ဖိလစ်ပိုင် နဲ့ အမေရိကန် မကျေနပ်ပွဲ စက်တင်ဘာလထဲ ပြန်နွှဲဦးမလား

Tuesday, May 5, 2015


photo-theepochpochitmes.com

 ၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့က အမေရိကန် နိုင်ငံမှာ ရှင်ပြိုင်ထိုးသတ်ခဲ့ကြသည့် လက်ဝှေ့ပွဲတွင် ကမ္ဘာကျော် လက်ဝှေ့သမား နှစ်ဦးဖြစ်ကြသော ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီပတ်ကွီရို နဲ့ ပြိုင်ဘက် အမေရိကန်နိုင်ငံရဲ့ ရူံးပွဲမရှိ နံမည်ကြီးလက်ဝှေ့သမား မေဝယ်သာတို့ ယှဉ်ပြိုင်ကြရာမှာ အမှတ်ကွာခြားချက်အရ မေဝယ်သာက အနိုင်ရရှိခဲ့ပါတယ်။

တမ္ဘာလုံးက ကြည့်ရှု့ခဲ့ကြတဲ့ ဒီ ပြိုင်ပွဲကြီးမှာ  ပြိုင်ဘက်ကို ထိုးချက်ပေါင်းများစွာ မလွတ်တန်း ပရိသတ်အကြိုက် ထိုးပြနိုင်ခဲ့သော်လည်း ပတ်ကွီရိုကို အမှတ်ပေးဒိုင် ၃ ဦးစလုံးက ဆုံးဖြတ်ပေးလိုက်တဲ့ အမှတ်ကြောင့် လက်ဝှေ့ရုံတွင်းမှ ပရိသတ်များက မကျေနပ်ဘဲ အော်ဟစ်ပြောဆိုခဲ့ကြတာပါ။

 ဒိုင် ၃ ဦးရဲ့ အမှတ်ပေးချက်အရ ၁၁၈-၁၁၀ ၊ ၁၁၆-၁၁၂ ၊ ၁၁၆-၁၁၂ ဖြင့် မေဝယ်သာက အနိုင်ရရှိခဲ့ပါတယ်။

မန်နီပတ်ကွီရိုမှာ ဆက်တိုက်ထိုးချက် အကြိမ်ရေများပေမယ့် ပစ်မှတ်ထိချက်က မေဝယ်သာထက် လျှော့နည်းသောကြောင့် ရူံးနှိမ့်ခြင်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မန်နီပတ်ကွီရိုက ပွဲအပြီးအင်တာဗျုးမှာ မိမိ နိုင်ခဲ့တယ်လို့ ယူဆမိကြောင်း ပြောခဲ့ပါတယ်။ ရွှေခါးပတ်ရရှိတဲ့ မေဝယ်သာကတော့ လာမယ့် စက်တင်ဘာလအတွင်းမှာ နောက်တကြိမ် မန်နီပတ်ကီရိုနဲ့ ယှဉ်ပြိုင်ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ကဲ ဒီတခေါက် မကျေပွဲကတော့ ဘယ်သူဗိုလ်ဆွဲလေဦးမလဲ။






ငြိမ်းဇော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved