ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသွား
Saturday, May 24, 2014
ဒီနေ့ အွန်လိုင်းပေါ်မှာ လက်ဆင့်ကမ်းပြီး လူပြောများနေကြတာကတော့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့် ကို ပိတ်သိမ်းသွားတဲ့ အသိပေးကြေညာချက်အကြောင်းပါဘဲ။ 
အခုလို ဦးဝီရသူက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်အကောင့်ကို ပိတ်သိမ်းရတာဟာ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို ဆထက်တံပိုး ပိုတိုး လုပ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ အသိပေးချက်မှာ ဖော်ပြထားပါ တယ်။ 
ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ လွန်ခဲ့တဲ့ နှစ်လောက်ကတည်းက ဦးဝီရသူရဲ့ အမြင်တွေ၊ လှုပ်ရှားမှု
တွေ၊ လှုံ့ဆော်တိုက်တွန်းမှုတွေ စဉ်ဆက်မပြတ်ဖော်ပြလာခဲ့ကြတာမှာ နိုင်ငံခြားသတင်းဋ္ဌာနတွေကပါ သတိထား စောင့်ကြည့်လာရတဲ့ ဖေ့စ်ဘုတ်အကောင့်လည်းဖြစ်ပါတယ်။ 
ဦးဝီရသူကို အမေရိကန်အခြေစိုက် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာ အကြမ်းဖက်သမားနဲ့ တင်စားပြီး 
ရေးသားချက်ဟာ အတော်ပွဲဆူခဲ့တဲ့ဖြစ်ရပ်ပါ။ 
ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်က လှုံ့ဆော်ရေးသားမှု၊ ခရီးစဉ်တွေနဲ့ တရားပွဲတွေကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းတွေဖြစ်ကြရတယ်လို့ တချို့ နိုင်ငံခြားသတင်းဋ္ဌာနတွေက စွပ်စွဲ ရေးသား ကြတာတွေလည်း 
တွေ့ရပါတယ်။  
အခုတလော ဖေ့စ်ဘုတ်အကောင့် ပိတ်သိမ်းသူတွေကတော့ ထင်ရှားတဲ့ သူတွေဖြစ်ပြီး အဆိုတော် မီးမီးခဲ၊ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော် တို့ဖြစ်ပြီး အခုနောက်ဆုံး ဦးဝီရသူ ဖြစ်ပါတယ်။ 
အိမ့်သံစဉ် ~
6 comments :
  1. Anonymous said... :
    သာဓု....သာဓု....သာဓု....ဘုန်းကြီးနဲ့ Facebook ဘာမှမဆိုင်ပါဘူး။
  1. Anonymous said... :
    good. ....for him..
  1. ဆိတ်​ဆိတ်​​နေက ​ထောင်​တန်​၏(တန်​ဖိုးရှိ၏)။
  1. ဆိုင်​တာရှိသလို မဆိုင်​တာလည်းရှိပါတယ်​။
    Facebook က​နေ ဘုန်းကြီး(ဆရာ​တော်​ကြီး​)​တွေရဲ့ သြဝါဒ​တွေ​ကြောင့်​ လူသူအများ အကျိုးရှိကြ တာ​တွေ အ​များအပြားရှိတာ​တွေလည်း ရှိပါတယ်​။
  1. Unknown said... :
    အပြင်ပန်းအကောင့်ပိတ်ကြောင်း ၊ သူ့နာမည်ကိုအသုံးပြုခဲ့ရင်သူမဟုတ်တဲ့အကြောင်းပြောနေပေ
    မဲ့နောက်ကွယ်မှာသူကဆက်သုံးနေရင်...ဘယ်လိုလုပ်မလဲ..?နောက်တစ်ခုက သူကပြောမယ်လေ ..တွေ့လား..ကျုပ်အကောင့်ပိတ်ထားတာ.ကျုပ်ကိုမလိုတဲ့သူတွေရှိတယ်..ကျုပ်အကောင့်ပိတ်ပါတယ်လို့သတင်းထုတ်တာတောင်လိုက်ပြီး..ကျုပ်အယောင်ဆောင်နေတုန်း....ကဲ...ဒါဆိုရင်ဘယ်လိုလုပ်မလဲ...သူအပြစ်မရှိကြောင်းထွက်ပေါက်ရှာတာရောမဖြစ်နိုင်ဘူးလား...? စဉ်းစားကြည့်ပေါ့ဗျာ...ရှေးရိုးနည်းတွေမသုံးပါနဲ့တော့...အရပ်ထဲက..ကလေးတွေတောင်တတ်တယ်..
  1. Anonymous said... :
    မသိဘဲရမ်းရေးနေကြတာလားဆရာတော်facebookမသိမ်းပါဘူးအကောင့်အသစ်နဲ့ရှိပါတယ်သေချာစုံစမ်းကြပြီးရေးပါfacebookဆိုတာအမျိုးသားရေးစိတ်ဓါတ်တွေနိုးကြားစေတဲ့နေရာလိုဆရာတော်ကိုယ်တိုင်ပြောထားပါတယ်
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved