ဆရာဝန်၊ လူနာနဲ့ ဟောလစ်ပုလင်း

Friday, August 5, 2011

.




နေပြည်တော်မှာ လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ပေါက်လိုက်တယ် တဲ့။

ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဖြစ်ခဲ့တာပါ။

ပဲနွယ်ကုန်း မြို့နယ်၊ ရွှေပြည်အေးရပ်ကွက်က အသက် ၃၂ နှစ်အရွယ် ကိုဇော် (ခေါ်) စိုးထက်အောင်က အစာအိမ်ရောဂါဖြစ်နေတယ်၊ နေပြည်တော် ပျဉ်းမနားမှာ ဆေးရုံတက်ကုတယ်၊ ဆရာဝန်က ခွဲစိတ်ကုသဖို့ ၃ သိန်းတောင်းတယ်လို့ ဆိုပါတယ်။

``လူနာက အိမ်ကို ဖုန်းဆက်ပြီး လှမ်းတောင်းထားတယ်။ ပြီးတော့ ပိုက်ဆံပေးပါမယ် ဆိုတာကို ဆရာဝန်က ရော့ ပတ္တမြား ရော့နဂါးပဲ လိုချင်တယ် ဆိုပြီး ပြောပြီး လူနာခန်းထဲက ထွက်သွားတယ်။ အဲဒီမှာ လူနာက နောက်က လိုက်ပြီး ဟောလစ်ပုလင်းနဲ့ ပေါက်လိုက်တာပါ´´ လို့ အခင်းဖြစ်ချိန် အနားမှာရှိတဲ့ သူနာပြုတယောက်က ရှင်းပြပါတယ်။

``ဆရာက ဘယ်လက်နဲ့ ကာလိုက်တော့ ဘယ်လက် လက်ဖျံနဲ့ ဘယ်ဘက် နားရွက်နားပုလင်းကွဲ ရှသွားတယ်´´တဲ့။

ပုလင်းနဲ့ပေါက်ခံရသူ ဒေါက်တာ သူရဇော်က နေပြည်တော်ရဲစခန်းမှာ တိုင်ခဲ့တယ်၊ (ပ) ၄၄၇/၂၀၁၁ ဥပဒေ ပုဒ်မ ၃၂၂ နဲ့ စွဲထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

တရားစွဲခံရတဲ့ လူနာက မကျေနပ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနကို ပြန်တိုင်ကြားထားတယ်လို့ သိရပါတယ်။

``ကျန်းမာရေးဦးစီးဌာနကတော့ အခု ခုံဖွဲ့ပြီး စစ်ဖို့လုပ်နေပါ တယ်။ ဆရာဝန်ဘက်က မှားရင်လည်း ထိထိရောက်ရောက် အရေး ယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောပါတယ်´´
လို့ ဌာန ၀န်ထမ်းတယောက်က ဖောက်သည်ချပါတယ်။

စည်သူ


.

24 comments :

  1. မောင်ကောင်း said... :

    အဲ့သည်လို ဆရာဝန်မျိုးကတော့ဗျာ ခုံရုံးဖွဲ့စစ်ယုံတင်မကဘူး စံပြအနေနဲ့ကို ပြင်းပြင်းထန်ထန်အရေးယူပစ်ရမယ်၊ ဆမ ကို သိမ်းပစ်သင့်တယ်၊ ဒါမှ နောက်ဆရာဝန်တွေလဲမလုပ်ရဲအောင်၊ဆရာဝန်ဆိုတဲ့နေရာမှာ(ပါရဂူကြီး)တွေလဲပါတယ်နော်၊သူတို့ ပိုဆိုးနေတယ်ကြားတယ်၊ မြန်မာပြည်မှာဆရာဝန်တွေ ငွေမက်ကုန်တာလဲ ဒီစံနစ်ကြီးကြောင့်ပါပဲဗျာ၊ နောက်ဆုံးတော့ ဒီဘူတာအိုကြီးပဲ ပြန်ပြန်ဆိုက်နေရတာပါပဲ။

  1. Anonymous said... :

    လူနာအပေါ်မှာဒီလိုဆက်ဆံတဲ့ဆရာဝန်တွေအများကြီးပါ။ နယ်ကဘယ်ဆေးရုံဖြစ်ဖြစ်ဒီလိုမျိုးအဖြစ်တွေက သာမန်လိုဖြစ်နေပါပြီး။ ဆရာဝန်ကပိုက်ဆံတောင်းတာ မြန်မာနိုင်ငံက ဘယ်သူ့ကိုမေးမေးသိပါတယ်။ ဆရာဝန်ကလည်းဒီနယ်မှာပိုက်ဆံရှာစားရလွယ်တယ်ဆို ဝန်ကြီး၊ ညွန်ချုပ်တွေအထိလိုက်ပြီးတော့ အဲ့ဒီနေရာရအောင် ပိုက်ဆံပုံပေးပြီး လိုက်တယ်။ ကျွန်တော်ကြားဖူးသလောက်ဆိုလျှင် မော်လမြိုင်မြို့မှာ အထူးကုတစ်ယောက် တာဝန်ကျဖို့ ညွန်ချုပ်ကို ကျပ်သိန်း တစ်ရာလောက်ပေးရတယ်ပြောတယ်။ အဲ့ဒါက ၃ နှစ်အတွက်၊ နောက်သုံးနှစ်ကြာလို့အဲ့ဒီနေရာမှာပဲ ဆက်နေချင်တယ်ဆိုလျှင် ပိုက်ဆံထပ်ပေးရပါတယ်။ မပေးလို့ရှိလျှင်ပဲဖြစ်ဖြစ်၊ ပိုက်ဆံပေးတာနည်းလို့ရှိလျှင်ဖြစ်ဖြစ်၊ နောက်ပြီးအဲ့ဒီ post လိုချင်တဲ့သူက ပိုက်ဆံပိုပေးလျှင်ဖြစ်ဖြစ် posting ကိုရွှေ့လိုက်ပါတယ်။ ဆိုလိုတာက အဆင့်ဆင့်corruption ဖြစ်နေတာပါ။ အဲ့ဒီစနစ်တွေ အမြန်ဆုံးပျောက်ပြီး မြန်မာပြည်မြန်မြန်တိုးတက်ပါစေ...

  1. Anonymous said... :

    ဒေါက်တာဦးမြင့်ကို NDF မှာဟောပြီးရင် ကျန်းမာရေး ၀န်ကြီးဌာနမှာ ဆက်ပြီးဟောပြောပေးခိုင်းရမှာ ၊ ဒီ အဂတိ က လူ့အသက်နဲ့ ပါ တိုက်ရိုက် သက်ဆိုင်နေလို့လေ

  1. Anonymous said... :

    တခြား ဌာနဆိုင်ရာတွေ ၊ အာဏာပိုင်တွေ ၊ ရဲ ၊ိစစ်တပ်အာဏာပိုင်တွေ ကိုလည်း ဆက်လက်ဖော်ထုက်ကြပါအုံး ။ ကြာတော့ ဖတ်ရတာ ပျင်းလာတယ် ။ ဆရာဝန်တွေပျက်တာဘာကြောင့် ဘယ်သူတွေ ရှေ့က မတော်မတရားလုပ်ပြနေကြတာ ကြောင့်လဲဆိုတာကိုကော မဖေိာထုတ်ကြတော့ ဘူးလား။ စားသောက်ကုန်တွေ မှာ မဟုတ်တာတွေလုပ်ရောင်းပြီး စားသု့းံသူတွေနစ်နာတာ ၊ဘယ်လောက်ရော်လိုက်ရတယိဆိုတာ ကြားဘူးကြလား ။ တဘက်သတ်ဇာတ်လမ်း ကြာလေကြမ်းလေဖြစ်ကုန်ကြရင် နိုင်ငံပိုနစ်နာမယ် ။

  1. Anonymous said... :

    မြန်မာပြည်မှာ ဆေးတက်ကသိုလ်ပိတ်လိုက်တအကောင်းဆုံးပါ။ သုံးမရတဲ့အတူတူ တိုင်းပြည်ငွေဖြုန်းနေတာပါဘဲ။ သန်းရွေနဲ့အတူတူ တတန်းထဲထား ခုံရုံးတင်သင့်တယ်။

  1. Anonymous said... :

    ၂၀၀၀ ခုနှစ်လောက်က မြစ်ကြီးနားက ဆရာဝန်တစ်ယောက် အစိုးရအလုပ်က ထွက်ချင်တာ (ထွက်ချင်တာနော်၊ နေရာကောင်းကို ပြောင်းချင်တာ မဟုတ်ဘူး)ရွှေတစ်ကျပ်သားသွားပေးရတယ်လေ။ အဲဒီအခါကျမှ ထွက်ခွင့်ကျလာတယ်။

  1. Anonymous said... :

    ၁၉၉၄ ခုနှစ်လောက် က အရိုးအထူးကုဆေးရုံက ဒေါက်တာ ဦးတင်မောင်ဝင်း(လက်ပိုင်းဆိုင်ရာ) ကိုတော့ အထူး ကန်တော့ပါတယ်ဗျာ နယ်ကဆေးရုံတက်တဲ့ လူနာတွေကို ထမင်းဝယ်ကျွေး ပြန်စရာလမ်းစားရိတ်မရှိရင်လဲ သူ့ အိပ်ကစိုက်ပေး။ အထူးသဖြင့် ဆင်းရဲတဲ့လူနာတွေပါ။ အဲလိုဆရာဝန်မျိုးတော့ မရှိနီုင်တော့ဖူး

  1. Dr. Bonnus said... :

    You Stupid Idiot, Mr.Anonymous

    Don't you know corruption is in each and every sector of our government and not only in the medical fields.

    I didn't say that doctor is right.
    In the same time you can't blame all the doctors are like him.

    How dare you said close all the Medical Universites...?
    You may be in oversea, how about your parents and family members left in Burma. Don't they need doctors..?

    Don't put your pessimistic attitude in judging others.

    Be knowledgeable...
    Good and Bad are always coexist together.

    DR.Bonnus

  1. Anonymous said... :

    i agree with you DR.Bonnus.

  1. ပျောက်စေ said... :

    စိတ်ကောင်းသဘောကောင်း ဆရာဝန် များ အများကြီး ရှိ မှာပါ .. ဒါပေမဲ့ ကြုံရသမျှ အများစု က အမြတ် ကြီး ကြီး နဲ့ ဆေးကုသ ပြီး အသက်မွေးနေတဲ့ ဆရာဝန် လုပ်စား နေကြတဲ့ အနေအထား မှာ ဘဲရှိကြသူတွေပါ.. Advantage ယူပြီး ရိုက်ချက် ပြင်းပြင်း တွေ ထည့်တာ ဘဲ ကြုံ နေကြရတာ မို့ .. သေရင်တောင် ဗြုန်းဒိုင်း ဘဲ သေချင်တယ် ... နို့ မို့ ဆို ရှားပါးကျပ်တည်းရတဲ့ အထဲ ပေါင်နှံ ရောင်းပြီး ပေးလိုက် ရမှာ မို့ .. လူတွေဟာ နောက် ဆုံးတော့ လည်း သေတာပါဘဲ.. ဆရာဝန်တွေ မသေတဲ့ ဆေးပေးနိုင်ရင် တော့လည်း .. တမျိုးပေါ့ .. ခေ တ် ကြီးကို ကလည်း အပြိုင်အဆိုင် ငွေ ရှာကြတဲ့ ခေတ် ဆိုတော့ ..

  1. Anonymous said... :

    အပေါ်ကဆောင်းပါးရယ်. အခု comment ရယ်ကို ကာလာမသုတ်စိတ်ထဲထားပြီး ဖတ်ပေါ့ဗျာ။

    ........ခုတော့မဖြစ်မနေ ပြောလိုက်ပါတော့မယ်။ မသိရှိသေးသူများသိအောင် နဲ့ မီဒီယာတွေရဲ့ တစ်ချို့လွဲနေတဲ့လုပ်ရပ်ကို မီမောင်းထိုးချင်တာကြောင့် ရေးရခြင်းဖြစ်ပါတယ်။ လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ရိုက်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်19 အာဇာနည်နေ့မှာပါ။ ရိုက်ရတဲ့ အကြောင်းအရင်းကို အသိအကျမသိပေမယ့် ဖြစ်နိုင်ခြေကတော့ သူ့လိုဘမပြည့်လို့ပဲလို့ ယူဆရတယ်။ ဘာလို့ဆို လူနာက အခင်းမဖြစ်ခင် လွန်ခဲ့တဲ့နှစ်ရက် ညနေက ဗိုက်အောင့်ရောဂါနဲ့ ဆေးရုံလာတက်ပါတယ်။ လာတုန်းကတော့ အသည်းအသန်ပေါ့ဗျာ။ အရက်ကြောင့် အစာအိမ်ရောင်ရမ်းလို့ နာတဲ့ ရောဂါဖြစ်ပါတယ်။ ဆေးရုံမှာ နှစ်ရက်ကုလိုက်တော့ ဗိုက်အောင့်သက်သာလာတာနဲ့ အဲဒီပြဿနာဖြစ်တဲ့နေ့ မနက်ပိုင်း စောစောမှာ တာဝန်ကျ ဆရာဝန်ဆီ ဆင်းခွင့်တောင်းပါတယ်။ ဆရာဝန်ကလည်း ဆေးရုံဆင်းခွင့်လိုချင်ရင် ဆရာဝန်ကြီး မနက်လူနာလာကြည့်ချိန်ကျမှ ဆင်းခွင့်တောင်း၊ သင့်တော်ရင်ဆင်းခွင့်ပြုမယ်လို့ ပြောပြီး နားနေခန်းထဲဝင်လိုက်ပါတယ်။ အဲဒီအချိန်မှာ အခန်းထဲဘယ်သူမှ မရှိပါဘူး။ သူနာပြုတွေလည်း မနက်လူနာဆေးထိုး၊ ဆေးစစ်လုပ်နေကြတော့ အခန်းထဲမှာ ဆရာဝန်တစ်ယောက်ထဲ ရှိနေပါတယ်။ ဒါကိုလူနာမကျေနပ်လို့လား၊ ဘာလားတော့ မသိဘူး နားနေခန်းထိလိုက်ပြီး လက်တစ်ဘက်က ကိုင်ထားတဲ့ဟောလစ်ပုလင်းနဲ့ ဆရာဝန်ကို လှမ်းထုပါတယ်။ လူနာအခန်းထဲထိလိုက်လာတာကို သတိထားမိတဲ့ ဆရာဝန်က လက်နဲ့ကာလိုက်လို့ လက်ဖျံမှာ ပုလင်းရှာဒဏ်ရာရသွားခဲ့တယ်။ ဒါကိုလူနာက မကျေနပ်သေးဘဲ ကျန်လက်တစ်ဘက်မှာ ကိုင်ထားတဲ့ ကျိုင့်နဲ့ ခေါင်းကိုထပ်ရိုက်ပါတယ်။ ဆရာဝန်လည်း လက်နဲ့ ထပ်ကာပြီး အခန်းထဲက ထွက်ပြေးပြီး ကပ်ရက်က minor room (ထိခိုက်ရှနာ ဒဏ်ရာအသေးတွေ ဆေးထည့်တဲ့ ခွဲစိတ်ခန်းငယ်) ထဲဝင်ပုန်းနေရပါတယ်။ လူနာကတော့ ဟောလစ်ပုလင်းကွဲစကိုင်ပြီး ဆရာဝန်ကိုမမြင်တော့ မြင်တဲ့ တစ်ခြားကျန်းမာရေးဝန်ထမ်းတွေကို ဆက်ပြီးရန်ရှာပါတယ်။ ဒါကို မခံနိုင်တဲ့ လူနာစောင့်တစ်ချို့က အဲဒီလူနာကို ၀ိုင်းဝန်းထိုးကြိတ်ပြီး ဖမ်းချုပ်လိုက်ပါတယ်။ ပြီးမှ ဆေးရုံကရဲစခန်းကို အကြောင်းကြားပြီး အဲဒီရမ်းကားတဲ့ လူနာကို ဖမ်းခေါ်သွားပါတယ်။ ဒီပြဿနာကို အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဖို့ နေပြည်တော်ကောင်စီက အမိန့်ချပါတယ်။ မှားတဲ့သူ ဘယ်သူဆိုတာ အဆင့်ဆင့် အကြောင်းကြားထားတော့ နေပြည်တော်ကောင်စီကလည်း သိရှိထားပြီးဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးကို စည်သူဆိုတဲ့ပုဂ္ဂိုလ်က ဧရာဝတီဘလော့မှာ ဒီလိုရေးထားတော့ ဆရာဝန်တွေကို ရည်ရွယ်ချက်ရှိရှိပုတ်ခတ်ထားမှန်း သိပ်သိတာပါတယ်။ ကျနော်ဟာ နိုင်ငံရေးတွေ၊ ဘာတွေကိုနားမလည်ပါဘူး။ ၀ါဒဖြန့်တာတွေ၊ဘာတွေလည်း မသိပါဘူး။ ဒါပေမယ့် ဒီဘလော့ကိုဖတ်ပြီး သတင်းတစ်ခုကို လိုရာပုံသွင်းပြီးရေးလို့ ရပါလားလို့ သိလိုက်ရတော့ သတင်းဆိုတိုင်း မယုံရဲတော့တာ အမှန်ပါခင်ဗျား။ ကျနော်တို့ဆရာဝန်တွေကို မီဒီယာသမားတွေ ကြည့်မရတဲ့ တစ်ချို့လူတန်းစားတွေနဲ့ တစ်တန်းတည်းထဲ့ထားပြီလားလို့ စိုးရိမ်မိတာကတော့ အဓိကပါ။ တကယ်တော့ ဆရာဝန်ဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူပါပဲ။ သူဟာ လူနာတွေရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ရတဲ့ အလုပ်ကလွဲရင် ကျန်တာမသိပါဘူး။ ခုတော့ လူနာကျန်းမာရေးလည်း စောင့်ရှောက်ရတယ်။ မီဒီယာရဲ့စော်ကားမှုတင်မကဘူး၊ လူနာကိုယ်တိုင်ရဲ့စော်ကားမှုတောင်ခံနေရပါလားလို့ တွေးပြီး ၀မ်းနည်းမိပါတယ်။ မြန်မာပြည်မှာ ဆရာဝန်လုပ်ရတာ မိအေးနှစ်ခါနာများ ဖြစ်နေပြီလားလို့ သံသယရှိလာပါတယ်။ သူကဆေးရုံဆင်းချင်တာ မပေးလို့ဒီလိုလုပ်တယ်ဆိုလည်း ဆေးရုံဆိုတာ လူနာတိုင်းကြိုက်သလိုနေလို့ရတဲ့ဌာနတစ်ခုပါ။ သူဆက်ပြီးမနေချင်ရင် ခိုးဆင်းသွားနိုင်ပါတယ်။ ဒါမှမဟုတ် ယဉ်ယဉ်ကျေးကျေးလေးနဲ့ လက်မှတ်ထိုးဆင်းသွားနိုင်ပါတယ်။ ဒီလိုတုန့်ပြန်စရာမလိုပါဘူး။ ခုတော့ ဥပဒေတိုင်းသွားရင် သူပဲနစ်နာသွားပြီလေ။ ဒါကို ကျနော်တို့ စိတ်မကောင်းပါဘူး။ ဒီသတင်းကိုလည်း အရသာရှိရှိ မရေးချင်တာအမှန်ပါပဲ။ ဒါပေမယ့် သိသိကြီးနဲ့ လစ်လျူရှုလိုက်ရင် ပိုဆိုးသွားမယ်လို့ ယုံကြည်တာကြောင့် ရေးသားဖော်ပြလိုက်ရပါတယ်။



    source: http://www.facebook.com/notes/than-win/sharing-%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AD%E1%80%99%E1%80%B9%E1%80%99%E1%80%AD%E1%80%90%E1%80%9A%E1%80%B9-%E1%80%A7%E1%80%9B%E1%80%AC%E1%81%80%E1%80%90%E1%80%AE-by-thein-myint-comment-on-holicks-bottle-and-the-do/234618946576179

  1. Anonymous said... :

    I don't want to say all are bad. But there are some unreasonable and illogical matters in the clinical field. Some clinicians have taken advantage over patients by their popularity. Some are making more money by discriminating the standards of patients as executive and super-executive at the private clinic. Regardless of the severity of clinical condition and distance of the home patient came from, priority is just judged by money. More money a patient can give to be an executive patient, more earlier he can consult. It is unfair for other patients who cannot spend such an extravagant amount of money. I think all the doctors should represent the fundamental people and priority should be determined just by the seriousness of patients' conditions.

  1. Anonymous said... :

    To ayeyarwaddy blog

    For the first time, you have disappointed us. It is your job and responsibility to let the truth be known.

    How certain are you that what you have posted here is true? Don't let ayeyarwaddy reduce to the same standard as the snapshot journal by myat khine.

    We had so much faith in you. If you are a true journalist, take the responsibility of being one. You can start that by posting this comment.

  1. Zeyar Wynn Tun said... :

    စိုးရိမ်မိတယ် ဧရာဝတီ ခေါင်းစဉ်မြင်လိုက်တာနဲ့ လာပြန်ပြီ ဧရာဝတီကယ်တင်ရှင် တစ်ယောက်လို့ မထင်လိုက်ကြပါနဲ့။ ဧရာဝတီဆိုတာ ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနကိုဆိုလိုတာပါ။ ဘာလို့ဒီလိုခေါင်းစဉ်တပ်ရသလဲဆို​တော့ ဆရာဝန်၊လူနာနဲ့ ဟောလစ်ပုလင်း လို့ခေါင်းစီးနဲ့ ရေးထားတဲ့ ဘလော့တစ်ခုကို ဖတ်မိလို့ဖြစ်ပါတယ်။ ဘလော့ရေးသားသူက စည်သူလို့ ဖတ်လိုက်ရပါတယ်။ သူကဘယ်လိုရေးထားလဲဆိုတော့ လူနာက ဗိုက်အောင့်လို့ဆေးရုံတက်တယ်။ ဆရာဝန်ကခွဲခ သုံးသိန်းတောင်းလို့ အိမ်ကိုဖုန်းဆက်ပြီး ပိုက်ဆံမှာရမယ်ပြောပါတယ်။ ဆရာဝန်ကမရဘူး၊ ရော့ပတ္တမြား၊ ရော့နဂါးပဲလို့ ပြောပြီးလူနာခန်းက ထွက်သွားတယ်။ အဲဒါကိုလူနာ မကျေနပ်လို့ ဟောလစ်ပုလင်းနဲ့ လိုက်ထုတယ်ဆိုပဲ။ သတင်းအတိအကျမသိပဲ အဲဒီအလော့ကိုဖတ်မိရင်တော့ ဆရာဝန်ကို ဘယ်လောက်အော်ကလီဆန်လိုက်မယ်ဖြစ်​ ခြင်း။ ရေးတဲ့သူက တကယ်ကိုပီပီပြင်ပြင် လူနာနာမည်နဲ့ ဆရာဝန်နာမည်ကိုရေးပြီး ဇာတ်လမ်းလုပ်ထားတယ်။ ဘေးကသူနာပြုရဲ့ အပြောနဲ့ ကျန်းမာရေးဝန်ကြီးညွန်ကြားချက်ကို သတင်းထဲရေးပြီး အပီအပြင် ရေးဆွဲထားတဲ့ ဘလော့ဟာ သတင်းအတိအကျ လို့မပြောယုံတမယ်ပေါ့ဗျာ။ ဒါပေမယ့် တကယ်သတင်းအတိအကျသိတဲ့ သူတွေဖတ်မိမယ်လို့ သူမတွေးထားတော့ သူ ၀က်ဝက်ကွဲ ကလိမ်စေ့ငြမ်းဆင်ထားတဲ့ သတင်းဟာ ဘူးပေါ်သလို ပေါ်လာရတာပေါ့။ တကယ့်တော့ဒီသတင်းကို ကျနော်ကြားတာ ကြာလှပါပြီ။ ကြာဆိုကျနော်က နေပြည်တော်မှာ တာဝန်ကျနေတဲ့ လက်ထောက်ဆရာဝန်လေ။ ဖြစ်စဉ်ကို မပြောချင်ပေမယ့် ခုတော့မဖြစ်မနေ ပြောလိုက်ပါတော့မယ်။ မသိရှိသေးသူများသိအောင် နဲ့ မီဒီယာတွေရဲ့ တစ်ချို့လွဲနေတဲ့လုပ်ရပ်ကို မီမောင်းထိုးချင်တာကြောင့် ရေးရခြင်းဖြစ်ပါတယ်။ လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ရိုက်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်19 အာဇာနည်နေ့မှာပါ။ ရိုက်ရတဲ့ အကြောင်းအရင်းကို အသိအကျမသိပေမယ့် ဖြစ်နိုင်ခြေကတော့ သူ့လိုဘမပြည့်လို့ပဲလို့ ယူဆရတယ်။ ဘာလို့ဆို လူနာက အခင်းမဖြစ်ခင် လွန်ခဲ့တဲ့နှစ်ရက် ညနေက ဗိုက်အောင့်ရောဂါနဲ့ ဆေးရုံလာတက်ပါတယ်။ လာတုန်းကတော့ အသည်းအသန်ပေါ့ဗျာ။ အရက်ကြောင့် အစာအိမ်ရောင်ရမ်းလို့ နာတဲ့ ရောဂါဖြစ်ပါတယ်။ ဆေးရုံမှာ နှစ်ရက်ကုလိုက်တော့ ဗိုက်အောင့်သက်သာလာတာနဲ့ အဲဒီပြဿနာဖြစ်တဲ့နေ့ မနက်ပိုင်း စောစောမှာ တာဝန်ကျ ဆရာဝန်ဆီ ဆင်းခွင့်တောင်းပါတယ်။ ဆရာဝန်ကလည်း ဆေးရုံဆင်းခွင့်လိုချင်ရင် ဆရာဝန်ကြီး မနက်လူနာလာကြည့်ချိန်ကျမှ ဆင်းခွင့်တောင်း၊ သင့်တော်ရင်ဆင်းခွင့်ပြုမယ်လို့​ ပြောပြီး နားနေခန်းထဲဝင်လိုက်ပါတယ်။ အဲဒီအချိန်မှာ အခန်းထဲဘယ်သူမှ မရှိပါဘူး။ သူနာပြုတွေလည်း မနက်လူနာဆေးထိုး၊ ဆေးစစ်လုပ်နေကြတော့ အခန်းထဲမှာ ဆရာဝန်တစ်ယောက်ထဲ ရှိနေပါတယ်။ ဒါကိုလူနာမကျေနပ်လို့လား၊ ဘာလားတော့ မသိဘူး နားနေခန်းထိလိုက်ပြီး လက်တစ်ဘက်က ကိုင်ထားတဲ့ဟောလစ်ပုလင်းနဲ့ ဆရာဝန်ကို လှမ်းထုပါတယ်။ လူနာအခန်းထဲထိလိုက်လာတာကို သတိထားမိတဲ့ ဆရာဝန်က လက်နဲ့ကာလိုက်လို့ လက်ဖျံမှာ ပုလင်းရှာဒဏ်ရာရသွားခဲ့တယ်။ ဒါကိုလူနာက မကျေနပ်သေးဘဲ ကျန်လက်တစ်ဘက်မှာ ကိုင်ထားတဲ့ ကျိုင့်နဲ့ ခေါင်းကိုထပ်ရိုက်ပါတယ်။ ဆရာဝန်လည်း လက်နဲ့ ထပ်ကာပြီး အခန်းထဲက ထွက်ပြေးပြီး ကပ်ရက်က minor room (ထိခိုက်ရှနာ ဒဏ်ရာအသေးတွေ ဆေးထည့်တဲ့ ခွဲစိတ်ခန်းငယ်) ထဲဝင်ပုန်းနေရပါတယ်။

  1. Zeyar Wynn Tun said... :

    လူနာကတော့ ဟောလစ်ပုလင်းကွဲစကိုင်ပြီး ဆရာဝန်ကိုမမြင်တော့ မြင်တဲ့ တစ်ခြားကျန်းမာရေးဝန်ထမ်းတွေကို​ ဆက်ပြီးရန်ရှာပါတယ်။ ဒါကို မခံနိုင်တဲ့ လူနာစောင့်တစ်ချို့က အဲဒီလူနာကို ၀ိုင်းဝန်းထိုးကြိတ်ပြီး ဖမ်းချုပ်လိုက်ပါတယ်။ ပြီးမှ ဆေးရုံကရဲစခန်းကို အကြောင်းကြားပြီး အဲဒီရမ်းကားတဲ့ လူနာကို ဖမ်းခေါ်သွားပါတယ်။ ဒီပြဿနာကို အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဖို့ နေပြည်တော်ကောင်စီက အမိန့်ချပါတယ်။ မှားတဲ့သူ ဘယ်သူဆိုတာ အဆင့်ဆင့် အကြောင်းကြားထားတော့ နေပြည်တော်ကောင်စီကလည်း သိရှိထားပြီးဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးကို စည်သူဆိုတဲ့ပုဂ္ဂိုလ်က ဧရာဝတီဘလော့မှာ ဒီလိုရေးထားတော့ ဆရာဝန်တွေကို ရည်ရွယ်ချက်ရှိရှိပုတ်ခတ်ထားမှန်း သိပ်သိတာပါတယ်။ ကျနော်ဟာ နိုင်ငံရေးတွေ၊ ဘာတွေကိုနားမလည်ပါဘူး။ ၀ါဒဖြန့်တာတွေ၊ဘာတွေလည်း မသိပါဘူး။ ဒါပေမယ့် ဒီဘလော့ကိုဖတ်ပြီး သတင်းတစ်ခုကို လိုရာပုံသွင်းပြီးရေးလို့ ရပါလားလို့ သိလိုက်ရတော့ သတင်းဆိုတိုင်း မယုံရဲတော့တာ အမှန်ပါခင်ဗျား။ ကျနော်တို့ဆရာဝန်တွေကို မီဒီယာသမားတွေ ကြည့်မရတဲ့ တစ်ချို့လူတန်းစားတွေနဲ့ တစ်တန်းတည်းထဲ့ထားပြီလားလို့ စိုးရိမ်မိတာကတော့ အဓိကပါ။ တကယ်တော့ ဆရာဝန်ဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူပါပဲ။ သူဟာ လူနာတွေရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ရတဲ့ အလုပ်ကလွဲရင် ကျန်တာမသိပါဘူး။ ခုတော့ လူနာကျန်းမာရေးလည်း စောင့်ရှောက်ရတယ်။ မီဒီယာရဲ့စော်ကားမှုတင်မကဘူး၊ လူနာကိုယ်တိုင်ရဲ့စော်ကားမှုတောင်ခံနေရပါလားလို့ တွေးပြီး ၀မ်းနည်းမိပါတယ်။ မြန်မာပြည်မှာ ဆရာဝန်လုပ်ရတာ မိအေးနှစ်ခါနာများ ဖြစ်နေပြီလားလို့ သံသယရှိလာပါတယ်။ သူကဆေးရုံဆင်းချင်တာ မပေးလို့ဒီလိုလုပ်တယ်ဆိုလည်း ဆေးရုံဆိုတာ လူနာတိုင်းကြိုက်သလိုနေလို့ရတဲ့​ဌာနတစ်ခုပါ။ သူဆက်ပြီးမနေချင်ရင် ခိုးဆင်းသွားနိုင်ပါတယ်။ ဒါမှမဟုတ် ယဉ်ယဉ်ကျေးကျေးလေးနဲ့ လက်မှတ်ထိုးဆင်းသွားနိုင်ပါတယ်။ ဒီလိုတုန့်ပြန်စရာမလိုပါဘူး။ ခုတော့ ဥပဒေတိုင်းသွားရင် သူပဲနစ်နာသွားပြီလေ။ ဒါကို ကျနော်တို့ စိတ်မကောင်းပါဘူး။ ဒီသတင်းကိုလည်း အရသာရှိရှိ မရေးချင်တာအမှန်ပါပဲ။ ဒါပေမယ့် သိသိကြီးနဲ့ လစ်လျူရှုလိုက်ရင် ပိုဆိုးသွားမယ်လို့ ယုံကြည်တာကြောင့် ရေးသားဖော်ပြလိုက်ရပါတယ်။ တကယ်တော့ စော်ကားတဲ့လူနာကို ကျနော်တို့ နားလည်ခွင့်လွှတ်ပေးနိုင်ပါတယ်။ ကျနော်တို့နားမလည်တာကတော့ မီဒီယာရဲ့သတင်းဖော်ပြချက်ပါပဲ။ မီဒီယာသမားတိုင်းအဆိုးမြင်သမားေ​တွလို့ ကျနော်တို့မသတ်မှတ်ပါဘူး။ ဆရာဝန်ဆေးကုနေသည်။ ကျောင်းဆရာစာသင်နေသည်။ နိုင်ငံရေးသမားနိုင်ငံရေးလုပ်ပါ​ သည်လို့ပဲ ရေးရမှာ မဆိုလိုပါဘူး။ watchdog ဆိုတဲ့အတိုင်း အမှားတွေလုပ်ရင်ထောက်ပြရမှာပါ။ ဒါပေမယ့် ဆရာဝန်တွေအမှားကို တခမ်းတနား စာဖွဲ့တတ်ပြီး ဆရာဝန်တွေပလိုင်းစော်ကားခံရတဲ့ခါ အသံတိတ်နေတတ်တာဆိုတော့ မီဒီယာဟာဘယ်လိုလဲလို့ စိုးထိတ်မိတာ အမှန်ပါပဲဗျာ။

  1. alfred said... :

    https://www.facebook.com/notes/than-win/sharing-%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AD%E1%80%99%E1%80%B9%E1%80%99%E1%80%AD%E1%80%90%E1%80%9A%E1%80%B9-%E1%80%A7%E1%80%9B%E1%80%AC%E1%81%80%E1%80%90%E1%80%AE-by-thein-myint-comment-on-holicks-bottle-and-the-do/234618946576179

  1. alfred said... :

    သတင်းအတိအကျမသိပဲ အဲဒီအလော့ကိုဖတ်မိရင်တော့ ဆရာဝန်ကို ဘယ်လောက်အော်ကလီဆန်လိုက်မယ်ဖြစ် ခြင်း။ ရေးတဲ့သူက တကယ်ကိုပီပီပြင်ပြင် လူနာနာမည်နဲ့ ဆရာဝန်နာမည်ကိုရေးပြီး ဇာတ်လမ်းလုပ်ထားတယ်။ ဘေးကသူနာပြုရဲ့ အပြောနဲ့ ကျန်းမာရေးဝန်ကြီးညွန်ကြားချက်ကို သတင်းထဲရေးပြီး အပီအပြင် ရေးဆွဲထားတဲ့ ဘလော့ဟာ သတင်းအတိအကျ လို့မပြောယုံတမယ်ပေါ့ဗျာ။ ဒါပေမယ့် တကယ်သတင်းအတိအကျသိတဲ့ သူတွေဖတ်မိမယ်လို့ သူမတွေးထားတော့ သူ ၀က်ဝက်ကွဲ ကလိမ်စေ့ငြမ်းဆင်ထားတဲ့ သတင်းဟာ ဘူးပေါ်သလို ပေါ်လာရတာပေါ့။ တကယ့်တော့ဒီသတင်းကို ကျနော်ကြားတာ ကြာလှပါပြီ။ ကြာဆိုကျနော်က နေပြည်တော်မှာ တာဝန်ကျနေတဲ့ လက်ထောက်ဆရာဝန်လေ။ ဖြစ်စဉ်ကို မပြောချင်ပေမယ့် ခုတော့မဖြစ်မနေ ပြောလိုက်ပါတော့မယ်။ မသိရှိသေးသူများသိအောင် နဲ့ မီဒီယာတွေရဲ့ တစ်ချို့လွဲနေတဲ့လုပ်ရပ်ကို မီမောင်းထိုးချင်တာကြောင့် ရေးရခြင်းဖြစ်ပါတယ်။ လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ရိုက်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင်19 အာဇာနည်နေ့မှာပါ။ ရိုက်ရတဲ့ အကြောင်းအရင်းကို အသိအကျမသိပေမယ့် ဖြစ်နိုင်ခြေကတော့ သူ့လိုဘမပြည့်လို့ပဲလို့ ယူဆရတယ်။ ဘာလို့ဆို လူနာက အခင်းမဖြစ်ခင် လွန်ခဲ့တဲ့နှစ်ရက် ညနေက ဗိုက်အောင့်ရောဂါနဲ့ ဆေးရုံလာတက်ပါတယ်။ လာတုန်းကတော့ အသည်းအသန်ပေါ့ဗျာ။ အရက်ကြောင့် အစာအိမ်ရောင်ရမ်းလို့ နာတဲ့ ရောဂါဖြစ်ပါတယ်။ ဆေးရုံမှာ နှစ်ရက်ကုလိုက်တော့ ဗိုက်အောင့်သက်သာလာတာနဲ့ အဲဒီပြဿနာဖြစ်တဲ့နေ့ မနက်ပိုင်း စောစောမှာ တာဝန်ကျ ဆရာဝန်ဆီ ဆင်းခွင့်တောင်းပါတယ်။ ဆရာဝန်ကလည်း ဆေးရုံဆင်းခွင့်လိုချင်ရင် ဆရာဝန်ကြီး မနက်လူနာလာကြည့်ချိန်ကျမှ ဆင်းခွင့်တောင်း၊ သင့်တော်ရင်ဆင်းခွင့်ပြုမယ်လို့ ပြောပြီး နားနေခန်းထဲဝင်လိုက်ပါတယ်။ အဲဒီအချိန်မှာ အခန်းထဲဘယ်သူမှ မရှိပါဘူး။ သူနာပြုတွေလည်း မနက်လူနာဆေးထိုး၊ ဆေးစစ်လုပ်နေကြတော့ အခန်းထဲမှာ ဆရာဝန်တစ်ယောက်ထဲ ရှိနေပါတယ်။ ဒါကိုလူနာမကျေနပ်လို့လား၊ ဘာလားတော့ မသိဘူး နားနေခန်းထိလိုက်ပြီး လက်တစ်ဘက်က ကိုင်ထားတဲ့ဟောလစ်ပုလင်းနဲ့ ဆရာဝန်ကို လှမ်းထုပါတယ်။ လူနာအခန်းထဲထိလိုက်လာတာကို သတိထားမိတဲ့ ဆရာဝန်က လက်နဲ့ကာလိုက်လို့ လက်ဖျံမှာ ပုလင်းရှာဒဏ်ရာရသွားခဲ့တယ်။ ဒါကိုလူနာက မကျေနပ်သေးဘဲ ကျန်လက်တစ်ဘက်မှာ ကိုင်ထားတဲ့ ကျိုင့်နဲ့ ခေါင်းကိုထပ်ရိုက်ပါတယ်။ ဆရာဝန်လည်း လက်နဲ့ ထပ်ကာပြီး အခန်းထဲက ထွက်ပြေးပြီး ကပ်ရက်က minor room (ထိခိုက်ရှနာ ဒဏ်ရာအသေးတွေ ဆေးထည့်တဲ့ ခွဲစိတ်ခန်းငယ်) ထဲဝင်ပုန်းနေရပါတယ်။ လူနာကတော့ ဟောလစ်ပုလင်းကွဲစကိုင်ပြီး ဆရာဝန်ကိုမမြင်တော့ မြင်တဲ့ တစ်ခြားကျန်းမာရေးဝန်ထမ်းတွေကို ဆက်ပြီးရန်ရှာပါတယ်။ ဒါကို မခံနိုင်တဲ့ လူနာစောင့်တစ်ချို့က အဲဒီလူနာကို ၀ိုင်းဝန်းထိုးကြိတ်ပြီး ဖမ်းချုပ်လိုက်ပါတယ်။ ပြီးမှ ဆေးရုံကရဲစခန်းကို အကြောင်းကြားပြီး အဲဒီရမ်းကားတဲ့ လူနာကို ဖမ်းခေါ်သွားပါတယ်။ ဒီပြဿနာကို အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဖို့ နေပြည်တော်ကောင်စီက အမိန့်ချပါတယ်။ မှားတဲ့သူ ဘယ်သူဆိုတာ အဆင့်ဆင့် အကြောင်းကြားထားတော့ နေပြည်တော်ကောင်စီကလည်း သိရှိထားပြီးဖြစ်ပါတယ်။ ဒီလိုသတင်းမျိုးကို စည်သူဆိုတဲ့ပုဂ္ဂိုလ်က ဧရာဝတီဘလော့မှာ ဒီလိုရေးထားတော့ ဆရာဝန်တွေကို ရည်ရွယ်ချက်ရှိရှိပုတ်ခတ်ထားမှန်း သိပ်သိတာပါတယ်။ ကျနော်ဟာ နိုင်ငံရေးတွေ၊ ဘာတွေကိုနားမလည်ပါဘူး။ ၀ါဒဖြန့်တာတွေ၊ဘာတွေလည်း မသိပါဘူး။ ဒါပေမယ့် ဒီဘလော့ကိုဖတ်ပြီး သတင်းတစ်ခုကို လိုရာပုံသွင်းပြီးရေးလို့ ရပါလားလို့ သိလိုက်ရတော့ သတင်းဆိုတိုင်း မယုံရဲတော့တာ အမှန်ပါခင်ဗျား။ ကျနော်တို့ဆရာဝန်တွေကို မီဒီယာသမားတွေ ကြည့်မရတဲ့ တစ်ချို့လူတန်းစားတွေနဲ့ တစ်တန်းတည်းထဲ့ထားပြီလားလို့ စိုးရိမ်မိတာကတော့ အဓိကပါ။ တကယ်တော့ ဆရာဝန်ဟာ ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူပါပဲ။ သူဟာ လူနာတွေရဲ့ ကျန်းမာရေးကိုစောင့်ရှောက်ရတဲ့ အလုပ်ကလွဲရင် ကျန်တာမသိပါဘူး။ ခုတော့ လူနာကျန်းမာရေးလည်း စောင့်ရှောက်ရတယ်။ မီဒီယာရဲ့စော်ကားမှုတင်မကဘူး၊ လူနာကိုယ်တိုင်ရဲ့စော်ကားမှုတောင်ခံနေရပါလားလို့ တွေးပြီး ၀မ်းနည်းမိပါတယ်။ မြန်မာပြည်မှာ ဆရာဝန်လုပ်ရတာ မိအေးနှစ်ခါနာများ ဖြစ်နေပြီလားလို့ သံသယရှိလာပါတယ်။ သူကဆေးရုံဆင်းချင်တာ မပေးလို့ဒီလိုလုပ်တယ်ဆိုလည်း ဆေးရုံဆိုတာ လူနာတိုင်းကြိုက်သလိုနေလို့ရတဲ့ဌာနတစ်ခုပါ။ သူဆက်ပြီးမနေချင်ရင် ခိုးဆင်းသွားနိုင်ပါတယ်။ ဒါမှမဟုတ် ယဉ်ယဉ်ကျေးကျေးလေးနဲ့ လက်မှတ်ထိုးဆင်းသွားနိုင်ပါတယ်။ ဒီလိုတုန့်ပြန်စရာမလိုပါဘူး။ ခုတော့ ဥပဒေတိုင်းသွားရင် သူပဲနစ်နာသွားပြီလေ။ ဒါကို ကျနော်တို့ စိတ်မကောင်းပါဘူး။ ဒီသတင်းကိုလည်း အရသာရှိရှိ မရေးချင်တာအမှန်ပါပဲ။ ဒါပေမယ့် သိသိကြီးနဲ့ လစ်လျူရှုလိုက်ရင် ပိုဆိုးသွားမယ်လို့ ယုံကြည်တာကြောင့် ရေးသားဖော်ပြလိုက်ရပါတယ်။

  1. WMA said... :

    Yes it is unfair by only criticizing the doctors apart from a lot of judges,lawyers, paparazzies and policeman. why doesnt arrewaddy post the good things the doctor did? If all medical universities are closed, who will deliver the pregnant women? who will treat your child if he is suffering from dengue( tway: loon toke kway:) and some other notorious diseases? who will treat if your father suffer from hypertension or diabetes mellitus? who will treat you if u have serious health problem? God things and bad are coexist together. Ask yourself, ko sithu( the writer), who did u deliver ? doctor from china or thai doctor or bangladeshi doctor? do u remember ? Only burmese doctor or midwife or any healthcare staff could deliver u. It is not due to our etiquette but due to decayed system which was implemented since 1962. If all doctors can survive with their salaries , these incidents ( even it is true) wont happen in the future. When i was an assistant lecturer in university of medicine, my salary was 12,700 kyats. To survive , I had to give tuitions to get extra money. So where is our future? That is why i left my country although i love her so much. One day if i have a chance, i will come back to my motherland if our government will be democratic but not under military bulldogs! Because of media dramatization, we lost a lot of good doctors such as professor U Kyi Soe because his rival own a big media, eleven media group ,he became a victim of media.
    Ok, so we need to revolute such notorious government, otherwise live under them as a slave. NO PAIN ,NO GAIN!
    Dr.Win Myint Aung

  1. fresh said... :

    လူနာတွေရဲ့ ရင်ထဲက ခံစားချက်ပေါင်းများစွာ ၊ ဆေးရုံဆ၇ာဝန်တွေရဲ့ ခံစားချက်ပေါင်းများစွာကို ကျတော့်အမြင်ကိုသေခြာသုံးသပ်ပါ့မယ်။ ခနစောင့်ဆိုင်းပေးကြပါ။ အခုေ၇းနေပါတယ်။
    လေးစားစွာဖြင့် ။

  1. Anonymous said... :

    ဒီသီတင်း တော်တော် လွဲနေတယ်လို့ ထင်ပါတယ်။ အစိုးရ ဆေးရုံပေါ်မှာတော့ ၃သိန်း မတောင်းပါခင်ဗျား။ ဆေဝယ်ခိုင်းတာပဲ ရှိတတ်ပါတယ်။ ဂရုမစိုက်တာမျိုး ရှိတတ်ပါတယ်။ ကိုယ်ပိုင်ဆေးခန်း၊ ပုဂ္ဂလိက ဆေးရုံဆိုလျှင်တော့ ထိုသို့ဈေး ညှိပါတယ်။
    တစ်ချို့ ဆရာဝန်များ မတရားငွေ တောင်းပါတယ်။ မလိုအပ်ပဲ အချိန်ဆွဲ ကုပါတယ်။ ရောဂါမသေချာပဲ စမ်းကုပါတယ်။ ဒါမျိုးတွေ မလုပ်သင့်ပါ။

  1. kowint said... :

    Irrawaddy အနေနဲ့ ဒီလိုသတင်းမျိုးတင်တာတော့ မဖြစ်သင့်ပါဘူး။ စည်းကမ်းရှိသင့်ပါတယ်။

  1. Anonymous said... :

    There are many deplorable consequences of a dictatorship, the longer it stays the more serious they pose. Depletion of country's wealth, rise of poverty and collapse of infrastructures, which used to be the envy of countries around the region, are obvious. But the loss of moral and ethics in every corner of institution, profession and industry is rarely exposed despite the fact that it is potentially more disastrous. Military, police, judiciary, public servant, professional, businessman, artist - the list goes on with the bareness of ethics. Of these, media without ethics is tantamount to be worst since it is the eyes of the public vulnerable to any potential adversity and harms. This is a wake up call to address the matter urgently and timely become respective building block of the long-fought democratic society.

    (Ng Tay)

  1. အစက ဧရာဝတီ အုပျစုကို အထငျွကီးထားတာ ဒီဆောငျးပါးဖတျွပီးတော့ တျောတျော အထင်ေသးသွားမိတယ်။ သက်ဆိုင်ရာ ကာယကံရှင် ဆရာဝန်ရဲ့ ခိုင်လံုတဲ့ ေချပေရးသားချက်ကို ြပန်လည် မေချပနိုင်ဘူးဆိုကတည်းက မိမိရဲ့ေဆာင်းပါး အဆင့်မရှိေြကာင်း တိတ်တဆိတ် ဝန်ခံေနတာပါဘဲ။ ဧရာဝတီသတင်းဌာနကို ရန်ပံုေငွေထာက်ပံ့ထားတဲ့ အလှှူရှင်ေတွဘက်ကြကည့်ရင်လည်း ဒီလိုေဆာင်းပါးမျိုးကို လက်ခံနိုင်လိမ့်မယ်မဟုတ်ပါ။အလှူေငွ ြဖတ်ေတာက်ရပ်စဲခံရတဲ့အထိ ြဖစ်သွားနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။သက်ေသခိုင်လံုမှုမရှိတဲ့ အတင်းအဖျင်း ေတွနဲ့ ကိုယ့်အဆင့်ကိုယ် နှိမ့်ချေနတဲ့ မိမိရဲ့အြပစ်ကိုဆင်ချင်ြပီး အြမန်ဆံုးြပုြပင်ပါေတာ့ လို့ တိုက်တွန်းချင်ပါတယ်။ ပထမဆံုးလုပ်ရမှာကေတာ့ လူသိရှင်ြကား ဘေလာ့ထဲကေန ြပန်လည်ေတာင်းပန်ဖို့ပါ။ ဧရာဝတီက ဘယ်လိုတံု့ြပန်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ေစာင့်ြကည့်ေနြကပါတယ်။

  1. Anonymous said... :

    သတင်းဌာနတစ်ခုဖြစ်တဲ့ ဧရာဝတီလို သတင်းဌာနမျိုးဟာ စာရေးသားခြင်းနဲ့ ပတ်သက်လို့ သိပ်စိမ်းလှမယ်မထင်ပါဘူး။

    ရေးသူဟာ တစ်ခုခုကို Mislead လုပ်ဖို့(လူတွေအထင်အမြင်လွဲအောင်လုပ်ဖို့) ဆိုရင် အလွန်ပဲ အဆိပ်သင့်စေတဲ့စာမျိုးမို့ အထူးဂရုထားဆင်ခြင်သင့်တယ်လို့ မြင်ပါတယ်။

    ဆရာဝန်တွေထဲမှာ ဧရာဝတီသတင်းဌာနကို အစဉ်တစိုက် လေ့လာအားပေးနေကြတဲ့ ပရိသတ်အရေအတွက် မနည်းဘူးလို့ယူဆပါတယ်။

    ဘာကြောင့်လဲဆိုတော့ ဆရာဝန်တွေဟာလည်း သာမန်လူတွေလိုပဲ စီးပွားရေးကြပ်တည်းခြင်း၊ လူမှုဖူလုံမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း(စစ်ဆရာဝန်နဲ့ယှဉ်လိုက်ရင်အပုံကြီးအနှိမ်ခံရသည်။)စတာတွေနဲ့ လုံးထွေးနေရသူတွေမို့လို့ အပြောင်းအလဲတွေကို လိုလား သူများစွာရှိနေပါတယ်။

    ဒီမိုကရေစီအတွက် ကလောင်ကိုင်ပြီးတိုက်ပွဲဝင်နေတယ်လို့ ကျနော်တို့သတ်မှတ်ယူဆထားတဲ့ ဧရာဝတီလို သတင်းဌာနမျိုးက တင်မယ်ဆိုရင် အထူးစိစစ်သင့်ကြောင်း အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်တွေဟာ အာဏာရှင်တွေရဲ့ ကိုင်းဖျားကိုင်းနား ဗျူရိုကရက်တွေမဟုတ်ပါ။ အချို့သော ဆေးရုံအုပ်တွေနဲ့ အက်ဒမင်ပိုင်းကလူကြီးအချို့ကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အများစုက ပညာရှင်အနေနဲ့ နိုင်ငံရေးအရောင်အရ Neutral သဘော ရပ်တည်ကြတာပါ။

    အခုအချိန်မှာ အဖက်ဖက်က အားနည်းနေတာချင်းအတူတူ အစိုးရက ဓါးစာခံရှာပေးတဲ့အနေနဲ့ ဆရာဝန်တွေကို ပုတ်ခတ်ခွင့်ပြုလိုက်တဲ့အခါမှာ မကျေနပ်မှုတွေဟာ စုပြုံကျလာတာ မဆန်းဘူးလို့ မြင်ပါတယ်။ ဒီဟာကိုရော ဧရာဝတီက မြင်ပါသလားလို့ မေးပါရစေ။ ဆရာဝန်တွေဟာ Elites လက်ရွေးစင် လူ့မလိုင်တွေမဟုတ်တဲ့အတွက် ရန်အရှာခံခဲ့ရသည်ရှိသော မတန်ဘူးလို့ပဲ ယူဆပါတယ်။ နောက်တစ်ခုက ဒီလို သတင်းဌာနတွေက အခုဖြစ်ပျက်နေတဲ့အပေါ်မှာ ဘဝတူ ဒေါက်တာဖြူဖြူသင်းတို့ရဲ့ အမြင်အပေါ် ဆက်သွယ်မေးမြန်းခဲ့တာမျိုးကိုလည်း မတွေ့ရပါ။

    တစ်ခုခုကို သုံးသပ်ရင် ဖက်မျှစေချင်ပါတယ်။ ကျနော်တို့ဟာ ပုခုံးပေါ်ကြယ်ပွင့်တင်ထားတဲ့ ကြယ်လို လူတန်းစားမဟုတ်ပါ။ သူများအသက်နဲ့ရင်းပြီး ထမင်းရှာစားနေသူများလည်းမဟုတ်ပါ။ မီဒီယာရဲ့ သက်ရောက်မှုဟာ ဘယ်လောက်အထိရှိတတ်တယ်ဆိုတာ မီဒီယာ တစ်ခု ဖြစ်တဲ့ဧရာဝတီ ကောင်းကောင်းသိမှာပါ။ ဒီလူတန်းစားကို ခဏခဏ ပုတ်ခတ်ပြခြင်းအားဖြင့် တိုင်းပြည်ကောင်းကျိုးနဲ့ ဆိုးကျိုးဘယ်ဟာ ပိုရမလဲဆိုတာကိုလည်း တွက်ချက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved