Showing posts with label နာရေး. Show all posts
Showing posts with label နာရေး. Show all posts

တောင်အာဖရိက ဘောလုံးအသင်းခေါင်းဆောင် သေနတ်နဲ့ပစ်သတ်ခံရ

Monday, October 27, 2014 0 comments

   တောင်အာဖရိကနိုင်ငံ အမျိုးသား  ဘောလုံးအသင်းခေါင်းဆောင်ဟာ အမည်မသိသေနတ်သမားတချို့ရဲ့ ပစ်ခတ်မှုကြောင့် မနေ့က သေဆုံး သွားပါတယ်။

 တောင်အာဖရိက အမျိုးသား ဘောလုံးအသင်းခေါင်းဆောင် ဆန်ဇို မရီဝါ၊ ဓာတ်ပုံ- The Independent

 
     တောင်အာဖရိက အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း၊ အသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသမား လည်းဖြစ်တဲ့ ဆန်ဇို မရီဝါ (Senzo Meyiwa ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ တောင် အာဖရိက ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ 

 သူ နေထိုင်ရာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းစ်ဘတ်မြို့နားက Vosloorus မြို့က နေအိမ်ထဲကို လူတစုဟာ တနင်္ဂနွေ နေ့ ည ၈ နာရီ လောက်က ၀င်ရောက်လာခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ ဆန်ဇို မရီဝါ သေ နတ် ဒဏ်ရာနဲ့ ဆေးရုံ ကို အရေးပေါ် ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တယ်လို့ တောင်အာဖရိက ရဲအရာရှိ တဦးက ဆိုထားတာကို အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

“သံသယရှိဖွယ် လူ ၂ ဦးက အိမ်ထဲကို ၀င်သွားတယ်၊ တယောက်က အပြင်မှာ ကျန်ခဲ့တယ်။ ပစ်ခတ်မှုတွေ
ဖြစ်ပြီး ၃ ယောက်လုံး ခြေလျင်ထွက်ပြေးသွားခဲ့တယ်” လို့ အဆိုပါရဲအရာရှိက ပြောထားပါတယ်။ 

အခုတော့ တောင်အာဖရိက ရဲတပ်ဖွဲ့က ဆန်ဇို မရီဝါ ကို ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူတွေကို ဖမ်းမိဖို့ ဆုငွေ အဖြစ် စတာလင် ပေါင် ၈၅၀၀ နဲ့ ညီမျှတဲ့ ငွေပမာဏနဲ့ ကြေညာထားပါတယ်။ 

အလားတူ ဆန်ဇို မရီဝါ သေဆုံးမှုကိုလည်း အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

တချို့ အတည်ပြုလို့မရတဲ့သတင်းတွေအရ ဆန်ဇို မရီဝါ ရဲ့ ချစ်သူမိန်းကလေးရဲ့ အိမ်ကို သူရောက်နေခိုက် လုယက် သူတွေက သူ့ဆီက ပစ္စည်းလုယူဖို့ ကြိုးစားစဉ်မှာ အပြန်အလှန်ပစ်ခတ်ရင်း ဆန်ဇို မရီဝါ ဟာ 
သေနတ်မှန်သေဆုံးတာ လို့လည်း ဆိုပါတယ်။ 

အခုဆို ဆန်ဇို မရီဝါ ရဲ့ ကစားဖော် သူငယ်ချင်းတွေ အားလုံး လည်း ဆုံးရှုံးမှုအတွက် ၀မ်းနည်းစကားတွေ ကို တွစ်တာ စတဲ့ လူမှု ကွန်ယက်တွေမှာ ရေးနေကြပါတယ်။ 


 အိမ့်သံစဉ် ~ 


 

.








စာရေး ဆရာ ဦးအောင်သင်း ကွယ်လွန်

Saturday, October 25, 2014 0 comments

စာရေး ဆရာ ဦးအောင်သင်း ဟာ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီ ကျော်က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ 

 ဆရာ ဦးအောင်သင်း၊ ဓာတ်ပုံ- Ko Aung Kyaw' Facebook

အသက် ၈၈ နှစ်အရွယ် စာရေး ဆရာ ဦးအောင်သင်းဟာ ဒီကနေ့မနက် ကျန်းမာရေး ဖောက်လာလို့ 
ဆေးရုံကို အရေးပေါ် ပို့ခဲ့ပေမယ့် ဆေးရုံရောက်ပြီး နာရီဝက်လောက်မှာပဲ ဆုံးပါး သွားခဲ့တာဖြစ်တယ်လို့ သားအငယ်ဆုံး ဖြစ်သူ ကိုအောင်မြိုင်သင်းက အတည်ပြု ပြောကြားပါတယ်။ 

အမှတ် ၄၆ ဓမ္မိက ဝတီ လမ်း စမ်းချောင်းမြို့နေအိမ်မှာ မိသားစု စုံညီစွာ စည်းဝေးတိုင်ပင်ပြီးတဲ့ အခါ ဈာပန ကို ဘယ်လို လုပ်ကြမယ်ဆိုတာ သိရမှာဖြစ်တယ်လို့လည်း သားဖြစ်သူ ကိုအောင်မြိုင်သင်းက ဆိုပါတယ်။ 

တသက်တာ စာပေဆုရှင်အဖြစ် သိပ္ပံမှူးတင်၊ ဆရာမ ဒေါ်ခင်ဆွေဦးတို့နဲ့ အတူ ဆရာဦးအောင်သင်းဟာ လက်ခံရယူခဲ့သူဖြစ်ပါတယ်။ 

စာပေလောကမှာ ထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ သမိုင်းမှတ်တိုင်တွေကို စိုက်ထူခဲ့သူတဦးဖြစ်ပြီး အထူးသဖြင့် လူငယ်များ အတွက် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ မှာကြားမှု၊ မြေတောင်မြှောက်ပေးမှုကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ 

ဦးအောင်သင်း ( ၁၉၂၇ - ၂၀၁၄) 


အိမ့်သံစဉ် ~











သခင်သိန်းမောင် ( ဝါးခယ်မ) ကွယ်လွန်

Monday, September 29, 2014 0 comments

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီး သခင် သိန်းမောင် ( ဝါးခယ်မ) အသက် ၉၆ နှစ်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ ညက ရန်ကုန်မြို့မှာ လူကြီး ရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက် သွားပါတယ်။ 



ပန်းချီ ပေါ်သိမ်း ကွယ်လွန်

Wednesday, August 27, 2014 0 comments

ပန်းချီကို မြတ်နိုးခင်တွယ်သူ ပန်းချီ ပေါ်သိမ်း ( ဦးပေါ်သိမ်း) အသက် ၆၇ နှစ် ဟာ သြဂုတ်လ ၂၆ ရက်နေ့ မှာ အမေရိကန် ပြည်ထောင်စု တက္ကဆတ် ပြည်နယ် Big Spring အရပ်တွင် ကွယ်လွန်အနိစ္စ ရောက်သွား တယ်လို့ နီးစပ်သူ တဦးက ပြောပါတယ်။ ပန်းချီပေါ်သိမ်းဟာ ရွှေဘိုနယ်က ဖြစ်ပြီး ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့ ပါတယ်။



ဒေါက်တာသန်းငြိမ်း ကွယ်လွန်

Wednesday, May 21, 2014 0 comments

 ~

 

အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ကို တည်ထောင်သူ ဒေါက်တာသန်းငြိမ်း ဒီမနက် ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။

 



ဦးသန်းတင် ကွယ်လွန်ခြင်း

Tuesday, February 18, 2014 0 comments

~


ဒီမိုကရေစီအရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးသန်းတင် မနေ့ညက ကွယ်လွန်းသွားကြောင်း သိရပါတယ်။ ဒီအကြောင်း 
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စာတစောင် ထုတ်ပြန်ထားတာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


 -
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က
ဦးသန်းတင် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း မှတ်တမ်း
=================================
 -
  ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူ (ဦး)သန်းတင် (ခေါ်) ကိုကြီးသန်းသည် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိကြရပါသည်။

(ဦး)သန်းတင်သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလ ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (မကသဖ) တွင် ပြန်ကြားရေး၊ ပုံနှိပ်ထုတ်ဝေရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အရေးအခင်းအပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(မကသ) တွင်လည်း ဆက်လက်တာဝန်ယူခဲ့ပါသည်။ ထိုသို့ တာဝန်ယူစဉ် ကာလများတွင် တပ်မတော် ထောက်လှမ်းရေး၏ ဖမ်းဆီး၊ စစ်ဆေးမေးမြန်း၊ နှိပ်စက်မှုများကို ၂ ကြိမ် ခံခဲ့ရသည်။

(ဦး)သန်းတင်သည်
၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သော "၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့" တွင် စတင်ဖွဲ့စည်းစဉ်မှ စ၍ ဆက်တိုက်ပါဝင်ခဲ့ပြီး နိုင်ငံရေးကျပ်တည်းမှုကာလ ၂၀၀၆ - ၂၀၀၇ ခုနှစ် များ၌ ၈၈မျိုးဆက်ကျောင်းသားများ ပြုလုပ်ခဲ့ကြသည့် Prayer campaign , Signature campaign , White campaign စသည့် လှုပ်ရှားမှုများတွင် ရှေ့တန်းမထွက်ခဲ့ဘဲ နောက်တန်းမှ အလုံးစုံ အနီးကပ် ကူညီဖြည့်ဆည်းပေးသွားသူ တစ်ယောက်ဖြစ်သည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မရှေးမနှောင်း ဆိုသလိုမှာပင် အဖမ်းဆီးခံ ခဲ့ရသည်။
၎င်းနောက် ၂၀၀၈ ခုနှစ် တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

လွတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း ၈၈မျိုးဆက်တို့၏ လှုပ်ရှားမှုများတွင် အကြံပြုရင်း ဆက်လက်ပါဝင်ခဲ့သည်။

(ဦး)သန်းတင်သည် ၂၀၁၃ ခုနှစ်တွင် ကျန်းမာရေး အရ နိုင်ငံရေးလုပ်ငန်းများမှ အနားယူခဲ့ပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့သည်။

ထို့နောက်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံ၌ အသည်းကင်ဆာ ဝေဒနာဖြင့် တက်ရောက်ကုသနေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

"၈၈မျိုးဆက်ကျောင်းသားများ" အဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကတည်းက ပါဝင်ခဲ့ပြီး နောက်တန်းမှ အစဉ်တစိုက် ပန့်ပိုးကူညီပေးခဲ့သည့် ကိုသန်းတင် (ခေါ်) ကိုကြီးသန်း ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အထူးဝမ်းနည်းကြေကွဲမိကြရပါသည်။
 



.


AK 47 တီထွင်သူ ကွယ်လွန်

Tuesday, December 24, 2013 0 comments

~


  ကမ္ဘာကျော် AK 47  အမျိုးအစား သေနတ် တီထွင်သူ တနင်္လာနေ့က ကွယ်လွန်သွားပါပြီလို့ နိုင်ငံတကာသတင်းတွေမှာ ရေးကြပါတယ်။
သူ့အမည်က Mikhail Kalashnikov ဖြစ်တယ်၊ အသက် ၉၄ နှစ် ရှိပြီလို့ ဆိုတယ်။ 
 


နယ်ဆင်မန်ဒဲလားရဲ့ ဈာပန ( ရုပ်/သံ)

Monday, December 16, 2013 0 comments

တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားရေး တိုက်ဖျက်ရေး ခေါင်းဆောင်၊ တောင်အာဖရိက သမ္မတ
ဟောင်း ကွယ်လွန်သူ နယ်ဆင်မန်ဒဲလားရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့တဲ့ Qunu ကျေးရွာမှာ မနေ့က သဂြိုလ်ပြီးသွားပါပြီ။ 


လက်ရှိ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကလည်း ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲသူရဲကောင်းကြိး မန်ဒဲလားကို ဥာဏ်အမြော်အမြင်ကြီးမားသူအဖြစ် ချီးမွမ်းဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ 

၂၁ ရာစုမှာ အကြီးကျယ်ဆုံး ဈာပန အခမ်းအနား တခုဖြစ်ပြီး နိုင်ငံတကာ သမ္မတတွေ၊ သမ္မတဟောင်း
တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားသူတွေ စုံစုံလင်လင် တက်ရောက်ကြပါ တယ်။ 

ရိုက်တာသတင်းဌာနက တင်ပြသွားတဲ့ နောက်ဆုံး ဈပန ရုပ်/သံကို ဂုဏ်ပြုကြည့်ရှုနိုင်ပါတယ်။

  




အိမ့်သံစဉ် ~ 





ကွယ်လွန်သူ သတင်းထောက် မိုးသူအောင်

Tuesday, November 26, 2013 0 comments

~


 


မကြာသေးခင်က ကွယ်လွန်သွားတဲ့ သတင်းထောက် မိုးသူအောင် နာရေးကြော်ငြာကို သတင်းစာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။  



မိုးသူအောင်အကြောင်း တစေ့တစောင်း ရေးသားထားတဲ့ မှတ်ချက်ကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။
Facebook မှာ
သူ့မိတ်ဆွေ သတင်းသမား Thiha Thwe  ရေးထားတာတွေထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
မိုးသူအောင်ဆိုတာ ၊ ပဲခူးတိုင်း နတ္တလင်းမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်း တွေဖြစ်တုန်း ၊ သတင်းယူပြီး အပြန် ၊ အကာကွယ်မဲ့၊အကူအညီ မဲ့ဖြစ်ပြီး အသက်အန္တရယ် ပါရင်ဆိုင်နေ ရတဲ့ မွတ်စလင် အမျိုးသားတစ်ယောက်ကိုသူ့ ကားပေါ်မှာ ဖွက်ပြီးဘေးလွတ်ရာအထိခေါ်လာပေးခဲ့တဲ့ ဗုဒ္ဒ္မဘာသာ လူငယ်သတင်းထောက်ကလေးပေါ့ကွာ။
သူ့ အတွက်လည်း အန္တရယ်မကင်း မှန်းသိပေမယ့် အရွယ်လေးနဲ့ မလိုက်အောင် လူသားဆန်ပြီး စာနာစိတ်၊ ကူညီလိုစိတ်ပြင်းထန်လို့ ၊ သူသူ ကိုယ်ကိုယ် မလုပ်ရဲတဲ့ အလုပ်ကို ရဲရဲ ဝင့်ဝင့်သူလုပ်ခဲ့လို့ ညီမ ကိုယ်တိုင် ကျေးဇူးတင်ပါတယ် အကို လို့ ပြောခဲ့ တဲ့ ညီလေးပေါ့ ။
ဗမာလူမျိုး၊ ဗုဒ္မ္ဂဘာသာ၊ သတင်းထောက်စစ်စစ် ၊ အသက် ၂၃နှစ် ပဲရှိသေးတယ်။
မိုးသူအောင်က သူ့Facebookမှာ  နောက်ဆုံး ရေးသွားတာက ဒီလိုပါ...
လာမယ့် သုံးရက်အတွင်းကိုနေ့စဉ်ပုံမှန်အလုပ်
သုံးရက်ကြာတရားပွဲ
နိုင်ငံခြားသား ခရီးစဉ်
အသိတစ်ယောက်ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲနဲ့
အခုမှပြုံကျလာတာခက်တယ် ခက်တယ်။
ဒီကြားထဲသတင်းတွေက ထူးနေတော့ ခက်ပါ့ဗျဲာ

အဲဒီ ဒိုင်ယာရီဆန်ဆန် နောက်ဆုံးရေးသားချက်ကို ဖေ့စ်ဘုတ်မှာ မှတ်ချက် ၂ဝဝ လောက် ပေးထားတာ တွေ့ရပါတယ်။



.


ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ကွယ်လွန်

Monday, November 25, 2013 0 comments

ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ( အသက် ၈၄ နှစ်) သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။ 

 ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်/၈၈

နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား မြန်မာ့သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်သည့်အနေဖြင့် အဓိက ပံ့ပိုးတည်ထောင်ခဲ့သူများထဲက တဦးအပါအ၀င်ဖြစ်သည်။ ထို့အပြင်နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး အကြိမ်ကြိမ် ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ် သည်။ 

၁၉၇၀ ခုနှစ်ကျော်ကာလ ဦးနု၏ ပါလီမန် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး CRDP အဖွဲ့တွင် ပါဝင် ခဲ့ပြီး ပြည်ချစ်လူငယ်များ အစည်းအရုံးခေါင်းဆောင်တဦးလည်းဖြစ်သည်။ 

ထိုစဉ်က ပြည်ချစ်လူငယ်များ အသံလွှင့်ဌာနတွင် သတင်း၊ သတင်းသုံးသပ်ချက်များကို ၀ါရင့်နိုင်ငံရေး သမား ဦးသုဝေနှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ 

ကွယ်လွန်သူ ဦးထွေးမြင့်၏ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ညနေ(၄း၀၀) နာရီအချိန် တွင် ရေဝေး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။  

ဦးထွေးမြင့်၏ မိသားစု အိမ်လိပ်စာမှာ အိမ်အမှတ် (၂၂၇၉)၊ ဟေမာဂနိုင်လမ်း၊ မင်းကွန်းတောရ အလယ်
ပေါက်၊ အင်းစိန်၊ ဘို့ကုန်း ရပ်ကွက် ဖြစ်ပါတယ်။ 


ဆက်စပ်သတင်း 


ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်





အင်အား အယ်ဒီတာချုပ် စစ်ကိုင်းကြည်ညွန့် ကွယ်လွန်

Friday, November 8, 2013 0 comments

~


အင်အား အယ်ဒီတာချုပ် ဦးကြည်ညွန့် မနေ့တုန်းက ရန်ကုန်မြို့မှာ ကွယ်လွန်သွားတယ်လို့ ဒီကနေ့ထုတ် သတင်းစာနာရေးကြော်ငြာတခုမှာ ဖော်ပြထားပါတယ်။


လွှတ်တော်ကိုယ်စားလှယ် ဦးကြည့်မြင့် ကွယ်လွန်

0 comments


~


 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကြာသပတေးနေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။
 



ကာတွန်းဆရာကြီး ဦးအောင်ရှိန် ဈာပန

Saturday, November 2, 2013 0 comments


~


 

ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ သောကြာနေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာမှာ မိသားစု ဆွေမျိုးများ၊ မိတ်ဆွေများ၊ စာပေလောကသားများ တက်ရောက်ကြပါတယ်။

  ဆရာကြီးက အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။


စာနယ်ဇင်းဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း ကွယ်လွန်

Thursday, October 17, 2013 0 comments

~


ဦးစိန်ဝင်း (ဂါးဒီးယန်း)
Kyodo News
အသက် (၉၂) နှစ်၊
ကျောင်းကုန်းမြို့



ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်

Monday, September 30, 2013 0 comments

ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင်
( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။ 


 
ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက်ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား လူမှု ဆက်ဆံရေး ချောမွေ့ပြေပြစ်မှု ရှိလာပြီး အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာတွေကလည်း လူအများသိကြပါတယ်။ 

ဆရာကြီးဟာ ၀ိပဿနာ သုတေသန စင်တာကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခေါင်းကိုက် ဝေဒနာ စွဲကပ်ရာက ဆရာကြီး ဦးဘခင်ထံ တပည့်ခံခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ပြီး တရား ဓမ္မများ ကို ပြန်လည် မျှဝေဟောပြောပို့ချလာခဲ့တာ ကွယ်လွန်အချိန်ထိ ဖြစ်ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ အင်္ဂလိပ်၊ ဟိန္ဒိ ဘာသာတွေနဲ့ စာရေးခြင်း၊ ကဗျာ ရေးခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆယ်ရက် ၀ိပဿနာ သင်ခန်းစာ ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာအနှံ့ လူသိများပါတယ်။ မကြာသေးမီကပဲ အိန္ဒိယနိုင်ငံက အရပ်သားဆိုင်ရာ တတိယမြောက်အမြင့်ဆုံး ဖြစ်တဲ့ Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်သွားခြင်းဟာ ဗုဒ္ဓဘာသာ စစ်စစ် ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုကြီး တခုလည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved