ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ်ပြီ

Thursday, September 6, 2012

~



ခင်ဦးသာ ~



အခြေခံဥပဒေဆိုင်ရာခုံရုံး နဲ့ လွှတ်တော်အကြား အငြင်းပွားနေတဲ့ ပြည်ထောင်စု အဆင့် ပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုဝေဖန်တဲ့ ဆောင်းပါးတစောင် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၂ ရက်နေ့က ပါလာပါတယ်။

“Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရေးသူက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒု ပါမောက္ခချုပ်၊ ဒေါက်တာမာလာအောင် ဖြစ်ပါတယ်။

ခုံရုံးကမှန်တယ်၊ လွှတ်တော်က မှားတယ်လို့ ဆောင်းပါးက ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ ဒီဆောင်းပါးကြောင့် ပွဲဆူသွားပါပြီ။

မှန်ကန်မှု မရှိတဲ့ အမြင်တွေ နဲ့ တင်ပြထားတဲ့ ဆောင်းပါးဖြစ်တယ်လို့ လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ပြန်တုံ့ပြန်ပါတယ်။

ဆောင်းပါးရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပါပုံကို ဖော်ပြထားပြီး၊ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်းလည်း ရေးထားတဲ့အတွက် ဆောင်းပါးရှင်ရဲ့
ရည်ရွယ်ချက်၊ ဖော်ပြချက်တွေရဲ့ နောက်ကွယ်မှာ ပယောက တစုံတရာ ရှိနေသလားလို့ ကော်မရှင်က မေးခွန်းထုတ်ထားပါတယ်။ ဒီအချိန်မှာ
မီးလောင်ရာ လေပင့်မလုပ်သင့်ကြောင်းလည်း ကော်မရှင်က ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်က ပညာရေးဌာန၊ ပြန်ကြားရေးဌာနတို့ကိုလည်း ဆောင်းပါးအကြောင်း လွှတ်တော်မှာ လာရှင်းဖို့ စာပို့ခဲ့ပါတယ်။

ဆောင်းပါးရှင်ဟာ လက်ရှိတာဝန်ထမ်းနေခြင်း ဟုတ်မဟုတ်??

ပညာရေး ဒု ၀န်ကြီး ဦးအေးကြူက ဒေါက်တာမာလာအောင်ဟာ ဒုပါချုပ်တယောက် ဖြစ်တယ်၊ သို့သော်လည်း ဒီဆောင်းပါးက ပညာရေးဌာနနဲ့ မသက်ဆိုင်ကြောင်း လွှတ်တော်မှာ ဖြေဆိုပါတယ်။

နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်မဟုတ်??

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီမေးခွန်းကို ဖြေဖို့ အချိန်ယူရအုံးမယ်၊ တနင်္လာနေ့မှာ လာရောက် ဖြေကြားမယ်လို့ လွှတ်တော်မှာ သွားပြောခဲ့ပါတယ်။

လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ရှိမရှိ အခြေခံဥပဒေဆိုင်ရာ ခုံရုံး နဲ့ လွှတ်တော် အကြား အငြင်းပွားမှုက အဆုံးမသတ်သေးပါဘူး။

နှစ်ဘက်စလုံးက တစက်မှ အလျှော့ပေးမယ့်ပုံ မရှိတဲ့ ဒီပြဿနာကြီး ဘယ်တော့ အဆုံးသတ်မယ်ဆိုတာလည်း မသိရသေးပါ။

ပြည်သူ့လွှတ်တော်မှာတော့ ဒီအကြောင်း စစ်ဆေးမယ့် စုံစမ်းရေးအဖွဲ့ ဖွဲ့ထားပါပြီ။ ဒီအဖွဲ့မှာ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ခုံရုံးက ကန့်ကွက်ခဲ့လို့ လွှတ်တော်က နည်းနည်း လျှော့ပေးပါတယ်၊ စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌဦးနန္ဒကျော်စွာ နေရာမှာ ဦးသိန်းဆွေ နဲ့ အစားထိုးပေးလိုက်တာပါ။

သို့သော်လည်း စုံစမ်းရေးအဖွဲ့ကတော့ သူတို့ရဲ့ ဆင့်ခေါ်ချက်ကို ခုံရုံးလူကြီးမင်းတွေက "မခန့်လေးစား" လုပ်ခဲ့တယ်လို့ မနေ့က လွှတ်တော်မှာ ချပြလိုက်ပါတယ်။
သူတို့က ရုံးမှာ "ရုံးချိန်ပြည့်" စောင့်ဆိုင်းခဲ့ပေမယ့် ခုံရုံးလူကြီးမင်းတွေ ပေါ်မလာဘူး၊ စာလည်း ပို့မလာဘူး လို့ ဆိုပါတယ်။

ဒါကတော့ ခုံရုံး/လွှတ်တော် အငြင်းပွားမှု နောက်ဆုံးအခြေအနေပါပဲ။

ခုံရုံးနဲ့လွှတ်တော်တို့ရဲ့တိုက်ပွဲကြီးမှာ အစိုးရဌာနတွေ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ကြားညှပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ် -

နေပြည်တော်က သပွတ်အူ ဇာတ်တော်ကြီး




~

6 comments :

  1. ၁) နိုင်ငံရေး အတွေ့အကြုံ မရှိသော မြန်မာနိုင်ငံသားများ အဖို့ ဆန္ဒ သဘောထား တင်ပြရန် ခက်ခဲလှပါသည်။
    ၂) တရားစီရင်ရေး မဏ္ဍိုင်
    ယို့ယွင်း ပျက်စီး နေသော တရားရေး မဏ္ဍိုင် ဖြစ်သည့်အတွက် နဂို ရှိရင်းစွဲ အပေါ်စီး ရယူလွန်းသော တရားရေး မဏ္ဍိုင်ကို ပြောင်းလဲ စေလိုပါသည်။ တရားသူကြီး၏ မှားယွင်းဆုံးဖြတ်မှု အပေါ် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိသော တရားစီရင် ရေးမဏ္ဍိုင်ကို အယုံ အကြည်မရှိပါ။
    ၃) ဥပဒေပြုရေး မဏ္ဍိုင်
    ပြည်သူက ရွေးချယ်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များ အပေါ် ယုံကြည်ရမည် ဖြစ်သော်လည်း ၂၀၁၀ ရလာဒ် သည် လုံးဝ မှန်ကန်ပါသည်ဟု မည်သူမျှ မဆိုသာပါ။ လွှတ်တော်ဥက္ကဌ ကိုယ်တိုင်သည်ပင်လျှင် အချမ်းသာဆုံး စာရင်းဝင် တစ်ယောက် ဖြစ်သည့် အပြင် ဦးခင်ရွှေကဲ့သို့ ရိုးသားမှုနည်းသော သူနှင့် မိသားစု ရေးရာ ပတ်သက်မှုများ ကြောင့် ယုံကြည်ရန် လွန်စွာ ခက်ခဲပါသည်။
    ၄) အုပ်ချုပ်ရေး မဏ္ဍိုင်
    ခေတ်ကာလ နှင့် မဆီလျော်သော လုပ်ခ လစာများ နှင့် အုပ်ချုပ် ပဲ့ကိုင် နေသော အစိုးရ အဖွဲ့ အနေဖြင့် အခြေအနေမှန် ကို ထိထိရောက်ရောက် အုပ်ချုပ် ပဲ့ကိုင် နိုင်မည် မဟုတ်ပါ။ အရေးယူစရာ ရှိလျှင် အောက်ခြေ ကိုသာ ထိုးကြွေးခြင်းမျိုး ဖြင့် (၅)နှစ် သက်တမ်းကို ဘုရားတပြီး ချီတက်မည့် သဘောကို တွေ့နေရပြီး ၀န်ကြီး ညွှန်ချုပ် များအနေဖြင့် မိုးရွာတုံး ရေခံ သဘောမျိုးဖြင့် အလုအယက် စီးပွားရှာမှု ကို ဌာန တိုင်းလိုလိုတွင် တွေ့နေရပါသည်။ သို့ပါ၍ တရားစီရင် ရေး အဖွဲ့နှင့် ဥပဒေပြုရေး လွှတ်တော် အဖွဲ့တို့ကြား ပြေလည်ရေးကို ဦးတည်နေပြီး ယိုးဒယား အာဏာသိမ်းမှု မျိုးဖြင့် ချိန်းခြောက် ဆွဲစိ ခြင်းမျိုးကိုလည်း ဆောင်ရွက် လျှက် ရှိသည်ကို တွေ့ရပါသည်။
    ၅) နိုင်ငံသား တစ်ဦး အနေဖြင့် တင်ပြချက်…
    (က) တရားစီရင်ရေး ရာဇခုံအပေါ် မိန့်မိန့်ကြီးထိုင်လျှက် ကိုယ့်ဖက် ကိုယ်ယက်သော တရားဥပဒေကို ကိုင်စွဲထားသော ခုံရုံး အဖွဲ့ ပြောင်းလဲ ပစ်ရမည်။
    (ခ) လွှတ်တော် အဖွဲ့အနေဖြင့် ကျန်မဏ္ဍိုင် များ ရှင်သန်နိုင်ရေး အတွက် အလေးထား ဆောင်ရွက်ရမည်။ ပြည်ထောင်စု အဆင့် ကော်မတီအဖွဲ့ အစည်းကို (၃)ခုထက် မပိုသော (သို့မဟုတ်) (၅)ခုထက် မပိုသော အနေအထား စသဖြင့်သာ ခွင့်ပြုသင့်သည်။ ထိုကော်မတီ အဖွဲ့ အစည်းများသည် အုပ်ချုပ်ရေး မဏ္ဍိုင်အား နှောင့်ယှက်ခြင်းမျိုး မဖြစ်သင့်ပါ။
    (ဂ) အုပ်ချုပ်ရေး အစိုးရအဖွဲ့ဝင်များ အနေဖြင့် ၀န်ထမ်းများအား ခေတ်အခြေအနေနှင့် ကိုက်ညီသော လစာ ပေးနိုင်ရေး၊ ဘ၀အာမခံချက် ပေးနိုင်ရေး တို့အတွက် မလိုအပ်သော ၀န်ထမ်းများ လျော့ချခြင်း၊ ဖြစ်သင့်သော အခွန်အခများကို မှန်ကန်စွာ ကောက်ယူခြင်း၊ ထင်သာမြင်သာရှိသော ဘဏ္ဍာငွေသုံးစွဲမှု ပြန်တမ်းများ ထုတ်ပြန်ခြင်း၊ ၀န်ကြီးများ ညွှန်ချုပ်များအား အထက်အရာရှိပုံစံအစား ခေါင်းဆောင်စိတ်ဓါတ်များ ဖြစ်ပေါ်လာစေရေး စသဖြင့် ဆောင်ရွက် ရပါမည်။

  1. jaboe said... :

    ဒေါက်တာဘွဲ့ကဘယ်တက္ကသိုလ်ကရတာတုံး၊မြန်မာနိုင်ငံကပိသာချိန်ဈေးနဲ့ရတဲ့ဒေါက်တာဘွဲ့လား၊အဖါးမတော်အလုပ် ပြုတ်နေဦးမယ်နော့j

  1. လွှတ်တော်ဆိုတာ အလီဘာဘာနဲ့ ခိုးသားများအကြောင်း ပြန်ပြီးဆန်းသစ်ထားတာကွ (ကြားဖြတ်ရွှေးကောက်ပွဲ အမတ်များမပါ)

  1. Unknown said... :

    jaboe ပြောတာမှန်တယ် ။ ထောက်ခံတယ်။ ပါမောက္ခ ဒေါက်တာဘွဲ့ရဆိုပြီး ရေးချင်သလိုရေး။
    ဖါးစရာမရှိ ဒီဆောင်းပါရေးပြီးဖါး အဖါးမတော်တော့ အလုပ်ပြုတ်မှာပေါ့။ကျောင်းဆရာမဆို ကျောင်းဆရာမအလုပ်လုပ်ပါလား ၊ မသိနာမလည်ဘူးဆိုရင် အသာနေ ပြသနာခေါင်းပေါ်မတင်ပါနဲ့။ မိုက်ရင် သူများလို လွတ်တော်တက်နိုင်အောင်လုပ်ပါလား။

  1. Anonymous said... :


    အစိုးရအဘော်ဖြစ်ဖြစ် ရေးချင်လို့ရေးတာပဲဖြစ်ဖြစ် ဒါသူ့သဘောသူရေးတာပဲ ဒီလောက်တောင် ဝေဖန်ပိုင်ခွင့်မရှိဘူးလာ လွှတ်တော်ထဲပြသနာသွားရှာနေတာမှ မဟုတ်တာ။ လွှတ်တော်ထဲက အစိုးရ၀န်ကြီးတွေက ဒီကိစ္စကို ဖြေရှင်းပေးဖို့လိုလို့လာ။
    အထိမခန် ရွှေပကန်တွေ ဖြစ်နေလိုက်တာ။ နိုင်ငံတိုးတက်ရေးက
    ဘာမှ ထင်သာမြင်သာအောင်မလုပ်ကျသေးဘူး ..ကိုက်ဖို့ဖဲ့ဖို့ကအရင်

  1. Anonymous said... :

    လွတ်တော်ကိုယ်စားလှယ်တွေက တော်တော်
    ဦးရွှေမန်းက ကဲကဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved