Dance for Life ပါတီပွဲ ဖျော်ဖြေမှုပုံစံပြောင်းမည်

Tuesday, November 25, 2014



ပထမအကြိမ် Dance for Life ပါတီညမြင်ကွင်း (ဓာတ်ပုံ- စိုင်းဇော်/ ဧရာဝတီ)

 HIV/ AIDS ဝေဒနာသည်တွေကို ရည်ရွယ်လှူဒါန်းမယ့် ပရဟိတ ပါတီပွဲတခုဖြစ်တဲ့ Dance For Life ပါတီကို လာမယ့် ဒီဇင်ဘာလ ၆ ရက် စနေနေ့မှာ ပြုလုပ်သွားမှာပါ။

ဒီပွဲကို ရန်ကုန်မြို့ သိမ်ကြီးဈေး D ရုံ က 69 Club မှာ ပြုလုပ်ပါမယ်။

ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတကြိမ်တုန်းကတော့ ဇွန်သဉ္ဖာ၊ ဇာဇာထက်၊ ကဗျာကိုကိုတို့ရဲ့ Sexy အကအလှတွေနဲ့ လူသိများသွားတဲ့ ဒီပါတီပွဲဟာ အခုတခေါက်မှာတော့ အဆိုတော်တွေရဲ့ ဖျော်ဖြေရေးပုံစံ အနေနဲ့ပဲ သွားဖို့ရှိပါတယ်တဲ့။

“ရံပုံငွေပွဲဖြစ်လို့ အဆိုတော်တွေလည်း မေတ္တာနဲ့ လာဖျော်ဖြေပေးမှာပါ။ ဒီတခေါက်ပွဲပုံစံကတော့ အရင်တခေါက် ပုံစံမျိုးနဲ့ မတူတော့ပါဘူး။ ကွဲပါမယ်။ ပွဲပြီးသွားရင်လည်း ပထမတခါလိုပဲ HIV/ AIDS ဝေဒနာသည်တွေအတွက် သွားလှူ မှာပါ” လို့ စီစဉ်သူတဦးဖြစ်တဲ့ Lola က ပြောပါတယ်။

အဆိုတော်တွေအနေနဲ့ ဟဲလေး၊ ငယ်ဆူး၊ စစ်သွေး၊ ထွေးထွေး ၊ Show D & Zay Ya တို့ဖြစ်ပြီး မော်ဒယ်လ် ခင်မီမီကိုနဲ့ ဘေဘီမောင်တို့လည်း သီဆိုဖျော်ဖြေပေးကြမှာပါ။ အကအဖွဲ့အနေနဲ့ Girl’s Universal အဖွဲ့က ဖျော်ဖြေမယ်လို့သိရပါတယ်။

ဝင်ကြေးအနေနဲ့ ကျပ် တသောင်း သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်အနေနဲ့ ၀ယ်ယူမယ်ဆိုရင်တော့ ကျပ် ၆ ထောင် ပါတဲ့။ ပွဲချိန်ကတော့ ညနေ ၃ နာရီကနေ ည  ၁၀နာရီအထိပါ။

Sexy Model တွေရဲ့ Sexy အကတွေနဲ့ ပွဲဦးထွက် လူသိများခဲ့တဲ့ Dance for Life ပါတီပွဲ ဒီ တခေါက်လည်း ပွဲဆူဦးမလားဆိုတာ မကြာမီ လာမည် မျှော်လို့ပဲ ပြောထားပါရစေ။

1 comments :

  1. Anonymous said... :

    Seriously.. for HIV? Shame.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved