NLD ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင်

Wednesday, May 9, 2012 0 comments

NLD က ညီလာခံလုပ်တော့မယ် တဲ့။
ပါတီတခု ညီလာခံလုပ်တာ မထူးဆန်းပါဘူး။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ညီလာခံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀ ကျော်အတွင်းမှာတော့ ဒီလို ညီလာခံလုပ်မယ်လို့အသံထွက်တာနဲ့ လူဖမ်းပွဲကြီးတွေ ပေါ်လာတော့တာပါပဲ။ အခု လုပ်ဖို့ ပြင်နေတဲ့ NLD ညီလာခံများကိုတော့ ကြံ့ခိုင်ရေးပါတီအစိုးရအာဏာပိုင်များက ပြဿနာ ကြီးကြီးကျယ်ကျယ် ရှာမယ်မဟုတ်ဘူးလို့ ထင်ရပါတယ်။

နိုင်ငံအနှံ့ပြုလုပ်ဖွယ်ရှိတဲ့ ဒီညီလာခံတွေကနေ ကျေးလက်၊ မြို့နယ်၊ ပြည်နယ်တိုင်း နဲ့ ဗဟိုအဆင့် ခေါင်းဆောင်တွေ ရွေးချယ်ကြမယ်လို့ ယူဆရပါတယ်။

ညီလာခံ ကျင်းပရေး အတွက် အဖွဲ့ဝင် ၉ ဦးပါ ဗဟိုအဆင့် ကော်မရှင်တခုဖွဲ့လိုက်တယ် ဆိုတဲ့ NLD ရဲ့ ဒီကနေ့ ကြေညာချက် ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnZ5mzncdRxLAFFpfV_v2GqI0-VQYUnJ2s33xyYUoM8D-J4LPPLFH_niY4Gm0mwuQhZyQyzr2OMcmVhoygEiQMyk7e1cEmB5spABxDe11MYf_IV1I8R1sRcRqIIGUjS_Eow-wcLT5djWzr/s1600/546562_2695446284275_1800135499_1585657_282930470_n.jpg ဖတ်နိုင်ပါပြီ။

အဖေါ်နဲ့ လာပါ

12 comments


သိမ်ဇရပ်မြို့ က စစ်တပ် တစ်ခုရဲ့ ဆေးခန်းမှာ တွေ့လို့ ဓာတ်ပုံရိုက်ထား တာပါ .... နည်းနည်း ထူးဆန်း သလားလို့ပါတဲ့။ ဖေ့စ်ဘုတ်ပေါ်က တွေ့လိုက်ရတဲ့ ဓာတ်ပုံပါ။

တကယ်လည်း ထူးဆန်းနေသလိုပါဘဲ။ တပ်ထဲက ဆေးခန်းကို လာရာမှာ ရဲဘော်မိသားစုဝင် အမျိုးသမီးတွေ ဟာ ဘာပြဿနာတွေ ရှိခဲ့လို့လည်း မသိပါ။

ပြဿနာ တခုခု အတွက် ရှောင်ရှားနိုင်ဖို့ သတိပေးချိတ်ဆွဲထားတာလည်း ဖြစ်နိုင်ပါတယ်။

ရဲမေတွေ အဖေါ်မပါဘဲ လာခဲ့ရင် တပ်တွင်း ဆေးခန်းမှာ ဘာဖြစ်မလဲ မေးခွန်း ထုတ်ရမယ့် ကိစ္စပါ။

ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့

0 comments




ငြိမ်းချမ်းရေးကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ပွဲကို ရှမ်းပြည်နယ် အောင်ပန်းမြို့ (သာမိုင်းခမ်း)၊ မဟာဂန္ဓာ ရုံကျောင်းတိုက်၊ ဓမ္မသာယာဗိမာန်မှာ မေလ ၆ ရက် ၂၀၁၂ ခုနှစ် နံနက် ၈ နာရီမှ ၁၁ နာရီထိ ကျင်းပခဲ့ပါတယ်။


ဒဂုန်တာရာပန်ကြားလွှာနှင့် ရုပ်ထု
ဆရာ့ရဲ့ ၉၃ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်၊ ပျဉ်းမနား၊ မန္တလေး၊ မုံရွာ၊ အင်းဝ စတဲ့ ဒေသအသီးသီးက စာပေအနုပညာရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။


ဆရာ ဦးအံ့မောင်၊ ဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာမောင်သာနိုး၊ ထက်မြက်၊ မောင်လင်းခိုင်၊ မောင်နွေ ထက်၊ မောင်သင်းပန် အစရှိတဲ့ စာပေအနုပညာရှင်များအပါအ၀င် ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့လည်း တက်ရောက်ခဲ့ကြပါတယ်။



အခမ်းအနားကို ဆရာကြီးဒဂုန်တာရာအား ကန်တော့ခြင်းအစီအစဉ်နဲ့စတင်ပြီး ဆရာဒဂုန်တာရာက မွေးနေ့အမှတ်တရစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် ဆရာဦးအံ့မောင်က ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ကိုမင်းကိုနိုင်က သူ့ရဲ့ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့ပြီး၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂသ၀ဏ်လွှာကို ကိုထွန်းဝင်းငြိမ်းက ဖတ်ကြားခဲ့ပါတယ်။ အထက်မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂသ၀ဏ်လွှာကို ကဗျာဆရာ မောင်သင်းပန်ကဖတ်ကြားခဲ့ပြီး ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဆရာထက်မြက်တို့က မွေးနေ့အမှတ်တရစကား ပြောကြား ခဲ့ပြီး မောင်နွေထက်က မွေးနေ့ဂုဏ်ပြုကဗျာ ရွတ်ဆိုခဲ့ကြောင်း သိရပါတယ်။


မန္တလေး စာရေးဆရာများ


မောင်နွေထက်နှင့် မောင်သင်းခိုင်


မောင်သင်းပန်နှင့် ထွန်းဝင်းငြိမ်း


ဆရာ ဦးအံမောင်နှင့် ဦးကိုလေး (အင်းဝဂုဏ်ရည်)


ဦးထက်မြက်နှင့် ကိုမင်းကိုနိုင်


မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂ၏ သ၀ဏ်လွှာ

မွေးနေ့ပွဲမတိုင်ခင်ညမှ ဆရာတာရာရဲ့အိမ်အပေါ်ထပ်မှာ ဆရာဦးအံ့မောင်၊ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာမောင်သင်းခိုင်တို့ ဦဆောင်ပြီး လူငယ်ကဗျာဆရာများနဲ့ ကဗျာရွတ်ပွဲကျင်းပခဲ့ပါတယ်။ ကဗျာရွတ်ပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုလှမျိုးနောင်နဲ့ ကိုအောင်သူတို့ ပါဝင်ရွတ်ဆိုခဲ့ကြကြောင်း သိရပါတယ်။



ဆရာဒဂုန်တာရာရဲ့မွေးနေ့ပွဲမှာ အရှေ့နေခြည်စာပေမှ ထုတ်ဝေတဲ့ ဆရာရဲ့ မေ၊ ကဗျာစကား၊ ကဗျာတရား၊ ဒဂုန်တာရာLink ၉၃ နှစ်ပြည့်မွေးနေ့ အမှတ်တရစာစုကို လက်ဆောင်ဝေငှခဲ့ပါတယ်။ မွေးနေ့ပွဲတက်ရောက်လာကြသူများကို နံနက်စာနဲ့တည်ခင်းဧည့်ခံပြီး အခမ်းအနားကို နေ့လည် ၁၁ နာရီမှာ အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ညွှန်း -
တာရာဝေယံ၊ မိုးမခ၊ http://moemaka.com/

DKBA နယ်ထဲ သွားမယ့်သူတွေကို ထိုင်း သတိပေး

0 comments




သန်းထိုက်ဦး

DKBA ခေါင်းဆောင်များ

ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ (ONCB) အကြီးအကဲနဲ့ DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး တို့ အကြား မကြာသေးခင် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်

တင်းမာမှု ဖြစ်ပွားနေချိန်မှာ DKBA က မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတော့မယ်။

သတင်းစာ ရှင်းလင်းပွဲကို သွားဖို့ ပြင်နေတဲ့ ထိုင်း သတင်းထောက်တွေကို ထိုင်းအာဏာပိုင်တွေက ဒီလို သတိပေးထားပါတယ်။

“အခြေအနေကတော့ အားလုံး ပုံမှန်ပဲ၊ ဒါပေမယ့် သတင်း သွားယူတဲ့ သတင်းထောက်တွေ ကိုယ့်ကိုကိုယ် တာဝန်ယူပါ၊ ထိုင်းက ထိန်းချုပ်ထားတဲ့ နယ်မြေ အပြင်ဘက်ကို ရောက်သွားပြီ”

ထိုင်းစစ်တပ်ကလည်း နယ်စပ်တွေမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

မြန်မာ ပြည်တွင်းက သတင်းထောက်တွေကတော့ အဲဒီ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ အခုဆိုရင် DKBA ထိန်းချုပ်ထားတဲ့ ဆုံဆည်းမြိုင် ဒေသကို မြ၀တီကနေ တဆင့် သွားနေ ကြတယ်လို့ သိထားပါတယ်။ ပြည်တွင်းက သတင်းထောက် အယောက် ၄၀ ကျော်လောက် လာတယ်လို့ သတင်းရထားပါတယ်။

ဧပြီလ ၂၀ ရက်နေ့က ONCB က ဗိုလ်နှုတ်ခမ်းမွေးကို မူးယစ်ဆေးဝါးနှင့် ပတ်သက်နေတဲ့ အတွက် ဖမ်းဆီးနိုင်ဖို့ ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း တင်းမာတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး DKBA အဖွဲ့က လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000057041

ဝန်ကြီးချုပ် မာမိုဟမ်ဆင်းထံ ပေးသောစာများ

8 comments

များမကြာခင် ရက်တွေထဲမှာ မြန်မာပြည်ချစ်ကြည်ရေးခရီးသွားမယ့် အိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်းဆီကို လိပ်မူပြီး အိန္ဒိယက မြန်မာ့အရေးလှုပ်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေ ပေးတဲ့စာတွေပါ။

စာတွေထဲမှာ မြန်မာပြည်သွားရင် အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒအတိုင်း စီးပွားရေးကိစ္စတွေချည်းမဟုတ်ပဲ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ စစ်မှန်တဲ့အပြောင်းအလဲတွေဖြစ်ဖို့၊ တိုင်းရင်းသားအရေး၊ ရိုဟင်ဂျာအရေးတွေကို ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီ အစိုးရတရပ်အနေနဲ့ တိုက်တွန်းစည်းရုံးပြောဆိုပေးဖို့တွေ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းကို တိုက်တွန်းထားပါတယ်။




အိန္ဒိယ လူမှုအဖွဲ့အစည်းတွေကတော့ တိုင်းရင်းသားဒေသတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်၊ ဖိနှိပ်နေတာတွေ ရပ်ဖို့၊ ရိုဟင်ဂျာတွေအရေးကို မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနည်းကျ ဖြေရှင်းဖို့၊ ရခိုင်ပြည်နယ်တွင်းမှာ ဒီလူမျိုးစုတွေကို ဖိနှိပ်နေတာတွေကို ရပ်စေပြီး သူတို့နေရပ်ရင်းမှာ လုံခြုံစွာနေနိုင်ရေး ပြောဆိုဆွေးနွေးဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် အိန္ဒိယ-မြန်မာ ပူးပေါင်းလုပ်မယ့် ထမံသီရေကာတာစီမံကိန်း၊ ကုလားတန်စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာမယ့် လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို ထည့်သွင်းစဉ်းစားဖို့တွေလည်း ပါဝင်ပါတယ်။




မြန်မာ့အရေးအတွက် အိန္ဒိယပါလီမန်အမတ်များအဖွဲ့ကတော့ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စည်းရုံးပြောဆိုပါလို့ ဆိုပါတယ်။



အိန္ဒိယရောက် မြန်မာအဖွဲ့အစည်းတွေကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလမှာ စစ်မှန်တဲ့ ပြောင်းလဲမှုကို ဦးတည်ဖို့ အိန္ဒိယအစိုးရအနေနဲ့ ပံ့ပိုးကူညီဖို့၊ မြန်မာနိုင်ငံတိုးတက်ရေးအတွက် ကူညီဖို့တွေ တိုက်တွန်းထားပါတယ်။

ဝန်ကြီးချုပ် မာမိုဟမ်ဆင်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်ရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ မြန်မာပြည် ချစ်ကြည်ရေးခရီးနောက်ပိုင်းမှာ အိန္ဒိယ၀န်ကြီးချုပ်တွေရဲ့ မြန်မာပြည်ခရီးစဉ် မရှိခဲ့ပါဘူး။

တရုတ်ကုမ္ပဏီ နဲ့ မြစ်ဆုံဒေသခံတို့ ဆွေးနွေးပွဲ မှတ်တမ်း

3 comments


ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံဒေသ အောင်မြင်သာရွာမှာ အစည်းအဝေးတခု လုပ်တယ်၊
တရုတ်နိုင်ငံ လျှပ်စစ်ကုမ္ပဏီ နဲ့ ဒေသခံရွာသားတွေ တက်ရောက်ပါတယ် တဲ့။



ဒီရုပ်သံ မှတ်တမ်းကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG) http://kdng.org/bur/2011-12-03-16-04-34/219-2012-03-27-07-00-14.html ရဲ့ အွန်လိုင်းမှာ တွေ့ရပါတယ်။

CPI က ဒေသခံပြည်သူများအား မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို လက်ခံလာအောင် သိမ်းသွင်းစည်းရုံးနေသည့် ၀ါဒဖြန့်အခန်းအနား ဆိုပြီး တင်ဆက်ထားပါတယ်။

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး

14 comments


"မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုး ရှိကြပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်" ဆိုပြီး ချစ်စံဝင်း ရေးသားတဲ့ ပျူ ဆိုတဲ့ စာအုပ် စာမျက်နှာ ၁၅၁ မှာ ဖော်ပြထားပါတယ်။
သူက ဒီစာရင်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၉၈ မေလမှာ ထုတ်ဝေတဲ့ ယနေ့မြန်မာ ဆိုတဲ့ စာအုပ်ကို ကိုးကားပါတယ် တဲ့။

ကချင် - ၁၂ မျိုး
ကယား - ၉ မျိုး
ကရင် - ၁၁ မျိုး
ချင်း - ၅၃ မျိုး
ဗမာ - ၉ မျိုး
မွန် - ၁ မျိုး
ရခိုင် - ၇ မျိုး
ရှမ်း - ၃၃ မျိုး

စုစုပေါင်း - ၁၃၅ မျိုး

(က) ကချင်စု
ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော့၊ ဂေါ်ရီ ၊ ခစု၊ ဒုရင်၊ မရု(လော်ဂေါ်)၊ ရဝမ်၊ လရှိ(လာချစ်)၊ အဇီး၊ လီဆူး

(ခ) ကယားစု
ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ပရဲ(ကယော)၊ မူနုမနော၊ ယင်းတလဲ၊ ယင်းတော်

(ဂ) ကရင်စု
ကရင်၊ ကရင်ဖြူ၊ ပလေကြီး (ကလေချီ) ၊ မွန်ကရင်၊ စကော (ကရင်)၊ တလှေပွာ၊ ပကူး၊ တွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)

(ဃ) ချင်းစု
ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊ အောဝခမီ၊ ခေါနိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွါဆင်းမဲ၊ ခွန်လီ (ခေါ်) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ဇွန်း၊ ဆီတန်၊ ဆန်ထန်၊ ဆိုင်းထန်၊ ဇာတောင်၊ ဇိထုံး ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇိုန်ညှပ်(ဇုန်နီယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇုန်၊ တိုင်းချွန်း၊ တာ့ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊ လေးမြို့၊ လင်တဲ၊ လောက်ထူ၊ လိုင်၊ လိုင်ဇို၊ ပါကင်းမ် (ခေါ်) မရို၊ ဟွာလ်ငို၊ အနူး၊ အနန်း၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု

(င) ဗမာစု
ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်၊ ကဒူ (ခုံကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)

(စ) မွန်စု –
မွန်

(ဆ) ရခိုင်စု
ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်နက်၊ မရမာကြီး၊ မြို့၊ သက်

(ဇ) ရှမ်းစု
ရှမ်း၊ ယွန်း (လားအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအီကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်းကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ်း (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း


ခြေရာပျောက်မြစ် မြန်မာလို ဖတ်နိုင်တော့မည်

1 comments

သန်မြင့်ဦးရဲ့ The River of Lost Footsteps စာအုပ်ကို မြန်မာပြန်ထားတာ ဆင်ဆာအဖွဲ့က ဖြန့်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

စာအုပ်အမည်က
ခြေရာပျောက်မြစ်
ကိုယ်တိုင်ရေးမြန်မာ့သမိုင်း
ဖြစ်ပါတယ်။ မြနှင်းဆီက ဘာသာပြန်ဆိုပါတယ် တဲ့။

ဒီအကြောင်း သန့်မြင့်ဦး Facebook မှာ အခုလို တွေ့ရပါတယ်။
Good news. The Myanmar edition of my second book, The River of Lost Footsteps: A Personal History of Burma, has just been approved by the censorship board and will be published and on sale in Yangon and elsewhere in a couple of weeks.
သူ့ရဲ့ ထင်ရှားတဲ့ နောက်စာအုပ်တအုပ်ကတော့ Where China Meets India: Burma and the New Crossroads of Asia ဖြစ်ပါတယ်။

ဟားဗတ်၊ ကိန်းဘရစ် စတဲ့ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ ပညာဆည်းပူးခဲ့တဲ့ စာရေးသူ သန့်မြင့်ဦးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့မြေး ဖြစ်ပါတယ်။

သမိုင်း အထောက်အကူ ပြုတဲ့ မိသားစု

2 comments


လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တို့ရဲ့ မိန့်ခွန်းတွေ ပါဝင်တဲ့ ဓာတ်ပြားတွေကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အိမ်အမှတ် (၆၅၅) ၊ ဘီအိုစီ အနီး နေထိုင်တဲ့ ဦးအုန်းမောင်နှင့် ဒေါ်ဗူးညွန့် မိသားစုက လှူဒါန်းမှု သတင်းတခုပါ။ သမိုင်းကို ပြန်လည် ဖော်ထုတ်တဲ့ နည်းလမ်းကောင်း တခုပါဘဲ။

အဆိုပါ မိသားစုက သိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ် ဦးဘချိုတို့ရဲ့ မိန့်ခွန်းတွေအပါအ၀င် မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းရဲ့ ရှမ်းဘာသာနဲ့ ဟောပြောထားတဲ့ မိန့်ခွန်းတွေ အားလုံး စုစုပေါင်း ဓာတ်ပြားဟောင်း(၂၂) ချပ်ကို စစ်ကိုင်းတိုင်း အမှတ် ၃ မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ သို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

သမိုင်းကို အထောက်အကူပြုတဲ့ မိသားစု ပါပဲ။ ရေဦးမြို့ အတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ သမိုင်းကို တန်းဖိုးထား ထိန်းသိမ်းတတ်တဲ့ မိသားစုအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။
















သြစီရောက် NLD အမတ်များ

5 comments



NLD လွှတ်တော်အမတ်များ သြစတြေးလျ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံနေပုံ ဖြစ်ပါတယ်။ ကိုဖြိုးမင်းသိန်း၊ သြစတြေးလျ လေဘာပါတီလွှတ်တော်အမတ် Janelle Saffin၊ မစန္ဒာမင်း၊ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ်၊ ကိုဖြိုးဇေယျာသော် (ဓာတ်ပုံများ - Radio Australia - Myanmar)

NLD MPs welcomed by Burmese Ambassador to Australia U Paw Lwin Sein
NLD လွှတ်တော်အမတ်များကို ကြိုဆိုတဲ့ မြန်မာသံအမတ် ဦးပေါ်လွင်စိန်

NLD လွှတ်တော်အမတ်များခရီးစဉ်မှာ လိုက်ပါသွားသူ အဆိုတော် လင်းလင်း






 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved