ဦးရဲထွဋ်ရဲ့ အမှားပြင်ဆင်ချက်

Thursday, December 19, 2013

သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မနေ့က ပို့စ် တခု တင်ခဲ့တာမှာ ဗြောင်လိမ်သလားဆိုပြီး အွန်လိုင်း ပရိသတ်က ဝိုင်းပြီး ဝေဖန် သြဘာပေးခဲ့ကြပါတယ်။ ဒီကိစ္စဟာ သူ့ရဲ့ မှားယွင်းချက်ဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။


ဓာတ်ပုံ- ဦးရဲထွဋ် ဖေ့စ်ဘုတ် 
ဦးရဲထွဋ်ဟာ စစ်သားကြီးတဦးဖြစ်ပြီး ပြန်လည် စစ်ဆေးမှု မပြုခဲ့မိတဲ့ အမှားကြောင့် ဝေဖန်မှုတွေ တပုံကြီးနဲ့ ကြုံခဲ့ရပါတယ်။ 

ဦးရဲထွဋ်အတွက် စစ်မြေပြင်မှာဆို အသက်တွေ အများကြီး စတေးသွားရဖွယ်အဖြစ်မျိုးလို့ ပြောနိုင် ပါ တယ်။ ဦးရဲထွဋ်လည်း သင်ခန်းစာအကြီးကြီး တခု ရလိုက်တယ် ထင်ပါတယ်။ ဒါကြောင့် အခု ဦးရဲထွဋ်က သူ့အမှား ပြင်ဆင်ချက် ပို့စ်ကို အခုလို ထပ်ပြီး တင်ခဲ့ပါတယ်။

 "ဒီနေ့မနက် မြို့မဈေးမှာ ဘောလုံးပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ညွှန်းတဲ့ပုံက ဒီပုံဖြစ်ပါတယ်။ လူမျက်နှာတွေပါနေလို့ ၀န်ထမ်းတစ်ဦးကို ဖျက်ပြီး ကျွန်တော့်ထံ ဖိုင်ရှယ်ယာနဲ့ပြန်ပို့ခိုင်းလိုက်ပါတယ်။ သူ့ဆီက ပုံပြန်ပို့လိုက်တော့ အစည်းအဝေးသွားခါနီးဖြစ်နေတဲ့အတွက် ချက်ခြင်း တင်ပြီး Loading လုပ်နေတုံးပဲ ရုံးကထွက်သွားခဲ့ပါတယ်။ 
အခုပြန်ရောက်လာတော့ ကျွန်တော့်ကို သြဘာပေးထားတဲ့ မှတ်ချက်တွေကို တွေ့ရပါတယ်။ ပြင်ဆင်ပေး သူ ၀န်ထမ်းကတော့ ပိုကောင်းတဲ့ပုံတွေ့လို့ ပေးလိုက်တာလို့ဆိုပါတယ်။ ဒါပေမယ့် ပို့စ်တင်ဖို့ mouse ကို click မလုပ်ခင် စိစစ်ရမယ့် တာဝန်ရှိသူက ကျွန်တော်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ မူရင်းပုံ ကို ပြန်တင်ပေးလိုက်ပါတယ်။ 
အမှားအတွက်တောင်းပန်ပါတယ်။ ဒီပုံတင်တာကလည်း ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မျှော်လင့်ချက် ပျောက်ဆုံးသွား တဲ့ အပေါ် ခံစားချက်ကို ထိထိမိမိထင်ဟပ်တဲ့အတွက် ဝေမျှ လိုတာပါပဲ။"လို့ အခု အမှားပြင်ဆင်ချက်နဲ့ အတူ အထက်က ဓာတ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။ 


အခုလို ဦးရဲထွဋ်ရဲ့ အမှားပြင်ဆင်ချက်ကို ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်ကပဲ အခုလို ပြန်လည် ကူးယူထားပါ တယ်။  




အိမ့်သံစဉ် ~


ဆက်စပ်သတင်း 








2 comments :

  1. Anonymous said... :

    facebookသုံးပြီးကလေးကလားအလုပ်တွေလုပ်ဖို့အချိန်တွေတော်တော်ပိုနေတယ်ထင်ပါတယ်ဒီလူတွေအခုလိုအလုပ်မလုပ်ဘဲအချိန်တွေဖြုန်းတီးနေမှတော့တိုင်းပြည်ဘယ်လိုတိုးတက်လာမှာလဲ လူတွေရောမူတွေရောအကုန်
    ပြောင်းဖို့တော့လိုအပ်နေပြီ

  1. Anonymous said... :

    လေးစားပါတယ်...ကိုယ့်အမှားကိုဝန်ခံတယ်ဆိုတာ..ရှက်စ၇ာမဟုတ်ပါဘူး.....၀န်ခံယုံနဲ့မပြီးသေးပါဘူး..နောက်ထပ်အဲဒီလိုအမှာမျိုးထပ်မလုပ်ဘို့လပါတယ်.....ဦးရဲထွဋ်လိုလူမျိုးအစိုး၇အဖွဲ့ထဲမှာ..မျာများရှိပါစေလို့ဆုတောင်းပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved