လိပ်ကျွန်း လူသတ်မှုနဲ့ အဖမ်းခံရသူရဲ့ အသိုင်းအ၀ိုင်း ဖိအားပေးခြင်းခံနေရ

Monday, October 6, 2014

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိသျှ လူမျိုး နှစ်ဦး အသတ်ခံရမှုနှင့် စွပ်စွဲ ဖမ်းဆီးခံ ထားရ သည့် မြန်မာများနှင့် နီးစပ်သူများမှာ ထိုင်းအာဏာပိုင်များက ဖိအားပေးမှုများနှင့်ကြုံတွေ့ နေကြရ ကြောင်း သတင်းရသည်။ 



တရားခံဟု စွပ်စွဲ ခံထားရသူ နှစ်ဦးအနက် ကိုဝင်းဇော်ထွန်း၏ အကို ဖြစ်သူ ကိုနိုင်အား ရဲတပ်ဖွဲ့က ပြီးခဲ့ သည့် ရက် ပိုင်း အတွင်းတွင် ဖမ်းဆီး စစ်ဆေးကာ ၎င်း၏ တယ်လီဖုန်း၊ ပတ်စ်ပို့ စသည့် ပစ္စည်းများကို သိမ်းဆည်း ထားလိုက်သည့်အပြင် ၎င်း၏ အလုပ်ရှင်ကလည်း အလုပ်မှ ထုတ်ပယ်လိုက် ကြောင်းနီးစပ်သူ များ က ဧရာဝတီ ကို ပြောသည်။ 

“ကိုနိုင်ကို သူ့ညီနဲ့ပတ်သက်ပြီး ဖမ်းဆီ စစ်ဆေးတယ်၊ အပြစ်မရှိတော့ ပြန်လွှတ်ပေးလိုက်ပေမယ့် ပတ်စ်ပို့
တွေ၊ တယ်လီဖုန်း တွေကို ရဲတွေက အကုန်သိမ်းထားလိုက်တော့ အခုဘယ်မှ သွားလို့ မရတော့ဘူး 
ဖြစ်နေတယ်၊ အလုပ်ရှင်ကလည်း အလုပ် ထုတ်ပစ်လို့ အခု အလုပ်လိုက်ရှာနေတယ်”ဟု ကိုနိုင်နှင့်နီးစပ်သူ တဦးက ဧရာဝတီ ကို ပြောသည်။ 

ထိုလူသတ်မှုနှင့်ပတ်သက်၍ ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများသည် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ အမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ထွက်ပေါ်လာမည့် အဖြေကို စိတ်ဝင်တစား စောင့်ကြည့်နေကြ
ကြောင်း၊ ထို ကျွန်း ၌ အလုပ် လုပ်ကိုင်နေ သည့် အလုပ်သမားများ က ဧရာဝတီ ကို ပြောသည်။ 


 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved