လိပ်ကျွန်းကိစ္စ ဥရောပမှာ ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြခံရ

Thursday, October 16, 2014

ဒီကနေ့ စောစောပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တအီတလီနိုင်ငံကို ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာကို ဥရောပမှာတော့ လိပ်ကျွန်း လူသတ်မှု၊ အာဏာသိမ်းမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။

 အီတလီကို ရောက်လာတဲ့ ထိုင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ၊ ဓာတ်ပုံ- Government House

ဗြိတိန်နိုင်ငံ လန်ဒန်မှာတော့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြတာ ထိုင်း ဝန်ကြီးချုပ် ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီနိုင်ငံ မီလန်မြို့မှာတော့ စစ်အာဏာသိမ်းမှုကို ပြည့်ပရောက် ထိုင်းပညာရှင်တွေ၊ တက်ကြွ လှုပ် ရှားသူတွေနဲ့ စိတ်ဝင်စားသူတွေက ကန့်ကွက်ဆန္ဒပြကြတယ်လို့ ဒီကနေ့ ထုတ် ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့က ဗြိတိန်သံအမတ်၊ မြန်မာသံအမတ်၊ ထိုင်း နိုင်ငံခြားရေးဌာနနဲ့ ထိုင်းဘုရင့် ရဲ တပ်ဖွဲ့ တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့က လိပ်ကျွန်း လူသတ်မှု တရားခွင်ကိုသာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမယ်လို့ မူအရ သဘောတူခဲ့ကြပါတယ်။ 

ဒါပေမယ့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်အစိုးရက ကမ်းလှမ်းတဲ့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စမှာ ဗြိတိန်ရဲတပ်ဖွဲ့က ကူညီဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို နိုင်ငံခြားသားတွေဖြစ်လို့ လက်မခံ ပယ်ချခဲ့ပါတယ်။ 



အိမ့်သံစဉ် ~ 












 

2 comments :

  1. Kyi said... :

    ဗြိတိန်အစိုးရက ဒီလူသတ်မှုကို ဝင်ရောက်ကိုင်တွယ် စစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုလို့ရအောင် change.org က လေက်မှတ်တွေကောက်ခံခဲ့တာ ဒီမနက်အထိ လက်မှတ် ၈၀,၀၀၀ ရပြီလို့ပြောတယ်. သတ်မှတ်ချက်က ၁၀၀,၀၀၀ အထိရမှလားဆို တာ သေသေချာချာမသိတော့ တင်လို့ရပါ့မလားလို့ စိုးရိမ်မိတယ်. ထိုင်းအစိုးရနဲ့ ရဲတွေလုပ်နေတာ ကလေးကွက်တွေမှန်းသိလျှက်နဲ့ ကြေိတ်မနိုင် ခဲမရဖြစ်နေရတယ်.Crime Scene Investigation (CSI) ဇာတ်လမ်းတွဲတွေကို မပြတ်ကြည့်ပြီး လူသတ်မှုတခုဖြစ်လာရင် ဘယ်လိုကိုင်တွယ်စစ်ဆေးရသလဲ. စုံထောက်တွေက ဘယ်လိုတွေးခေါ်စဉ်းစားပြီး အမှုကို ဘယ်လို တရားခံရှာရသလဲဆိုတာ သဘာဝကျကျ လက်တွေ့နည်းပါးရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲတွေပါ. ကိုင်တွယ်ရတဲ့ စုံထောက်ဟာ သူသာလူသတ်သမားဆိုရင် ဘယ်လိုတွေး ဘယ်လိုကြံစည်ပြီး ဘယ်လိုသတ် ဘယ်လိုပြေးမလဲဆိုတာကအစ ပါပါတယ်.လူသတ်တော့မယ်ဆိုရင် သတ်ဖို့ဖြစ်လာတဲ့စိတ် ဘယ်လိုရောက်လာသလဲဆိုတဲ့ motive ကို အရင်ရှာကြတာများပါတယ်.ကိုယ့်သူငယ်ချင်းက တယောက်ကို ရက်ရက်စက်စက်သတ်နေတဲ့အချိန်မှာ ကိုယ်က တေယောက်ကို စိန်ပြေနပြေ ကာမဆက်ဆံနေမယ့်မြင်ကွင်းကို ပြုံဖေါ်မြင်ကြည့်ကြစမ်းပါ.ဘယ်လိုမှ မဖြစ်နိုင်ပါဘူး. ဒီကလေးတွေဟာ ဒီလို ဘီလူးသဘက်စီးမယ့် သူတွေဖြစ်ဟန်လည်း လုံးလုံးမရှိပါဘူး.သူတို့နှစ်ယောက်ပေါင်းမှ David တယောက်စာပဲရှိတာပါ.ဒီအချက်တွေကို ထိုင်းနိုင်ငံကလွဲရင် တခြားနိုင်ငံက တရားရုံးတွေဆိုရင် ထည့်တွက်မှာပါ.ကလေးတွေကံကောင်းပါစေ.

  1. Anonymous said... :

    ထိုင်းဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနဲ့ မြန်မာနိုင်ငံသမ္မတသိန်းစိန်တို့သူမသာ၊ကိုယ်အသုဘတွေလေ.....ပရာယုဒ် ချန်အိုချာက သောကြာနေ့တိုင်း TV ကနေမိန့်ခွန်းပြောတယ်.....သမ္မတသိန်းစိန်ကတလတခါ radio ကနေ ပြောတယ်.Prayuth Chan O-char လဲ သမ္မတသိန်းစိန်လို NATO ဖြစ်သွားပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved