SKY NET နဲ့ VOA စာချုပ်ချုပ်ဆို

Friday, December 7, 2012



ဂျူးဂျူးလှိုင် ~

မြန်မာနိုင်ငံတွင်းမှာ တခုတည်းသော ပုဂ္ဂလိက ရုပ်မြင်သံကြားလိုင်း တခုဖြစ်တဲ့ SKY NET နဲ့ ဗီအိုအေတို့ လုပ်ငန်း အတူလုပ်ဖို့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ 
 
စီးပွားရေးတိုးတက်ဖိုနှင့် ဒီမိုကရေစီ တိုးတက် လာဖို့ အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့ အရေးကြီးတဲ့ အတွက်ကြောင့် SKY NET နှင့် VOA စာချုပ်ချုပ်ခြင်း ဖြစ်ကြောင်း အမေရိကန် သံအမတ် Derek Mitcheal ကပြောပါတယ်။



“ဒီလို sky net နဲပေါင်းတာ အဓိကဂုဏ်ယူမိပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံ က မြန်မာနိုင်ငံ အတွက် စီးပွားရေး တိုးတက်အောင် နဲဒီမိုကရေစီထွန်းကားဖို့ လုပ်ပေးစေချင်ပါတယ်။ ဒီနှစ်ခုထွန်းကား လာဖို့ အတွက်ကသတင်း လွတ်လပ်မှုရှိဖို့ အရေးကြီးတယ်၊ VOA အောက်ခြေက လူတွေ နေစဉ်ဖြစ်ပေါ်နေ တဲ့ သတင်းတွေကို လူအများသိအောင် တင်ပြပေးတယ်။ မြန်မာအစိုးရကဒီလိုသတင်းနဲ့ ပက်သက်ပြီး တံခါးတွေဖွင့်ပေးတဲ့ အတွက်ကျေးဇူးတင်တယ်ဟု” အမေရိကန် သံအမတ် Derek Mitcheal ကပြောပါတယ်။ 



SKY NET နှင့် VOA ပူပေါင်းခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း နောက်ပိုင်းမှာလည်း တစ်ခြား သတင်းဌာနတွေနဲ့ ပူးပေါင်းလုပ်သွားဖို့ အစီအစဉ် ရှိကြောင်း SKY NET မှ ဂျန်နရယ် မန်နေဂျာ ဦးဝင်းနိုင်ကပြောပါတယ်။

“အဓိကကတော့ ပြည်သူတွေ အကျိုးရှိမယ်ဟာတွေ အကုန်လုံးကို မီဒီယာကနေဖော်ပြပေးနေတာပါ အကျိုး ရှိတဲ့အတွက် VOA စတင်ထုတ်လွှတ်မှာ ဖြစ်တယ် လာတဲ့အစီအစဉ်တွေကိုလည်း ဘာ ဆင်ဆာမှ မဖြတ်ပဲ လွှင့်ပေးမှာပါ၊ ချန်နယ်သက် သက်တစ်ခုအနေနဲ ထုတ်လွှင့်ပေးမှာပါ ခုလောလောဆယ်တော့ အင်္ဂလိပ်လိုပဲ အဓိကထား လုပ်မှာပါနောက်ပိုင်းမှာ အား ရင်အားသလိုဘာသာ ပြန်ပေးသွားမှာပါ ၊စာချုပ် ကတော့ တစ်နှစ်ပဲချုပ်ထားသေးတယ် နောက်ပိုင်းလုပ်ချင်ရင် ဆက်ချုပ်သွားမှာပါ လွှင့်တာကတော့ ၂၀၁၃ ဇန်န၀ါရီလမှာ စလုပ်ဖြစ်မှာပါ”ဟု SKY NET မှ ဂျန်နရယ် မန်နေဂျာ ဦးဝင်းနိုင်ကပြောပါတယ်။ 

အပြည်အပြည်ဆိုင်ရာ ဆက်ဆံရေးဌာနှမှ ဦးတင်ဝင်းကလည်း“VOA နဲပေါင်းခြင်းတဲ့ ရည်ရွယ်ချက်က လူငယ်တွေအတွက် အင်္ဂလိပ်စကား လေ့လာနိုင်ဖိုနဲ့ အထူးသဖြင့်ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ၊ အမေရိကန် မှာ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်တွေ ၊လူအခွင့်အရေးလွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် အမေရိကန်ရဲ့ ယဉ်ကျေးမှုအကြောင်းတွေကို တင်ပြနိုင်ဖို့VOA ကိုပေါင်းခြင်းဖြစ်တယ်။ ဒီ အင်္ဂလိပ် ပရိုဂရမ်က မြန်မာနိုင်ငံအတွက် အရေးကြီးတယ် ဒါကြောင့်ပူးပေါင်းခြင်းဖြစ်တယ်ဟု” လို့ သူက ပြောပါ တယ်။ 

1 comments :

  1. Anonymous said... :

    စကိုင်းနက်လည်း မြန်မာလိုပြောတာပဲ
    ဗွီအိုအေ လည်း မြန်မာလိုပြောတဲ့ဟာ ဘာကွာလို့လဲ
    citizin တွေ လက်လွတ်ရမှာစိုးလို့ လျှောက်လုပ်နေတာပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved