သူရိယအလင်း ဂျာနယ်ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြချက်

Saturday, October 19, 2013

ဒီကနေ့ အွန်လိုင်းမှာ သူရိယအလင်း ဂျာနယ်တိုက်ကိစ္စ အတော်ပွက်လောညံနေပါတယ်။ ဒါနဲ့ သူရိယ အလင်း ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားချက်ကို ဧရာဝတီက ပြန်လည်ကူးယူဖော်ပြပေး လိုက်ပါ တယ်။ 


သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းခံရ 

Saturday, October 19, 2013 ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၂ နာရီခန့် က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်း သတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။ 

ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့် ဆောင်းပါး
ှနှင့်ထောင်သူရဲ ဘအုပ်ရေးသားသောမြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ် အယ်ဒီတာ တစ်ဦးက ပြောသည်။ 

“ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်း ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။ ရုံးမှာ ချန်ထားတဲ့ဂျာနယ် ၁၀၀ နဲ့ ပြန်သိမ်းလာတဲ့ ဂျာနယ် ၆၀၀ ရာလောက်ကော၊ ကွန်ပျူတာ ၂၂စုံက System ပုံး၁၄လုံး ဖြုတ်သွားတယ်။ အထဲဝင်ဝင်ချင်း CCTVကို စက္ကူနဲ့ အုပ်လိုက်တယ်။ 

ကျွန်တော်တို့ အခန်းမှာ ရှိတဲ့ CCTV ပုံးကိုလည်း ဖြုတ်သွားတယ်။ နည်းပညာသမား ကောင်းကောင်းပါ တယ် ဗျ။ အဲဒီတော့ ရကော့(record) မရတော့ဘူးပေါ့ဗျာ”ဟု အဆိုပါဂျာနယ်၏ ရှယ်ယာ ကိုးဆယ် ရာခိုင်နှုန်း ကို ပိုင်းဆိုင်ထားသည်ဆိုသော စီအီးအို အဖွဲ့ဝင် ကိုမိုးဝေက ဆိုသည်။ 

ယင်းသို့ ဂျာနယ်တိုက်အား ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားထားခြင်း မရှိသေး ဘဲ ရှေ့နေများနှင့် ဦးစွာ တိုင်ပင်သွားမည်ဟုလည်း ဆိုသည်။ 

၎င်းဂျာနယ်ပါ ဆောင်းပါးများကိုလည်း ကိုမိုးဝေနှင့် အယ်ဒီတာများက ဖြတ်တောက်ခြင်း လုံးဝ မပြုလုပ် ဘဲ ပြည်သူလုထု သိသင့်သောကြောင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

မော်စကိုမှာ သာမယ့်လ ဆောင်းပါးတွင် “ဒီနေရာမှာ စစ်သူရဲဗလမင်းထင် ဆိုတဲ့ကောင်က ခရိုနီအားလုံးကို အတိအလင်း သတိပေးလိုက်မယ်။ ကျုပ်ပြည်သူတွေ အတွက် မှန်တာရေးလို့ ခင်ဗျားတို့က ကျုပ်နဲ့ ကျုပ် မိတ်ဆွေတွေ ကျုပ်စာကို ဖော်ပြပေးနေတဲ့ သူရိယအလင်းဂျာနယ်ကို ထိပါး၊ စော်ကား လုပ်ကြံလာမယ် ဆိုရင် ကျုပ်တို့ကလည်း ခင်ဗျားတို့ ဆွေခုနှစ်ဆက်၊ မျိုးခုနစ်ဆက် အဆုံးတိုင်အောင် လက်တုံ့ပြန်သွားမယ် ဆိုတာရယ် ခင်ဗျားတို့အားလုံး နောင်တကြီးစွာ ရစေမယ် ဆိုတာတော့ ပြတ်ပြတ်သားသား ကြီး ပြောထား လိုက်တယ်” ဟု စိန်ခေါ်မှု အရေးအသားဖြင့် ဖော်ပြထားခြင်းလည်း ဖြစ်သည်။ 

“ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။ သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေ
ကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါ တယ်”ဟု CCTV မှတ်တမ်းစက်ထားရှိသော အခန်းတွင် အိပ်နေသည်ဆိုသော အယ်ဒီတာ အဖွဲ့ဝင် ဦးတင်အေးက ဆိုသည်။ 

သတင်းဂျာနယ် တိုက်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ကိုသူရိန်နှင့် အဖွဲ့များက ပစ္စည်းများ သိမ်းဆည်းနေစဉ်တွင် ဂျာနယ်တိုက်၏ အပြင်ဖက်တွင် ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်ဟုလည်း ဆက်လက် သိရသည်။ 


အက္ခရာနိုင်(မြန်မာ့ခေတ်) 

 မြန်မာ့ခေတ်

9 comments :

  1. Anonymous said... :

    Universities Champions League

    အယ်ဒီတာခင်ဗျား

    ကျွန်တော်တို့ဆီကသတင်းအမှန်များကို မျှဝေပေး၍ကျေးဇူးအထူးတင်ရှိပါသည်။
    ယခုလည်းကျွန်တော်တို့ဥက္ကဌကိုဖိုးလပြည့်ကို
    တိုက်ခိုက်မှုများပြုလုပ်နေ၍သတင်းအမှန်သိစေရန်ပေးပို့အပ်ပါသည်။

    - သူရိယအလင်းမှာ ဦးဝင်းမြင့်(ဝန်ကြီး)သား၊ ဗိုလ်ချုပ်ကြီးတင်ဦး(S2)သား၊
    ဦးယုနိုင်(ထုတ်ဝေသူ) တို့ပိုင်ဆိုင်ပါသည်။

    - သို့ရာတွင် ၎င်းသတင်းစာကို အမှန်တကယ် Run နေသူမှာ
    အမေရိကန်နိုင်ငံသားခံယူထားသူ ABSDF အသင်းဝင်ဟောင်း
    မိုးဟိန်း(ခ)နိုင်ဝင်းဖြစ်ပါသည်။

    - နိုင်ဝင်း တစ်ယောက်ထဲမှ နိုင်ငံတော်အကြီးအကဲများ၊
    လုပ်ငန်းရှင်များနှင့် နောက်ဆုံး ကိုဖိုးလပြည့်တို့ကိုပါ
    အလွန်အမင်းတိုက်ခိုက်ရေးသားလာ၍ ကိုဖိုးလပြည့်မှ ဦးဝင်းမြင့်သား၊
    ဦးတင်ဦးသားတို့ကို ဖုန်းဖြင့်ဆက်သွယ်
    ထိုကဲ့သို့အလွန်အမင်းတိုက်ခိုက်ခြင်းမပြုရန် မေတ္တာရပ်ခံခဲ့ပါသည်။

    - ဦးဝင်းမြင့်သားမှ ကိုဖိုးလပြည့်၏ မေတ္တာရပ်ခံချက်ကို
    ချက်ချင်းအရေးယူသောအားဖြင့် (၎င်း၏ပိုက်ဆံများဖြင့်သာဝယ်ထားသော)
    ဂျာနယ်တိုက်မှကွန်ပျူတာများကို ညတွင်းချင်းပင်သိမ်းစည်းစေခဲ့ပါသည်။

    - မိမိတို့သိရသလောက် ဦးဝင်းမြင့်သားသွားချိန်တွင်
    ဦးယုနိုင်တို့သားအဖနှစ်ယောက်ဖြင့်သာသွားကြောင်းသိရပါသည်။

    - ကိုဖိုးလပြည့်ကို မိုးဟိန်း(ခ)နိုင်ဝင်းက အပုတ်ချပြောဆိုလို၍ ဖိုးလပြည့်လာရောက်ကြောင်းလုံးဝ သက်သေအထောက်အထားမရှိဘဲ တစ်ဘက်သက်ပြောဆိုခြင်းဖြစ်ပါသည်။ (ယင်းကိစ္စကို ဤသတင်းစတင်ဖြန့်ဝေသူ Nathan Maung ဖေ့(စ)ဘုတ်တွင်ပင်ရှင်းလင်းထားပါသည်)

    - ကိုဖိုးလပြည့်အနေဖြင့် (ဘောလုံးကိစ္စဖြင့်ပင်မအားလပ်၍) ထိုကိစ္စတွင်
    လုံးဝပါဝင်စွက်ဖက်မှုမရှိမှန်း မိမိတို့ရဲရဲကြီးအာမခံနိုင်ပါသည်။

    - ဦးတင်မောင်ဝင်း (09250085949) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ကျေးဇူးတင်ပါသည်။

  1. Anonymous said... :

္က္က္က္က((((အထက်ပါသတင်းသည်အမှန်ဖြစ်ပါက))))

    ဂျာနယ်ပါဆောင်းပါးကို မကျေနပ်ရင် တရားသဖြင့် သူရိယအလင်း သတင်းဂျာနယ်တိုက်ကို
    ကန့်ကွက်တာမျိုး၊ တရားဝင်အမှုဖွင့်တိုင်တန်းတာမျိုးတွေပဲလုပ်သင့်တာပေါ့။ နောက်ပြီးအခု လိုသူများပိုင်နက်ထဲကို တရားမ၀င် ၀င်ရောက်ပြီး တစ်ပါးသူတစ်ဦးတစ်ယောက်ရဲ့ပိုင်ဆိုင် ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲယူဆောင်သွားတယ် ဆိုတာတော့ အရမ်းတရားလွန်တာပေါ့။
    ဥပမာ တာဝန်ရှိသူ (တာဝန်ထမ်းဆောင်နေသောဥပဒေတော်သားများဖြစ်တဲ့ ရဲ၊ စသုံးလုံး၊ စရဖ)တွေ ကအခုလိုအချိန်မတော်မှာ မသင်္ကာလို့ အခုလိုလုပ်သွားတယ် ဆိုတာမျိုးက လူ ကြားလို့ နည်းနည်းကောင်းမလားလို့ ထင်မိပါတယ်။ အခုဟာက ဘာတာဝန်မှ မရှိတဲ့၊ ယူမ
    ထားတဲ့ လူငယ်တစ်စုက လုပ်သွားတာဆိုတော့ အင်း...သန်း၆၀သောမြန်မာပြည်သူများအ
    အတွက် လုံခြုံစိတ်ချရမှုတွေရှိပါအုန်းမလားလို့ တွေးပြီးရင်မောမိပါတယ်။ ဒေါက်တာဆိတ်
    ဖွားလေသံနဲ့ ပြောရရင် ဥပဒေအထက်မှာ နာနာဘာဝ တော့ရှိနေပြီလို့ ထင်တယ်ဗျာ။

    ညီလေး နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် ရဲ့ (ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော/ http://blog.irrawaddy.org/2013/10/blog-post_18.html) သတင်းလေး
    ဖတ်လိုက်ရတော့ လူသားဆန်လှတဲ့လူငယ်လေးပါလားလို့ စိတ်ထဲကနေတောင်ချီးကြူးမိ လိုက်ပါသေးတယ်။ မလိုသူတွေရဲ့ဘေးစကားတွေကြောင့် ကိုယ့်ညီကိုလူမုန်းများနေတာ
    ပါလားလို့လည်း ဂရုဏာစိတ်လေးဖြစ်မိပါသေးတယ်။ လူကြီးတွေအပေါ်ပြည်သူတွေရဲ့ မုန်း
    တီးစိတ်ကြောင့် ကိုယ့်ညီအပေါ်မှာ အရိပ်မည်းမိုးနေတာနေမှာပါလေဆိုပြီး စိတ်မကောင်း
    ဖြစ်မိတာပါ့။ အကို့လိုဘဲ ကိုယ့်ညီအပေါ်ဂရုဏာသက်ရှာတဲ့ ကိုရင်လူထွက်ငပိချက် တောင် ကဗျာလေးနဲ့ ကိုယ့်ညီကို အားပေးစကားပြောလိုက်တာ မကြာသေးဘူးထင်ပါရဲ့။
    သူဟာ မြန်မာ
    သူဟာဗုဒ္ဓဘာသာဝင်
    သူဟာဘောလုံးအားကစားကိုချစ်တယ်
    သူဟာ သူတတ်နိုင်တာကို လုပ်ပေးတယ်
    သူဟာပုထုဇဉ်
    သူဟာ အမှားတွေကိုလုပ်တယ်
    သူဟာအမှန်တွေကိုလည်းလုပ်တယ်
    သူဟာတို့ နိုင်ငံထဲမှာနေတယ်
    သူ့ ကြောင့်တို့ တွေဆင်းရဲတယ်ဆိုတာ တကယ်ဟုတ်လို့ လား
    သူ့ ကြောင့်တို့ တွေချမ်းသာတာတကယ်ဟုတ်လို့ လား
    သူကြောင့် တို့ ဆန်အိုးထဲက ဆန်တွေပျောက်သွားလို့ လား
    သူကြောင့်တို့ သံဃာတွေ ဆွမ်းငတ်လို့ လား
    သူ့ အသားအယောင်ဟာ ငါတို့ နဲ့ ကွဲပြားလို့ လား
    သူ့ မှာအကျင်နာတရားမရှိဘူးလို့ မင်းတို့ တကယ်ယုံလား
    သူဟာ လူတွေကိုရက်ရက်စက်စက်သတ်ဖူးလား
    အခုသူလုပ်နေတာအားကစား
    အားကစားမှာ အသွေးအရောင်ခွဲလို့ ရလား
    ရန်သူလို့ မင်းတို့ သတ်မှတ်ရင်တောင်
    အားကစားပွဲမှာ ယာယီချစ်ကြည်ရေးလုပ်ရမယ်လေ
    အိုလံပစ်ဆိုတာ သံလွင်ခက်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ခဲ့တာ
    စစ်ပွဲတွေရပ်ဆိုင်းခဲ့တာ
    အမဲနဲ့ အဖြူ လက်ချင်းချိတ်ခဲ့တာ
    အညိုနဲ့ အဝါ လက်တွဲခဲ့တာ
    မင်းတို့ မေ့လိုက်ပြီလား
    မင်းတို့ မသိချင်ယောင်ဆောင်နေတာလား
    ငါအာဏာရှင်စနစ်ကိုမုန်းတယ်
    ငါနေရွှေသွေးအောင်ကိုမမုန်းဘူး
    ဘာဖြစ်လို့ လည်း
    သူဟာ မြန်မာ
    သူဟာငါတို့ နိုင်ငံမှာနေတယ်
    ဘယ်သူက အလုံးစုံမှန်နေလည်း
    သူမှားတယ်ဆိုရင်တောင် မှန်ခွင့်မရှိဘူးလား
    သူ့ ကိုမှန်ဖို့ လက်မတွဲချင်ဘူးလား
    ငါလက်တွေဖြန့် ထားပါတယ်
    သူမှန်ဖို့ ကျိုးစားနေတာကို လက်ချင်းချိတ်ခြင်လို့ 
    ငါလက်ကမ်းထားပါတယ်
    ငါတို့ ညီအကိုတွေဖြစ်ကြလို့ 
    ငါအားကစားကိုချစ်တယ်
    ငါဘေားလုံးကိုချစ်တယ်
    သူအာားးကိုချစ်တယ်
    သူဘောလုံးကိုချစ်တယ်
    ငါတို့ လက်တွဲခေါ်ဖို့  ဘယ်လိုအာဃာတ တွေက
    တားဆီးနိုင်ကြမှာလည်း
    နေရွှေသွေးအောင်
    မင်းမျက်ရည်မကျနဲ့ 
    မင်းဟာမြန်မာ
    ဒူးထောက်တယ်ဆိုတာ
    မြန်မာတွေရဲ့ အသိမ်ဖျင်းဆုံးအပြုအမူ
    မင်းလောကဓံကို ရင်ကော့ခံစမ်းပါ
    စိတ်ထားဖြူသူတွေမင်းကို လက်တွဲပါလိမ့်မယ်
    မင်းရဲ့ စည်းစိမ်
    မင်းရဲ့ အာဏာ
    မင်းရဲ့ ဘုန်းတန်ခိုး
    အားလုံးကို ဇီးရိုးလို့ သဘောထား
    မင်းဟာ မင်းသားမဟုတ်လည်း
    မြန်မာတစ်ယောက်ဆိုတာလေးနဲ့ 
    ငါတို့ လက်တွဲ ရဲရဲကြီးရှေ့ တက်ရဲပါတယ်
    (ကိုရင်လူထွက်ငပိချက်)

    အခုလိုသတင်းမျိုးထွက်လာတော့ အင်းဘာပြောရမှန်းကို မသိတော့ပါဘူး..............
    အကိုပြောနိုင်တာကတော့ အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်တာပါဘဲ။
    ကိုယ်လုပ်သမျှအားလုံး ကောင်းရင်စံ၊ မကောင်းရင်ခံရ ပေါ့.................................

  1. Anonymous said... :

    ( A ) ဖိုးလပြည့်နှင့် သူရိယအလင်းဂျာနယ်၏ ထုတ်ဝေသူ ဦးယုနိုင်လည်း ရှိနေခဲ့သည်။ ကျွန်တော်က ဒီအခန်းထဲမှာ အိပ်နေတာပါ။

    ( B ) သူရိန်တို့ အဖွဲ့တွေ ဝင်လာပြီး ပစ္စည်းတွေကော ဂျာနယ်တွေ
    ကော သိမ်းသွားတာ။ လူကိုတော့ ဘာမှ မလုပ်ပါဘူး။ သူတို့နဲ့က အစကတည်းက ရင်းလည်း ရင်းနှီးပါ တယ် ။

    ( C ) ညက ၁၁နာရီကျော်ကျော် လောက်မှာ ဖိုးလပြည့်နဲ့ အဖွဲ့တွေ ရောက်လာပြီး ရှေ့တံခါးကို ဖွင့်ခိုင်းတာ လုံခြုံရေး တာဝန်ခံက မဖွင့်ပေးတော့ မလွယ်ပေါက် ကနေ ဖွင့်ခိုင်းလို့ ကိုသစ်မင်းဆွေကို ဖွင့်ခိုင်း ပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ရဲ့သား သူရိန်နဲ့ လူအရောက်နှစ်ဆယ်လောက် ဝင်လာပြီး ဂျာနယ် အပါအဝင် ပစ္စည်းတွေကို သိမ်းသွားတာ။

    ခင်ဗျားတိုရေးချင်ရာရေးပြီ ၊ ခင်ဗျားတို. အချင်းချင်း စားခွက်လုတာကို ၊ ကျုပ်တို.ပြည်သူတွေကဘာလုပ်ရမှာလည်း ? တယောက်နဲ.တစ်ယောက်နိင်အောင်တိုက်ကြလေ ၊ ဘာမှသေဖေါ်လာညှိ.မနေနဲ. မိုးဝေ ရေ ။

  1. Anonymous said... :

    အဟီး သူလေး က လူကောင်းလေးပါ သတင်းမီဒီယာတွေက မဟုတ်တာတွေ ရေးပြန်ပြီ ဒါမျိုးလုပ်ပမလား။ အရင် ရဲကို ပညာပေးတာလဲ မဟုတ်ပဲ နဲ့  ၀ိုင်းပြီးလုပ်ကြံရေးကြတယ်။ ဘယ်မှာလဲ သက်သေတဲ့ နော်။ အခုလဲလုပ်ပြန်ပြီ နာမည်မဖျက်ကြနဲ့ နော် မိကောင်းဖခင် မျိုးကောင်းရိုးကောင်းလေးနော် ခင်ဗျား တို့ ကလောင်ပိုင်တယ်ဆိုပြီးရေးချင်တာရေး ပြည်သူကမယုံဘူး တိလား ဟီ ဟိ

  1. Anonymous said... :

    အလံရှုးတွေ ပါနေတယ်

    စာဖတ်သူတွေ သတိထားပါ
    စဉ်းစားပါ
    ၂၀.၁၀.၂၀၁၃

  1. Anonymous said... :

    လူယုတ်မာတို့ မည်သည် မကောင်းသတင်းတာ ထွက်သည်။ ကောင်းသတင်း ဘယ်တော့မှ မထွက်ပါ။ လုပ်ကြံသတင်းဖြစ်လျှင် ခဏသာ ခံပါသည်။ ဥပဒေ အထက်တွင် လူရမ်းကား တစ်စု ရှိပါသည်၊

  1. Anonymous said... :

    အပေါ်က တိုက်ထဲမှာအိပ်နေဆိုတဲ့ ငကြောင်၊နာမည်ပြော၊ဖုန်းပြော၊သိပ်မညှော်နဲ့။သူများတွေအပေါ်မှာ နာမည်/ဖုန်းပြောထားတာမတွေ့ဘူးလား???

  1. Anonymous said... :

    မိုးဟိန်းက ဘယ်တုန်းက အေဘီအက်စ်ဒီအက်ဖ် ၀င်ခဲ့ဖူးလို့ လဲ။

  1. Anonymous said... :

    လပြည့် ပြီးရင် လကွယ် လမိုက် လာစမြဲလို့  သူရိယ နေမင်းကြီးကလည်း ပြောလိုက်ရော..လပြည့်လေးခမျာ ဒေါသထွက်ပြီး သူရိယနေမင်းရဲ့ အလင်းကို အ၀တ်နဲ့ လိုက်အုပ်ပါလေရောလားး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved