Showing posts with label Sai Zaw. Show all posts
Showing posts with label Sai Zaw. Show all posts

ဂျပန်-မြန်မာချစ်ကြည်ရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ ကျင်းပ

Monday, December 8, 2014 0 comments


ဂျပန်နိုင်ငံနဲ့  မြန်မာနိုင်ငံတို့ရဲ့ ချစ်ကြည်ရေးတည်ဆောက်မှု နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ ရွှေထွဋ်တင်ကွင်းမှာ ဒီဇင်ဘာလ(၆)ရက်နေ့နှင့်(၇)ရက်နေ့ညတွေက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ အဲ့ဒီ ပျော်ပွဲရွှင်ပွဲမှာ ဂျပန်ရိုးရာအစားအစာတွေ၊ မြန်မာ့ရိုးရာအစားအစာတွေကို စတုဒီသာကျွေးမွေးခြင်း ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားခြင်း အစီအစဉ်တွေ ရိုးရာဖက်ရှင်ပြသခြင်း ၊ တေးဂီတဖျော်ဖြေတာတွေကို ပြုလုပ်ခဲ့ပြီး  အထူးအစီအစဉ်အနေနဲ့ ဂျပန်နိုင်ငံက နာမည်ကြီးဗုံတီးအဖွဲ့ DRUM TAO က ဖျော်ဖြေတဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲကို  ပရိတ်သတ်ထောင်ပေါင်းများစွာလာရောက်အားပေးခဲ့ကြပါတယ်။

(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
























ပုဂံမှာ တင်ဆက်နေတဲ့ ကမ္ဘာအဆင့်မီ Dandaree Show

Monday, November 17, 2014 0 comments

-




ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့တဲ့  အနော်ရထာမင်းရဲ့ ရွှေနန်းတော်ကြီးအတွင်း ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပုံကို  တင်ဆက်ပြသနေတာကတော့ ပုဂံမြို့ နန်းတော်ရာမှာ ဖြစ်ပါတယ်။

 

  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)

ကိုရီးယားအလုပ်ရှင်ထွက်ပြေးတဲ့စက်ရုံမှာ အလုပ်သမားတွေ လစာရကြပြီ

Saturday, October 18, 2014 0 comments





ရန်ကုန်မြို့ပြင်ရှိ ကိုရီးယားအလုပ်ရှင်ထွက်ပြေးသောစက်ရုံမှ  ပစ္စည်းများကို လေလံတင် ရောင်းချပြီး  ထိုစက်ရုံတွင် လုပ်ကိုင်ခဲ့သူများအတွက်   လစာနှင့် နစ်နာကြေးများ ကို ယနေ့ ပေးအပ်လိုက်သဖြင့် အလုပ်သမားများ ကျေနပ်သွားကြသည်။

 


  • (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)


ရန်ကုန်၏သက်တမ်းအရင့်ဆုံးဘုရားကျောင်းနှင့် အပြာရောင်ကမ္ဗည်းပြား

Wednesday, October 1, 2014 0 comments


 ~



ရန်ကုန်မြို့ဘာသာရေးအဆောက်အအုံများအတွက် ပထမဆုံးသော အပြာရောင်ကမ္ဗည်းပြားကို ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းရှိ  အာမေးနီးယန်းဘုရားကျောင်းတွင်  ဗုဒ္ဓဟူးနေ့က တပ်ဆင်သည့် အခမ်းအနားသို့ ရန်ကုန်တွင် ရောက်နေသည့်   အာမေးနီးယန်းဂိုဏ်းချုပ်ဆရာတော်ကြီး Karekin II လည်း တက်ရောက်ခဲ့သည်။

 


  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)


PR စနစ် တင်သွင်းသူ ဦးအောင်ဇင်ကို ပုဇွန်တောင်မှာဆန္ဒပြ

Monday, September 29, 2014 1 comments


 ~



 

ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့် ဦးအောင်ဇင်ကို သူ၏
ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်များက စနေနေ့တွင် ကန့်ကွက် ဆန္ဒပြကြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင်   ကြံ့ခိုင်ရေးပါတီကို မနှစ်သက်ကြသောကြောင့် သူ့ကို မဲပေး ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ရာနှင့်ချီသော ဒေသခံတို့က ပုဇွန်တောင်မြို့နယ်အတွင်း လှည်လည် ဆန္ဒပြကြသည့် မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါသည်။

  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ) 
 

.

ငြိမ်းချမ်းရေးနေ့ ရန်ကုန်မှာ လမ်းလျှောက်ခြင်း

Sunday, September 21, 2014 0 comments

 ~





  စက်တင်ဘာ ၂၁ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့မှာ လှုပ်ရှားမှု အပြား ရှိနေပါတယ်။

လှုပ်ရှားမှုများထဲက စီတန်းလမ်းလျှောက်ပွဲမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 လမ်းလျှောက်သူတွေက စစ်ပွဲများရပ်ဆိုင်းရေး၊  ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ဟစ်ကြွေးတောင်းဆိုခဲ့ကြပါတယ်။

ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ No F***ing War ဆိုတဲ့ ဆိုင်းဘုတ်လည်း ပါဝင်တာ တွေ့ရပါတယ်။

(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)

 



.

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အကြိုလှုပ်ရှားမှု

0 comments

 ~





ရန်ကုန်မြို့၊ ပြည်လမ်း  ယုသဒန်ခန်းမမှာ စနေနေ့မနက်က     ဟောပြောမှု၊ တေးသီချင်းဖျော်ဖြေမှု၊ ကျပန်းစကားပြောပြိုင်ပွဲတွေ ပြုလုပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကြိုဆိုခဲ့ကြပါတယ်။

(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)


ဆက်စပ်သတင်း

     အထူးခြားဆုံးဘောလုံးပွဲ အောင်ဆန်းကွင်းမှာ အခမဲ့ ကြည့်ရမယ်
http://blog.irrawaddy.org/2014/09/blog-post_811.html

 



.

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved