ဖုန်းမော်နေ့အတွက် ၈၈ ရဲ့ လိုတိုရှင်းကြေညာချက်

Tuesday, March 13, 2012 0 comments

ကိုဘုန်းမော် ကျဆုံးတဲ့ ၂၄ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကြေညာချက်ကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJK8of8A7rI662XhqNghNBS7Y6RL_OzqC1AXNwqWGPs49wh3W7iNKFgfMJiWLG8wn4qE7bQEf62TRkQkf7Bj8Q644f_UThvkOQMCWUYCE_pKbk6KNtp-YmnjcbH1TpqmEIkurSyldE9MY/s1600/01430520_367354306618793_100000326818160_1180924_1893109217_n.jpg မှာ ဖတ်နိုင်ပါပြီ။

ဓာတ်ပုံများကတော့ ဒီနေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ ဖုန်းမော်နေ့ အောက်မေ့ဖွယ် အခမ်းအနား မှတ်တမ်းပုံများ ဖြစ်ပါတယ်။






နယူးဒေလီက ဖုန်းမော်နေ့

0 comments

ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ကျဆုံးတဲ့ ၂၄ နှစ်မြောက် အထိမ်းအမှတ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေပါ။

ကိုဖုန်းမော်နဲ့ တခြား ကျဆုံးသွားတဲ့သူတွေကို ရည်စူးပြီး သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။




ရုပ်သံကလွှင့်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်

0 comments

လွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်က အခုချိန်ထိ တောက်လောင်နေဆဲဖြစ်တယ်၊ ပြည်ထောင်စုနိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရမယ် လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒီဟောပြောချက်ကို မနက်ဖြန် ထုတ်လွှင့်မယ်လို့ သိရပါတယ်။
ထုတ်လွှင့်ပြီးနောက်တနေ့ အစိုးရသတင်းစာများမှာ ထုတ်လွှင့်ချက်အပြည့်အစုံကို ထည့်သွင်းဖော်ပြမှာ ဖြစ်ပါတယ်။


အသံဖိုင်


ရုပ်သံဖိုင်

ဖုန်းမော်၊ စိုးနိုင် အောက်မေ့ဖွယ်

0 comments

စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ် အစီအစဉ်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ် (ဓာတ်ပုံများ - NLD)

(နှစ်ပတ်လည်နေ့အစီအစဉ် သတင်းကို ဧရာဝတီ ပင်မစာမျက်နှာ http://burma.irrawaddy.org/archives/7138 မှာ ဖတ်ရှုနိုင်ပါပြီ)










ဘိတ် နဲ့ လောင်းကစား

4 comments

ပြီးခဲ့တဲ့ နိုဝင်ဘာလက တောင်ကြီးမြို့မှာ တွေ့ရတဲ့ လောင်းကစားဝိုင်းတခု။
လောင်းကစားနည်းမျိုးစုံကို ဒေသအသီးသီးတွင် တွေ့နိုင်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကျင်ပျက် ခြစားမှုများကြားတွင် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်နေရခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ရဲတပ်ဖွဲ့က လောင်းကစား ဒိုင်များထံမှ လိုင်းကြေးများ ကောက်ခံပြီး တဘက်တွင် လောင်းကစားသူ ပြည်သူများကိုဖမ်းဆီး အရေးယူ ထောင်ချလျက်ရှိသည့်အတွက် ကျန်ရစ်သည့် မိသားစုများမှာ ဒုက္ခပင်လယ်ဝေနေရသည်၊ ထို့ပြင် နိုင်ငံတော်အတွက်လည်း သိန်းထောင်သောင်းချီ နစ်နာဆုံးရှုံးလျက်ရှိကြောင်း အထောက်အထား အခိုင်အလုံ စာရင်းဇယားနှင့် တစ်ကွ တင်ပြခဲ့သည့်အတွက် ( 2011၊ 7၊ 15) ရက် (၀ါဆိုလပြည့်) နေ့တွင် ရပ်ကွက်အလိုက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ယခင်နှစ်လုံး ၊ သုံးလုံး၊ ဘောလုံး ရောင်းချခဲ့သူ (တင်ပြချက်စာရင်းပါ) အယောက် (60) ကျော် အိမ်များတွင် တစ်အိမ်တက်ဆင်း အသေးစိတ် စစ်ဆေးရှာဖွေခဲ့ကြပါသည်။

(စစ်ဆေးရေးအဖွဲ့များတွင် သက်ဆိုင်ရာ နယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး၊ ဆယ်အိမ်မှူး/ရာအိမ်မှူးတစ်ဦး၊ ဒုတိယရဲအုပ်တစ်ဦး၊ (ရဲဘော်/ဒုတပ်ကြပ်/တပ်ကြပ်/တပ်ကြပ်ကြီး) တစ်ဦး စုစုပေါင်း အနည်းဆုံး လေးဦးစီ ပါဝင်သည်။)

၎င်းရောင်းချသူများအနက် အများစုမှာ (ဆင်းရဲနွမ်းပါးမှု လျော့နည်းရေး/လောင်းကစား ပပျောက်ရေး စီမံချက် ပညာပေးကာလ) တွင် လုံးဝ ပိတ်သိမ်းခဲ့သည့်အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ထပ်မံ သွားရောက် အစစ်ဆေးခံခဲ့ရပါသည်။

စာရင်းရှိ (60) ကျော်အနက် (27) ယောက်သာ မနက် (8း00) နာရီ၊ ည (11း00) နာရီအထိ (4၊ 5) ရက် ဆက်တိုက် အစစ်ဆေးခံခဲ့ရပြီး (လောင်းကစားဒိုင်ချုပ်များ ဖြစ်သည့် ဦးတင်နန္ဒနှင့် ညီအစ်ကိုများ၊ ဦးဘိုမဲနှင့် အပေါင်းအပါများ၊ ဦးပေါင်မုန့်၊ ဦးတင်ထွန်း၊ ဦးသိန်းနိုင်) တို့မှာ ပိုင်ရာ ဆိုင်ရာများဖြင့် ရှောင်တိမ်းနေခဲ့ပါသည်။

အဂတိလိုက်စားကြောင်းပေါ်ပေါ်က်သည့်အတွက် တိုင်းဒုစရိုက်နိုမ်နင်းရေးအဖွဲ့မှ ဒုတိယရဲအုပ်ထွန်းထွန်းဦးမှာ အရာခံဗိုလ်အဆင့် ရာထူး တစ်ဆင့်နိမ့်ဖြင့် တိုင်းကျော် နယ်ပြောင်းခံရပြီး တစ်ခြားနယ်မြေမှူးများ နှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များမှာ တိုင်းအတွင်း နယ်ပြောင်း လပိုင်းသာ ကြာသည်။

တစ်ချို.ဒုရဲအုပ် (ချိုလွင်၊ နယ်မြေ 4 ရဲကင်းမှူးမှာ ရဲအုပ် အဆင့်ဖြင့် ခရိုင် ဒုစရိုက်နိုမ်နင်းရေး အဖွဲ့သို့ ပြောင်းရွှေ့ တာဝန်ချထားခံရသူ) များမှာ ရာထူးများတိုးမြှင့်သွားသည့် အတွက် ကိုထွန်းထွန်းဦးက မကျေနပ်သဖြင့် ပြန်လည် တင်ပြခြင်းကြောင့် ခေါ်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ထုံးစံအတိုင်း (စားနေမြဲ နယ်မြေမှူးများက) ကြိုတင် သတင်းပေးခြင်းဖြင့် လောင်းကစားဒိုင်ချူပ်များ ကြိုတင် တိမ်းရှောင်သွားပြီး လက်ခွဲများသာ အစစ်ဆေးခံကြရပါသည်။

မြိတ်မြို့နယ်ရဲတပ်ဖွဲ့က နေရာကောင်း ရရှိသော/လူကြီးမျက်နှာသာ အပေးခံရသော/ရိုက်စား/ခြောက်စား လုပ်တတ်သော ရဲများမှာ (ရာထူး အဆင့်အတန်း လစာများဖြင့် မကိုက်ညီသော) နောက်ဆုံးပေါ်ဆိုင်ကယ် တ၀ီဝီ၊ ဖုန်းတဂွမ်ဂွမ်၊ ရေခဲသေတ္တာ၊ အဲယားကွန်းများဖြင်.၄င်းတို့ ကိုယ်ပိုင်အိမ်များတွင် အလုပ်ကြိုးစားလျက် ရှိပြီး ကျန်အချိန်များတွင် စားသောက်ဆိုင်များ၊ ကာရာအိုကေခန်းများတွင် ပြည်သူ့အတွက် တရားဥပဒေ စိုးမိုးရေးကို စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

(၉ ရက်နေ့က ဧရာဝတီကို ရောက်လာတဲ့စာ ဖြစ်ပါတယ်)

ဇလွန်ပြည်ခိုင်ဖြိုးရဲ့ ကြိတ်ဝိုင်းများ

0 comments

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့တွင် ပြည်သူ့ဆန္ဒခံယူပွဲများ တစ်လလျှင် တစ်ကြိမ် တစ်ရပ်ကွက်စီ လစဉ်တိုင်း ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစမ်းမောင်က ဦးဆောင် ပြုလုပ်ပါသည်။

ဒီမိုကရေစီစနစ်နှင့် လျော်ညီစွာ ချစ်စရာကောင်းသော တွေ့ဆုံပွဲကြီးဖြစ်ပါသည်။ တစ်ချို့က အလုပ်ရုံ ဆွေးနွေးပွဲဟုလည်း ပြောကြပါသည်။

ရပ်ကွက်နေပြည်သူများက မိမိတို့၏ အခက်အခဲများ ရပ်ကွက်၏ လိုအပ်ချက်များ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါသည်။

ဌာနဆိုင်ရာ အကြီးအကဲများကလည်း လုပ်ပိုင်ခွင့်အတွင်းမှ မြို့နယ်တိုးတက်ရန် အစွမ်းကုန် ဆောင်ရွက်ပေးမည်။ အချို့သော ကိစ္စရပ်များကို လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်ပြ၍ ဆက်လက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဒါကရည်ရွယ်ချက်။

တစ်ကယ်တမ်းလုပ်ဆောင်ချက်မှာ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ကြိုတင် ညှိနှိုင်း စည်းဝါးကိုက်ပြီးမှ ရပ်ကွက်နေ ပြည်သူများကို တိုးတိုးတိတ်တိတ် လိုက်လံဖိတ်ကြားပါသည်။

ဆင်းရဲသားရပ်ကွက်မှလူများကို တစ်ပိုင်လျှင် တစ်ဆယ့်ငါးယောက် မလာမနေရ ဆင့်ခေါ်ပါသည်။ စာဖတ်သူတို့ရှေ့ဆက်စဉ်းစားကြည့်ရန်သာ လိုအပ်ပါတော့တယ်။

ပညာတတ် ပြောနိုင်ဆိုနိုင် ဦးဆောင်နိုင်သော ပညာတတ်များကို မဖိတ်ဘဲ တိုးတိုးတိတ်တိတ် လုပ်နေတဲ့ ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ ထင်ရှားပါတယ်။

အစိုးရအဖွဲ့ထဲမှာ တိုင်းပြည်ကို အမှန်တစ်ကယ် ပြုပြင်ချင်သူများအား သိစေလိုခြင်းဖြစ်ပါတယ်။

ဇလွန်မြို့သားတစ်ဦး

photo: http://phoenixvail.wordpress.com

တူတံစဉ်အလံနဲ့ ပြည်သူ့ပါတီ

1 comments

ဒေါက်တာသန်းထိုက်ဦး၊ ဥက္ကဋ္ဌ၊ ပြည်သူ့ဒီမိုကရေစီပါတီ

ကြားဖြတ်ရွေးကောက်ပွဲမှာ
PDP ကို မဲပေးကြဖို့ ဟောပြော ထုတ်လွှင့်ချက်ကို ဒီနေ့ အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။ တခြားသော ပါတီများရဲ့ ဟောပြောချက်များထက် ပိုပြီး ဖတ်လို့ကောင်းတာ တွေ့ရပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPGVee7dPUak1eforc_2O8WcMFU_rUnGu5i8-dbHYamcgjdKIp_zLxAYZwN_Dlaal83uvpE72QiQPmk2a4OT_0LYra8iLKXQkdM1wNxwFaf58AsJaFeDqo_I6ywyyqSdAh3fbqrw5Yaihp/s1600/than+htike+oo.jpg မှာ ဖတ်နိုင်ပါပြီ။

ပါတီအလံက တူတံစဉ်ပုံတွေ ပါပေမယ့် ကွန်မြူနစ်ပါတီမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီပါတီက အွန်လိုင်းစာဖတ်သူများနဲ့ ရင်းနှီးပြီးသားပါ။ နိုဝင်ဘာလကုန်ပိုင်း ပါတီတွေ့ဆုံပွဲတခုမှာ ဘီယာနဲ့ဧည့်ခံလို့ သတင်းထောက်တယောက်က ဓာတ်ပုံရိုက်ပြီး Facebook မှာ ဖော်ပြခဲ့တဲ့အတွက် အွန်လိုင်းပရိသတ်နဲ့ ရင်းနှီးနေတာပါ။

ပါတီတွေ့ဆုံပွဲ မှတ်တမ်းပုံ - https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEHFvPmVbws4akoYPJ7WWn9muUtVdEKUWUFIF1jw4oeP_hC6Wk4qvOOiAGorvVzGhP_oOVhizYwK7mrPFHfFDhBojqJkaGtFOnuTfMe1qSAzrhl_9Bo4_nruhwq1p-ple_CRuX1W0nuLYf/s1600/12wwww.jpg

NDF ရဲ့ ရုပ်သံ ဟောပြောမှု

0 comments

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရုံးဖွင့်ပွဲ အခမ်းအနားတခု

ကြားဖြတ်ရွေးကောက်ပွဲအတွက် NDF ရဲ့ ရုပ်သံ မဲဆွယ် ဟောပြောချက်ကို ဒီကနေ့ အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF3O8MfNEfFR4JO1XXTtmx-3lByvRfn4cw1ucxmIijtIUpjC2QCqvll75Z8VsgTd-EHk3UFXf1kK23T1jsbCf6ud0PKdx4ym4YO3NAI5xZ3sfk9boasuvmv-YJEDzHqXTMVYN-D4rwXT3b/s1600/0+khin+mg+swe.jpg မှာ ဖတ်ရှုနိုင်ပါပြီ။

ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားထားတာပါ။

အဟောအပြော ညည်ညောကောင်းမွန်တယ်ဆိုတာကို တွေ့ရမှာပါ။



လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

0 comments

(photo: AP)

NLD
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးမှု ရုပ်သံရိုက်ကူးဖို့ နေပြည်တော်ကို ရောက်ရှိခိုက်
ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက် လေ့လာ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။ ဒီအကြောင်းကို ဧရာဝတီ ပင်မ စာမျက်နှာ http://burma.irrawaddy.org/archives/7084 မှာ ဖတ်ရှုနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံ စကားပြောနေကြပုံ (photo: AP)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (photo: AP)

တပ်စည်ပင် နဲ့ မီးလင်းကော်မတီရဲ့ ဝေစား၊ မျှစား

2 comments


ဧရာဝတီ ခင်ဗျား ...

ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရပ်ကွက်အတွင်း မီတာခများကို ပုံပါအတိုင်း တိုးမြှင့်ကောက်ခံနေပါသည်။
လျှပ်စစ်ဌာနက တာဝန်ခံကောက်ခံခြင်းမဟုတ်ဘဲ တပ်စည်ပင်နှင့် လျှပ်စစ်မီးလင်းကော်မတီ(တရားမ၀င်) တို့က ကောက်ခံနေခြင်းဖြစ်ပါသည်။
လျှပ်စစ်ဌာနသို့ပြောကြားသော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ဝေစား၊ မျှစား စားနေကြပါသည်။

ထရန်စဖော်မာ (၂) လုံး တပ်ဆင်ထားခြင်း ဆိုသည်မှာလည်း ဈေးသူ/ဈေးသားများ ငွေထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ လုပ်ထားခြင်းဖြစ်ပါသည်။
တပ်စည်ပင်၏ ပိုက်ဆံ လုံးဝမပါဝင်ပါ၊ မပါဝင်သော်လည်း မီတာခကိုတော့ကောက်ခံနေပါသည်။

လျှပ်စစ်မီးကိုလည်း ရိုးရိုးမီတာ တပ်ပေးထားပြီး၊ လုပ်ငန်းသုံးပါဝါမီတာခကောက်ထားရုံမှမျှမက အပိုဆောင်းငွေများကိုပါ ကောက်ခံနေပါသောကြောင့် ဈေးသူ/ဈေးသားများမှာ ၀န်ထုပ်ဝန်ပိုးများဖြစ်နေပါသည်။

ထိုတရားမ၀င်သော လျှပ်စစ်မီးလင်းကော်မတီအား ဖျက်သိမ်းကာ လျှပ်စစ်ဌာနက တာဝန်ယူပေးပါရန်၊ မီတာခများအား ရိုးရိုးမီတာတပ်ထားသောကြောင့် ရိုးရိုးမီတာ ၃၅ ကျပ်နှုန်းသာဆောင်လိုပါကြောင်း နှင့် တာဝန်ရှိသူများက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန် ဧရာဝတီမှတဆင့် တင်ပြလိုက်ရပါသည်။


ဈေးသူ/ဈေးသားများ

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved