Showing posts with label Tayza Hlaing. Show all posts
Showing posts with label Tayza Hlaing. Show all posts

အမျိုးသားပညာရေးဥပဒေဖျက်သိမ်းရန် မန္တလေးတွင်ဆန္ဒပြ

Thursday, November 27, 2014 0 comments


.




အမျိုးသားပညာရေးဥပဒေဖျက်သိမ်းပစ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို ဒီနေ့ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။ မြင်းခြံခရိုင်၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ မိတ္တီလာ ခရိုင် မုံရွာခရိုင်နဲ့ မန္တလေးခရိုင်က ကျောင်းသားသမဂ္ဂအဖွဲ့ ဝင် ၅၀ ကျော်ခန့် နဲ့ မြို့ ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ ပါဝင်ခဲ့ကြပြီး  မန္တလေးမြို့တော်ခန်းမရှေ့ ၂၆ ဘီလမ်းပေါ်တွင် ညနေပိုင်းအထိ ထိုင်သပိတ်ဆင်နွဲမယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ  - တေဇလှိုင်/ဧရာဝတီ)




.

စစ်ကိုင်း၊ ပလိပ်၊ မန္တလေးအလုပ်သမားများ စက်မှုဇုန်မှာဆန္ဒပြ

Monday, November 24, 2014 0 comments

.



စစ်ကိုင်း၊ ပလိပ်၊ မန္တလေးက အလုပ်သမားသမဂ္ဂ အဖွဲ့ ဝင်များ တနင်္ဂနွေနေ့ မနက်က မန္တလေးစက်မှုဇုန်မှာ ဆန္ဒပြရာမှာ အာဏာပိုင်တို့က  ဆန္ဒပြနိုင်မယ့်အရေအတွက်ကို အင်အား ၂၀၀ ခွင့်ပြုခဲ့ပါတယ်။  


မန္တလေးရဲ့ ပထမဆုံးသော Kpop စင်တင်ဖျော်ဖြေပွဲ

Sunday, September 28, 2014 0 comments


 ~




 သောကြာနေ့ည မန္တလေးမှာ Kpop စင်တင်ဖျော်ဖြေပွဲ တင်ဆက်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ မန္တလေးရဲ့ ပထမဆုံးသော အတွေ့အကြုံပါပဲ။

 


ဦးသိန်းစိန် သမ္မတ တာဝန် ၅ နှစ် ထပ်ယူပါ

Wednesday, September 24, 2014 3 comments


 ~




ဒီနေ့ ဗုဒ္ဓဟူးနေ့ မန္တလေးမြို့ ၆၂ လမ်း ပြည်သူ့ ဟစ်တိုင်ကွင်းမှာ တွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲကတော့ အင်မတန် ထူးခြားတယ်လို့ ဆိုရပါမယ်။
သမ္မတဦးသိန်းစိန်ကိုထောက်ခံတဲ့  ဆန္ဒပြပွဲ ဖြစ်နေလို့ပါပဲ။

သူတို့ ဟာဘယ်အဖွဲ့ အစည်းဘယ်နိုင်ငံရေးပါတီကမှ မဟုတ်ဘဲ သာမန်ပြည်သူတွေဖြစ်တယ်၊ သမ္မတဦးသိန်းစိန်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ
အောင်မြင်နေတာကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်

တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိန်မင်းက ပြောပါတယ်။

လူအင်အား ၁၀၀ ခန့် နဲ့ဆန္ဒပြခဲ့ ကြတာပါ။

ကြွေးကြော်သံတွေကို နားထောင်ရင်တော့ ဦးသိန်းစိန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး သမ္မတကြီး လို့ သဘောပေါက်မိကြပါလိမ့်မယ်။

 ဦးသိန်းစိန် သမ္မတ တာဝန်  ၅ နှစ် ထပ်ယူပါ ဆိုတဲ့သဘော ကြွေးကြော်တာလည်း ကြားရပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုထောက်ခံအားပေးနေတာ ...  သမ္မတဦးသိန်းစိန်၊
နိုင်ငံရေးအကျဉ်းသားများကို  အကြိမ်ကြိမ်လွှတ်ပေးနေတာ ...  သမ္မတဦးသိန်းစိန်၊

တောင်သူလယ်သမားများ မြေယာပြသနာများ ဖြေရှင်းပေးနေတာ ...  သမ္မတကြီးဦးသိန်းစိန်၊
ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေးနေတာ  သမ္မတကြီး ဦးသိန်းစိန်၊

သမ္မတကြီးဦးသိန်းစိန်နိုင်ငံတော်ကို ဆက်လက်ဦးဆောင်ပေးရေး ... ဒို့ အရေး

စတဲ့ ကြွေးကြော်သံများ ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူများထဲမှ အမျိုးသမီးတချို့ကလည်း မိမိတို့ ထောက်ခံမယ့်သူရဲ့နာမည် ဘယ်သူလဲ ဆိုတာကို အချင်းချင်း မေးနေကြတာလည်းတွေ့ ခဲ့ရပါတယ်။

ဦးသိန်းစိန်ကို အမှန်တကယ် ထောက်ခံကြတာလို့ ယူဆသူ ရှိသလို တချို့ကလည်း ဒါဟာ   အရွဲ့တိုက်နေကြတာ ဖြစ်နိုင်တယ်လို့ ဆိုသူလည်း ရှိပါတယ်။ 

(ဓာတ်ပုံ-တေဇလှိုင်/ဧရာဝတီ)




ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုတဲ့ စံ-ဇာဏီဘိုရဲ့ဟောကိန်း
http://blog.irrawaddy.org/2014/01/blog-post_2.html    
 




.

ရွှေကြက်ယက်ရွှေကြက်ကျဘုရား လှေဦးတိုက်လှေပြိုင်ပွဲ

Tuesday, September 16, 2014 0 comments


 ~


 
နှစ်စဉ် နှစ်တိုင်း တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှာ တွေ့ရမြဲဖြစ်တဲ့ အမရပူရမြို့နယ် ရွှေကြက်ယက် ရွှေကြက်ကျစေတီတော် လှေဦးတိုက်ပွဲနဲ့ လှေပြိုင်ပွဲကို ဒီနှစ်မှာလည်း ကျင်းပပါတယ်။

ရွှေကြက်ယက်ကျေးရွာအုပ်စု ဒေသခံတို့ရဲ့  လှေလှော်အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)

.

မန္တလေး ယဉ်ကျေးမှုတက္ကသိုလ် ဘွဲ့ယူစွမ်းရည်ပြသပွဲ

Sunday, September 7, 2014 0 comments


 ~



 
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ရဲ့ ၂၀၁၃-၁၄ ပညာသင်နှစ် ဒသမအကြိမ်မြောက် ဘွဲ့ယူစွမ်းရည်ပြသပွဲ၊ ပန်းချီပန်းပုလက်ရာမွန်ပြပွဲ၊ ဂီတသဘင် စင်တင်တင်ဆက်ပွဲကို မန္တလေးမြို့အမျိုးသားဇာတ်ရုံမှာ တနင်္ဂနွေ နေ့လယ်က ကျင်းပခဲ့ပါတယ်။


အစဉ်အလာမပျက်တဲ့ တောင်ပြုန်းပွဲ

Saturday, August 9, 2014 1 comments

 ~




  အစဉ်အလာမပျက် ကျင်းပခဲ့ကြတဲ့ တောင်ပြုန်းပွဲတော်ကြီး စတင်နေပါပြီ။
  • (ဓာတ်ပုံများ - တေဇလှိုင်/ ဧရာဝတီ)


အဓိကရုဏ်းအလွန် ပြန်လည် တည်ငြိမ်သွားသည့် မန္တလေး

Wednesday, July 2, 2014 0 comments

 ~






မန္တလေး   ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁  ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ  မော်တော်ယဉ် ၁၀ စီးနှင့်  ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရသည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင်မူ အခြေအနေများ ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ယနေ့ မန္တလေးမြို့ မြင်ကွင်းများကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် တဦးဖြစ်သည့် တေဇလှိုင်က မှတ်တမ်းတင်ထားပါသည်။

 


 



.

ဇူလိုင် ၁ ရက်နေ့ညပိုင်း မန္တလေးမြို့ အဓိကရုဏ်း

1 comments

~
    

အထက်အမိန့် စောင့်ဆိုင်းနေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ
(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)

ပန်းပျိုးသူများရဲ့စာသင်ဝိုင်း

Saturday, June 28, 2014 1 comments

 ~





မန္တလေးမြို့ လမ်းဆုံလမ်းခွ၊ မီးပွိုင့် တချို့ မှာ  ပန်းရောင်းကြတဲ့ ကလေးငယ်တွေ၊ လက်ဖက်ရည်ဆိုင်မှာ  အလုပ်လုပ်ကြတဲ့ ကလေးတွေကို စာသင်ပေးနေတာကတော့ ပန်းပျိုးသူများစာသင်ဝိုင်း ဖြစ်ပါတယ်။
 


မန္တလေးမှာတွေ့ရမယ့် ရွှေမန်းတင်မောင်ကြေးရုပ်

Wednesday, June 18, 2014 0 comments

 ~


 
   ~
မြန်မာ့ဇာတ်သဘင်လောကမှာ လက်ဝဲသုန္ဒရဇာတ်ထုပ်၊ ဗုဒ္ဓဝင်ဖွားတော်မူခန်း၊ လေးတော်တင်ခန်း၊ တောထွက်ခန်းစတဲ့ ဇာတ်တော် ကြီးများနဲ့ အောင်မြင်ထင်ရှားခဲ့တဲ့ အလင်္ကာ ကျော်စွာ  ရွှေမန်းတင်မောင် ပုံတူ ကြေးရုပ်ထုကို  မန္တလေးမြို့လယ်မှာ တွေ့နေရပါပြီ။ မန္တလေးမြို့ အမျိုးသားကဇတ်ရုံကြီးမှာပါ။

ရွှေမန်းသဘင် မျိုးဆက်များက ဦးဆောင်ပြီး ဇွန် ၈ ရက်နေ့က ကြေးရုပ်ထု ဖွင့်ပွဲ ပြုလုပ်ခဲ့တာပါ။

အဲဒီ အမျိုးသားကဇာတ်ရုံကြီးမှာ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ၊ နန်းတော်ရှေ့ ဆရာတင်၊  လေဘာတီမမြရင်၊ အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည် စတဲ့ သဘင်နဲ့ ဂီတပညာရှင်ကြီးများရဲ့ ကြေးရုပ်ထုတွေ့ ကိုလည်းတွေ့ မြင်ရပါတယ်။

(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)

 


ရွာစားကြီးစိန်ဗေဒါ ကြေးရုပ်
လေဘာတီမမြရင် ကြေးရုပ်
နန်းတော်ရှေ့ဆရာတင် ကြေးရုပ်
ဒေါ်စောမြအေးကြည် ကြေးရုပ်

ရွှေမန်းတင်မောင် ကြေးရုပ်တုကျောက်စာတိုင်ကို အမွှေးနံ့ သာ ပက်ဖျန်း ဂါရဝပြုနေတဲ့
ရွှေမန်းသဘင်မျိုးဆက်တဦင်္း

လူမှုရေးအသင်းများ တောင်သမန်အင်းမှာ အမှိုက်ကောက်

Friday, June 6, 2014 0 comments

 ~




"...အမှိုက်ပုံး အလုံအလောက် ထားဖို့အတွက်လည်း အာဏာပိုင်တို့ကို ပညာပေးဖို့ လိုအပ်မှာ အသေအချာပါပဲ..."

(ဓာတ်ပုံများ - တေဇလှိုင် / ဧရာဝတီ)

ပြည်သူချစ်သောအနုပညာသည်များစာအုပ် နှစ်ငါးဆယ်ပြည့်ပြီ

Wednesday, May 28, 2014 0 comments

 ~




စာရေးဆရာမကြီး လူထုဒေါ်အမာ  ရေးသားခဲ့ တဲ့ ပြည်သူချစ်သောအနုပညာသည်များစာအုပ်က နှစ် ၅ဝ သက်တမ်း ရှိလာပါပြီ။
 

  


ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်တို့ရဲ့အောင်ပင်လယ် ဟောပြောပွဲ

Sunday, May 18, 2014 0 comments



 ~




 ~
မန္တလေးမြို့  အောင်ပင်လယ်ကွင်းမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကြီးကို မန္တလေးနဲ့အနီးတဝိုက်က NLD ပါတီ ထောက်ခံသူ ထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။
NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်တို့က ဟောပြောခဲ့ပါတယ်။

NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့လည်း ဟောပြောကြပါတယ်။
တက်ရောက်လာတဲ့ ပရိသတ်အရေအတွက်က သုံးသိန်းကျော် ရှိတယ်လို့ NLD အွန်လိုင်းစာမျက်နှာတခုမှာ ရေးပါတယ်။

(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved