မော်ဒယ်နှစ်မျိုးနဲ့ ရနိုင်မယ့် MG6 ကို စိတ်ဝင်စားမိတယ်

Wednesday, November 19, 2014

.





 ပြီးခဲ့တဲ့ရက်ကပဲ ဟံသာဝတီ အဝိုင်းနားက LS Auto ကို သွားပြီး ကားသွားကြည့်ဖြစ်တယ်၊ ဝယ်မလို့တော့ မဟုတ်ပါဘူး၊ ဝယ်လည်း မဝယ်နိုင်သေးပါဘူးဗျာ။
နည်းနည်းလောက် လေ့လာရေးသွားတယ်လို့ ဆိုရမှာပေါ့။ ဒီမှာ ကျနော့် စိတ်ကြိုက် မော်ဒ
ယ်လ်လေးတွေကို ကြည့်လာဖြစ်တော့ အခု ကျနော်က သူတို့အကြောင်း ပြန်ပြီး ဖောက်သည်ချမယ်ပေါ့။
 ဒီနေ့ ပြောမှာကတော့ MG6 အကြောင်း၊ သူက MG3 ပြီးရင် ကျနော့်အကြိုက်ဆုံး မော်ဒယ်လ်တခုပါ။ ကဲ ... နေရာလည်း နည်းနည်းပဲဆိုတော့ MG6 အကြောင်းပဲ ဆက်ရအောင်ပါ။

အရင်ဆုံး ဒီဇိုင်းပိုင်းကို ပြောချင်ပါတယ်။ Fast-back တန်းဝင် မော်ဒယ်ပါ။ ဒါပေမယ့် သူက လက်ရှိ ပြည်တွင်းမှာ လူကြိုက်များနေတဲ့  Honda Insight ကို ယှဉ်နိုင်ပါ့မလား။

ကျနော့်အမြင်ကတော့ ရုပ်ထွက်က Insight လောက် သိပ်မလှပါဘူး။ ဆီဒင်နဲ့ ဆင်တူပါတယ်။ နောက်ပြီး ဈေးနှုန်းမှာလည်း  Insight က ပိုပြီးချိုသာတော့ ဝယ်ချင်စရာပါ။
ဒါဆို အရင်ဆုံး ဒီဇိုင်းပိုင်းမှာတော့ MG6 က နည်းနည်း အားနည်းမယ်ပေါ့ဗျာ။

နောက်တချက် မော်ဒယ်၊ ခေါင်းစဉ်မှာ ကျနော်ပေးထားတာပဲ … မော်ဒယ်နှစ်မျိုးနဲ့ ရနိုင်မယ်လို့လေ။
 ဘယ်မော်ဒယ်တွေလဲ ဆိုတော့ ၂၀၁၃ ခုနှစ်ထုတ်နဲ့ ၂၀၁၄ ခုနှစ်ထုတ်မော်ဒယ်တွေ၊ သူတို့ကြားမှာ ဈေးက သိန်း ၂၀ လောက်ပဲကွာတယ် ပြောတယ်။
 ဒါပေမယ့် ရွေးချယ်နိုင်မှုတော့ ပိုလာတာပေါ့။
 ၂၀၁၄ မော်ဒယ် ကတော့ ပိုပြီး အဆင့်မြင့်တာ တွေ့ရပါတယ်။ ဒါက Feature ပိုင်းလောက်ကိုပဲ ပြောတာပါ။
အသေးစိတ် ပြောဖို့ရာတော့ Review ဆိုမှ အဆင်ပြေမှာဆိုတော့ အသေးစိတ် မပြောတော့ပါဘူး။

ရှေ့ဘက် ထိုင်ခုံစနစ်က အပူပေးစနစ် သုံးနိုင်တယ်။ ထိုင်ခုံဒီဇိုင်းတွေက Sport ပုံစံနဲ့ ဖန်တီးထားတယ်။ အင်ဂျင်က Alloy သားနဲ့ လာတယ်။
အင်ဂျင်ရဲ့ လည်ပတ်အား တမိနစ် အပတ်ရေ ၅,၅၀ဝ က ဆီစားနှုန်း နည်းစေမယ်။ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၆၂ လီတာဆိုတော့ နယ်ဝေးသွားလာမှုတွေ အတွက်ပါ အဆင်ပြေစေမယ်။
အသက်ကယ် လေအိတ်စနစ် ၆ လုံးထိအောင် တပ်ဆင်ထားတယ်။ နောက်ပြီး အရောင်ရွေးချယ်နိုင်မှု အပိုင်းက ၇ ရောင်ထိအောင် ရနိုင်တယ်၊
တကယ်လို့ Showroom မှာ ကိုယ်ကြိုက်တဲ့အရောင် မရှိသေးဘူး ဆိုရင်လည်း အချိန်တိုအတွင်း မှာယူပေးဦးမယ်ဆိုပဲ။ ဒါကတော့ Showroom ရဲ့ ဝန်ဆောင်မှုပါ။

အင်ဂျင်က ၁ ဒသမ ၈ လီတာသုံး ဆိုတော့  Fastback တစီးအတွက် မကြီးလွန်းပါဘူး။
Highway အတွက်လည်း လွယ်လင့်တကူ သွားနိုင်မှာဖြစ်သလို အမြန်နှုန်း စိတ်ကြိုက် မောင်းနှင်နိုင်မှုလည်း ပိုလာစေပါလိမ့်မယ်။
 နောက်ပြီး Top Speed ပိုင်းက Grade အပေါ်မူတည်လို့ အနည်းဆုံး ၁၈၈ မိုင်ကနေ ၂၀၅ မိုင်ထိအောင် ရမယ်ဆိုတာကတော့ တကယ်ကို ဆရာကျလွန်းပါတယ်။

ကားရဲ့ အလေးချိန်ကလည်း ကီလို ၁,၅၀ဝ ကျော်ရုံပဲဆိုတော့ ဥရောပထုတ် မော်ဒယ်တွေ ထဲမှာတော့ ပေါ့ပါးတဲ့ မော်ဒယ်တခုပါ။

ဘီးတွေကလည်း Alloy သားတွေနဲ့ လာပြီး ၁၆ လက်မနဲ့ ၁၇ လက်မ နှစ်မျိုးရပါလိမ့်မယ်။
 တခုတော့ရှိတယ်၊ ရှေ့ဆုံးမှာ ကျနော်က အားနည်းချက် အရင်ချရေးလိုက်တော့ မော်ဒယ်ကို သိပ်ပြီး စိတ်ကြိုက်မတွေ့ဘူး ထင်လိမ့်မယ်။
 ဒါပေမယ့် Brand New အနေအထား၊ Mileage က ကီလို ၃၀ ကို မကျော်သေးဘူးဆိုတဲ့ မော်ဒယ်ကတော့ ဝယ်မယ်ဆိုရင် ဝယ်ဖို့သင့်တဲ့ အနေအထားဖြစ်ပါတယ်။


လင်းထက် (IA)
MG6 အကြောင်းကို နိုဝင်ဘာ ၁၆ ရက်နေ့ထုတ်  The Irrawaddy ဂျာနယ်မှာ ဖော်ပြပြီးပါပြီ။
လင်းထက် (IA) ရဲ့ ကားအကြောင်း ဆောင်းပါးတွေကို http://blog.irrawaddy.org/search/label/Lin%20Htet%20%28IA%29 မှာ ဖတ်နိုင်ပါတယ်။

.

1 comments :

  1. Anonymous said... :

    MG was once a very well known british car maker, but it collapsed in 2005 and subsequently acquired by the Chinese automaker Nanjing Automobile (NAC), which was again acquired in 2007 by Shanghai Automotive Industry Corporation (SAIC). So, practically it is now a chinese company and even MG brand cars sold in Europe are pre-manufactured in China and shipped to UK for final assembly.

    So I like to point out that it is a UK brand, but manufactured in China.
    This type of car is called Hatchback, not Fastback.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved