Showing posts with label သုတေသန. Show all posts
Showing posts with label သုတေသန. Show all posts

ဘယ်နေ့ သေမလဲဆိုတာ သွေးစစ်ရင် သိနိုင်ပြီ

Monday, March 3, 2014 0 comments


မိမိ ဘယ်နေ့ သေမယ်ဆိုတာ သိချင်ရင်တော့ သွေးစစ်ကြည့်ရင် အဖြေထွက်နေပြီလို့ သုတေသနပြုချက် တခုက ထုတ်ဖော်ပြောဆိုလာပါတယ်။ 



ကမ္ဘာနဲ့ လကို အင်္ဂါဂြိုလ်ပေါ် က ရိုက်ကူးတဲ့ဓာတ်ပုံ နာဆာ ဖြန့်ချိ

Friday, February 7, 2014 0 comments

ကောင်းကင်ကို ကြည့်လိုက်ရင် အခြား ဂြိလ်တွေ၊ ကြယ်တွေတွေကို မြင်တွေ့ကြတာ မထူးဆန်းတော့ပေ မယ့် လူသားတွေ နေထိုင်ကြတဲ့ ကမ္ဘာဂြိလ်ကို အင်္ဂါဂြိုလ် မျက်နှာပြင်ပေါ်ကနေ မြင်တွေ့ရတဲ့ မြင်ကွင်း ကတော့ ထူးခြားပါတယ်။ 

 အင်္ဂါဂြိုလ်ပေါ်က ကမ္ဘာဂြိုလ်ကို မြင်ရတဲ့ မြင်ကွင်း ဓာတ်ပုံ- နာဆာ

အခု ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ ကမ္ဘာဂြိုလ်ကို လှမ်းမြင်တွေ့ရတာကို ပထမဆုံး ရိုက်ကူး မှတ်တမ်းတင် ထားတာပါ။ 

တကယ်တော့ ဂြိုလ်နီကြီးလို့ ခေါ်ကြတဲ့ အင်္ဂါဂြိုလ်နဲ့ ကမ္ဘာဂြိုလ်ဟာ မိုင်ပေါင်း ၃၄ သန်း ကျော် ကွာဝေးပါ တယ်။ 

NASA က ဂြိုလ်နီကြီးပေါ် ကမ္ဘာကနေ လွှတ်တင်ထားတဲ့ Cruiosity Rover ဆိုတဲ့ မစပ်စု အမည်ရ ဂြိုလ်ပေါ်သွား သုတေ သန ယာဉ်ငယ်က လွန်ခဲ့တဲ့ တပတ်က ရိုက်ကူးထားတာကို မနေ့ညကပဲ ဒီဓာတ်ပုံကို တွတ်တာ လူမှု ကွန်ရက်နဲ့ ဖြန့်ချိခဲ့ တာ လို့ The Mirror သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ 

အင်္ဂါဂြိုလ် မျက်နှာပြင်ကနေ နေဝင်ချိန် အလှကို ရိုက်ကူးပြီး ၁ နာရီကျော်ကြားမှာ အခုပုံကို ရိုက်ကူးတာလို့ ဆိုပါတယ်။ 

နာဆာက ပြောခွင့်ရသူ တဦးကတော့ “လူသား တဦးဟာ သာမန်အမြင်မျက်စေ့နဲ့ပဲ အင်္ဂါဂြိုလ်ပေါ် က ရပ်ကြည့် လိုက်ရင် လ၊ နဲ့ ကမ္ဘာ ကို သိပ်မဝေးကွာတဲ့ တောက်တောက်ပပ ညနေခင်း ကြယ်တွေ အဖြစ် လွယ်လွယ်ကူကူမြင်နိုင်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။ 



အင်္ဂါဂြိုလ်က ပေးပို့လာတဲ့ ဓာတ်ပုံမှာ ကမ္ဘာရဲ့ အောက်မှာ လ ကို လင်းလက်တဲ့ ကြယ်တွေအဖြစ်နဲ့ မြင်ရ ပါတယ်။ 

အခု တော့ ကျမတို့ နေထိုင်တဲ့ ကမ္ဘာဂြိုလ်ကို ကျမတို့ ကိုယ်တိုင် ဓာတ်ပုံက တဆင့် မြင်ရပြီပေါ့။ 

ကား အရွယ်အစားရှိတဲ့ Curiosity Rover ကို နာဆာက ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က Cape Canaveral ကနေ လွှတ်တင်ခဲ့ပြီး အင်္ဂါဂြိုလ်ပေါ်က ပစ်မှတ်ထားခဲ့တဲ့ နေရာဖြစ်တဲ့ Gale Crater ဆိုတာနဲ့ ၁ မိုင်ခွဲလောက် အကွာမှာ ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က အောင်အောင်မြင်မြင် ဆင်းသက်ခဲ့တာပါ။ 

Curiosity အစီအစဉ်အဖြစ် နာဆာက အင်္ဂါဂြိုလ်ပေါ်ကို ၁၉၉၆ ခုနှစ်ကတည်းက အမည်နာမမပေးခဲ့ပဲ စမ်းသပ် ပစ်လွှတ်ခဲ့တာ ၄ ကြိမ်ရှိတယ်လို့လည်း အဲဒီ သတင်းက ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ် ~ 






.





အာဖရိကဇစ်မြစ်ကို စိန်ခေါ်နေတဲ့ မြန်မာ့ အရိုးများ

Wednesday, June 6, 2012 3 comments


ရှေးဦးလူတူပရိုင်းမိတ်များသည် အာရှတိုက်၌ စတင် ဆင့်ကဲဖြစ်ပေါ်၍ နောင်သော်မှ အာဖရိကတိုက်သို့ ရွှေ့ပြောင်း ဝင်ရောက်သည်ဟူသောအချက်ကို Afrasia djijidae ကျောက်ဖြစ်ရုပ်ကြွင်းအား အခြေခံ၍ သက်သေပြနိုင်ဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံ ပွန်တီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့သည် တဲ့။ ဒီကနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

အပြည့်အစုံကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoE4x8_jWo1WL9N5I0fTj3MZ0AxWYKrXjjzq4ketqMUAOD7AxgKF9E1bgzcGKCAEEj-VVGtDF1i3PVqH1WrM0VrSXXqnjyYbC5kkmVQuTdhNC7GQ-7f2jJAJzu0QO1BfzulPYUpjxI1LK/s1600/4454554549999999999.jpg ဖတ်ပါ။
Early primates originated in Asia, migrated to Africa ဆိုပြီး www.cosmosmagazine.com မှာ ဖော်ပြထားတာတွေကတော့ မူရင်းသတင်းလို့ ယူဆရပါတယ်။

ဒီသတင်း တက်လာတဲ့အတွက် လွန်ခဲ့တဲ့ ၁၇ နှစ်က သင့်ဘ၀မဂ္ဂဇင်းမှာ စာနယ်ဇင်းဆရာ မောင်သစ်ဆင်း ရေးသားခဲ့တဲ့ ဆောင်းပါးကို ဧရာဝတီဘလော့ ပရိသတ်များ ဖတ်ရှုနိုင်ဖို့ ကူးယူ ဖော်ပြလိုက်ပါတယ်။
ဒီဆောင်းပါးကို http://mmcybermedia.com မှာ ဇော်ဂျီဝမ်းနဲ့ အသင့် စာစီပြီး တွေ့ရတာ ဖြစ်ပါတယ်။


အံသွားနှစ်ချောင်း၏ အတ္ထုပ္ပတ္တိ
မောင်သစ်ဆင်း

တကယ်လို့များ
ဒီ ရုပ်ကြွင်းတွေရဲ့ သက်တမ်းဟာ
အာဖရိကထက်များ
စောခဲ့မယ်ဆိုတာ သေချာခဲ့ရင်
လူဆင့်ကဲဖြစ်စဉ်သမိုင်းကြီးကို
အသစ်တဖန် ပြန်လည်ရေးသားကြရတော့မှာပါ။

(၁)

“ ဖေဖေ လူတွေ ဘယ်က ဖြစ်လာတာလဲ ဟင် ”
ရေးလက်စ ဘောလ်ပင်ကို လွှတ်ချပြီး သားကြီးကို အလန့်တကြား လှမ်းကြည့်လိုက်တော့ အရုပ်တွေကြားမှာ ထိုင်နေတဲ့ ငါးနှစ်အရွယ် သားကြီးရဲ့ ရိုးသားစွာ လေးနက်နေတဲ့ မျက်နှာကို တွေ့လိုက်ရပါတယ် ။ မျက်ဝန်းအစုံက သိချင်စိတ်နဲ့ ရွှန်းလက်လို့။
အလို …. ငါ့သားကြီး ဒီမေးခွန်းကိုမေးပြီ။ မေးတတ်ပြီ။ မေးရကောင်းမှန်း သိလာပြီ။ ပတ်ဝန်းကျင်ကို စူးစမ်းလာပြီ။ သဘာဝတ္တကြီးကို စိတ်ဝင်စားလာပြီ ။
သူ့ကိုယ်သူ ငါဘယ်သူလဲ၊ ဘယ်ကလာသလဲ သိချင်လာပြီ။ ကိုယ့်ကိုယ်ကို စူးစမ်းခြင်းနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းခြင်းဆိုတဲ့ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကို ငါ့သားစလုပ်ပြီ ဆိုပြီး အဲ့ဒီခဏမှာ ဖအေကြီး ကျွန်တော် ၀မ်းသာပီတိ ဖြစ်သွားလိုက်ရတာ။ ရင်ထဲမှာ စိမ့်ခနဲ။
ကျွန်တော့် သားကြီး မစဉ်းစားမှာ၊ မစူးစမ်းမှာ၊ မသိချင်မှာ၊ မတွေးခေါ် မဆင်ခြင်မှာကို ကျွန်တော် အင်မတန်ကြောက်ပါတယ်။ ဘာမဆို သူများခိုင်းတာကိုပဲ နာခံတတ်ပြီး ကိုယ်တိုင် ဖန်တီးတီထွင်နိုင်စွမ်း ကင်းမဲ့သွားမှာ ကျွန်တော်စိုးရိမ်ပါတယ်။ သားဟာ လူညံ့ မဖြစ်စေရဘူး ။ ဖအေ့ထက်ထက်မြက်တဲ့ သားမျိုးဖြစ်ရမယ်။

အခု … အဲ့ဒီသားက အင်မတန် ကြီးကျယ်တဲ့ မေးခွန်းကြီးကို မေးပါပြီ။ လူဘယ်က ဖြစ်သလဲတဲ့။
ကျွန်တော် ဘယ်လို ဖြေရပါ့မလဲ။
သွားလေသူ ဆရာသိပ္ပံမောင်ဝရဲ့ “ချိတ်ပုံကြော”ဆောင်းပါးက ခေါင်းထဲကို ဖျတ်ခနဲ ရောက်လာပါသေးတယ်။
ကျွန်တော် ငယ်ငယ်ကလည်း အမေ့ကို ဒီမေးခွန်း မေးခဲ့ဖူးတာပါပဲ။ လူတိုင်းလိုလိုလည်း မေးခဲ့ကြဖူးမယ် ထင်ပါတယ်။ အမေက “ဗြဟ္မာကြီးလေးဦးက ပေါက်ဖွားလာတာ သားရဲ့” လို့ ဖြေတော့ ဗြဟ္မာဆိုတာ ဘာမှန်း မသိပေမယ့် အမေပြောရင် ဟုတ်မှာပါပဲ ဆိုပြီး ကျွန်တော် ဆက်မမေးခဲ့ပါဘူး။ ဒါပေမယ့် သားကြီးကတော့ ကျွန်တော့်လို ဟုတ်မယ် မထင်ဘူး။ ဗြဟ္မာဆိုတာ ဘာလဲ ဆက်မေးလိမ့်ဦးမယ် ။ နားကင်းကြီးနဲ့ မိုးပေါ်က ပုဂ္ဂိုလ်ဆိုရင်လည်း နားကင်းဆိုတာ ဘာလဲ။ ဘာဖြစ်လို့ မိုးပေါ်ရောက်နေသလဲ ဆိုတာတွေ ဆက်လာမှာဆိုတော့ အဲ့ဒီလို အလွယ်တကူဖြေလို့ မရလောက်ပါဘူး။ အာဒမ်နဲ့ ဧ၀ဘက်လှည့်လို့လည်း မလွယ်လောက်ဘူး။
“ချိတ်ပုံကြော” ဆောင်းပါးထဲက မောင်လူအေးနဲ့ မောင်လူမွှေးတို့ သားအဖထက် ပြဿနာ ပိုကြီးသွားနိုင်ပါတယ်။
ဒီတော့လည်း ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်သောအားဖြင့် အမှန်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

“ အင်း … ဖေဖေလည်း သားလိုပဲ သိချင်နေတာပါပဲ သားရယ် ”
သားကြီးက ကျွန်တော့် အဖြေကို သိပ်ကျေနပ်ဟန် မတူဘူး။ မျက်မှောင်ကုတ်ပြီး စဉ်းစားနေတယ်။ ခဏနေတော့ သူ့အရုပ်တွေဆီ အာရုံပြန်ရောက်သွားတော့တယ်။

ကျွန်တော်စိတ်မကောင်းပါဘူး ။ ဒါပေမယ့် ဒီကိစ္စက သက်ဆိုင်ရာ ပညာရှင်တွေတောင် ခပ်ရေးရေးပဲ မှန်းဆနိုင်ကြပြီး အခုထိ ငြင်းကြ ခုန်ကြတုန်းဆိုတော့ ကျွန်တော့် အဖြေဟာ မလွန်တန်ကောင်းပါဘူး။ ပြီးတော့ ခင်လွယ်လွယ်နဲ့ ပြီးပြီးရော ဆိုပြီး တွေ့ကရာ အဖြေတွေလည်း ကလေးရဲ့အသိထဲ ရောက်မသွားစေချင်ဘူး။
အမှန်တကယ်ဖြေချင်တဲ့ အဖြေက ကျွန်တော့်ရင်ထဲမှာ ရှိပါတယ်။

“ သားရေ လူအစ ဘယ်ကလဲဆိုရင် ဟောဒီ ဖေဖေတို့ အာရှတိုက်ကြီးက စတာ ဖြစ်နိုင်သကွ။ အထူးသဖြင့် ဟောဒီဖေဖေတို့ မြန်မာနိုင်ငံတော်ကြီးက စတာ ဖြစ်နိုင်သကွ။ အထူးသဖြင့် ဟောဒီ ဖေဖေတို့ မုံရွာခရိုင် တစ်ဝိုက်က စတာဖြစ်နိုင်သကွ ”လို့ သားကြီး စိတ်နေမြင့်သွားအောင် အားပါးတရ ကျွန်တော်ပြောချင်လိုက်တာ။
အဲ့သလိုပြောနိုင်ဖို့ အကြောင်းတွေကလည်း ရှိခဲ့သကိုး။
XXXXXXXXXX ………….. XXXXXXXXXX

(၂)
၁၈၅၉ ခုနှစ်မှာ ချား(စ) ဒါဝင်က “မျိုးစိတ်တို့၏ မူလအစ” (The Origin of Spieces)လို့ အမည်ရတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေလိုက်တော့ ကမ္ဘာတ၀ှမ်းလုံး ရုတ်ရုတ်သဲသဲပွက်လော ရိုက်သွားလိုက်တာ။ ကဖေးဆိုင်တွေ၊ အရက်ဆိုင်တွေမှာတောင် အာပေါင်အာရင်းသန်သန်နဲ့ မပြီးနိုင် မစီးနိုင် ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တစ်ခု ရသွားခဲ့ကြတဲ့ အထိပါပဲ။ ကန့်ကွက်သံ၊ ရှုတ်ချသံ၊ ထောက်ခံသံတွေနဲ့ ကမ္ဘာကြီးဟာ တော်တော်လေး ဝေေ၀စည်စည် စိုစိုပြေပြေလေးဖြစ်သွားခဲ့ပါတယ်။ လူရယ်လို့ ဖြစ်လာကတည်းက (ဖန်ဆင်းခံရတယ်လို့ ဆိုသူက ဆိုကတည်းက) လက်ရှိ ပုံသွင်းအတိုင်း အခုထိ အပြောင်းအလဲမရှိပဲ ဖြစ်တည်နေတယ်ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုထဲမှာ နစ်ဝင်ခဲ့ကြရာက လူဟာ အဆင့်နိမ့်တဲ့ ကျောရိုးရှိသတ္တ၀ါ တစ်မျိုးကနေ သဘာဝရွေးချယ်မှုအရ တဖြည်းဖြည်း ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်လာသူ ဖြစ်တယ်လို့ ဒါဝင်က ရဲရဲတောက် ဆိုလိုက်တဲ့အခါ အဟောင်းသမားတွေ ဆတ်ဆတ်ခါ သွားကြတော့တာပါပဲ။ ပြင်းပြင်းထန်ထန် ဝေဖန်၊ ကန့်ကွက်၊ ရှုတ်ချ၊ ပုတ်ခတ်ကြတော့တာပါပဲ။

ဒါပေမယ့် လူဟာ ကိုယ်ကိုယ်တိုင်ရဲ့ မူလဇစ်မြစ်ကို သိချင် အံ့သြချင်သေးတယ်လေ။ အထူးသဖြင့် ပညာရှင်တွေ။

၁၈၅၆ ခုနှစ်က ဂျာမနီမှာ နီယင်းဒါးသဲ (Neanderthat) အရိုးစုကို တွေ့ချိန်ကစပြီး ရှေးဟောင်းဗေဒသမားတွေ၊ မနုဿဗေဒ သမားတွေဆိုတာ အာဖရိက ၊ ဥရောပနဲ့ အာရှတစ်လွှား နေရာအနှံ့ တူးကြ ဆွကြတော့တာပါ။ အဲ့ဒီအချိန်က ဒါဝင်ဟာ သူ့စာအုပ်ကို မထုတ်ဝေရသေးဘူး။ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်အယူအဆဟာ လက်တစ်ဆုပ်စာ သိပ္ပံပညာရှင်တွေကြားမှာ ခပ်ဝါးဝါးပဲ ရှိနေသေးတာ။ နောက်သုံးနှစ် အကြာ ဒါဝင် သီအိုရီလည်း ထွက်ပေါ်လာရော သက်ဆိုင်ရာ ပညာရှင်တွေက လေ့လာကြ၊ စူးစမ်းကြ၊ ရှာဖွေကြနဲ့ တဖြည်းဖြည်းဝေဖန် ငြင်းခုန်သံတွေ ကြဲပါးသွားပါတယ်။ ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သက်သေတွေ ပေါ်ထွက်လာတာကိုး။

လူရဲ့ အဆင့်ဆင့်ပြောင်းလဲလာပုံကို လေ့လာခဲ့ကြတာ အခုဆိုရင် နှစ် (၂၀၀)လောက်ရှိပါပြီ။ ပရိုင်းမိတ် (Primates)လို့ ခေါ်တဲ့ ကျောရိုးရှိ သတ္တ၀ါမျိုးနွယ် တစ်ခုဟာ ဒီနေ့ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံတို့ ဖြစ်ပေါ်လာရာ ဆင့်ကဲပြောင်းလဲမှုရဲ့ အစလို့ပညာရှင်များက ယူဆကြပါတယ်။ ပရိုင်းမိတ်မှာ အဆင့်နိမ့် ပရိုင်းမိတ် ( Lower Primates )နဲ့ အဆင့်မြင့် ပရိုင်းမိတ် (Higher Primates)ရယ်လို့ နှစ်မျိုးရှိသတဲ့။ လူ၊ လူဝံ၊ မျောက်ဝံတို့ဟာ အဆင့်မြင့် ပရိုင်းမိတ်ကနေ ဆင်းသက်လာကြတာ။ ပရိုင်းမိတ် ရုပ်ကြွင်းတစ်ခုဟာ အဆင့်နိမ့်လား၊ အဆင့်မြင့်လားဆိုတာ အံသွားတွေနဲ့ သွားဖွဲ့စည်းတည်ဆောက်ပုံက အဆုံးအဖြတ် ပေးနိုင်ပါသတဲ့။ အဆင့်နိမ့် ပရိုင်းမိတ်မှာ အံသွားသုံးချောင်းရှိပြီး အဆင့်မြင့်မှာတော့ အံသွားနှစ်ချောင်း ရှိလေရဲ့။

လူတူ ပရိုင်းမိတ် (Anthropoid Primates)တွေကို ကမ္ဘာသစ်နဲ့ ကမ္ဘာဟောင်းဆိုပြီး ခွဲခြား ထားသေးတယ်။ ကမ္ဘာသစ်ဆိုတာက မြောက်နဲ့တောင်အမေရိကတိုက်ပါ။ ကမ္ဘာဟောင်းကတော့ အာရှ၊ ဥရောပ နဲ့ အာဖရိက တိုက်တွေပေါ့ ။ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံတွေဟာ ကမ္ဘာဟောင်းမှာ စတင် ဖြစ်ပေါ်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၀၀ လောက်မှာ နို့တိုက်သတ္တ၀ါရဲ့ အစလို့ ဆိုနိုင်တဲ့ “ပီလိုင်ကိုဆော”လို့ခေါ်တဲ့ တွားသွားသတ္တ၀ါငယ် တစ်မျိုး ရှိခဲ့တယ်။ သူက ဥလည်းအု၊ နို့လည်းတိုက်တဲ့ သတ္တ၀ါ၊ အဲ့ဒီကမှ တစ်ဆင့် အကောင်လိုက်သားဖွားတဲ့ “စွေ့”ဆိုတဲ့ နို့တိုက်သတ္တ၀ါအဖြစ် ကူးပြောင်းခဲ့တယ်။ အဲ့ဒါ ကမ္ဘာပေါ်မှာ ဒိုင်နိုဆောကြီးတွေ နှစ်သန်းပေါင်း ၆၀ ကျော်လောက် လွှမ်းမိုးခဲ့တဲ့ အချိန်မှာပေါ့။ အဲ့ဒီ “စွေ့”ဟာ ဒိုင်နိုဆောကြီးတွေ အကြားမှာ ပြေးလွှားပြီး အစာရှာဖွေရတဲ့ သစ်ပင်နေ သတ္တ၀ါဖြစ်ခဲ့တယ်။ အဲ့ဒီကမှ တစ်ခါ လီမာ (Lemurs) ပြီးတော့မှ တာစီရာ (Tasiers) ဆိုတဲ့ သတ္တ၀ါတွေအဖြစ်ပြောင်းလဲပြီး ကမ္ဘာသစ်မျောက် (New World Tasiers) နဲ့ ကမ္ဘာဟောင်းမျောက် (Old World Tasiers)ဆိုပြီး နှစ်မျိုးကွဲသွားတာပါ။ အဲ့ဒီနှစ်မျိုးထဲက ကမ္ဘာဟောင်း မျောက်များကသာ လူမျိုးနွယ်နဲ့ ဆက်စပ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘာဟောင်းမျောက်ကမှ တစ်ဆင့် Propliopithecus (လွန်ခဲ့တဲ့ နှစ်သန်းသုံးဆယ်)၊ Dryopithecus (လွန်ခဲ့တဲ့ နှစ် ၂၅ သန်း)၊ Ramapithecus ( လွန်ခဲ့တဲ့ နှစ် ၁၂ သန်း)၊ Austraiopithecus afarensis (လွန်ခဲ့တဲ့ နှစ် လေးသန်း)၊ Australopi- thecus africanus (လွန်ခဲ့တဲ့ နှစ် ၃.၅ သန်း)၊ Homo habilis (နှစ် နှစ်သန်း)၊ Homo erectus (၁.၅သန်းနှစ်)၊ Homo neanderthalensis (နှစ်ငါးသိန်း)တို့ဖြစ်ပေါ်ပြောင်းလဲပြီးမှ နောက်ဆုံး Homo apiens ဆိုတဲ့ ဒီနေ့လူတွေဖြစ်ပေါ်လာပါသတဲ့။ ဒါ အကြမ်းသဘောပေါ့။

လူသားအဖြစ် ခရီးရှည် ချီတက်ပွဲကြီးကို ပွဲကြည့်ပရိသတ် အဖြစ် ကြည့်ရတာ အင်မတန် အံ့သြစရာ၊ ရင်ခုန်စရာကောင်းလှပါတယ်။ “လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာပြည်က အပ်တစ်စင်း ထပ်ဖျားချင်း ထိမိဖို့ လွယ်ကောင်းလွယ်မယ်။ လူဖြစ်ဖို့ မလွယ်ဘူး ” ဆိုတဲ့ မြန်မာစကားပုံဟာ လူဆင့်ကဲဖြစ်စဉ် သီအိုရီအတွက်လည်း မှန်နေတာပါပဲ။ လူသားအဖြစ်ဆီကို တန်းတန်းမတ်မတ်၊ ချောချောမွေ့မွေ့ရောက်လာရတာမှ မဟုတ်ခဲ့တာကလား။ ကမ္ဘာဟောင်း မျောက်ကနေ ဟိုကွေ့သည်ကောက်၊ ဟိုဘက်ဖြာထွက်သွားလိုက်၊ သည်ဘက်ခွဲဆင်းလာလိုက်နဲ့ မျိုးစိတ်တွေ ကွဲကွဲသွားလိုက်တာ တချို့လည်း ရောက်တဲ့နေရာမှပဲ ရပ်တန့်ပျောက်ကွယ်သွားကြ၊ တချို့လည်းဆက်လက်ပြောင်းလဲကြနဲ့။ လူစင်စစ်ဖြစ်လာဖို့အရေး လူနဲ့ မျောက်ဟာ ခွဲရေးတွဲရေးတွေ အများကြီး လုပ်ခဲ့ရတာပဲ။ ခွဲတော့မှာလိုလိုနဲ့ ချော်ထွက်သွားလိုသွား၊ တွဲမှာလိုလိုနဲ့ရပ်တန့်ပျောက်ကွယ်သွားလိုသွား ဖြစ်ချင်သလို ဖြစ်ခဲ့ရတာမျိုးပါ။

ဒီလိုနဲ့ ကူးပြောင်းလာလိုက်တာ တစ်နေရာ အရောက်မှာတော့ လူနဲ့ မျောက်ဟာ ပြတ်ပြတ်သားသား လမ်းခွဲ ထွက်သွားကြပါတော့တယ်။ ဒါပေမယ့် အဲ့ဒီ ညောင်ညိုပင်စခန်းကို သုတေသီတွေ ရှာမတွေ့ခဲ့ကြဘူး။ ဒါကြောင့် ဒီနေရာဟာ “ပျောက်ဆုံးနေတဲ့ ကွင်းဆက်”(Missing Link)လို့ နာမည် ရခဲ့တာပါ။ အဲ့ဒီပျောက်နေတဲ့ ကွင်းဆက်ကို ၁၉၇၄ ခုနှစ်ကျမှ တွေ့တာလို့ ပြောရပါမယ်။ တွေ့တဲ့နေရာက အီသီယိုးပီးယား။ တွေ့တဲ့လူက အခု ဘာကလေမှာရှိတဲ့ IHO(Institute of Human Origins)မှာ ဥက္ကဌဖြစ်တဲ့ မနုဿဗေဒ ပညာရှင်ဒွန်နယ် ဂျိုဟန်ဆင်၊ ထူးခြားတဲ့ ရှေးဟောင်း ပရိုင်းမိတ် အရိုးစုကို တွေ့ခဲ့တာပါ။ အရိုးစုက ၆၀ ရာခိုင်နှုန်းလောက်မရှိတော့ဘူး။ ဦးခေါင်းခွံ အစိတ်အပိုင်းကလည်း နည်းနည်းပဲကျန်တယ်။ ဒါပေမယ့် သတ္တ၀ါဟာ ၁၀၇မီတာ (သုံးပေခွဲခန့်) အရပ်မြင့်တယ်လို့ ပညာရှင်တွေပြောနိုင်ပါတယ်။ ဒီသတ္တ၀ါဟာ အရပ်ပုပေမယ့် အရေးကြီးတဲ့ လူ့အသွင် လက္ခဏာ တစ်ခု ရှိနေတယ်။ အဲ့ဒါကတော့ အပြည့်အ၀ လမ်းလျှောက်နိုင်ခြင်းပါပဲ။ အရင်က တွေ့ခဲ့ရတဲ့ ပရိုင်းမိတ် မျိုးစုတွေနဲ့ ကွဲပြားတာ အဲ့ဒါပဲ။

ဒီသတ္တ၀ါ လမ်းလျှောက်နိုင်တယ်လို့ ပြောနိုင်တာကတော့ သူ့ဒူးဆစ်တွေ တည်ဆောက်ပုံကို ကြည့်ပြီး သိရတာပါ။ လျှောက်နိုင်တာမှ ဖြောင့်ဖြောင့်ကြီးကို လျှောက်နိုင်တဲ့ ခြေထောက်ဖွဲ့စည်းပုံပါ။ ဒီသတ္တ၀ါဟာ ဣတ္တိယမိန်းမသားဖြစ်မှာပဲလို့ ဂျိုဟန်ဆင်က ယူဆတာနဲ့ “လူစီ” လို့နာမည်ပေးလိုက်သတဲ့။ ဒီနာမည်လေးပေးဖြစ်ပုံကလည်း တဲစခန်းမှာ ဒီရုပ်ကြွင်းကို စမ်းသပ်စစ်ဆေးနေတုန်း ဖွင့်ထားတဲ့ တိပ်ရီကော်တာက ဘီတဲလ်အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ကိုဆိုနေတယ်လေ။ သီချင်းနာမည်က “မိုးပေါ်မှာ စိတ်ပွင့်တွေနဲ့လူစီ” (Lucy in the sky with Diamonds) တဲ့။

ဒါပေမယ့် ဒါက အလွယ်ခေါ် ၊ အရပ်ခေါ်ပါ။ သူ့ရဲ့သိပ္ပံနာမည်ကတော့ အင်မတန် လျှာခလုတ် တိုက်ချင်စရာ ကောင်းလှပါဘိတယ်။ သြစတြာပိသိကပ် အဖာရင်းစစ် (Australopithecus afarensis) တဲ့။ သူ့သက်တမ်းကို လွန်ခဲ့တဲ့ နှစ် ၃.၉သန်းလို့ သတ်မှတ်ကြပါတယ်။ ပုံသွင်ကတော့ လူထက်စာရင် မျောက်နဲ့ ပိုတူနေသေးတယ်။ နောက်ထပ်အရိုးစုတွေ၊ ဦးခေါင်းခွံတွေ ပြည့်ပြည့်စုံစုံ တွေ့ရတဲ့အခါ လူစီဟာ ပျောက်နေတဲ့ ကွင်းဆက်ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက်ကြပါတော့တယ်။ A.afarersis အထီးကတော့ အရပ်ငါးပေအောက်လောက် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သူတို့ရဲ့ ခါးတွေမတ်သွားတာ၊ ခြေနှစ်ချောင်းပေါ်မှ လမ်းလျှောက်နိုင်တာ ၊ လက်တွေ လွတ်လပ်သွားတာ ဒါတွေဟာ ရှင်သန်ကျန်ရစ်ရေးအတွက် သာမက တိုးတက်ဖွံ့ဖြိုးဖို့ကိုပါ အထောက်အကူ အများကြီး ပေးခဲ့တာပေါ့။

လွန်ခဲ့တဲ့ နှစ်သုံးသန်းနဲ့ နှစ်သန်းကြားမှာ A.afaremsis (လူစီ)ကနေ သန်စွမ်းတဲ့ အုပ်စုငယ် သုံးမျိုး ထပ်ကွဲသွားပါတယ်။ A.afarensis ကတစ်မျိုး၊ နောက်နှစ်မျိုးက Paranthropus boisei နဲ့ P.robustus။ အဲ့ဒီနှစ်မျိုးက လွန်ခဲ့တဲ့ နှစ်တစ်သန်းလောက်ကပဲ ရပ်တန့်ပျောက်ကွယ်သွားပါပြီ။ အဲ့ဒီမှာ ရှင်သန် ကျန်ရစ်ခဲ့တဲ့ A.afarensis ကနေ လူအဖြစ်ကို စပြီး ပြောင်းတော့တာပါ။ လွန်ခဲ့တဲ့ နှစ်တစ်သန်းက အဲ့ဒီ အပြောင်းအလဲဟာ ကမ္ဘာကြီးရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးလိုက်တာပါပဲ။

A.afarensis ကနေ Homo habilis ကို ကူးပြောင်းသွားခြင်းဟာ ကမ္ဘာကြီးအတွက် ကံကောင်းခြင်း လား၊ ကံဆိုးခြင်းလား ဆိုတာကတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပဲပေါ့လေ။ ကမ္ဘာဂြိုဟ်ဟာ သူ့ကိုလွှမ်းမိုးခြယ်လှယ်လာတော့မယ် လူဆိုတဲ့ သတ္တ၀ါကို အဲ့ဒီအချိန်မှာ စတင်ရရှိလိုက်တော့တာကိုး။

လူစီ မတိုင်ခင် လွန်ခဲ့တဲ့ နှစ် ၂၅ သန်းလောက်က ပေါ်ထွန်းခဲ့တဲ့ Dryopithecus ရဲ့ ဆင့်ကဲ မျိုးဆက်တွေကတော့ ဒီကနေ့ တွေ့နေရတဲ့ ဂေါ်ဇီလာမျောက်တွေ၊ ချင်ပန်ဇီမျောက်တွေပါပဲ။ တကယ်လို့များ Dryopithecus ဟာ Ramapithecus (သူ့ရုပ်ကြွင်းကို အိန္ဒိယမှာ စတွေ့တာ)အဲ့ဒီကမှ A.frarensis ပြီးတော့မှ A.africanus အဖြစ် မကူးပြောင်းခဲ့ဘူးဆိုရင်ဖြင့် ဒီနေ့ ကမ္ဘာကြီးဟာ ချင်ပန်ဇီတို့ ပျော်စံရာ လောကကြီးဖြစ်သွားနိုင်မယ်ဆိုရင် ရကောင်းရဲ့။

XXXXXXXXXX …………… XXXXXXXXX

(၃)

လူအဖြစ်ကို ကုန်းရုန်းပြီး လျှောက်လှမ်းခဲ့ရတဲ့ ဖြစ်စဉ်ကြီးထဲမှာ Homo habilis ကို လူဖြစ်ပြီလို့ ဘာကြောင့် သတ်မှတ်ခဲ့ရတာလဲ။

အဖြေကတော့ သူက လက်နက်ကိရိယာတွေ ဖန်တီးတတ်လို့ပါပဲ။ ဒါဆိုရင် ဒီနေ့ ချင်ပန်ဇီတွေလည်း လက်နက်ကိရိယာ သုံးတတ်စွဲတတ်သားပဲ၊ ဦးချိုတွေ အရိုးတွေနဲ့တူးတတ် ဆွတတ်သားပဲ။ တုတ်ချောင်းကို သုံးပြီး တွင်းထဲက ပုရွတ်တွေ ထွက်လာအောင် မျှားတတ်သားပဲလို့ ဆက်မေးစရာရှိပါတယ်။ ကွာခြားတာက H.habilis ဟာ လက်နက်ကို သုံးစွဲတတ်ရုံ မကဘဲနဲ့ အသိဥာဏ် ရှေ့ဆောင်ပြီး လက်နက်ကိရိယာ အသစ်တွေကို တီထွင်ဖန်တီးတတ်တာပါ။ ကျောက်တုံးတွေကို ထုရိုက် ခွဲစိတ်ပြီး ကိုယ်လိုချင်သလို အသုံးချလို့ရအောင် ပုံဖော်တတ်လာပြီလေ။ သူ့ပုံသွင်က ယခင်မျိုးဆက်နဲ့ သိပ်မကွာခြားသေးပေမယ့် ဦးနှောက်ပိုကြီးလာတာ တွေ့ရပါတယ်။
သူက အသီးအရွက်ရော အသားပါ စားတယ်။ ခြင်္သေ့တွေ၊ ကျားသစ်တွေနဲ့ အစာအတွက်တော့ဖြင့် ယှဉ်ပြိုင် တိုက်ခိုက်တာတွေ မလုပ်တော့ဘူး။ အဲ့ဒီသားရိုင်းကြီးတွေ သတ်ဖြတ်စားသောက်ထားခဲ့တဲ့ သားကောင်ရဲ့ အသားကို ကျောက်လက်နက်တွေနဲ့ လှီးဖြတ်ယူပြီး ဘေးကင်းရာ ပြေးတော့တာ။ လူလည်ကျလာပြီ ဆိုရမှာပေါ့ ။ ဒါကြောင့်လည်း ပညာရှင်တွေက သူ့နာမည်ကို ရှေ့က Homo တပ်ပြီး မှည့်ခေါ်ကြတာပါ။ Homo ဆိုတာ “လူ” လို့အဓိပ္ပာယ် ရတယ်လေ။

လွန်ခဲ့တဲ့ နှစ် နှစ်သန်းခွဲလောက်က ပေါ်ထွန်းခဲ့တဲ့ Homo habilis ဟာ ကမ္ဘာပေါ်မှာ နှစ်ငါးသိန်းကျော်လောက် နေသွားခဲ့ပါတယ်။ ဒီ အတောအတွင်းမှာပဲ သူတို့ထဲက အုပ်စုတစ်စုဟာ တဖြည်းဖြည်းနဲ့ အရပ်ပိုရှည်လာ၊ ပိုသန်စွမ်းလာ၊ ပုံသွင်ပိုပြီးပြေပြစ်လာတဲ့ Homo erectus ဘ၀ကို ရောက်လာပါတော့တယ်။ အရပ်ငါးပေခြောက်လက်မလောက်ရှိပြီး ခေတ်ပေါ်လူနဲ့ သိပ်မကွာခြားတော့တဲ့ ပုံသဏ္ဍာန် ဖြစ်လာပါပြီ ။ နဖူးနိမ်နိမ့်၊ မျက်ရိုးမောက်မောက်၊ မေးရိုးမြင့်မြင့်နဲ့ပါ။ ဦးနှောက်အိမ်ကတော့ နှစ်ကြာလေလေ ကြီးမားလာလေလေပါပဲ ။ ဒါပေမယ့် ရှေးအကျဆုံး H.eretus (အရွယ်ရောက်ပြီး) ရဲ့ ဦးနှောက်က ဒီကနေ့ လေးနှစ်သားကလေးလေးရဲ့ ဦးနှောက်ထက် ပိုမကြီးပါဘူး။ ကျိုးကြောင်း ဆင်ခြင်တတ်မှု၊ ဖန်တီးတတ်မှုတွေဟာ လေးနှစ်သား ဦးနှောက်အတိုင်းပဲပေါ့။

နာမည်ကျော် ဂျာဗားလူ (Java man)နဲ့ ပီကင်းလူ (peking man)တို့ဟာ H.erectus တွေပါ ။ ဂျာဗားလူကို Eugene Dubois ဆိုတဲ့ ဒတ်ခ်ျလူမျိုး ဆရာဝန် တစ်ယောက်က အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်က ဆိုလိုမြစ်ကမ်းဘေးမှာ တွေ့ခဲ့တာ။ ၁၈၉၀ ခုနှစ်မှာ။ ပီကင်းလူကိုတော့ ၁၉၂၉ ခုနှစ်မှာ တရုတ် မနုဿပညာရှင် Peo Wen shong က ဂူတစ်ခုထဲက တူးဖော်တွေ့ရှိခဲ့တာပါ ။ ၁၉၅၀ ခုနှစ်ကျတော့ အာဖရိက မှာ တွေ့ရပြန်ရော။

အခုထိ တွေ့ခဲ့ရတဲ့ ရုပ်ကြွင်းတွေထဲမှာ အာဖရိကမှာတွေ့ရတဲ့ H.erectus က သက်တမ်းအရင့်ဆုံးပါပဲတဲ့။ အာရှရုပ်ကြွင်းတွေက အများဆုံး နှစ်တစ်သိန်းသာရှိပြီး အာဖရိကရုပ်ကြွင်းက အနည်းဆုံး နှစ် ၁၈ သန်းရှိပါသတဲ့။

အဲ့ဒီလို သက်တမ်းရှေးကျတာရယ် ၊ H.erectus ရဲ့ လက်ဦး ရှေးဟောင်းမျိုးနွယ် အဆင့်ဆင့် ရုပ်ကြွင်းတွေဟာ အာဖရိကမှာပဲ သီးခြားတွေ့ရတာရယ်ကြောင့် လူမျိုးနွယ်တို့စတင်ဖြစ်ပေါ်ရာ ဒေသကြီးဟာဖြင့် အာဖရိကတိုက်ကြီးပါပဲ လို့ သိပ္ပံပညာရှင်တွေ ကောက်ချက်ချ ယုံကြည်ခဲ့ကြတာဟာ ဒီနေ့ အထိပါပဲ။

XXXXXXXXX .XXXXXXXXXXXX

(၄)

ယုံမယ်ဆိုရင်လည်း ယုံကြည်စရာပါပဲလေ။ လူမျိုးနွယ်ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ အဓိက အကျဆုံး အထောက်အထားဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အဆင့်ဆင့်တွေက အာဖရိကမှာပဲ အများဆုံး တွေ့ခဲ့ကြရတာကိုး။

ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစုံကို ကြုံကြိုက်သလို တွေ့နေခဲ့ကြရာက ၁၉၀၆ ခုနှစ်မှာ စိတ်ဝင်စားဖွယ် မေးရိုးတစ်ခုကို အာဖရိကတိုက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးဆာဟာရ သဲကန္တာရ အစပ်က ဖယွမ် (Fayum)ဆိုတဲ့ ဒေသမှာ အမေရိကန်သဘာဝသမိုင်းပြတိုက်က အော်လ်ဆင် (Olson)ဆိုသူက တွေ့လိုက်ပါတယ်။
အဲ့ဒီ ရုပ်ကြွင်းရဲ့ သိပ္ပံနာမည်က Aegyptopithecus Zeuxis တဲ့။

၁၉၆၄-၆၆ မှာတော့ ယေးလ်တက္ကသိုလ်က အယ်ဝင်ဆိုင်မွန် (Elwyn Simons) ဦးဆောင်တဲ့ အဖွဲ့က အဲ့ဒီရုပ်ကြွင်းအမျိုးအစားရဲ့ ဦးခေါင်းခွံနဲ့ အရိုးတွေ ၊ မေးရိုးတွေ အပြည့်အစုံထပ်ပြီး တွေ့ရှိကြပါတယ်။ အဲ့ဒီ Aegyptopithecus ရုပ်ကြွင်းဟာ လူနဲ့ မျောက်တို့ စတင် ဆင်းသက်ရာ အစောဆုံး ပရိုင်းမိတ်မျိုးနွယ် ပါတဲ့။
သူ့သက်တမ်းက နှစ်သန်းပေါင်း သုံးဆယ်ရှိခဲ့ပေတာကိုး။

အဲ့သလို အစောဆုံး အင်သရိုပ္ပိုက် ပရိုင်းမိတ် ရုပ်ကြွင်းလည်းရှိ၊ ခေတ်လူ Homo Sapians ရဲ့ ရုပ်ကြွင်းတွေလည်းရှိ၊၊ ကြားထဲက မျိုးနွယ်အဆင့်ဆင့်ရဲ့ ရုပ်ကြွင်းတွေလည်း ရှိနေလေတော့ အာဖရိကတိုက်ကြီးဟာ လူမျိုးနွယ်စတင်ဖြစ်ထွန်းရာဒေသကြီးလို့ ပညာရှင်တွေက သတ်မှတ်ကြတာပေါ့။ လူမျိုးနွယ်ရဲ့ ပုခက်ကြီးကို တင်စားခေါ်ဝေါ်ခဲ့ကြတာပေါ့။

လူနဲ့ မျောက် မျိုးနွယ်ဖြစ်လာမယ့် အစောဆုံး ကျောရိုးရှိ အဆင့်မြင့် ပရိုင်းမိတ်ကနေ ဆင့်ကဲဆင့်ကဲ ပြောင်းလဲပြီးနောက်ဆုံး ရှေးဦးလူ Homoerectus အဆင့်ထိဟာ အာဖရိကတိုက်ကြီးအတွင်းမှာပဲ ဖြစ်ခဲ့သတဲ့။ အဲ့ဒီအဆင့်ကျမှ ဒီလူတွေဟာ အာဖရိကတိုက်ကြီးထဲက ထွက်လာကြပြီး ကမ္ဘာ့နေရာအနှံ့အပြားပြန့်ကျဲ ရောက်ရှိသွား၊ တဖြည်းဖြည်းနဲ့ ခေတ်လူ(Homo Sapians)အဖြစ် ရောက်သွားတော့တယ်လို့ ဆိုပါတယ်။ အာဖရိက တိုက်ထဲက H.erectus ထွက်လာတာဟာ လွန်ခဲ့တဲ့ နှစ် ၁.၈ သန်းလောက်ကပါတဲ့။ အာဖရိကတိုက်ထဲမှာပဲ H,Spainans အဆင့် ရောက်သွားတဲ့လူတွေ ကမ္ဘာကို ပျံ့နှံ့သွားတာကတော့ လွန်ခဲ့တဲ့နှစ်တစ်သိန်းလောက်က လို့မှန်းကြလေရဲ့။ ဒါကတော့ ကမ္ဘာမှာ လူတွေ ပျံ့နှံ့ရောက်ရှိလာပုံ ပတ်သက်လို့ ပညာရှင်တွေ တစ်လျှောက်လုံး လက်ခံထားခဲ့ကြတဲ့ “အာဖရိက မှ လာသည်” သီအိုရီ (Out of Africa Theory)ပါပဲ။

သို့ပေမယ့် နောက်ပိုင်းတွေ့ရှိချက်တွေက ဒီသီအိုရီကို လှုပ်ရမ်း ပစ်လိုက်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တရုတ်ပြည်ထဲမှာ ခေတ်လူနဲ့ တူတဲ့ ဦးခေါင်းခွံကို တရုတ်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ရုပ်ကြွင်းရဲ့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်းနှစ်သိန်းတဲ့။ အဲ့ဒီဒေသမှာ တွေ့ခဲ့ရသမျှ အစောဆုံး H.Sapians ရုပ်ကြွင်း နမူနာတွေရဲ့ သက်တမ်းထက် နှစ်ဆရှိနေတယ်။ ပြီးတော့ ဒီခေါင်းခွံက ခေတ်ပြိုင် အာရှသားတွေနဲ့ ပုံပန်း အတော်တူသတဲ့။ အဲ့ဒီအကြောင်း ၁၉၉၄ ခုနှစ်က ထုတ်ဝေတဲ့ Nature စာစောင်မှာ ပါလာပါတယ်။

Nature ထက် တစ်ပတ်စောထွက်တဲ့ Science ဂျာနယ်မှာလည်း အံ့အားသင့်စရာ သတင်းတစ်ပုဒ်ပါလာပြန်ပါရော။ ဂျာဗားကျွန်းပေါ်က နေရာနှစ်နေရာမှာ အမေရိကန်နဲ့ အင်ဒိုနီးရှား ပညာရှင်တွေ တွေ့ရှိခဲ့ကြတဲ့ ခေါင်းခွံရုပ်ကြွင်းတွေရဲ့ သက်တမ်းကို ပြန်လည်ပြန်ဆင်လိုက်တဲ့ သတင်းပါ။ မူလ သတ်မှတ်ထားတဲ့ နှစ်တစ်သန်းအစား နှစ် နှစ်သန်းနီးပါးလို့ ပြင်ဆင်လိုက်သတဲ့ ။ အဲ့ဒီရုပ်ကြွင်းတွေကတော့ H.erectus ရုပ်ကြွင်းတွေပါ။

ဒီလို အထောက်အထားသစ်တွေလည်း ရလာရော အငြင်းအခုန်တွေလည်း ဖြစ်လာပါလေရော။ အမြင်သစ်တွေကလည်း ပေါ်လာကြတယ်။ ပညာရှင်အများစု လက်ခံထားကြသလို ခေတ်ပေါ်လူသားဟာ အာဖရိကတိုက်ထဲမှာသာ တိုးတက်ဖွံ့ဖြိုးပြီး အပြင်ကို ပျံ့နှံ့တယ်ဆိုတာ မဟုတ်ဘူးတဲ့ ။ H.Sapians ဟာ ကမ္ဘာနေရာအနှံ့မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့နိုင်တယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ အထက်ပါ အထောက်အထားတွေ အရ H.erectus ဟာ အာဖရိကတိုက်ထဲက မူလထင်မှတ်ထားခဲ့ကြတာထက် နှစ်တစ်သန်းလောက် စောပြီး ထွက်ခဲ့လို့ပါတဲ့။ အဲ့ဒါကတော့ အခုနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ “ဒေသအနှံ့ မှန်းဆချက်” (Multiregional Hypothesis) ပါပဲ။

“အာဖရိက သီအိုရီ” သမားတွေကလည်း အပြင်းအထန် ကာကွယ်ပါတယ်။ အာဖရိကတိုက်က ထွက်လာတဲ့ H.erectus ဟာ နှစ်မျိုးကွဲသွားနိုင်တယ်။
အာဖရိကသား H.erectus နဲ့ အာရှသား H.erectus ဆိုတဲ့ မျိုးစိတ်နှစ်ခု ဖြစ်သွားနိုင်တယ်။ ဒီနှစ်ခုလုံးဟာ H.Sapians အဖြစ် တပေါင်းတည်း ရောက်မသွားနိုင်ဘူး။ အာရှသားဟာ ကွယ်ပျောက်သွားပြီး အာဖရိကသားကပဲ ခေတ်ပေါ်လူအဖြစ် တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်လို့ ဆိုကြလေရဲ့။

နောက်တခါ H.erectus ဟာ အာဖရိက ထွက်ခွာလာပြီး အာဖရိကကိုပဲ ပြန်ဝင်သွားလေရော့သလားလို့ သံသယ၀င်ကြတာလည်းရှိပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အခု ငြင်းခုန်နေကြတာဟာ အာဖရိကက H.erectus ထွက်ခွာချိန်ကိုသာ ငြင်းခုန်နေကြတာပဲ ဖြစ်ပါတယ်။ လူ့အနွယ်ဝင်ရဲ့ အစမူလအဆင့်မြင့် ပရိုင်းမိတ်ဟာ အာဖရိကမှာ စတင်ခဲ့တယ်ဆိုတဲ့ အခြေခံသဘော ကိုက်ညီမှုကို ငြင်းခုန်ကြတာ မဟုတ်ပေဘူး။

ဒါပေမယ့် “လူ့အနွယ်ဝင်အစ အာဖရိက , က ”ဆိုတဲ့ သီအိုရီကို အခြေခံအုတ်မြစ်က စပြီး ဆွဲကိုင်လှုပ်ရမ်း စိန်ခေါ်လိုက်တဲ့ တွေ့ရှိမှုကြီး တစ်ခုဟာဖြင့် လွန်ခဲ့တဲ့ ၁၇ခုနှစ်က ဖြစ်ပွားခဲ့ပါတယ်။

တွေ့ရှိခဲ့သူက မြန်မာနိုင်ငံသား ဘူမိဗေဒပညာရှင်။
တွေ့ရှိခဲ့တဲ့ နေရာက မြန်မာနိုင်ငံအလယ်ပိုင်း ပုံတောင်ပုံညာဒေသ။
XXXXXXXX ………. XXXXXXXX

(၅)

“ လူအဖြစ်သို့ ဦးတည်သည့် ပရိုင်းမိတ်သည် ကမ္ဘာကြီး၏ မည်သည့်နေရာမှ စတင် ပေါ်ပေါက်ခဲ့ပါသနည်း ။ ယခုအထိ အထောက်အထား အများစုက ညွှန်ပြနေသည်မှာ အာဖရိကတိုက်ဖြစ်၏။ လူနှင့်မျောက်တို့ ဖြစ်ပေါ်ရာ ယေဘုယျအားဖြင့် ယုံကြည်လက်ခံထားကြသော လွန်ခဲ့သော နှစ်သန်း၂၀က ဒရိုင်ရိုပိသိကပ် သတ္တ၀ါ၏ အရိုးများကို အာဖရိက၌ တွေ့ခဲ့ရလေသည်။ ထိုသတ္တ၀ါ ဆင်းသက်လာရာ မျိုးနွယ်များသည်လည်း အာဖရိက၌ပင် နေထိုင်ခဲ့ကြဟန် တူသည်။ ပမာအားဖြင့် Duke တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင် အယ်ဝင်ဆိုင်မွန်သည် လွန်ခဲ့သော နှစ်သန်း ၃၀ က သစ်ပင်နေ အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်းကို တွေ့ရှိခဲ့သည်။ ထိုသတ္တ၀ါကို အေဂျစ်ပတိုပိသိကပ် ဟု အမည်ပေးခဲ့၏။

မည်သို့ဆိုစေ လွန်ခဲ့သော အပတ်က မြန်မာနှင့် အမေရိကန် သိပ္ပံပညာရှင်များကတော့ မနုဿဗေဒလောကကို မွှေနှောက် လှုပ်ရမ်းလိုက်ပြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်း ၄၀ က အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံတွင် တွေ့ရှိပြီဟု သူတို့က ကမ္ဘာကိုကြေညာလိုက်၏။ လူ၏ မူလဇစ်မြစ်ကို အာဖရိကမှ အရှေ့တောင်အာရှသို့ ပြောင်းရွှေ့ စိုက်ထူလိုက်ခြင်းပင် ဖြစ်တော့သည်”

၁၉၇၉ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းကြီးမှာ ပါရှိတဲ့ သတင်းဆောင်းပါးရဲ့ နိဒါန်းပိုင်းပါ။
မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဘယ်လောက်များရင်ဖို လှိုက်မောဖို့ ကောင်းလိုက်ပါသလဲ။ ဘယ်လောက်များ ဇာတိသွေး ဇာတိမာန်တွေ ဆူဝေလျှံကျဖို့ ကောင်းလိုက်ပါသလဲ။

ဒါတင်ကပါရိုးလား။ ၁၉၇၉ မေ ၈ ရက် ၊ အင်္ဂါနေ့ထုတ် The Bostaon Globe အမေရိကန် သတင်းစာကြီးမှာ ခြောက်လိုင်းစာလုံးမည်းကြီတွေနဲ့ ခေါင်းစဉ်တင်ထားတာက “လူ၏ ဇာတိချက်မြှုပ်နေရာ အာရှမှာတွေ့ပြီ”တဲ့။ ၁၉၇၉ သြဂုတ်လ ၁၀ရက်နေ့ထုတ် အာရှအပတ်စဉ် မဂ္ဂဇင်း (Asia week)ကတော့ “မြန်မာ့မေးရိုးများက လာရာလမ်းကို ညွှန်ပြပြီ ” တဲ့။ ၁၉၇၉ သြဂုတ်လ ၅ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းမှာ ထပ်ပြီး ဖော်ပြခဲ့တာက “မြန်မာ့ အရိုးများက အာဖရိကဇစ်မြစ်ကို စိန်ခေါ်လိုက်ပြီ ”တဲ့။ ဒီကိစ္စကို သတင်းထူး သတင်းဦးအနေနဲ့ အသားပေး ဖော်ပြကြတဲ့ ကမ္ဘာ့စာနယ်ဇင်းတွေ အများကြီး ရှိပါတယ်။ ၁၉၇၉ နိုဝင်ဘာလထုတ် “နေချား”မဂ္ဂဇင်းကလည်း ကမ္ဘာ့တွေ့ရှိသမျှ အဆင့်မြင့် ပရိုင်းမိတ်ရုပ်ကြွင်းတွေထဲမှာ အစောဆုံးဖြစ်ကြောင်း ဖော်ပြ အတည်ပြု ပေးလိုက်ပါတယ်။

ဒီနေရာမှာ သက်တမ်းဖော်တဲ့ ကိစ္စ(Geochronology)ရဲ့ ကဏ္ဍဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ သက်တမ်းဖော်တဲ့ နည်းစနစ်တွေကလည်း အများကြီးရှိပါတယ်။ ကာဘွန် ၁၄ စမ်းသပ်နည်း၊ ပိုတက်စီယမ်အာဂွန် စမ်းသပ်နည်းနဲ့ အခုနောက်ဆုံးပေါ် ရေဒီယို သတ္တိကြွ (radio active) စမ်းသပ်နည်းတွေရယ်လို့ ယေဘုယျအားဖြင့် ရှိကြပါရဲ့။ ကာဘွန်စမ်းသပ်နည်းဟာ နှစ်ခြောက်သောင်း အထိပဲ စမ်းသပ်လို့ ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်းသန်းချီနေတဲ့ ရုပ်ကြွင်းရဲ့သက်တမ်းကိုတော့ radio active နည်းနဲ့သာ ဖော်ယူလို့ရတယ်လို့ ဆိုပါတယ်။ အခု ပုံတောင်ဂျီးယားရဲ့ သက်တမ်းကိုတော့ တွေ့ရှိရတဲ့မြေလွှာသက်တမ်းအတိုင်း တွက်ယူကြတာ ဖြစ်ပါတယ်။ ပိုတက်စီယမ် အာဂွန်နည်းတွေ၊ radio activeနည်းတွေနဲ့ မစမ်းသပ်ခဲ့ရသေးပါဘူး။ မြေလွှာသက်တမ်းနဲ့ပဲ နှစ်သန်း ၄၀ ဟာ သေချာတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ကမ္ဘာ့စာနယ်ဇင်းတွေရဲ့ တူညီတဲ့ အာဘော်ကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ပုံတောင်ဒေသမှာ တွေ့ရှိခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ သက်တမ်းရှိ ပရိုင်းမိတ် ရုပ်ကြွင်းမေးရိုးများက ရာစုနှစ်တ၀က်လောက် အပြင်းအထန် ငြင်းခုန်နေကြတဲ့ လူ၊ မျောက်၊ လူဝံ၊ မျောက်စံ၊ မျိုးနွယ် အင်သရိုပ္ပိုက်တို့ စတင်ဖြစ်ပေါ်ရာ အရပ်ဟာ အာဖရိကလား၊ အာရှလားဆိုတဲ့ ပြဿနာအပေါ် တစ်နည်းတစ်ဖုံ သြဇာသက်ရောက်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ လူ့ဇစ်မြစ် အင်သရိုပွိုက် ပရိုင်းမိတ်တွေစတင် ဖြစ်ပေါ်ပြန့်ပွားရာ အဓိကဒေသကြီး (the main theatre of origin)ဖြစ်လာဖွယ်ရှိကြောင်း၊ အီဂျစ်မှာ တွေ့ရတဲ့ ပရိုင်းမိတ်ထက် နှစ် ၁၀သန်း စောနေခြင်းက အာရှ ၊ အထူးသဖြင့် မြန်မာနိုင်ငံဟာ လူအပါအ၀င် အဆင့်မြင့် ပရိုင်းမိတ်တွေရဲ့ မူလဇစ်မြစ် ဗဟိုချက်မ ဖြစ်တယ်လို့ အဓိပ္ပာယ် သက်ရောက်နေကြောင်း အစရှိသဖြင့် ဖော်ပြထားကြပါတယ်။

ကျွန်တော့်မှာ ဖတ်ရင်းဖတ်ရင်းနဲ့ ကတ္တီပါစပေါ် လမ်းလျှောက်နေရ သလိုလို၊ မိုးတိမ်ကို စီးနင်းနေရ သလိုလို၊ ရင်ဘတ်ကြီးက ကော့ကော့ပြီး တက်လာနေသလိုလို၊ မျိုးမည်မသိ ဝေဒနာကို ခံစားနေရတာပါ။ အဲ့ဒါ ပီတိဝေဒနာ၊ နိုင်ငံအတွက် မြန်မာအတွက် ဂုဏ်ယူပီတိဖြစ်ရတဲ့ ဝေဒနာ၊ အလို ကမ္ဘာကြီးမှာ လူရယ်လို့ စဖြစ်တာ ငါတို့ဆီကပါလား။ ပုံတောင်ဆိုတာ ငါတို့ မုံရွာနားလေးတင်ပါလား။ ငါနေတဲ့ ဒေသဟာ ကမ္ဘာမှာ လူမျိုးနွယ်တို့ စတင်ဖြစ်ပေါ်ခဲ့တဲ့ နေရာပါလား ဆိုပြီး။ တစ်ခါမှ အခုလိုမျိုး ဒေသမာန် ဇာတိမာန်တွေ မတက်ခဲ့ဖူးပါဘူး။

ဒီလိုခံစားရတာ ကျွန်တော်တင်လား ဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ဒီသတင်း ကြားသိရတဲ့ အချိန်ကစလို့ ဆရာအံ့မောင် (အန်းဒါးဆင်း)နဲ့ ဆရာဝင်းမောင် (သမိုင်း) တို့များဆိုရင် အတိုင်းမသိ ဂုဏ်ယူဝင့်ကြွားကြလွန်းလို့။ ခပ်လှမ်းလှမ်းကများ ကြည့်ရင် သူတို့ ရင်ဘတ်ကြီးတွေကိုပဲ မြင်ရတဲ့ အထိပါ။ ဘ၀အကျိုးပေးကောင်းလွန်းလို့ မုံရွာသား ဖြစ်ရတာတဲ့လေ။

သို့ပေမယ့် …… ။
xxxxxxxxxxxxx................xxxxxxxxxx xxxxxxxx

(၆)

မြန်မာနိုင်ငံ ဘူမိဗေဒ တိုင်းတာမှု လုပ်ငန်းတွေကို ဒုတိယကမ္ဘာစစ် မဖြစ်မီ အချိန်က အိန္ဒိယနိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာနက ဆောင်ရွက်ခဲ့တာပါ။ အဲ့ဒီဌာနက ဘူမိဗေဒပညာရှင် ဒေါက်တာ ကော့တာ (G.Dc.P.Cotter)က ၁၉၁၆ခုနှစ်မှာ ပုံတောင်ဒေသကို ကွင်းဆင်းလေ့လာတော့ အီယိုဆင်း(Eocene)သက်တမ်းမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ကြွင်းတွေကို ဒေါက်တာ ပစ်လ်ဂရင်း (G.E Pligrim) က အမျိုးအစားခွဲပြီး ရုပ်ကြွင်းတစ်ခုကို ပုံတောင်ဂျီးယားကော့တာရိုင် (Pondaungia Cotteri) လို့ ၁၉၂၇ ခုနှစ်မှာ ပထမဦးဆုံး ဖော်ထုတ်ခဲ့ပါတယ်။

အဲ့သလို မဖော်ထုတ်ခင် ၁၉၂၃ ခုနှစ်မှာ အမေရိကန် သဘာဝသမိုင်းပြတိုက်က ဘူမိဗေဒပညာရှင် ဒေါက်တာ ဘာနမ်ဘရောင်း (Barnum Brown)ကလည်း မုံရွာတစ်ဖက်ကမ်း ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးမှာ ပရိုင်းမိတ်ရုပ်ကြွင်းတွေ ထပ်ပြီး တွေ့ခဲ့သတဲ့။ ဒီရုပ်ကြွင်းတွေကို ဒေါက်တာ ကိုးလ်ဘတ်(E.H/Colbert)က အမျိုးအစားခွဲပြီး မျိုးစိတ်အသစ် တစ်ခုအနေနဲ့ အမ်ဖီပိသိကပ် မိုးကောင်းဂျင်းနစ် (Amphipithecus mogaungensis)လို့ အမည်ပေး ဖော်ထုတ် ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် တွေ့ရှိခဲ့ကြတဲ့ ရုပ်ကြွင်းတွေရဲ့ ရှေ့အံသွားတွေဟာ သုံးချောင်းဖြစ်နေတာကြောင့် အင်သရိုပွိုက် အဆင့်မြင့် ပရိုင်းမိတ် မဟုတ်ဘူးလို့ ပညာရှင်တွေက ငြင်းပယ်ခဲ့ကြသတဲ့။ အဲ့ဒီ နောက်ပိုင်းတွေမှာတော့ ရုပ်ကြွင်းတွေနဲ့ ပတ်သက်ပြီး သုတေသနတွေ ဆက်လက်ပြီး ရှာဖွေလေ့လာတာတွေ မလုပ်ခဲ့တာဟာ နှစ် ၅၀လောက် ကြာခဲ့ပါတယ်။ နှစ်ကြာတာကလည်း တစ်ကြောင်း ၊ ၁၉၆၄-၆၆ခုနှစ် အီဂျစ်နိုင်ငံမှာ နှစ်သန်း ၃၀ သက်တမ်းရှိတဲ့ အေဂျစ်ပတိုပိသိကပ်ရဲ့ ပြည့်စုံတဲ့ရုပ်ကြွင်းတွေကို တွေ့ရှိလိုက်တာကလည်း တစ်ကြောင်း ဆိုတော့ စောစောက ပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ရှိချက်ဟာ တဖြည်းဖြည်း မှေးမှန်သွားရတော့တယ်။ ထပ်မံ စူးစမ်းရှာဖွေတာတွေလည်း မရှိခဲ့လေတော့ Dr.Von Koenigswald တို့လို ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံမှာ တွေ့ထားပြီး ဖြစ်တဲ့ ပရိုင်းမိတ်တွေရဲ့ အမျိုးအစား ခွဲခြားမှုဟာ မမှန်ကန်ဘူးလို့ ၁၉၆၆ခုနှစ် တုန်းက ထုတ်ဖော်ပြောဆိုခဲ့တဲ့ အထိ မျက်နှာငယ်ခဲ့ရတာပါ။

ဒီလိုနဲ့ နေလာလိုက်ကြတာ ၁၉၇၈ ခုနှစ်မှာတော့ ပုံတောင်ဒေသဟာ ပြန်လည်ခေါင်းမော့ လာခဲ့ပါတော့တယ်။ ကမ္ဘာ့ပညာရှင်တွေ သမင်လည်ပြန် ပြန်ကြည့်လာရုံသာမက ကမ္ဘာ့စာနယ်ဇင်းတွေကပါ အုတ်အော်သောင်းတင်း ထုတ်ဖော် ကြေညာခဲ့ကြပါတယ်။ အဲ့ဒီနှစ်မှာ ပုံတောင်ရုပ်ကြွင်းတွေကို ထပ်ပြီးတွေ့ခဲ့ရတာကိုး။
“ပုံတောင် ပြန်လာပြီ” လို့ ဆိုရမယ့်အချိန်ပါပဲ။

မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနက ၁၉၇၆ ခုနှစ်မှာ မြိုင်နဲ့ ပုလဲမြို့နယ်ထဲက ပုံတောင် တောင်တန်းတစ်လျှောက်အရင်က တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ဘူမိဗေဒ လေ့လာရေးနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေမှုတွေ စတင်ခဲ့ပါတယ် ။ အဲ့ဒီနှစ်က ထူးထူးခြားခြားရယ်လို့ ဘာမှ မတွေ့ခဲ့ရပါဘူး။

၁၉၇၈ခုနှစ် ၊ ဧပြီလမှာတော့ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနက ကထိက ဦးဘမော်နဲ့ အဖွဲ့ဟာ ပုံတောင်ဒေသ မိုးကောင်းရွာအနီး သံတောင်အရပ်မှာ ပုံတောင်ဂျီးယားကော်တာရိုင်နဲ့ အမ်ဖီကိသိကပ် မိုးကောင်းဂျင်းနစ် ရုပ်ကြွင်းတွေကို ထပ်မံ တွေ့ရှိပါတော့တယ်။ “ဧပြီလ ၁၂ ရက်မှာ ပုံတောင်ဂျီးယား ရုပ်ကြွင်းအံသွားကို တွေ့ခဲ့ပြီး ဧပြီ ၁၃ ရက်မှာ မိုးကောင်းဂျင်းနစ် ရုပ်ကြွင်းအံသွားကို တစ်ဆက်တည်း တွေ့ခဲ့တာဗျ။ ကော့တာတို့ ၊ ဘာနမ်ဘရောင်းတို့ တွေ့ခဲ့တဲ့ မေရိုးထက် ပိုပြီး ပြည့်စုံတယ်။ စားထားတဲ့ သစ်ရွက်က အစအနလေးတွေတောင် ဒီအတိုင်း ကျောက်ဖြစ်နေတာ” လို့ ဦးဘမော်က ပြောပါတယ်။ အဲ့ဒီတုန်းက ဦးဘမော်ရဲ့ရင်ထဲမှာ သင်္ကြန်ရေထက် အေးမြနေမလားဘဲ။

အဲ့ဒီနှစ် စက်တင်ဘာလမှာလည်း မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဦးသော်တင့်ကလည်း ပုံတောင်ဂျီးယား မေးရိုးအပိုင်း သုံးခု ထပ်တွေ့ခဲ့ပါသေးတယ်။

ရုပ်ကြွင်းတွေက အီယိုဆင်းသက်တမ်းက မြေလွှာမှာတွေ့ရတယ်ဆိုတာ နှစ်သန်းပေါင်း ၄၀ ရှိပြီလို့ ပညာရှင်များ သတ်မှတ်ကြပါတယ်။ လောလောဆယ် ကမ္ဘာက လက်ခံထားတဲ့ သက်တမ်းအရင့်ဆုံး အဆင့်မြင့် ပရိုင်းမိတ် အေဂျစ်ပတိုပိသိကပ်က နှစ်သန်းပေါင်း ၃၀ပဲ ရှိတာကြောင့် ပုံတောင်ရုပ်ကြွင်းတွေက နှစ် ၁၀ သန်း စောနေတယ်။ ဒါဟာ မနုဿဗေဒ လောကကို “တုန်” သွားစေတဲ့ အချက်ပါပဲ။ ပုံတောင်ကို ပညာရှင်တွေ ပြန်လည် စိတ်ဝင်စားလာကြပါတယ်။ “ပုံတောင်ရုပ်ကြွင်းတွေကို ပြန်တွေ့တော့ ကျွန်တော့်ကို “ Rediscoverer” (တွေ့ပြီးသားကြီးကို ပြန်တွေ့သူကြီး) လို့ ပြောကြတာ ရှိတယ်။ ဒါနဲ့ ကျွန်တော်က “ Rediscovery is better than Nondiscover” (ပြန်တွေ့တာဟာ ဘာမှ မတွေ့တာထက်တော့ အများကြီး ပိုကောင်းပါတယ်) လို့ ပြန်ပြောလိုက်ရတယ်” တဲ့။ ဦးဘမော်က ပြန်ပြောင်း အောက်မေ့ပါတယ်။

အမှန်တော့ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုတွေ့ရဖို့ ဆိုတာ အင်မတန် ခဲယဉ်းတဲ့ကိစ္စပါ။ ဘယ်နေရာမှ ရှိနေမှန်းမသိရတဲ့ အရိုးစုကို မိုင်များစွာ ကျယ်ဝန်းတဲ့ ဒေသတစ်ခုမှာ လိုက်ရှာဖို့ဆိုတာ တွေးကြည့်ရုံနဲ့ သွေးပျက်စရာကြီးပါ ။ “ဒီအလုပ်က ကောက်ရိုးပုံထဲက အပ်ကို လိုက်ရှာရသလိုမျိုးပါဗျာ။ ကံလည်းလိုတယ် ” လို့ အငြိမ်းစား ဘူမိဗေဒ ပါမောက္ခဒေါက်တာ ဦးသိန်းက ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုတွေ့ရှိဖို့ဆိုတာ ရုပ်ကြွင်းဖြစ်ဖို့ အခြေအနေ (Fomation) လည်းပေးပါဦးမှ၊ တွေ့ရင်တောင်တွေ့သူဟာ ကျွမ်းကျင်သူ ပညာရှင်ဖြစ်ပါဦးမှ။ (ဥပမာ ကျွန်တော်သာ ရုပ်ကြွင်းတစ်ခုကို ကံကောင်းထောက်မလို့ အမှတ်မထင် တွေ့လိုက်မိရင် ရုပ်ကြွင်းမှန်း သိမှမဟုတ်ဘဲ ရှုပ်လိုက်တဲ့ ကျောက်ခဲဆိုပြီး ကန်ပစ်လိုက်မိမှာပဲ။ ) ။ ပညာရှင်က တွေ့ရင်တောင်မှပဲ ရုပ်ကြွင်းကို အပြည့်အစုံရဖို့ အလွန်ခဲယဉ်းပါတယ်။
များသောအားဖြင့် မေးရိုးတစ်စိတ်တစ်ပိုင်း၊ ခေါင်းခွံတစ်ခြမ်းစသည်ဖြင့် မပြည့်မစုံ အကျိုးအပဲ့တွေကိုသာ တွေ့ရတတ်လေ့ရှိတာပါ။

ဒါပေမယ့် ချားစ်ဒါဝင် စတင် ပုံကြမ်းလောင်းခဲ့တဲ့ မပြီးဆုံးသေးသော လူ့ဖြစ်စဉ် ပန်ချီကားကြီးကို ဖြည့်စွက်ကြဖို့ ကမ္ဘာ့ပညာရှင်တွေကတော့ စိတ်ထက်သန်နေကြလေရဲ့။ ငွေကုန်ခံ လူပင်ပန်းခံပြီး ရတတ်သမျှ ရုပ်ကြွင်းတွေကို ရှာဖွေကြပါတယ်။ Leaky Foundation က ပညာရှင်တွေဆိုရင် ဒီဘာသာရပ်မှာ နာမည်ကြီးပေါ့။ ပါရဂူမြောက်အောင် တော်ကြ၊ ကျွမ်းကျင်ကြ၊ သြဇာကြီးကြပါတယ်။ ကမ္ဘာတစ်ဝှမ်း ပညာရှင်တွေ လေ့လာ ရှာဖွေခဲ့ကြတာ အခုဆိုရင်ရာစုနှစ် တစ်ခုတောင်ကျော်ခဲ့ပြီပေါ့။ ဒါပေမယ့် ရတတ်သမျှ ရုပ်ကြွင်း အထောက်အထားတွေက စိတ်ပျက်ဖို့ ကောင်းလောက်အောင် နည်းပါးလွန်းလှတယ်။ ဒါကြောင့်လည်း ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုး၊ အယူအဆအဖုံဖုံနဲ့ ငြင်းခုန်နေကြရတာပါ။ ရုပ်ကြွင်းများများ တွေ့ပါမှ လူ့အစ ဇာတ်ရှုပ်ကြီးဟာ ရှင်းတန်သလောက် ရှင်းမှာပါ။


အခုတော့ အထောက်အထား နည်းနည်း၊ စိတ်ကူးစိတ်သန်းများ (data-poor imagination – rich) ဖြစ်နေတယ်လို့ တိုင်းမဂ္ဂဇင်းက အားမလို အားမရ ဖြစ်လေရဲ့။

သို့သော် သဘာဝရဲ့ မျက်နှာသာ ပေးမှုကလေးတော့ ရှိပါတယ်။ ကျောက်ဖြစ် ရုပ်ကြွင်းတွေဟာ သဲချောင်း ကမ်းဘေး၊ မြစ်ဘေးလို နေရာမျိုးတွေမှာ တွေ့ရတတ်သတဲ့။ ပုံတောင်ပရိုင်းမိတ်တွေဆိုရင် ကမားချောင်း ဘေးနားက တွေ့ခဲ့ရတာပါ။ “ရုပ်ကြွင်း ရှာဖွေတယ်ဆိုတာ ဘူမိဗေဒအခြေခံနဲ့ ရှာဖွေကြရတာပဲဗျ။ ကျွန်တော်အတွေ့အကြုံအရတော့ မြန်မာအခေါ်“ကျစ်ချောင်”လို့ခေါ်တဲ့ မြေနေရာမျိုးတွေမှာ တွေ့ရတတ်တယ်” လို့ ဦးဘမော်က ရှင်းပြပါတယ် ။ “ အသည်းယားစရာကြီးပါဗျာ၊ ပုံတောင် ပရိုင်းမိတ်တွေဆိုရင် ယမားချောင်းကမ်းဘေးမှာပေါ်နေတာတဲ့၊ ချောင်းရေကျချိန်ရောက်တာနဲ့တစ်ခါတည်း ပါသွားတော့မှာ”လို့ ဒေါက်တာ ဦးသိန်း က ပြောတော့ အမယ်လေးလေး ကံသီလို့ပါလားဆိုပြီး ရင်တမမ ဖြစ်ရပါတယ်။ အတွေ့ဦးပေလို့သာပေါ့။ ချောင်းရေထဲများပါသွားခဲ့ရင်ဖြင့် အာဖရိကကို ကျော်တတ်နိုင်ဖို့ နေနေသာသာ မနုဿဗေဒ မြေပုံမှာ မြန်မာဟာ မထင်မရှား နေရာလေးတောင်ရမှာ မဟုတ်ပါဘူး။ အခုတော့ လူမျိုးနွယ်အစရဲ့ ဗဟိုချက်မလေလားဆိုပြီး ပညာရှင်တွေ မျက်စိဖြဲ ကြည့်ကြရပြီလေ။

သို့ပေမယ့် ပုံတောင်ပရိုင်းမိတ်တွေကို ပညာရှင်အားလုံးက တစ်ညီတစ်ညွတ်တည်း လက်ခံကြတာမဟုတ်ပါဘူး။ ပညာရှင်တို့ ထုံးစံအတိုင်း အလွယ်တကူ လက်မခံတတ်ကြဘဲလုံလောက်တဲ့ အထောက်အထားတွေ တောင်းဆိုကြပါတယ်။ “အမေရိကန် ပညာရှင်တွေက လက်ခံတယ်ဗျ။ ပုံတောင်ဟာ အစောဆုံး ပရိုင်းမိတ်ဆိုတာ။ ဒါပေမယ့် ဥရောပ အထူးသဖြင့် ပြင်သစ်က သိပ်လက်မခံချင်သေးဘူး ။ အခုထိ ရတဲ့ ရုပ်ကြွင်းတွေကို သူတို့အားမရလှသေးဘူး။ မေးရိုးဆိုရင်လည်း တစ်ခုလုံးရတာ မဟုတ်ဘဲ အစိတ်အပိုင်းကလေးတွေ ဆိုတော့။ နောက်ထပ် အထောက်အထားတွေ သူတို့လိုချင်ကြတယ်” တဲ့။ ဒေါက်တာဦးသိန်းက ဆိုပါတယ်။ ဒီဘာသာရပ်မှာ ပြစ်သစ်ပညာရှင်တွေဟာ အလွန် အစဉ်အလာကြီးပါသတဲ့။ သြဇာကြီးပါသတဲ့။

“ပုံတောင် ပရိုင်းမိတ်တွေမှာ အဆင့်နိမ့် ပရိုင်းမိတ်လက္ခဏာတွေလည်း ရှိတယ်။ အဆင့်မြင့် ပရိုင်းမိတ် လက္ခဏာတွေလည်း ရှိတယ်။ နှစ်မျိုး ရောနေတာဗျ ။ အဆင့်နိမ့်ကနေ အဆင့်မြင့်ကို ကူးပြောင်းနေဆဲနဲ့ တူပါတယ်။ ရှေ့အံသွားသုံးချောင်းပါလို့ အဆင့်နိမ့် သတ္တ၀ါပဲဖြစ်တယ်။ အင်သရိုပွိုက် ပရိုင်းမိတ် မဟုတ်ဘူးလို့ယူဆကြဟန်တူပါရဲ့ ” လို့ ဦးဘမော်က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပုံတောင် ပရိုင်းမိတ်တွေရဲ့ သတင်းကို ကမ္ဘာက သိသွားခဲ့ပါပြီ။ ပုံတောင်ဒေသကိုလည်း စိတ်ဝင်စားလာကြပါပြီ ၁၉၇၈ နှစ်ကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသနဲ့ ပခုက္ကူဘက် တစ်ဝိုက် ရှေးလူအရိုးတွေ ရှာဖွေစုဆောင်း သုတေသနပြုလိုတဲ့အကြောင်း ပြင်သစ်နဲ့ အမေရိကန်ပညာရှင် အဖွဲ့နှစ်ဖွဲ့က ကမ်းလှမ်းလာပါတော့တယ်။ ပြစ်သစ်အဖွဲ့က ပုံတောင်ပုံညာမှာ သုံးလလောက် လုပ်ငန်းဆောင်ရွက်ပြီး ရရှိတဲ့ ရုပ်ကြွင်းတွေကို အသေးစိတ် လေ့လာဖို့ ပြင်သစ်ကို ယူသွားမယ်။ လေ့လာပြီးရင် မြန်မာနိုင်ငံကို ပြန်ပြီး အပ်မယ်လို့ အဆိုပြုခဲ့ပါတယ်။ အမေရိကန်အဖွဲ့ကတော့ ပုဂံ၊ ပခုက္ကူနဲ့ ရခိုင်ပြည်နယ် အရှေ့ပိုင်းတွေမှာ တစ်ကြိမ် ခြောက်လနဲ့ နှစ်ကြိမ်လာရောက်လိုတဲ့ အကြောင်း၊ ရုပ်ကြွင်းတွေ ရခဲ့ရင် အမေရိကန် ယူသွားပြီး မူရင်း ရုပ်ကြွင်းတွေရဲ့ ပုံသွန်း (Plaster Cast)တွေကို ပြန်ပေးမယ်။ ပြီးတော့ သူတို့မှာ ရှိပြီးဖြစ်တဲ့ တခြား ရုပ်ကြွင်းတွေကိုလည်း မြန်မာနိုင်ငံအတွက် ပေးဦးမယ်လို့ ကမ်းလှမ်းခဲ့ကြပါတယ်။ အဲ့ဒီ အဖွဲ့တွေကို စမစ်ဆိုနီယံ အစ်တီကျူ၊ လီကီဖောင်ဒေးရှင်းအစရှိတဲ့ အဖွဲ့အစည်းကြီးတွေက ကမကထပြုပြီး ရန်ပုံငွေ ထောက်ပံ့တာပါ။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ချမှတ်ထားခဲ့တဲ့ သုတေသနလုပ်ငန်းများဆိုင်ရာ မူဝါဒက မြန်မာနိုင်ငံအတွင်း ရုပ်ကြွင်းများ ရှာဖွေလေ့လာခြင်း ကိစ္စကို မြန်မာနိုင်ငံကသာ ဆောင်ရွက်မယ်လို့ ချမှတ်ပြီး ဖြစ်နေပါတယ်။
ဆောင်ရွက်ဖို့အစီအစဉ်တွေလည်း ရေးဆွဲခဲ့ကြပါတယ်။ ဒီတော့ ပုံတောင်ဒေသကို နိုင်ငံတကာ ပညာရှင်တွေ လာရောက်လေ့လာဖို့ အခွင့်မသာခဲ့ပါဘူး။
အဲ….မြန်မာပညာရှင်တွေ သွားရောက် လေ့လာဖို့လည်း အခွင့်မသာတော့ပြန်ဘူး ဖြစ်သွားပြန်တယ်တဲ့။ အဲ့ဒါကတော့ တော်တော်လေး ထူးဆန်းတယ်ဆိုရမှာပါ။

ပညာရပ်တစ်ခုဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အခုအချိန်မှာ ပညာရပ်တွေဟာ သီးခြားစီ မဟုတ်တော့ပါဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အကျိုးပြုနေကြတာပါ။ တွေ့ရှိချက် အသစ်တစ်ခုဟာ ရှိရင်းစွဲ အသိပညာကို တိုးတက် ပြောင်းလဲစေပါတယ်။ ဒါကြောင့်လည်း အသစ်တစ်ခု တွေ့လိုက်တာနဲ့ ကမ္ဘာကို အသိပေး ကြေညာရစမြဲ ဖြစ်ပါတယ်။ အဲ့ဒီတွေ့ရှိချက်ကို ၀ိုင်းဝန်းလေ့လာ ဆွေးနွေးဝေဖန် ငြင်းခုံကြရင်းနဲ့ အသိသစ် အမြင်သစ်တွေ တိုးပွားပြီး လူ့ဘောင်လောက တိုးတက်ကျယ်ပြန့် လာရတာပါ။ ပညာဟာ လွတ်လပ်မှုကို ကြိုက်ပါတယ်။ လောင်းရိပ်အောက်က ပညာဟာ တဖြည်းဖြည်း ကြုံလှီ သေဆုံးသွားတတ်ပါတယ်။ ပညာကို အညွန့်တလူလူနဲ့ ဝေဆာပွင့်လန်းစေချင်ရင်တော့ ပညာရဲ့အထက်မှာ ဘာမှမရှိစေရပါဘူး။

XXXXXXXXXX ……….. XXXXXXXX

(၇)

၁၉၇၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ အမေရိကန် မနုဿဗေဒ ပညာရှင်နှစ်ဦး မြန်မာနိုင်ငံကို ရောက်လာကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအဖြစ် ရောက်လာကြတာပါ။ ကယ်လီဖိုးနီးယာ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ Donald Savage နဲ့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်က ဒေါက်တာ ရပ်ဆယ်စီကွန်း(Russel Ciochon)တို့ နှစ်ဦးဟာ မန္တလေးကို ရောက်လာပြီး ဦးဘမော်ကို တွေ့ဆုံကြပါတယ်။ ပုံတောင် ပရိုင်းမိတ်ကို လေ့လာကြည့်ရှုကြပါတယ်။ ပြီးတော့ ပုံတောင်ဒေသကို ရက်အနည်းငယ် သွားရောက် လေ့လာကြပါတယ်။ ရုပ်ကြွင်းမရခဲ့ပေမယ့် ပုံတောင်ပရိုင်းမိတ်တွေအကြောင်း ဦးဘမော်နဲ့ ပူးတွဲပြီး စာတမ်းပြုစု ရေးသားနိုင်ခဲ့ကြပါတယ်။

အဲ့ဒီစာတမ်းဟာ ၁၉၇၉ နိုဝင်ဘာလထုတ် နေချားမဂ္ဂဇင်းမှာ ပါရှိခဲ့ပါတယ်။ ဒါပေမယ့် အထက်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီလိုတွေ့ဆုံ၊ လုပ်ဆောင်ခဲ့တဲ့ အတွက်ကြောင့် မူဝါဒ ဆိုင်ရာ အကြောင်းနဲ့ ငြိစွန်းတဲ့အတွက် ဦးဘမော်ဟာ လေးလလောက် ခေတ္တ ရာထူးချခံရပြီး စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရပါသတဲ့။

ပါမောက္ခနှစ်ဦး အမေရိကန်ပြန်ရောက်တော့ စာနယ်ဇင်းတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေကနေပြီး မြန်မာ့ ပုံတောင်ပရိုင်းမိတ်တွေအကြောင်း အသေးစိတ်ဆွေးနွေးကြပါတယ်။ မြန်မာရုပ်ကြွင်းတွေဟာ ကမ္ဘာမှာ တွေ့ခဲ့သမျှထဲက အစောဆုံး ပရိုင်းမိတ်တွေဖြစ်တယ်။ လူမျိုးနွယ်ဟာ မြန်မာနိုင်ငံထဲက စပြီး အာရှအနောက်ပိုင်းဒေသက တဆင့် အာဖရိက ကိုရောက်သွားတာဖြစ်နိုင်တယ်။ မြန်မာနိုင်ငံက ပုံတောင်မြေလွှာမျိုးမှာ ရှေးကျတဲ့ ပရိုင်းမိတ်တွေ ပေါများကြွယ်ဝတဲ့အခြေအနေမျိုးရှိတယ်။ ဒါကြောင့် မြန်မာ့ပညာရှင်တွေနဲ့ အတူလေးနှစ်လောက် စူးစမ်းလေ့လာ အလုပ်လုပ်ချင်တယ်ဆိုတာတွေ ပြောပြကြသတဲ့။

ဒါပေမယ့် အဲ့ဒီကာလ မူဝါဒအရ သူတို့မလုပ်နိုင်ခဲ့ကြပါဘူး။ ဘယ်သူကမှလည်း ဆက်လက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။
၁၉၄၃ ခုနှစ်တုန်းကလည်း အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခု တွေ့ခဲ့ရသေးတယ်ဗျ။ ဒေါက်တာ ဒီတားရား (Hellmut de terra)နဲ့ အဖွဲ့က မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းဒေသ တစ်ဝိုက်မှာ ကျောက်ခေတ်ဦးပိုင်း လူသားတွေအသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေ၊ ကျောက်လက်နက်တွေ တစ်ပုံတစ်ပင်တွေ့ရှိခဲ့ကြတယ်။ အဲဒါကို သူတို့က “အညာသားယဉ်ကျေးမှု” (Anyarthian Culture) လို့ ခေတ်ကာလတစ်ခု သတ်မှတ်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ကျောက်ခေတ်ဦးလူသားတွေ နေထိုင်ခဲ့ကြပါလားဆိုတာ သေချာသွားတာပေါ့” လို့ ဦးဘမော် က အမှတ်ရပါတယ်။

ဒါဖြင့် ပုံတောင်ဂျီးယားဟာ မြန်မာနိုင်ငံထဲမှာပဲ “အညာသား”အဖြစ် ဆင့်ကဲပြောင်းလဲခဲ့တာ မဖြစ်နိုင်ဘူးလား။
“မဖြစ်နိုင်သေးဘူးလို့ပြောလို့ မရပါဘူး။ ပုံတောင်ဂျီးယားနဲ့ အညာသားအကြား ဆင့်ကဲပြောင်းလဲခဲ့ကြတဲ့ ရုပ်ကြွင်းတွေသာ ရှာတွေ့ခဲ့ရင် ကိစ္စပြတ်သွားမှာပဲ” တဲ့။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဘူမိဗေဒပညာရှင် တစ်ဦးက မျှော်လင့်ပါတယ်။ ဒီဖြစ်စဉ်ကြီး တကယ်ဖြစ်ခဲ့ပါတယ်လို့ သေချာပေါက်ပြောနိုင်ဖို့ကရုပ်ကြွင်း အထောက်အထားအများကြီး လိုပါတယ်။ Proplithecus, Dyopithecus, Ramapcus, Homo eretus, Neandertal, Cro Magnon အစရှိတဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ ရုပ်ကြွင်းတွေ ရရှိမှ ပြောနိုင်မှာပါ။

“တွေ့ဖို့ဆိုတာကလည်း ရှာဖွေကွင်းဆင်း လေ့လာနိုင်မှ ဖြစ်နိုင်တဲ့ ကိစ္စဗျ။ ဒီမှာက ကျောရိုးရုပ်ကြွင်းတွေကို စနစ်တကျ လေ့လာနိုင်သူ မရှိသလောက်ကို နည်းသေးတယ်။ တကယ်လို့ ပြင်ပက နာမည်ကျော် အဖွဲ့အစည်းကြီးတွေက ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ခွင့်ရရင် သိပ်ကောင်းမယ်။ သူတို့ ဆောင်ရွက်ပုံနည်းစနစ်တွေ။ ပညာတွေ၊ အတတ်ပညာအသစ်တွေ ကျွန်တော်တို့ ရတာပေါ့။ ပူးတွဲစာတမ်းတွေ ပြုစုနိုင်ရင် ပိုပြီး အကျိုးရှိ အမြတ်ထွက်ပါတယ်” လို့ အဲ့ဒီဆရာက လူငယ်ပီပီ အားမာန်တက်ပါတယ်။

အဲ့ဒီ အားမာန်မျိုးဟာ အကောင်အထည် မပေါ်နိုင်တာမျိုး မဟုတ်ပါဘူး။ ပညာရပ်နဲ့ ပတ်သတ်ရင် ငွေကြေး၊ ပညာရှင် အကူအညီပေးချင်တာတွေရှိပါတယ်။
ဒါပေမယ့် အဲ့ဒီကာလက ပညာရပ်ဆိုင်ရာ ကိစ္စနဲ့ နိုင်ငံရေးကိစ္စကို ရောထွေး စဉ်းစားလေ့ရှိခဲ့တာကြောင့် အဲ့ဒီပညာရှင်ရဲ့ အိပ်မက်မျိုးတွေ ပျက်ပြယ်ခဲ့ရတာပါ ။
လူအစ အာရှကလား၊ အာဖရိကကလားဆိုတာ သေသေချာချာ ရှင်းလင်းဖို့ လိုနေပါပြီ။ ဒါပေမယ့် လောလောဆယ်မှာတော့ အာရှဘက်က အထောက်အထား နည်းနေပါသေးတယ်။ ပြင်ပ ပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ ရုပ်ကြွင်းတွေ အတော်များများ ရှိနေနိုင်တယ်လို့ မျှော်လင့် ယုံကြည်နေကြလေရဲ့။ ကျွန်တော်တို့မှာ အတတ်ပညာနဲ့ အတွေ့အကြုံ အားနည်းနေသေးတယ်ဆိုရင် အားကောင်းသူနဲ့ ပူးပေါင်းရမှာပါပဲ။ ပြီးတော့ ဒီကိစ္စဟာ ပိုက်ဆံကိစ္စ၊ စီးပွားရေးကိစ္စ မဟုတ်ပေဘူး။
ပညာရပ် ကိစ္စဖြစ်တယ်။ ခြုံပြီးပြောရရင် ကမ္ဘာ့ကိစ္စလည်းဖြစ်သလို မြန်မာ့ကိစ္စလည်း ဖြစ်ကြောင်းပါ။

“ဘာမှ မတတ်နိုင်ပါဘူးလေဆိုပြီး မေ့မေ့လျော့လျော့ နေကြမယ်ဆိုရင်တော့ ပုံတောင်ကိစ္စဟာ ဟိုတုန်းကလိုပဲ မှေးမှိန် ပျောက်ကွယ်သွားဦးတော့မှာပဲ” လို့ ဘူမိဗေဒ ဆရာငယ်တစ်ယောက်က စိုးရိမ်ဝမ်းနည်းလိုက်ပါတယ်။
XXXXXXXXXX ………. XXXXXXXX

(၈)

ဒါပေမယ့် ၁၉၈၁၊ ဧပြီလမှာ မြန်မာဘူမိဗေဒလောကကို လှုပ်ခနဲ ဖြစ်သွားစေတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။ မုံရွာခရိုင် ရွှေမြင်တင် တောင်တန်းနားမှာ ရှေးဦးလူလို့ယူဆရတဲ့ မေးရိုးတစ်ခု တွေ့ရပြန်ပြီတဲ့။

တွေ့ရှိသူကတော့ ပုံတောင်ပရိုင်းမိတ်ကို တွေ့ခဲ့တဲ့ ကထိက ဦးဘမော်ပါပဲ။
ဦးဘမော်က အညာသား၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာကြေးမုံအနီး ကြာပိုင်ရွာဇာတိ၊ ချောင်းဦးမှာ အလယ်တန်းအထိ ပညာသင်ခဲ့ပြီး မုံရွာကနေ ဆယ်တန်းအောင်တာပါ။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဘွဲ့ရပါတယ်။ ဘသာရပ်ကို စိတ်ဝင်စားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူတွေ့ခဲ့တဲ့ ပုံတောင်ဂျီးယားကိစ္စကြောင့် ခေတ္တရာထူး ချခံရ။ စစ်ဆေးခံရတာတွေ ဖြစ်ခဲ့ပြီး စိတ်ဝမ်းမချမ်းမြေ့ ဖြစ်နေခဲ့ရာက စတုတ္ထနှစ်ဘူမိဗေဒ ကျောင်းသားတွေကို ကွင်းဆင်းသင်ပြဖို့ သူ့နယ်မြေဖြစ်တဲ့ နွယ်ခွေရွာ တစ်ဝိုက်ကို သွားရောက် ခွင့်တောင်းတော့ ခွင့်ပြုချက် ရခဲ့ပါတယ်။ (ပုံတောင်ဒေသကတော့ ဘာကြောင့်မှန်းမသိ ကန့်သတ်နယ်မြေလို ဖြစ်နေပြီး နောက်ထပ် ကွင်းဆင်းလေ့လာမှုတွေ မလုပ်ကြဘူးတဲ့)

အဲ့ဒီလို ကွင်းဆင်းလေ့လာကြရင်းနဲ့ နွယ်ခွေရွာရဲ့အနောက်မြောက်ဘက် တစ်မိုင်လောက်အကွာ ဒင်္ဂါးကုန်းလို့ ခေါ်ကြတဲ့ ယာကွက်ထဲကနေ ရှေးဦးလူရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုး အစိတ်အပိုင်းကို တွေ့ခဲ့ရတာပါ။

“ယာကွက်က ရွှေမြင်တင် တောင်တန်းရဲ့ တောင်ဘက်စွန်း တောင်စွယ်ပေါ်မှာဗျ။
ကျောက်စရစ်နဲ့ မြေနီရောနေတဲ့ မြေပေါ်မှာပေါ်နေတာ။ နေကလည်း ပူလိုက်တာဗျာ ကျက်နေတာပဲ။ ကျွန်တော်က ညှပ်ဖိနပ်စီးထားတော့ ခြေထောက်က သိပ်မလုံဘူး။ အဲ့ဒီမှာ တစ်ခုခုနဲ့ ခလုတ်တိုက်မိလိုက်တယ်။ နာသွားလို့ ငုံ့ကြည့်လိုက်တော့မှ ကျောက်ဖြစ်နေတဲ့ အရိုးကို တွေ့လိုက်တာဗျ

ပြုံးနေတဲ့ ဦးဘမော်ရဲ့ မျက်နှာဟာ အတိတ် ဖြစ်စဉ်တွေကို ပြန်မြင်ရင်းက နုပျိုသွားသလိုပါပဲ။

အဲ့ဒီ မေးရိုးအံသွားတွေကို စစ်ဆေးကြည့်ပြီး အနည်းဆုံး နှစ် နှစ်သိန်း သက်တမ်းရှိတဲ့ Homo eructus ရဲ့အရိုးဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ခဲ့ပြီးဖြစ်တဲ့ ပီကင်းလူနဲ့ ဂျာဗားလူဆိုတဲ့ Homo eructus တွေနဲ့ အဆက်အစပ် ရှိနိုင်တယ်လို့ ယူဆပြီး သူတွေ့ခဲ့တဲ့ အရိုးကို Burma man လို့ နာမည်ပေးလိုက်ပါတယ်။ အခုကာလ ဆိုရင်တော့ Myanmar man ပေါ့။

အဲ့သလို တွေ့ရှိလိုက်တဲ့ သတင်းဟာ မြန်မာ့စာနယ်ဇင်းတွေထဲမှာ သတင်းထူးကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဦးဘမော်ဟာ ဒါဝင်သီအိုရီရဲ့ အစနဲ့ အဆုံးကို တွေ့ရှိခဲ့တာကလား။ ၁၉၇၈ ခုနှစ်က သူတွေ့ခဲ့တဲ့ ပုံတောင်ဂျီးယားဟာ လူအဖြစ် မကူးပြောင်းသေးဘူး။ အခုတွေ့တဲ့ “မြန်မာလူ” ကတော့ ပီကင်းလူထက် ပိုပြီး ရှေးကျသတဲ့။ အဲ့ဒါ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပုံတောင်ဂျီးယားနဲ့ အညာသားအကြား ကြားအဆင့်တစ်ခုဖြစ်တဲ့ Homo eructus ရုပ်ကြွင်းကို တွေ့တာ ဖြစ်တယ်လို့ ဆိုနိုင်လေမလား။

မြန်မာပညာရှင် အချို့က ဒါကို လက်မခံကြသေးပါဘူး။ ဒီရုပ်ကြွင်းဟာ လုံးဝ ကျောက်ဖြစ်ရုပ်ကြွင်း မဟုတ်သေးဘဲ တစ်ဝက်တစ်ပျက် ကျောက်ဖြစ်ရုပ်ကြွင်း(Semi-fossil)သာ ဖြစ်တယ်။ ဒါကြောင့် နှစ်ပေါင်း သောင်းဂဏန်းလောက်ပဲ ဖြစ်နိုင်တယ်။ ဒါကြောင့် Homo erectus မဖြစ်နိုင်ဘဲ Homo sapians ရုပ်ကြွင်းသာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဦးဘမော်က ဒီရုပ်ကြွင်းကို အကြောင်းပြုပြီး ကောက်ချက်ဆွဲရာမှာ မြန်မာရဲ့အစဟာ ပါမောက္ခ လု(စ်)တို့ ပြောခဲ့သလို မြန်မာ တိဘက်တိုဘားမင်းက ဆင်းသက်လာတယ်ဆိုတာ သံသယဖြစ်စရာ ရှိလာပြီ။ “ မြန်မာဟာ မြန်မာက” လို့ ကျယ်ကျယ်လောင်လောင် ပြောလိုက်ပါတော့တယ်။

ဦးဘမော်ရဲ့ “မြန်မာအစ” ကိုလည်း မြန်မာ့ပညာရှင် အားလုံးက လက်မခံကြသေးပါဘူး။ ဒီလို ပြောနိုင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေ အများကြီး လိုနေတယ်လို့ ဆိုကြလေရဲ့။ “ဒီမှာက ရုပ်ကြွင်း အထောက်အထားလို့ ပြောစရာ ပြစရာ သိပ်နည်းလွန်းနေသေးတယ်။ ရုပ်ကြွင်းအရိုးစု တစ်ခုလုံး အပြည့်အစုံရမှ ကောင်းမှာ။ ဒါတောင် အလောင်းတစ်လောင်းနဲ့တင် မပြည့်စုံသေးဘူး။ ၁၄-၁၅ လောင်းလောက်ကိုတွေ့ရမှ” လို့ အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက တောင်းဆိုပါတယ်။

ဒေါက်တာသန်းထွန်းဟာ မကြာခင်က ဦးဘမော် ရုပ်ကြွင်းတွေ့ခဲ့တဲ့ နွယ်ခွေကျေးရွာကို သွားရောက်ခဲ့ပါသေးတယ်။ ကျောက်လက်နက်အချို့လည်း ရရှိခဲ့သေးတယ်။

“ကမ္ဘာမှာ ဘယ်လောက် စီးပွားရေးအရ အရေးကြီးတဲ့ အဆောက်အဦတွေ ဆောက်ဆောက် ရှေးဟောင်း မနုဿဗေဒပညာရှင်၊ သမိုင်းပညာရှင်တွေက ဒီနေရာဟာ ပညာရပ်အရ တန်ဖိုးကြီးတယ်လို့ ဆိုလိုက်ရင် အားလုံး နောက်ဆုတ်ပေးရတာပဲ။ လုံးဝ မထိရဘူး။ ကျွန်တော် နွယ်ခွေသွားတာကတော့ ရေလှောင်တမံဆည်ကြီး ဆောက်တော့မယ်ဆိုလို့ အဲ့ဒီနေရာကို နောက်ဆုံးအနေနဲ့ ပြေးကြည့်တာပါပဲ” လို့ ဒေါက်တာ သန်းထွန်းက ရယ်ရယ်မောမောပြော ပါတယ်။

ဦးဘမော်ရဲ့ အဆိုကို ငြင်းခုန်ကြခဲ့ပေမယ့် ဒီရုပ်ကြွင်းကို ဒေါက်တာ ဦးသိန်းတစ်ယောက်ပဲ ကြည့်ခွင့်ရလိုက်ပါသတဲ့။ ငြင်းဆိုသူ ပညာရှင်အများစုဟာ ဓာတ်ပုံကိုပဲ ကြည့်ပြီး ကောက်ချက် ချကြရတာပါ။ မြန်မာပညာရှင်တွေရော၊ ပြည်ပပညာရှင်တွေပါ ကြည့်ခွင့် မကြုံလိုက်ရတော့ပါဘူး။ ဒီတစ်ခါမှာတော့ ဦးဘမော်က သူနွယ်ခွေက ရခဲ့တဲ့ ရှေးလူရဲ့ မေးရိုးရုပ်ကြွင်းကို အဲ့ဒီတုန်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းညွန့် လက်ထဲ အပ်ခဲ့ပါတယ်။ တိုင်းမှူးကလည်း အဲ့ဒီတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီးကို မန္တလေးမှာ ပြသခဲ့ပြီး ဦးဘမော်ကို ဖိတ်ကြားလို့ သုံးယောက်သား ညစား စားခဲ့ကြပါသေးတယ်။

“ဒါဖြင့် ဆရာ… အဲ့ဒီသွားတွေ ကျွန်တော်တို့ ဘယ်မှာ ကြည့်နိုင်မလဲ“ လို့ မေးတော့ ဦးဘမော်ကိုယ်တိုင်လည်း မသိပါဘူးတဲ့။ မြန်မာနဲ့ နိုင်ငံတကာပညာရှင်တွေရဲ့ အတည်ပြုချက် လိုအပ်နေသေးပေမယ့် ဒီသွားတွေဟာ မြန်မာတစ်မျိုးသားလုံး အတွက်၊ ကမ္ဘာ့လူသားမျိုးနွယ်ရဲ့ ဖြစ်စဉ် ခရီးအတွက် တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ပစ္စည်းတွေ ဖြစ်ကောင်းဖြစ်နိုင်တာမို့ နိုင်ငံတော်ရဲ့ လုံခြုံစိတ်ချရတဲ့ နေရာမှာ ထိန်းသိမ်း ထားရှိလိမ့်မယ်လို့တော့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဦးဘမော် က သူ့ “မြန်မာလူ” အကြောင်း စာတမ်းကို ဟောင်ကောင် တက္ကသိုလ်ထုတ် (The East Asian Tertiary/Quaternary Nwesletter) စာစောင်ကို ပေးပို့လိုက်တော့ ၁၉၉၃ ခုနှစ်ထုတ် စာစောင်မှာ ပါရှိလာပါတယ်။ မြန်မာလူအကြောင်းကမ္ဘာက ဘယ်လောက် စိတ်ဝင်တစား တုန့်ပြန်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

မြန်မာလူရဲ့ တန်ဖိုးအစစ်အမှန်ကို တညီတညွတ် မဆုံးဖြတ်နိုင်သေးပေမယ့် အဲ့ဒီ တွေ့ရှိချက်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သုတေသနဌာနက ဒုတိယအကြိမ် ပြင်ဆင်ရိုက်နှိပ်တဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲမှာ ရေးသားဖော်ပြခဲ့ပါတယ် ။ ဒါတင်မက မုံရွာမြို့ ရာပြည့်ကျောက်စာမှာလည်း မြန်မာလူ၏ မူလအစကို ဤဒေသမှစတင် တွေ့ရှိခဲ့သည်လို့ ရေးထွင်းမော်ကွန်း တင်ထားပြီးပါပြီ။ မုံရွာသားတွေကတော့ အဲ့သည်အတိုင်းပါပဲ။ လုပ်ချင်ရင်လုပ်လိုက်တာပဲ။
ကျန်တာနောက်မှကြည့်ရှင်း။ အင်း …….. ။
XXXXXXX ……….. XXXXXXX

(၉)

ဟုတ်ကဲ့ ကျွန်တော့်သားကြီးမေးတဲ့ လူဘယ်နေရာက စသလဲမေးခွန်းကို ကျွန်တော်မဖြေနိုင်တာ အဲဒါတွေကြောင့်ပါ ။

ကျွန်တော်တို့မှာ အထောက်အထားတွေ လိုနေတယ်။ ဒါပေမယ့် ရှိသမျှသော အထောက်အထားလေးတွေတောင် ဘယ်နေရာရောက်နေမှန်း မသိရပါဘူး။
ပုံတောင်ဂျီးယားမေးရိုး လေးခုကို ပကတိအတိုင်း ကြည့်ဖူးချင်လို့ မေးမြန်းတဲ့အခါ အ.ဆ.ည ကပဲ သိမ်းထားသလိုလို အမျိုးသားပြတိုက် ပို့လိုက်သလိုလိုနဲ့ ရေရေရာရာ မသိခဲ့ရပါဘူ။ နွယ်ခွေမေးရိုးလည်း ထိုနည်းအတိုင်းပါပဲ။

ကျွန်တော်ကတော့ ဇာတိမာန် တက်ချင်သူပါ။
ကမ္ဘာမှာ လူအစ မြန်မာကဟေ့လို့ ကြွေးကြော်ပြီး ဇာတိမာန် တထောင်းထောင်း လက်ခမောင်း တဖြောင်းဖြောင်းခတ်ချင်သူပါ။
အမေရိကန်တို့၊ ဂျပန်တို့ကို “သြော်…. ငါတို့နောက်မှ လူဖြစ်ခဲ့ကြရရှာတာပါလား” လို့ သနားစိတ်ကလေးနဲ့ အပေါ်စီးကကြည့်ချင်သူပါ။

အဲ့ဒီလိုကျွန်တော်တို့ ခံစားနိုင်ဖို့ဆိုတာ အခုလက်ရှိ အထောက်အထားတွေကို သက်ဆိုင်ရာ ကမ္ဘာပညာရှင်တွေ ကိုယ်တိုင်ကြည့်ရှုစစ်ဆေးလေ့လာပြီး လိုအပ်ရင် ရေဒီယိုအက်တစ်နည်းကဲ့သို့သော သက်တမ်းထုတ်ဖော်ပုံမျိုးနဲ့ ဆောင်ရွက်ကြပြီး သေချာတဲ့ အဖြေ တစ်ခုကိုတော့ဖြင့် သိချင်လှပါပြီ။ တကယ်လို့များ ဒီရုပ်ကြွင်းတွေရဲ့ သက်တမ်း အာဖရိကထက်များ စောခဲ့မယ်ဆိုရင် သေချာခဲ့ရင် လူဆင့်ကဲဖြစ်စဉ် သမိုင်းကြီးကို အသစ်တစ်ဖန် ပြန်လည် ရေးသားကြရတော့မှာပါ။

အဲ့ဒီအတွက် ရှိပြီးသမျှ အထောက်အထားလေးတွေရဲ့ တန်ဖိုး အစစ်အမှန်ကို သေချာအောင် ဖော်ထုတ်နိုင်စေကြောင်းနဲ့ နောက်ထပ် အထောက်အထားများလည်း များများနဲ့ မြန်မြန် ရရှိကြပါစေကြောင်း ကျွန်တော်က ဆုတောင်းလိုက်ရပါတယ်။

၁၉၉၅ ၊ စက်တင်ဘာလ။



ဘယ်အချိန် အကောင်းဆုံးလဲ????

Thursday, January 19, 2012 6 comments

Making love at 7:30 am က တနေ့တာကို ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်တယ်လို့ ရှာဖွေ ဖော်ထုတ်မှုသစ်တခုက ဆိုပါတယ်။

မနက် (၇) နာရီမှာ လူ့ခန္တာမှာရှိတဲ့ sex နဲ့ သက်ဆိုင်တဲ့ ဟိုမုန်းတွေ များတယ်၊ စိတ်လှုပ်ရှားတဲ့အခါ ထွက်ပေါ်တဲ့
adrenalin ဟော်မုန်း ထုတ်လုပ်နိုင်မှု အမြင့်ဆုံးအချိန်ဖြစ်ပါတယ် တဲ့။

အီတလီ သုတေသီတွေ အဆိုအရ မနက် (၇) နာ၇ီခွဲမှာ ပြုလုပ်ခြင်းဟာ စုံတွဲများကို စိတ်ဆန္ဒ၏ အမြင့်ဆုံးသို့ ပို့ ဆောင်ပေးနိုင်ပြီး ပြီးမြောက်စေတယ် တဲ့။

"နှစ်ယောက်လုံးက ကာမရဲ့ အရသာကို အပြည့်အဝ ခံစားမှူနဲ့အတူ နိုးထလာကြမယ်၊ ပြီးတော့ လုပ်ငန်းခွင် ၀င်ချိန် အလုပ်လုပ်ချိန်မှာလည်း အလုပ်ကိစ္စများကို မဆိုင်းမတွ လုပ်ကိုင်လာနိုင်ပါတယ်
" လို့ ကာမ အထူးပြုဆရာ Suzie Hayman က ပြောကြားပါတယ်။

Source: ANI

ရေအားလျှပ်စစ်စီမံကိန်း လေ့လာရေး စာတမ်းများ

Monday, September 19, 2011 2 comments




စက်တင်ဘာလ ၁၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဖတ်ကြားတဲ့ စာတမ်းတွေပါ။

65390431 Ayeyarwady Workshop

အနိုင်မခံကဗျာ မင်းသုဝဏ် ကိုအောင်ဆန်း ညိုမြနှင့် မောင်သော်က

Monday, August 15, 2011 0 comments






ဤဒေါသ လောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည် ကိုသာ တွေ့ရအံ့။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်း သည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

ဗြိတိသျှ အစိုးရသည် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲဖြင့် ရခိုင်နှင့် တနင်္သာရီ ဒေသကို လည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲဖြင့် အောက်မြန်မာ နိုင်ငံကို လည်းကောင်း ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲဖြင့် အထက်မြန်မာနိုင်ငံကို လည်းကောင်း အဓမ္မကျူးကျော် သိမ်းပိုက်၍ ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား လက်အောက်ခံ ကိုလိုနီနိုင်ငံ အဖြစ် သတ်မှတ်ပြီး ကျွန်ပြုခဲ့သည်။ ထိုသို့ ကျွန်ပြုရာ၌ ဗြိတိသျှ အစိုးရသည် မြန်မာ တိုင်းရင်းသားတို့၏ ဆန့်ကျင်မှု အမျိုးမျိုးကို ဖြိုခွဲ နှိမ်နင်း၍ မြန်မာနိုင်ငံနှင့် မြန်မာ တိုင်းရင်းသားတို့၏ အရေးကို လျစ်လျူရှုပြီး ဗြိတိန်နိုင်ငံနှင့် ဗြိတိသျှ လူမျိုးတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ ရှေးရှု လုပ်ဆောင်သွားခဲ့သည်။

မြန်မာ တိုင်းရင်းသားတို့အား ကျွန်သက်ရှည်စွာ စိုးမိုးနိုင်ရေး အတွက် ပညာရည် မြင့်မားရေးကို အလေးထားမှု မပြုဘဲ အစိုးရ၏ အုပ်ချုပ်ရေးနှင့် ဗြိတိသျှ အရင်းရှင်များ၏ စီးပွားရေးတွင် လိုအပ်သမျှသာ စီမံ သင်ကြားပေးခဲ့သည်။ ဗြိတိသျှ အစိုးရသည် မြန်မာ တိုင်းရင်းသားတို့၏ ပညာရည် မြင့်မားရေးကို စတိ အဖြစ်သာ ဆောင်ရွက်ခဲ့ပုံ၏ ပြယုဂ်အဖြစ် အိန္ဒိယ နိုင်ငံရှိ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ အနေဖြင့် ၁၈၈၃ ခုနှစ်တွင် ရန်ကုန် ကောလိပ်ကို လည်းကောင်း၊ ၁၈၉၄ ခုနှစ်တွင် ဘတ်ပတစ် ကောလိပ်(ဂျင်ဆင် ကောလိပ်)ကိုလည်းကောင်း၊ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်ကို ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်ကိုလည်းကောင်း ဖွင့်လှစ် ပေးခဲ့ခြင်းက သက်သေပြလျက် ရှိသည်။ မြန်မာတို့၏ တောင်းဆိုမှုကို ရှောင်လွှဲ မရတော့သဖြင့် ရန်ကုန် တက္ကသိုလ်ကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် ချမ်းသာ ကြွယ်ဝသူများ၊ ဗြိတိသျှ အစိုးရ၏ အလိုတော်ရိများနှင့် အရာရှိကြီး များ၏ သားသမီးများသာ ပညာ သင် ကြားခွင့်ရနိုင်မည့် အစီအမံများ အပါအ၀င် တက္ကသိုလ် ပညာသင်ကြားရေး၌ မြန်မာ တိုင်းရင်းသားများ အတွက် ဖိနှိပ် ကန့်သတ်ချက်များ ပါဝင်သည့် ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ဥပဒေကိုလည်း ထုတ်ပြန်ခဲ့သည်။

ဗြိတိသျှ အစိုးရသည် ၁၉၂၀ ပြည့် နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် သက်ရောက် စေခဲ့ရာ၌ ၁၉၀၆ ခု နှစ်မှစတင်၍ သန္ဓေတည် ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းများ (Young Men's Buddhist Associations)ခေါ် ၀ိုင်အမ်ဘီအေ အသင်းများနှင့် အလားတူ အသင်းများ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်သူတို့က ဗြိတိသျှ အစိုးရအား နိုင်ငံရေးအရ ဆန့်ကျင် နေချိန်လည်း ဖြစ်သည်။ ထို့ပြင် ၀ိုင်အမ်ဘီအေ အသင်းကြီးသည် နယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန် မြှင့်တင်ရာ၌ ထိရောက်တွင်ကျယ် ရေးအတွက် ၀ိုင်အမ်ဘီအေ အသင်းများနှင့် အလားတူ အသင်းများ၏ အင်အား တောင့်တင်းမှုနှင့် စည်းလုံး ညီညွတ်မှုကို ရှေးရှု၍ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး (General Council of Burmese Associations) ခေါ် ဂျီစီဘီအေ အသင်းကြီး အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

ဝိုင်အမ်ဘီအေနှင့် အလားတူ အသင်းများနှင့် ဂျီစီဘီအေ အသင်းကြီးတွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားဟောင်းများနှင့် နိုင်ငံခြား တက္ကသိုလ် အသီးသီးမှ ဘွဲ့ရ လူငယ်များက ပါဝင် ဦးဆောင်နေကြ သည်။ မြန်မာ တိုင်းရင်းသားများ၏ တက္ကသိုလ် ပညာသင်ကြားရေးတွင် ဖိနှိပ် ကန့်သတ်မှုများ ပါဝင်သည့် ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ဥပဒေကို ရန်ကုန်တက္ကသိုလ် ပထမကျောင်းသား သပိတ်ဖြင့် ကျောင်းသားထုက ဆန့်ကျင် ကန့်ကွက်ကြလျှင် ဂျီစီဘီအေ အသင်းကြီးနှင့် မြန်မာပြည်သူတို့က အားပေး ထောက်ခံခဲ့ကြသည်။ ထို့ပြင် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ကိုလိုနီ ပညာရေး စနစ်အစား အမျိုးသား ပညာရေး စနစ် ဖော်ဆောင်ရေး လှုပ်ရှားမှု အဖြစ် သက်ရောက်ခဲ့၍ ဗြိတိသျှ အစိုးရ အကျပ်ရိုက်ကာ ကျောင်းသားများ၏ တောင်းဆိုချက် အချို့ကို လိုက်လျော ပေးခဲ့ရသည်။

၁၉၃၀ ပြည့်ဝင်နှစ်များတွင် ဂျီစီဘီအေ အသင်းခေါင်းဆောင်များ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိလာပြီး စည်းလုံး ညီညွတ်မှု ပြိုကွဲကာ အုပ်စု ၆ စုအထိ ဖြစ်သွားခဲ့သည်။ ဂျီစီဘီအေ အသင်းကြီး ပြိုကွဲမှုကြောင့် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထိရောက်မှု မရှိတော့သည်ကို သတိထားမိသော ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ ပါဝင်သည့် လူငယ် တစ်စုသည် စည်းလုံး ညီညွတ်ပြီး အင်အား တောင့်တင်းသည့် ဦးဆောင် အဖွဲ့အစည်း တစ်ရပ် လိုအပ်သည်ကို တွက်ဆမိကြသည်။

ထို့ကြောင့် လူငယ် တစ်စုသည် ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံးကို စတင်စည်းရုံး ဖွဲ့စည်းကြပြီး ပြည်မနှင့် တောင်တန်းဒေသ အားလုံး တစ်ပေါင်းတည်း လွတ်လပ်ရေး ရရှိရန် ရည်ရွယ်၍ လှုပ်ရှားခဲ့ကြ သည်။ တို့ဗမာ အစည်းအရုံးသည် ၀ိုင် အမ်ဘီအေနှင့် ဂျီစီဘီအေ အသင်းတို့၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု အမွေကို ဆက်ခံ၍ လုံးဝ လွတ်လပ်ရေးကို ဦးတည် လှုပ်ရှားခဲ့သည်။


တို့ဗမာ အစည်းအရုံးက မြန်မာ တိုင်းရင်းသား အလွှာစုံကို စည်းရုံး ဦးဆောင်၍ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုကို လှုပ်ရှားနေစဉ် ဗြိတိသျှ အစိုးရသည် မြန်မာတို့ လိုလားသည့် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူတို့အား အကျိုးပြုမည့် အမျိုးသား ပညာရေးစနစ် အစား မြန်မာနိုင်ငံကို ကျွန်သက်ရှည်စေမည့် ဗြိတိန် နိုင်ငံနှင့် ဗြိတိသျှလူမျိုးတို့ အကျိုးကို ရှေးရှုသည့် ကိုလိုနီပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိသည်။ ထို့ပြင် ရန်ကုန် တက္ကသိုလ် ကျောင်းသားထု အတွင်းတွင် အမျိုးသား ပညာရေးစနစ် အစား ကိုလိုနီ ပညာရေး စနစ်ကိုသာ ဦးတည် ဖော်ဆောင်နေမှု၊ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသားသပိတ်၏ တောင်း ဆိုချက် အချို့ လိုက်လျောရန် ကျန်ရှိနေမှုနှင့် တက္ကသိုလ် အာဏာပိုင်များက မြန်မာကျောင်းသား အများစုအပေါ် ဖိနှိပ်မှုနှင့် ခွဲခြား ဆက်ဆံမှုတို့ ရှိနေသဖြင့် ဗြိတိသျှ အစိုးရအပေါ် မကျေနပ်မှုများ ဖြစ်ထွန်းလျက် ရှိသည်။

ထိုအတောအတွင်း အမျိုးသားရေး စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်သော ကျောင်းသားများက အိုးဝေ မဂ္ဂဇင်းကို ထုတ်ဝေကြရန် စိုင်းပြင်း နေကြသည်။ ထိုစဉ်က တက္ကသိုလ်အာ ဏာပိုင်များ၏ အစီအစဉ်ဖြင့် နှစ်စဉ် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းကို ထုတ်ဝေပေးသည့် နည်းတူ ကျောင်းသားများ၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းကို အမည်ပြင်ဆင်ထားသည့် အိုးဝေ သို့မဟုတ် ဥဒေါင်း၏အသံ မဂ္ဂဇင်းကို ထုတ်ဝေလျက် ရှိကြသည်။ အိုးဝေ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ ဘီအေအောက်တန်း ကျောင်းသားကို အောင်ဆန်း နှင့် မဂ္ဂဇင်း အတွင်းရေးမှူး မှာ အိုင်အေ အထက်တန်း ကျောင်းသား ကိုသိန်းတင်(ညိုမြ)တို့ ဖြစ်သည်။ ညိုမြသည် ရန်ကုန်တက္ကသိုလ်သို့ စတင် တက်သည့် ၁၉၃၃ ခုနှစ်ကပင် ရန်ကုန် တက္ကသိုလ်၊ ဂန္ထလောကနှင့် အိုးဝေ မဂ္ဂ ဇင်းတို့တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ၀တ္ထု၊ ဆောင်းပါး၊ စာတမ်းနှင့် ကဗျာများကို ရေးသားခဲ့ပြီး အိုးဝေ မဂ္ဂဇင်းတွင် ၁၉၃၅ ခုနှစ်မှ ၁၉၃၈ ခုနှစ် အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဝီလျံအမ်းနက်ဟင်းနလေး ရေးဖွဲ့ သည့် အင်ဗစ်တပ်စ်ကဗျာ
INVICTUS

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fel lclutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody but unbowed.
Boyond this place of wrath and tears,
Looms but the horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.
It matters not how strait the gate,
How charged with punishment the scroll,
I am the master of my fate;
I am the captain of my soul.

William Ernest Henley
(၁၈၄၉-၁၉၀၃)

ဗြိတိသျှ အစိုးရသည် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားနေကြသည့် တို့ဗမာ အစည်းအရုံးဝင်များနှင့် ပြည်သူတို့အား မျက်ခြည်မပြတ် စောင့်ကြည့်မှု၊ ဖမ်းဆီး ချုပ်နှောင်မှု၊ တရားစွဲဆို၍ ထောင်ဒဏ်နှင့် ပြစ်ဒဏ် အမျိုးမျိုး ချမှတ်မှုတို့ဖြင့် ဖိနှိပ်လျက် ရှိသည်။ ဗြိတိသျှ အစိုးရက ဖိနှိပ်မှု အမျိုးမျိုးဖြင့် ပြုကျင့်နေသည့် ကြားမှပင် မြန်မာမျိုးချစ်တို့သည် အညံ့မခံဘဲ ရဲဝံ့စွာ ဆန့်ကျင်နေကြစဉ် အင်္ဂလိပ်ကဗျာဆရာWilliam Ernest Henley (1849-1903) (၁၈၄၉-၁၉၀၃) ရေးဖွဲ့သည့် INVICTUS ကဗျာသည် မြန်မာစာပေ ၀ါသနာရှင် လူငယ်များ အကြား ပျံ့နှံ့လျက် ရှိသည်။ ထို ၀ီလျှံအမ်းနက် ဟင်းနလေး ရေးဖွဲ့သည့် “အင်ဗစ်တပ်စ်” ကဗျာသည် ဗြိတိသျှ အစိုးရအား ဆန့်ကျင်နေကြသဖြင့် ဖိနှိပ်မှု အမျိုးမျိုးဖြင့် ရင်ဆိုင် နေကြရသည့် မြန်မာမျိုးချစ်တို့ ၏ ဇွဲသတ္တိကို အားပေး လှုံ့ဆော်ပေးနေ သည်ဟု ဆိုနိုင်ပါသည်။

ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် မြန်မာမျိုးချစ် များကို အားပေး ထောက်ခံ၍ ပြည်သူတို့ ကို စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်၍ အိုးဝေမဂ္ဂဇင်း(၁၉၃၆ အတွဲ-၆ အမှတ် ၁)တွင် အင်ဗစ်တပ်စ် ကဗျာကို အနိုင်မခံ အမည်ဖြင့် မြန်မာဘာသာသို့ ပြန် ဆိုဖော်ပြခဲ့သည်။ အနိုင်မခံ မြန်မာဘာသာပြန် ကဗျာကို ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်စာစောင် (၁၉၂၀-၁၉၇၀)တွင် အိုးဝေမဂ္ဂဇင်း (၁၉၃၆ အတွဲ-၆၊ အမှတ် ၁)မှတစ်ဆင့် ရည်ညွှန်း ဖော်ပြထားရာတွင် ဘာသာပြန်ဆိုသူ အမည် မပါဝင်ဘဲ ခေါင်းကြီးပိုင်း အဖြစ်သာ ဖော်ပြထား ပါသည်။ ထို့ကြောင့် အင်္ဂလိပ်ကဗျာ ဆရာ ၀ီလျှံအမ်းနက်ဟင်းနလေး ရေးဖွဲ့သည့် အင်ဗစ်တပ်စ် ကဗျာကို အိုးဝေ မဂ္ဂဇင်းတွင် မြန်မာဘာသာ ပြန်ဆိုဖော်ပြစဉ်က ဘာသာပြန်ဆို သူ၏ ကလောင် အမည် မပါဝင်ခဲ့သဖြင့် စာဖတ်သူများ အနေဖြင့် ဘာသာပြန်ဆိုသူ မည်သူဖြစ် သည်ကို ပဟေဠိသဖွယ် ဖြစ်ခဲ့ကြပါ လိမ့်မည်။ အနိုင်မခံ မြန်မာဘာသာပြန် ကဗျာ ဖော်ပြသည့် အိုးဝေ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာ အဖြစ် ကိုအောင်ဆန်း နှင့် အယ်ဒီတာ(မဂ္ဂဇင်းအတွင်း ရေးမှူး)အဖြစ် ကိုသိန်းတင်(ညိုမြ)တို့ ကိုသာ သိရှိခဲ့ကြပါသည်။

အိုးဝေမဂ္ဂဇင်း (၁၉၃၆)တွင် ခေါင်းကြီးပိုင်းမှ ဖော်ပြသည့် ဘာသာပြန်ကဗျာ
အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်း မှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိ ကြားတို့အား ငါ ကျေးဇူး ဆိုပါ၏။
လောကဓံ တရားတို့၏ ရက်စက် ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက် နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက် ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦး ခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွတ်ကားမညွတ်။
ဤဒေါသလောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည် ကိုသာတွေ့ရအံ့။ နောင်ကိုလည်း ဘယ် တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

ခေါင်းကြီးပိုင်း အိုးဝေမဂ္ဂဇင်း၊
အတွဲ ၆၊ အမှတ် ၁၊ ၁၉၃၆။
(မူရင်းသတ်ပုံအတိုင်း)

ထို့နောက် အင်္ဂလိပ် ကဗျာဆရာ ၀ီလျှံအမ်းနက်ဟင်းနလေး ရေးဖွဲ့သည့် အင်ဗစ်တပ်စ် ကဗျာကို မင်းသုဝဏ်က အနိုင်မခံ အမည်ဖြင့်ပင် မြန်မာဘာသာ ပြန်ဆို၍ ရှုမ၀မဂ္ဂဇင်း(၁၉၅၉ ဧပြီ လ)တွင် ထပ်မံဖော်ပြထားပါသည်။ အိုးဝေမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းအဖြစ် ဖော်ပြသော အနိုင်မခံ ကဗျာနှင့် ရှုမ၀ မဂ္ဂဇင်းမှ မင်းသုဝဏ်၏ အနိုင်မခံ ကဗျာ တို့ကို နှိုင်းယှဉ်လျှင် ခြားနားမှုအနည်း ငယ်သာ တွေ့ရှိနိုင်ပါသည်။ အိုးဝေ မဂ္ဂဇင်းတွင် “ငန့်လင့်လျက်ရှိ၏”ဟုဖော် ပြထားသည်ကို ရှုမ၀မဂ္ဂဇင်းတွင် “ငံ့လင့်လျက် ရှိ၏”ဟု ဖော်ပြထားသည်ကို တွေ့နိုင်ကြသည့် အပြင် အိုးဝေမဂ္ဂဇင်း တွင် “နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့”စာကြောင်း ပါရှိသော်လည်း ရှုမ၀ မဂ္ဂဇင်းတွင် ထိုစာကြောင်း မပါဝင်တော့သည်ကို သတိပြုမိကြပါလိမ့်မည်။ အိုးဝေ မဂ္ဂဇင်းမှ အနိုင်မခံ မြန်မာဘာသာပြန် ကဗျာနှင့် ရှုမ၀ မဂ္ဂဇင်းမှ အနိုင်မခံ မြန်မာ ဘာသာပြန် ကဗျာတို့တွင် ကျန်ခြားနား ချက်ရှာမရသည့် အခြေအနေတွင် ရှိပါ သည်။
မင်းသုဝဏ်၏ ပျဉ်းမငုတ်တို ကဗျာစာအုပ်တွင် ရှုမ၀ မဂ္ဂဇင်းမှ အနိုင်မခံ ကဗျာကို ထည့်သွင်း ဖော်ပြထားပါသည်။ ပျဉ်းမငုတ်တို ကဗျာစာအုပ်ကို ၁၉၆၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ထပ်မံ ထုတ်ဝေမှုများလည်း ရှိခဲ့ပါသည်။ တစ်ဖန် စာရေးဆရာ မောင်သော်ကက နှစ်သုံးရာမှ ပဲ့တင်သံအသံ လှိုင်းကဗျာများ စာအုပ်ကို ရေးသား ထုတ်ဝေရာ၌ ၀ီလျှံအမ်းနက်ဟင်းနလေး ရေးဖွဲ့သည့် အင်ဗစ်တပ်စ် ကဗျာကို ထပ်မံ၍ အနိုင်မခံ အမည်ဖြင့် ဘာသာ ပြန်ဆို၍ ထည့်သွင်း ဖော်ပြခဲ့သည်။ မောင်သော်ကသည် အိုးဝေမဂ္ဂဇင်း ခေါင်းကြီးပိုင်းနှင့် ရှုမ၀ မဂ္ဂဇင်းမှ မင်းသုဝဏ်၏ ဘာသာပြန်ဆိုမှုတို့ဖြင့် ခေါင်း စီးအမည် အနိုင်မခံကို မလွှဲသာ မရှောင်သာ ထပ်တူသုံးစွဲ ထားသော်လည်း ကဗျာ စာကိုယ်ကိုမူ ကိုယ်ပိုင်ဟန်ဖြင့် ပြန်ဆိုထားသဖြင့် ကွဲလွဲမှု တချို့ကို တွေ့ ရှိနိုင်ပါသည်။

မောင်သော်က က နှစ်သုံးရာမှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ စာအုပ်တွင် အိုးဝေ မဂ္ဂဇင်းမှ အနိုင်မခံ ကဗျာကို တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း ဘာသာပြန်ခဲ့သည်ဟု ဖော်ပြထားသည့် နည်းတူ သခင်အောင်ဆန်းနှင့် ကဗျာတစ်ပုဒ် ဆောင်းပါး (စစ်ပြန် မဂ္ဂဇင်း ၁၉၈၀ ဇူလိုင်)တွင် သခင်အောင်ဆန်းသည် William Ernest Henley ရေးသားသည့် အင်္ဂလိပ်ကဗျာ(INVICTUS ) ကိုမှီငြမ်းပြု၍ ၁၉၃၆ ခု နှစ် အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆၊ အမှတ် ၁ ခေါင်းကြီးပိုင်းတွင် အနိုင်မခံ ကဗျာကို ရေးသား ထည့်သွင်းခဲ့ကြောင်း၊ ထိုအခါ သခင်အောင်ဆန်းသည် တာဝန်ခံ အယ်ဒီတာ ဖြစ်သဖြင့် ခေါင်းကြီးပိုင်းကို သခင်အောင်ဆန်းပင် ရေးမည်ထင်ကြောင်း၊ သို့သော် ထိုခေတ်အခါက အချို့က ယင်းကဗျာကို သခင်အောင်ဆန်း မရေး၊ အစကနဦး ရေးသားသူမှာ ကဗျာဆရာ ပါမောက္ခကြီး တစ်ဦးဖြစ်သည်ဟု လည်းကောင်း၊ နာမည်ကြီး သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သည်ဟု လည်းကောင်း ယုံမှား သံသယ ရှိနေကြကြောင်း၊ အနိုင်မခံ ကဗျာကို သခင်အောင်ဆန်းပင် ရေးမည်ဟု တစ်ထစ်ချ ယုံကြည်ပါကြောင်း တို့ကို ဖော်ပြထားပါသည်။

ရှုမ၀မဂ္ဂဇင်း(၁၉၅၉)နှင့် ပျဉ်းမငုတ်တို ကဗျာစာအုပ်(၁၉၆၈)မှ မင်းသုဝဏ် ဘာသာပြန်သည့် ကဗျာ
အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမိုက်မှောင်တွင်း မှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

လောကဓံ တရားတို့၏ ရက်စက် ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက် နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး။ ကံတရား၏ ရိုက် ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦး ခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသ လောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်းတရား သည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက် ရှိ၏။ သို့သော်လည်း ငါ့အား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပရပိုက်၌ ငါ့အပြစ်တို့ ကို မည်မျှပင်များစွာ မှတ်သားထား သည်ဖြစ်စေ ငါကား ဂရုမပြု။ ငါသာ လျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာ လျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေ သည်။
(၁၉၅၉ ဧပြီလ ရှုမ၀မဂ္ဂဇင်းမှ ကူးယူဖော်ပြသော ကဗျာ ဘာသာပြန်)

နှစ်သုံးရာမှ ပဲ့တင်သံအသံလှိုင်း ကဗျာမှ မောင်သော်က ဘာသာပြန်သည့် ကဗျာ
အနိုင်မခံ

ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါး အတွင်းမှ
ငါ၏ မကြောက်တရားကို
ဖန်တီးထားသည့်
နတ်သိကြားများကို
ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရား၏
ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်းကျရောက်
သော်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည်
သွေးဖြင့် ချင်းချင်းနီ၏။
သို့သော် ညွှတ်ကားမညွှတ်။
လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည်
ကြောက်ဖွယ်ငံ့လင့်၏။
သို့သော် ငါ့အား
မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်တွင်လည်း
မကြောက်ရွံ့သည်ကို သာလျှင်
အစဉ်တွေ့ရလတံ္တ့။
သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏ အပြစ်များမည်မျှပင်
ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏ အရှင်
ငါသာငါလျှင် ငါ့ဘ၀၏သခင်
ဖြစ်တော့သည်။

တစ်ဖန် မြကေတုက သခင်အောင် ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်ဆောင်းပါး (စစ်ပြန်မဂ္ဂဇင်း ၁၉၈၁ ဖေဖော်ဝါရီ)တွင် အနိုင်မခံ ကဗျာကို သခင်အောင်ဆန်း ကိုယ်တိုင်ပင်လျှင် ရေးသားကြောင်းကို ကျွန်တော် ရဲရဲကြီး ထောက်ခံ တင်ပြလို ပါသည်။ ဤသို့ တင်ပြရာ၌ သခင် အောင်ဆန်းနှင့် ကျွန်တော်တို့ ထိုအချိန် အခါက ရင်းနှီးစွာ တွေ့ဆုံကြလျက် စာပေ ဆွေးနွေးမှုများ ပြုလုပ်ကြသည်ကိုလည်း တင်ပြလိုပါသည်။ ကျွန်တော်သည် ၁၉၃၀-၃၁ ခုနှစ်က ရန်ကုန် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သခင်အောင်ဆန်းမှာမူ ၁၉၃၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သူသည် ၀ိဇ္ဇာဘွဲ့ကို ၁၉၃၇ ခုတွင် ဆွတ် ခူးပါသည်။ ကျွန်တော်က ၁၉၃၇ တွင် မဟာဝိဇ္ဇာကို ဆွတ်ခူးပါသည်။ ၁၉၃၅-၃၆ ခုနှစ်တွင် သခင်အောင်ဆန်းသည် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဖြစ်လာပြီး ၁၉၃၆-၃၇ ခုနှစ်တွင် ကိုညိုမြက မဂ္ဂဇင်း တာဝန်ခံအဖြစ် ဆက်လက် ထမ်းဆောင်ပါသည်။ သခင်အောင်ဆန်းသည် ၁၉၃၅-၃၆ ခုနှစ်တွင် မဂ္ဂဇင်း တာဝန်ခံဖြစ်လာစဉ် ယင်းမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းတွင် အနိုင်မခံ ကဗျာကို ရေးသား ထည့်သွင်းပါသည်။

ဤဘာသာပြန် ကဗျာကို သူကိုယ်တိုင်ဘာသာ ပြန်ရေးသားကြောင်းကိုလည်း ကျွန်တော် ကိုယ်တိုင် သိပါသည်။ ကျွန်တော်သည် သမဂ္ဂ အသင်းသို့ အားလပ်သည့် အချိန်တိုင်း သွားရောက်လည်ပတ်ပါ သည်။ ထိုအချိန်အခါက ၁၉၃၆ ခု ဇွန် လတွင် ကျွန်တော်မှာ မြန်မာစာ ဌာနတွင် အချိန်ဝက် နည်းပြဆရာ အဖြစ် ခန့်ထားခြင်း ခံရပြီး မဟာဝိဇ္ဇာတန်းကို တက်ရောက် သင်ကြားနေသည့် အခါ ဖြစ်ပါသည်။ သမဂ္ဂသို့ ရောက်သည့်အခါတိုင်း သခင်အောင်ဆန်းနှင့် တွေ့ကြပါသည်။ တစ်နေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ ကပ္ပတိန်အော့ဖ်သည်ဆိုးလ် (Captain of The Soul) ကို ခင်ဗျား ဘယ်လို ပြန်မလဲဟု မေးပါသည်။ ကျွန်တော်က ပေါရာဏ စကားမှာတော့ ကပ္ပတိန်ဆိုတဲ့ ဝေါဟာရမျိုးကို ထမုန်သူ ကြီးဟူ၍ ဆိုပါတယ်။ ဒါပေမယ့် မာလိန်မှူး ဆိုရင် ပိုကောင်းပါလိမ့် ထင်တယ်ဟူ၍ ပြန်ဖြေလိုက်ပါသည်။

ဤ ဝေါဟာရကိုလည်း သခင်အောင်ဆန်းက သဘော မကျသူပါ။ မကြိုက်သေး ဘူးဗျာ၊ လူတိုင်း နားလည်နိုင်မှ ကောင်းမှာဟူ၍ ပြောပြီး သူ၏ မှတ်စုအကြမ်းစာ အုပ်ထဲတွင် ယင်းကဗျာ ဘာသာပြန်ကို ရေးခြစ်လိုက်၊ ဖျက်လိုက် လုပ်နေသည်ကိုပင် တွေ့ရပါသည်။ ကိုအောင်ဆန်းသည် သွားလေရာ၌ စာအုပ်တစ်အုပ် သူ၏ လက်ထဲတွင် ပါလာတတ်ပါသည်။ ထိုအခါက သူ၏ လက်ထဲတွင် လက်ရွေးစင် အင်္ဂလိပ်ကဗျာ ကောက်နုတ်ချက် (Selected Poems) တစ်အုပ် ရှိနေပါ သည်။ အနိုင်မခံ ကဗျာကို ကိုအောင်ဆန်း ရေးသားရာ၌ အိုးဝေမဂ္ဂဇင်း ခေါင်းကြီးပိုင်းတွင် သူ၏ နာမည် မပါကြောင်းမှာ အဆန်း မဟုတ်ပါ။ ခေါင်းကြီးပိုင်းကို ရေးသားသူ၏ အမည်မှာ မဂ္ဂဇင်းတို့ ထုံးတမ်းစဉ်လာ အရ ပါလေ့ပါထ မရှိကြပါ။ ခေါင်းကြီးပိုင်းကို တာဝန်ခံ အယ်ဒီတာများက သာလျှင် ရေး သားကြရစမြဲ ဖြစ်ပါသည်။ အခြား ကဗျာတစ်ပုဒ်စ၊ နှစ်ပုဒ်စကိုလည်း သခင်အောင်ဆန်း ရေးဖူးသည်ကို သိပါသည်။ သို့သော် သူ၏အမည်ကို မတွေ့ရပါ။

သခင်အောင်ဆန်း၏ ကဗျာကို ဖတ်ရှုပါလျှင် အလွန်လေးနက် ပြောင်မြောက်သော အဖွဲ့အနွဲ့၊ ရဲသွေးရဲမာန် စိတ်ဓာတ်ကို သွေးသွင်းပေးသော စကားလုံးများကို တွေ့ကြရပါသည်။ ထို့ပြင် အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ဆိုပုံများ သည်လည်း အလွန် လေးနက်ပေါ်လွင် လှသည်။ မြန်မာဆန်သော ဝေါဟာရများကို ရွေးချယ်ပြီး အကွက်ကျကျ သူ့ နေရာနှင့်သူ ထားသို သုံးစွဲတတ်သည် မှာများစွာ ချီးမွမ်းဖွယ် ဖြစ်ပါသည်”ဟု ဖော်ပြခဲ့ပါသည်။


မောင်သော်က နှစ်သုံးရာမှ ပဲ့တင် သံ အသံလှိုင်းကဗျာများ စာအုပ်ထုတ် ဝေမှုနှင့် စစ်ပြန်မဂ္ဂဇင်းတွင် မောင်သော် က၏ သခင်အောင်ဆန်းနှင့် ကဗျာတစ်ပုဒ် ဆောင်းပါးနှင့် မြကေတု၏ သခင် အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ် ဆောင်းပါးများ ဖော်ပြမှုတို့နှင့် မရှေး မနှောင်းမှာပင် ရှေ့သို့စာစောင်တွင် သိန်းဖေမြင့်က အိုးဝေမဂ္ဂဇင်းမှ အနိုင် မခံ ကဗျာကို မင်းသုဝဏ်က ဘာသာ ပြန်ဆိုဖော်ပြကြောင်း ရေးသားသည်ဟု ဆိုကြပြန်သည်။ အိုးဝေမဂ္ဂဇင်း(၁၉၃၆) တွင် အနိုင်မခံ ကဗျာကို ခေါင်းကြီးပိုင်း အဖြစ် ဖော်ပြစဉ်က ဘာသာပြန်ဆိုသူ၏ ကလောင်အမည် ဖော်ပြခြင်းမပြုခဲ့မှု၊ မင်းသုဝဏ်က ရှုမ၀မဂ္ဂဇင်းနှင့် ပျဉ်းမ ငုတ်တို ကဗျာ စာအုပ်တွင် ထပ်မံဘာ သာပြန်ဆိုဖော်ပြမှု၊ မင်းသုဝဏ်ကဲ့သို့ပင် မောင်သော်ကက နှစ်သုံးရာမှပဲ့ တင်သံ အသံလှိုင်း ကဗျာများ စာအုပ်တွင် ထပ်မံ ဘာသာပြန်ဆို ထည့်သွင်းထားမှု၊ မြန်မာ ဘာသာပြန်ဆိုတိုင်း ကဗျာအမည် အဖြစ် အနိုင်မခံ ကိုပင် သုံးစွဲကြမှု၊ အိုးဝေမဂ္ဂ ဇင်း(၁၉၃၆)မှ အနိုင်မခံ ကဗျာ ဘာသာ ပြန်ဆိုသူကို မောင်သော်က၊ မြကေတုနှင့် သိန်းဖေမြင့်တို့က ဖော်ထုတ်လာကြမှု တို့ကြောင့် မြန်မာ စာပေနယ်တွင် အနိုင် မခံ ကဗျာဘာသာ ပြန်ဆိုသူမှာ ပဟေဠိ ဆက်လက်ဖြစ်ကြရသည်။ ခေတ်အဆက်ဆက် ထုတ်ဝေသော စာနယ်ဇင်း များ၏ စာမျက်နှာထက်တွင် ထိုပဟေဠိ မှာ ရှင်သန်နေဆဲရှိသည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပန်းအလင်္ကာ မဂ္ဂဇင်းမှ မောင်ကြော့ဝေ ၏ အနိုင်မခံ ကဗျာကို ဗိုလ်ချုပ်အောင် ဆန်း ရေးမရေး၊ ဒဂုန်တာရာကို မေး ကြည့်စေချင်သည် ဆောင်းပါးနိဂုံးတွင်“မည်သို့ပင်ဆိုစေ၊ စစ်ပြီးခေတ်မှာ အောင်ဆန်း သို့မဟုတ် အရိုင်း၊ ညိုမြ ခေါ် မတုန်မလှုပ်ကျောက်ရုပ်ဟု သူတို့ နှစ်ဦး၏ ရုပ်ပုံလွှာကို အနီးကပ်ပုံဖော် ရေးဖွဲ့ခဲ့သော ကိုလိုနီခေတ် ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ သက်ရှိထင်ရှား ရှိနေသေးသည့် ဆရာကြီး ဒဂုန်တာရာ အား အိုးဝေမဂ္ဂဇင်း ခေါင်းကြီး အနိုင်မခံ ကဗျာ မည်သူ ရေးခဲ့ပါသနည်း ဆိုသည့် အဖြေကို မေးမြန်းရန်သာ ကျန်ရှိနေပါ ကြောင်း”ဟု ဖော်ပြထားပါသည်။

ထို ပန်းအလင်္ကာ မဂ္ဂဇင်း၏ ဖော်ပြချက် အရ လျှပ်တစ်ပြက်ဂျာနယ် အတွဲ-၂၊ အမှတ် ၆၉၊ ၂၂.၀၁.၂၀၁၀)က ဆရာကြီးဒဂုန် တာရာအား မေးမြန်းခဲ့ရာ၌“ဒီကဗျာ ကို ကိုအောင်ဆန်း ရေးမရေး ကျွန်တော်လည်း သေသေချာချာ မမှတ်မိတော့ ဘူးဗျ။ ကိုညိုမြ ရေးတယ် ဆိုတာတော့ ဖတ်ဖူးတယ်။ စာမချောလို့တောင် မင်း သုဝဏ်က ပြင်ပေးတယ်လို့ ဖတ်ဖူးတယ်။ အဲဒီ အချိန်တုန်းက ကျွန်တော်က ၁၀ တန်းဗျ။ ကိုအောင်ဆန်း အနိုင်မခံ ကဗျာကို ရေးမရေး ဆိုတာတော့ ကျွန် တော်လည်း သေသေချာချာ မသိဘူး” ဟု ဖြေဆိုခဲ့ပါသည်။ ထို့ပြင် Popular News Journal (အတွဲ-၂၊ အမှတ် ၁၉၊ ၂၀.၀၅.၂၀၁၀)က စစ်ပြန်မဂ္ဂဇင်း မှ မြကေတု၏ သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ် ဆောင်းပါးကို ပြန်လည် ဖော်ပြထားပါသည်။

၁၉၈၇ ခုနှစ်တွင် စာပေ ဗိမာန်က ကြီးမှူး၍ ဘာသာပြန် စာပေစာတမ်း ဖတ်ပွဲ ကျင်းပခဲ့ရာ၌ စာရေးဆရာမောင်ထွန်းသူနှင့် မောင်မြင့်ကြွယ်တို့က ဘာ သာပြန်ရသ စာပေစာတမ်းကို ဖတ်ကြားခဲ့ကြပါသည်။ ထိုစာတမ်းတွင်“ဘာသာပြန် ကဗျာသမိုင်းတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိ အမှတ်ပြုကြရသည့် ဆရာကြီး ဦးခင်ဇော်(ကေ)က“စင်စစ် ကျွန်တော် ဘာသာပြန် ကလောင်ကို စတင် ကိုင်စဉ်က မြန်မာစကားပြေကို ဘာသာပြန်ခဲ့ ခြင်း မဟုတ်ပါ။ မြန်မာကဗျာကို ဘာသာ ပြန်ဆိုခြင်းသာ ဖြစ်ခဲ့ပါသည်။ လူကြိုက်များခဲ့သည့် ခေတ်စမ်းကဗျာ များကို ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ အထူး သဖြင့် ဇော်ဂျီနှင့် မင်းသုဝဏ်တို့၏ လက်ရာများ ဖြစ်ပါသည်။ ပထမဆုံး ဘာသာပြန်ခဲ့သည်မှာ ၁၉၂၆-၂၇ လောက်က ဇော်ဂျီ၏ ပိတောက်ပန်း ကဗျာဖြစ်ပါသည်”ဟု နောက်ကြောင်း ပြန်ခဲ့ဖူးပါသည်။

ထိုခေတ်ကာလက ကျွန်တော်တို့ အလွန် နှစ်သက်စွဲလမ်း ခဲ့ဖူးသော မြန်မာဘာသာပြန် ရသကဗျာ တစ်ပုဒ်အကြောင်း တင်ပြချင်ပါသည်။ ထိုကဗျာမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထုတ် အိုးဝေ မဂ္ဂဇင်း၌ ပါခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဗျာကို ရေးသူမှာ အင်္ဂလိပ်ကဗျာ ဆရာ ၀ီလျှံအမ်း နက်ဟင်းနလေးဖြစ်၍ ကဗျာအမည်မှာ အင်ဗစ်တပ်စ် ဖြစ်ပါသည်။ ထိုကဗျာကို အိုးဝေညိုမြ (ဦးညိုမြ)က အနိုင်မခံ ဟူသောအမည်ဖြင့် ဘာသာပြန်၍ ဆရာ မင်းသုဝဏ်က တည်းဖြတ်ခဲ့သည်ဟု ဆိုပါသည်။ ကျွန်တော်တို့အဖို့ ထိုကဗျာသည် အလွန်ရသ မြောက်သော ဘာသာ ပြန်ကဗျာတစ်ပုဒ် ဖြစ်ပါသည်”ဟု ဖော် ပြထားပါသည်။ စာတမ်းရှင်များ ဖြစ်သည့် မောင်ထွန်းသူနှင့် မောင်မြင့်ကြွယ် တို့က အိုးဝေမဂ္ဂဇင်း(၁၉၃၆)မှ အနိုင်မခံ ကဗျာကို အိုးဝေညိုမြက မြန်မာဘာ သာသို့ပြန်ဆို၍ မင်းသုဝဏ် တည်းဖြတ်ကြောင်းအား စာပေလုပ်သား မဂ္ဂဇင်း (၁၉၈၁၊ ဒီဇင်ဘာလ)မှ စာရေးဆရာ တိုက်စိုး၏ ဆောင်းပါးကို ကိုးကားထား ပါသည်။

ထို့နောက် ချင်းတွင်း ချစ်သွေးက ဦးညိုမြနှင့် ခြေလှမ်းနှစ်ရာ ဆောင်းပါး (စာမော်ကွန်း၊ ၁၉၈၆ ဧပြီလ)တွင်“နှစ်သုံးရာမှ ပဲ့တင်သံအသံလှိုင်းကဗျာ များ စာအုပ်တွင် အနိုင်မခံ ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်သည်ဟု ဖော်ပြပါရှိသည်။ စာအုပ်တွေက မှားရေး၍ ကူးယူ ဖော်ပြကြသော စာ အုပ်အသီးသီးက (ကျူရှင် အထူးထုတ် စာအုပ်အထိ) ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်သည်ဟု ရေးနေကြဆဲ။ ဦးညိုမြ လက်ရေးမူကို ဖိုတိုစတက်ကော် ပီလုပ်၍ ဤINVICTUS ကဗျာကို ဦးညိုမြ ဘာသာပြန်သည်ဟု (စာပေ လုပ်သား မဂ္ဂဇင်းတွင် ထင်ပါသည်။) ရှင်းပြပြီးပါလျက် ယနေ့တိုင် အမှတ် မှားကာ ရေးနေကြသည်မှာ အံ့သြစရာ ပင်”ဟုဖော်ပြထားပြီးနောက် မန္တလေး မြို့တွင် ဦးမောင်မောင်တင် (မဟာ ၀ိဇ္ဇာ)၊ ဦးညိုမြ၊ ဒေါက်တာဌေးဝင်းနှင့် ချင်းတွင်းချစ်သွေးတို့ တွေ့ဆုံစား သောက်ကြပြီးနောက် အိုးဝေမဂ္ဂဇင်းမှ အနိုင်မခံ ကဗျာဘာသာပြန်ဆိုမှုနှင့် စပ် လျဉ်း၍ မေးမြန်းဖြစ်ပုံကို အောက်ပါ အတိုင်း ဖော်ပြထားပါသည်။

“ဆရာ ကဗျာ ဘာသာပြန်ကိစ္စ”

“သြော် ဒါလား”

“ဗိုလ်ချုပ်အောင်ဆန်း ပြန်တယ်တဲ့။ မင်းသုဝဏ်ပြန်တာတဲ့။ အဲဒါတွေ”

“ဟုတ်သားပဲ ပြောမယ်။ ဗိုလ်ချုပ်က ထည့်တယ်။ တချို့မချောတဲ့ နေရာကလေးတွေ မင်းသုဝဏ်က ပြင်ပေးတယ်”

“ဗိုလ်ချုပ်ပြန်တယ်ဆိုတာ စာအုပ်တိုင်းမှာ ဦးသိန်းဖေမြင့်က ရှေ့သို့မှာ ဆရာမင်းသုဝဏ်ပြန်တာလို့ ရေးဖူးတယ် ဆရာ။ အဲဒါ”

“ဒီလို ဒီလို အဲဒီတုန်းက ရန်ကုန် တက္ကသိုလ် ထမင်းစားဝိုင်းမှာ ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ဆုံတတ် ကြတယ်။ ကျွန်တော်က ဘာသာပြန် ပြီး ဆရာ မင်းသုဝဏ်ကိုပြတယ်။ ဆရာမင်းသုဝဏ်က မချောတာလေးတွေ ချောအောင်ပြင်ပေးတယ်။ ပြီးတော့ ဗိုလ်ချုပ်က အိုးဝေမဂ္ဂဇင်းမှာ ထည့်ပေးတယ်။ ဒါပါပဲ”

“မူကွဲနေကြတာက”

“ဒါက အိုးဝေမဂ္ဂဇင်း မူရင်း ရှိသားပဲ”

ချင်းတွင်း ချစ်သွေးနှင့် ညိုမြတို့ ၏ တွေ့ဆုံ မေးမြန်းဖြေကြားမှု၊ မောင်ထွန်းသူနှင့် မောင်မြင့်ကြွယ်တို့၏ ဘာသာပြန် ရသစာပေ စာတမ်းမှ ကောက်နုတ်ချက်၊ တိုက်စိုး၏ ဆောင်းပါးမှ ဖော်ပြချက်၊ ဒဂုန်တာရာ၏ ဖတ်ရှု မှတ်သားမိသမျှ နှင့် မြကေတု၊ မောင်သော်ကနှင့် သိန်း ဖေမြင့်တို့၏ အနိုင်မခံ ဘာသာပြန်ဆိုသူ အမည် ထုတ်ဖော်မှုတို့သည် အနိုင်မခံ ကဗျာ ဘာသာပြန်ဆိုမှု ပဟေဠိတွင် တွေးဆဆင်ခြင်စရာများ ဖြစ်ကြပါ သည်။ ထိုသို့တွေးဆ ဆင်ခြင်ရာ၌ အချိန် ကာလကြာမြင့်မှုနှင့် မြင်ရကြားရ၊ တွေ့ ရ ဖတ်ရသမျှမှ လူ့သဘာဝ အရ အမှတ် မှားတတ်မှုကိုလည်း သတိမူကြရပါလိမ့် မည်။



ကေမြူး

(ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် (၁၉၂၀-၁၉၇၀)စာစောင်၊
ဘာသာ ပြန်စာပေစာတမ်းများ(စာပေဗိမာန်)၊
ရာ ပြည့်ဦးစိုးညွှန့်၏ ၂၀ရာစု မြန်မာစာရေး ဆရာ ၁၀၀၊
ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါးရေးစဉ်က ဆောင်းပါး (အိုးဝေရွှေရတု သဘင် လက်ရွေးစင် စာအုပ်)၊
ချင်းတွင်းချစ်သွေး၏ ဦးညိုမြ နှင့်ခြေလှမ်း ၂၀၀ ဆောင်းပါး၊ (စာမော် ကွန်း ၁၉၈၆ ဧပြီ)၊
မြကေတု၏ သခင် အောင်ဆန်းနှင့် သူ့ကဗျာသူ့နိမိတ် ဆောင်းပါး Popular News Journal 20.05.2010 တို့ကို ညှိနှိုင်းကိုးကား သည်။)
( မူရင်း - ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)




-

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး - လမ်းပြစာတမ်း

Tuesday, June 21, 2011 4 comments

ဒေါက်တာ ဦးမြင့်ရဲ့ ဒီစာတမ်းကို ဒီလအစောပိုင်းမှာ Horst Rudolf က ဝေဖန်လို့ ဒေါက်တာ ဦးမြင့်က ပြန်လည် ချေပခဲ့ရပါသေးတယ်။ အခုက စာတမ်း အပြည့်အစုံပါ။ အရင်က စာတမ်းအကျဉ်းလည်း တင်ထားဖူးပါတယ်။

Dr U Myint-Poverty Reduction Paper in Burmese

ဒေါက်တာဦးမြင့် ဆွေးနွေးသော ဆင်းရဲနွမ်းပါး မှုလျော့ကျရေး စာတမ်းအကျဉ်းချုပ်

Thursday, June 9, 2011 5 comments


(ပြီးခဲ့တဲ့ ပို့စ်မှာ ဒေါက်တာဦးမြင့်ရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး စာတမ်းအပေါ် Rudof ရဲ့ ဝေဖန်တဲ့ ပေးစာအား မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တာကို ဒေါက်တာဦးမြင့်က ပြန်ရေးတဲ့စာ ဖော်ပြခဲ့ပါတယ်။ ဒေါက်တာဦးမြင့်က သူ့ရဲ့စာတမ်းမှာ ဘာတွေ ရေးသား အကြံပြုထားလည်းဆိုတာကို သိနိုင်ဖို့ စာမ်းအကျဉ်းချုပ်ကို ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။)

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့် တင်သွင်းခဲ့သော စာတမ်းမှာ မြန်မာ့လူမှု စီးပွားရေးဖွံ့ဖြိုးမှုကို စိတ်ဝင်စားသူတို့အဖို့ အားတက်စရာဖြစ်သည်။ အဆိုပါစာတမ်း တွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် စဉ်းစားရ မည့် ပြဿနာငါးရပ်ကို နိဒါန်းအဖြစ် ဖော်ပြကာ ဆင်းရဲနွမ်းပါးမှုနှင့် ၄င်းကိုတိုင်းတာမှု၊ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး မဟာဗျူဟာဆိုင်ရာ အတွေးများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ ဆက်စပ်လျက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လုပ်ငန်းအစီအစဉ်၊ စောင့်ကြပ်သုံးသပ်ရေးနှင့် မြန်မာ့ဖွံ့ဖြိုးရေး အရင်းအမြစ်ဌာန တည်ထောင်ရေးဟူ၍ အပိုင်းလေးပိုင်း ခွဲခြားတင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးကိစ္စစဉ်းစားလျှင် လက်ရှိပကတိ အနေအထားကို သေချာစွာသိရန်၊ မိမိရောက်လိုသောနေရာသို့ မည်သည့် နည်းလမ်းဖြင့် လျှောက်လှမ်းရမည်ကိုသိရန်၊ တိကျသော ရည်မှန်းချက်ချမှတ်ပြီး လုပ်ငန်းအစီအစဉ် ရေးဆွဲရန်၊ လုပ်ဆောင်ချက်ကို စောင့်ကြပ်သုံးသပ်ရန်တို့ဖြစ်ပြီး အဆိုပါ လုပ်ငန်းလေးရပ်ကို ထိန်းကျောင်းမောင်းနှင်မည့် အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်ကြောင်းတို့ကို စာတမ်း၏ ရည်ရွယ်ချက်အဖြစ် ရှင်းလင်း တင်ပြခဲ့သည်။

ဆင်းရဲနွမ်းပါးမှုအတွက် အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးမျိုးရှိကြောင်း၊ မြန်မာနိုင်ငံသားတစ်ဦး သို့မဟုတ် အိမ်ထောင်စုတစ်ခု၏ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သော ဝင်ငွေမရရှိခဲ့လျှင် ‘ဆင်းရဲသည်’ဟု ယေဘုယျအားဖြင့် သတ်မှတ်ရန်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်က ချမှတ်ထားသည့် မိသားစုဝင်ငွေနှင့် စားသုံးမှုတိုင်းတာသည့် စာရင်းအင်းနည်းလမ်းများ ရှိကြောင်း၊ ငွေဖောင်းပွမှုနှုန်းနှင့် ဒေသအလိုက်လူနေမှု အဆင့်အတန်းတို့ကိုလည်း ထည့်သွင်း စဉ်းစားကာ လူတစ်ဦးချင်း ဝင်ငွေမည်မျှရရှိခဲ့လျှင် ဆင်းရဲသည်ဟု ပြဋ္ဌာန်းသတ်မှတ်နိုင်ကြောင်း၊ ယင်းသို့ ဆင်းရဲနွမ်းပါးမှု နှုန်းထား တွက်ချက်ရာတွင် အငြင်းပွားစရာ အချက်များရှိသည်ကို သိထားရန် လိုကြောင်း အကျယ်တဝင့် ရှင်းပြ ခဲ့သည်။


သမ္မတ အကြံပေးအဖွဲ့

Saturday, April 30, 2011 3 comments

သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့အတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ စီးပွားရေး အကြံပေးအဖွဲ့တွင် ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့တွင် အငြိမ်းစား ရဲမှူးကြီး စစ်အေး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော် တို့ ဖြစ်ပါတယ်။

ဒေါက်တာ ဦးမြင့်


ရန်ကုန် တက္ကသိုလ်မှ BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ ကောနဲလ်တက္ကသိုလ်မှ MA (ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ အမေရိကန် ပြည်ထောင်စု ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ PhD (ဘောဂဗေဒ) ကို လည်းကောင်း အသီးသီး ရရှိခဲ့။

ရန်ကုန် စီးပွားရေး တက္ကသိုလ် သုတေသန လုပ်ငန်းဌာနတွင် လည်းကောင်း၊ ဘောဂဗေဒ ဌာနတွင် ကထိက အဖြစ် လည်းကောင်း၊ ရန်ကုန် ပညာရေး တက္ကသိုလ် ဘောဂဗေဒ ဌာနတွင် ကထိက၊ ဌာနမှူး အဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန စီးပွားရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့။

ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ဝန်ထမ်း အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး အဖြစ် လည်းကောင်း၊ အထက်တန်း စီးပွားရေး ပညာရှင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့။

စီးပွားရေး သုတေသန စာတမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် အထောက်အကူပြု စာတမ်းများ၊ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စစ်တမ်း စာစောင်များ ပြုစု ရေးသားခဲ့။ ( ဒေါက်တာ ဦးမြင့်အကြောင်း အသေးစိတ်ဖတ်ရန် )


ဦးဆက်အောင် (ခ) ဝင်စတန် ဆက်အောင်

(ဓာတ်ပုံ - Eleven News)


ရွေးကောက်ပွဲဆိုင်ရာ ဆိုက်များ

Friday, October 22, 2010 1 comments

၂၀၁၀ မှတ်စုများ http://www.the2010notes.co.cc/

မြန်မာ Election Watch http://www.myanmarwatch2010.co.cc/

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) http://2010ebc.wordpress.com/

ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း http://pvamas.blogspot.com/

၂၀၁၀ မြန်မာ့ရွေးကောက်ပွဲ http://www.myanmarelections.org/

Altsean http://www.altsean.org/Research/2010/Home.php

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved