ပြင်သစ် Charlie Hebdo နဲ့အတူ ရပ်တည်တဲ့ ဂျာမနီ သတင်းစာတိုက်တိုက်ခိုက်ခံရ

Tuesday, January 13, 2015



လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့က အပတ်စဉ်ထုတ် သရော်စာ မဂ္ဂဇင်း Charlie Hebdo ဋ္ဌာနချုပ်ကို အစွန်းရောက် မွတ်စလင် သေနတ်သမားတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် Charlie Hebdo မှာ ဖော်ပြခဲ့တဲ့ ကာတွန်းကို ထပ်မံ ပုံနှိပ်ဖော်ပြခဲ့တဲ့ ဂျာမနီနိုင်ငံက သတင်းစာတိုက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်ခံလိုက်ရပြန်ပါတယ်။ 

 ဂျာမနီ ဟမ်းဘွတ်သတင်းစာတိုက် အား မီးလောင်ဗုံးနဲ့ တိုက်ခိုက်အပြီးမြင်ကွင်း၊ ဓာတ်ပုံ-EPA

ပြင်သစ် Charlie Hebdo မဂ္ဂဇင်းနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဂျာမနီနိုင်ငံ ဟမ်းဘွတ်မြို့က Hamburger Morgenpost က သတင်းစာတိုက်ကို တနင်္ဂနွေ မနက်စောစောပိုင်းက မီးလောင်ဗုံးနဲ့ တိုက် ခိုက် ခံခဲ့ရကာ သတင်းစာ တိုက်အတွင်းရှိ အခန်း ၂ ခန်းတွင်းက ပစ္စည်းတချို့ မီးလောင်ပျက်စီးသွားပြီး မီးလောင်မှုကို အချိန်မီငြိမ်းသတ်နိုင်ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းက ဆိုပါတယ်။ 


ဂျာမနီသတင်းစာရဲ့ အယ်ဒီတာချုပ် Frank Niggemeier က ဟမ်းဘွတ်လို လွတ်လပ်မှုရှိပြီး အေးချမ်းတဲ့ မြို့ပေါ်မှာတောင် အခုလို တိုက်ခိုက်ခံရတာအတွက် သတင်းစာတိုက် ၀န်းထမ်းတွေအနေနဲ့ တုန်လှုပ် စရာဖြစ်ရတယ်လို့လည်း တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 




လူဦးရေ ၂.၄ သန်းနေထိုင်တဲ့ ဂျာမနီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဟမ်းဘွတ်မြို့က သတင်းစာတိုက် ကို မီး လောင်ဗုံးနဲ့ တိုက်ခိုက်ခံရချိန်မှာ ဂျာမနီရဲ့ အဓိပတိ အိန်ဂျလာမာခဲလ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး လူထု လမ်းလျှောက်ချီတက်ပွဲကို တက်ရောက်နေချိန်လည်းဖြစ်ပါတယ်။ 

အဆိုပါ သတင်းစာတိုက်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ယူဆကြပြီး လူ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိကြောင်းလည်း သိရပါတယ်။ 

Hamburger Morgenpost သတင်းစာတိုက်ကို တိုက်ခိုက်တဲ့ တရားခံတွေကိုလည်း ဂျာမနီ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ ဖမ်းဆီထားတယ်လို့လည်း သိရပါတယ်။ 

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ လူငယ် ၂ ဦးကို အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်လို့သံယယဖြစ်ပြီး ဖမ်းဆီးထားတယ်လို့လည်း ဆိုကြပါတယ်။ 

သတင်းစာတိုက် လုပ်ငန်းတွေကိုတော့ အယ်ဒီတာ အဖွဲ့က ဆက်လက်လည်ပတ်သွားမှာဖြစ်တယ်လို့လည်း သတင်းစာတိုက် ၀န်ထမ်းအဖွဲ့က ဆိုထားပါတယ်။ 

အခုလို ဂျာမနီနိုင်ငံ ဟမ်းဘွတ်မြို့က မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဂျာမနီနိုင်ငံအတွင်း အစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာနိုင်တယ်လို့ အေအက်ဖ်ပီက ဆိုပါ တယ်။ 


အိမ့်သံစဉ် ~ 


ကိုးကား သတင်း။   ။ Firebombing at German paper that ran Charlie Hebdo cartoons


1 comments :

  1. Anonymous said... :

    Look at this news article Aung Zaw , shame on you , another country journalist , they try to protect own country man , try to approved that they are stand beside with their country man , they are strong and brave , they not want donation money from terrorist from another side of world, for their profit and benefit. Aung Zaw you should learn from them , because of for you only money to collect from each side of story make money . You must learn from Frank Niggemeier , don't think of donation and popular always , do something for our country , also your fellow country man .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved