ဇွန်လ ကုန်ပါပြီ ဦးတင့်ဆွေ .....

Saturday, June 30, 2012 0 comments

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_sbq17e3MNLueih990vvrY3ObHq9nKMSQQvZn2hSjuQ6tPlnE9Z0r7_WPnYS8czUhcURpEY8-MiEvmZWTP-daK-KdLA9MZRFV5Ml_UQgmD1SzBxUT5gPoIRQFzK4XM6Boh85qQKwbmg8/s1600/254999_208998912471162_100000831631685_511438_1288982_n.jpg
ဆင်ဆာဖြတ်တာတွေကို ဒီလကုန်ရင် လုပ်တော့မှာမဟုတ်ဘူး လို့ စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက ဒီလ ၁ ရက်နေ့မှာ ပြောထားပါတယ်။

ဒီကနေ့ပဲ သူပြောတဲ့ ဇွန်လကုန်ကို ရောက်လာပါပြီ။

ဦးတင့်ဆွေပြောသလို တကယ်ပဲ စာပေစိစစ်ရေးလုပ်ငန်းတွေ ရုပ်သိမ်းတော့မှာလား ????

ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးလုပ်ငန်းဟာ မရှိသင့်တော့ဘူး ဆိုတဲ့ ဦးတင့်ဆွေရဲ့ အဲဒီလို ပြောဆိုချက်တွေ ပါဝင်တဲ့ AFP မူရင်း သတင်းကို ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။

YANGON (AFP) - The tormentor-in-chief of Myanmar's heavily censored media will put down his black marker pen for good in a month, signalling the end of one of the world's most draconian press scrutiny regimes.

Tint Swe, head of the Press Scrutiny and Registration Department (PSRD), said he will release its iron grip on the country's media in the latest significant reform for a country emerging from decades of repression.

"There will be no press scrutiny job from the end of June. There will be no monitoring of local journals and magazines," he told AFP in an interview in his office in Yangon.

"I would say it is the right time rather than we are ready. When we have parliament and government working on democratic process, how can censorship work at the same time?," he said.

Stifling pre-publication censorship -- applied in the past to everything from newspapers to fairy tales and the winning lottery numbers -- was one of the key symbols of junta-ruled Myanmar, where even seemingly innocuous details were scrubbed from public discussion.

Sweeping reforms under a new quasi-civilian government have seen a lighter touch from the once ubiquitous censors, with less controversial publications freed from scrutiny last year.

Editors across the news media are now eager to have the same freedom.

A more open climate has seen private weekly news publications publish an increasingly bold range of stories, including those about opposition leader Aung San Suu Kyi, whose very name was taboo in the past.

Tint Swe directed the PSRD for seven years, mercilessly changing headlines, slashing paragraphs or scrapping entire articles deemed critical of the military and its cronies.

"He had one of the worst jobs in Myanmar," said an editor at a news weekly who requested anonymity. "He was pressured from above by ministers, officials and powerful business people to keep stories out and pressured from below by editors to keep stories in."

In March 2011 the junta handed over power to former soldiers who have pushed reforms, initially pilloried as cosmetic by the West and the opposition but now seen as a step towards democracy by an international community that has begun to ease sanctions.

Within months after president Thein Sein took power, hundreds of political prisoners were released and opposition leader Aung San Suu Kyi was offered a seat in the political mainstream.

Reporters jailed under the junta have also been freed from long prison sentences.

Some subjects have remained difficult to approach, particularly on-going fighting between the army and ethnic rebels in northern Kachin state.

But news organisations are clearly keen to push the boundaries.

In March, The Voice weekly said the Auditor-General's Office had discovered misappropriations of funds and fraud in the ministries of mining, information, agriculture and industry.

The mining ministry filed a lawsuit against the journal. The case is still ongoing, but a court has already sided with the newspaper by saying it did not have to disclose the name of the journalist.

"When the political context got freer, people got freer to think and we, the censorship board, got headaches to adjust to it," Tint Swe said, admitting the period was "sensitive" after many years of distrust.

Analysts have recently said that information minister Kyaw Hsan, who is seen as a hardliner, has been increasingly isolated within the reform-minded government. Some even believe he could soon be sidelined in an expected cabinet reshuffle.

The regime has also been working for several months on a draft press law.

Details have not been made public, but some media organisations have been invited to submit proposals. It should cover areas such as journalists' rights, professional ethics, and how publishers and distributors will be registered.

According to some official sources, it may well be adopted at the next session of parliament in July, and will be accompanied by the creation of a Press Council.

"People say that the Press Council will be like the censorship department. This is wrong," Tint Swe said, describing it mainly as a conciliatory body between journalists and the ministry.

The former army officer hinted that the dark days of censorship were behind Myanmar -- the PSRD will be responsible for registering new publications and archiving, but it will no longer be a censorship body -- and it is a development that he is clearly pleased with.
"It is the most auspicious news possible for everyone in the industry that the censor process is going to be abolished," Tint Swe said.

ရန်ကုန်က အဆောက်အအုံတလုံး ပြိုကျပျက်စီး

0 comments


မန်းသားလေး ရေးသားသည်)

(ဓာတ်ပုံများ - မန်းသားလေး)

ဇွန်လ ၂၈ရက်နေ့ နံနက်၂နာရီခန့်က သမိုင်းလမ်းဆုံ(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ နှစ်ထပ်အိမ်လေးခန်းတွဲ အဆောက်အအုံ တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ပြိုကျရသည့် အကြောင်းရင်းမှာ မိုးများ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ၄င်းအိမ်အနောက်ဘက်ရှိ ရေမြောင်းမှ ရေများတိုးကာ တိုက်နံရံကို တိုက်စားခြင်းကြောင့် ပြိုကျခြင်းဖြစ်သည်။

ပြိုကျသည့်အချိန်တွင် အိမ်ထောင်စု လေးစုနေထိုင်လျှက် ရှိပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိပေ။ အဆောက်အအုံ ပြိုကျသည့် အချိန်မှာပင် ယင်းတွင် နေထိုင်သည့် အိမ်ထောင်စု လေးစုလုံး ညတွင်းချင်း ပြောင်းရွှေ့သွားကြသည်။

ယင်းပြိုကျသည့်အဆောက်အအုံနှင့် မှီပြီး ကပ်လျက် တည်ဆောက်ထားသော နှစ်ထပ်တိုက် လေးခန်းတွဲရှိ မိသားစုများကလည်း ချက်ခြင်း ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်နေကြသည်။

၎င်းအဆောက်အအုံသည် ၁၉၈၈ ခုနှစ် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်တွင် နေထိုင်သူများက အဆောက်အအုံ၏ ခိုင်ခန့်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ရကြောင်း လွန်ခဲ့သည့် လေးလကပင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနသို့ စာရေးသားပေးပို့ခဲ့သည်ဟု သိရသည်။

မြို့တော်စည်ပင်က တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိဘဲ အိမ်ပြိုပြီးသည့် နောက်တစ်ရက်မှသာ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ဆိုင်းဘုတ်လာတင်သွားသည်ဟု ထိုတိုက်တွင် နေထိုင်သူ တစ်ဦးက ဧရာဝတီကို ပြောသည်။

‘‘စည်ပင်ကို အစောကြီးကတည်းက ကျွန်တော်တို့က စာတင်ထားတာ။ ဒီအဆောက်အဦးက ဆွေးနေတာကြာပြီ။ နှစ်၂၅လောက်တောင် ရှိနေပြီလေ..ဒါပေမဲ့ သူတို့ဘက်က ဘာတစ်ခုမှ အကြောင်းပြန်မလာပါဘူး။ ခုလို အိမ်ပြိုပြီးမှဘဲ အဲဒီအိ
မ်ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ဆိုင်းဘုတ်လာတင်သွားတာပါ” ဟု ၄င်းက ပြောသည်။

ပြိုကျသည့် အဆောက်အဦးပုံစံမှာ တည်ဆောက်မှု မမှန်ခြင်း၊ စွန့်ပစ်ေ
ရမြောင်းဘက်ကို ကပ်ပြီး တည်ဆောက်ထားခြင်းတို့ကြောင့် ရေမြောင်းတိမ်ကောပြီး နံရံကို တိုက်စားလာခဲ့ရာမှ ပြိုကျခြင်း ဖြစ်ကြောင်း ၄င်းတိုက်တွင် နေထိုင်သူများက ယူဆကြသည်။

ဇေယျာသော်ရဲ့ ပါရီ မိန့်ခွန်း

7 comments


ဟစ်ဟော့ပ် အဆိုတော် တဖြစ်လဲ လွှတ်တော်အမတ် အသစ် စက်စက် ဇေယျာသော်ရဲ့ ပြင်သစ်နိုင်ငံ ပဲရစ် မှာ ပြောခဲ့တဲ့ မိန့်ခွန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဥရောပ ခရီးစဉ် အတူသွားစဉ် အခုလို ပြောကြားခဲ့တာပါ။

<

ATM ဖောက်ဖို့ ကြိုးစားတယ် ဆိုတဲ့ ဗြိတိသျှ နှစ်ဦး ထိုင်းမှာ အဖမ်းခံရ

0 comments

Alexander Milbourn, 25, and Shaun Edward Tracy, 34
(ဓာတ်ပုံ -Jerdsak Saengthongcharoen)

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဘက်မှာ ဗြိတိသျှ လူမျိုး ၂ ယောက်တို့ဟာ ဟောလီဝုဒ် ရုပ်ရှင် Fast Five ထဲကလို ထိုင်း ဘဏ် ၃ ခုရဲ့ ATM စက်တွေကနေ ငွေခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က သောကြာနေ့ မှာ ပြောလိုက်ပါတယ်။


သူတို့ ၂ ဦးကတော့ အက်လက်ဇန္ဒြား မီလ်ဘွန်း ( ၂၅ - နှစ်) နဲ့ ရှောင် အက်ဒ၀ါ့ဒ် ထရေ့စီ ( ၃၄ -နှစ်) ဆိုတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးပါဘဲ။


သူုတို့ ၂ ဦးအပြင် နောက်ထပ် တဦးလည်း ရှိနေသေးပြီး စုံစမ်းနေဆဲပါ တဲ့။

အဖမ်းခံခဲ့ရတဲ့ ဗြိတိန် ၂ ဦး ကတော့ ရုပ်ရှင်ထဲကလို စွန့်စားခဲ့တာပါလို့ ထွက်ဆိုခဲ့ပါတယ် တဲ့။

အဲဒီ တရားခံအဖြစ် အဖမ်းခံထားရတဲ့ ၂ ယောက် ဟာ ထိုင်းနိုင်ငံမှာ နေထိုင်လာတာ ၁၀ နှစ်ကျော် ကြာနေပြီဖြစ်ပြီး အလုပ်အကိုင်ကလည်း မရှိ၊ ငွေကလည်း လိုနေတာဖြစ်တယ် လို့ ဇွန် ၂၉ ရက်နေ့က ချင်းရိုင်ပို့စ် သတင်းက ရေးထားပါတယ်။

ဒီခရိုင်ဟာ မြန်မာပြည် တာချီလိတ်မြို့တဘက်ကမ်းမှာ တည်ရှိပါတယ်။

သတင်းပွဲစား

0 comments



အေးထွန်းမင်း


http://assets.theatlantic.com/static/coma/images/issues/201009/broker.jpg

"--မှုန်ဝါးဝါးဓာတ်ပုံကို မီဒီယာများသို့ ရောင်းချရန် လိုက်စပ်သည်။ ထို ဓာတ်ပုံကို စီအန်အန်၊ အေဘီစီ သတင်းဌာန များနှင့် နယူးယောက်ပို့စ် သတင်းစာ တွင် ဖော်ပြသည့်အတွက် ဒေါ်လာ ၁၈,ဝဝဝ ရသွားသည်ဟု ဆိုသည်--"

လာရီ ဂါရစ်ဆင်၏ အသက်မွေးဝမ်းကျောင်းကို မည်သို့ အမည်တပ်ရမည်ကိုမသိ။ သူ့အလုပ်သည် အချိန် များစွာ အသုံးပြုရသည်။ လူများအား ဖျောင်းဖျ သွေး ဆောင်ရသည်။ ကျလောက်အောင်ပြောရသည်။ သူ့အား ကြားလူ၊ သတင်းပွဲစားဟု အမျိုးမျိုးခေါ်ကြသည်။ ကော်လံစား ရုပ်မြင်သံကြားထုတ်လုပ်သူ အတိုင်ပင်ခံဟု သူ့အသက်မွေးဝမ်းကြောင်းကို လူအများက အမည် ပေးထားသည်။ မည်သည့် အနွတ္ထ အမည်ကို ယူသည် ဖြစ်စေသည် ထိုအမည်များသည် တစ်ခုတည်းကိုသာ ရည်ညွှန်းသည်။ ဂါရစ်ဆင်သည် ပရိသတ်သည်းခြေ ကြိုက်ဖြစ်သည့် အညှီအဟောက်၊ အတင်းအဖျင်းသတင်း များကို ရုပ်မြင်သံကြား သတင်းဌာနများသို့ ရောင်းချ အသက်မွေးနေသူ ဖြစ်သည်။

ရုပ်သံ ပရိတ်သတ်များအနက် ဂါရစ်ဆင်၏ အမည် ကြားဖူးသူ အနည်းအပါးသာရှိမည်။ သို့သော် ဂါရစ်ဆင်က နောက်ကွယ်မှ ဝန်ဆောင်မှုပေးခဲ့သည့် ရုပ်မြင် သံကြားသတင်းအဖြစ်အပျက်များကို ကြည့်ဖူးကြမည်မှာ သေချာသည်။

ကလေးပျောက်၊ ခြောက်မြွှာပူး၊ ထူးဆန်းစွာ ဆက်တိုက်ဖြစ်ပွားနေသော လူသတ်မှုများ၊ တက္ကသိုလ် ကျောင်းသူ ပျောက်ဆုံးမှု၊ သက်ကျားအိုနှင့် ဆယ်ကျော်သက် ချစ်ဇာတ်လမ်း၊ ဆီနိတ်တာ အမတ်မင်းလာဘ်စားမှု၊ ရုပ်ရှင်ကြယ်ပွင့်တို့ ၏ တိတ်တိတ်ပုန်း ဇာတ်လမ်းများ အစရှိ သည့် မဆုံးနိုင်သော အဆီတစ်ထပ် အသား တစ်ထပ် သတင်းများကို ရုပ်သံ စတူဒီယိုများ အတွက် သူကရှာဖွေပေးသည်။ သွေးစက်များ၊ ဈာပနအခမ်းအနား၊ ရေခဲတိုက်၊ အခင်း ဖြစ်ပွားရာနှင့် မျက်ရည်စများအကြား သတင်း ကို အပြေးအလွှား တူးဆွ အသက်မွေးသူ ဖြစ်သည်။ ယင်းကဲ့သို့ သည်းခြေကြိုက် သတင်းများကို လွှင့်ထုတ်ပေးနေသည့် များ ပြားလှစွာသော သီးသန့် ရုပ်မြင်သံကြား အစီအစဉ်များက သူ့အားအမြဲ ကြိုဆိုနေသည်။ သို့သော် သူရှိနေသည်ကို ရုပ်သံစတူဒီယိုများက ဝန်မခံလိုကြ။

တကယ့်ဖြစ်ရပ်မှန် ကြေကွဲ ထိတ်လန့် ဖွယ်ရာ၊ လွမ်းမောဖွယ်ရာ သတင်းများကို ပရိသတ်က အာသာငမ်းငမ်းကြည့် လိုကြသည်။ ထိုအခါ ဂါရစ်ဆင်သည် ပရိတ်သတ်အကြိုက် အငွေ့တ ထောင်းထောင်း သတင်းများကို စီမံ ချက်ပြုတ်ပေးရသူဖြစ်လာသည်။ သူ့သတင်းများသည် ရှားပါးကုန် ဖြစ်သဖြင့် မကြာခဏဆိုသလို သတင်းပြတ်လပ်သွားသည်။ ထိုအခါမျိုးတွင် ရုပ်သံ စတူဒီယိုများသည် ကိုယ်တိုင်ထွက်ကာ သတင်းရှာ ကြရသည်။

ရုပ်သံသတင်းသမား အကျော် အမော်များသည် ပန်းစည်းများ၊ တစ်ရှူးအထုပ်များ (မျက်ရည်သုတ်ရန်)ကို သယ်ဆောင်လျက် ပရိဒေဝ မီးတောက်လောင်နေသူများ၊ မျက်မြင် သက်သေများကို တွေ့ဆုံမေးမြန်းကြသည်။ ပရိသတ် ချဉ်ခြင်းတပ်နေသော နှိုက်နှိုက်ချွတ်ချွတ်၊ တစ် တစ်ခွခွ၊ ကတ်သီးကတ်သပ် အချက် အလက်များကို လိမ္မာ ပါးနပ်စွာ မေးမြန်းကြသည်။ ထိုသတင်းများ သည် 'ဝမ်းသာပီတိ စကားကြားပါရစေ' ဟု မေးလို့ရသော သတင်းမျိုး မဟုတ်။ သတင်းသမားသည် ပရိယာယ်ကြွယ်ရသည်။ စကား အလိမ္မာနှင့် တန်ဆာဆင်မေးမြန်းတတ်ဖို့ လိုသည်။ အမေးမှားသည့် အတွက် နင်ပဲငဆဖြစ်ရသည့်အခါမျိုးလည်း ရှိသည်။

ရုပ်သံ သတင်းသမား အကျော် အမော်ဖြစ်ဖို့ ဆိုသည်မှာ လွယ်လှသည် မဟုတ်။ ဖြစ်လာပြီ ဆိုလျှင်လည်း နှစ်စဉ် ဒေါ်လာသန်းချီ ဝင်ငွေရှိသူများ ဖြစ်လာကြသည်။ ထိုသတင်းသမားများအတွက် ပွဲစားလုပ်ပေးနေသူ ဂါရစ်ဆင်သည်လည်း သန်းကြွယ်သူဌေးဖြစ်သည်။ သူ၏ ညီညာဖြူဖွေးသော သွားများသည် မြင်ရသူကို ကြက်သီးထသွား စေနိုင်သည်။ အသားညိုရင့်ရင့်နှင့် ဆံပင်ကို သေသပ်စွာ ပုံသွင်းထားသည်။ ပရာဒါနေကာမျက်မှန်၊ ပလက်တီနမ်ဆွဲကြိုးတို့ဖြင့် ဟိုးလီဝုဒ် ကြယ်ပွင့်အလား ထင်မှတ်မှားစရာ။ သူ၏ အဖြူရောင် အမိုးဖွင့် မာစီဒီးကား၏ ထိုင်ခုံများကို သားရေဖုံးထားသည်။ ကားနံပါတ်မှာ MOVIE -TV ဖြစ်သည်။ သတင်းရှိရာသို့ သူအရင်ဆုံး ရောက်နေတတ်သည်။ ဤသည်မှာ သူ၏ ထူးခြားသော စွမ်းရည်ဟု ဆိုရမည်။ မီးလောင်ရာသို့ မီးခိုးထွက် မလာမီ၊ လူသတ်မှုတွင် သွေးမထွက်မီ ဂါရစ်ဆင်က ရောက်နေတတ်သည်ဟု ဆိုစမှတ်ပြုကြသည်။ သူက အခင်းဖြစ်ပွားရာသို့ ရောက် ရောက်ချင်း သတင်းအရင်းအမြစ် မှန်သမျှကို ချုပ်ကိုင်ပြီး ဖြစ်နေသည်။ သတင်းသမားများရောက်လာသည့် အခါ ကာယကံရှင်များနှင့် တိုက်ရိုက် စကား ပြောခွင့်မရှိတော့ ဂါရစ်ဆင်မှ တစ်ဆင့်သာ ပြောကြရတော့သည်။ ရုပ်သံ ကုမ္ပဏီများသည် ဂါရစ်ဆင်မှတစ်ဆင့် ဆက်ဆံရသည့် အတွက် လုပ်ငန်း ပိုမိုချောမွေ့သည်။ ရုပ်သံလိုင်းများက သတင်းဝယ်ယူသည် ဆိုသည့် အနေအထားမျိုးကို လူသိမခံချင်။ ကာယကံရှင်များနှင့် တိုက်ရိုက်ဆက်ဆံကာ ဈေးစကား မပြောလိုကြ။ ထို့ကြောင့် ဂါရစ်ဆင်သည် မရှိမဖြစ်လိုအပ်သော ကြားလူဖြစ်လာရသည်။ သူသည် သတင်း အမျိုးအစားအလိုက် ငွေကြေးတန်ဖိုးကို သိထားသူဖြစ်သည်။ ထိုကြောင့် သူနှင့် ဈေးစကားပြောရသည်မှာ အဆင်ပြေသည်။ သူ့အား အတိုင်ပင်ခံကြေးပေးလိုက်ရုံမျှဖြင့် အားလုံး ပြီးမြောက်သည်။ သူရရှိသော ငွေ ကြေးကို ကာယကံရှင်နှင့် မည်သို့ ခွဲဝေယူသည်ကို ရုပ်သံလိုင်းများက စိတ်မဝင်စားကြ။ သိလည်း မသိလိုကြ။ ဂါရစ်ဆင်သည် ကာယကံရှင်များ၏ အတွေ့အကြုံစာအုပ်ထုတ်ဝေ ရေးနှင့် ရုပ်ရှင်ရိုက်ကူးရေးတို့ကိုပါ စီစဉ်ပေးသည်။ ထိုအတွက်လည်း သူက အတိုင်ပင်ခံ ဥာဏ်ပူဇော်ခရသည်။ သူသည် ယင်းသို့ လုပ်ကိုင်နေသည် မှာ ဆယ်စုနှစ်တစ်ခုပင် မကတော့။

''ဘုရား.. ဘုရား ... ဖြစ်ရလေတယ်'' Oh My God ဆိုသည့် သတင်းအမျိုးအစားသည် အမေရိကန်ရုပ်မြင်သံကြားလိုင်းများတွင် အလွန် လူကြိုက်များ ခေတ်စားလာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ ၁၉၈ဝ ပြည့်နှစ်တွင် ၂၄ နာရီ ပတ်လုံး သတင်းထုတ်လွှင့်သည့် CNN သတင်းဌာနပေါ်လာသည်။ ရုပ်မြင်သံကြားကြည့်ရှုနေသူများသည် မည်သည့်လိုင်းကို ကြည့်ရှုနေသည်ကို ခြေရာခံသိရှိနိုင်သည့် နည်းပညာသစ်ကြောင့် မည်သည့်အစီအစဉ် အမျိုးအစားကို လူများက ကြိုက်နှစ်သက်သည်ကို သိရှိလာသည်။

ကြည့်ရှုသူ များပြားသည့် အစီအစဉ်များတွင် ကြော်ငြာများထည့်သွင်းခြင်း ဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ် ရောင်းချသူများ အကျိုးရှိကြသည်။ သတင်းကို ပိုမို စိတ်ဝင်စားလာကြရန် ပုံသဏ္ဌန်အမျိုးမျိုးနှင့် တင်ဆက်ကြသည်။ ယင်းသို့နှင့် သတင်းသည် သတင်းအတိုင်း အရိုးခံသက်သက် မဟုတ်တော့ဘဲ ဝေဖန်အကြံပေးချက်၊ ရှုမြင်သုံးသပ်ချက်တို့ တည့်သွင်း ပေးခြင်းဖြင့် လူကြိုက် ပိုများလာသည်ကို တွေ့လာရသည်။ ထို့ကြောင့် သတင်း သက်သက် မဟုတ်တော့ဘဲ ဖျော်ဖြေရေးသဘော ရောစွက်ထားသည့်သတင်း Infotainment ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်တွင် ရုပ်ရှင်မင်းသား အိုဂျေ ဆင်မဆင် O. Simpson က ဇနီးသည်အား သတ်မှု၊ ၁၉၉၆ ခုနှစ်တွင် အသက် ခြောက်နှစ်အရွယ် ဂျွန်ဘင်းနက် ရမ်ဆေး John Benet Ramsey သေဆုံးမှု၊ ၁၉၉၉ ခုနှစ်တွင် ယိုစမိုက် အမျိုးသားဥယျာဉ်တွင် မိခင်နှင့် ဆယ်ကျော်သက် သမီး နှစ်ယောက်တို့အား သတ်မှုတို့သည် အမေရိကန် ရုပ်သံပရိသတ် အုံးအုံး ကျွက်ကျွက်ဖြစ်ရသော သတင်းများ ဖြစ်သည်။ ရုပ်သံ သတင်းတွင် ယခင်က နောက်တန်းတွင် ရှိနေခဲ့သော သာမန် အဖြစ်အပျက် သတင်းများသည် ၂ဝဝဝ ခုနှစ်ပြည့်ခါနီးတွင် ကမ္ဘာ့ ထိပ်စည်း သတင်းများအကြား တိုး ဖောက်လျက် ရှေ့တန်းသို့ ရောက်လာသည်။

သတင်းကို ငွေပေးဝယ်ယူသည် ဆိုသည်ကို ရုပ်သံကုမ္ပဏီများက လူသိမခံလိုကြ။ သတင်းကို ငွေပေး မဝယ်ကြရန် ရုပ်သံကုမ္ပဏီများက ပေါ်လစီချ မှတ်ထားသည်။ သို့သော် ဝိနည်းရှောင်ငွေပေးသည့် နည်းများစွာ ရှိသည်။ တွေ့ဆုံမေးမြန်းခံမည့်သူအတွက် ထိပ်တန်းဟိုတယ်ကြီးများတွင် အခန်းငှားပေးခြင်း၊ လာရောက်ရန် အတွက် ပထမတန်းလေယာဉ် လက်မှတ်ဝယ်ပေးခြင်း စသည်တို့ ကို လုပ်ကြသည်။

တွေ့ဆုံမေးမြန်းခန်းတွင် ကြားထိုးပြသသည့် အပျော်တမ်းရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုတို့အတွက်မူ အခကြေးငွေပေး ကြသည်။

အေဘီစီ ရုပ်သံ သတင်းဌာန မှ ဂျက်ဖရီ ရှနိုက်ဒါ က ''တွေ့ဆုံမေးမြန်းဖို့ အတွက် ကျွန်တော်တို့ အခကြေးငွေမပေးပါဘူး။ ကျွန် တော်တို့ လွှင့်ထုတ်ပြသလိုတဲ့ ဓာတ်ပုံ တို့၊ ဗီဒီယိုတို့ရှိရင် အဲဒါအတွက် ထိုက်သင့်တဲ့ အခကြေးငွေ ပေးပါ တယ်'' ဟု ပြောသည်။

ယင်းသို့ ထုတ်ဖော် ကြေညာ လိုက်ခြင်းသည် ထူးခြားချက်ဟု ဆိုရမည်။ နှစ်နှစ်အရွယ် သမီးကို သတ်သူ မိခင် ကေစီ အန်သော်နီ Casey Anthony ၏ မိသားစုအား ဒေါ်လာ နှစ်သိန်းပေးခဲ့သည် ဆိုသော သတင်း ထွက်ပေါ်လာအပြီးတွင် ထုတ်ဖော်ကြေညာခြင်း ဖြစ်သည်။ ဂါရစ်ဆင်သည် ထိုအမှု အစဦးပိုင်း တွင် ကြားလူအဖြစ် လုပ်ပေးခဲ့သော်လည်း နောက်ပိုင်း အပေးအယူကိစ္စ တွင် ပတ်သက်မှု မရှိတော့ဟုဆိုသည်။ မိသားစုသည် ရရှိသော ဒေါ် လာနှစ်သိန်းကို အမှုအတွက် သုံးစွဲ ခဲ့ရသည်ဟု ဆိုသည်။

၂ဝဝ၉ ခုနှစ် ခရစ်စမတ်နေ့တွင် အမ်စတာဒမ်မှ ပျံသန်းလာသော နော့သ်ဝက်စ် လေကြောင်းဖြင့် လိုက်ပါလာသည့် ခရီးသည် 'အူမာ ဖာရောက်အပ္ပဒူလ်လတက်' Umar Farouk Abdulmutallab သည် အတွင်းခံဘောင်းဘီအောက်၌ ဝှက်ယူ လာသော ဗုံးကို ဖောက်ခွဲရန်ကြိုးစားသည်။ ၄င်းအား ခရီးသည်များက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည်။ မိုင်ယာမီသို့လေယာဉ် ဆိုက်သည့်အခါ ဒတ်ခ်ျ ခရီးသည် တစ်ဦးဖြစ်သည့် ဂျက်စပါ ရူရင်းဂါး Jasper Shur-inga က ယင်း၏ လက်ကိုင်ဖုန်းဖြင့် အဖြစ်အပျက်ကို ရိုက်ယူထားသည့် မှုန်ဝါးဝါးဓာတ်ပုံကို မီဒီယာများသို့ ရောင်းချရန် လိုက်စပ်သည်။ ထို ဓာတ်ပုံကို စီအန်အန်၊ အေဘီစီ သတင်းဌာန များနှင့် နယူးယောက်ပို့စ် သတင်းစာ တွင် ဖော်ပြသည့်အတွက် ဒေါ်လာ ၁၈,ဝဝဝ ရသွားသည်ဟု ဆိုသည်။

နယူးဂျာစီတွင်နေထိုင်သူ ဒေး၊ ဗစ်ဂိုးလ်မင်း- David Goldman သည် ဘရာဇီးတွင် ရှိနေသော ကိုးနှစ် အရွယ် သားဖြစ်သူ ရှောင် အား ကွယ်လွန်သွားပြီဖြစ်သော ဇနီးသည်၏ ဆွေမျိုးများလက်မှရယူရန် ကြိုးစားသည်။ ရုပ်သံ သတင်းဌာနများ က ဂိုးလ်မင်းအား အင်တာဗျူးနိုင်ရန် ဝိုင်းအုံ ကြိုးစားကြသည်။ နောက်ဆုံးတွင် အန်ဘီစီ သတင်းဌာနက လေယာဉ်စင်းလုံး ငှားကာ ဂိုးလ်မင်း၊ သားဖြစ်သူ ရှောင်နှင့် အန်ဘီစီ သတင်းထောက် ဂျက်ဖ် ရိုစန်တို့ကို တင်ဆောင်လျက် အမေရိကသို့ ဂါရစ်ဆင်က ခေါ်လာပေးသည်။ ယင်းသို့နှင့် အန်ဘီစီသည် သားအဖ နှစ်ယောက်နှင့် နှစ်နာရီကြာ အင်တာဗျူးခွင့် ရသွားသည်။

လော့စ်အိန်ဂျယ်လိစ်မြို့မှ တစ် နာရီခရီးအကွာ ဆိတ်ငြိမ်ရပ်ကွက် ခြံဝန်းကျယ်တစ်ခုတွင် ဂါရစ်ဆင် နေထိုင်သည်။ သူ၏ အိမ်နီးချင်းများ မှာ ရုပ်ရှင်သရုပ်ဆောင်များ၊ စီအီးအိုများနေထိုင်သည်။ သူ့အိမ်တွင် နိုင်ငံ ခြားမှ ရှားပါးတိရိစ္ဆာန်များကို အလှ မွေးမြူထားသည်။ အိမ်နောက်ဘက် လေသာဆောင်တွင် လုပ်ငန်းနှင့်ပတ်သက်လျက် သူဆက်ဆံဆောင်ရွက်ခဲ့ သည့် ကျော်ကြားသူ ဆယ်လိဘရီတီ များနှင့် တွဲရိုက်ထားသော ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။

သူသည်ဖျော်ဖြေရေး အနုပညာ နယ်ပယ်ထဲသို့ အစဦးပိုင်းက တိုးဝင် လှုပ်ရှားခဲ့သော်လည်း မအောင်မြင်လှသဖြင့် ၁၉၇ဝ ပြည့်လွန်နှစ်များတွင် စတော့ပွဲစား ဝင်လုပ်လိုက်သေးသည်။ ထိုမှ ဖျော်ဖြေရေးနယ်ပယ်သို့ ပြန် ရောက်လာပြီး ရုပ်သံဇာတ်လမ်းတို လေးများတွင် မထင်ရှားသော ဇာတ်ရုပ်များ အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။ အနုပညာနယ်ပယ်တွင် ပြန်လည် တိုးဝင်သော်လည်း ခရီးမပေါက်လှ။ တစ်နေ့တွင် လုပ်ငန်းကိစ္စဖြင့် ထုတ်လုပ်သူတစ်ဦးထံ သွားရောက် တွေ့ဆုံသည်။ ထိုသူသည် သူ့အား ဂရုမစိုက်ဘဲ အသားညှပ်မုန့်ကို ပလုပ် ပလောင်းစားကာ တစ်ချိန်လုံး တယ် လီဖုန်းပြောနေသည်။ သူ့အား အရေးမလုပ်ဘဲ စော်ကားလွှတ်လိုက် သဖြင့် သူသည် ထုတ်လုပ်ရေးလုပ်ငန်းလုပ်ရန် သန္နိဋ္ဌာန်ချလိုက်သည်။ ယင်းသို့ဖြင့် ထရေစီ တေလာ Tracy Taylor ဆိုသူ အမျိုးသမီးငယ် ၏ဘဝဖြစ်စဉ် ရုပ်ရှင်ထုတ်လုပ်ရေး အတွက် သူ ကန်ထရိုက်ရလိုက်သည်။ ထိုအမျိုးသမီးငယ်၏ ရုန်းကန်ကြိုးစားမှုကို သရုပ်ဖော် ထားသည့် ရုပ်ရှင်ရိုက်ကူးရန် ရည်ရွယ်သော်လည်း ပိတ်ကားပေါ် ရောက်မလာခဲ့။ ၁၉၈ဝ မှ ၁၉၉ဝ ပြည့်လွန်ကာလ များတွင် ဂါရစ်ဆင်သည် ဖြစ်ရပ် မှန်အကြောင်းအရာများဘက်သို့ ဦး လှည့်လိုက်သည်။ ထိုကာလက ယင်း ကဲ့သို့ အမျိုးအစားအပေါ် ထုတ် လုပ်သူများက စိတ်ဝင်စားမှုနည်းပါး ကြသေးသည်။ ဆွတ်ပျံ့ကြည်နူးဖွယ် သတင်းများဘက်သို့ အစဦးပိုင်းတွင် ဂါရစ်ဆင် လိုက်ခဲ့သေးသည်။ မီးရှို့မှု၊ အကြီးအကျယ်လိမ်လည်ခြင်း၊ လူသတ်မှု၊ ကျွန်ပြုမှု စသည့် အနိဋ္ဌာရုံ သတင်းများသည် မင်္ဂလာသတင်းများထက် ရုပ်သံပရိတ်သတ်၏ အာရုံ ကို ပိုမို ဖမ်းစားနိုင်သည်ကို သူသိ လာသည်။

၁၉၅ဝ နှင့် ၆ဝ ပြည့်လွန်နှစ်များ က သတင်းစာ စာမျက်နှာ ၅ နှင့် ၆ ကဲ့သို့ နောက်ပိုင်း စာမျက်နှာများတွင်သာ ခပ်သိုသို နေရာရခဲ့သည့် သတင်းများသည် ယခုအခါ ထိပ် စည်းသတင်း ဖြစ်လာနေသည်။ တစ် ချိန်က အရေးမကြီးဟု ယူဆကာ ဘေးဖယ်ထားသော သတင်းများ သည် ယခုအခါ သတင်းခေါင်းစဉ် နေရာရလာသည်။ ထိုသတင်းများသည် လူအများစု၏ ဘဝအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိသော သတင်းများသာ ဖြစ်သည်။ မယားကို သတ်ပြီး တိမ်းရှောင်သွား သော ယောက်ျား၊ အသက်မပြည့် သေးသူ ကျောင်းသားနှင့် ငြိစွန်းသည့် ကျောင်းဆရာမ စသည့် သတင်းမျိုးသည် သည်းခြေကြိုက် သတင်းများ ဖြစ်လာသည်။ အနိဋ္ဌာရုံသတင်းများ နောက်သို့ လိုက်ရသည်ကို သူက ခုံမင်စွဲလမ်း လာသည်။

''သတင်းရဲ့ ကာယကံ ရှင်တွေ၊ မျက်မြင်သက်သေတွေကို ဆွဲဆောင်သိမ်းသွင်းရတယ်။ ကျွန် တော် တစ်ယောက်တည်းကိုသာ သူတို့က ယုံကြည်ဖို့တိုက်တွန်းရတယ်'' ဟု ပြောသည်။

''လူတွေ အာသာငမ်းငမ်း သိချင်တဲ့ သတင်းတွေကို ရှာဖွေပေးဖို့ လူလိုတယ်။ အဲဒီလူ နေရာကို ကျွန် တော်ရောက်သွားတာပဲ။ ပရိသတ်ရဲ့ သတင်းချဉ်ခြင်းတပ်မှုဟာ ကျွန်တော့် ရဲ့ အသက်မွေးမှု ဖြစ်လာတာပဲ'' ဟု ဂါရစ်ဆင် က ဆိုသည်။ သူ၏ နေ့စဉ်လုပ်ငန်းမှာ သတင်းများကို ဖတ်ရှုလေ့လာခြင်း၊ အင်တာနက် စာမျက်နှာ၊ အီးမေးလ် တို့မှ သူလိုချင်သော ပရိသတ်နှစ်သက်မည့် သတင်း အစအနများကို ရှာခြင်းဖြစ်သည်။ အစအနရလျှင် ရေဆုံးရေဖျား သူလိုက်တော့သည်။ အနိဋ္ဌာရုံသတင်းပင် ဖြစ်စေကာမူ ထိုအထဲမှ သင်ခန်းစာယူသင့်သော အချက်ကို စူးစမ်းနှိုက်ထုတ်သည်။

ဆယ်ကျော်သက်တစ်ဦး လူသတ်မှုများကို ဆက်တိုက်ကျူးလွန်လျက် ထွက်ပြေးလွတ်မြောက်နေသောအမှုတွင် ရုပ်သံသတင်းသမားများက ထိုလူငယ် ပုန်းအောင်းနေသည်ဟု ထင်ရသော တောအုပ်တွင် ပိုက်စိတ် တိုက်နေကြစဉ် ဂါရစ်ဆင်က မိဘများထံသွားလျက် လူငယ်၏ ဘဝ ဖြတ်သန်းမှုကို မေးမြန်းသည်။ လူသတ်မှုကို ကျူးလွန်စေသည့် လူငယ်၏ ဘဝဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ကို သူက စူးစမ်းသည်။

ဂါရစ်ဆင်၏ ပြိုင်ဘက်သည် မမျှော်လင့်သောထောင့်မှ ပေါ်လာသည်။ အင်တာနက်ပေါ်ရှိ အတင်း အဖျင်း စာမျက်နှာများသည် အင်အား ကောင်းသော ပြိုင်ဘက်များ ဖြစ်လာသည်။ သတင်းတန်ဖိုးရှိသော ဓာတ်ပုံ နှင့် ဗီဒီယို အပိုင်းအစများကို အင်တာနက်ပေါ်တွင် အလွယ်တကူ ရောင်းချ နိုင်သော အေးဂျင့်များပေါ်လာသဖြင့် ဂါရစ်ဆင်၏ အခန်းကဏ္ဍသည် မှေး မှိန်လာသည်။ ရုပ်သံလွှင့် ကုမ္ပဏီများသည် အသုံးစရိတ်ဖြတ်တောက်လာသဖြင့် ဂါရစ်ဆင်အား ယခင်ကကဲ့သို့ တနင့်တပိုး မပေးနိုင်တော့။

''အရင် တုန်းကဆိုရင် ရုပ်သံလွှင့်သမားတွေ က ငွေကြေး အတော်လေးပေးနိုင်တယ်။ သာမန် သတင်းတစ်ပုဒ်ကို ဒေါ်လာ တစ်သိန်းအထိပေးတယ်။ အခုတော့ အိုးမိုင်ဂေါ့ သတင်းမျိုး မဟုတ်ရင် အဲဒီလောက် မရတော့ ဘူး'' ဟု သူကပြောသည်။

ထို့ကြောင့် ရေရှည် အကျိုး အမြတ်ပေးနိုင်သည့် ဖြစ်ရပ်မှန်စာ အုပ်ထုတ်ဝေရေးဘက်သို့ သူက ပြောင်းရတော့သည်။

''ကျွန်တော် က ငွေရဖို့ တစ်ခုတည်းအတွက် လုပ် နေတာမဟုတ်ပါဘူး။ ကျွန်တော့် အလုပ်ကို ကျွန်တော် ဂုဏ်ယူတယ်။ ကျွန်တော့်အလုပ်ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲဆီကို ဦးတည်စေ မယ်ဆိုရင် ကျွန်တော် ကျေနပ် တယ်'' ဟု ဆိုသည်။

ရုပ်သံသတင်းကဏ္ဍတွင် မေး မြန်းခံသည့်အတွက် ငွေကြေး ရယူ ခြင်းနှင့် ဂါရစ်ဆင်ကဲ့သို့ သတင်း ပွဲစားများ ရှိနေခြင်းသည် သင့်မြတ်ပါ၏လော ဆိုသည့် မေးခွန်းအတွက် အဖြေအမျိုးမျိုး ကိုယ်စီရှိနေကြသည်။ ထိုကဲ့သို့သော သတင်းများကို လူ ကြည့်များသည့်အတွက် ကြော်ငြာ အများအပြား ကြားဖြတ်ထည့်သွင်း ကြသည်။ ထိုကြော်ငြာများမှ ရရှိသော အကျိုးအမြတ်များသည် မျက်ရည်စက်များ၊ သွေးအိုင်များ၊ အပျိုရည်များ၊ လူ့ဂုဏ်သိက္ခာများမှ ထုတ်ယူ ရရှိခြင်းဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်။

သတင်းပွဲစားအလုပ်သည် မရှိ မဖြစ် လိုအပ်သည် ဟု ဂါရစ်ဆင်က ဆိုသည်။ သတင်း၏ ကာယကံရှင် နှင့် မျက်မြင်သက်သေများသည် သာမန်လူများသာ ဖြစ်ကြသည်။ သူတို့သည် သတင်းဌာနများနှင့် ဆွေးနွေးရန် အတွေ့အကြုံ မရှိကြ။ အကျိုးအမြတ် အကောင်းဆုံးရရန်၊ ဂုဏ်သိက္ခာ မထိပါးစေရန်နှင့် ဥပဒေနှင့် မငြိစွန်းစေရန် သတင်း ပွဲစားက ဝင်ရောက် ဆောင်ရွက်ပေး နိုင်သည်။ သတင်းပွဲစားမှ တစ်ဆင့် ဆောင်ရွက်ခြင်းကြောင့် သတင်းထောက်များ လင်းတဆွဲသကဲ့သို့ ဝိုင်းအုံ မနေကြတော့။

သတင်းဌာနများက သတင်း အရင်းအမြစ်များကို ငွေကြေးပေးခြင်း အပေါ် မေးခွန်းထုတ်စရာများက လည်းရှိလာသည်။ ငွေပေးဝယ်ယူခြင်း ကြောင့် သတင်းသည် ဖြောင့်မှန်မှုရှိပါမည်လား။ ငွေကြေးကြောင့် မမှန်သတင်း ပေးလာနိုင်သည့် အလားအလာလည်းရှိနေသည်။

ဟစ်တလာ၏ ဒိုင်ယာရီဟူ၍ လံကြုတ်လုပ်ကာ ရောင်းချခဲ့သည့် အဖြစ်အပျက်မှာလည်း ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ နယူးဝိစ် ကဲ့သို့ အထင်ကရ သတင်းမဂ္ဂဇင်းသည်ပင် အလိမ်ခံလိုက်ရသည်။ ငွေကြေးအတွက် သတင်းကို ဖန်တီးခြင်းမျိုးများရှိခဲ့သည်။ လူ ပေါင်းများစွာ သတ်ဖြတ်သူကို ငွေ ကြေးပေးလျက် သတင်းယူမည်ဆိုပါက ရာဇဝတ်မှုကို အားပေးရာ ရောက်မည်ဖြစ်သည်။

''ကျွန်တော် အကျိုးဆောင် ပေးရတဲ့ လူတွေဟာ သူတို့ တစ်ခါမှ မကြုံဖူးတဲ့ သတင်းသမားတွေနဲ့ ဘယ်လို ဆက်ဆံရမယ်။ ကိုယ့်ဂုဏ် သိက္ခာကို မထိပါးအောင် ဘယ်လို ပြောဆို ဆက်ဆံရမယ်။ အမှုအခင်းမှာ ကိုယ်ပါ ငြိပါမသွားအောင် ဘယ်လို လုပ်ရမယ်ဆိုတာ မသိရှာကြဘူး။ ကျွန်တော်က သူတို့ကိုယ်စားကြား ဝင်ဆောင်ရွက်ပေးရတာပါ။ ရှေ့နေ က တရားရုံးမှာ လိုက်ပါဆောင် ရွက်ပေးရသလိုပါပဲ။ ကျွန်တော်က သူတို့အတွက် အကျိုးဆောင် တစ်မျိုး ပါပဲ'' ဟု ဂါရစ်ဆင်က ဆိုသည်။

သတင်းအဖြစ်အပျက်တိုင်း တွင် အပိုင်းနှစ်ပိုင်းရှိသည်။ တစ်ပိုင်းသည် အမှားဖြစ်ပြီး အခြားတစ်ပိုင်းမှာ အမှန်ဖြစ်သည်။ အမှန်တရားကို လူတို့က သိလိုကြသည်။ မည်သူ့ ထံမှာ အမှန်ကို သိနိုင်မည်ကို ဂါရစ်ဆင်က ဆုံးဖြတ်ပြီး ထိုသူ့ထံသို့ ချဉ်းကပ်သည်။

''သတင်းအနံ့ခံပြီး ကျွန်တော့် ကို ကူညီနေကြတဲ့ လူတွေရှိတယ်။ သူတို့က ဘယ်သတင်းဆိုရင် လူ စိတ်ဝင်စားမယ် ဆိုတာ သိကြတယ်။ ကျွန်တော် လိုက်တဲ့ သတင်းတွေဟာ အညှီအဟောက်ချည့် သက်သက် မဟုတ်ဘူး။ အညှီအဟောက်နဲ့ တိုင်းမ်မဂ္ဂဇင်းအကြားမှာရှိတဲ့ သတင်း တွေပဲ။ ဘယ်သတင်းဟာ တိုင်း မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါနိုင်တယ်ဆိုတာ မှန်းဆနိုင်ဖို့က အရေးကြီး တယ်'' ဟု ဂါရစ်ဆင်က ပြောသည်။

''ကျွန်တော် တင်ဆက်ပေး လိုက်တဲ့သတင်းတွေဟာ ကော်ဖီဆိုင်မှာ၊ ရုံးမှာ၊ အလှပြင်ဆိုင်မှာ ပြောမဆုံးတဲ့ သတင်းမျိုးတွေဖြစ်တယ်။ ပရိတ်သတ်က ဘာကို ချဉ်ခြင်းတပ် နေတယ်ဆိုတာ သိဖို့လိုတယ်'' ဟု သူက ဆိုသည်။

အမေရိကန်ပရိသတ်၏ သတင်း အကြိုက်သည် များစွာပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ယခင်ကဆိုလျှင် သတင်းကြေညာသူများသည် ဝါလ် တာ ခရွန်တိုက်ကဲ့သို့ အသက်ကြီးပိုင်း နသယ်စ ဖြူနေသူများသာဖြစ်သည်။ ပရိသတ်ကလည်း ယင်းကဲ့သို့ ဥပဓိရုပ်မျိုးနှင့် လူမျိုးများကိုသာ ယုံကြည် ကိုးစားထိုက်သည်ဟု ယူဆသည်။ သို့သော် ယခုအခါ သတင်းကြေညာသူများသည် ငယ် ငယ်ချောချောများဖြစ်လာသည်။ သူ တို့သည် သတင်းကြေညာရုံမျှမက သရုပ်ဆောင်သည့် အပိုင်းလည်း ပါဝင်လာသည်။ ကြေညာသည့် အသံမှာလည်း အဖိ အဖေါ့၊ အဆွဲ အငင် အရှူအရှိုက်လေးများ စွက်ထားသည်။ သတင်းသက်သက်သာ မကတော့ဘဲ ထင်မြင်ချက်များ ထည့်သွင်းလာသည်။ ပျောက်ဆုံးသွားသော ကလေးငယ်၏ မိခင်က မျက်ရည်လည်ရွဲဖြင့် သတင်းထောက်အား ဇာတ်စုံခင်းပြနေစဉ်တွင် ညင်သာသော တေးဂီတ နောက်ခံဖြင့် ပို့ပေးသည်။

ယင်းသို့ သတင်းကို ဖျော်ဖြေ တင်ဆက်မှု အသွင်ဖြင့် အပြိုင်အဆိုင် လွှင့်ထုတ် လာကြခြင်းသည် ကောင်းကျိုး ဖြစ်စေသလို ဆိုးကျိုးဖြစ်ရသည်လည်း ရှိလာသည်။ လူထုသည် အဖြစ်မှန် သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိရသည်မှာ အကောင်းဘက်မှ ဖြစ်သည်။ တစ်ခါတစ်ရံ သတင်း သမားများ လက်ကုန်နှိုက်ကာ ကောက်ချက်ချမှုကြောင့် ကာယကံ ရှင်များ နစ်နာရသည်များလည်း ရှိလာသည်။ ပရိသတ်သည် မီဒီယာ၏ လုပ်ပုံကိုင်ပုံကို အကျွမ်းတဝင်ဖြစ်လာသည်။ ပိုမို အသေးစိပ်သော တိကျ သော သတင်းအချက်အလက်များကို တောင်းဆိုလာသည်။

ရုပ်သံများကလည်း သတင်းတစ်ပုဒ်ချပေးလိုက် ပြီး ပရိသတ်၏ စိတ်ဝင်စားမှုကို စစ်တမ်းထုတ်ယူသည်။ ပရိသတ် စိတ်ဝင်စားမှုတက်လာသည်နှင့် ထို သတင်းကို ဖျော်ဖြေမှုအသွင်ဖြင့် ထုတ်လွှင့်သည်။ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား ကြည့်နေရသကဲ့သို့ ခံစားလာစေရန် မီဒီယာ မှော်အတတ် ဖြင့် စီရင် တင်ဆက်တော့သည်။ ပရိသတ် ထိန်းထားနိုင်ရန် ပိုမိုအသေး စိတ်သော၊ ခွဲခြမ်းစိတ်ဖြာသော အချက်အလက်များကို တင်ဆက် ပေးသည်။

မီဒီယာများသည် သူ့ထက်ငါ အပြိုင်ကြဲလာမှုကြောင့် အဖြစ်မှန် အချက်အလက်များ မကြာခဏဆို သလို တွန့်လိမ်ကောက်ကွေးကုန်သည်။ တစ်ချက်မှားရုံ၊ ယုံကြည်ချက် တစ်ချက်မဲ့သွားရုံဖြင့် မီဒီယာအဖွဲ့ အစည်း ကိုယ်တိုင် သတင်း၏ သားကောင် ဖြစ်သွားရသည်လည်း ရှိသည်။

၂ဝဝ၄ ခုနှစ် ရွေးကောက်ပွဲ အရှိန်မြင့်နေစဉ် သမ္မတလောင်း ဂျော့ ဒဗလျူ ဘုရှ်အား စီဘီအက်စ် ရုပ်သံဌာနမှ ပြင်းထန်သော စွပ်စွဲချက် တစ်ခုပေါ်ထွက်လာသည်။ ဘုရှ်သည် မိဘအရှိန်အဝါနှင့် နိုင်ငံရေး သြဇာကို အသုံးပြုလျက် စစ်မှုထမ်း ကာလ သက်တမ်းပြည့် မထမ်း ဆောင်ခဲ့၊ စစ်မှုထမ်းနေစဉ် အထူး အခွင့်အရေးများပေးခဲ့သည်ဟု စွပ်စွဲချက်က ဆိုသည်။ ထိုစွပ်စွဲချက်များ အတွက် မငြင်းနိုင်သော သက်သေ အထောက်အထားများရှိသည်ဟု စီဘီ အက်စ်က ဆိုသည်။ နောက်တစ်နေ့ တွင် အမေရိကန် တစ်ပြည်လုံး ပွက်ပွက်ညံကုန်တော့သည်။ အခြားသတင်းဌာနများက စီဘီ အက်စ်ကို ဝိုင်းဝန်းဝေဖန်ကြသည်။ သို့သော် စီဘီအက်စ်က အလျှော့ မပေး။ မူလ လွှင့်ထုတ်ချက်အပေါ် ခိုင်မာစွာ ရပ်တည်ထားသည်။ သို့ သော် တစ်ပတ်အကြာတွင် မှားယွင်း ထုတ်လွှင့်မိကြောင်း စီဘီအက်စ် က ကြေညာသည်။ ယင်း၏ လက်ဝယ် ရရှိထားသော အထောက်အထားများ မှာ အတုများ ဖြစ်သည်ဟု ဝန်ခံရတော့သည်။

သတင်းကို လူစိတ်ဝင်စားလာ စေရန် ရောသမမွှေ Spinning Stories လုပ်နည်း ဟူ၍ရှိသည်။ သတင်းမဟုတ်သည်ကို သတင်းဖြစ် အောင် လုပ်သောနည်း ဖြစ်သည်။ လွယ်လှသည်တော့မဟုတ်။ ရော သမမွှေ နည်းဟု မည်သူက အမည် တပ်ခဲ့သည်ကို မသိရ။ ရောသမမွှေ လိုက်ခြင်းဖြင့် သတင်းတစ်ပုဒ်သည် အရေးကြီးသည်ဟု ထင်မြင်လာစေသည်။ သတင်းကို စိတ်လှုပ်ရှားဖွယ် ဖြစ်စေရန် ဖန်တီးခြင်းလည်း ဖြစ်သည်။ ယင်းသို့ဖြင့် အဖြစ်မှန်သည် စိတ်ကူးယဉ် ဇာတ်လမ်းနှင့်ပိုမိုနီးကပ် လာသည်။ အန္တရာယ်ရှိသောဖန်တီး မှုဖြစ်သည်။

ဤနည်းဖြင့် ပရိသတ် ၏အာရုံကို ညှို့ယူဖမ်းစားထားရန် ကြိုးစားသည်။ ရုပ်သံဇာတ်လမ်းတွဲ ပမာ ရှေ့ဘာဆက်ဖြစ်မည်ကို ပရိ သတ်က ရင်တဖိုဖိုဖြင့် စောင့်စား ကြည့်ရှုကြရသည်။ ထိုနည်းသည် ဖြစ်ရပ်မှန်များ အတွင်း အချက်အလက် အပိုများ ထည့်သွင်းခြင်းဖြစ်သည်။ ယင်းသို့ ထည့်သွင်းသော အချက်အလက်များသည် မှန်ကန်သော အချက်အလက် များ ဖြစ်ရန်လိုအပ်သည်။ တစ်နည်းအားဖြင့် သတင်းတွင် ပါဝင်ပတ်သက် နေသူများ၏ စရိုက်ကို ပီပြင်စေခြင်း ဖြစ်သည်။ မည်သည့်ကျောင်းတွင် နေခဲ့သည်။ ချစ်သူရည်းစားမှာ မည်သူဖြစ်သည်။ ကျောင်းဆရာ၊ ဆရာမများနှင့် လုပ်ဖော်ကိုင်ဖက်များက သူ့အပေါ် ထင်မြင်ချက် မည်သို့ရှိ သည် စသည်တို့ကို အနုပညာမြောက်စွာ ထည့်သွင်းပေးသည်။

မီဒီယာများမှ မြင်တွေ့ကြားသိ နေရသော သတင်းဆိုသော အရာများထဲတွင် ပမာဏ မည်မျှသည် အစစ် အမှန်ဖြစ်ပြီး၊ မည်မျှသည် တန်ဆာ ဆင်ဖန်တီးမှု ဖြစ်သည်ကို သိရှိရန် ခက်ခဲလှပေသည်။



Ref :The News Merchant

Photo Illustration: Gluekit; Network photos: ABC, CNN, FOX, NBC; Photo of Larry Garrison: Courtesy Sean Garrison Photography

ညွှန်း - ဈေးကွက်ဂျာနယ်၊ http://zaygwet.com



ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီ

0 comments



(ဓာတ်ပုံများ - Reuters)

ဥရောပခရီးစဉ်တလျှောက်လုံး နိုင်ငံတကာက အာရုံစိုက်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီမနက်မှာ ရန်ကုန်ပြန်ရောက်ပါပြီ။

သူဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော် ကာလ တလျှောက်လုံး အထိန်းသိမ်းခံခဲ့ရ၊ ကျန်တဲ့အချိန်တွေမှာလည်း ပြည်ဝင်ခွင့်မရမှာစိုးရိမ်လို့ ပြည်ပခရီးမထွက်ဖြစ်ခဲ့သူပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ၊ NLD အဖွဲ့ဝင်တွေ အများအပြား ဒီမနက် ရန်ကုန်လေဆိပ် အတွင်းဘက်၊ အပြင်ဘက်မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြတာပေါ့။

အပြန်ခရီးဟာ လေယာဉ်က ပုံမှန်အချိန်မှာ မဆိုက်ဘဲ နာရီအနည်းငယ် နောက်ကျပြီးမှ ရောက်လာတာတခုကလွဲလို့ အဆင်ပြေပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်မယ့်လမ်းမှ လေဆိပ်အထွက်က စတင်ပြီး ပြည်လမ်းတစ်လျှောက်မှာ သူ့ကို ထောက်ခံသူများ၊ ဒေသခံများက NLD အလံငယ်တွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြတာပါ။

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဝန်းကျင်မှာ သွားရောက် စောင့်ကြိုသူတွေလည်း မနည်းမနောပါပဲ။

NLD က အထင်ကရတွေဖြစ်တဲ့ ဦးဝင်းတင်၊ ဦးအုန်းကြိုင် ၊ ဒေါ်ဖြူဖြူသင်း၊ ဒေါ်မေ၀င်းမြင့်၊ ဦးစိုးဝင်း၊ ဦးသိမ်းဆွေ တို့လည်း လေဆိပ်မှာ သွားကြိုကြပါတယ်။

ကြိုဆိုသူများထဲမှာ သျှီ၊ ထွန်းအိန္ဒြာဗို၊ ကြည်ဖြူရှင်၊ လူမင်း စတဲ့ ဂီတ၊ ရုပ်ရှင်လောကသား အကျော်အမော်များလည်း ပါပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ သူ ရန်ကုန်မရောက်ခင် ရက်ပိုင်းအလိုမှာပဲ စာတစောင်ပေးပို့တဲ့နည်းနဲ့ ကြိုဆိုခဲ့ပါတယ်။

ဥရောပ ၅ နိုင်ငံကို တရစပ် ခရီးထွက်ခဲ့၊ အရေးကြီးတဲ့ အခမ်းအနားတွေ၊ တွေ့ဆုံမှုတွေကို ဆက်တိုက် တက်ရောက်ခဲ့၊ လေယာဉ်တွေ တစီးပြီးတစီး နာရီအတန်ကြာအောင် စီးနင်းခဲ့ရတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် ပင်ပန်းနေမှာ အသေအချာပါပဲ။

သေသေချာချာ အနားယူဖြစ်မယ် ဆိုရင်တော့ လာမယ့် ၄ ရက်အကြာ ဗုဒ္ဓဟူးနေ့မှာ ပြန်အစပြုမယ့် လွှတ်တော်အစည်းအဝေးတက်ဖို့ နေပြည်တော်ကို သွားနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်က ကြိုဆိုသူတယောက်



အိုးစည်ဗုံမောင်းနဲ့ ကြိုဆိုသူတွေထဲက တယောက်




ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် လူထု အံ့မခန်း ကြိုဆို

2 comments

ဓာတ်ပုံများ- The Messenger's facebook


မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။




ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေက လက်ခုပ်လက်ဝါးတီးကာ အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတာပါ။



တိုင်းပြည်ရဲ့ တကယ့် သံကောင်း တမန်ကောင်း အဖြစ် ကမ္ဘာ့အလယ် တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေ၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ နယ်ပယ် အသီးသီး အလွှာ အသီးသီးက လူငယ်၊ လူကြီး၊ လူလတ် ပေါင်းစုံတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာမယ့် TG 303 လေယာဉ်အချိန်ကို ရွှေ့ဆိုင်းလိုက်တဲ့အတွက် ရန်ကုန် လေဆိပ်ကို နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်ခန့်လောက်မှသာ ဆိုက်ရောက်မယ်လို့ နောက်ဆုံး သိရပါတယ်။

ဖောင်အိမ်ကလေးမှာ

0 comments


ဆောင်းဝင်းလတ်
http://shweamyutay.com/images/news/s_june12/saungwinlat.jpg

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ့် ရှစ်နှစ်က ဌာနဆိုင်ရာ တစ်ခု လက်အောက်ခံ သင်္ဘောငယ် တစ်စီး၏ စက်ဆရာ အနေဖြင့် မျက်ဝါးထင်ထင် သူမြင်ခဲ့ ရသော ချင်းတွင်း မြစ်ရေပြင်နှင့် ယခု သည်နေ့ မြင်လိုက်ရသော ချင်းတွင်း မြစ်ရေပြင်က များစွာ ကွာဟ သွားပေပြီ။

ရှေးတုန်းကတော့ တကယ့် ကိုပင် ရင်ထဲမှာ အေးခနဲ ဖြစ်သွားစေသော ချင်းတွင်း။

“မြစ်ကွေ့က ဝေ့လည်လည် ရေကြည်တဲ့ ရှုခင်း ချင်းတွင်းရဲ့သည်ဒေသ လှပလေခြင်း” ဟုပင် သူ စိတ်ကူးစိတ်သန်း ဆန်းခဲ့မိသေးသည်။ ခုတော့ မြစ်ရေပြင်ကြီးက နောက်ကျိ ညစ်ထေးလို့ပါလား။ မုံရွာမှ တစ်ဆင့် သူစီးလာသော ခရီးသည်တင် အမြန်ရေယာဉ် ကလေးက တရွေ့ရွေ့ ဆန် တက်နေဆဲပင်။ ခရီးသွား ဖော်ချင်း တရင်းတနှီးဖြင့် သူ့မှာ စကားပြောဖော် ချစ်စဖွယ် ယဉ်ကျေးသိမ်မွေ့ သော မောင်နှမနှစ်ယောက်ရှိ နေ၍သာ ငြီးငွေ့ဖွယ်ရာ ကင်းပခဲ့သည်။ အစ်ကို ဖြစ်သူက ဆေးတက္ကသိုလ် ကျောင်းသားလေးဖြစ်ပြီး ညီမငယ်ဖြစ်သူက စီးပွားရေး တက္ကသိုလ် တက်နေဆဲဟု သိရသည်။ ရန်ကုန်မှ လာကြ သူများဖြစ်ပြီး သည်ခရီး လမ်းပန်းကို တစ်ခါမှ မကြုံ ဖူးသေးသူမျိုးဟုလည်း သိရသည်။ မိဘများ လုပ်ငန်း သွားရောက် လုပ်ကိုင်ရာ မော်လိုက်မြို့သို့ လိုက်လာကြခြင်းတဲ့။ ကလေးငယ် နှစ်ဦးအား သူက သူရောက်ခဲ့ဖူးသော မော်လိုက်မြို့အကြောင်းကို ပြောပြ နေမိသည်။

“သစ်တောကြီး ရှိတော့ အိမ်ကြီး အိမ်ကောင်းတွေ တော်တော်များတဲ့ မြို့ပေါ့။ တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ တချို့တိုက်ခံ အိမ်ကြီးတွေမှာဆိုရင် အင်္ဂလိပ် အစိုးရခေတ်က အရာရှိကြီးတွေ နေသွားကြတာ ဆိုတော့ အေးတဲ့ရာသီမှာ အနွေးဓာတ် ရအောင် မီးမွှေးတဲ့ မီးလင်းဖို အတွက် မီးခိုးခေါင်း တိုင်ကြီးတွေတောင် တွေ့ရတယ်။ ဒီမီးခိုး ခေါင်းတိုင်ကြီးတွေကို အင်္ဂလိပ်တွေက Chimney လို့ ခေါ်ကြတာပေါ့။ မြို့အကွက် အကွင်းကလည်း ကျယ်ဝန်းပြီး အတော် သန့်ရှင်း သပ်ရပ်တယ် လေ။ ရှေးခေတ်ဟောင်းက အစိုးရ ရုံးကြီးတွေကလည်း ရှိနေတုန်းပဲ” ဟု သူက ပြောပြနေမိသည်။ မြစ်ကို ဆန်တက်လာ လေလေ ကျောက်ဆောင် ကျောက်တောင် ကျောက်ကမ်းပါး ကြီးများ၊ တောင်တန်းကြီးများကို များများ မြင်တွေ့လာရလေ လေမို့ ကလေး နှစ်ယောက်က တအံ့တသြဖြင့် ဓာတ်ပုံရိုက်သူ ကရိုက်နှင့် ဟိုငေးသည်ငေး။

“ဦးလေး သိသလောက်တော့ မြစ်အစ မြစ်အဆုံး ဆိုရင် ခရီးက မိုင်ခြောက်ရာကျော်ရှည်တယ်။ မင်းတို့ ကြားဖူးမှာ ပေါ့။ ဟူးကောင်းေ တာင်တန်းကြီးဆိုတာ အဲဒီ့တောင်တန်းကြီးကစပြီး စီးဆင်းလာတဲ့ ဒီမြစ်ဟာ မြစ်ဖျားပိုင်းမှာတော့ တနိုင်ခလို့ ခေါ်ကြတယ်။ ဒီဘက် ရောက်လာတော့ ချင်းတွင်းပေါ့။ မြစ်လက်တက်တွေလည်း ရှိသေးတယ်။ ယူး၊ မြစ်သာနဲ့ ဥရုဆိုတာ မြစ်လက်တက် တွေပဲ။ ပခုက္ကူမြို့ အထက် နားရောက်မှ ဧရာဝတီနဲ့ သွားပေါင်းမိပြီး စီးဝင်သွားတယ်လေ။

ဧရာဝတီမှာတော့ ရေကြည်တဲ့ နေရာ ရှိရင်ရှိမယ်။ အခု ဒီမှာတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ။ ရွှေကျင်တဲ့ လုပ်ငန်းရှင်တွေကြောင့် မြစ်ရေက မကြည်တော့ဘူးလေ။ ဦးလေး စက်ဆရာ အလုပ်လုပ်ရင်း သင်္ဘောနဲ့ ဒီနေရာတွေ လာခဲ့ဖူးတုန်းကတော့ ခုလောက် မြစ်ရေက မနောက်သေးဘူး။ ဟိုတုန်းက ရွှေကျင်တာက ရှေးရိုး ဆန်တာကိုး။ မြစ်ထဲ မှာ ရေစီးနဲ့ မျောလာတဲ့ မြေ အနည်အနှစ် သဲအနည်အနှစ် တွေကို သစ်သား ဇလားကြီးတွေနဲ့ ခံပြီး ငှက်ပျောပင်က ငှက်ပျောဖတ်တွေ ဂုန်နီအိတ်တွေနဲ့ စစ်ယူပြီး ရွှေမှုန်ရွှေစ လေးတွေကို ကျင်ယူကြတာ လေ။ အခု နောက်ပိုင်းကျ တော့ မင်းတို့တွေ့ပါလိမ့်မယ်။

လုပ်ငန်းရှင်တွေရဲ့ လုပ်ကွက်တွေက အရမ်း ကြီးမားလာတယ်။ သင်္ဘော ကြီးတွေ၊ ရေစုပ်ပန့်ကြီးတွေ၊ ဧရာမ ပိုက်လုံးကြီးတွေ၊ စက်ကိရိယာ ပစ္စည်းအကြီးစား တွေ၊ ဓာတုဗေဒ ပစ္စည်းတွေနဲ့ လုပ်ငန်းကြီးကျယ် လာတယ်။ မြေတွေ ပြိုတယ်။ အနည်အနှစ်တွေနဲ့ ရေပိုပြီး နောက်လာတယ်။ ရွှေကျင်တဲ့ လုပ်ကွက်များရင် များသလောက် ရွှေကို ကျင်ယူလို့ ရတာ များလာတယ်”

သူက ပြောပြနေမိ သည်။
“မော်လိုက်မြို့ကို မရောက်ခင် ဒီကြားထဲမှာ သမီးတို့ ဘယ်နေရာတွေကို ဖြတ်သွားရဦးမလဲ ဦးလေး”

သမီးငယ်လေးက မေး လာသဖြင့်-
“ဒီကြားထဲမှာတော့ ကနီရှိတယ်။ ချိုင်ရွာ၊ သရက် ပင်ရွာ၊ မင်းကင်းရှိမယ်။ ကလေးဝကလွန်ရင် မစိန်ရွာ ရှိလိမ့်မယ်”
ဟု စကားလက်စ မသတ်ရသေးခင်မှာပင် သင်္ဘောကလေးက ဇက်ကြိုး သတ်ခံလိုက်ရသော မြင်း တစ်ကောင်နှယ် တုံ့ခနဲ ငြိမ် သက်သွားသည်။

“ကဲ ကဲ ခရီးသည်တွေ ကျေးဇူးပြုပြီး ကလေးတွေက လွဲရင် အားလုံး ရေထဲ ခဏ ဆင်းပေးကြပါ။ ၀ိုင်း တွန်းချ ပေးကြ ပါဦးဗျာ။ အသက်ကြီးတဲ့ လူတွေနဲ့ ကိုယ်ဝန်ဆောင်တော့ မဆင်းနဲ့ပေါ့” တဲ့။ သင်္ဘော မာလိန်မှူးကြီး၏ အသံ။ သူ့စကား ပြောဖော် ကောင်လေးနှင့် ကောင်မလေးက ငေးကြောင်ကြောင် ဖြစ်သွားသည်။

“ဒီအရပ်မှာတော့ ဒီလို ပါပဲကွာ။ သင်္ဘော မောင်းနေရင်း သောင်တင်ရင် ခရီး သည်တွေ ရေထဲ ဆင်းတွန်း ကြတာ ထုံးစံပဲပေါ့”
ဟု ဆိုကာ သူကိုယ် တိုင်လည်း ရေထဲလျှောဆင်း လိုက်ရသည်။ အေးခနဲ စိမ့် ခနဲ ဖြစ်သွားသည်။ ရေက ခါးလောက်အထိ ရှိနေသည့် ခန္ဓာကိုယ်တစ်ဝက်ကို စိုရွှဲ ကာ အားလုံး ညာသံပေး၍ ဆင်းတွန်းကြရပြီ။ အင်ဂျင် စက်သံကလည်း ညံစီလို့။ မီးခိုးတွေက မှောင်ခနဲ မည်းခနဲ။ သင်္ဘောအင်ဂျင်စက် ကလည်း ရုန်းကန် ရသလို လူ အင်အားနှင့်လည်း တွန်းချနေ ရဆဲ။ ချင်းတွင်းရေကြောင်း ကျဉ်းသထက် ကျဉ်းလာပါ ပေါ့လား။ လူတွေက စိတ် ညစ်ဖို့ထက် သောင်ပေါ်က မြန်မြန် ကျဖို့သာ အာရုံစိုက်ပြီး မညည်းမညူ ၀ိုင်းကူ တွန်းချ နေကြသည်။

“ဟေး...”

ကလေးတွေလိုပါပဲ။ အပျော်ဓာတ်လေးတွေ ပေါင်းကူးကာ အော်သူကအော်။ ခဏအကြာမှာတော့ အိခနဲ၊ ငြိမ့်ခနဲ၊ သိမ့်ခနဲနှင့်ပင် သင်္ဘောကလေးက သောင်မှ လွတ်သွားသည်။ ရေစိုလုံချည်၊ ဘောင်းဘီတွေဖြင့် တွယ်၍တက်ကြ။ ဆွဲ၍ တင်ကြနှင့် တကယ့်ကို ၀ရုန်း သုန်းကား။

“တော်ပါသေးရဲ့ သမီး တို့ကို ရေထဲက ငါးတွေ လာမကိုက်လို့”
ရန်ကုန်သူ သမီးငယ် လေးက စိုးရိမ်စိတ်လေး တနွေးနွေးဖြင့် ဖွင့်ဟလာ တော့ သူ ပြုံးမိသည်။
“သောင်တွေ ထွန်းပြီး မြစ်ရေကလည်း နောက်ကျိ နေတော့ ငါးတွေတောင် နေရာပြောင်းပြောင်းပြီး နေကြ ရတာလေ။ ရေပျော် ငှက်တွေလည်း အသိုက်ရွှေ့ကုန်ပြီ။ ဟိုတုန်းကဆိုရင် ဦးလေးတို့ ငါးများများ၊ ငှက်များများ ဒီနေရာမှာ တွေ့ရတတ်တယ်။ ခုတော့ ဘာမှ မစိုးရိမ်နဲ့။ ငါးတွေ ဝေးဝေး ပြေးကုန် ပြီ”
ဟု သူအားပေးလိုက်ရသည်။

“သောင်တင်တာထက် စာရင် တခြား အန္တရာယ်တွေ နဲ့ မတွေ့ဖို့က ပိုအရေးကြီး တယ်။ ဒီမြစ်ထဲမှာ ရေ၀ဲက တော့ အကြီးစားကြီးတွေ ရှိ တယ်။ ရွှေစာရေးဝဲတို့၊ ၀က်သိုက်ဝဲတို့၊ ပေ၀ဲတို့၊ လောင်းကတိတ်ဝဲတို့၊ ၀ါး ကြိတ်လိမ်ဝဲတို့၊ ကတိုးဝဲတို့ က ဒီမြစ်ကြောင်းမှာ တကယ့် ကို ဆိုးဆိုးဝါးဝါး နာမည်ကြီး တဲ့ ၀ဲတွေပေါ့။ နောက်ပြီး တော့ တံစုန်းဆိုတာ ရှိသေး တယ်။ ဦးလေးတို့ သင်္ဘော သား လောကမှာတော့ တံစုန်းတွေကို အင်္ဂလိပ်လို Submerged tree trunk လို့ ခေါ်တယ်။ တောင်ကျရေစီးနဲ့ မျောပါလာတဲ့ သစ်ငုတ်ဝါး ငုတ်ချွန်ကြီးတွေက ရေအောက် မှာ ထိုးထိုးထောင်ထောင်နဲ့ စိုက်နေတာ တံစုန်းလို့ ခေါ် တယ်။ ရေအောက်ရန်သူတွေ ပေါ့။ သစ်ဖောင်၊ ၀ါးဖောင် တွေ၊ လှေတွေ၊ သင်္ဘောတွေ ကို ဘ၀ပျက်အောင် ထိုးခွဲပြီး မြှုပ်ပစ်တဲ့ထဲမှာ တံစုန်းတွေ လည်းပါတာပေါ့။ ပြီးတော့ မြစ်ကျဉ်းတွေကို ဖြတ်ရင် လည်း ကျောက်ဆောင်နဲ့ မတိုက်မိအောင် သတိထားရ တယ်။ ဦးလေးဆိုရင် ဟို တုန်းက လင်းဖားမြစ်ကျဉ်း ကိုအဖြတ်မှာ ကံကောင်းလို့ သင်္ဘောမနစ်ခဲ့တာ”
ဟုလည်း သတိပေးရ သေးသည်။

“ကျွန်တော်တို့ အဲဒီ မြစ်ကျဉ်းကို ဖြတ်ရဦးမှာလား ဦးလေး”

“သားတို့က မော်လိုက် ရောက်ရင်ဆင်းပြီး ကျန်ရစ် ခဲ့ကြတော့မှာဆိုတော့ လင်းဖားအထိ မရောက်တော့ပါဘူး။ ဦးလေးကတော့ ဖြတ် ရဦးမှာပဲ။ ဦးလေးက ခန္တီး အထိ သွားမှာလေ”

စောစောတုန်းက ရေထဲ ဆင်းခဲ့ကြရသော ခရီးသည်များ အားလုံး လိုလိုပင် ရေစို လုံချည်ဘောင်းဘီတွေနှင့် အ၀တ် ခြောက်သွေ့သွေ့တွေ ကို လှဲလှယ် ၀တ်ဆင်နေကြ သည်ကို သူလှမ်းကြည့်မိသည်။ ခရီးသည် အဘွားကြီးတစ် ယောက်နှင့် သူ့မြေးဖြစ်ဟန် တူသော မိန်းကလေးတစ် ယောက်ကတော့ သင်္ဘော သားလေးကို လှမ်းအော်ပြော နေသည်။ သူတို့ဆင်းရမည့် မြစ်ကွေ့ကို ကြိုတင် ပြောပြ နေခြင်းဖြစ်သည်။ သူတို့ မြေး အဘွားဆင်းရမည့် ကမ်းခြေ ရောက်တော့ သင်္ဘောက စက် ရှိန် လျှော့ချလိုက်သည်။ ကမ်းခြေကို ဦးတည်ကာ အရှိန်နှေးနှေးနှင့် မောင်းလာရင်း မလှမ်းမကမ်း အရောက် မှာတော့ စက်လုံးဝ ရပ်ပစ် လိုက်သည်။ သင်္ဘောဦးမှ နေ၍ သင်္ဘောသား တစ်ယောက်က ကမ်းခြေကို ထိုးဝါးနှင့် လှမ်းထောက်ထားလိုက်သည်။

“ဆင်းကြ ဆင်းကြ”
သင်္ဘောသားလေးက လူတွေကို အရင် ဆင်းခိုင်းသည်။ ကမ်းခြေပေါ်သို့ သစ်သားပြား ကုန်းပေါင်ခင်းပြီး သက်သောင့်သက်သာ ဆင်း ကြရသည်တော့ မဟုတ်။ ကမ်းခြေသောင်စပ်နှင့် ဝေး ရာမှာ သင်္ဘော ရပ်ပေးထား သည်မို့ အဘွားကြီးတို့ မြေးအဘွား သင်္ဘောဘေးမှ အသာလေး လျှောဆင်းလိုက် ကြရသည်။ ရေက ခါးစောင်းသာသာ။ သူတို့ ရေထဲ ရောက်သွားတော့မှ သင်္ဘော သားလေးက သူတို့ပါလာ သော အထုပ်အပိုး ၀န်စည် စလယ်များကို လှမ်းပေးသည်။ တောင်းကို ခေါင်း ပေါ်ရွက်၍ အဘွားကြီးက ရှေ့မှ တရွေ့ရွေ့သွားရင်း ခန္ဓာကိုယ် တစ်ပိုင်းရေစိုကြီး နှင့် ကုန်းပေါ် ရောက်သွားသည်။ မြေးမလေးကလည်း အထုပ်ကြီးတစ်ထုပ်ကို ခေါင်း ပေါ်မှာ ရွက်ကာ ခရီးဆောင် အိတ်ကို သိုင်းလွယ်ရင်း နောက်က တရွေ့ရွေ့ လှမ်း တက်သွားသည်။ သူတို့ ဆင်းကျန်ရစ်ခဲ့သည့် သောင် ပြင်ကြီးက တစ်မျှော်တစ် ခေါ်။ ဟိုးအဝေးမှာမှ သူတို့ ရွာလေး ရှိဟန်တူ၏။ ရွာရိပ် ၀န်းကျင်နှင့် သဲသောင်ပြင် စပ်ကြားတွင် ခင်တန်းစိမ်း စိမ်းလေးက စည်းသဖွယ် ကာခြားလို့ပါလား။ သူတို့ကို ထားရစ်ကာ သင်္ဘောကလေးက ဆက်ထွက် လာခဲ့သည်။


တိမ်ညိုဆိုင်းကာ မှိုင်း ဝေေ၀လေးမို့ နေရောင်စူးရှရှ ပျို့အန်မကျဘဲ မွန်းလွဲပိုင်းမှာ ပင် စိမ့်စိမ့်လေးအေးချင် သလိုလို။ သားမွေးဂျာကင် အင်္ကျီမ၀တ်တော့ဘဲ ဆွယ် တာမီးခိုးရောင်ကို ၀တ်ကာ သင်္ဘောဦးပိုင်းမှာ သူလာထိုင် နေမိသည်။ ရေလွှာရေမြွှာများကို ထိုးခွင်းရင်း သင်္ဘော ၏ အရှိန်က ပြင်းထန်နေဆဲ။ ဟိုးအဝေးဆီမှာ မြင့်မားဝေသီ သော တောင်ညိုတောင်ပြာ မှိုင်းညို့ညို့ကြီးတွေက ကာ ဆီးလို့။ မြစ်ကမ်းတစ်ဖက် တစ်ချက်မှာတော့ ကျောက် ကမ်းပါးနံရံကြီးတွေက ၀န်းရံ ထားပြန်သည်။ ကျောက်နံရံ တချို့မှာ အခေါင်းပေါက်ကြီး တွေရှိကာ ငှက်သိုက်တွေ ဖြစ်နေတာမြင်ရ၏။ သင်္ဘော စက်သံကြောင့် ထင်၏၊ ငှက် တချို့ ၀ှီးခနဲ ပျံထွက် သွားသည်ကို မြင်လိုက်ရ၏။ မြစ် ကွေ့တစ်နေရာ အရောက် သောင်ပြင်ဖွေးဖွေးနား ဘေး ချင်းယှဉ်ကာ ဆိုက်ကပ်ထား ကြသော ဖောင်အိမ်ကလေး တွေကို လှမ်းမြင်ရပြီ။ ဖောင် ပေါ်မှာ သက်ကယ်မိုး၊ ထရံ ကာနှင့် နေချင့်စဖွယ် ရေမျောကမ္ဘာငယ်လေးများ တည်ဖွဲ့ ထားကြခြင်းပါ။

ကလေး တချို့က သောင်ပြင်ပေါ်မှာ ပြေးလွှား ဆော့ကစားနေကြ သည်။ အမျိုးသမီးနှစ် ယောက်က သောင်ပြင်ပေါ် မှာပင် ဖိုခနောက်ဆိုင် ထင်း မီးဖိုကာ ဘာတွေများ ချက် ပြုတ်နေကြပါလိမ့်။ ဟိုးလွန် ခဲ့သော သုံးဆယ့်ရှစ်နှစ် ကာလကတော့ အဲသည့် ဖောင်အိမ်လေးတွေနှင့် နီးနီး ကပ်ကပ် ရင်းနှီးခဲ့ဖူးသည်။ သူတို့လေးတွေ မီးခွက်ထွန်းဖို့၊ သူ့သင်္ဘောငယ်ဆီက ပိုလျှံ သမျှ ဒီဇယ်ဆီကို မျှဝေပေးခဲ့ဖူးသည်က မှတ်မှတ်ရရ။ ဟိုးတုန်းကတော့ သည် ရေပြင် တစ်ကြောမှာ ခုနေခါ နှယ် အင်နှင့်အားနှင့် လုပ်ကွက်များ ချဲ့ထွင်ရွှေကျင် သူတွေ မများကြသေးသည်မို့ မကြည့်တကြည် သည်ရေလွှာမှာ ဖောင်အိမ်လေးတွေက ငါးရှာကြပါသေးသည်။ ငါးခြောက်လှန်းခဲ့ကြပါသေးသည်။ ဟောသည့် တ၀ိုက်က သစ်တောကြီးထဲမှာ သူတို့တတွေ ထင်းရှာကြ၊ ပျားဖွပ်ကြ၊ ငှက်ထောင်ကြ၊ အမဲလိုက်သူ၊ ယုန်ဖမ်းသူက ဖမ်းကြနှင့် နေချင့်စဖွယ် ကမ္ဘာငယ်လေးအလား အာရုံ ၀င်စားခဲ့ကြသေးသည်။ တစ်ခါတစ်ရံ သောင်ယံမှာ ပင် ကျောက်မီးသွေး ငုပ်သူ က ငုပ်ကြသေးသည်။ ဟို တုန်းက သစ်တောကြီးတွေ ကလည်း ခုလောက် ဟိုနေရာ ပြုန်းတီး သည်နေရာ ပြုန်း တီး တောင်ခေါင်တုံးကြီး တွေနှယ် အရောင် မပြယ်သေး တော့ သောင်ပြင်တစ်ခွင်၏ အနားသတ်မျဉ်းမှာ မှိုင်းလို့ ဝေလို့၊ စိမ်းမြအေးစိမ့်လို့။

တကယ့်ကို စိမ့်ကြီးမြိုင် ကြီး။ ပျဉ်းကတိုး၊ ကျွန်း၊ ပိတောက်၊ တောရှောက်၊ ယူကလစ်၊ ကသစ်၊ ညောင် ပင်၊ ညောင်ချဉ်၊ ပုန်းညက်၊ သရက်၊ ထင်းရှူး၊ ဆိတ် ဖလူး၊ ယင်းမာ၊ ကန္တာရ၊ မန်ကျည်း၊ ၀က်မတိုး၊ မရိုး၊ ဂွေးပင်၊ ဂွေးကြီး၊ ရှဥ့် မတက်၊ သပျက်၊ ကုက္ကို၊ ပြည်ပန်းညို၊ ဖက်သန်း၊ ပုလဲ ပန်း၊ ဆီးဖြူ၊ ပန်းစက္ကူ၊ ကျောက်သပြေ၊ ဆင်သမ နွယ်၊ သဖန်း၊ စိန်ပန်း၊ တန် ဇောင်း၊ ထနောင်း၊ သစ်မင်း၊ မဟော်ဂနီ၊ သရဖီ၊ အင်ကြင်း စသဖြင့် သည်တောအုပ်ကြီး တွေအတွင်း ဖောင်အိမ်က လေးထဲက မိသားစု။ တချို့ ချင်းနင်း ၀င်ရောက်လျက် မွှေ နှောက်ကာ ၀မ်းစာရှာခဲ့ကြ သည်။ ရှားပါးလှစွာသော သစ်မွှေးကို ရသူတွေ ရှိခဲ့ဖူးသည်။ သဘာဝ ရေနံစိမ်းတွင်း ကို ဘွားခနဲ သွားတွေ့သူ တချို့လည်း ရှိခဲ့ကြဖူးသည်။

အဲသည့် ကာလတွေ တုန်းက အဲသည့် ဖောင်အိမ် ကလေးတွေနှင့် မလှမ်း မကမ်း တစ်ဖက်ကမ်းရှိ မစိန် ရွာကြီးမှာ သူ အလုပ်လုပ် သည့် သင်္ဘောကလေး ဆိုက် ကပ်နားနေခဲ့ဖူးသည်ကို ပြန် တွေးနေမိသည်။ တောင်တန်း မြင့် မြင့်မားမားကြီးအောက် ကရွာကြီးတစ်ရွာပါ။ တောင် ပေါ် ဘုန်းကြီးကျောင်းနှင့် တောင်ပေါ်စေတီကိုလည်း ကွေ့ကာဝိုက်ကာ တက်ရောက် ဖူးမြော်ခဲ့ရဖူး၏။ နားခို ခဲ့ရဖူး၏။ ဆရာတော် ရွတ် ဆိုပြသော မစိန်ရွာကြီးနှင့် ပတ်သက်သည့် သာချင်းကို ခုနေခါမှာ ပြန်လည်နားစွင့်နေ ချင်မိသေးတော့သည်။

“ဇေယျရန္တမိတ်၊ ပဏ္ဍိတ်ထင်ပေါ်၊ ပြည်တိုင်း ကျော်သည်၊ စာတော်ဆိုလျှင် မစိန်မြို့သို့ နတ်ပို့ရောက်သနှင့် လေးတန့်စက်နေ ရွှေသမင်တောင် ဝေမှောင်ခြိမ့်”တဲ့။

“ဒါက ဥတေနသာချင်းပါ ဒကာလေး။ တောင်ငူခေတ်မှာ မင်းဇေယျရန္တ မိတ်ရေးခဲ့တဲ့ ဥတေနသာချင်း ပေါ့။ တကယ်တော့ ဘုန်း ကြီးတို့ ရွာကို ရှေးလူကြီး တွေက မစိန်မြို့လို့ ခေါ်ခဲ့တာ သာချင်းထဲမှာ အထင်အရှား ပဲလေ”
ဟု ဘုန်းဘုရားက မိန့် ကြားခဲ့ဖူးသည်။

လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ဆိုတော့ မစိန်သည် မဖွံ့ဖြိုးသေးသည့် ကာလဟောင်းထဲက မြစ် ကမ်းပါး ရွာတစ်ရွာရယ်ပါ။ မှတ်မှတ်ရရ အဲသည့် ရွာမှာ လာပြီး ဆေးခန်းကလေးဖွင့် ထားသော ဆရာဝန်ကလေး နှင့် ခင်ခဲ့ရဖူးသည်။ မန္တလေး ဆေးတက္ကသိုလ်က ဘွဲ့ရလာ သည့် ဆရာဝန်ကလေးပါ။ တစ်ရွာလုံး၏ တစ်ဦးတည်း သော ဆရာဝန်ကလေးပေါ့။ သူ့ကို အားကိုးအားထားပြု သူတွေမှာ ဖောင်အိမ်ကလေး တွေလည်း အပါအ၀င်ပင်။ မှတ်မှတ်ရရ ညညဆိုလျှင် ဖောင်အိမ်လေးတွေဆီက လှမ်းလှမ်းပြီး အချက်ပြတတ် သည့် လက်နှိပ် ဓာတ်မီးရောင်ကို သင်္ဘောငယ်မှ သင်္ဘော သားများက သတိထား ကြည့်ကြရသေးသည်။ အမြဲ တမ်းတော့ မဟုတ်။ တစ်ခါတစ်ရံ အရေးပေါ်မှ ညရေး ညတာ သူတို့ အကူအညီ တောင်းခြင်းပင်။

တစ်ည ငွေလရောင်လေးကတော့ ခပ်ဖွေးဖွေးရယ်။ လဆန်း ရက်လေး မြစ်ပြင်မှာ ငွေသင်ဖြူး ခင်းလို့ပေါ့။ သို့ပေ မင့် ဖောင်အိမ်လေးတွေဆီက အချက်ပြနေသည့် လက်နှိပ် ဓာတ်မီးရောင်ကို မြင်လိုက်ကြရ သည်။ အရေးပေါ်ပြီ။ သူတို့ကို သင်္ဘောနှင့် လာခေါ် ပေးပါဟု အကူအညီ တောင်းနေကြခြင်းသာ။ ဟုတ်ပါရဲ့။ သူတို့ခမျာ ဘယ်မှာလဲ တယ် လီဖုန်း။ သည်လို အရေး ပေါ်လာလျှင်လည်း လူမှုရေး စေတသိက်အရ သူတို့ သင်္ဘောလေးက သွားခေါ် ပေးနေကျပါ။ ထိုညက လည်း ကောက်ကာငင်ကာ စက်နှိုးပြီး ထွက်လာခဲ့သော် ငြား သူတို့ရှိရာကို တန်း တန်းဖြောင့်ဖြောင့် သင်္ဘော မောင်း၍ မရ။ ရေကို ခဏ ဆန်တက်ရသေးသည်။ မြစ်လယ် က သောင်တွေကို ရှောင်မောင်းနေရသေးသည်။ လိုရင်းကို တော်တော်နှင့် မရောက်။ သည်လိုနှင့် ခရီးဖင့်ပေါင်း များပြီ။ အတန်ကြာ မှ ဖောင်အိမ်လေးတွေဆီ ရောက်သွားကြသည်။ ရုတ်တရက် အရေးပေါ်လေဖြတ် သွား သော အမျိုးသား လူနာ တစ်ဦးပါလား။ မျက်လုံးတွေ စွေစောင်းပြီး ပါးရွဲ့ကာ တစ်ကိုယ်လုံး အေးစက်လျက်။

“ဆရာလေးဆီ ပို့ပေး ပါရှင်။ ဆရာလေးဆီ ပို့ပေးကြပါ”

တစာစာအော်ကာ ငိုရှိုက်နေသော လူနာရှင် မိန်းမသားတစ်ဦး။ လူနာကို ပွေ့ ထူချီမကာ သင်္ဘောလေးပေါ် တင်ပြီး မောင်းလာခဲ့ကြ သည်။ ဆရာဝန်လေးဆီကို ရောက်ဖို့ ခရီးက ကြန့်ကြာ လွန်းနေဆဲမှာပင်။ လမ်းခုလတ်မှာ လူနာက ဖျတ်ခနဲ ကံကုန်သွားခဲ့ပြီ။


ရေးရေးဝေးဝေး မျှော်ငေးမိမှုန်ဝေေ၀မှာပင် အမြန် ရေယာဉ်ကလေးက မစိန်ရွာ ကမ်းခြေမှာ ကုန်းပေါင်ထိုး ကာ ရပ်နားပေးပါသည်။ ခရီးသည် အဆင်းအတက်ရှိ သည်။ “ကျွန်တော် ထမင်း တက်ဝယ်ချင်လို့ ဆရာတို့ အချိန်ပေးနိုင်မလား” ဟု အမြန်ရေယာဉ် မာလိန်မှူးကြီးအား စကားစ ကြည့်တော့-
“နာရီဝက် ရပါတယ်” တဲ့။ ရွာက သောင်ပြင်နှင့် ခပ်လှမ်းလှမ်းမှာ။ ရွာထိပ် ထမင်းဆိုင်မှာ ရရာဟင်းနှင့် ထမင်းထုပ်ဝယ်လိုက်သည်။ ကြုံကြိုက်တုန်းမှာ ရွာလယ် လမ်းကလေးအတိုင်း ခပ် သွက်သွက်လျှောက်လာခဲ့ သည်။ ဒီနေရာသည် ဟိုတုန်း က ဆရာဝန်ကလေး ဆေး ခန်းဖွင့်သွားသည့် နေရာပဲ ထင်ရဲ့။ သူ မှန်းဆကြည့်မိ သည်။ အိမ်ပုံစံ တချို့ပြောင်း လဲမှုရှိသည်ကို ဂရုမူမိသည်။ သူတွေ့ချင်သော စေတနာရှင် သမားအိုကို မတွေ့ခဲ့ရ။ ဟုတ်ကဲ့။ ခုနေခါ သူ့နှယ်ပင် သက်ရှိထင်ရှား ရှိနေသေး သည် ဆိုပါက စေတနာရှင် ဆရာဝန်ကလေးသည်လည်း သမားအိုပင်ဖြစ်နေပေတော့မည်။ ဟိုငေးသည်ငေးနှင့်ပင် လာရာလမ်းအတိုင်း ကမ်းနားသို့ ပြန်ဆင်းလာခဲ့သည်။ မြစ်တစ်ဖက်ကမ်း ဟိုတစ် ကွေ့ဆီ လှမ်းကြည့်လိုက် တော့ ထာဝရ ရှိနေသေးသည်က ဖောင်အိမ်ကလေး တွေ။

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၂)
http://shweamyutay.com

ငါတို့ရဲ့ အိပ်မက် ကဗျာတွေ စာအုပ်ထွက်

0 comments



၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့ အိပ်မက်ကဗျာတွေ ဆိုတဲ့ စာအုပ်ထွက် ရှိလာပါတယ်လို့ ရန်ကုန်က လာတဲ့ သတင်းတွေက ဆိုပါတယ်။



ရန်ကုန်မြို့မှာတော့ အဲဒီစာအုပ် ထွက်ရှိလာပါပြီတဲ့။ အဲဒီစာအုပ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ကဗျာဆရာတော်တော်များများနဲ့ မျိုးဆက် သစ် နိုးကြားတက်ကြွသူတွေ စုစုပေါင်း ကဗျာဆရာ ၂၅ ဦးရဲ့ ကဗျာတွေ ဖြစ်ပါတယ်တဲ့။



ကဗျာတွေကတော့ ထိရှ တဲ့ စာသားတွေဟာ သူတို့ ဘ၀ထဲက အန်ကျလာတဲ့ သွေးစက်၊ ချွေးစက်၊ အသက်စက်တွေနဲ့ ထုဆစ်ထားတဲ့ ကဗျာစာအုပ်ပါ။



ဒီစာအုပ်ဟာ ထူးခြားတဲ့ စာအုပ်ဖြစ်ပြီး နံရံနောက်က ဘ၀တွေရဲ့ ပုံရိပ်လွှာများ ကို ခံစားနိုင်ပါလိမ့်မယ်။



စစ်မယ် မှန်မယ် အို ... ဒီက ဟင်းသီးဟင်းရွက်တွေပါကွယ်

Friday, June 29, 2012 0 comments


ကာတွန်း - ငယ်လေး(မန်း)
www.facebook.com/cartoon.ngelay

ရခိုင်ပြည် လုံခြုံရေး စိုးရိမ်နေရဆဲ

0 comments


ရခိုင်ဒေသ အခြေအနေနဲ့ ပတ်သက်ပြီး ဧရာဝတီ ပင်မ စာမျက်နှာမှာ ကျော်ခ ရေးသားထားတဲ့ သတင်းကို ထပ်မံ ဖော်ပြလိုက်ပါတယ်။ ဒေသခံတွေကို မေးမြန်းသလို ကယ်ဆယ်ရေးစခန်းတွေရှိရာအထိ သွားရောက်လေ့လာတဲ့ ၈၈ မျိုးဆက် အဖွဲ့ဝင်တဦးကိုလည်း မေးမြန်းပြီးရေးသားထားတာ ဖြစ်ပါတယ်။


ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

အကြမ်းဖက်မှု အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ဒေသခံများမှာ လုံခြုံရေး အတွက် စိုးရိမ်နေကြဆဲဖြစ်ကြောင်း ယင်းဒေသများသို့ သွားရောက် လေ့လာခဲ့သော ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက ပြောသည်။

အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့များတွင် စာသင်ကျောင်းများနှင့် ဈေးဆိုင် အများစု ပြန်မဖွင့်နိုင်သေးသကဲ့သို့ တနေရာနှင့် တနေရာ ကူးသန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း ထိုနေရာများသို့ သွားရောက် လေ့ လာခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ မမီးမီး က ပြောသည်။

“အခုအချိန်မှာတော့ တဘက်နဲ့ တဘက် လုံးဝ ကူးသန်းသွားလာလို့ မရသေးပါဘူး။ စစ်တွေမှာဆိုလို့ရှိရင် မွတ်စလင် ရပ်ကွက် ဘေး မှာ စစ်တပ်ကို ချထားတယ်၊ အထဲကလူ အပြင်ထွက်လို့မရသေးသလို အပြင်ကလူလဲ အထဲဝင်လို့ မရပါဘူး”ဟု မမီးမီး က ဧရာဝတီ သို့ ပြောသည်။

မမီးမီးနှင့် မနီလာသိန်းတို့သည် ယခုလ ၂၀ ရက်နေ့မှစ၍ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များရှိ ဒုက္ခသည် စခန်းများ နှင့် ကျေးရွာ တချို့ကို သွားရောက် လေ့လာခဲ့ကြသည်။

စစ်တွေမြို့ပေါ်တွင်ရှိသော ရခိုင် ဒုက္ခသည်စခန်းများတွင် အစိုးရ၏ ကူညီပံ့ပိုးမှု ထိထိရောက်ရောက် မတွေ့ခဲ့ရသော်လည်း ရန်ကုန်၊ မန္တလေးမှလာသော ပုဂ္ဂလိက အလှူရှင်များနှင့် လူမှုရေးလုပ်ငန်းအဖွဲ့များက လာရောက်လှူဒါန်းမှုများ တွေ့ရှိရကြောင်း၊ မြို့ပြင်ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင်တော့ ကုလသမဂ္ဂနှင့် အစိုးရတို့က အကူအညီပေးနေသည်ကို တွေ့ခဲ့ရကြောင်း၊ သို့သော် လုံလောက် သည့် အနေအထားကို မတွေ့ခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

ဘူးသီးတောင်၊ မောင်တော မြို့ပေါ်များရှိ ဘင်္ဂါလီလူမျိုး အများစုနေထိုင်ရာ ကျေးရွာ တချို့တွင် ထွန်ယက်စိုက်ပျိုးခြင်းနှင့် ငါးဖမ်း လုပ်ငန်းများ စတင် လုပ်ကိုင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်းလည်း မမီးမီး ကပြောသည်။

မွတ်စလင်လူမျိုးအများစုနှင့် စုဖွဲ့ထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဗဟို ကော်မတီ အဖွဲ့ဝင် ဦးခင်ကျော် က မောင်တောမြို့အခြေအနေနှင့် ပတ်သက်၍“အခုတော့ နည်းနည်းတည်ငြိမ်သွားတယ်၊ လူတွေက စိုးရိမ်နေကြတဲ့ အတွက် အချို့က ထွက်တယ်၊ အချို့က မထွက်ဘူး၊ အဲဒီလိုမျိုးတော့ ရှိနေသေးတယ်”ဟု ပြောပြသည်။

မောင်တော ဒေသခံများကလည်း မြို့ပေါ်နှင့် မြို့စွန်နေရာများတွင် အစိုးရက လုံခြုံရေး တင်းကျပ်စွာ ချပေးထားသဖြင့် လုံခြုံရေး စိုးရိမ်မှု လျော့ကျသွားသော်လည်း မြို့ပြင်ရှိ လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးရန်အတွက် စိုးရိမ်နေကြဆဲ ဖြစ်သဖြင့် လုပ် ငန်းခွင် ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

“ဒီလယ်မြေတွေက ဘင်္ဂါလီရွာတွေနားမှာပဲ နီးနီးကပ်ကပ် ရှိနေတဲ့အခါကြတော့ ထွန်ယက်စိုက်ပျိုးတဲ့ လူတွေအတွက် အချိန်မရွေး အန္တရာယ် ဖြစ်စေနိုင်တယ်လေ၊ ဒါကြောင့် လယ်ထဲဆင်း မလုပ်နိုင်ကြသေးတာပေါ့”ဟု ဒေသခံ တဦးက ပြောသည်။

မောင်တောတွင် ယခုလ ၂၇ ရက်နေ့က မိုးကြီး၊ ရေလျှံမှုဖြစ်ကာ ဒုက္ခသည်စခန်းများပါ မြှုပ်သွားသဖြင့် ဒုက္ခသည်များကို နေရာရွှေ့ပြောင်းခဲ့ရပြီး ယနေ့တွင် ပုံမှန် အနေအထားသို့ ပြန်ရောက်ရှိသွားပြီဖြစ်ကြောင်း မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် ဦးမဏိသာရ က ဧရာဝတီသို့ မိန့်သည်။

“ကျောင်းတွေ၊ ဈေးတွေ မဖွင့်နိုင်ကြသေးဘူး၊ ဦးပဉ္ဇင်းတို့ မြင်တဲ့ တွေ့တဲ့အတိုင်း ပြောရမယ်ဆိုရင် လူတွေက ဒီအဖြစ်အပျက်ကို စိုးရွံ့ကြောက်လန့် နေကြတုန်းပဲ၊ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်ယူရဦးမယ်”ဟု ဆရာတော်က မိန့်သည်။

အဓိကရုဏ်းအခြေအနေများ စတင်ဖြစ်ပွားခဲ့သည့် ယခုလ ၈ ရက်နေ့မှစ၍ အကြမ်းဖက်မှု ဖြစ်ပွားသောနေရာများ နှင့် ထိစပ်နေ သည့် မြို့များတွင် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့သကဲ့သို့ ဈေးဆိုင်များလည်း ပိတ်သိမ်းခဲ့ကြရပြီး အစိုးရက ထုတ်ပြန်ထားသော ညမထွက်ရအမိန့်နှင့် အရေးပေါ်ကြေညာချက် ပြန်ရုပ်သိမ်းချိန် အပါအဝင် ဒေသပြန်လည်တည်ငြိမ်နိုင်မည့် ကာလကိုပင် မခန့်မှန်းနိုင်ကြသေးပေ။

ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ် အခြေအနေတည်ငြိမ်နေပြီ ဖြစ် ကြောင်း၊ စာသင်ကျောင်းများလည်း ပြန်ဖွင့်နေပြီဖြစ်ကြောင်း သို့သော်လည်း တဘက်နှင့် တဘက် စိုးရိမ်စိတ်များကြောင့် ကလေး များကို ကျောင်းသို့ မပို့နိုင်သေးခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

စစ်တွေမြို့သို့ ရောက်နေသော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီမှ ဦးမျိုးကျော်ကလည်း“ကျနော်တို့ ရခိုင်ပြည်မှာတော့ လူတွေက အကုန်လုံး ထိတ်တလန့်လန့်နဲ့ ကျီးလန့်စာစားဖြစ်နေတာပေါ့ဗျာ၊ တယောက်နဲ့ တယောက် အယုံအကြည် မရှိကြတော့ဘူးဗျ၊ အဲဒီတော့ ဘယ်သူမှ အလစ်ပေးလို့ မရဘူးဆိုတဲ့ အနေအထား ဖြစ်နေတာပေါ့။ သူတို့တွေ မြို့ထဲ တက်လာရင်လည်း ပြန်လွှတ်၊ ကျနော်တို့တွေလဲ အဲဒီဘက်ကို ဖြတ်မသွားရဲတဲ့ အနေအထားပါ”ဟု ပြောသည်။

မြေပုံမြို့တွင်လည်း မြို့ပေါ်ဘုန်းကြီးကျောင်းများနှင့် ရခိုင်သူဋ္ဌေးအိမ်များကို မီးရှို့မည်ဟု သတင်းရရှိသဖြင့် ဘင်္ဂါလီ လူမျိုးများ နေ ထိုင်သော ကံသာယာ ရပ်ကွက်သို့ လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေခဲ့ရာ လူစုလူဝေးများပြုလုပ်နေသဖြင့် ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ၂ ရက် ဆက်တိုက် သေနတ် ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်ဟု ဆိုသည်။ ယနေ့တွင်လည်း မြေပုံမြို့ပေါ်ရှိ စာ သင် ကျောင်းများ အားလုံး ပိတ်ထားသည်။

အခြေခံဥပဒေနဲ့ ကိုင်ပေါက်ခြင်း

0 comments

~


(သရုပ်ဖော် - ဟန်လေး)

တရားဥပဒေစိုးမိုးရေး ဆိုတဲ့ စကားလုံးကို အခုတလော ဓာတ်ကျ နေသူတွေထဲမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း ပါဝင်လာတာ ဒီကနေ့ တွေ့လိုက်ရပါတယ်။

ကော်မရှင်က ဒီကနေ့ သတင်းတပုဒ် ထုတ်ပြန်ရာမှာ နိုင်ငံအမည်ကို Myanmar လို့ ခေါ်ဖို့ လိုအပ်တယ်၊ ဒါမှ တရားဥပဒေ စိုးမိုးမယ်လို့ ဆိုထားပါတယ်။ ဒီလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်မိန့်ခွန်းတွေမှာ Burma လို့ပဲ ပြောပြော သွားတာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အလုပ် အရမ်းကြိုးစားပါလားလို့ ချီးကျူးခံရနိုင်သလို၊ Burma လို့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာ ကြာလှပြီဆိုတာ မသိဘူးလား၊ ဘယ်မှာသွား အိပ်ပျော်နေတာလဲ၊ ဘာကြောင့် အခုမှ ကန့်ကွက်ရတာလဲလို့ မေးခွန်းထုတ်ခံရဖွယ် ရှိပါတယ်။

Myanmar လို့ ခေါ်ဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ် လို့ ကော်မရှင်က ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးတွေကလည်း သူတို့ စိမ်ပြေနပြေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ကိုင်ကိုင်ပေါက် ရတာကို အင်မတန် အရသာတွေ့ဟန် တူပါရဲ့။

အခြေခံဥပဒေ ဖတ်ဖူးသူတချို့ကလည်း “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” လို့ပဲ ပြဋ္ဌာန်းထားတာ မှန်တယ်၊ The Republic of the Union of Myanmar လို့ အင်္ဂလိပ် ဘာသာပြန်စာအုပ်မှာ ပြဋ္ဌာန်းထားတာလည်း မှန်တယ်၊ ဒါပေမယ့် အခန်း ၁၅ ဆိုတဲ့ နေရာမှာတော့ စကားလုံး တလုံးချင်းရဲ့အဓိပ္ပာယ်ကို “မြန်မာစာဖြင့် ရေးသား ထားချက်များ အပေါ်တွင်သာ အခြေပြုရမည်” လို့ ဆိုနေကြတယ်။

ဒီအတိုင်းဆိုရင်တော့ လွှတ်တော် အစည်းအဝေးတွေ မကြာခင် ပြန်အစပြုတဲ့အခါ အခြေခံဥပဒေထဲက အဲဒီအပိုဒ်ကို တိတိကျကျ ပြင်ဆင် ရေးသားဖို့ ဗိုလ်ချုပ်ကြီးတွေ ပြောဆိုကြတော့မယ့် ပုံပဲ။

နိုင်ငံအမည်ပြောင်းတာဟာ လူထု (သို့မဟုတ် လူထုကိုယ်စားလှယ်တွေ) နဲ့ တိုင်ပင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ကိုင်ပြုထားတာ အစိုးရမင်းများလည်း သိမှာပါ။

၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံအမည်ကို Myanmar လို့ ပြောင်းလဲခဲ့သူတွေဟာ နေရာတကာ ၀င်ပါပြီး လူတတ်ကြီးလုပ်လေ့ရှိတဲ့ စစ်ဗိုလ်ကြီးတွေပါပဲ။ မြန်မာ နဲ့ ဗမာ၊ Myanmar နဲ့ Burma ဆိုတဲ့ ဝေါဟာရတွေကို မြန်မာပြည်မှာ လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုံတာမျိုး မရှိခဲ့ဘဲ စစ်ဗိုလ်ကြီးတွေ သတ်မှတ်ပေးသလိုပဲ ပြောဆိုသုံးနှုန်းခဲ့ရတာ ကြာပါပြီ။

သူတို့ ပြောင်းထားတဲ့ နာမည်၊ သူတို့ သေနတ်နဲ့ချိန်ပြီးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဆိုတော့ ဒီလို ကာကွယ်ပြောဆို ရေးသားနေတာဟာ သဘာဝ ခပ်ကျကျပါပဲ။

ဟိုတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားပြောဆိုမှုတွေကို ကဏ္ဍကောစ လုပ်တာဟာ အစိုးရသတင်းစာတွေရဲ့ ဂျူတီပေါ့၊ အခု ဒီသတင်းစာများက ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်တော့ဘူး ဆိုတော့ ဒီတာဝန်ကို ရွေးကောက်ပွဲ ကော်မရှင်ကပဲ ယူတော့မယ့် သဘောများလား၊ ဒီလိုလည်း မဟုတ်လောက်ပါဘူးလို့ ထင်ရတာပါပဲ။

ကော်မရှင်ထုတ်ပြန်ချက်ဖတ်ပြီး စဉ်းစားမိတာတွေ ရေးလိုက်တာပါ။ ဝေါဟာရပိုင်းဆိုင်ရာ ငြင်းခုန်လိုပေမယ့် ဒီလိုငြင်းခုန်ခွင့် ရှိမရှိ အခြေခံဥပဒေ ပြန်ဖတ်လိုက်ပါဦးမယ်။

(ဒီကနေ့ ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားပြီးဖြစ်ပါတယ်)

ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့် အစီအစဉ်

0 comments






ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်အခမ်းအနားကို ဇွန် ၂၇ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဟံသာဝတီဦးဝင်းတင်နဲ့ ကျောင်းသားခေါင်းဆောင် ဟောင်းများ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဗကသခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ စုစုပေါင်း နှစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။



ဒီအခမ်းအနားမှာ ဦးကျော်အောင်၊ ဦးအေးကျော်၊ ဆလိုင်းတင်မောင်ဦးရဲ့ညီ ဆလိုင်းမြဒင်၊ ဦးဝင်းတင်၊ ဦးလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော် ကိုကို၊ ဘိုးတော်ခင်ဝင်း၊ ဦးဇိုဇမ်တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။ ၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ကျောင်းသားများအနေဖြင့် အာဏာလိုချင်သဖြင့် နိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ အမျိုးသားရေးလိုအပ်ချက်အရ လုပ်ကြခြင်းသာဖြစ်ကြောင်း၊ ယနေ့အချိန်အထိလည်း လုပ်နေရဆဲဖြစ်ကြောင်း၊ အတိတ်မှဖြစ်ရပ်များကို သင်ခန်းစာယူပြီး ရှေ့ဆက်လုပ်ကိုင်ရမှာဖြစ်ကြောင်း၊ အာဏာ ရှင်များ၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများ အဆုံးသတ်သင့်ပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒီနောက် ပေးပို့ထားတဲ့ သ၀ဏ်လွှာများအား ဖတ်ကြားခြင်း၊ ဆလိုင်းတင်မောင်ဦးအတွက် ၀တ်ပြုဆုတောင်ခြင်းများ ပြုလုပ်ပြီးနောက် အခမ်းအနားကို နေ့လည် ၁၂း ၀၀ မှာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။



ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ် သ၀ဏ်လွှာ

အခမ်းအနားမှတ်တမ်းဓာတ်ပုံများ






























ညွှန်း - မိုးမခ http://moemaka.com/

အတုတွေ ပေါတဲ့ ခေတ်မှာ

1 comments

ဓာတ်ပုံ- Funny world's facebook

ဒီခေတ်က အတုတွေပေါတယ်လေ.... ကိုယ်ရောင်းတဲ့သရက်သီးတော့ အတုလို့ပြောခံနိုင်ပေါင်... အပင်လိုက်ကို ခုတ်သယ်လာခဲ့တယ်.. တဲ့။

ဖေ့စ်ဘုတ်ပေါ်က တွေ့ရတဲ့ သရက်သီး ရောင်းသူတဦးရဲ့ အိုင်ဒီယာပါ။ အတုတွေ ပေါတဲ့ ခေတ်မှာ အစစ်တွေ နေရာပျောက်မှာစိုးလို့ လုပ်ဟန်တူပါတယ်။

တခါ တရံ အစစ်တွေလည်း အတု အထင်ခံရတတ်ပါတယ်။ ဒါကိုတော့ ကျောက်လောက က စကားတခုက အသုံးတည့်မယ် ထင်ပါတယ်။

" သိပ် စစ်လွန်းတဲ့ ကျောက်ဟာ အတု ထင်တတ်ကြတယ်" လို့ ဆိုရိုး စကားတခုရှိပါတယ်။



ဖက်ရှင် ဒီဇိုင်းအသစ်နဲ့ သင်ဇာဝင့်ကျော်

0 comments

မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ဖက်ရှင် အလန်းစား ပုံစံလေးများ ။
ဓာတ်ပုံ- myanmarcelebrity.com








 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved