ရှက်စရာအထုပ်

Friday, August 31, 2012


812 Madeleine Albright 04344756 US
(ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ဖူးသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း)

အစိုးရအမည်ပျက်စာရင်းထဲက ထုတ်ပေးလိုက်တဲ့ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်၊ ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို တို့လည်း ပါဝင်ပါတယ်။ အဲဒီစာရင်းထဲရောက်ခဲ့တာ သူတို့ချည်းပဲ မဟုတ်ပါဘူး၊ နိုင်ငံတကာအဖွဲ့အစည်း၊ စာနယ်ဇင်းဘက်ဆိုင်ရာ ပုဂ္ဂိုလ်များလည်း ပါပါတယ်။

စစ်ဗိုလ်ချုပ်ကြီးများက အမည်ပျက်စာရင်းဝင်တွေအဖြစ် သတ်မှတ်ခဲ့တာကို စစ်ဗိုလ်ချုပ်ဟောင်းတွေက ပြန်ပြင်လိုက်တာပါ။

ရိုးသားတဲ့လုပ်ရပ်လို့ ချီးကျူးနိုင်ပါတယ်။

တဘက်မှာလည်း စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားသေးသိမ်မှုကိုပြလိုက်တာ၊ ကိုယ့်အထုပ်ကိုယ်ဖြည်ပြသရာရောက်ပါတယ်။


133 Aquino, Corazon C - Filipino
(ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို)


ပြင်ဆင်ချက်စာရင်းကိုကြည့်လိုက်ပါ၊ သူတို့ဟာ အကြမ်းဖက်သမားတွေ၊ လူဆိုးတွေ၊ မူးယစ်ရာဇာတွေနဲ့ ဆက်စပ်နေသူတွေ မဟုတ်ပါဘူး။

စာရင်းထဲက ထုတ်လိုက်သူတွေထဲမှာ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ပါဝင်ပတ်သက်ဖူးသူတွေ အများအပြား ပါဝင်နေပါတယ်။

ဒီပုဂ္ဂိုလ်တွေကို နာမည်ပျက်စာရင်းထဲ နှစ်ပေါင်းများစွာ ထည့်သွင်းထားတာဟာ အရာရာမှာလူတတ်ကြီးလုပ်လေ့ရှိတဲ့ စစ်အရာရှိဆိုးများရဲ့ ရုပ်ပျက်ဆင်းပျက်မှားယွင်းမှုပါပဲ။

"အရပ်သား"အစိုးရသက်တမ်း တနှစ်ကျော်ကြာမှ ထွက်လာတဲ့ ဒီစာရင်းကို ကြည့်လိုက်တာနဲ့ မြန်မာပြည်ကို ဘယ်လိုလူတွေက စိုးမိုး ချုပ်ကိုင်ခဲ့တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။

အင်မတန် ရှက်စရာကောင်းပါတယ်။




~

18 comments :

  1. Anonymous said... :

    ရှက်စရာ မဟုတ်ပါဘူး။ တစ်ချိန်က မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်တာ နောင်လာနောင်သားတွေ မမှားဖို့ ထုတ်ဖော်ပြတာ ဟာ အစိုးရ ကောင်းတွေရဲ့အလုပ်ပါ။ အမှားကို အမှားမှန် သိပြီး ဝန်ခံရဲတာ ထုတ်ဖော်ရဲတာကို ဂုဏ်ယူရပါမယ်။ ဘဝမှာ မမှားဘူးသူ မရှိပါ။ စာရေးသူ ဆောင်းပါးရေးသူကိုယ်တိုင်ရော ဘဝမှာ တစ်ခါမှ မမှားဘူးဘူးလား။ ရှက်စရာအစား ဂုဏ်ယူစရာ အဖြစ် ရှု့ မြင့်ပါတယ်။ ကျန်နေသေးတဲ့ ၄၀၀၀ ကျော်စာရင်းတွေကိုလည်း အမြန်ဆုံး သတ္တိရှိရှိ ဆက်လက်ထုတ်ဖော် ပယ်ဖျက်ပေးဖို့  ဦးသိန်းစိန် အစိုးရကို ဝမ်းပန်းတသာ ကြိုဆိုရင် တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကောင်းဖို့  လုပ်ခဲ့တဲ့ အတိုက်အခံတွေ အားလုံးကို လက်ကမ်းကြိုဆိုရဲတာဟာ တကယ် သူရသတ္တိဖြစ်ပါတယ်။

  1. Anonymous said... :

    ရှက်စရာ မဟုတ်ပါဘူး။ တစ်ချိန်က မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်တာ နောင်လာနောင်သားတွေ မမှားဖို့ ထုတ်ဖော်ပြတာ ဟာ အစိုးရ ကောင်းတွေရဲ့အလုပ်ပါ။ အမှားကို အမှားမှန် သိပြီး ဝန်ခံရဲတာ ထုတ်ဖော်ရဲတာကို ဂုဏ်ယူရပါမယ်။ ဘဝမှာ မမှားဘူးသူ မရှိပါ။ စာရေးသူ ဆောင်းပါးရေးသူကိုယ်တိုင်ရော ဘဝမှာ တစ်ခါမှ မမှားဘူးဘူးလား။ ရှက်စရာအစား ဂုဏ်ယူစရာ အဖြစ် ရှု့ မြင့်ပါတယ်။ ကျန်နေသေးတဲ့ ၄၀၀၀ ကျော်စာရင်းတွေကိုလည်း အမြန်ဆုံး သတ္တိရှိရှိ ဆက်လက်ထုတ်ဖော် ပယ်ဖျက်ပေးဖို့  ဦးသိန်းစိန် အစိုးရကို ဝမ်းပန်းတသာ ကြိုဆိုရင် တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကောင်းဖို့  လုပ်ခဲ့တဲ့ အတိုက်အခံတွေ အားလုံးကို လက်ကမ်းကြိုဆိုရဲတာဟာ တကယ် သူရသတ္တိဖြစ်ပါတယ်။

  1. Anonymous said... :

    The current Philippines president , son of Corazon Aquino, was the first and the only ( if i am not wrong) ASEAN leader to call Daw Aung San Suu Kyi when she was released from under house arrest.
    Shame on the rest of ASEAN leaders!

    this news can't shock me though. Military Junta did every craps that normal & extraordinary people wouldn't do. XD

  1. Cyan said... :

    I strongly agree on the point of view of Anonymous. Mr.writer should think to encourage them instead of denounce on their mistake.

  1. Anonymous said... :

    ရှက်စရာ မဟုတ်ပါဘူး။ တစ်ချိန်က မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်တာ နောင်လာနောင်သားတွေ မမှားဖို့ ထုတ်ဖော်ပြတာ ဟာ အစိုးရ ကောင်းတွေရဲ့အလုပ်ပါ။ အမှားကို အမှားမှန် သိပြီး ဝန်ခံရဲတာ ထုတ်ဖော်ရဲတာကို ဂုဏ်ယူရပါမယ်။ ဘဝမှာ မမှားဘူးသူ မရှိပါ။ စာရေးသူ ဆောင်းပါးရေးသူကိုယ်တိုင်ရော ဘဝမှာ တစ်ခါမှ မမှားဘူးဘူးလား။ ရှက်စရာအစား ဂုဏ်ယူစရာ အဖြစ် ရှု့ မြင့်ပါတယ်။ ကျန်နေသေးတဲ့ ၄၀၀၀ ကျော်စာရင်းတွေကိုလည်း အမြန်ဆုံး သတ္တိရှိရှိ ဆက်လက်ထုတ်ဖော် ပယ်ဖျက်ပေးဖို့  ဦးသိန်းစိန် အစိုးရကို ဝမ်းပန်းတသာ ကြိုဆိုရင် တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကောင်းဖို့  လုပ်ခဲ့တဲ့ အတိုက်အခံတွေ အားလုံးကို လက်ကမ်းကြိုဆိုရဲတာဟာ တကယ် သူရသတ္တိဖြစ်ပါတယ်။

    August 31, 2012 2:40 PM
    မှားခဲ့တဲ့အမှား တွေကိုပြင်ဆင်တာ ဟုတ်လား?
    မင်တို့ စစ်အစိုးရ မှားခဲ့ဘူတယ်လို့ ဘယ်တုန်းကပြောခဲ့ဖူးလဲ.....
    ကြည့် ပြောကိုယ်လူ မြောင်ထဲရောက်နေအုံးမယ်

  1. Aung Kyaw Soe said... :

    ဒါဆိုကျွန်တော်တို့က အခုအစိုးရ ရဲ့လုပ်ရပ်ကို ရှုံ့ချနေရမှာလား။ အခုအစိုးရကရှက်စရာအထုပ်ကိုဖြည်နေတယ်ဆိုရင် ကျွန်တော်တို့က ဒီအထုပ်ကို ဆက်မဖြည်ဖို့ တားဆီးနေရမှာလား။ ဒီကမ္ဘာမှာဘယ်နိုင်ငံကဘယ်အစိုးရဘယ်မင်း က ငါတို့လုပ်တာမှားပါတယ်လို့ ၀န်ခံဘူးလဲ အလွန်ဆုံး မှားယွင်းသတင်းရရှိခဲ့တယ်ဆိုတာပဲရှိတယ်။ သူများအမှား ကိုပြက်ရယ်ပြု ရှုံ့ချဖို့ကလွယ်ပါတယ်။ ဘာလို့ Blame Game လုပ်နေကြမှာလဲ။ အမှားတွေဗလပွနဲ့ လူကိုရှက်ရွံတွန့်ဆုတ်သွားအောင်လုပ်မဲ့ အစား အမှန်ကိုမြတ်နိုးတတ်လာအောင် ဖေးမပေးရင်မကောင်းဘူးလားဗျာ။ အခုကျွန်တော်ထင်မြင်ချက်ကမှားမယ် ဆိုရင် နံမည်နဲ့တကွ ပျက်ရယ်ပြုရှုံ့ချနိုင်အောင် ကျွန်တော့နံမည်ကိုအသိပေးပါတယ်ခင်ဗျ။ အောင်ကျော်စိုး

  1. Anonymous said... :

    အစိုးရ ဘာလုပ်လုပ် မကောင်းပြောချင်တဲ့ကောင် မင်းကကောတိုင်းပြည်အတွက် ဘာကောင်းတာလုပ်ဖူးလဲ

  1. Myonaing said... :

    ကိုအောင်ကျော်စိုး ပြောတာကို ထောက်ခံပါတယ် အကောင်းဆုံးတွေ ဆိုတာ ချက်ချင်းလုပ်ယူလို့ ရတာမှ မဟုတ်တာ တဖြေးဖြေး နဲ့ အမှန်ကို မြင်တတ် တွေးတတ်အောင်လေ့ကျင့်ယူကြရမှာပါ မြန်မာ လူမျိုးတွေက ဘယ်တော့မှ အကောင်းဘက်ကို မြင်အောင်မကြည့်နိုင်သေးပါဘူး အဆိုးအကောင်း အမြဲဒွန်တွဲနေတာကို နှစ်ပေါင်းများစွာ အဆိုးတွေဘဲ မြင်ခဲ့ကြတာပါ ပြုပြင်ပြောင်းလဲတာကို ဆယ်စုနှစ်များစွာချီလို့ မမြင်မတွေ့ရကြတော့ ဘယ်လိုပြောင်းလဲရမလဲ ဘယ်ကစ ပြောင်းလဲရမလဲ ဆိုတာကိုတောင် ဃဃဏဏ မသိသူတွေ ထုနဲ့ဒေးပါ ပြောင်လဲချင်လို့ ပြောင်းလဲတာ မဟုတ်မလို ပြောင်းလဲ မှ ရှေ့ဆက်ရေရှည်ရပ်တည်နိုင်မှာမို့ အစိုးရအနေနဲ့ ပြောင်းလဲရတယ်ဆိုတာကို လဲ သာမာန်လူအချို့က လုံးဝလုံးဝကို မသိကြတာပါ နိုင်ငံတစ်ခု စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းလဲတဲ့အခါမှာ သေချာစနစ်တကျနဲ့အချိန်ယူ ပြုပြင်ပြောင်းရတာပါ ပေးဆပ်မှု့တွေ ဆုံးရှုံးမှုတွေဟာ ပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်မြဲဓမ္မတာပါ အမှားကင်းကင်းနဲ့ တော့ ခြောက်ပစ်ကင်းသဲလည်းစင် မဖြစ်နိုင်ပါဘူး ပြီးတော့ လူတိုင်းလူတိုင်း ပါဝင်ပတ်သက်နေပါတယ် ပြည်သူလူထု ကိုယ်တိုင် တကယ်ပြောင်းလဲချင်စိတ်နဲ့ ပြောင်းလဲမှရမှာပါ အစိုးရတစ်ခုထဲ ပြောင်းလဲနေလို့ ဘယ်တော့မှ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာကိုတော့လူတိုင်းလူတိုင်း ရဲ့ စိတ်အခြေခံမှာ ရှိကိုရှိရပါမှာ မရှိသေးရင် ရှိအောင်အရင်လုပ်ကြရမှာပါ လူတစ်ဦးချင်းဆီမှာ ရှိမှ တကယ်ကိုပြောင်းလဲမှာပါ တောင်ကိုရီးယား ဂျပန် နိုင်ငံတွေ ပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ တိုးတက်ချမ်းသာလာတာဟာ လူတစ်ဦးချင်းရဲ့ စိတ်ဓာတ်အခြေခံကအစ အားလုံးပြောင်းလဲလို့ အဲဒီလောက် မြန်ဆန် ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာတာ မြေကြီးလက်ခပ် မလွဲပါ တစ်ခုဘဲပြောစရာရှိတာက ကျုပ်တို့မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံ မရှိဘဲ လူမျိုးတစ်မျိုးထဲရှိတယ်ဆိုတဲ့ အချက်ပါ ကျုပ်တို့နိုင်ငံ ကျုပ်တို့လူမျိုးပေါင်းက ၁၃၅မျိုး တောင်ဆိုတော့ လူတစ်ဦးချင်းဆီကို ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ရိုက်သွင်းဖို့ စည်းရုံးပြောဆိုဖို့ ညှိနှိုင်းအဖြေရှာဖို့ ထပ်တူထပ်မျှ ဖြစ်ဖို့ လွယ်ပါ့မလား လွယ်လိမ့်မယ်များ ထင်လို့လား ဖြတ်ပြောလိုက်အုံးမယ် နိုင်ငံတစ်ခု တိုးတက်ပြောင်းလဲဖို့ အဓိက အလိုအပ်ဆုံးက စည်းကမ်းရှိဖို့ပါ မိမိကိုယ်တိုင် ပြန်မေး စည်းကမ်းရှိတဲ့ လူလားဆိုတာ ဗမာတွေ စည်းကမ်းမရှိလို့ ထီနန်းပျောက်ခဲ့တာ ဆိုတဲ့စကားကို မေ့ပစ်ကြပလား ခုခေတ် လူတွေ သိရော သိကြရဲ့လား တဆက်တည်း ပြောလိုက်မယ် စစ်တပ်က စည်းကမ်းရှိတယ် စည်းကမ်းရှိလို့ စစ်တပ်ခုချိန်ထိ ရပ်တည်နေနိုင်တာ တစ်သွေး တစ်သံ တစ်မိန့် ဆိုတဲ့ စကား အလကားမဟုတ်ဘူး အဲဒီစိတ်ဓာတ်နဲ့ ဗမာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာကို လေးလေးနက်နက်တွေးကြည့်ပါ တကယ်ပြောင်းလဲဖို့ဆို ပါးစပ်က ပြောင်းနေလို့ မရပါဘူး ပါးစပ်လေး ပြောင်းချင်နေလို့ ဘယ်တော့မှ ပြောင်းလဲ မလာပါဘူး သေချာအောင် ထပ်ပြောမယ် ပါးစပ်ကနေ ဟိုလူ့အပြစ်လိုက်ပြော ဟိုဟာဖြင့် မကောင်းဘူ ဒီဥစ္စာက လွဲနေတယ် ဒီလိုလုပ်မှ ဖြစ်မယ် ပြောနေရုံ လေးနဲ့များ ဥုံဖတ်ဆရာလို မန်းလို့ မှုတ်လို့များရရင် ဟင်း ဗမာ ပြည် တသက်မဟုတ်ဘူးဆရာ ဦးကျော်ဟိန်းရုပ်ရှင်ထဲက ပြောသလို"ဆယ်သက်" ဆယ်သက်" ကြုံတောင် မပြောင်းဘူး ကဲထားတော့နော် တကယ်ပြောင်းလဲဖို့ အတွက် လူတစ်ဦးချင်း စည်းကမ်းရှိအောင် ပြုပြင်ပြီး နေကြပါ နေကြအောင် နီးစပ်သူချင်း တိုက်တွန်းစည်းရုံးပါ လူတိုင်းလူတိုင်း ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ရှိမှ ပြောင်းလဲလို့ရမယ်ဆိုတာကို စွဲစွဲမြဲမြဲ သံမှိုဆွဲသလို ပြင်းပြတဲ့စိတ်မွေးပါ မွေးမြုနိုင်ဖို့ကိုလည်း နီးစပ်ရာ နေရာဒေသတိုင်းမှာ စည်းရုံးလှုံ့ဆော်ကြပါ လို့ တိုက်တွန်းယင်း နိုင်ငံတော်အစိုးရနဲ့ အတူ ပြည်သူလူထု အားလုံး အခြေခံစိတ်ဓာတ်ခိုင်မာစွာ စည်းကမ်းရှိရှိ လက်တွဲလျှောက်လှမ်းသွားကြပါစို့လို့

  1. Anonymous said... :

    We must appreciate every changes in current situation .This is not a shameful matter but we must record these naughty ideas and works done by previous foolish guys

  1. Anonymous said... :

    အောင်ကျော်စိုးနာမည်ခံသူရေ
    သိက္ခာရှိတဲ့နိုင်ငံကြီးတွေက အစိုးရတာဝန်ရှိသူတွေက သူတို့တာဝန်ယူတဲ့ ဌာနတွေမှာ အမှားအယွင်းဖြစ်ရင် ၀မ်းနည်းကြောင်းပြောပြီး ထွက်ပေးသကွဲ့။
    ဒို့နိုင်ငံကတော့ မီးပျက်လဲ လျှပ်စစ်ဝန်ကြီးက ထွက်မပေး ပေကပ်နေသကွ။ ရေပြတ် ရေငတ် ပြည်သူတွေ ကျပ်နေလဲ စည်ပင်က ထွက်မပေးဘူး ပေကပ်နေသကွ။
    တစ်တိုင်းပြည်လုံးမွဲပြာကျနေလဲ အာဏာကိုဇွတ်ပေကပ်ပြီး ဆုပ်ကိုင်ထားသကွ။
    နောက်ဆုံးတစ်ပြည်လုံးက ၉၀-ခုနှစ်မှာ မဲပေးပြီး ဖြူတ်ချတာလဲ ဆင်းမပေးဘူးကွ။
    ပြောလိုက်သေး သူတို့ကမှ တိုင်းပြည်ကို ချစ်တယ်ဆိုသကိုးကွ။ ငါ့နာမည် ဘကြီးမှုန်။

  1. Anonymous said... :

    Uncle Mthon, you should not talking Government are bad. There's a lot of Budget result for doing this. Do you know it? Don't think only the ministers are bad.There's a lot of rich guy who let it be.

  1. Anonymous said... :

    "အစိုးရ ဘာလုပ်လုပ် မကောင်းပြောချင်တဲ့ကောင် မင်းကကောတိုင်းပြည်အတွက် ဘာကောင်းတာလုပ်ဖူးလဲ"
    အဲလိုပြောတဲ့အကောင်ကိုကော်တခုပြောချင်တယ်
    ဒီကောင်က တိုင်း
    ပြည်အတွက်နဲနဲမှမကောင်းခဲတဲ့
    အကောင်တွေကို မကောင်တဲ့အကြောင်းအမှန်ပြော
    တာ မင်းကဘာနာတာလဲ တိုင်းပြည်အတွက်ဘားမှ
    လုပ်ပေးတဲ့လူမဟုတ်ချင်နေ တိုင်းပြည်အတွက်
    ဘာအကျိုးမှမပေး တိုင်းပြည်ဖျက်စီးခဲတဲ့ကောင်တွေကို
    အခုအချိန်အထိအရှက်မရှိသေးလို့ အရှက်တရားလေး
    ရှိတတ်ဖို့ပြောတာ မင်းမကျေနပ်ဘူးလာ မကျေနပ်
    လို့ အနာပေါဒုတ်ကျ ဒေါပွသွားလာ
    ပွသွားလဲ ...ပဲပေါ့ကွာ။

  1. Aung Kyaw Soe said... :

    HaHa ok take it easy. Ok you are right. Satisfy? Keep it clam. Yes, you are right. Getting angry is not the right way. We all take care and afraid of you.

  1. Aung Kyaw Soe said... :

    To announce all the Comment writers in this post. I, Aung Kyaw Soe, don't want to argue with the Article writer or comment writers on this post and I don't have any purpose to make someone angry. If I did it, I apologise for that and I let you know that there is no mention to insult or attack other believe and conviction. As a value of human being, we are free to think, believe and perform. I would like other comment writer to accompany with me by stopping comment on this article. Be aware of that what we did, what we said will show our own value. Let the people win, who want to be win.

  1. UShinGyi said... :


    ဟုတ်ပါတယ်လေ ခင်ဗျာတို့ကလဲ ။ တချိန်က တိုင်းပြည် ကိုအိုးနင်းခွက်နင်းဖြစ်အောင်လုပ် ၊ ကုန်းကောက်စရာမရှိလောက်အောင် မွဲပြာအာင်လုပ်၊ တိုင်းပြည်ကြီး နိုင်ငံတကာနဲရှင်လိုက်ရင်
    အဆင့်အတန်းနောက်ဘိတ်ဆုံးအနေအထား ရောက်အောင်လုပ် ၊ ပြည်သူပိုင်သယံဇာတ တွေ
    ကိုကြိုက်သလို သုံးဖြုန်း အလွဲသုံးစားလုပ်ခဲ့ပါတယ်၊ပြည်သူတွေကိုလဲ နိင်လိုမင်းထက်ပြုပြီးမတရား အုပ်ချုပ်ခဲဖူးပါတယ်၊ ပြည်သူပိုင်ပစ္စည်းတွေကိုလဲ
    ကုန်လုနည်းနည်းခိုးခဲ့ဖူးပါတယ်၊ဒါဟာတစ်ချိန်
    ကပါ ဒါအရင်အဟောင်းတွေပါ ။ ဒါတွေကိုမေ့ထား
    လိုက်လို့မရဘူးလားဗျာ ။လုပ်ပါမေ့ထားပေးလိုက်ပါ
    အခုဆိုရင် ဒီလောက်လေးတွေလုပ်တာနဲ့များဗျာ အချိန်ပြည့် အပြစ်လိုက်ဆိုနေတော့တာပဲ ခက်တယ်ခင်ဗျာတိုကလေ။ ကျွန်တော်ကဘယ်လိုလဲဆိုတော့ကာ ပြောချင်ဘူးဗျ အခုလိုအမြင်မတော်
    တော့လဲ ၀င်ပြောရပြန်တယ်၊ သူများအကောင်းလုပ်နေတာကို အပြုသဘောလေး
    မြင်ကြည့်ပေးပါလား။အခုတော့မဟုတ်ဘူးလိုက်
    ပြီးအပြစ်ပြောနေတော့တာပဲ။ ခင်များတို့မမြင်ဘူးလာ
    ပြည်သူ့လွတ်တော်တို့ အမျိုးသားလွတ်တော်တို့
    သမ္မတနဲ့အစိုးရအဖွဲတွေဆိုတာ ကိုပြည်သူတွေအတွက်
    အဖြေရှာပေးနေတာတဲ့ မမြင်ကြဘူးလာ ။ဒီလိုမြင်ကွင်း
    မျိုးတွေ လက်ရှိအစိုးရကြောင့် မြင်ခွင့်ရတာကိုပဲ
    ကျေးဇူးတင်အုံး၊ လုပ်ပါ အေးအေးစေးစေး
    ပြေပြေလဲလဲပေါ့။ ကျွန်တော်ပြောတဲ့စကားထဲမှာ ပုဂ္ဂိုလ်
    ရေးနဲနဲများငြိသွားလားတော့မသိဘူး။ငြိသွားလဲ ဧရာဝတီ
    ကကိုကိုများသဘောဗျာ၊

  1. မျိုးနိုင်ဆိုတဲ့ ဆရာခင်ဗျာကို ကျုပ်တခုပြောမယ် ။ ဒီလိုမြန်မာပြည်ကြီး စည်းမဲ့ကမ်းမဲ့ဖြစ်သွားတာကော ဘာကြောင့်လဲလို့ ခင်ဗျာမသိချင်ဘူးလာ။ မြန်မာနိုင်ငံသားတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီမရနိုင်တာ စည်းကမ်းမရှိလို့ဒီမိုကရေစီဆိုတာကြီးကို လွဲပေးလို့မရတာလို့လာမပြောနဲ့။ ဒီမှာကို့လူဘယ်နိုင်ငံမှာမှ
    စည်းကမ်းပြည့်ဝနေပြီဆိုမှ ရော့ဒီစနစ်နဲ့အုပ်ချုပ်ကျပေတော့ဆို
    ပြီးသေသပ်စနစ်ကျတဲ့လူ့ဘောင်တခုဖြစ်မှ ဒီမိုကရေစီကိုကျင့်သုံး
    တာမဟုတ်ဘူး။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ရလဒ်တွေ မကောင်းလို့ အုပ်ချုပ်မှူနည်းလမ်းတွေမကျလို့ ရလဒ်တွေပြန်ကောင်းလာအောင် အုပ်ချုပ်မှူစီမံခန့်ခွဲမှူစနစ်တွေ ပိုပြီးတရားမျှတနည်းလမ်းကျအောင် အစားထိုးဖို့ဖြစ်ပေါ်လာတဲ့ စနစ်တခုဗျ။ဒီလိုထိတွေ့ရင်းနဲ့ပဲ ကျွမ်းကျင်စွာသုံးတတ်အောင် လေ့ကျင့်သင်ကြားသွားကျတဲ့နိုင်ငံတွေကြီးပဲ။ နှစ်ပေါင်းများစွာဗမာပြည်ကို
    စည်းနဲ့ကမ်းနဲ့ အုပ်ချုပ်လာတာ မဟုတ်ဘူးဗျ သေနဲ့နတ်နဲ့အုပ်ချုပ်လာတာဗျရှင်းလာ။ စည်းနဲ့ကမ်းနဲ့ အုပ်ချုပ်လာတယ်လို့ပြောချင်ရင်တော့ တစ်ယောက်ထဲတောမှာ သွားပြောနေလိုက်ပါလို့ အကြံပေးချင်တယ်။
    ကျော်ဟိန်းလို ရုပ်ရှင်မင်းသားတစ်ယောက်လောက်ရဲ့ အတွေးအခေါ် စကားအသုံးအနှုန်းနဲ့ပဲ ဥပမာပေးစရာရှိလာဗျာ
    ။ ဒါဆိုရင်တော့ ခင်ဗျာအတွက် sorry ပါပဲလို့။

  1. ဖေဖေကြီး said... :

    ကိုမင်းကြီးညို

    ခင်ဗျားအဲ့လိုပြောရတာပျော်တယ်မှလား။ အေးအေးပျော်ရင်ပြီးတာပါပဲ။ စိတ်ကိုလျှော့ စိတ်ချမ်းသာအောင် ပျော်အောင်နေ။ :) :)

  1. Anonymous said... :

    ကျန်ရှိနေသေးတဲ့ အမည်ပျက် စာရင်းဝင်တွေကို
ိုလည်း
    ပါယ်ဖျက်ပေးသင့်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved