ကျိုက်ထိုမြို့နယ် တနေရာမှာ လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ရတဲ့ ကြော်ငြာ ဖြစ်ပါတယ်။
နယ်မြေဒေသ အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းကမ်းချက်များလို့ ခေါင်းစဉ် တပ်ထားတာပါ။
ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားယူရင် ဒဏ်ငွေ သိန်း ၅ဝ ဆောင်ရမယ် တဲ့။
အမျိုးသားတွေ ယူရင်တော့ ဘယ်လို ဒဏ်ရိုက်မယ် ဆိုတာကိုတော့ ဖော်ပြမထားပါ။
လောင်းကစား၊ ခိုးမှု၊ အရက်သောက်မှုတွေအတွက် ဒဏ်ငွေက ၅ သိန်းလို့ ဖော်ပြထားပါတယ်။
အမျိုးသမီးများ ဘာသာခြားယူမှုထက် ဒဏ်ကြေး ဆယ်ဆ သက်သာနေတာ တွေ့ရပါလိမ့်မယ်။
ဘယ်အဖွဲ့ ဘယ်ဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက်လဲ ဆိုတာကိုတော့ မသိရပါ။
ဒီကြော်ငြာဟာ ဒေသတချို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်နေပါတယ်။
ဒီလိုကြော်ငြာမျိုး ဘယ်လောက် ရှိမယ် ဆိုတာ မသိရပါ။
အကဲဖြတ်နိုင်ဖို့ ကြော်ငြာပုံကို ဖော်ပြလိုက်ပါတယ်။
.
ဒီကြော်ညာဟာ ဆရာတော်က သူတို့ဒေသကလူတွေကို တိုးတက်စေချင်လို့လမ်းညွန်ချက်ပေးတဲ့သဘောပါ။ မူဆလင်တွေကို တိုက်ခိုက်ပါ၊ မူဆလင်တွေဟာ မကောင်းတဲ့လူတွေပါလို့ မပြောပါဘူး။ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတွေ တော်တော်များများ မူဆလင် ယောက်ကျားတွေကို ယူပြီးတဲ့နောက်မှာ ဘုန်းကြီးတွေကိုတွေ့လို့ လက်အုပ်ချီတာကို မူဆလင် ယောက်ကျားလုပ်တဲ့မြင်လို့ တိရိစ္ဆာန်တကောင်လို မူဆလင် တမိသားစုလုံးက ဝိုင်းရိုက်တာကို ခံရတယ်ဆိုတာ မြို့တိုင်းရွာတိုင်းမှာ တွေ့နေရလို့ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတွေ အကာအကွယ်ပေးဖို့ ကြိုးစားတာပါ။
မြန်မာဗုဒ္ဓဘာသာ ယောက်ကျားလေးနဲ့ညားတဲ့ မူဆလင်မိန်းကလေးတွေ မှာ အဲဒီလိုဘာသာရေးအရညှင်းပန်းခံရတာ မရှိသလောက်နဲပါတယ်။ မြန်မာပြည်က ယဉ်ကျေးတဲ့ မူဆလင် အသိုင်းအဝန်းမှာတော့ ဒီလို နှိပ်စက်မှူ့က မရှိပါဘူး။ ပြသနာက ယဉ်ကျေးတဲ့ မူဆလင်က အရည်အတွက်နဲနေလို့ မြန်မာဗုဒ္ဓဘာသာအများစုက မူဆလင်ကို လူရိုင်းတွေ နိုင်ငံခြားသားတွေလို့ အထင်မှားကုန်ကြတာပါ။