နှင်းတောထဲမှာ ဦးတေဇ ဆက် သောင်တင်

Wednesday, February 23, 2011


ရန်ပိုင်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁

ကချင်ပြည်နယ်ရှိ ရေခဲနေတဲ့ မဒွယ်တောင်ပေါ်မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ဦးတေဇ အပါအဝင် ၆ ဦးကို ကယ်ဆယ်နိုင်ဖို့ ဒီနေ့မှာ ထိုင်းနိုင်ငံကနေ ရဟတ်ယာဉ် ရောက်ရှိလာပေမယ့် ကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ မနက်ဖြန်မှသာ ကယ်ဆယ်နိုင်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ဒီနေ့ ရောက်ရှိလာတဲ့ အမြင့်ပေ ၁၂၀၀၀ အထိ ပျံသန်းနိုင်တဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ဟာ မန္တလေးမှာ ဆီဖြည့်ပြီး ပူတာအိုကို အရောက်ပျံသန်းခဲ့ပေမယ့် အချိန်မှောင်လာခြင်း၊ ဆင်းသက်ရန် ခက်ခဲခြင်းတို့ကြောင့် ချက်ချင်း မကယ်ဆယ်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလတ်တလောတော့ ပူတာအိုမှာ သူ့သားအကြီးဖြစ်သူ ဖြိုးတေဇကိုယ်တိုင် ဦးစီးပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်နေတယ်။ ဒီနေ့ နှင်းအရမ်းကျပြီး ရာသီဥတု သိပ်မကောင်းတဲ့အတွက် ဦးတေဇတို့ တောင်စောင်းပေါ်မှာပဲ ရှိနေတာကို ကယ်ဆယ်ရေး ရဟတ်ယာဉ်ပေါ်က မြင်နေရပေမယ့် ချဉ်းကပ်ဖို့ မလွယ်ဘူးပါဘူးတဲ့။

ဒါပေမယ့် ဖုန်းအဆက်အသွယ်ကတော့ ရနေပါတယ်။ ကျန်းမာရေးလည်း ကောင်းတယ်၊ အသံလည်း မာတယ်၊ ဒီနေ့မနက်မှာ ချပေးတဲ့ ရိက္ခာလည်း ရရှိကြောင်း သိရပါတယ်။

အရင်နေ့တွေကတော့ မီးဖိုလို့ မရဘူး၊ ဒီနေ့ပို့တဲ့ ပစ္စည်းတွေထဲမှာ လိုအပ်တာ အကုန်ပါသွားလို့ ဒီနေ့တော့ မီးဖိုလို့ရသွားပါပြီ။

တကယ်လို့ နှင်းကိုက်တာတို့ ဘာတို့ ကျန်းမာအခြေအနေက မဆိုးဘူးဆိုရင် မြန်မာပြည်မှာပဲ ကုပါမယ်။ ဆိုးရင်တော့ နိုင်ငံခြားကို ထွက်ကုရမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ လိုရမယ်ရ စင်ကာပူကို medical team လေယာဉ် လှမ်းမှာထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် နေပြည်တော်မှာ ဇာတ်ရှုပ်နေချိန် ဦးတေဇကိစ္စက ပေါ်လာတော့ စစ်ဗိုလ်ချုပ်တွေအဖို့ မြွေပူရာကင်းမှောင့် ဆိုသလို စိတ်အနှောင့်အယှက်ဖြစ်နေမလား။ နိုင်ငံခြားက လက်တွေ ဝင်လာမှာကိုလည်း သူတို့က ကြိုက်ပုံရမယ် မထင်ဘူး။

ဒီတော့ မနက်ဖြန် ဘာတွေ ဆက်ဖြစ်မယ်၊ ဘာတွေ ထူးမယ်ဆိုတာကို ဧရာဝတီက ဆက်လက် သတင်းပေးပို့သွားပါမယ်။

12 comments :

  1. Anonymous said... :

    မသေနိုင်သေးဘူးလား။

  1. Anonymous said... :

    အော် သူ ဒို့ များ ကြ ကု သို ကောင်းလိုက် ကြ တာ
    နာ ဂစ် တို့ ဂီ ရိ ဒို့ မှာ လူ တွေ ဒုတ် ခ ရောက် တုန်း က တော့ ပစ် စ လက် ခတ် ပဲ
    မဲ ပုန်း တောင် ထောင် လိုက် သေး

  1. Anonymous said... :

    တက်မယ့်တက် k2 တို့ annapurnaတို့ တက်။ ကျိန်းသေပေါက်နည်းပါးဘဲ။ ရှိသမျှစည်းစိမ်ပုံအော်တောင် လာကယ်နိုင်တဲ့သူ ဘယ်သူမှမရှိဘူး။

  1. Anonymous said... :

    နည်းတောင်နည်းသေးတယ်.....

  1. Anonymous said... :

    ဒါသူတို့တွေဝဋ်လည်ခြင်းအစပဲရှိသေးတယ်
    ချက်ခြင်းမသေသေးတာကောင်းတယ်
    ခုလိုမျိုးများများဖြစ်ပြီးမှ သူတို့သေရမှာ
    နည်းတောင်နည်းသေးတယ်
    ကယ်တဲ့လူတွေလည်းမကယ်နိုင်ပါစေနဲ့ဗျာ
    ရာသီဥတုလည်းပိုဆိုးပါစေဗျာ
    ဒါမှာဒီငနဲကြီး တော်တော်ခံရမှာ

  1. Anonymous said... :

    တခါတည်း‌သေသွား‌အေး‌ရော..ချီးထုပ်တထုပ်‌လျော့သွားမှာ...င၇ဲမင်းက
    လဲမ‌ခေါ်ရဲဘူးထင်ပါရဲ့...ငရြဲပည်ကိုကန်ထရိုက်ဆွဲမှာစိုးလို့...။

  1. Anonymous said... :

    no body worry for him.............all body happy

  1. Anonymous said... :

    တော်လောက်ဖို့သင့်ပြီထင်တယ် ဒီတေဇအကြောင်း အဲလောက်ရေးရရင်... ဘာလည်း မီးဖိုလို့ရပြီ တို့ ကျန်းမာရေးအခြေအနေမဆိုးရင် ရန်ကုန်မှာပဲကုမယ်တို့ ဘာတုန်းဗျာ။ သမ္မတလည်းမဟုတ် ကိုးကွယ်ရှင်လည်းမဟုတ် ဘာတုန်း သေသွားရင် တနိုင်ငံလုံး ဝမ်းနည်းခြင်းတွေပါလုပ်ရဦးမှာလား... ချီးထုတ်တွေကွာ သတင်းမရှိလည်း ထိုင်နေ... အပိုတွေ နေ့စဉ်တင်မနေပါနဲ့လား...

  1. Anonymous said... :

    မေတ္တာပို့ ကြပါဗျာ။ ဘာလို့ ငရဲယူနေကြတာလဲ။ တကယ်တော့ သူ့ အချိန်မတန်သေးလို့  ဘေးမတွေ့ သေးတာ။ မသေသေးတာပေါ့။ ၇ဟတ်ယဉ်က ယိုးဒယားကကနေ ငှားရတယ် လေယဉ်မှူးက မြန်မာနယ်ရေခဲတောင်နှင်းတွေမှာ မမောင်းဘူးသေးဘူး။ နောက်ဆုံးအချိန်မရောက်သးပါဘူး။ ဘေးဘယာဝေးပါစေလို့ သာ မေတ္တာပို့  ကြပါဗျာ

  1. Anonymous said... :

    ဟေးဟေး သေခါနီးပြီတဲ့ ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီတဲ့
    ပျော်စရာကြီး
    သူပြီးရင် ဇော်ဇော် အလှည့်
    ပြီးရင် ဖိုးလောက်လန်း
    ပြီးရင် ဒေါ်မကြိုင်နဲ့မီးမတွေ
    ပြီးရင် ခွေးဘီလူးတို့အုပ်စု
    ပြီးရင်
    ပြီးရင်
    ဟူး မောလိုက်တာ

  1. Anonymous said... :

    he will get good life if he have donated to good persons or done good things or had good mind to the myanmar poor people or paid right taxes to gov: otherwise very difficult to say

  1. Anonymous said... :

    ချမ်းသာ တယ် ဆို ပြီး ရဟတ်ယာဉ် ပဲ စီး အရိုးတခြား အသား တခြားစီ ဖြစ် သွား မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved