နေပြည်တော်မှာ လူနာက ဆရာဝန်ကို ဟောလစ်ပုလင်းနဲ့ ပေါက်လိုက်တယ် တဲ့။
ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဖြစ်ခဲ့တာပါ။
ပဲနွယ်ကုန်း မြို့နယ်၊ ရွှေပြည်အေးရပ်ကွက်က အသက် ၃၂ နှစ်အရွယ် ကိုဇော် (ခေါ်) စိုးထက်အောင်က အစာအိမ်ရောဂါဖြစ်နေတယ်၊ နေပြည်တော် ပျဉ်းမနားမှာ ဆေးရုံတက်ကုတယ်၊ ဆရာဝန်က ခွဲစိတ်ကုသဖို့ ၃ သိန်းတောင်းတယ်လို့ ဆိုပါတယ်။
``လူနာက အိမ်ကို ဖုန်းဆက်ပြီး လှမ်းတောင်းထားတယ်။ ပြီးတော့ ပိုက်ဆံပေးပါမယ် ဆိုတာကို ဆရာဝန်က ရော့ ပတ္တမြား ရော့နဂါးပဲ လိုချင်တယ် ဆိုပြီး ပြောပြီး လူနာခန်းထဲက ထွက်သွားတယ်။ အဲဒီမှာ လူနာက နောက်က လိုက်ပြီး ဟောလစ်ပုလင်းနဲ့ ပေါက်လိုက်တာပါ´´ လို့ အခင်းဖြစ်ချိန် အနားမှာရှိတဲ့ သူနာပြုတယောက်က ရှင်းပြပါတယ်။
``ဆရာက ဘယ်လက်နဲ့ ကာလိုက်တော့ ဘယ်လက် လက်ဖျံနဲ့ ဘယ်ဘက် နားရွက်နားပုလင်းကွဲ ရှသွားတယ်´´တဲ့။
ပုလင်းနဲ့ပေါက်ခံရသူ ဒေါက်တာ သူရဇော်က နေပြည်တော်ရဲစခန်းမှာ တိုင်ခဲ့တယ်၊ (ပ) ၄၄၇/၂၀၁၁ ဥပဒေ ပုဒ်မ ၃၂၂ နဲ့ စွဲထားတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
တရားစွဲခံရတဲ့ လူနာက မကျေနပ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနကို ပြန်တိုင်ကြားထားတယ်လို့ သိရပါတယ်။
``ကျန်းမာရေးဦးစီးဌာနကတော့ အခု ခုံဖွဲ့ပြီး စစ်ဖို့လုပ်နေပါ တယ်။ ဆရာဝန်ဘက်က မှားရင်လည်း ထိထိရောက်ရောက် အရေး ယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောပါတယ်´´
လို့ ဌာန ၀န်ထမ်းတယောက်က ဖောက်သည်ချပါတယ်။
စည်သူ
.
အဲ့သည်လို ဆရာဝန်မျိုးကတော့ဗျာ ခုံရုံးဖွဲ့စစ်ယုံတင်မကဘူး စံပြအနေနဲ့ကို ပြင်းပြင်းထန်ထန်အရေးယူပစ်ရမယ်၊ ဆမ ကို သိမ်းပစ်သင့်တယ်၊ ဒါမှ နောက်ဆရာဝန်တွေလဲမလုပ်ရဲအောင်၊ဆရာဝန်ဆိုတဲ့နေရာမှာ(ပါရဂူကြီး)တွေလဲပါတယ်နော်၊သူတို့ ပိုဆိုးနေတယ်ကြားတယ်၊ မြန်မာပြည်မှာဆရာဝန်တွေ ငွေမက်ကုန်တာလဲ ဒီစံနစ်ကြီးကြောင့်ပါပဲဗျာ၊ နောက်ဆုံးတော့ ဒီဘူတာအိုကြီးပဲ ပြန်ပြန်ဆိုက်နေရတာပါပဲ။