လက်ပံတောင်းအရေး ဘာတွေ ဆက်လုပ်မလဲ

Monday, December 17, 2012

လက်ပံတောင်း သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း ဆန္ဒပြမှု တချို့ ဆက်ပြီးရှိနေခဲ့ရာ အစိုးရဘက်က တောင်းပန်မှုများ လုပ်ခဲ့သော်လည်း လက်ပံတောင်း ကော်မရှင် အနေနဲ့ ဘာတွေ ဆက်လုပ်မလဲ ဆိုတာဒေသခံတွေက စောင့်ကြည့်ရင်း သပိတ်စခန်းတခုတော့ ယနေ့ အထိ ရှိနေဆဲပါ။ 

ဖြိုခွင်းမှုများ ပြီးနောက် တုံရွာ သပိတ်စခန်းသစ်၊ ဓာတ်ပုံ- သက်ဆွေဝင်၊ မုံရွာ

လက်ပံတောင်း သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွင်းပြီး အစိုရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့တွင် ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ပြည်ထောင်စု ၀န်ကြီး ဒေါက် တာ ဖေသက် ခင်၊ မန္တလေး တိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းတို့ က ဒဏ်ရာရ သံဃာတော်တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က မန္တလေးမှာ တောင်းပန်ပွဲ လုပ်ခဲ့ပါတယ်။ 

အခမ်းနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာ ကိုလဲ သက်ဝင်ယုံကြည်သူ ဖြစ်ကြောင်း၊ သံဃာတော်များ ယခုကဲ့သို့ မမျှော်လင့်ဘဲ ထိခိုက် အနာတရ ဖြစ်ခဲ့ရခြင်း အ တွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကြွရောက်လာသော အရှင်သူမြတ် တို့ အား ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား တောင်းပန်လျှောက်ထားပါကြောင်း၊ သံဃာတော်များ အနေဖြင့် မိမိတို့၏ ဆွမ်း၊ ဒကာ၊ ဒကာမများ၏ ဆန္ဒကို စာနာလိုက်လျောပြီး ယခုကဲ့သို့ သပိတ်စခန်း များတွင် ရောက်ရှိပါဝင်ခဲ့ခြင်းဖြစ်မည်ဟု ယူဆမိပါကြောင်း၊ မမျှော်လင့်ဘဲ ထိခိုက်နာကျင်မှု များ ဖြစ်ပေါ် ခဲ့ရ သည့်အပေါ်တွင် နှစ်ဦးနှစ်ဖက် အကျေအလည် ညှိညှိနှိုင်းနှိုင်း အဖြေရှာပြီး ဆောင် ရွက်လျှင် အကျိုးရှိမည်ဟု ထင်မြင်ယူဆမိပါကြောင်း လျှောက်ထားသွားခဲ့ပါတယ်။ 

ဆန္ဒပြနေသူတွေက တောင်းပန်တဲ့အပေါ် ကျေနပ်ကြကြောင်း၊ သို့သော်လည်း မှားယွင်းကျူးလွန်ခဲ့သူများ အပေါ် အရေးယူပေးစေလိုတဲ့ ဆန္ဒများ ရှိတယ်လို့ သိရပါတယ်။ 



ဒီနောက်ပိုင်း ဆန္ဒပြမှုတွေ ရပ်ဆိုင်းခဲ့ပေမယ့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံရွာအနီးမှာ အစိုးရ ရဲ့ တောင်းပန်မှုက နောက်ဆက်တွဲ ဘယ်လို လုပ်ဆောင်ပေးမယ်ဆိုတာနဲ့ လက်ပံတောင်း ကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်စားရင် အင်အား ၃၀ လောက်နဲ့ သပိတ်စခန်းတခုကိုလည်း ဖြိုခွင်းပြီး 
နောက်ပိုင်း ယနေ့ထိ ပြန်လည် ထားရှိထားပါတယ်။  




ယမန်နေ့ကလည်း သပိတ်စခန်းဖြိုခွဲစဉ်က သိမ်းဆည်းသွားခဲ့တဲ့ ဆိုင်ကယ်တွေ၊ ဆန်အိတ်တွေ၊ ရေသန့် ဗူးတွေ နဲ့ မီးစက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေဆီကို ပြန်လာပေးခဲ့ပြီး ဆန္ဒပြ မှုကြောင့် ထိမ်းသိမ်းခဲ့တဲ့လူတချို့ကိုလည်း အာမခံနဲ့ ပြန်လွှတ်ပေးလာခဲ့ပါတယ်။

2 comments :

  1. Anonymous said... :

    ထောက်ခံပါသည်။

  1. Unknown said... :

    ထောက်ခံပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved