ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၅ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ
ပြဋ္ဌာန်းချက်များ အရ အောက်
ဖော်ပြပါ ဒုတိယဝန်ကြီးများအား ယှဉ်တွဲပါ
ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေး လိုက်သည်-
(၁) | ဒေါက်တာဝင်းမြင့် | သမ္မတရုံးဝန်ကြီးဌာန (၁) |
(၂) | ဒေါက်တာဇော်မင်းအောင် | ပညာရေးဝန်ကြီးဌာန |
(၃) | ဦးထင်အောင် | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန |
(၄) | ဦးမြင့်သိန်း | ရထားပို့ဆောင်ရေးဝန်ကြီးဌာန |
(၅) | ဦးဘရွှေ | သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန |
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၆ / ၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ
ပြဋ္ဌာန်းချက်များအရ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်အား
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာ ဝန်ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၁ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ
ပြဋ္ဌာန်းချက်များ အရ နေပြည်တော်ကောင်စီ ကောင်စီဝင် ဒေါက်တာ သန်းအောင်အား
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၀ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု
အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ
ပြဋ္ဌာန်းချက်များအရ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာစန်းလွင်အား ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်
တာဝန်ပေးလိုက်သည်။
ဦးလွန်းသီပါ ရထားပို့ဆောင်ရေးရောက်သွားတယ်ပြောတယ်။အပြစ်နဲ့လား ဟိုလူထွက်သွားလို့လားသိချင်လိုက်တာ ၊စွမ်းအင်ဆိုတာသိတဲ့အတိုင်းပဲလေ နိုင်ငံဝင်ငွေကောင်းကောင်းရှာ တဲ့နေရာ အခွင့်အရေးတွေရယူနိုင်တဲ့နေရာ ဟိုတုန်းကဆို ဓါတ်ဆီဆိုင်တွေနာမည်ကြီးပဲ၊ခုတော့ Gas ဆိုင်နဲ့ LPG ဆိုင်လောက်ပဲရှိတော့တယ်။ LPG ဆိုင်တွေတော့ခုထိ ခိုးလို့ကောင်းတုန်းလို့ကြားတာပဲ သန်လျင်ရေနံချက်ဆို DE စစ်နေတယ်တဲ့ ၊ရေနံချက်ထည်းမှာတော မန်းရေနံချက်နဲ့ သန်လျင်ရေနံချက်လောက်ပဲ ငွေရွှင်တာပါ။ အဲဒီကဗိုလ်မှူးစက်ရုံမှူးတွေဆို အပြစ်ရှိတိုင်းဟိုဘက်ဒီဘက်ချိန်းပြီးအပြစ်ပေးနေကြပဲ။သန်လျင်စက်ရုံမှူးကို မန်းစက်ရုံပြောင်းပစ်လိုက်၊ မန်းစက်ရုံမှူးကိုသန်လျင်စက်ရုံပြောင်းပစ်လိုက်ပဲ