812 Madeleine Albright 04344756 US
(ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ဖူးသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း)
အစိုးရအမည်ပျက်စာရင်းထဲက ထုတ်ပေးလိုက်တဲ့ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်၊ ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို တို့လည်း ပါဝင်ပါတယ်။ အဲဒီစာရင်းထဲရောက်ခဲ့တာ သူတို့ချည်းပဲ မဟုတ်ပါဘူး၊ နိုင်ငံတကာအဖွဲ့အစည်း၊ စာနယ်ဇင်းဘက်ဆိုင်ရာ ပုဂ္ဂိုလ်များလည်း ပါပါတယ်။
စစ်ဗိုလ်ချုပ်ကြီးများက အမည်ပျက်စာရင်းဝင်တွေအဖြစ် သတ်မှတ်ခဲ့တာကို စစ်ဗိုလ်ချုပ်ဟောင်းတွေက ပြန်ပြင်လိုက်တာပါ။
ရိုးသားတဲ့လုပ်ရပ်လို့ ချီးကျူးနိုင်ပါတယ်။
တဘက်မှာလည်း စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားသေးသိမ်မှုကိုပြလိုက်တာ၊ ကိုယ့်အထုပ်ကိုယ်ဖြည်ပြသရာရောက်ပါတယ်။
133 Aquino, Corazon C - Filipino
(ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို)
ပြင်ဆင်ချက်စာရင်းကိုကြည့်လိုက်ပါ၊ သူတို့ဟာ အကြမ်းဖက်သမားတွေ၊ လူဆိုးတွေ၊ မူးယစ်ရာဇာတွေနဲ့ ဆက်စပ်နေသူတွေ မဟုတ်ပါဘူး။
စာရင်းထဲက ထုတ်လိုက်သူတွေထဲမှာ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ပါဝင်ပတ်သက်ဖူးသူတွေ အများအပြား ပါဝင်နေပါတယ်။
ဒီပုဂ္ဂိုလ်တွေကို နာမည်ပျက်စာရင်းထဲ နှစ်ပေါင်းများစွာ ထည့်သွင်းထားတာဟာ အရာရာမှာလူတတ်ကြီးလုပ်လေ့ရှိတဲ့ စစ်အရာရှိဆိုးများရဲ့ ရုပ်ပျက်ဆင်းပျက်မှားယွင်းမှုပါပဲ။
"အရပ်သား"အစိုးရသက်တမ်း တနှစ်ကျော်ကြာမှ ထွက်လာတဲ့ ဒီစာရင်းကို ကြည့်လိုက်တာနဲ့ မြန်မာပြည်ကို ဘယ်လိုလူတွေက စိုးမိုး ချုပ်ကိုင်ခဲ့တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။
အင်မတန် ရှက်စရာကောင်းပါတယ်။
ရှက်စရာ မဟုတ်ပါဘူး။ တစ်ချိန်က မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်တာ နောင်လာနောင်သားတွေ မမှားဖို့ ထုတ်ဖော်ပြတာ ဟာ အစိုးရ ကောင်းတွေရဲ့အလုပ်ပါ။ အမှားကို အမှားမှန် သိပြီး ဝန်ခံရဲတာ ထုတ်ဖော်ရဲတာကို ဂုဏ်ယူရပါမယ်။ ဘဝမှာ မမှားဘူးသူ မရှိပါ။ စာရေးသူ ဆောင်းပါးရေးသူကိုယ်တိုင်ရော ဘဝမှာ တစ်ခါမှ မမှားဘူးဘူးလား။ ရှက်စရာအစား ဂုဏ်ယူစရာ အဖြစ် ရှု့ မြင့်ပါတယ်။ ကျန်နေသေးတဲ့ ၄၀၀၀ ကျော်စာရင်းတွေကိုလည်း အမြန်ဆုံး သတ္တိရှိရှိ ဆက်လက်ထုတ်ဖော် ပယ်ဖျက်ပေးဖို့  ဦးသိန်းစိန် အစိုးရကို ဝမ်းပန်းတသာ ကြိုဆိုရင် တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကောင်းဖို့  လုပ်ခဲ့တဲ့ အတိုက်အခံတွေ အားလုံးကို လက်ကမ်းကြိုဆိုရဲတာဟာ တကယ် သူရသတ္တိဖြစ်ပါတယ်။