KIO/KIA နှင့် ဆွေးနွေးရန် ညှိနှိုင်းနေဟု အစိုးရ သတင်းထုတ်ပြန်

Friday, February 1, 2013



ပြီးသည့် စက်တင်ဘာလ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက် ဆန္ဒပြပွဲ ရန်ကုန်တွင် ကျင်းပစဉ် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
KIO / KIA နှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ခြင်း 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၆/၂၀၁၃) 
 ၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် 
  (၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) 

၁။ KIO ဗဟိုကော်မတီမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် ကို သိရှိရသည်။ 

၂။ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့်လည်း အများပြည်သူ လိုလား တောင့်တနေသည့် စစ်မှန်သော ငြိမ်းချမ်းရေး ကို ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဟု အလေးအနက် ယုံကြည် ထားသည်။ 

 ၃။ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် အခြားသော အဖွဲ့အစည်းများမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် KIO / KIA အဖွဲ့တို့ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီ လုပ်ဆောင် ကြိုးပမ်းနေမှုများကို အသိအမှတ်
ပြု  ကြိုဆိုပြီး ယင်းအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်၍ KIO / KIA နှင့် ဆွေးနွေး ပွဲများ စတင်နိုင် ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။ 

သတင်းထုတ်ပြန်ရေးအဖွဲ့  

ဆက်စပ်သတင်း 

KIO နဲ့ အစိုးရ ဆွေးနွေးရေး စားပွဲဝိုင်းပေါ်ရောက်ဖို့ နီးစပ်လာ

KIO သဘောထားထုတ်ပြန်

 

ပြီးသည့် စက်တင်ဘာလ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ မန္တလေးဒေသ လှုပ်ရှားမှု မြင်ကွင်းတခု (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

1 comments :

  1. sour grain said... :

    After getting Laizar! !!!!!!!!!!!!!!!!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved