ကိုဇော်ဖေနဲ့ မိသားစု၊ ဓာတ်ပုံ- DVB
ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနဲ့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ဟာ မကွေးတိုင်း ပညာရေးဋ္ဌာန ကို သွားရောက်ကာ သတင်းအတည်ပြုချက်ရရေး မေးမြန်းဖို့ သွားတာကို ငြင်းပယ်ခံခဲ့ရပြီး တာဝန်ဝတ္တရား နှောက် ယှက်မှုနဲ့ စွပ်စွဲပြီး သူတို့ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ကိုဇော်ဖေနဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ဒေသဆိုင်ရာ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး သရက်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
အဲဒီလို သတင်းထောက်ကို ဖမ်းဆီးတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးသေးတာနဲ့ပတ်သက်ပြီး ဘားမား ကင်ပိန်း ယူကေက ဗြိတိန်ပြည်သူတွေနဲ့ မြန်မာ့အရေးထောက်ခံသူတွေဟာ ဗြိတိန် နိုင်ငံခြားရေး ဋ္ဌာနကို စာ ရေးပြီး မြန်မာနိုင်ငံမှာ သတင်းထောက်တွေဖမ်းဆီးတာနဲ့ နိုင်ငံရေး အကျဉ်းသား ပြန် လွှတ်ပေး
ရေးငြင်းဆိုနေတာတွေ အပေါ် မေးခွန်းထုတ်ဖို့နဲ့ ဗြိတိန်အစိုးရက မြန်မာအစိုးရကို နိုင်ငံရေး၊ နည်းပညာအရ အကူအညီပေးနေမှု၊ ငွေကြေး အကူအညီပေးနေမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။
ဗြိတိန်အစိုးရဟာ မြန်မာအစိုးရကို ကူညီထောက်ပံ့ဖို့ ဒေါ်လာ ၃၄ သန်း လျာထားတယ်လို့လည်း ဘားမား ကင်ပိန်း ယူကေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ကိုဇော်ဖေဟာ ၂ နှစ်အရွယ်သားတဦးနဲ့ ဇနီးတို့ ရှိပြီး လွန်ခဲ့တဲ့ နှစ်ကတည်းက သတင်း ထောက်လုပ်ရင်းအဖမ်းခံခဲ့ရတာဖြစ်သလို ကိုဇော်ဖေဟာ ၂၀၁၀ ခုနှစ်ကလည်း တရားမ၀င် ဗွီဒီယို ရိုက်ကူးမှုနဲ့ ထောင် ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရကား ၂၀၁၂ ခုနှစ်ကမှ ပြန်လွတ်လာတယ်လို့ အဲဒီကြေညာချက် မှာ ဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~
နှောက်ယှက်မှုနဲ့တောင်တရားစွဲရတာဆိုတော့ ဘယ်လောက်တောင် လူပါးဝခဲ့သလဲမှမသိတာ အပြစ်ရှိရင်ခံပေါ့ အခြားသတင်းထောက်တွေအများကြီး ရေးချင်ရာလျှောက်ရေးတာတောင် ဘယ်သူမှမဖမ်းဘူး သတင်းထောက်ဆိုဖမ်းလို့မရတော့ဘူးလားလို့မေးစရာဖြစ်နေပြီ