ဆုကြေညာပေးအပ်ပွဲ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေရာမှာ သူ ဒီဆု ရရှိကြောင်း အခုလေးတင် တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။
-
နန်းခင်ဇေယျာ အားပေးကြသော သူများတွင် ဆရာတော် ဘုန်းကြီးရဟန်းများပင် ပါဝင်ကြလေသည်။ facebook Comment အရ လည်းကောင်း .. အသိမိတ်ဆွေများ ပြောကြားချက်အရ ဆရာတော်များပင် ဆွမ်းမေ့ ဟင်းမေ့ ဘုရားရှိခိုးဖို့ မေ့ပြီး Link များ Share ပြီး Vote Instructions အတိုင်း အားပေးနေကြောင်း သိရသည်။ အဲဒါ တကယ်နော် .. ဟာသ မဟုတ်ဘူး။ အသိမိတ်ဆွေ ဘာသာခြား နိုင်ငံခြားသားက .. ဒီဘုန်းကြီးတွေ ဘာလို့များ Miss International ပုံတွေကို Browser မှာ အများကြီး ဖွင့်ပြီး ကြည့်နေတာလဲ ဆိုပြီး .. ပြောကြတော့ .. အဲဒီ အကြောင်းရင်း အစုံအလင်ကို သူငယ်ချင်းတွေနဲ့ ပြောကြတိုင်း တဝါးဝါးနဲ့ မပြုံးပဲ ဝါးလုံးကွဲ အောင် ရယ်ကြတယ်။ ပြောလို့မရဘူး .. ဆုတွေရအောင်များ မေတ္တာသုတ်တွေ ရွတ်ပေးနေကြမယ် ထင်တာပဲ။ သာဓု .. သာဓု .. သာဓု ..
လှတော့လှပါတယ် .. ဒါပေမယ့် .. အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်တဲ့ ငါ .. သူ့ နှဖူးကြီးက ပြောင်ပုံများ .. ဦးသိန်းစိန် ရေကူးဝတ်စုံနဲ့များ ထွက်လာသလား အောင်းမေ့ရတယ်
နန်းခင်ဇေယျာ ရောဂါ ဆု .. ပထမဆု - သက်တန့်ချို .. ဒုတိယဆု - အဘ ဥက္ကာကိုကို .. တတိယဆု - မီး မီး တာ လူး (ခ) နိုင်းနိုင်းစနေ
ကိုင်း....မြန်မာနိုင်ငံမှာinternet ဘာဖြစ်တယ်ညာဖြစ်တယ်လို့ဘယ်သူပြောချင်သေးလဲ????
မျော် လင့်တဲ့အတိုင်းဖြစ်လာတော့သိပ်ကျေနပ်တယ်ကွာ