ့် တချိန်ထဲ မှာ လူထုတွေကျောင်းသား တွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေး ဘို့ ၊ မြှော်လင့်ချက်အမှားတွေ ရှိမလာ စေဘို့ ၊ နိုင်ငံရေး အရ လမ်း ကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေ မပြောမိစေဘို့  ရိုးရိုးသားသား အကြံပေး ခြင်တာကြောင့် သည်စာကို ရေးလိုက် တာပါဘဲရှင်။

"ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်..”လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အားစုတွေ အားလုံးကလို့” ကိုကိုကြီးဘာကြောင့်သုံးသွားတာလဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘောဆန္ဒလဲ တိတိကျကျ ထုတ်ဖေါ်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ပြောတာ လဲ နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ ရွာတွေ မီးရှို့တာ၊ ရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ထိထိရောက်ရောက်အရေးယူဘို့လဲတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်က ပါရိုဟင်ဂျာနဲ့ ရခိုင် လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင် ဆောင်တဲ့ ပြဿနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ်ဆိုပြီး ဘက်တဘက် ထဲ က ဘဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ခြင်သလိုသတ်ဖြတ်၊ ရက်စက်ခြင်သလို ရက်စက်၊လူသားချင်းစာနာထောက် ထားတဲ့ အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေ
အနေ မျိုးဖြစ်စေ မယ် ဆိုရင် တော့ ဒါကို လျှစ်လျှရှုထား၊ မသိခြင်ယောင်ထားပြီး ထောက်ခံတဲ့ သဘောနဲ့ နေလိမ့်မယ်လို့  ကျမတို့ တော့မထင်ဘူးရှင့်။

ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက လို့ ကိုကိုကြီး သုံးသွားတာ ကျမတို့ လို မလွှဲသာ လို့ တိုင်းပြည် ပြင်ပရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွတဲ့အဖွဲ့ အစည်းအသီးသီးတွေ ကို ထည့်မတွက်တော့ဘူးလား ရှင့်။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို ကိုယ်စားပြုပြီး ပြောခြင်ဆိုခြင်တယ် ဆိုရင် သူတို့ သဘောထားဆန္ဒကို ကြိုတင်မေးဘို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုံးက နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဘို့ ကမ္ဘာပတ်ပြီး တောင်းဆို၊ စစ်အစိုးရကို ဖိအားပေး ခဲ့ကြသူတွေပါ။ သူတို့ သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့ သဘောဆန္ဒ ကို လဲ မယူ ဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူ တချို့လောက်ရဲ့ သဘောထားနဲ့ဘဲ ဘာကြောင့် အမျိုးသားရေး ကိစ္စဆိုပြီး သတ်မှတ်လိုက်တာလဲရှင့်။

ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ် ဆိုရင်ရော ဒါဟာအမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ရဲ့ သဘော ဆန္ဒကို မယူသင့်ဘူးလား။ သူတို့ သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့သတ်မှတ် လို့ရပါ့ မလားရှင့်။အခု ရိုဟင်ဂျာ ရခိုင်အရေး အခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။

လက်ရှိ တက်နေတဲ့သမ္မတ ဦးသိန်းစိန် နဲ့ သူ့အောက်က ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘဲ။ တိုင်းပြည်အုပ်ချုပ်နေရင်ကိုယ့်လူထုအကြောင်းကို ကိုယ်သိရ မှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည် နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်တယ် ဆိုတာ ကလေး က အစသိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူနှစ်ဖက်လုံးကို ချက်ခြင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။

အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေ အရစဖြစ်ကထဲက ကျမတို့ မှာ သံသယရှိခဲ့တာ။ အခု နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့  Human RightsWatch ရော အခြားလူ့အခွင့်အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျစွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။

တကယ်တော့ သံလျှက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ် နေတာဘဲ မဟုတ်လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ်ဘူးလား။ အားနည်းသူရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာရောက်အောင်တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့်ပါခြင်ရတာလဲ။

ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကိုဘယ်လို ရှင်းမလဲရှင့်။

နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်ကအခု အချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီးပြဿနာ မရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသားလူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူး ဆိုရင် စီးပွားရေး လဲ စိတ်အေးလက်အေး လုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွား လို့ ပြောနိုင် ပါ့မလားရှင့်။

ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖေါက် တာ၊Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ ရှင်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စိတ်ဓါတ်ကို ကျမတို့ မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီးထူထောင် ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ် လို့  လုံးဝယုံ ကြည်တယ်။တော်လှန် ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့အရှိန် အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီးတာက စိတ်ဓါတ်ဘဲ။ ကျောင်းသားခေါင်းဆောင်ဆလိုင်း ကိုတင်မောင်ဦးဟာ သူ့ အသက်ကို ပေးပြီး စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။

ကိုကိုကြီး ပြောလိုက်တဲ့ စကား တလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေ ကြောင့် ကျောင်း သားတွေ၊လူထုတွေ စိတ်ဓါတ် ဦးကျိုးသွားမှာကို စိုးရိမ်တယ်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက် ဆက် အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော် ဆိုတာ ဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းစတင်တည် ထောင်ခါစက လူထုချစ်တဲ့တပ်မတော် ဆိုတာ သမိုင်းထဲမှာဘဲ ကျန်သွားပြီ။ တိုင်းရင်းသား ပေါင်းစုံ လူထုတွေ ကိုသာမက သံဃာတော်တွေ ကိုပါ ပစ်သတ်တဲ့ "သတ်မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် အောက်မှာစစ်ခေါင်း ဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေ ကြောင့် အမျိုးသား စည်းလုံးညီညွတ် ရေးပြိုကွဲခဲ့တာဘဲရှင့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင် စနစ်ရှိနေသမျှ ကိုကိုကြီးစိတ်ကူး မယဉ် စေခြင်ဘူး။
ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင် တဦး အနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေစစ်အာဏာ ရှင်စနစ် ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲ ရှင့်။

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီ စစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင် ထင်မှား ဖြစ်လာစေ မယ့်စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဘို့  မေတ္တာရပ်ခံပါရစေရှင်။

မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ ရဲ့ခွပ်ဒေါင်း စိတ်ဓါတ် ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင့်တိုက်ပွဲဝင်သွား မယ့် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ကိုကိုကြီး ကို မြင်တွေ့ လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။

မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ၏ မိသားစု တစုလုံးကိုယ်စား
ဇူလိုင်လ (၃၀) ရက် ၂၀၁၂ ခုနှစ်

Contact Information
Email: salaitinmaungoofamily@yahoo.ca
Telephone: 1 + (604) 379-3104

48 comments :

  1. Anonymous said... :

    အတွင်းရန်နှင့် အပြင်ရန် ဘယ်ဟာ ပိုအရေးကြီးလည်း စဉ်းစား။ ပြည်တွင်းက ပြသနာတွေကို အခွင့်ကောင်းယူ၊ လူ့ အခွင့်အရေးအကြောင်းပြပြီး မြန်မာပြည်ကို ရိုဟင်ဂျာ Import လုပ်နေတာ ဘယ်သူ့ မှ လက်ပိုက် မကြည့်နိုင်ဘူး

  1. Anonymous said... :

    အိပ်ဖွင့်ပေစာရှင်သည် အရာရာကို စစ်တပ်ကို ဆန့်ကျင့်ကျဆိုတဲ့ ရှု့ထောင်က ရေးတယ်လို့ခံစားမိပါသည်. စစ်တပ်ကိုဆန့်ကျင့်တာလဲမှန်ပါသည်။ ဒါကို ရိုဟင်ဂျာကိစ္စနဲ့ ရောထွေေးပြောတာ မလုပ်သင့်ပါဘူး. နိုင်ငံရေးလုပ်ရင် နိုင်ငံေ၇းဘဲ ပီပီပြင်ပြင်လုပ်သင့်ပါသည်. ဆောင်းပါးရှင်သည် ပြည်ေ၇ာက်နေသည်လားမသိပါ. ပြည်တွင်က လူအယောက်တစ်ရာကိုမေးပါ ရိုဟင်ဂျာကို ဆောင်းပါးရှင်း သဘောထားသလိုမျိုး ထားနိုင်တဲ့သူ အနောက်နိုင်ငံတွေက ဖိအားပေး ပြောနေတာကို လက်ခံနိုင်သလိုမျိုး လေသံနဲ့ပြောပြီးလက်ခံနိုင်တဲ့သူ ၁ဦးကိုတောင် တွေ့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုကိုကြီးရဲ့ပြောစကားကို ခုကော် နောင်ကော် အကြွင်းမဲ့ထောက်ခံပါသည်။

  1. Anonymous said... :

    everyone has their own freedom of expression but i don't accept extreme nationalism which could lead those military dictators favors and they have designed to do like that.
    i agree with local Rakhine and Burmese people's concern but i will never believe thein sein or any military regime.
    I hope U Kokogyi and his comrades will understand this letter and he will handle it next time in very right way.

  1. Anonymous said... :

    အစီုးရနှင့်နိုင်ငံတော်ခြွဲံခားမြင်ရပါမည်။အစိုးရနှင့်နိုင်ငံတော်သည်နေရာတိုင်းမတူညီပါ။ဒီကိစ္စသည်နိုင်ငံတော်ကိစ္စ(ပြည်ထောင်စုကီစ္စ)ဖြစ်သည်။သူများတွေကဂျီဟတ်အော်နေချိန်မှာမိမိတို့ကမစည်းလုံးလျှင်ကိုဆိုဗိုလိုဖြစ်သွားပါမည်။နိုင်ငံကြီးများကသာတဲ့ဘက်နင်းပါလိမ့်မည်။၅၅၀ နိပါတ်ပါငုံးမင်းဇတ်ပြန်ဖတ်ကြည့်ကြပါ။

  1. Anonymous said... :

    "ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကိုဘယ်လို ရှင်းမလဲရှင့်။"

    မှန်လိုက်လေခြင်း။ တို့တတွေ စိတ်အေးအေးထားပြီး စဉ်းစားတွေးခေါ်ကြည့်ကြပါစို့။
    ဟုတ်ပါတယ်။ ကိုကိုကြီးကို အဲလိုမျိုး ပညာသားပါပါ ဆုံးမသင့်နေတာကြာပြီ။နောက်ဆို သူလည်း အခြေအနေ အချိန်အခါကို နားလည်ပြီး စကားကို ဆင်ဆင်ခြင်ခြင်ပြောတောမယ်ထင်တယ်။

  1. Anonymous said... :

    အန်တီလှမြိုင်ခင်ဗျာ အန်တီကတော့ ကနေဒါမှာ အလုပ်ကောင်းကောင်း အိမ်ကောင်း ကား အကောင်းစားကြီးနဲ့ နေရတော့ ကျွန်တော်တို့ မြန်မာပြည်က ရခိုင်သားတွေ တွေ့ကြုံခံစားနေရတာကိုဘယ်ခံစားပေးနိုင်မှာလဲ အ၇င်ကအန်တီတို့မိသားစုပေးဆပ်တိုက်ပွဲဝင်ခဲ့တာကိုဂုဏ်ယူပါတယ် ဒါပေမဲ့ တုင်းပြည်ကိုပြန်လာပြီး ပြည်သူတွေ ဒိရိုဟင်ဂျာကိုဘယ်လိုသဘောထားတယ်ဆိုတာ လာလေ့လာကြည်စေချင်ပါတယ် တိုင်းရင်းသားတယောက်အနေနဲ့တိုင်းရင်းသားတွေဘက်ကရပ်တည်ပေးပါလို့မေတာ၇ပ်ခံပါတယ်

  1. Anonymous said... :

    အာဇာနည် သူရဲကောင်း ဆလိုင်းတင်မောင်ဦး ဟာ လေးစားသင့်တဲ့ လူတယောက်ပါ ။ ဒါပေမယ်. ဒီအခွင်.အရေးကိုအသုံးချပြီး ၊ လူမျိုးရေး မှာဝင်ရောက်စွတ်ဖက်တာဟာ ၊ မသင်.တော်ပါဘူး ၊ ဆလိုင်းတင်မောင်ဦး ရှိရင်လဲဒီလိုလုပ်မှာမဟုတ်ပါဘူး ၊ အာဇာနည် သူရဲကောင်း ဆလိုင်းတင်မောင်ဦး နံမည်ကိုအသုံးမချပဲ ၊ ကိုယ်ပိုင်အရည်အချင်းနဲ.လုပ်ကြည်.ပါလား ၊ မှန်မှန်ကန်ကန်ဆိုရင် ထောက်ခံကြမှာပါ ၊

  1. Anonymous said... :

    အန်တီတို. အိမ်နား ရိုဟင်ဂျာတွေ ရောက်လာလိမ်.မယ် ကြည်.နေ။ အဲဒီအချိန်ကျမှ ကြောက်ပါပြီရှင်. မအော်နဲ. ။

  1. Anonymous said... :

    သြော်... ဒေါ်လှမြိုင်... မိုင်ပိုပို..... သြော်....

  1. Anonymous said... :

    ရေးထားတာ ဟိုလိုလို ဒီလိုလို နဲ့ ဆလိုင်းတင်မောင်ဦး ရဲ့ မိသားစု ထဲကိုပါ ရိုဟင်ဂျာ ရောက်နေဘီ ထင်သပ

  1. anony said... :

    ရိုဟင်ဂျာက အားနည်းတဲ့သူဆိုပဲ ခင်ဗျား မြန်မာပြည် ပြန်ပြီး လာကြည့် နိုင်ငံခြား မှာ နေပြီး လျှောက်ရေးမနေနဲ့

  1. Anonymous said... :

    ကနေဒါကနေပြီး အချိန်ကုန်ခံပြီး စာရှည်ကြီးေ၇းထားတာပဲ အသုံးမ၀င်တာပဲခက်တယ် ....

  1. Anonymous said... :

    Human RightsWatch ရော အခြားလူ့အခွင့်အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျစွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ် လို့ ရေးထားတော့
    အဲဒီအဖွဲ့အစည်းတွေက အခုပြသနာမှာ ဘယ်လိုစုံစမ်းခဲ့တာပါလဲ။ ခင်ဗျားတို့လို အဆင်ပြေရာမှာနေပြီး လေနဲ့နိုင်ငံရေးလုပ်နေကြတဲ့အဖွဲအစည်းတွေရဲ့သတင်းတွေနဲ့ပဲ ကြေညာချက်တွေ ထုတ်နေတာမဟုတ်ဘူးလား။
    အောက်ဖော်ပြပါ link လေးကို ဖွင့်ကြည့်လိုက်ပါဦးလို့ အကြံပြုပါရစေ။
    https://www.facebook.com/notes/than-saw/%E1%80%82%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%B8%E1%80%A5%E1%80%B1%E1%80%8F%E1%80%BD%E1%80%AC%E1%80%80%E1%80%B9-%E1%80%BB%E1%80%96%E1%80%B3%E1%80%90%E1%80%B9%E1%80%A5%E1%80%B1%E1%80%8F%E1%80%BD%E1%80%AC%E1%80%80%E1%80%B9-%E1%80%86%E1%80%84%E1%80%B9%E1%80%A5%E1%80%B1%E1%80%8F%E1%80%BD%E1%80%AC%E1%80%80%E1%80%B9-%E1%80%94%E1%80%B2%E1%82%95-%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%80%E1%80%AD%E1%80%85%E1%81%A5/505072652840601

  1. Htun said... :

    So u want to come in rohingya to our country? Do you know how many percent of their born rate? Not like our citizen. Next time u should think carefully before u write article.

  1. Anonymous said... :

    I am sorry to hear about the tragedy of your family members. However, it means that you are not fit to come up with balanced point of view that is representative to the majority of Burmese people. Your case is different so that your view is also different.

    You have the right to say whatever you want; however, please don't sound like you know everything and you are the only person who is right.

  1. Anonymous said... :

    အဒေါ်လှမြိုင်
    အဒေါ်က ရိုဟင်ဂျာကို ရခိုင်နဲ့ တတန်းထဲထားပြီး စာနာနေရင်လဲ သိပ်သနာနေရင်အဒေါ် နေတဲ့ ကနေဒါက အဒေါ်အိမ်ခေါ်ထားလိုက်ပါ…အဒေါ် မြန်မာပြည်မှာမနေတာဒီလောက်ကြာနေပြီ ခု မှ စိတ်ဝင်စားမနေပါနဲ့တော့
    သေချာခြေခြေမြစ်မြစ်မသိဘဲ စကားတွေသိပ်မပြောနဲ့ ...ရိုဟင်ဂျာ ကဘုန်းကြီးကျောင်းမီးရှို့သလို ရခိုင်တွေကလဲ ဗလီ ဖျက်တယ် တဲ့သိပ်မျှမျှတတကြီးပြောနေရအောင် အဲ့ဒီအချိန်တွေ အဒေါ်ကြီး ရခိုင်မှာရှိလား….အဒေါ်ကြီး သူတို့တွေရဲ့ မလုံခြုံတဲ့ ခံစားချက်ကို နားမလည်ဘူးလား ကိုယ်မြေကိုယ်ရေပေါ်နေပြီး အစော်ကားခံနေရတာကို မျှမျှတတ ပေါ့ ဆိုပီး သိပ် အပိုလုပ်တွေးမိနေရင်တော့ အဒေါ်အိမ်ခေါ်ထားလိုက်ပါ….ဒါမှမဟုတ်လဲ အဒေါ်ဒီပြန်လာပြီး….ရခိုင်မှာနေကြည့်ပါ …အနှစ် 20 ကျော်ကင်းကွာနေပီး ….အင်တာနက်ကသိရရုံနဲ့ လာပြောမနေပါနဲ့ အဒေါ်ကြီးရဲ့ အကို ဆလိုင်းတင်မောင်ဦးတော့လေးစားပါတယ်…ဖြစ်နိုင်ရင် အဒေါ်အဲ့ဒီဦးးလေး နံမယ်တပ်ပြီးဒီလိုပြောမနေနဲ့ ….သူ့ကိုအားနာစရာကြီး

  1. Anonymous said... :

    မိုင်ပိုပို ဆိုရင် ဘယ်သူမှသိမှာ မဟုတ်လို့ အကိုနာမည်ကို ထည်လဲသုံးသွားသည်။ အီးမေးလ်တောင် အကို နာမည်နဲ့
    သနားပါ့

  1. kk said... :

    တိုင်းပြည်အုပ်ချုပ်ရေးမှာ စစ်တပ်မပါဘူးလို့ သမ္မတကြီးကအတိအလင်းကြေငြာထားပါတယ်။

  1. Anonymous said... :

    "အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသားလူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူး ဆိုရင် စီးပွားရေး လဲ စိတ်အေးလက်အေး လုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွား လို့ ပြောနိုင် ပါ့မလားရှင့်။

    ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖေါက် တာ၊Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး"

    အဲလိုဆိုလည်း Canada မှာမနေဘဲ မောင်းတောမှာဘဲနေ လိုက်ပါလား၊၊ လုပ်စား ဒီမိုကရေစီ....

  1. Anonymous said... :

    According to this letter, the writer is really crazy about the army. Her hate goes to blind her eyes and thoughts.
    So I agree with U Ko Ko Gyi speaks.

  1. Anonymous said... :

    ပြည့်အင် အား ဟာ ပြည် တွင်း မှာ သာ ရှိ ပါ တယ် ..အစိုး ရ မကောင်း ကြောင်း ကို ခုတုန်း လုပ် ပြီး တော့ ၊ ကိုယ့်မိ သား စု၊ ကိုယ် လူမျိုးစု အကျိုး စီး ပွား အတွက် လှုပ် ရှားနေ တဲ့ သူတွေ အများကြီး ပါဘဲ၊ လူ့ အခွင့်ရေး ကို ဘန်း ပြပြီး တော့ တတိယ နိင်ငံကို လူ ကုန် ကူး နေတဲ့ လူ တွေ နှင့် စာ ရင် တော့ မြန်မာ နိုင်ငံအနာ ဂါတ် အတွက်ပြုပြင် ပြောင်းလဲရေး မှာ. ပြည် ထဲ က လူ တွေရဲ့ အခန်း ကဏ္ဍ ပို ပြီး အရေး ကြီး ပါတယ်၊ တိုင်ပြည်ကို ချစ်ရင် ပြည်ထဲက လူတွေ နှင့် သတ္တိရှိရှိ လက် တွဲ ပြီး တိုက် ပွဲ ၀င်ပါ၊ လက်ရှိ ဒီမိုကရေစီ
    တိုက် ပွဲမှာ တခြား တိုင်း ရင်းသား တွေ နှင့် တက် ညီလက် ညီတိုက် ပွဲဝင်ပါ၊နိုင်ငံတကာမျက်နှာစာမှာ ဒီမိုကရေစီကိုဘန်း ပြပြီး ကိုယ်ကျိုးစီးပွား မရှာပါနှင့်၊

    မြန်မာ နိင်ငံရေး ကျောင်း သား လှုပ် ရှား မှု သမိုင်း မှာ ကိုဆလိုင်းတင်မောင်ဦး ရဲ့ ပါ ၀င်လှုပ် ရှား မှုက ဂုဏ်ယူ စရာကောင်း လှပါတယ်၊ ခင်များ အစ် ကိုသာ ရှိ ခဲ့ ရင် အခု ခင်ဗျားတို့  အထဲ က ဘဲ ENC ( တိုင်းရင်းသားလူမျိုး များ ကောင်စီ) ကို ဘန်း ပြပြီး တော့ လုပ် စား နေ တဲ့ နိုင်ငံရေး ကြောင်သူ တော် တွေ၊ လူကုန်ကူးသူတွေ ကို သိရင် တော်တော်လည်း စက်ရှုပ်ရွံရှာ နေ မှာ ပါ၊ တမလွန်ဘ၀က ကြေကွဲ နေမှာပါ ၊

  1. thaw tar said... :

    ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”
    ကျွန်တော်တော့ကြိုက်တယ်ဗျာ။ တစ်ချို့တွေကတပ်မတော်ကိုအမြဲမကောင်းမြင်နေတယ်။ ကိုကိုကြီးကအဲဒီလိုမဟုတ်ဘူး။ တပ်မတော်မကောင်းခဲ့တာမှန်ပေမယ့် သူကစကောင်းလာရင်
    ကျွန်တော်တို့ကလည်းလက်တွဲဖို့ဝန်မလေးဘူးဆိုတာပြောလိုက်တာပါပဲ။ နိုင်ငံတစ်နိုင်ငံမှာတပ်မတော်မရှိလို့မဖြစ်ပါဘူး။ ရှိမှကိုဖြစ်မှာပါ။ အရင်တုန်းကကျွန်တော်အမုန်းဆုံးက တပ်မတော်ပါပဲ။ ဒါပေမယ့်သူတို့ကမှပြောင်းလဲလာရင်ကျွန်တော်တို့ကလဲပြောင်းလဲရမယ်လို့ထင်ပါတယ်။ မကောင်းတဲ့လူတွေရှိသေးတာအမှန်ပါပဲ။ ဒါပေမယ့်အဲဒီလိုဆိုပြီးတပ်မတော်ကိုအမြဲတမ်းမကောင်းမြင်လို့မရဘူးမလားခင်ဗျ။

  1. thaw tar said... :

    ဘာမှတော့သိပ်မပြောတပ်ပေမယ့်ဒီကိစ်စမှာကိုကိုကြီးကိုထောက်ခံပါတယ်။ သူတို့တွေအပေါ်ကိုတစ်ခြားလူတွေဘာတွေပဲလုပ်ထားပစေအဲဒါကိုတရားဥပဒေနဲ့ဖြေရှင်းနိုင်အောင်ကြိုးစားပေါ့။
    အဲဒါကတစိပိုင်းပဲလေ။ ရိုဟင်ဂျာကို မြန်မာနိုင်ငံသားအနေနဲ့တော့လုံးဝလက်မခံနိုင်ပါဘူးခင်ဗျ။ လက်မခံချင်ပါဘူးခင်ဗျာ။ မြန်မာနိုင်ငံသားတစ်ဦးရဲ့စိတ်ခံစားချက်ပါ။ ဘာ ဘာသာရေးအမြင်မှ မပါပါဘူး။ မူဆလင်ကိုမဟုတ်ပါဘူး ရိုဟင်ဂျာကိုပါ။

  1. Anonymous said... :

    Before you criticize and blame someone and Myanmar, you better visit the country, talk to people, get insider information from all sectors and institution including the government, update your knowledge and upgrade your intelligence. Your vision is out of focus and far from reality because you live in Canada with everything taken for granted. But I doubt you have taken advantage of decent education in Canada. One thing I strongly suggest is to make sure you always remember not to look everything through the lens of liberalism and human rights. Rather use different lens and approach an issue from all aspects. Otherwise, you will be like one of the blinds who are touching an elephant on a limited space and unable to know what you touched as a whole figure. Besides, whether you believe in this democratization or not is your own opinion and the consensus of some hardliners. If you believe not, give some real examples and evidences of why you think the transition is not real and why this new government is a clone of the military regime. I personally and intellectually do not support, but against the previous military regime. But I do support all kinds of people, including ethnic people and the generals, who are willing to involve in to make Myanmar a democratic nation-state. Be remember democracy is the end result and democratization is the process with lots of twists and turns en route to democracy. I can declare myself that I am a master student in International Relations at one of the top U.S universities and have enormous knowledge in political science and economics. So, I would suggest you to declare yourself, not being someone daughter but your level of knowledge and intelligence to comment on this kind of broad and deep political and national issue and the like.

  1. SAI SAI said... :

    မလှမြိုင်သိစေရန်,ကိုကိုကြီးပြောတဲ့ တပ်မတော်နဲ့တွဲပြီးဖြေရှင်းမယ်ဆိုတာရိုဟင်ဂျာကိစ္စကိုပြောတာပါဗျာ!စစ်အာဏာရှင်စနစ်ကိုထောက်ခံတဲ့လမ်းကြောင်းကိုဦးတည်နေတယ်ဆိုတာလုံးဝမဟုတ်ပါ
    ဘူး။မလှမြိုင်ရဲ့ပြောပုံအရ ကိုယ့်မိသားစုကိုအမွမ်းတင်တာများနေတယ်,တိုင်းပြည်ရဲ့ပကတိအခြေအနေမှန်ကိုမသိဘဲကနေဒါလိုနိုင်ငံမှာနေပြီး ရိုဟင်ဂျာ ကျမှထရေးလာတဲ့မလှမြိုင်ရေ၊ကိုယ့်ထမင်းကို စားပြီးငြိမ်ငြိမ်လေးနေပါလို့ပြောချင်ပါတယ်။ရခိုင်ပြည်နယ်ကို ကိုယ်တိုင်လာပြီး၊ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ထဲကိုဝင်ကြည့်စမ်းပါ၊ကိုယ်ကိုတိုင်ကျတော့ချမ်းသာတဲ့နိုင်ငံမှာနေပြီး၊ဘာမှမသိနားမလည်ဘဲနဲ့ ကိုကိုကြီးကိုဒီလိုပြောတာ လုံးဝလက်မခံဘူး၊ကိုကိုကြီးကိုလုံးဝထောက်ခံတယ်

  1. SAI SAI said... :

    Anonymous,ရေ ကောင်းလိုက်တဲ့ရေးသားချက်၊နောက်ထပ်များများရေးပေးပြီး ဝေဖန်ပေးပါအုံး။ခင်ဗျာရဲ့ကော့မန့်တွေကိုအချိန်ပေးပြီးဖတ်နေပါတယ်!

  1. ၁) ဆလိုင်းကိုတင်မောင်ဦး အားလေးစားသူ တစ်ဦး ဖြစ်ပါသဖြင့် ညီမ ဖြစ်သူ အပေါ် လည်း လေးစားသူ ဖြစ်ပါသည်။
    ၂) ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ် ဆိုတာ သိရှိသလို ရိုဟင်ဂျာ ရခိုင်အရေး အခင်းမှာ တာဝန်အရှိဆုံးက လည်း လက်ရှိ အစိုးရ ဖြစ်သည်ဟု သတ်မှတ်ပါသည်။
    ၃) မိမိ လူမျိုး အချင်းချင်း အပေါ်တွင် ဗိုလ်ကျ အနိုင်ယူသလောက် တာလီဘန်၏ အခြေ အမြစ် မရှိသော ခြိမ်းခြောက်မှု ကိုပင် ကြောက်လန့် နေရုံမက တုံ့ပြန်နိုင်သော အစီအမံကို ပင် ဆောင်ရွက် နိုင်စွမ်း မရှိသော စစ်သားများ ဖြစ်ပါသည်။
    ၄) တရုတ် ဗမာ အရေးအခင်း ဖြစ်ပွားခဲ့ခြင်း နှင့် ရိုဟင်ဂျာ ကိစ္စကို နှိုင်းယှဉ် ပြောဆို ခြင်းကို လက်မခံပါ။ တရုတ် ကို လူမျိုးခြား ဖြစ်ခြင်း ကြောင့် လက်မခံနိုင်ခြင်း (၁)ချက်သာ ဖြစ်ပြီး ရိုဟင်ဂျာ မှာ လူမျိုးခြားရုံသာ မက အစွန်းရောက်သော ဘာသာရေး အသုံးချ၍ လူမျိုးဝါးမြိုလိုသော သူများ ဖြစ်နေခြင်း ဖြစ်ပါသည်။ အကြမ်းဖက်ခြင်း၊ မွတ်စလင် ဘာသာဝင် မဟုတ်သူတို့အပေါ်တွင် ခွဲခြား ဆက်ဆံမှု လွန်စွာ များပြားခြင်း၊ လျို့ဝှက် စွာ သီးခြား နေကြသူများ ဖြစ်ခြင်း စသည်တို့ကြောင့် လုံးဝ လက်မခံ နိုင်ရခြင်း ဖြစ်ပါသည်။
    ၅) သို့ပါ၍ ဒေါ်လှမြိုင် ခေါ် မိုင်ပိုပို အနေဖြင့်လည်း မြန်မာပြည်သူ အများ၏ ဆန္ဒကို ထည့်သွင်း စဉ်းစားပေးပါရန်နှင့် ယခင် ဖြစ်ပွားခဲ့မှုများ ထဲမှ ပုံတူများဟု သုံးသပ် ပြောဆိုခြင်းမျိုး မပြုပါရန် တိုက်တွန်း အပ်ပါသည်။

  1. Ko Pin said... :

    စာရေးသူနဲ့ စာရေးသူမိသားစုအကြောင်းသိရတာ စိတ်မကောင်းပါဘူး။ အဲလို အနစ်နာခံတဲ့သူတွေကို ပြည်သူတွေကလည်း ကျေးဇူးတင်နေမှာပါ၊ စာရေးသူပြောတဲ့ လူသားချင်းစာနာတာတွေနဲ့ လူအချင်းချင်းသတ်ဖြတ်မှုကို ရှုတ်ချတာတွေကို လက်ခံပါတယ်၊ မြန်မာပြည်သူတွေဟာ ကိုယ်ကျိုးမဖက်ပဲ အများအတွက်အနစ်နာခံသူတွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားချစ်ခင်ကြပါတယ်။ ကျွန်တော့အမြင်ပြောရရင် ဦးကိုကိုကြီးဟာ စစ်အာဏာရှင်နဲ့ စနစ်ကို မလိုလားသူသာဖြစ်ပြီ တပ်မတော်ကို မုန်းတီးနေတဲ့မဟုတ်ပါဘူး ။ တပ်မတော်ဟာ စစ်အာဏာရှင်စနစ်နဲ့ အတ္တကြီးတဲ့သူတွေကြောင့်သာ နာမည်ပျက်ရှိချင်ရှိခဲ့ပေမယ့် သေချာစဉ်းစားကြည့်ရင်တပ်မတော်ဟာ အရင်ကလေးစားဖို့ကောင်းသလို အခုလည်းလေးစားဖို့ကောင်းပါတယ်။ တပ်မတော်သားအများစုဟာ သူတို့ဘ၀တွေကို တပ်မတော်ထဲမှာ အသက်ပေးခဲ့ကြ စတေးခဲ့ကြ အနစ်နာခံခဲ့ကြရတယ်။ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခဲ့တဲ့ တပ်မတော်သားတွေက ဒုနဲ့ဒေးပါ၊ အနည်းစုကသာ စစ်အာဏာရှင်စနစ်ကိုအသက်သွင်းပြီးတပ်မတော်ကိုအလွဲသုံးစားလုပ်ခဲ့ကြလို့သာ တပ်မတော်နာမည်ပျက်ခဲ့ရသာပါ ။ အဲဒါတပ်မတော်ရဲ့အပြစ်မဟုတ်ဘူး စစ်အာဏာရှင်စနစ်နဲ့ အသက်သွင်းသူတွေရဲ့အပြစ်ပဲ၊ တပ်မတော်သားတွေအားလုံးဟာပြည်သူထဲကပြည်သူပဲ ၈၈ နဲ့ အခြားဖြစ်ရပ်တွေမှာ တပ်မတော်သားတွေက လူသတ်ခဲ့တာမဟုတ် စစ်အာဏာရှင်စနစ်ရဲ့ အမိန့်ဆိုတာကြီးက သတ်ခဲ့တာ။ ကျွန်တော်ကတော့ တပ်မတော်ကို ဘယ်တော့မ မမုန်းဘူး ။ အဓိက တရားခံက စစ်အာဏာရှင်စနစ်နဲ့ အတ္တကြီးတဲ့သူ(တပ်မတော်သားတွေအားလုံးရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိဘူး)ပါဘဲ၊ ကျွန်တော်တို့ နိုင်ငံကို ဗြိတိသျှနဲ့ ဂျပန်တွေ အုပ်ချုပ်ခဲ့ကြတယ် အနိုင်ကျင့်ခဲ့ကြတယ်၊ အခုသူတို့ကိုမုန်းပါလား၊ ဘာလို့သူတို့ကိုမမုန်းသလဲ။ သူတို့ကိုမမုန်းပဲ ကိုလိုနီစနစ်နဲ့ ဖက်ဆစ်စနစ်ကြောင့်ဆိုပြီး စနစ်ကိုပဲမုန်းတီးခဲ့ကြတယ်၊ သူတို့တွေထက် တပ်မတော်က ကျွန်တော်တို့အပေါ်မှာအဆပေါင်းများစွာသာပါတယ်။ တပ်မတော်စစ်စစ်ဟာ ပြည်သူ့အတွက် ထာဝရသူရဲကောင်းပါဘဲ၊ အခုစာထဲအလိုအရဆို စာရေးသူဟာ စစ်အာဏာရှင်နဲ့ စနစ်ကို မလိုလားသူမဟုတ်ဘဲ ကိုယ့်မိသားစုအတွက် တပ်မတော်ကို မုန်းတီးသူလိုဖြစ်နေပြီ၊ မိသားစုနဲ့ ဦးနေ၀င်း ရန်ငြိုးဆိုရင်လည်း အများအတွက်လို့ ခေါင်းစဉ်မတပ်နဲ့ ပေါ့ ။
    အခုဖြစ်ရပ်မှာလည်း ရိုဟင်ဂျာထဲမှာအပြစ်မဲ့သူများစွာပါမယ်လို့ လဲယုံကြည်ပါတယ်။ ဒါပေမယ့် ရခိုင်ထဲမှာလဲအများကြီးပါပဲ ။ သူတို့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေထက် ပိုတဲ့အကြမ်းဖက်မှုမျိုးနဲ့ မတုန့် ပြန်သင့်ဘူး ။ သတင်းမှားပေါင်းများစွာကိုလည်း မဖန်တီးသင့်ဘူး။ စာရေးသူပြောသလို ကျွန်တော်တို့ နိုင်ငံဟာ ရိုဟင်ဂျာတွေကို ဘယ်တုန်းကမှ လူမျိုးတုန်းမသတ်ခဲ့သလို နောက်လည်း သတ်ဖြတ်မှာမဟုတ်ပါဘူး ။ ဦးသိန်းစိန်ကိုယ်တိုင် ကမ္ဘာကိုကြေငြာ ပြီးပြီပဲ၊ ကုလ ကဖြစ်ဖြစ် တခြား တတိယနိုင်ငံကဖြစ်ဖြစ်ခေါ်နိုင်ပါတယ်လို့ မြန်မာပြည်ထဲမှာနေရင်တော့ အနည်းဆုံး ဥပဒေအတိုင်း တရားမ၀င်ခိုးဝင်တဲ့ ပုဒ်မ နဲ့ ငြိမှာပဲ၊ ကုလနဲ့ သူတို့ရဲ့ ပထမနိုင်ငံတွေကတောင်လက်မခံနိုင်ဘဲ မြန်မာကလက်မခံနိုင်ဘူးဆိုတာကို ကုလ နဲ့ ပထမနိုင်ငံတွေကို ဘာမှမပြောပဲ မြန်မာနိုင်ငံကိုဘဲ ဘာကြောင့် အပြစ်တစ်ခုလို့ဆိုချင်ကြတာလဲ၊ စာရေးသူနေတဲ့ ကနေဒါကို ကျွန်တော်တို့ တိုင်းရင်းသားတွေ ခိုးဝင်လာခဲ့ရင် ကျွန်တော်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူအခွင့်အရေးတွေကို အပြည့်အ၀ပေးမှာလား၊ ဒါဆိုကျွန်တော်တို့ မရောက်ရောက်အောင်လာခဲ့ပါ့မယ်။ ဒီစာအရ စာရေးသူ(မိသားစုမပါ)ဟာ မြန်မာ့ ဒီမိုကရေစီ အင်အားစုလို့ ပြောရမှာ ပြည်သူတွေအတွက်တော့ ယုံရခက်ခက်ပဲ၊ မြန်မာ့အရေးလို့ ခေါင်းစဉ်မတပ်ပဲ UNHRC ဒါမှမဟုတ်တစ်ခြား NGO တွေမှာလုပ်သင့်တယ်၊ အဲလိုလုပ်နေတဲ့သူတွေတောင် လုပ်စားနေတဲ့သူတွေအများကြီးပဲ၊ အခုအရေးမှာလဲ အဲလိုလူတွေကြောင့် အခြေအနေပိုဆိုးရတာ၊ မြန်မာ့အရေးလှုပ်ရှားသူဆိုရင်လည်း နိုင်ငံတော်သီချင်းတော့ကောင်းကောင်း ရသင့်တယ်၊ လူသားချင်းစာနာတာကစာနာတာ တိုင်းပြည်ကိုထိပါးတာကထိပါးတာပဲ၊ ဦးကိုကိုကြီးပြောတာဟာ သူ့ အငြိုးတွေမပါပဲ တိုင်းပြည်အတွက်ပဲကြည့်ပြီးပြောသွားတာ၊ ရိုဟင်ဂျာကို မျိုးတုန်းသတ်ဖို့ပြောတာမဟုတ်ဘူး၊ ထိထိရောက်ရောက်ကိုင်တွယ်ဖို့ကိုဆိုလိုတာ၊ သူပြောတဲ့ ဒီမိုကရေစီ အင်အားစုတွေဆိုတာကလည်း မြန်မာပြည်သူတွေရဲ့ အရေးကို လှုပ်ရှားတဲ့ ဒီမိုကရေစီ အင်အားစုစစ်စစ်တွေကိုပဲ ရည်ညွန်းတာလို့ မြန်မာပြည်ကမြန်မာပြည်သူစစ်စစ်တစ်ယောက်အနေနဲ့ ယုံကြည်လိုက်ပါတယ် ။ ။ (ပုဂ္ဂိုလ်ရေးအရ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်ပဲ မိမိ၏ကိုယ်ပိုင်ယူဆချက်သာဖြစ်ပါသည်)

  1. Anonymous said... :

    ဒုတိယကမ္ဘာစစ်မတိုင်မှီတချိန်က တရုပ်ပြည်မှာတရုပ်တွေအချင်းချင်းတိုက်တဲ့ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်နေခဲ့ပါတယ်။ ဒီအချိန်မှာဂျပန်ဖက်စစ်တွေတရုပ်ပြည်ကိုကျူးကျော်ဝင်ရောက်လာပါတယ်။ အဲ့ဒီအခါမှာခေတ်သစ်တရုပ်ပြည်ကိုမွေဖွားပေးလိုက်တဲ့မော်စီတုန်းတို့ကဝါဒေရးရာ ၊တရုပ်ချင်းတိုက်နေတွကိုခဏေဘးဖယ်ထားပြီးဂျပန်ကိုဘုံရန်သူအဖြစ်သတ်မှတ်ပြီးတိုက်ကြဖို့အဆိုပြုခဲ့ပါတယ်။ အခုလဲဒီအတိုင်းပါဘဲ။ ဘင်ဂလီတွေဟာ ကျွန်တော်တို့ရဲ့တိုင်းရင်းသားရခိုင်လူမျိုးတွေရဲ့နယ်ထဲကိုကျူးကျော်ဝင်ရောက်စော်ကားနေတာပါ။ သူတို့ကိုဘုံရန်သူအဖြစ်သတ်မှတ်ဖို့လိုပါတယ်။ ကိုကိုကြီးပြောတာကိုထောက်ခံပါတယ်။သူကစစ်အာဏာရှင်စနစ်ကိုအရှုံးပေးပြီးပူးပေါင်းဖို့ပြောနေတာမဟုတ်ပါဘူး။ ဘုံရန်သူကိုဆန့်ကျင်ဖို့ပြောနေတာပါ။ဆလိုင်းကိုတင်မောင်ဦးရဲ့ညီမတိုင်းရင်းသူတေယာက်အေနနဲ့ဒါကိုမြင်ဖို့လိုပါတယ်။ မညံ့သင့်ပါဘူး။k

  1. Anonymous said... :

    ကိုတင်မောင်ဦးရဲ့ ညီမဖြစ်သူ ဒေါ်လှမြိုင်ရဲ့ ရိုဟင်ဂျာအရေး(ဦးကိုကိုကြီးသို့အိတ်ဖွင့်ပေးစာ)အမြင် တွေဟာ..မြန်မာစစ်အာဏာရှင်တွေကိုမုန်းတီးခြင်းအပေါ်အခြေပြုပြီး ..မကြာသေးမှီကာလ.. မေလနှင့်ဇွန်လက
    ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသားများနဲ့ ရိုဟင်ဂျာများအကြား အကြမ်းဖက်တိုက်ခိုက် ကျုးလွန်မှုတွေနဲ့မျက်လုံး စုံမှိတ်ပြီး အစိုးရကိုအပြစ်တင်ရှုံ့ချမှုများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းချက်များ၊ အားလုံးဒွေးရော ယှက်တင်နေပါတယ်။ စစ်အာရှင်တွေကိုမုန်းတီးပြီး လက်ရှိအရေးအပေါ်သူတို့တစ်တွေကြိုးပမ်းသမျှအပြုသဘောမမြင်တဲ့အကျိုးမဲ့အမြင်တွေဟာ..မွေးဖွားကြီးပြင်းခဲ့ရာမြန်မာပြည်၊ကျေးဇူးရှိတဲ့မိမိဇစ်မြစ်တိုင်းပြည်ကိုအကျိုးမပြုပါ။ ကနေဒါနိုင်ငံ ကနေပြီး အေးအေးချမ်းချမ်းနဲ့ ရိုဟင်ဂျာတွေအတွက် လူ့အခွင့်အရေးတောင်းဆိုနေတာထက်မြန်မာ နိုင်ငံရဲ့အမျိုးသားရေး၊နိုင်ငံရေး၊လူမှုရေးတွေကိုသိတဲ့အမြင်တွေရှိခဲ့မယ်ဆိုရင်...ညီမဖြစ်သူဒေါ်လှမြိုင်ကနေ အစ်ကိုကြီး..ဆလိုင်းကိုတင်မောင်ဦးရဲ့အသက်ပေးပြီးအဆုံးတိုင်စွန့်လွှတ်မှုကိုပိုပြီးလေးစားဂုဏ်ယူရာရောက်သွားမှပါလို့....အင်္ဂလိပ်စကားပြောတဲ့တိုင်းပြည်မှာနေတယ်ဆိုတော့..ဒါလေးကိုအမြဲသတိပြုပါ။ (A deaf man hears only silence. A blind man sees only dark.)

  1. Anonymous said... :

    ရိုဟင်ဂျာကသူ့အမျိုးဖြစ်မယ်

  1. Anonymous said... :

    Yes right. I agree with you.

  1. Anonymous said... :

    I don't believe military regime,but we will fight for our motherland with military regime.

  1. Anonymous said... :

    agree with these comments.if u really love myanmar,don't told like that daw hla myaing.come back and see our country.you are not our citizen now i think,you are now canada citizen.you have no right to tell like that ko ko gyi.

  1. Anonymous said... :

    ရိုဟင်ဂျာဘက်ကလိုက်ပြောနေပြီးကိုယ့်လူမျိုးဒုက္ခရောက်နေတာကြတော့တစ်ချက်လောက်ရင်ဘတ်လေးနဲ့ခံစားကြည့်ပေးပါ မြန်မာဆိုရင်အခုလို ဦးကိုကိုကြီးကိုအပြစ်တင်နေစရာအကြောင်းမရှိဘူး
    မျိုးချစ်စိတ်ရှိမယ်ဆိုရင်ရခိုင်တွေဘယ်လောက်ဒုက္ခရောက်နေလဲဆိုတာလာကြည့်ပါသူများစကားနဲ့လမိးဆုံးပြီး
    ရိုဟင်ဂျာဘက်ကပါနေရအောင်ကိုယ့်ကိုပြန်စဉ်းစားပါ
    မြန်မာလားရိုဟင်ဂျာလားဆိုတာစစ်တပ်ကိုမုန်းတာနဲ့အားလုံးကိုမရောနှောစေချင်ဘူးဒေါ်လှမြိုင် ရေခင်ဗျားတော့အဲမှာအေးအေးချမ်းချမ်းနေပြီးမြန်မာဆိုရင်ကိုယ်ချင်းစာကြည့်ပါငါ့အမျိုးတာအဲနေရာမှာဆိုရင်ဆိုတဲ့စိတ်လေးထားကြည့်ပါလား

  1. timothy said... :

    This letter is the best I had ever seen regarding the burma campaign on literaTURE AND WEB SITES. I totally agreed with the writer. The regime got the full responsibility for creating the Rohingya problem purposefully to drum up support from the public for continuation of fascist military regime in Burma. They want to make Burma ungovernable by any civilian regime. The set up the instability in Burma and to divert the public anger towards Rohingya. Public were systematically tricked by the military regime. Even our leader Daw Aung San Suu Kyi could not publicly declare her intention of fair play in the Rohingya saga. I fully pay my respect to the letter written by the real hero. Bravo.

  1. Unknown said... :

    Extreme nationalism drives country getting into worse situation. We have already backward for 20 years. Find the way how to develop our country.

  1. Anonymous said... :

    ကျုပ်ကတော့ ကျောင်းသားခေါင်းဆောင်တွေထဲမှာ ကိုကိုကြီးကို အကြိုက်ဆုံးပဲ ယုံကြည်တယ်ဗျာ
    တိုင်းပြည်နဲ့လူမျိုးအကျိုးကို လက်တွေ့ကျကျနဲ့ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်လို့ပဲ

  1. SAI SAI said... :

    အင်း:!1974-1976 ဆိုတော့ကျနော်တောင်မမွေးသေးတဲ့အတွက် ၊မလှမြိုင်ပြောမှ ဆလိုင်းတင်မောင်ဦးအကြောင်းကိုသိရတာပါ၊ဒီလိုသမိုင်းရှိခဲ့တဲ့မိသားစုထဲက မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာကိစ္စကို ဒီအချိန်မှာ မိသားစုဝင်တဦးဖြစ်တဲ့ မလှမြိုင် ရဲ့ ရေးသားပြောဆိုပုံတွေကို မြန်မာနိုင်ငံသားတဦးအနေနဲ့လုံးဝလက်မခံနိုင်ပါဘူး!မလှမြိုင်တို့ ဆလိုင်းမိသားစုတွေအားလုံးမြန်မာနိုင်ငံသားတိုင်းရင်းသားတွေရဲ့ ဘုံရန်သူဖြစ်သွားနိုင်တယ်ဆိုတာသတိထားပါ။မနေနိုင် မထိုင်နိုင်ဖြစ်နေရင်တော့ ကနေဒါ အစိုးရကိုRequest,လုပ်ပြီး ရိုဟင်ဂျာတွေကို ကနေဒါနိုင်ငံ ကိုခေါ်ခိုင်းလိုက်ပေါ့ဗျာ
    ရဲရဲဝံ့ဝံ့ပြောခဲ့တဲ့ ကိုကိုကြီးကို အပြတ်အသတ် လုံးဝကိုထောက်ခံပါတယ်။

  1. MWZ said... :

    ဘယ်လို အခြေအနေမျိုးလဲဆိုတာတောင် မသုံးသပ်တတ်ဘဲ စွပ်စွပ်စွဲစွဲပြောတတ်တဲ့ လူမျိုးကို နိုင်ငံရေးစင်မြင့်တစ်နေရာမှာသာ နေရာပေးလိုက်မယ်ဆိုရင် တိုင်းပြည် ပြည်ဖုံးကားကျသွားနိုင်တယ်။ ကျွန်တော်ကတော့ သုံးသပ်လိုက်မယ် ဒါဟာ နိုင်ငံရေး လှုပ်ရှားချင်တာ မဟုတ်ဘူး လုပ်စားဖို့ စတန့်ထွင်တာလို့...ဒါမှမဟုတ်လည်း ရိုဟင်ဂျာတစ်ကောင်နဲ့ညားနေတာ ဖြစ်နိုင်တယ်

  1. Anonymous said... :

    မြစ်ဆုံတုန်းကဒူဝါတယောက်ပြောသွားတယ်ကျနော်တို့ညညအိပ်လို့တောင်မပျော်ဘူးတဲ့။သူတို့ပူပန်မှုကိုခံစားမိပြီးမြစ်ဆုံကိစ္စထောက်ခံတယ်။အခုကိစ္စမှာလဲရခိုင်တွေပြောတာနားထောင်ကြည့်ပါ။ကိုယ်ညီအကိုတွေဘယ်လောက်စိုးရိမ်ကြောင့်ကြနေရလဲ။ဒီကိစ္စတွေအခုမှထဖြစ်တာမဟုတ်ဘူးကျနော်၉နှင်သား(၁၉၇၄)ထဲကရခိုင်မှာတာဝန်ကျဘူးတဲ့လ၀ကတယောက်ပြောပြဘူးတယ်။ကိုကိုကြီးကိုထောက်ခံတာမဟုတ်ဘူးကူနဲ့တသဘောတည်းဖြစ်တာ။တရုပ်ကိစ္စကောလူတွေသတိမထားသေးလို့၊၁၉၈၅ ကျနော်ပထမနှစ်ထဲကမောင်သစ်ရဲ့ဆောင်းပါးထဲမှာရေးထားတယ်။မန္တလေးဝေဒနာဟာတရုပ်တွေလက်ထဲမှာဘဲရှိတယ်တဲ့။ဒါပေမယ့်လူများများသတိမပြုမိကြသေးဘူး။

  1. Anonymous said... :

    ဖွကြည့်တာဖြစ်မှာပါ။ အဲဒီအတွက် ကွန်မန့်တွေအများကြီး ဖြစ်သွားတာ ဧရာဝတီအားရစရာပါ။ အားလုံးကလည်း ခံစားချက် အသီးသီးဖြစ်မှာပေါ့။ ဆလိုင်းကလည်း ဆလိုင်းပေါ့။ ကိုကိုကြီးကလည်း ကိုကိုကြီးပေါ့။ အားလုံးစိတ်အေးအေးထားကြပါ။ လွတ်လပ်စွာတွေးခေါ်ခံစားတာကိုနားလည်းပေမယ့် ကျွန်တော်တို့ဗမာတွေ အင်တာနက်မှာတောင် သွေးစည်းတာ မတွေ့မိဘူးနော်။ ပွားတာပဲများတယ်။ ဖွတဲ့သူကလည်းဖွတယ်၊ ပွားတဲ့သူကလည်းပွားတယ်။ အိုကေပါ ဒို့ဗမာ...

  1. Anonymous said... :

    အဝေးတနေရကနေ အရိုးလှမ်းတွန်ပြနေတာလား ဟုတ်လား ကောင်းကောင်းနေနေရရင်လည်း ကောင်းကောင်းပဲနေပါတော့လား ဒင်းအဲဒီမှာနေပြီး ဒီလိုပြသာနာမျိုးဖြစ်ရင် ဒင်တို့ကိုရော အဲဒီနိုင်ငံက လက်ခံချင်မယ်တဲ့လား လက်ရှိမြန်မာပြည်အတွက်ဘာမှ မလုပ်ပေးနိုင်ဘဲနဲ့များ ... မတူတာထား တူရာသွား တဲ့ နောက်ထပ်အဲလိုပေးစာမျိုးလုံးဝလက်မခံဘူး နားလည်လား ..ပြည်သူတစ်ဦး

  1. ဆောင်းပါးရှင် က နားထင်သွေးရောက်နေသလိုပဲ လူမျိုးရေးနဲ့ မရောစေချင်ဘူး ထောက်ပံ့ကျေးတွေမရ တော့ဘူးထင်တယ် တိုင်းတပါးက ရန်မူလာတာကို တပ်မတော်နဲ့လက်မတွဲလို့းးးးးးးးးးးးးးးးးတ

  1. ထောက်ပံ့ကျေးတွေမရတော့ဘူးလား အလုပ်နေသူတွေ ကိုပါ တိုက်ခိုက်လာပြီ

  1. Anonymous said... :

    ဟုတ်တာတွေလဲ ဟုတ်ပါတယ်ဒေါ်မိုင်ပိုပိုတင်ခင်ဗျ ၊၈၈ မျိုးဆက်ကျောင်းသား ကြီးများစစ်တပ်ကို ထောက်ခံတဲ့ပုံစံမျိုးနဲ့ ပြောတာအရမ်း
    စောနေပါသေးတယ်။ ပြီးတော့ တရုတ်လူးမျိုးများကို မှတ်ပုံတင် ဆိုဒ်အမျိုးမျိုးပေးပြီး မြန်မာပြည်အတွင်းနေခိုင်းတာ အထက်ဗမာပြည်ဟာအခုဆိုရင် တရုတ်များရဲ့နိုင်ငံတောင်ဖြစ်သွားပြီခင်ဗျ၊ တနည်းပြောရမယ်ဆိုရင် အထက်တရုတ်မြန်မာပြည်ပေါ့ ။ အခု ရိုဟင်ဂျာ ကိစ္စမှာလဲ ကျွှန်တော်တို့ ညီကို ရခိုင်လူမျိုးများက ရိုဟင်ဂျာ အိမ်ခြေနိုင်ငံမဲ့များ၏ အိမ်များကို ရက်ရက်စက်စက် သွားရောက်မီးရှို့တာမျိုး ရက်ရက်စက်စက်လူမျိုးတုံး လိုက်လံသတ်ဖြတ်နေတာ မဟုတ်ဘူးခင်ဗျ ၊ ရိုဟင်ဂျာများကသာ သူတို့ပိုင်အိမ်များကိုလဲမီးမြိုက်သလို ရခိုင်များ၏အိမ်များကိုပါ မီးရှို့ကြတယ်ခင်ဗျ၊ ရခိုင်ပြည်မှာ ရခိုင်ကအမည်ခံဗျ ပိုများတာကရိုဟင်ဂျာတွေပါ ။ရခိုင်ရွာထဲကို အုပ်လိုက်ဝင် တွေ့တဲ့လူမှန်သမျှ ဓားနဲ့ခုတ် တုတ်နဲ့ ရိုက် အသေသတ်လုပ်တာ ရိုဟင်ဂျာတွေပါ။ မြန်မာ့တပ်မတော် ကြီးကလဲပြစ်သတ်ဖို့နေနေသာသာ ရခိုင်များ သတ်ဖြတ်ခံနေရတာကို ဒီတိုင်းကြည့်နေတာပါ။လုံခြုံရေးဆိုပြီး လုံထိန်းများ ကို မီးကျိုးမောင်းပျက်သေနတ် အစုပ်တွေပေးပြီး ယူခိုင်းထားတာပါ ဒေါ်မိုင်ပိုပိုတင်(ခ)ဒေါ်လှမြိုင်ခင်ဗာ ...

  1. Anonymous said... :

    SAI SAI လည်း တယ်လက်သံပြောင်သကိုးကွယ့်။ ကနေဒါကို ရောက်သွားရင်လည်း၊ ကျနော်တို့ က ကနေဂျာ တွေပါဗျလို့  ထပ်လုပ်နေကြပါဦးမယ်ကွယ့်။ အမေရိကကိုတောင် တချို့ ညှပ်ညှပ်ပြီး၊ ရောက်လာကြပြီလို့  သဲ့သဲ့ကြားမိပါရဲ့။ သာမန် မြန်မာမွတ်ဆလင် ဒုက္ခသည်အဖြစ်နဲ့ ပေါ့။ မြင်းခြံက မလှမြိုင် (အဲလေ) ကနေဒါက မလှမြိုင်လည်း၊ သူရေးတာကို တုန့် ပြန်ထားတဲ့ ဝေဖန်အကြံပြုချက်တွေကိုဖတ်ပြီး၊ ကိုယ်လိပ်တဲ့ ဆေးပေါ့လိပ် (အဲလေ ခက်တာပဲ၊ မြင်းခြံက မလှမြိုင်ရဲ့ ဆေးပေါ့လိပ်လုပ်ငန်းနဲ့  မှားပြန်ပြီကွယ့်) ကိုယ့်နဖူးပေါ် ကိုယ်လက်တင်ပြီး၊ မှားလိုက်လေခြင်း မှားလိုက်လေခြင်းလို့ ၊ ငြီးတွားနေလောက်ပါပြီကွယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved