ကချင် ဒုက္ခသည်များအတွက် ရန်ပုံငွေပွဲ
မနေ့က ရန်ကုန်မြို့ ပြင်သစ် သံရုံး ယဉ်ကျေးမှု ဌာနမှာ ပြုလုပ်ခဲ့ပါတယ်။
Facebook ပြည့်တန်ဆာကွန်ရက်

အသက်မပြည့်သေးသူတွေကို Facebook သုံးပြီး ပြည့်တန်ဆာကွန်ရက် တည်ဆောက်နေတယ်လို့ ယူဆရတဲ့ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတဦးကို အင်ဒိုနီးရှားရဲတွေက ဖမ်းလိုက်ပါတယ်။ သူ့နာမည်ကိုတော့ M လို့ပဲ ရဲက ပြောပါတယ်။
ဂျကာတာမြို့တော် အင်တာနက် ရာဇ၀တ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဖောက်သည်ဟန်ဆောင်ပြီး M နဲ့ သူ့ရဲ့ ကလေးမ ၇ ယောက်ကို Facebook ကနေ ချည်းကပ်ခဲ့တယ် တဲ့။
ဓာတ်ပုံတွေ၊ ဈေးနှုန်းတွေကို Facebook မှာ တင်ထားတယ်လို့ ဆိုတယ်။
ဈေးနှုန်းက မလေး ရင်းဂစ် ၂၆၇ ကနေ ၅၀၀ အထိ ရှိတယ်၊ ရတဲ့ပိုက်ဆံထဲက တ၀က်နီးပါးဟာ M ဆိုတဲ့ အမျိုးသမီးဆီ သွားတယ် တဲ့။
ဒီအမျိုးသမီး ပြည့်တန်ဆာလုပ်ငန်း လုပ်နေတာ ၂ နှစ် ရှိပြီလို့ ရဲတွေက ယူဆနေတာပါ။
သူက ဂျကာတာ ကုန်တိုက်ကြီးတွေကိုသွားပြီး အသက် ၁၆ နဲ့ ၂၀ ကြား ကလေးမတွေကို ချည်းကပ်၊ ၀င်ငွေကောင်းစေရမယ် ဆိုပြီး စည်းရုံးတယ် တဲ့။
"ကောင်မလေးတွေကလည်း TV တွေ ရုပ်ရှင်တွေထဲကလို ဘ၀မျိုး ရချင်ကြတာပေါ့။ တကယ့်အရင်းခံကတော့ စီးပွားရေးပါပဲ" လို့ ရဲအရာရှိ Rikwanto က ပြောပါတယ်။
အပြစ်ရှိတယ် ဆိုရင်တော့ M ဟာ ကလေးပြည့်တန်ဆာမှုနဲ့ ထောင် ၁၀ နှစ်အထိ ချခံရမှာပါ။ ကလေးကုန်ကူးမှုနဲ့လည်း အရေးယူခံရဖွယ်ရှိတယ် တဲ့။
ဟိုတယ်မှာ M နဲ့ အတူ အဖမ်းခံရတဲ့ ကလေးမတွေကိုတော့ မေးခွန်းမေးပြီး ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။
Facebook ကို အပြစ်တင်လို့တော့ ပြဿနာ ရှင်းနိုင်မယ် မဟုတ်ဘူး လို့ အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးများအားအကြမ်းဖက်မှုဆန့်ကျင်ရေးကော်မရှင်က Andy Yertiani က ပြောပါတယ်။
''လူမှုကွန်ရက်မီဒီယာတွေကို သုံးနေကြတာက ပြဿနာ မဟုတ်ပါဘူး၊ ပညာရေး စီးပွားရေး အစရှိတဲ့ အခြေအနေတွေက အမျိုးသမီးတွေကို တန်ဘိုးတက်လာအောင် လုပ်နေသလို ဒီအခြေအနေတွေကြောင့်လည်း ပြည့်တန်ဆာလုပ်ငန်းထဲ ရောက်သွားကြတာပါပဲ'' လို့ သူက ဆိုပါတယ်။
ညွှန်း - http://www.smh.com.au/world/police-arrest-19yearold-over-facebook-prostitution-ring-20120224-1ttvi.
သူရဦးရွှေမန်း တရုတ်ပြည် ဘာသွားလုပ်သလဲ
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးသတင်းကို ဒီနေ့ထုတ် အစိုးရအာဘော် သတင်းစာများမှာ အသေးစိတ် ဖော်ပြထားပါတယ်။
အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အခါ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့ရမှုကို သင်ခန်းစာယူမယ် တဲ့။
သတင်းတွေဖတ်နိုင်ဖို့ လင့် ၃ ခု ချိတ်ပေးလိုက်ပါတယ်။
စာမျက်နှာ ၁
လူစာရင်းတွေပါ။
စာမျက်နှာ ၂
ဦးရွှေမန်းက နေပြည်တော်မှာ အရေးကြီးတဲ့ အစည်းအဝေးတွေ ရှိနေချိန်မှာ တရုတ်ပြည်ကို သွားခဲ့တာပါ။ တရုတ်က ခေါ်လို့ သွားတာပါ တဲ့။ ဒီအကြောင်း ရေးထားပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်ကြမယ် ဆိုတဲ့ ဆွေးနွေးချက်လည်း ပါပါတယ်။
မြစ်ဆုံစီမံကိန်းရပ်ရတာ ပြည်တွင်းအခြေအနေသာမက ပြည်ပအခြေအနေနဲ့လည်း ဆိုင်တယ် တဲ့။
စာမျက်နှာ ၃
ပူးတွဲစီမံကိန်းကြီးတွေ ဆက်လုပ်သွားမယ်၊ အနောက်နိုင်ငံတို့နဲ့ ပေါင်းနေပေမယ့် တရုတ်နဲ့လည်း ဆက်ပေါင်းပါမယ် တဲ့။
Sexiest Stars
ဒီနှစ် အော်စကာဆုပေးပွဲအခမ်းအနား တက်ရောက်တဲ့ ငွေကြယ်ပွင့်များထဲက Sexiest အဖြစ်ဆုံးတွေရဲ့ ဓာတ်ပုံ ဆိုပြီး အော်စကာအင်တာနက်စာမျက်နှာ www.oscar.go.com မှာ ဖော်ပြထားပါတယ်။အော်စကာဆု ပေးပြီ
ဓာတ်ပုံများ - www.oscar.go.com
အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရှင် Jean Dujardin
သူပါဝင်ခဲ့တဲ့ ဇာတ်ကားက THE ARTIST
THE HELP ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရသူ Octavia Spencer
Christopher Plummer က
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ဆွတ်ခူးသွားပါတယ်
BEGINNERS ဇာတ်ကားမှာ ပါဝင်တဲ့ သူ့သရုပ်ဆောင်ချက်တွေကြောင့်ပါ
နိုင်ငံခြားစကားပြောရုပ်ရှင်ဆု ကို A SEPARATION ဆိုတဲ့ အီရန် ဇာတ်ကား ရပါတယ်။
ဒါရိုက်တာ Asghar Farhadi ဆုတက်ယူပါတယ်။
ဆုပေးတဲ့အမျိုးသမီးက အမေရိကန်က ထင်ရှားတဲ့ မင်းသမီး ဆန်ဒရာဘူးလော့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ကြေညာခဲ့တဲ့ အော်စကာ ဆုစာရင်း ဖြစ်ပါတယ်။ AP သတင်းဌာနက စုစည်းထားချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
List of the 84th Annual Academy Award winners announced Sunday:
1. Best Picture: "The Artist."
2. Actor: Jean Dujardin, "The Artist."
3. Actress: Meryl Streep, "The Iron Lady."
4. Supporting Actor: Christopher Plummer, "Beginners."
5. Supporting Actress: Octavia Spencer, "The Help."
6. Directing: Michel Hazanavicius, "The Artist."
7. Foreign Language Film: "A Separation," Iran.
8. Adapted Screenplay: Alexander Payne, Nat Faxon and Jim Rash, "The Descendants."
9. Original Screenplay: Woody Allen, "Midnight in Paris."
10. Animated Feature Film: "Rango."
11. Art Direction: "Hugo."
12. Cinematography: "Hugo."
13. Sound Mixing: "Hugo."
14. Sound Editing: "Hugo."
15. Original Score: "The Artist."
16. Original Song: "Man or Muppet" from "The Muppets."
17. Costume Design: "The Artist."
18. Documentary Feature: "Undefeated."
19. Documentary Short: "Saving Face."
20. Film Editing: "The Girl With the Dragon Tattoo."
21. Makeup: "The Iron Lady."
22. Animated Short Film: "The Fantastic Flying Books of Mr. Morris Lessmore."
23. Live Action Short Film: "The Shore."
24. Visual Effects: "Hugo."
အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရှင် Jean Dujardin သူပါဝင်ခဲ့တဲ့ ဇာတ်ကားက THE ARTIST
THE HELP ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရသူ Octavia Spencer
Christopher Plummer ကအကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ဆွတ်ခူးသွားပါတယ်
BEGINNERS ဇာတ်ကားမှာ ပါဝင်တဲ့ သူ့သရုပ်ဆောင်ချက်တွေကြောင့်ပါ
နိုင်ငံခြားစကားပြောရုပ်ရှင်ဆု ကို A SEPARATION ဆိုတဲ့ အီရန် ဇာတ်ကား ရပါတယ်။ဒါရိုက်တာ Asghar Farhadi ဆုတက်ယူပါတယ်။
ဆုပေးတဲ့အမျိုးသမီးက အမေရိကန်က ထင်ရှားတဲ့ မင်းသမီး ဆန်ဒရာဘူးလော့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ကြေညာခဲ့တဲ့ အော်စကာ ဆုစာရင်း ဖြစ်ပါတယ်။ AP သတင်းဌာနက စုစည်းထားချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
List of the 84th Annual Academy Award winners announced Sunday:
1. Best Picture: "The Artist."
2. Actor: Jean Dujardin, "The Artist."
3. Actress: Meryl Streep, "The Iron Lady."
4. Supporting Actor: Christopher Plummer, "Beginners."
5. Supporting Actress: Octavia Spencer, "The Help."
6. Directing: Michel Hazanavicius, "The Artist."
7. Foreign Language Film: "A Separation," Iran.
8. Adapted Screenplay: Alexander Payne, Nat Faxon and Jim Rash, "The Descendants."
9. Original Screenplay: Woody Allen, "Midnight in Paris."
10. Animated Feature Film: "Rango."
11. Art Direction: "Hugo."
12. Cinematography: "Hugo."
13. Sound Mixing: "Hugo."
14. Sound Editing: "Hugo."
15. Original Score: "The Artist."
16. Original Song: "Man or Muppet" from "The Muppets."
17. Costume Design: "The Artist."
18. Documentary Feature: "Undefeated."
19. Documentary Short: "Saving Face."
20. Film Editing: "The Girl With the Dragon Tattoo."
21. Makeup: "The Iron Lady."
22. Animated Short Film: "The Fantastic Flying Books of Mr. Morris Lessmore."
23. Live Action Short Film: "The Shore."
24. Visual Effects: "Hugo."
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးခွခရီး
“ခြောက်ပြီးတော့ မဲတောင်းလို့ ရှိရင်လည်း လုံးဝ မကြောက်ပါနဲ့။ မဲပေးတဲ့အခါကျ ဘယ်ပုံးထဲကို ကိုယ်ထည့်တယ် ဆိုတာ ဘယ်သူမှ တကယ်တော့ မသိနိုင်ပါဘူး။ အဲဒီတော့ ခြောက်လို့ရှိရင်လည်း ကြောက်ချင်ယောင်ဆောင်ရင်လည်း ဆောင်လိုက်။ မဲပေးတာ ဒေါ်စုစုလွင်ကိုပဲ ပေးပါ” တဲ့။
ရန်ကုန်တိုင်း သုံးခွ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် ဒေါ်စုစုလွင် နဲ့အတူ မနေ့တုန်းက အဲဒီဒေသ သွားရောက်ခဲ့ပြီး ဒေသခ့တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

DVB ညွှန်မှူး ဦးအေးချမ်းနိုင် မြန်မာပြည်သို့ရောက်ရှိ
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ဦးဆောင်ညွှန်ကြားရေးမှုးနှင့် အယ်ဒီတာချုပ်
ဦးအေးချမ်းနိုင်သည် ယနေ့နံနက် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်။
ပြည်တွင်း မီဒီယာ ဖွံ့ဖြိုးအခြေအနေနှင့်
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ပြည်တွင်း၌ ၀င်ရောက်လုပ်ကိုင်ရန်
အခြေအနေများကို လေ့လာရန်အတွက် မြန်မာနိုင်ငံသို့
ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ကိုအေးချမ်းနိုင်က ပြောသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ဦးဆောင်ညွှန်ကြားရေးမှုးနှင့် အယ်ဒီတာချုပ်
ဦးအေးချမ်းနိုင်သည် မြန်မာနိုင်ငံတွင် ငါးရက်ကြာနေထိုင်မည်ဖြစ်ပြီး
အဆိုပါ ငါးရက်ခရီးအတွင်းနေပြည်တော်ရှိ ပြန်ကြားရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၀န်ကြီး ဦးကျော်ဆန်းအပါအ၀င်
အစိုးရပိုင်းအဖွဲ့အ၀င်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်၊ ၀ါရင့်စာရေးဆရာကြီးများ၊ ပြည်တွင်းပြည်ပ
သတင်းထာက်များစသည့်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ကိုအေးချမ်းနိုင်သည် နှစ်ပေါင်း ၂၀ကျော်အတွင်း ပထမဆုံးအကြိမ်
မြန်မာနိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်သည်။
မွန်ပြည်သစ်နဲ့ အစိုးရ ခရီးရောက်သမျှ

ပဏာမသဘောတူညီချက် ၄ ချက် ပါဝင်တဲ့ စာချုပ် လဲလှယ်နေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီးဦးအောင်မင်း နဲ့
မွန်ပြည်သစ်ပါတီက နိုင်ရောစ
မွန်ပြည်သစ်ပါတီက နိုင်ရောစ
ပြီးခဲ့တဲ့ သောကြာ၊ စနေနေ့တို့မှာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က မော်လမြိုင်ကို သွားပြီး မွန်ပြည်သစ်ပါတီ နဲ့ ဆွေးနွေးပါတယ်။ ပြည်နယ်အစိုးရအဆင့်၊ ဗဟိုအစိုးရအဆင့် သဘောတူညီချက်တွေ ရယူနိုင်ခဲ့တဲ့အကြောင်း ဒီကနေ့ သတင်းစာများမှာ အကျယ်တ၀င့် ဖော်ပြထားပါတယ်။
မွန်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး နယ်စပ်မှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေ၊ IDP လို့ ခေါ်တဲ့ တောထဲမှာ ပြေးလွှားပုန်းအောင်းနေရသူတွေအကြောင်းကိုလည်း ဆွေးနွေးမယ်လို့ ယူဆရပါတယ်။ သတင်းဖော်ပြချက်ထဲမှာတော့ မတွေ့ရပါဘူး။
သတင်းစာဖော်ပြချက်တွေကို အောက်က လင့်တွေမှာ ချိတ်ထားပါတယ်။
စာမျက်နှာ ၁
စာမျက်နှာ ၂
နိုင်ငံရေးဆွေးနွေးပွဲ စတင်ရေးကို သဘောတူထားပါတယ်။
စာမျက်နှာ ၃
ဒီစာမျက်နှာမှာတော့ မွန်ပြည်သစ်က ပြည်တွင်း နိုင်ငံရေးအဖွဲ့တွေ၊ NGO တွေနဲ့ တွေ့နိုင်တယ်၊ သံတမန်များနဲ့တွေ့မယ် ဆိုရင်တော့ အစိုးရရဲ့ သဘောတူညီချက်အရင်ယူရမယ် စတဲ့ ချက်တွေ ပါဝင်ပါတယ်။
Subscribe to:
Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
~ ဒေါက်တာခင်လက်ျာ ~ ခမ်တို့တစ်တွေ ကုန်းပေါ်ရောက်လာတဲ့အခါမှာ မြစ်ထဲမှာ ဆေးကြောလာတဲ့ ကိုင်ပင်ရေမှော်များကို နုပ်နုပ်စဉ်းကြရပါတယ်။ အစကြ...
-
ပေါ်ပြူလာဂျာနယ် ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။ "သမီးတို့ ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ ဒီနေ့ ဘုရားကို လာမယ် ကြား...
-
~ ဓာတ်ပုံ - AP Weekly Eleven သတင်းဂျာနယ် က သမ္မတ ဦးသိန်းစိန်ကို ၂၀၁၁ ခုနှစ်အတွက် Person of the Year အဖြစ် ရွေးချယ်လိုက်ပါပြီ။ ကူးယူ ဖော်ပြေ...
-
Yamaha မော်တာ ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံမှာ မော်တော်ဆိုင်ကယ် ရောင်းချရေး ကုမ္ပဏီ တည်ထောင်မယ် လို့ ကြေ ညာ လိုက်ပါတယ်။ ဒါဟာ မြန်မာ အစိုးရရဲ့ြ...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ



















