မြိတ်- ကော့သောင်းလမ်းမှာ ဘာတွေ ဖြစ်နေလဲ ???

Thursday, August 2, 2012

မြိတ်- ကော့သောင်း ကားလမ်းတလျှောက် လမ်းပိုင်းများပျက်စီးနေသည့် မြင်ကွင်များ

မြန်မာနိုင်ငံကြီးဖွံ့ဖြိုးတိုးတက်နေပြီး လမ်းတံတားတွေ တည်ဆောက်ပြုပြင်နေကြတာကို ဆယ်စုနှစ် ၂ ခုလောက် စစ်အစိုးရ မင်းများက နေ့စဥင်္ နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြခဲ့တာ မှတ်မိနေကြမယ်ထင်ပါတယ်။

အခု လတ်တလောတော့ တနင်္သာရီတိုင်းက မြိတ်နဲ့ ကော့သောင်း ကားလမ်းအခြေအနေတွေ ကတော့ တော်တော် ပျက်စီး နေတာကြောင့် ခရီးသွားပြည်သူတွေ စိတ်သောက ရောက်နေကြတာ ဓာတ်ပုံတွေ မြင်တာနဲ့ သိရှိခံစားလို့ ရနိုင်မယ် ထင်ပါတယ်။

မြိတ်နဲ့ ကော့သောင်း ကားလမ်းက မိုင်ပေါင်း (၂၈၀) လောက် ရှိပြီး သွားလို့ မရအောင် ပျက်စီးနေတဲ့ လမ်းပိုင်းက မိုင်ပေါင်း ၃၀ လောက် ရှိပါတယ်။ ခရီးသည်တွေလည်း မလိုအပ်ဘဲ၊ အချိန်တွေကုန်၊ လူလည်း ပင်ပန်း ခရီးစရိတ် ကလည်း နဂို ခန့်မှန်းထားတာ ထက် ပိုကုန်နေတာပါ။

မလိုအပ်ဘဲ တော်တောင်လမ်းဘေးတဲလို နေရာမှာ ညအိပ် နားရတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အတော် စိတ်ပျက် စရာ ကောင်းတဲ့ လမ်းခရီးဖြစ်နေတာပါ။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်း ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေက သူတို့ နိုင်ခဲ့ရင် ဒီလမ်းကြီးကို ကောင်း အောင် ပြုပြင်ပေးပါမယ်လို့ ကတိတွေ ပေးခဲ့ပါသေးတယ်တဲ့ ။ ကတိ တည်တယ် မတည်ဘူး ဆိုတာတော့ ဒီ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အဖြေထွက်ပါတယ်။ ခရီးသွားပြည်သူတွေလည်း သူတို့ ကို စိတ်ပျက်ကုန်တာ သူတို့ မသိ ကြရော့လား။

ဒီ လမ်းကြီး မကောင်းရင်တော့ ခရီးသည်တွေလည်း စိတ်ပျက်စရာတွေ ဆက်ရင်ဆိုင်ရမှာဖြစ်သလို မကြာခင် စတင်တော့ မယ့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက်လည်း ဘာမှ ထူးလားမှာ မဟုတ်ဘူး လို့ ပြောနေကြပါတယ်။

3 comments :

  1. Anonymous said... :

    အဲဒါပေါ့ ပြည်ထောင်စုလမ်းမကြီးဆိုတာ

  1. Anonymous said... :

    ပြည်ထောင်စုလမ်းလို့ မခေါ်ဘဲ ပြည် ၇၀၀ စုလမ်းလို့ခေါ်ရင် ပိုမှန်မယ်။ ဒီလမ်း ဒီလိုဖြစ်တာ ပြည်ခိုင်ဖြိုးက ယုဇနဦးဌေးမြင့်နဲ့တိုက်ရိုက်သက်ဆိုင်တယ်။ ကော့သောင်းမြို့ကိုဝင်တာနဲ့ ယုဇနမြိတ်-ကော့သောင်း လမ်းဖောက်လုပ်ရေးစီမံကိန်း ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးတွေ့ရလိမ့်မယ်။ လမ်းဖောက်လမ်းပြင်နေတာတခါမှ မတွေ့ရဘူး။ ယုဇနဆီအုန်းကားတွေကြိတ်ထားတာ ကော့သောင်းက သူဌေးကျွန်းကခင်းပေးထားတဲ့နိုင်လွန်ကတ္တရာလမ်းကတော့ကြေမွနေပြီ။ ဒီ ဆယ်ဘီး ဘောက်ဆာကားကြီးတွေက သတ်မှတ်ပေးထားတဲ့ မြို့ပတ်လမ်းကမသွားဘဲ မြို့လယ်ခေါင်ကဖြတ်ပြီးသွားတယ်။တစ်နေ့အခေါက် လေးဆယ်လောက်ဖြတ်တယ်။ ကားတွေကအရမ်းကြီးလမ်းကငယ်တော့ လမ်းအမြဲပိတ်နေတယ်။ကားကြိတ်သတ်တဲ့ လူပေါင်းမနည်းတော့ဘူး။ ဒေသလူကြီးအဆက်ဆက်ကလည်းတယောက်မှမပြောရဲကြဘူး။ ကော့သောင်းပြည်သူတွေ အောက်အီးခံနေကြရလို့ သူတို့ကိုနိုင်တဲ့သူများ ကော့သောင်း မြိတ်လမ်းကိုလာရောက်လေ့လာ၍ ကူညီပေးကြပါဗျာ။

Post a Comment

Copyright © 2014 Irrawaddy Publishing Group. All Rights Reserved