Showing posts with label သူ့အတွေး သူ့အမြင်. Show all posts
Showing posts with label သူ့အတွေး သူ့အမြင်. Show all posts

ဗိုလ်ရှုခံ အခမ်းအနားကပေးတဲ့ သင်ခန်းစာ

Tuesday, January 13, 2015 0 comments



[
၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားမြင်ကွင်း(ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

 မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှ ပြန်လည်ကျင်းပတဲ့ ဗိုလ်ရှုခံအခမ်းအနားက အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီ ဗိုလ်ရှုခံအခမ်းအနားကို လာရောက်အသုံးတော်ခံခဲ့ရတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား လူငယ်တွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တချို့ကိုတော့ ပြည်သူအများစု သိလိုက်မယ်လို့ မထင်ပါဘူး။ ဒီအခမ်းအနားကို လာရောက်ခဲ့ရတဲ့ ဝန်ထမ်းတွေမှာကိုယ်စီအတွေ့အကြုံတွေ ရှိကြမှာပါ။ဒီနေရာမှာ ကယားပြည်နယ်ကို ကိုယ်စားပြုပြီး သွားခဲ့ရတဲ့ သူတွေရဲ့ အတွေ့အကြုံတချို့ကို မျှဝေပါရစေ။ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။

ဒီဇင်ဘာလ  ၂၂ရက်၊ ညနေ ၆နာရီလောက်မှာ ကယားပြည်နယ် ကိုယ်စားပြုတဲ့ လူငယ် ၁၈၀ ဟာ ဗိုလ်ရှုခံ အခမ်းအနားတက်ရောက်ဖို့အတွက် ယဉ်ကျေးမှုရုံးက ထွက်ခဲ့ကြပါတယ်။ နိုင်ငံတော်အခမ်းအနားမှာ ကယားပြည်နယ်ကိုယ်စားပြုတက်ရောက်ရမယ့် အတွက် လူငယ်တွေဟာ တက်တက်ကြွကြွ ဝမ်းမြောက် ဂုဏ်ယူစွာနဲ့ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။

အများစုက တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေပါ။ အရပ်သားတချို့နဲ့ ဝန်ထမ်းတချို့လည်း ပါဝင်ကြပါတယ်။ နေစရိတ်စားစရိတ်အငြိမ်းဆိုတော့ ပိုပြီး အားတက်ခဲ့ကြတယ်။ တချို့ဆို တနေ့ ၃၀၀၀ ကျပ်ပေးမယ့် အပျော်ခရီးသက်သက်ပဲဆိုလို့ ဝမ်းပန်းတသာနဲ့ ခရီးမှာလိုက်လာခဲ့ကြပါတယ်။ ဘာလုပ်ရမယ်ဆိုတာ ကြိုတင်မသိရဘဲ အခမ်းအနားတက်ဖို့အတွက်ပဲ သိကြပါတယ်။ တစ်ယောက် တစ်ယောက်ပြောပြီး ခေါ်လာကြတာ မတူပါဘူး။

လွိုင်ကော်ကနေ နန့်ပန်ကိုတက်ပြီး  ကလော၊ ယင်းမာပင်လမ်းအတိုင်း နေပြည်တော်ကို ထွက်ခဲ့ကြတာပါ။ လမ်းကကြမ်း၊ ကားကကြပ်နဲ့ ခရီးနှင်ခဲ့တာ ကားမူးသူကမူး အန်သူကအန်နဲ့ နေပြည်တော်ကို နောက်နေ့နံနက် ၇နာရီလောက်မှာ ရောက်လာပါတယ်။ နေပြည်တော်ကို ရောက်တော့ ညောင်းညာကိုက်ခဲကာ ပင်ပန်းနေပါပြီ။

ဒါပေမယ့် မွန်းလွဲ ၂ နာရီလောက်မှာ တန်းစီကြရပါတယ်။ နေပူကြဲကြဲထဲမှာ လုပ်ရတာပါ။ ဘယ်လိုမှ မျှော်လင့် မထားတဲ့ စစ်ရေးပြကို စတင် သင်ကြားရတာပါ။ အဲတော့မှ အပြောနဲ့ လက်တွေ့ မတူတာကို သိလိုက်ကြပါတယ်။ နောက်နေ့မှာ မနက် ၃ နာရီ အိပ်ရာက ထရပါတယ်။ ပြီးတော့ ချီတက်လေ့ကျင့်ရပါတယ်။ ရာသီဥတုကလည်း အရမ်းအေး။ မနက်စောစောကြီးထပြီး လေ့ကျင့်ခန်းလုပ်ရ။ ပေးထားတဲ့ ယူနီဖောင်းကလည်း ပါးလွှာနေတော့ အအေးဒဏ်က အသားထဲထိကို စိမ့်ဝင်ပြီး အေးတာပါ။ ဒါပေမယ့် အခုလို ရောက်လာမှတော့ မထူးဘူး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ကြမယ် ဆိုတဲ့စိတ်ဖြစ်ခဲ့ကြပါတယ်။ အကောင်းဆုံးလည်း လုပ်နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ ဘာတွေ့ရလဲဆိုတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေက တစ်ယောက်ကို မုန့်ဖိုး ၂၀၀၀၀ ကနေ ၅၀၀၀၀ကျပ်အထိ ရကြတယ်။ ဝတ်စုံဆိုရင်လည်း ပိုကောင်းတယ်။ သက်ဆိုင်ရာဝန်ကြီးတွေက လာရောက်အားပေးပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးကြတယ်။ ဒါပမေယ့် ကယားပြည်နယ်ကိုယ်စားပြုပြီး ရောက်လာကြတဲ့ လူငယ်တွေကတော့ လည်ပင်းရှည်အောင် မျှော်ပေမယ့်လည်း တစ်ယောက်မှ ပေါ်မလာကြပါဘူး။လူငယ်တချို့က ငွေကြေးအခက်အခဲရှိတဲ့ အကြောင်းတင်ပြကြပါတယ်။ အုပ်ချုပ်တဲ့ သူက “ နင်တို့ မုန့်ဖိုးလိုချင်ရင် စည်ပင်သာယာရေး ဝန်ကြီးဆီမှာတောင်း ” လို့ ဆိုပါတယ်။

ဒါကြောင့် စည်ပင်ဝန်ကြီးကို ဖုန်းဆက် အကူအညီတောင်းခဲ့ကြပါတယ်။ အကယ်၍ ဘယ်သူမှ ရောက်မလာခဲ့ရင် အားလုံးလှည့်ပြန်ကြဖို့ အတွက်လည်း စီစဉ်ထားကြပါတယ်။ ၂၀၁၅ ဇန်နဝါရီလ ၃ရက် ညနေမှာ စည်ပင်ဝန်ကြီး ဦးအောင်နိုင် ရောက်လာပါတယ်။ ဒါပေမယ့် လူငယ်တွေရဲ့ အခက်အခဲကို လာရောက် မဖြေရှင်းပေးတာ မဟုတ်ဘဲ လူငယ်တွေက ပုန်ကုန်နေတဲ့ အလား လာရောက်ပြောဆိုသွားပါတယ်။

ယဉ်ကျေးမှု ဒုတိယညွှန်ကြားရေးမှူးဆိုသူကလည်း စည်ပင်ဝန်ကြီး မလာမီက ဝန်ကြီးတွေ မကောင်းကြောင်း၊ ရှုပ်ပွေတဲ့ အကြောင်းတွေ ပြောခဲ့ပေမယ့်လည်း ဝန်ကြီး ဦးအောင်နိုင်ဦးရှေ့ရောက်တော့ လူငယ်တွေကို အပြစ်တင် စကားတွေသာ ပြောဆိုခဲ့ပါတယ်။ ဒ့ါပြင် ဝန်ကြီးရှေ့မှာ ဦးဆောင်တင်ပြတဲ့ သူကို 'နင်ခုလိုလုပ်တာ စိတ်ဓာတ်အောက်တန်းကျတယ်' လို့တောင် ပြောလိုက်ပါသေးတယ်။

ဒီအချိန်မှ ပြည်နယ်အစိုးရက ကျပ်သိန်း ၈၀ ထုတ်ပေးလိုက်တဲ့ အကြောင်းသိရပါတယ်။ ဒါပေမယ့် လူငယ်တွေရရှိထားတဲ့ ပါးလွှာတဲ့ ဝတ်စုံက ဘယ်လောက်ဈေးပေးရတယ်တော့ မသိပါဘူး။

ဒီနေရာမှာ စည်ပင်သာယာရေးဝန်ကြီးပြောတဲ့ စကားတွေဟာ ကယားပြည်နယ် ကိုယ်စားပြုလာတဲ့ သူတစ်ယောက် အတွက်တော့ စိတ်မကောင်းစရာပါ။

“ ငါတို့ ပြည်နယ်က ဆင်းရဲတယ်လေ။ တခြားပြည်နယ်တွေနဲ့ နှိုင်းလို့ မရဘူးလေ။ ငါတို့ ပြည်နယ်ဆင်းရဲတာ ပြည်သူတွေကြောင့်။ ပြည်နယ်က ပြည်သူတွေက အခွန်ဆိုရင် မပေးချင်ကြဘူး ”စသဖြင့် လူငယ်နဲ့ စကားပြောတဲ့နေရာမှာ “ နင် ငါ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ယူထားတဲ့ ရာထူးကိုမှ မထောက်ဘဲ ပြောသွားခဲ့ပါတယ်။

အဲဒီမှာ လူငယ်တစ်ဦးက “ အခုမှ ကယားပြည်နယ် ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သိရပြီ ” လို့ ပြောလိုက်တော့ ဝန်ကြီးက “ နင်အဲလို စကားမပြောနဲ့ နင်ဝန်ထမ်း တစ်ယောက်နော် ” လို့ ပြောပြန်ပါတယ်။

အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ ယဉ်ကျေးမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူးက “ ဘယ်မှာလဲ ပြန်မယ်ပြောတဲ့သူ ငါအခု ချက်ချင်း ပြန်ပို့လိုက်မယ်။ ငါတို့က နင်တို့ကို ပိုက်ဆံပေးမယ်လို့ ပြောပြီးခေါ်ခဲ့တာ မဟုတ်ဘူး။ ပြန်ချင်တဲ့ သူပြန်ကြ ” လို့ပြောတော့ အားလုံးက လက်ထောင်ခဲ့ကြတယ်။

လူငယ်တစ်ယောက်က “ အစကတည်းက ဘယ်သူမှ ပိုက်ဆံလိုချင်လို့လာခဲ့ကြတာမဟုတ်ဘူး ။ ဒါပေမဲ့ ခု အားလုံး အခက်အခဲကြောင့် ခုလိုလုပ်ရတာ ပိုက်ဆံလိုချင်တာထက် လာရောက်တွေ့ဆုံပြီး အားပေးစကားကို ပိုမိုမျော်လင့်ခဲ့တာ” လို့ တင်ပြတယ်။

ဒီအခါ ဝန်ကြီးက သူ့ကားမောင်းတဲ့ ကားမောင်းသမားက လမ်းမသိလို့ မလာဖြစ်တဲ့ အကြောင်းရှင်းပြပါတယ်။ ပြီးတော့ “ငါ့ ခရီးစရိတ်ထဲက နင်တို့ကို ငွေ ၅၀၀၀၀(ကျပ်) ပေးလိုက်မယ် ” လို့ ဆိုပါတယ်။ ဒါပေမယ့် လူအင်းအား ၁၈၀ အတွက် ငွေ ၅၀၀၀၀ကျပ် ဘယ်လို သုံးမလဲ။

ညရောက်တော့ အလှူရှင်တစ်ဦးက တစ်ယောက်ကို ကျပ် ၁၀၀၀၀ စီ မုန့်ဖိုးပေးပါတယ်။ အဲဒီ မုန့်ဖိုးပေးတဲ့အခါမှာ အုပ်ချုပ်သူဖြစ်တဲ့ ယဉ်ကျေးမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူးက “ နင်တို့ ပိုက်ဆံမမြင်ဖူးဘူး မဟုတ်လား။ ဒီမှာ တစ်ယောက် ၁၀၀၀၀ လာယူကြ ”လို့ ပြောပြီး ပေးပါတယ်။ ဒီတော့ လူငယ်နှစ်ယောက်က ဒီငွေကို မယူဘဲ အုပ်ချုပ်သူထံ လှူပါမယ်လို့ဆိုကာ ငွေ ၁၀၀၀၀ကျပ်ကို မယူဘဲနေခဲ့ကြတယ်။ အုပ်ချုပ်သူကတော့ အပြုံးပင် မပျက်။

တကယ်တော့ လူငယ် ၁၈၀ တို့ဟာ လွတ်လပ်ရေးနေ့မှာ တိုင်းရင်းသားဝတ်စုံ အပြည့်နဲ့ ပြည်လည် စစ်ကြောင်းချီတက် အလေးပြုခဲ့တာဟာ ငွေကြေး ၁၀၀၀၀ကျပ် အတွက်ကြောင့် မဟုတ်ဘဲ ကယားပြည်နယ်မျက်နှာ၊ ကယားလူမျိုးတွေ မျက်နှာ ထောက်ထား၍သာ ဖြစ်ပါတယ်။

ဒါ့ထက် ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူက ကယားတိုင်းရင်းသားတွေကို အီတလီကို စေလွှတ်ဖို့ ပြောလာပါတယ်။ လူငယ်တွေကလည်း သွားချင်တယ်လို့ ပူဆာကြတယ်။ ဒါပေမယ့် လေယာဉ်စရိတ် ကုန်ကျမှုကို ပြည်နယ်အစိုးရက တာဝန်ယူရမယ် သိရတော့ လူငယ်တစ်ဦးက ပြည်နယ်အစိုးရက တဝက်၊ မိမိတို့တစ်ဝက်စီ ကုန်ကျခံမယ်လို့ ပြောလိုက်ပါတယ်။

ဒါကို အုပ်ချုပ်သူက ပြည်နယ်အစိုးရက တာဝန်ယူမှာ မဟုတ်ဘူးလို့ ပြန်ဖြေလိုက်ပါတယ်။ ပြောရရင်တော့ ကယားပြည်နယ်က လူငယ်တွေ နိုင်ငံခြားသွားရမယ့် အခွင့်အရေးပါ။ ဒါပေမယ့် အစိုးရက တာဝန်မယူဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ အခွင့်အရေးက လက်လွှတ်လိုက်ရပါတယ်။

လွတ်လပ်ရေးနေ့ည ညစာစားပွဲမှာ ပြည်နယ်အသီးသီးက ဂုဏ်ပြုဆုငွေတွေ ရခဲ့ကြပါတယ်။ ကယားပြည်နယ်အတွက် ဘယ်လောက် ရလိုက်တယ်ဆိုတာ မသိရပါဘူး။ ဘယ်နေရာမှာ အသုံးပြုလိုက်တယ်ဆိုတာလည်း မသိရပါဘူး။တကယ်တော့ ဒီခရီးစဉ်မှာ ခရီးစရိတ်သာ မပေးရတာပါ။ အသွားတုန်းက ကိုယ့်အစီစဉ်နဲ့ကိုယ် စားခဲ့ရတယ်။ အပြန်ခရီးမှာတော့ ထမင်းဖိုး ၂၀၀၀ ကျပ်စီ ပေးပါတယ်။

ကယားပြည်နယ်က လူငယ် ၁၈၀ ဟာ လွှတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားအတွက် နှစ်ပတ်တာ အပင်ပန်းခံ စစ်ရေးလေ့ကျင့်ခဲ့ရတဲ့ အကျိုးခံစားခွင့်ဟာ ငွေကျပ် ၂၀၀၀ အပါအဝင် စည်ပင်သာယာရေးဝန်ကြီးနဲ့ ယဉ်ကျေးမှုဌာနက လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးရဲ့ ပြောဆို စော်ကား ခံခဲ့ရတာပါဘဲ။ ဒီလို နှစ်ပတ်တာ အပင်ပန်းခံခဲ့ရလို့ ကယားပြည်နယ်က လူငယ်တွေဟာအနည်းဆုံး နေပြည်တော်ရဲ့ ရေပန်းဥယျာဉ်၊ ဒါမှမဟုတ် မြို့မဈေးဆိုတာတောင် မရောက်ခဲ့၊ မမြင်ခဲ့ရပါဘူး။

ဒီလိုတွေ ဖြစ်ခဲ့တာကို ပြည်သူတွေလည်း သိကြမှာ မဟုတ်သလို ဗိုလ်ရှုခံတဲ့ သမ္မတဦးသိန်းစိန်လည်း သိမှာမဟုတ်ပါဘူး။ ကယားပြည်နယ်က သွားတဲ့ လူငယ်တွေ ကြုံတွေ့ရတာထက် ဆိုးရွား၊ ခါးသီးတဲ့ အတွေ့အကြုံတွေလည်း ရှိကြမှာပါ။

ဗိုလ်ရှုခံ အခမ်းအနားက ရလိုက်တဲ့ သင်ခန်းစာတစ်ခုကတော့ခေါင်းဆောင်ကောင်းတွေက နောက်လိုက်တွေအတွက် အနစ်နာခံတက်ကြတယ်။ စည်းလုံးမှု မရှိသေးတဲ့ နောက်လိုက်တွေကို စည်းလုံးအောင်သင်ပေးကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေးရအောင် ကြိုးစားခဲ့ကြတယ်။ “လွတ်လပ်ရေး မရတာဟာ နင်တို့ကြောင့်” လို့ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပြည်သူတွေကို တစ်ခွန်းမှ မပြောခဲ့ဘူး။ ခေါင်းဆောင်ကောင်းတွေက အများအကျိုးအတွက် အနစ်နာခံကြတယ်။ ဗိုလ်ချုပ်ဆိုတာကတော့ ပြည်သူက သတ်မှတ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ပေါ့။

အခု ခေါင်းဆောင်တွေကတော့ ဘယ်ကနေ၊ ဘယ်လိုတင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေမှန်း မသိရဘူး။သူတို့မှာ အရည်အချင်း မရှိလို့ ပြည်နယ် မဖွံ့ဖြိုးဘဲ ဆင်းရဲနေတာကိုတောင် ပြည်သူတွေ အပေါ် ပုံချဖို့ ဝန်မလေးဘူး။ ကိုယ့်ပြည်သူအတွက် အနစ်နာခံဖို့ဆိုတာလည်း အဝေးကြီး။ ဒီလိုခေါင်းဆောင်တွေရဲ့ အုပ်ချုပ်ခံနေရတဲ့ ကိုယ့်ရဲ့ ကယားလူမျိုးတွေကိုလည်း သနားသလို၊ ကိုယ့်တိုင်းပြည်အတွက်လည်း ရင်လေးနေမိပါတော့တယ်။    ။


နှင်းငယ်
              


RUSSIAN DOLL သို့မဟုတ် '' တတိယလှိုင်းနဲ့  Great Delusion ''

Saturday, August 9, 2014 0 comments

 မူးဇော် ( သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ) ရေးထားတဲ့ ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းနဲ့ အင်စတီကျူးရှင်း ဆိုတာကိုဖတ်ရတော့ မဆလခေတ်ကို သွားသတိရတယ်။ 



မဆလ ခေတ်တုံးကလဲ ပါတီဥက္ကဌကြီး ဘယ်လို့ တော်တော်၊ဘယ်လောက် တတ်တတ်၊ ဘယ်လိုလမ်းညွန် မှုတွေကြောင့် ပထမ လေး နှစ်စီမံကိန်း ဘယ်လို အောင်မြင်တယ်။ 

ဒုတိယမှာ ဘယ်သို့ ကျော်လွှားနိုင်တယ်၊။ တတိယစီမံကိန်းမှာ ဘယ်လို ဖြေရှင်းလိုက်နိုင်တယ် ဆိုတာတွေ နဲ့ ဟိမ၀န္တာချီးကြူးခန်းတွေ ပေါ့ဗျာ။ 

လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေ၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှာ လုပ်သား၊ ရှေ့ သို့ ၊ လမ်းစဉ် သတင်း၊ မဆလပါတီ အစီရင်ခံစာတွေကို သွားရှာဖတ်ကြည့်နိင်ပါတယ်။ 

မနက်ဖန် ပြို ကြတော့ မလိုဖြစ်နေတာတောင် ဒီစာဆောင်တွေက အိုဘယ့် ဥက္ကဌ ကြီးရဲ့  လမ်းညွန်မှုတွေ ကို ချီးကြူလို့ မဆုံးကြပေဘူး။ 

လယ်ထွန်စက်စခန်းမှာ စက်မောင်းလာသင်တဲ့ ကောင်လေးနဲ့ ထွန်စက်စခန်းနားက ကောင်မလေးကြိုက် သွားတဲ့ ဇတ်လမ်း မျိုးတောင် တခန်းတနားရေးတယ်။ ပါတီရဲ့ဦးဆောင်မှုကြောင့် ခုလို ညားသွားကြ ပုံ မျိုး ဇတ်လမ်းတွေ ရေးခဲ့ကြပါတယ်။ 

ကောင်လေးနဲ့ကောင်မလေးပဲ ဗျာ၊ ပါတီက မဦးဆောင်လဲ ကြိုက်ကြမှာပါပဲ။ သူတို့ မှာ ဒါပဲကြိုက်စရာရှိ တာကိုး။ 

တနှစ်တခါ မြင်းပြိုင်ကွင်းမှာ ပါတီ ရဲ့ ဦးဆောင်မှု ကြောင့်စီမံကိန်းတွေဘယ်လိုအောင်မြင်တယ်ဆို တာ ပြခန်း ကြီးတွေနဲ့ ကို ပြတာ ဗျို့  ။ 

သိပံ္ပနဲ့ နည်းပညာ ပြခန်း ရှေ့ မှာတော့ ရေပန်း တခု ကို ပြထားတယ်။ ရေပန်းပေါ်မှာ ပလစ်စတိတ် 
ဘောလုံး တလုံးကို တင်ထားတယ်။ ရေ အရှိန်ကို ထိမ်းပြီးလွတ်တော့ ဘောလုံးက ရေပန်းပေါ်မှာ ဟန်ချက် ညီ လှုပ်ခါလှည့်ကာ တင်နေတယ်။ 

ပါတီရဲ့ဦးဆောင်မှု လမ်းညွန် မှုကြောင့် ဒီဘောလုံးဟာ ရေပန်း ပေါ်မှာ မျှခြေ ဖြစ်နေတယ်ပေါ့။ ပညာရှင်တွေ တီထွင်ထားကြတယ်ပေါ့ဗျာ။ 

မဆလ ခေတ်က ကို ခပ်တိုတို ပြန်ကြည့်ရင် 

- အာဏာကို စစ်တပ်ကပဲ ကိုင်ထားတယ်။ 
- စီးပွားရေးပိတ်စို့ မရှိဘူး။ 
- ဆိုရှယ်လစ်စီးပွားရေးစနစ်။ 
- ဗဟိုကော်မတီဝင်တွေအခွင့်ထူးခံစားရတယ်။ 
- ဆင်းရဲမွဲ တေမှု ကြီးမားလာတယ်။ 

၈၈ တုံးက မဆလပါတီ ဥက္ကဌကြီးနဲ့တကွ ဗဟိုကော်မတီ တခုလုံး သမိုင်းအမှိုက်ခြင်းထဲရောက်သွားရတဲ့ အဓိက ပြဿနာက ဒီမိုကရေစီ မရှိတာပါပဲ။ 

ဘဏ္ဍာရေး အကြပ်ဆိုက်မှု ( Financial Crisis ) ဖြစ်သွားတာပါပဲ။ ၁၉၈၇ မှာ ၁၀၀ တန် ၇၅ ကျပ်တန်တွေ ကို ဖျက်သိမ်းခဲ့ရတယ်။ 

ဒီအချက်က ၈ လေးလုံးအရေးတော်ပုံကြီးကိုပေါက်ပွားသွားစေခဲ့တာပါပဲ။ 

အခုလလဲ ပထမ၊ ဒုတိယ၊ တတိယ လှိုင်း ဆိုပြီး မျက်လှည့်ပြ လာပြန်ပါတယ်။ ဒီမူနဲ့ ဒီလူတွေပါပဲ ။ ၁၉၆၂ ကနေ ကနေ့ အထိပြောင်းလဲမှုတွေကိုလဲ နာမည်အမျိုးမျိုး ဇတ်ကောင်အမျိုးမျိုးနဲ့  က ပြီး ကြပါပြီ။ ရုရှား အရုပ် ( Russian Doll ) မျှသာ ဖြစ်တယ်။ 

ရုရှားအရုပ်ဆိုတာက အရုပ်ကြီး ကိုဖွင့်လိုက်တဲ့အခါ အရုပ်သေးလေးထွက်လာတယ်။ အရုပ်သေးလေးကို ဖွင့်လိုက်ရင် နောက်သေးသေးအရုပ်တခု ထပ်ထွက်လာပြန်တယ်။ 

နောက်ဆုံးတော့ ဒီလိုအရုပ်လေးတွေပါပဲ။ 

Naypyidaw Accord ဆိုတဲ့ စာတန်းတွေ၊ ဘဏ်တွေက ထုတ်ပြန်ထားတဲ့ ရီပို့ တွေကိုလည်း ကျနော် မကြာသေးခင်ကဖတ်ရပါတယ်။ 

အားလုံးက လိမ်ထားတာတွေခြည်းပါပဲ။ လိမ်တယ်ဆိုတာက အမှန်ကိုမမြင်နိင်ပဲ အမှားကို အမှန်လို့ထင်
နေကြတယ်။ 

တကယ်က ပထမ၊ ဒုတိယ၊ တတိယလိုင်းတွေဆိုတာ ဘာတခုမှာမအောင်မြင်ရှာခဲပါဘူး။ နိုင်ငံတကာ က ပိတ်စို့ မှုဟာ ထိပ်သီး ၄၅၀ ကိုဆက် ပိတ်စို့ ထားတုံးဖြစ်ပါတယ်။ နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေ မလာဘူး မဟုတ်ဘူး။ လာတယ်။ ဒါပေမယ့် အများစုက အလုပ်မဖြစ်သေးဘူး။ 

ဥပမာ ထားဝယ်ရေနက်ဆိပ်ကမ်း၊ သီလ၀ါ စတာတွေပေါ့။ အလုပ်မဖြစ်ရတဲ့အကြောင်းက နိုင်ငံရေး ပြဿနာ တွေနဲ့ နက်ရှိုင်းစွာ ဆက်စပ်နေတယ်။ 

စာတတ်မှုနှုန်း က ၅ ရာခိုင်နှုန်းပဲတက္ကသိုလ်ရောက်တယ်။ နိုင်ငံတော် အခြေခံအဆောက်အုံတွေ မကောင်းဘူး။ 

စွမ်းအင်ပြဿနာရင်ဆိုင်နေရတယ်။ ဒါတွေက နိင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ ခက်နေတယ်။ သခင်စိုးလေ နဲ့ ပြောရရင်တော့ အနုတ်စုတ် ဂုတ်စုတ် ဒီမိုကရေစီနဲ့  ငါတယ်ဟုတ်ပါလားလို့ ထင်ရင်တော့ အမှားကြီးမှားဦးမပေါ့။ 

ဒါကြောင့် ဒီဆောင်ပါးကို တတိယလှိုင်းနဲ့  Great Delusion လို့  ခေါင်းစဉ်လေး ပြောင်းလိုက်ရင် ပိုကောင်းပါတယ်။ 


မိုးသီးဇွန် ~

 









ရခိုင် ဝန်ကြီးချုပ်သစ် အပြော နည်းနည်းလျှော့ပါ

Wednesday, July 2, 2014 3 comments

ဦးမောင်မောင်အုန်းဟာ ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်း အဝေးမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ 



မြန်မာ-ဘင်္ဂလား နယ်စပ် ပဋိပက္ခ အခြေအနေ

Thursday, June 19, 2014 0 comments

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ရက်အနည်းငယ်ကြာ ပဋိပက္ခများဖြစ်ပွား၍ နှစ်ဖက် စလုံးမှ လူ
သေဆုံး မှုများ ရှိခဲ့ကာ၊ စစ်ရေး အင်အားကို အပြန်အလှန်တိုးမြှင့် ချထားသည့် အခြေအနေထိ ဆိုက်
ရောက် သွားခဲ့ရာမှ ယခုအခါ ပြေလည်မှု ရသွား ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရများ က ဆိုကြသည်။ 

 ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ခြံစည်းရိုး ကာရံထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – နိရဉ္ဖရာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ပဋိပက္ခဖြစ်ပွားမှု၊ လူသေဆုံးမှုများ မကြာခဏ ရှိခဲ့သည့်တိုင် လူမသိ လူမသိ ပြီးဆုံးသွားလေ့ ရှိခဲ့သည်။ 

သို့သော် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ( BGB ) အဖွဲ့ဝင် တဦး မေလ ၂၈ ရက်နေ့က ပစ်သတ်ခံ လိုက်ရသည့် သတင်းသည် နိုင်ငံတကာသို့ ပြန့်နှံ့ သွားပြီး၊ နှစ်နိုင်ငံ စစ်ဖြစ်တော့မည်ဟုလည်း လူမှု ကွန်ရက် စာမျက်နှာများ၌ ဆူညံသွားခဲ့ ရသည်။ 

ပြဿနာများ ကျယ်ပြန့်သွားခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်ဦးမှု ရယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံအ မတ်ကြီးကို ဆင့်ခေါ်ပြီး ၎င်းတို့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ပျောက်ဆုံးနေမှုကို စစ်ဆေး ၍ အမြန်ဆုံး ပြန်ပေးရန် ပြောဆိုခြင်း၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့ခြင်း ကို ချက်ချင်း လုပ်ဆောင်ခဲ့သည့် သတင်းများ ပြန့်သွားရာမှ စတင် ခဲ့သည်ဟု ဆိုရပေမည်။ 

လူသေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ် BGB အဖွဲ့၌သာ ရှိသည် မဟုတ်ဘဲ မေလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အ ကြား အပြန်အလှန် ပစ်ခတ်မှုကြောင့်လည်း မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ ရသည်။ 

သို့သော် ထိုသတင်း နှင့် ပတ်သက်၍ မြန်မာ အစိုးရ ထုတ် သတင်းစာများက ဖော်ပြခြင်း မရှိခဲ့ သကဲ့သို့ နှစ်
နိုင်ငံ အကြား ဆက်ဆံရေးလည်း ပုံမှန် အ တိုင်း ရှိနေခဲ့သည်။ မြန်မာရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ် BGB အဖွဲ့နှင့်တိုက်ခိုက်မှုကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း အခြေစိုက် လှုပ်ရှားနေသည့် RSO (Rohingya Solidarity Organization ) အကြမ်းဖက်အဖွဲ့က ခြုံခို တိုက်ခိုက် မှု ကြောင့်ဟု မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့က မီဒီယာများကို ဖြေဆိုထားသည်။ 

ဘင်္ဂလားဒေ့ရှ် အစိုးရ ကမူ ၎င်းတို့နိုင်ငံတွင်း၌ RSO အဖွဲ့ လုံးဝ မရှိကြောင်း ငြင်းဆိုထားသည်။ 

RSO အဖွဲ့ မရှိပါက မြန်မာရဲတပ်ဖွဲ့ဝင်များအား မည်သည့်အဖွဲ့က ပစ်ခတ်သည်ဆိုသည်ကိုလည်း နယ်စပ်
ဒေသနေ ပြည်သူ များက သိလိုနေကြသည်။ ပြီးခဲ့သည့်နှစ်ကလည်း မြန်မာ့ တပ်မတော် ဆောက်လုပ်ရေး တပ်ဖွဲ့မှ စစ်သား ၃ ဦးသည် နယ်စပ် ၌ တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးနေခဲ့သည်မှာ ယနေ့တိုင်ဖြစ် သည်။ 

သို့သော် မြန်မာ အစိုးရ အနေဖြင့် စစ်သားများ ပျောက်ဆုံးနေခြင်း၊ ရဲတပ်ဖွဲ့ဝင်များ သေဆုံးရခြင်းနှင့် ပတ်သက်၍ အလေး ထားမှု မရှိသည်မှာလည်း မိမိတို့ နိုင်ငံသားများ ဆုံးရှုံးရမှု အတွက် ၀မ်းနည်းစရာ၊ 
မေးခွန်းထုတ်စရာ ဖြစ်နေသည်။ 

မြန်မာ တပ်ဖွဲ့၏ မှားယွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် စစ်သား၏ အလောင်းကို ဘင်္ဂလားဒေ့ရှ် နိုင် ငံက ပြန်လည် တောင်းယူပြီး၊ စစ်အခမ်းအနားနှင့်သူရဲကောင်း သဖွယ် အသုဘ အခမ်းအနား ကျင်းပသည်ကိုလည်း ဘင်္ဂ လားဒေ့ရှ် စစ်ဖက်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာများ၌ ဖော်ပြ ထားသည်ကို တွေ့ရသည်။ 

ထို့အတူ မေလ ၂၈ ရက်နေ့ဖြစ်ရပ်နှင့်ပတ်သက်၍ နယ်စပ်ဒေသ အခြေအနေများကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စစ်ဘက် ဆိုင်ရာ စာမျက်နှာများ၌ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ BGB အရာရှိကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် မီဒီယာများ က ရေး သားခြင်းများ အပြင် ဘင်္ဂလားဒေ့ရှ် ပါလီမန်ကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ နယ်စပ်ဒေသ၌ စစ်ရေး အင်အား တိုးချ၍ အဆင်သင့် ပြင်ဆင်ထားရန် အစိုးရထံ တိုက်တွန်းကြောင်း သတင်းများ ဖော်ပြခဲ့ကြသည်။ 

အလားတူ မြန်မာ လူမှုကွန်ရက်စာမျက်နှာများ၌လည်း နှစ်နိုင်ငံ စစ်ဖြစ်တော့ မည်ဖြစ်ကြောင်း၊ မြန်မာ တပ်မတော် ရေ၊ လေ တို့ မှ စစ်ကြောင်းများ ရခိုင်ဒေသသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ မြန်မာ စစ်တပ် ပစ်ခတ်၍ ဘင်္ဂါလီ စစ်သား ရာချီသေဆုံး သွား ပြီ ဖြစ်ကြောင်း စသည့် သတင်းများနှင့် လူမျိုးရေး မုန်းတီးမှု လှုံဆော်ရေးသားမှုများကို တွေ့ရသည်။ 

လူမှုကွန်ရက်ပေါ်မှ စစ်ပွဲကြီးကြောင့် မြန်မာ အစိုးရ အာဏာပိုင်များထံ မီဒီယာများက ဆက်သွယ်ခဲ့
သော်လည်း အချိန်နှင့်တ ပြေးညီ မရခဲ့ကြပေ။ ထို့အတူ အစိုးရ၏ လူမှုကွန်ရက် စာမျက်နှာများ၌လည်း မည်သည့် မက်ဆေ့ခ်ျကိုမှ ဖော်ပြမှု မရှိခဲ့သည် ကို တွေ့ရသည်။ 

ရခိုင်ပြည်နယ် အာဏာပိုင်များကလည်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်မှု မရှိခဲ့ပေ။ နယ်စပ် ဒေသ ရဲ အရာရှိ တချို့၏ ဖြေဆိုမှုကို ကိုးကား၍ မီဒီယာ တချို့က သာ ဖော်ပြနိုင်ခဲ့ကြ သည်။ 

အင်တာနက် လူမှုကွန်ရက်များ၌ ပွက်လောရိုက် ဆူညံ နေမှုသည် အစိုးရ အာဏာပိုင်များက သတင်းမှန်ကို အများပြည်သူ သိရှိစေရန် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမှု မရှိ၍ဟု ပြောဆိုပါက မှားမည် မဟုတ်ပါ။ 

ထို့ကြောင့်ပင် အစိုးရ အပေါ် လူ အများ၏ ဝေဖန်မှု ထွက်ပေါ်လာသည်။ မြန်မာ အစိုးရအဖွဲ့သည် စစ်တပ်အပေါ် သြဇာ သက်ရောက်မှု အားနည်းနေပြီး၊ စစ် တပ်အနေဖြင့် သီးသန့် အဖွဲ့အစည်း တရပ်အဖြစ် ရပ်တည်နေခြင်းသည်လည်း အားနည်းချက် တခုဖြစ်နေပေသည်။ 

အစိုးရ အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားဆောင်ရွက်နေမှုကို အာရုံလွှဲလိုခြင်း၊ နိုင်ငံရေး အမြတ် ထုတ်လို ခြင်း၊ စစ်တပ် ကို ကယ်တင်ရှင် အဖြစ် ဖန်တီးလိုခြင်း စသည့် ဝေဖန်စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ 

ထို့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ၎င်းတို့ နိုင်ငံတွင်း ရှုပ်ထွေးနေသည့် နိုင်ငံရေး ပြဿနာကို အာရုံလွဲစေလို၍ နယ်စပ်အရေးကို ပုံကြီးချဲ့ကား လိုက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 

မည်သို့ပင် ဆိုစေကာမူ လက်ရှိ နယ်စပ်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားနိုင်ငံ အစိုးရ အနေဖြင့် လည်း
ကောင်း၊ ဘင်္ဂါလီ မီဒီ ယာများ အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ အပေါ် လက်ဦးမှု ရယူနိုင်သွားသည် ကို ငြင်း၍ ရမည် မဟုတ်ပါ။ 

မြန်မာ သံအမတ်ကြီးအား ဆင့်ခေါ်၍သတိ ပေးခံရခြင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့ခံ ရခြင်းတို့ကို အခြေ ခံ၍သာ မြန်မာ အစိုးရ က တုံပြန်၍ သတိထောက်လွှာ ပြန်ပေးနိုင်ခဲ့သည်။ 

အလားတူ မိမိနိုင်ငံ၏ အချုပ် အခြာ အာဏာကို ထိပါးလာပါက သည်းခံမည် မဟုတ်ကြောင်းနှင့်ပြည်သူများ စိုးရိမ်မှု မရှိကြရန်လည်း မြန်မာအစိုးရ က ပြော ဆိုသည်ကို တွေ့ ရသည်။ ထိုအချိန်၌ နယ်စပ် အခြေအနေ မှာလည်း အတန်အသင့် ငြိမ်နေပြီ ဖြစ်သည်။ 

မြန်မာ အစိုးရ အနေဖြင့် ပြဿနာ တခုခု ဖြစ်ပွားပါက ထိုပြဿနာ ကြီးမား ကျယ်ပြန့်မသွားစေရေး အတွက် သတင်းမှန်ကို မြန်ဆန်စွာ မထုတ်ပြန်ခြင်းသည် ယခု တကြိမ်တည်း မဟုတ်ပါ။ 

မောင်တောမြို့နယ် ၌ ဖြစ် ပွားခဲ့သည့် ဒူချီးရာတန်း ပြဿနာတွင်လည်း အလားတူ ရှိခဲ့သည်။ 

တဖက်သတ် သတင်းများ နိုင်ငံ တကာသို့ ပြန့်နှံ့သွားသည့်အခါမှသာ သတင်းစာရှင်းလင်ပွဲ ပြုလုပ် ၍ နိုင်ငံတကာသို့ ရှင်းပြခြင်း၊ မီဒီယာ တချို့၏ လှုံဆော်မှု ကြောင့်ဟု ပြစ်တင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ 

လူမှုကွန်ရက် အားကောင်းနေသည့် ခေတ်၌ အကဲဆတ်သည့် ပြဿနာ များအား သတင်းထုတ်ပြန်ရန် အချိန်ဆွဲနေခြင်း၊ ဖုံးကွယ်ရန် ကြိုးစားခြင်းသည် ကောလဟာလများနှင့်ဖြင့် ပိုမိုကြီးထွားစေ ရေးကိုသာ ဦးတည်သွားနိုင်ပါသည်။ 

တချို့သော ပြဿနာများသည် သေးငယ်သော်လည်း လူမှုကွန်ရက်၏ လှုံဆော်မှုကြောင့် ကြီးမား ကျယ်ပြန့်သွားကာ ထိန်း မနိုင် သိမ်းမရသည့် သာတက အများအပြားရှိနေပြီးလည်း ဖြစ်သည်။ 

လူမှုကွန်ရက်သည် နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊ ပဋိပက္ခ ဖန်တီးလိုသူများ အတွက် အလွယ်ကူဆုံး လက်နက်လည်း ဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား၌ နယ်စပ် ပြဿနာ အပြင် ရေပိုင်နက် အငြင်းပွားမှုကြောင့်လည်း ၂၀၀၈ ခုနှစ် က ရေတပ် စစ်သဘောင်္များ၊ စစ်အင်အားများတိုးချ၍ စစ်ဖြစ်လု နီးပါးအထိ တင်းမာမှု ဖြစ်ခဲ့သေးသည်။ 

ထိုအချိန်မှ စတင်၍ နှစ်နိုင်ငံ နယ်စပ် တလျှောက်၌ သံဆူးကြိုးများ ကာရံခဲ့ကြပြီး မကြာခဏ ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့သည်။ 

မျက်မှောက်ခေတ်သည် အခြေအနေ အရပ်ရပ် ပြောင်းလဲနေပြီဖြစ်၍ နိုင်ငံတခုမှ တခြား နိုင်ငံတခုအား ရုတ်တရက် စစ်ကြေ ညာ၍ ၀င်တိုက်သည့် ခေတ်မဟုတ်တော့ပေ။

 နှစ်နိုင်ငံ စစ်ဖြစ်ပွားရမည့် ပြဿနာများ ပေါ်ပေါက် ပါကလည်း စစ်ရေးထက် သံတမန်ရေးဖြင့် ဖြေရှင်းရန် သာ ကြိုးပမ်းနေကြပြီ ဖြစ်သည်။ 

ထို့အတူ အချိန်မရွေး ပြဿနာ ဖြစ်လာနိုင်သည့် နှစ်နိုင်ငံ နယ် နိမိတ် ဖြစ်နေလျှင်လည်း သတိအနေ အထားဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ 


မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ငြိမ်းအေးရန် အဖြေရှာရေး၊ ရှေးဆက် ပြဿနာ မကြီးထွားစေ ရေး၊ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး အတွက် နှစ်နိုင်ငံ နယ်စပ်အရာရှိများသည် ဇွန်လ ၅ ရက်၊ ၆ ရက်နေ့တို့တွင် တွေ့ဆုံ ဆွေးနွေး၍ နှစ်နိုင်ငံ အလံတင် အခမ်းအနားကိုလည်း ကျင်းပမည် ဟု ကြေညာထားကြသည်။ 

ထို့အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ဖွဲ့မှ ဗိုလ်ချုပ်အဆင့်ရှိသူ တဦးကလည်း ၎င်းတို့ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း လိုကြောင်း၊ ဆက်ဆံရေး ကောင်းလိုကြောင်း၊ အိန္ဒိယ နယ်စပ်နှင့်နှိုင်းယဉ်၍ မီဒီယာများကို ပြောဆိုသည်ကို တွေ့ရသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ၀န်ကြီးကလည်း သံတမန်နည်း အရ ဖြေရှင်းလိုပြီး ယခုအခါ ပြဿနာများ အားလုံးနီးပါး တည် ငြိမ်နေကြောင်း ပြောဆိုထားသည်။ 

မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ပြဿနာသည် လက်ရှိတွင် တည်ငြိမ်နေသော်လည်း ရေရှည် တည်ငြိမ် သွားမည်ဟု မဆိုနိုင် သေးပေ။ 

အဘယ့်ကြောင့် ဆိုသော် လူဦးရေး အဆမတန် တိုးပွားနေသည့် ဘင်္ဂလားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုကို လုံးဝ တားဆီး နိုင်ဦးမည် မဟုတ်၍ ဖြစ်သည်။ မြန်မာ-ဘင်္ဂလား နယ်စပ်၌ ကာရံထားသည့် ခြံစည်းရိုးသည် လည်း အိန္ဒိယ နယ်စပ် ခြံစည်း ရိုးကဲ့သို့ ခိုင်ခံ့မှု မရှိခြင်း၊ နယ်မြေကျူးကျော်လာပါက ပစ်ခတ်ပိုင်ခွင့်ကို လည်း အိန္ဒိယ နယ်စပ်မှာကဲ့သို့ ဥပဒေ ပြဌာန်းထား ခြင်းမရှိပေ။ 

အကယ်၍ မြန်မာ-ဘင်္ဂလား၊ နှစ်နိုင်ငံနယ်စပ် ပြဿနာ တည်ငြိမ်လိုပါက နယ်စပ်လုံခြုံရေးအတွက် တင်းကြပ် သည့် ဥပဒေ ပြ ဌာန်းပြီး၊ RSO ကဲ့သို့သော အကြမ်းဖက် အုပ်စုကို ဖယ်ရှားနိုင်မှသာ အတန် အသင့် တည်ငြိမ်သွားနိုင်ဖွယ်ရှိသည်။ 


 ခင်ဦးသာ ~ 


 











ပညာရှင် များ သတိထား

Thursday, June 12, 2014 2 comments

  ဒေါက်တာဗမော်ဟာ အနောက်တိုင်း က ပညာတတ်တယောက်ပဲ ။ ပညာရှင်ပဲ။ မြန်မာပြည်မှာ အဦးဆုံး
ဒေါက်တာ ဘွဲ့ ရ သူတွေထဲမှာ ပါတယ်။ 



အနီရောင်နယ်မြေ ပုံမှန်အတိုင်းပါ

Tuesday, May 27, 2014 0 comments


 ငြိမ်းဇော် ~~
  
ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ မြို့နယ်တိုင်းလိုလို စစ်တပ်က တပ်စခန်း တွေ အခိုင်အမာ စွဲထားတာတွေ တွေ့မြင်ရမှာပါ။ ဘန်ကောက်မြို့မှာတော့ အခြေအနေတခုကို စောင့်ကြည့်  
နေတဲ့ အလား စစ်တပ် နဲ့ ရဲက နေရာအသင့် ယူထားပါတယ်။ 



 ဓာတ်ပုံ-ငြိမ်းဇော်( ဧရာဝတီ)~~

ရှပ်နီနယ်မြေ ဖြစ်တဲ့ ချင်းမိုင်မြို့မှာတော့ မူမပျက် သွားသွား လာလာ ရှိနေကြဆဲပါ။ စစ်တပ်က အနီရောင် 
တွေ စုဝေးတဲ့ နေရာတွေမှာ တပ်စွဲထားတာ လွဲပြီး ကျန်တဲ့ နေရာတွေမှာတော့ မရှိ သလောက် ပါ။ 

ထိုင်းအာဏာပိုင်တွေက ထုတ်ထားတဲ့ ည ၁၀ နာရီကျော် အပြင်မထွက်ရ အမိန့်ကလည်း ချင်းမိုင်မြို့ မှာ  တော့ နေရာတိုင်းလို လိုတော့ အကျူံးမဝင်ပါဘူး။ လူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ နေရာတွေ ကိုတော့ ချွင်းချက်အနေနဲ့ ဖွင့်ပေးထားပါတယ်။ 

ပုံမှန် ၂၄ နာရီ ဖွင့်ထားတဲ့ စူပါမားကတ်တွေ နဲ့ ကုန်တိုက်တွေက တော့ ည ၉ နာရီဆိုရင် ပိတ်နေတာ  
တွေ့ရပါတယ်။ ချင်းမိုင်မြို့က ပျံကျဈေးကြီးဝင်း တခုဖြစ်တဲ့ ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်က လာတဲ့ အသား၊ ငါး၊ ဟင်းသီး၊ ဟင်းရွှက် ဖြန့်ဖြူရာနေရာ ထိုင်းအခေါ် သလမွန်းမိုင် ဈေးကြီးဝင်းမှာ ထောင်နဲ့ ချီတဲ့ မြန်မာပြည် သားတွေ လုပ်ကိုင်စားသောက်နေကြပါတယ်။

 ဈေးက တညလုံးဖွင့်တာပါ။ မြန်မာအလုပ်သမားတွေ အဲဒီဈေးကြီးထဲမှာ ပုံမှန် သွားလာ လုပ်ကိုင်နေကြ ဆဲ ဖြစ်ပါတယ်။ 

 နိုင်ငံခြားသားတွေ စုစည်းရာ နေရာမျိုးဖြစ်တဲ့ ချင်းမိုင်မြို့ထဲက ဘီယာဘားတွေက ည ၁၀ အထိ ဖွင့်ထားတာရှိပေမယ့် ၁၀ နာရီကျော်တာနဲ့ အာဏာပိုင်တွေက ဆိုင်တွေပိတ်ဖို့ ဘားဆိုင်တွေထဲက လူတွေနဲ့ လမ်းပေါ်မှာ ရှိတဲ့ လူတွေ အားလုံး အိမ်ပြန်ကြဖို့ ကျူံးမြို့ရိုးတလျှောက် လိုက်လံ သတိပေးနေ တာတွေ ရှိပါတယ်။ 

ရပ်ကွက်တွေထဲက တနိုင်တပိုင် အိမ်ဆိုင်လေးတွေကတော့ ည ၈ နာရီ သိမ်းရတာကြောင့် သိသိသာသာ ဝင်ငွေကျဆင်း တယ်လို့ ဆိုင်ရှင်တွေက ဆိုပါတယ်။ အဲဒီထဲမှာ မြန်မာကွမ်းယာဆိုင်၊ ထမင်းဆိုင်၊ အရက်ဆိုင် တွေလည်း ပါပါတယ်။ 




 











မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့ သက်ဆိုင်သလား

Friday, May 9, 2014 4 comments

အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ 

ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာ 
ရွေးချယ်ခဲ့ပါတယ်။ 

 ဓာတ်ပုံ- Andrea Pistolesi

မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကို မကြည့်ပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန် အမျိုးစွဲ ထားဖို့ ဟောခဲ့တဲ့ တရား မပါဝင်ပါဘူး။ 

ရုပ်နာမ် ပရမတ်ကို ထွင်းဖေါက်မြင်တော်မူတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ ပုဂ္ဂိုလ် သတ္တဝါ ပညတ် အမြင် အပေါ် အခြေခံတဲ့ လူမျိုးစွဲ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။ 

အစွဲဆိုတာ တဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ဟာ တဏှာကင်းရာ ကုန်ရာကို ကျင့်ဖို့
ဟောတော် မူခဲ့တဲ့ တရားတော်သာ ဖြစ်ပါတယ်။ 

တဏှာပွားကြောင်းကို ဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရား က သူ့ရဲ့ သာကီဝင် မင်းမျိုးအတွက်ကိုသာ ရည်ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ 

မြတ်စွာဘုရားက (၃၁) ဘုံမှာ ရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒ က လူမျိုးတမျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။ 

အမျိုးသားရေးဝါဒကတော့ လူမျိုးတမျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓ၀ါဒ နဲ့ အမျိုးသားရေးဝါဒကို မရောထွေး သင့်ပါဘူး။ 

အမျိုးသားရေးဝါဒ စွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော် ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ 

ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံ ကြွလာတော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာန ထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇ
ဗြဟ္မဏရဲ့ ရဟန်းယုတ် ဦးပြည်းယုတ် သူယုတ်မာ စသည်ဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ခေါ်ဝေါ် ပြောဆိုမှုကို အကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။ 

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ရှေးယခင်မှ စပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ် အား
ကောင်းပြီး အမျိုးသားရေးဝါဒ အလွန် ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

ဝသလသုတ္တန်မှ အောက်ပါ ဂါထာ နှစ်ဂါထာကို ထုတ်နှုတ် ဖေါ်ပြလိုပါတယ်။ 

ကောဓနော ဥပနာဘိ စ၊ ပါပမက္ခီ စ ယော နရော ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ “အကြင်သူသည် အမျက် ထွက်လေ့ ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက် တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့် ပတ် တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏” န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ 
ဗြဟ္မဏော “အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏” 

 ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကို လေးစားကြည်ညိတဲ့ ဥပါသကာ ဒါယကာတယောက် ဖြစ်သွားခဲ့ပါတယ်။ 

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒကို လက်ခံကျင့်သုံးရန် သင့် မသင့် လေးနက်စွာ ပြန်လည် ဆင်ခြင် စဉ်းစားသင့်ပါ တယ်။ 

ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒမှ တဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကို မကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့ မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။ 

ပြင်းထန်တဲ့ လူမျိုး ဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုး ဖြစ်စေ သလား ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေ ပြခဲ့ပြီးပါပြီ။ 

ယခုလည်း ဆီးရီးယား အီရတ် နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သာမာန်ပြည်သူတွေဟာ ပြင်းထန် တဲ့ လူမျိုး ဘာသာ အယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြရတဲ့ သတင်းတွေကို နေ့စဉ်လိုလို 
တွေ့မြင်ကြားသိနေရပါတယ်။ 

 မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့ တရားတော်ကို လူမျိုးစွဲ ဘာသာစွဲ ဆိုတဲ့ တဏှာအစွဲနဲ့ အရောင် ဆိုးတဲ့ လုပ်ရပ်မှန်သမျှဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ 
ဗြဟ္မဇိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတနိုင်ငံဖြစ်ပါလျှက်နဲ့ မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာ အဆင်းရဲဆုံး အမွဲတေဆုံး နိုင်ငံ ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန် အစွဲကြောင့်ပဲ ဖြစ်ပါတယ်။ 

အာဏာကို မစွန့်နိုင် ဖြစ်နေကြတဲ့ စစ်အာဏာရှင် မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တပ်မက်
မော တဲ့ တဏှာကို စွန့်ဖို့ ဟောပြော ပြသ ဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရဲ့ တာဝန် ဖြစ်ပါတယ်။ 

ထိုတာဝန်ကို ထမ်းဆောင်ခြင်းဟာ လက်ရှိ မြန်မာ့နိုင်ငံ အရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံး လည်း ဖြစ်ပါတယ်။ 

ယနေ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဌာန်းဖို့ ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ သူတို့အတွက် လို မလို၊ အဓိက ကျ မကျ ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ 

ခေတ်ပညာတတ် ဘွဲ့ရတွေတောင် ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာ့ကြောင့် ဟောင်ကောင်ကို သွားပြီး အိမ်ဖေါ်လုပ်နေကြရပါသလဲ။ 

မြန်မာအမျိုးသမီးငယ် အများစု ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဆိုတာ အရိပ်အမြွက်မျှ သိချင် ရင် အထည်ချုပ်စက်ရုံ တရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ် ထင်ပါတယ်။ 

သူတို့အတွက် မျိုးစောင့်ဥပဒေ လို မလို ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့ အချိန်ရကြမယ် မထင်ပါဘူး။ 

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော် သံဃာတော် များစွာ ရှိကြပါတယ်။ 

ထိုဆရာတော် သံဃာတော်များဟာ ရဟန်းသဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို မကြိုက်ပေမယ့် ရှုတ်ရှုတ်ရှက်ရှက် ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူ လိုတာကြောင့် ဒီကိစ္စအပေါ်မှာ တခွန်းတပါဒမျှ မိန့်ကြားမှု မပြုကြတာပါ။ 

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲ ကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာ တချို့ကို မြင်ရတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသား နိုင်ငံကို ဆင်းရဲတွင်း နက်သထက် နက်အောင် တွန်းပို့နေသလိုပါပဲ။ 


မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေး ပဓာနတရား လက်ကိုင်ထားကြတဲ့ စစ်အာဏာရှင် မျိုးဆက်အတွက်
တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာ သေချာပါတယ်။ 


အရှင်စန္ဒိမာ (မွန်စိန်တောရ)~


 








Just for laughs (Gags) အစီအစဉ်နဲ့ မြန်မာပြည်

Sunday, May 4, 2014 0 comments

ABC/Telemundo (U.S.), TVA/CBC/The Comedy Network /YTV (Canada), BBC1 (UK), TF1 (France), ETB 1 (Basque Country) လွှင့်နေတဲ့ ကနေဒါနိုင်ငံ အခြေစိုက် Just for laugs (Gags) ဟာသ အစီအစဉ် ပရိုဂရမ်ကိုသာ မြန်မာပြည်မှာ လုပ်ရင်လေ အရိုက် ခံရမလား ပါးရိုက် ခံရမလား ဓားနဲ့ အထိုးခံရမလား ကွမ်းတံတွေးနဲ့ အထွေးခံရမလား ဆိုပြီး အတွေးတွေ ရှည်မိသေးတယ်၊ ယဉ်ကျေးပါတယ် ဆိုတဲ့ ကိုယ့်ပြည် အကြောင်း အတွေး တစ်ပိုင်း တစ်စလေးတွေပါ

အပျင်းပြေ ဒီလင့်မှာ ကြည့်ရှုလေ့လာ နိုင်ပါတယ်။ 


http://www.youtube.com/channel/UCpsSadsgX_Qk9i6i_bJoUwQ 









ဦးဝင်းတင် ဆုကို ပန်ကြပါ

Thursday, May 1, 2014 0 comments

လူတယောက်ရဲ့ တန်ဖိုးကို သူမရှိတော့တဲ့ အခါမှ ပိုသတိထားမိကြမယ်ဆိုလျှင် ထိုအမျိုးအစားထဲ အကျွန်ုပ်တို့မပါကြောင်း တထစ်ချ ပြောလို့ ရပါသည်။ သင်္ကြန် အပြီး ဧပြီ ၂၀ရက်နေ့က အမေရိက စံတော်ချိန် ညနေ ၈နာရီကျော်ကျော်လောက်မှာ ဗိုင်ဘာကနေ ဖုန်းဝင်လာသည်။ 

 ဧရာဝတီ သတင်းဌာန ရန်ကုန်ရုံးသို့ ယမန်နှစ် ဒီဇင်ဘာလက လာရောက်လည်ပတ်စဉ် 
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ဓမ္မရိပ် မဂ္ဂဇင်းမှာ တာဝန်ရှိသူများနှင့်-နောက် ဒီလှိုင်းက ကိုမိုးထွန်းတို့ဆီက ဖြစ်သည်။ 

ဆရာကြီး ဆုံးပြီ အခုမနက် ၆နာရီ ၃၀ကတဲ့။ 

ကိုယ်နှင့် အတူရှိနေသော စာရေးဆရာကံထွန်းသစ်ပါ ဟာကနဲ ဟင်ကနဲ ဖြစ်ကြ။ အခြေနေတွေ ကို မေးကြနှင့် ယောက်ယက်ခတ်သွားသည်။ 

ဆရာကြီးဟု ဆိုဆို -ဘဘလို့ ပြောပြော အားလုံးက သူတဦးတည်းကိုသာ ရည်ညွှန်းကြောင်း နားလည် ကြပြီး သားလည်း ဖြစ်သည်။ 

ဆရာကြီးဦးဝင်းတင်နှင့် လူချင်းထိတွေ့မှုအရ တွေ့ဘူးသည်ဟု စကားအဖြစ် ပြောဖြစ်ရုံမျှသာ။

၁၉၈၉ခုနှစ် ဇူလိုင်လလောက်က ဖြစ်သည်။ 

ယခု ဗကသ တာဝန်များဖြင့်လှုပ်ရှားနေသော မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်း တို့ပါတီရုံးစိုက်ရာ မနတ ပါတီရုံးခန်းတွင် ရောက်ရှိခိုက်က အခိုက်အတန့် မြင်ဘူးလိုက်ခြင်းလောက်သာ အနီးကပ်ဆုံး ဆုံတွေ့မှုရှိခဲ့ဘူးသည်။ 

မဖြိုးဖြိုးအောင်၏မိခင် မသန္တာက အဲ့ဒါ ဦးဝင်းတင်ဟုပြောမှ သတိထားမိခြင်းဖြစ်သည်။ 

မှတ်မှတ်ရရ စာမဖွဲ့လောက်။ ထောင်ထဲ ကိုယ်စီ ရောက်ကြတော့လည်း ဆရာကြီးဦးဝင်းတင် နှင့်က တထောင်စီ။ ဒီတော့ ဦးဝင်းတင်၏ ထောင်ထဲအကြောင်း ပြောပြပါဆိုလျှင်လည်း ကိုယ်တွေ့ တခုမှ မရှိခဲ့။ အခြားပတ်သက်ဘူးတာ ဆိုလို့ အေအေပီပီ မှ ဘာလဲဟဲ့လူ့ငရဲ စာအုပ်မိတ်ဆက်ပွဲမှာ ဆရာကြီးဦးဝင်းတင်
နှင့် ပတ်သက်သော ပွဲကို တခါတက်ခဲ့ဘူးသည်။ 

နောက်တခါကတော့ ဒီဗွီဘီမှ ဘာလဲဟဲလူ့ငရဲ စာအုပ်အတွက် စကားဝိုင်းတခု မဲဆောက်ကို လာရိုက်ကူး စဉ်က ဖြစ်သည်။ ထိုကဏ္ဍတာဝန်ခံ ကိုခင်မောင်စိုး (ကိုသာမည)က ထောင်နှင့် ပတ်သက်ခဲ့ဘူးသူတွေ၏ စကားနှင့် စာအုပ်အပေါ် ခံစားချက်အမြင် တို့အတွက် ပါဝင်ပေးရန် လှမ်းလျှောက် ချက်အရ ဆရာကြီး ဦးဝင်းတင်နှင့် ပတ်သက်ခဲ့ခြင်း တခုတော့ ရှိခဲ့ဘူးသည်။ 

ထိုသို့ လူချင်းဆက်စပ်မှုအရ သေးသေးလေးဖြင့်သော်လည်း နှလုံးသားဝိညာဉ်တို ပူးကပ်မှုအရ ကြီးမားသောကြောင့်ပင် ယခုလို စာတစောင်ကို မဖြစ်မနေရေးချင်စိတ်က နှိုးဆော်လာခြင်းဖြစ်သည်။ 

ဆရာကြီးဦးဝင်းတင်၏အသံ ဆရာကြီးဦးဝင်းတင်၏စာတို့က ယိုင်မိခိုက် မတ်သွားအောင် ငိုင်မိခိုက် လန်း သွားအောင် ဝေးဝါးခိုက် လင်းသွားအောင် ပြုခဲ့သည်ချည်း။ 

လမ်းနှစ်ခွတွင် ဘယ်လမ်း ရွေးရမည်ဟု ဝေခွဲမရလျှင် သူ့လက်ညှိုးရှေ့က လမ်းကိုသာ ယုံကြည်စွာ ရပ် လိုက် ကိုယ်လျှောက်ရမည့် လမ်းကို တိတိကျကျ မှန်ကန် တွေ့ရမည် ဖြစ်သည်။ 

ဒီတော့လည်း ကိုယ့်ဘာသာ မရှင်းသော ပုစ္ဆာတပုဒ်အတွက် ဆရာကြီးဆီ မျှော်ကြည့်မိက အဖြေတို့ အလွယ် တကူ ရပြီးသား ဖြစ်နေတော့သည်။ 

ဆရာကြီးဆုံးပြီး ဆရာကြီးသတင်းများအဆက်မပြတ် ကြားနေရသည်။ 

ပြည်သူ့ဈာပနတဲ့။ သူ့ဘဝသည် ပြည်သူ့အရေး ဖြစ်ပြီး။ ပြည်သူ့ အရေးသည်လည်း သူ့ဘဝ ဖြစ်နေသည်ကို။ လူထုကို နှလုံးသားထဲ ထည့်ထားမှတော့ လူထုကကော သူ့ကို နှလုံးသားထဲ ထည့်ထားတော့ ပေမပေါ့။ 

ဆရာကြီးကို အာဏာရှင်တို့ ကြောက်ရွံ့ခဲ့ကြသည်မှာ အသက်ရှင်တုန်းကလည်း ရှာကြံဖန်တီးထားသော လုပ်ကြံပြစ်မှုဖြင့် အကြောက်တရားက စစ်တပ်သတ္တိမရှိမှန်း ပြသခဲ့သည်။ 

အခုသေဆုံးတော့ကော သူတို့ တထိတ်ထိတ်ဖြင့် အကြောက်ပိုကြပြန်သည်။ ရှင်သူနှင့် မဆိုထားနှင့် သေသူ
နှင့် ပါ စစ်မခင်းဝန့်သော စစ်တပ်ပါပေ။ စစ်တပ်က ကြောက်သလောက် ပြည်သူကတော့ သူ့ကို ချစ်ကြောင်းပြသ နေသည်။ 

ပြည်သူတွေက ဘဘကို နှလုံးသားထဲတင်မက သမိုင်း ကလပ်အထက်မှာ တခမ်းတနား ထားကြဦးမည် လည်းဖြစ်သည်။ အနာဂတ်ရက်များစွာ ထိန်ပြောင်လင်းဖို့ဆိုသည်မှာ ရှင်သန်စဉ်က သစ္စာမီးအိမ်ကို ဘယ်လောက် ခိုင်ခိုင်ကိုင်ခဲ့ သလဲဆိုတာနှင့် အဖြေထုတ်ရမည်ထင်သည်။ 

ဆရာကြီးပေးခဲ့သောအလင်းက အာဏာရှင်ကို ဆန့်ကျင်သူတို့အတွက် လမ်းပြပေး နေဦးမည်ဖြစ်သည်။ ဆရာကြီးကိုင်ခဲ့သောတရားက ဒီမိုကရေစီရေးကြိုးပမ်းသူတို့အတွက် အားဖြစ်နေဦးမည်။ 

ဧပြီ -၂၆ရက်နေ့က တက္ကဆပ် ပြည်နယ် အမာရီလိုမြို့မှ ကိုကျော်ဝေစိုး ဖုန်းဆက်လာသည်။ သူတို့မြို့မှာ ဆရာကြီးအတွက် အောက်မေ့ဖွယ် ဆွမ်းသွပ်သောပွဲမှာ စကိုက်မှ စကားပြောပေးဖို့ လျှောက်လာသည်။ ဆရာကြီးအတွက် ကျေးဇူးမော်ကွန်းကို ဆိုခွင့်ရလိုက်မှုတခုဟု ကျေနပ်ရသည်။ 

၂၆ ရက်ညနေခင်းမှာပင် အောင်ရတနာ ဘုန်းတော်ကြီးမှ ဖုန်းဆက်ပြီး ညကျိန်းစက်ကြွရန် မနက် ခင်း ဆရာကြီး ဦးဝင်းတင်အတွက် အလှူလာလုပ်မည်ဖြစ်၍ ဆက်ဆက်ကြွရောက်ဖို့ ပင့်လာပြန်သည်။ ပင့်သောဆရာတော်က မည်သူမည်ဝါတွေက စီစဉ်ကျင်းပသည်ကို ပြောမပြ။ 

ဒီတော့ သာမန် ဆရာကြီးကို လေးစားသူများက စီစဉ်သော ပွဲအဖြစ်သာ မှတ်ထင်ထားလိုက်သည်။ 

မနက်မိုးလင်းတော့ အလှူလုပ်မည့်သူများ အသံ ကြားရပြီး ခဏအကြာမှာ ကျောင်းဘုန်းကြီးလေးမှ 

“ဆရာတော် ဒကာတွေက ကြွပါဦးတဲ့ဘုရား;” ဟုလာလျှောက်သည်။ 

အခန်းပြင် ထွက်လိုက်တော့ “အရှင်ဘုရား ရောက်တာကြာပြီလားဘုရား” တရင်းတနှီး ရှိပြီးသား သူတွေ။ 

နေရိန်ကျော်၏ မိဘများ။ ဒီတော့ ဒီအလှူ ဘယ်သူတွေ စီစဉ်သည်ဆိုတာ သိလိုက်ရသည်။ 

နေရိန်ကျော် အဖေဆိုတာက ဆရာကြီးဘဘ ဦးဝင်းတင်နှင့် ရင်းရင်းနှီးနှီး အလုပ်အတူတူ လုပ်လာခဲ့ သည့် နှစ်ကို တွက်ကြည့်တော့ ကိုယ့် အသက်နှင့် အတူတူ။ တခဏ အကြာမှာ နေရိန်ကျော်တို့ ဇနီးမောင်နှံ၊ ဒေါက်တာစိန်ဝင်းတို့ မိသားစု ရောက်လာ ကြသည်။ 

တခြားဖိတ်ကြားထားသော မိတ်ဆွေများ ပါရောက်လာကြသည်။ ပရိသတ်အားဖြင့် များများစားစားတော့ မဟုတ်။ သို့သော်လည်း ဆရာကြီး၏ အရင်နှီးဆုံးသော မိတ်ဆွေများ။ မြန်မာ့နိုင်ငံရေး လောကအတွက် ထဲထဲဝင်ဝင် ဘဝကို ပုံပေးထားခဲ့ကြသူတွေ ။ သူတို့တွေ၏ တန်ဖိုးသိသော ကျေးဇူးမော်ကွန်း တခုဟု ဆိုရမည်။ 

တရားချီးမြှင့်တော့ ဆရာကြီးကို မြန်မာတပြည်လုံးသာမက အဝေးရောက် မြန်မာများကပါ ချစ်ခင်ကြတယ်။ အခုလို ကုသိုလ်ပြုအမျှဝေသည့်ပွဲ ကမ္ဘာအရပ်ရပ် ပြုနေကြတာတွေကို ဆရာကြီးသာ ရရှိပါက ဆရာကြီး ရဲ့ဗိမာန်ဟာ သိကြားမင်းရဲ့ ဗိမာန်ထက်တောင် ကြီးနေလောက်ပြီလို့ ထည့်ပြောဖြစ်သည်။ 

ဒါပြင်မက စာပေထဲမှာ ကုသိုလ်ရှင်တွေဟာ မသေခင်ထဲက ဗိမာန်ပေါက်တဲ့ ဇာတ်လမ်းတွေအရဆိုလျှင် ဆရာကြီးရဲ့ ဗိမာန်ဟာလည်း ပေါက်ပြီးသား ဖြစ်နေလိမ့်မယ်လို့ပါ တရားထဲ ထည့်ဟောဖြစ်လိုက်သည်။ 

ရေစက်ချ အမျှဝေ အပြီး စကားဝိုင်းလေး စဖြစ်သည်။ အတူနေသူ တို့ဆီမှ ဆရာကြီးအနီးကပ်မြင်ကွင်းကို ပီပီသသ တွေ့လိုက်ရသည်။ 

အတ္တတခုလုံး အသေးဆုံးအနေထားဖြင့် တည်ဆောက်ထားသော ဆရာကြီး၏ ဘဝကို စာတွေအသံတွေ ဆီက လေးစား ထားမှုသည် အဝေးမြင် လူတကာသိနှိုင်သော အနေထားဖြစ်သည်။ 

ဆရာကြီး ဘဝတလျှောက် အနီးကပ်နေလာခဲ့သူ မိတ်ဆွေ ဦးရွှေကျော် ဆီမှ ဆရာကြီး၏ နေထိုင်မှုပုံစံကိုပါ သိလိုက်ရသည်။ ဘဝတခုလုံး အတ္တအတွက်ထက် ပရ အတွက်ပဲ ရှိခဲ့သူ။ 

စာပေဗိမာန်လစာ ကောင်းကောင်းရသော အချိန်မှာလည်း ရသမျှလစာသည် သူတကိုယ်ရည် သုံးဖို့ အနေထား ထက် သူ့အနီးနားက မပြည်စုံသူတွေအတွက် ရသမျှ အကူညီပေး ဖို့သာဖြစ်သည်။ 

ထင်ပေါ်ကျော်ကြားလိုသော စိတ်ဖြင့် ပြုလုပ်နေခြင်းမဟုတ်။ တချို့ခလေးများကို ကျောင်းထားပေး နေ သည့် ကိစ္စ ဘယ်သူမှ မသိကြဟုဆိုသည်။ နောက်ပိုင်း ကျောင်းသားများက ပြန်ပြောပြ၍ သိရခြင်းဖြစ် သည်။ သူကတော့ သူ ကူညီနေသည်ဟု ဘယ်သူ့ကိုမျှ ပြောမပြ။ 

“ကိုဝင်းတင်က လက်နက်ကိုင် လမ်းစဉ်ကို ဟိုတုန်းကလည်း မယုံဘူး အခုလည်း လက်မခံဘူး။ အထူး သဖြင့် ဖောက်ခွဲတာတွေ” လက်နက်ကိုင် လမ်းစဉ်ကို သူမရွေးခဲ့။ နှလုံးရည် တိုက်ပွဲဖြင့်သာ လမ်းကြောင်း ကို ရွေးထားသည်မှာ ဟိုအရင် အစောထဲက ဖြစ်သည်။ 

ဘဝမှာ ပိုင်ဆိုင်သမျှကို အတ္တထက် ပရအတွက်ကိုသာ ရည်သန်ထားသူ။ အရပ်ရပ်မှ ဘဘသုံးဖို့ ဟုပေး လာသော ပစ္စည်းဝတ္ထုကို အသာထား သူရရှိထားသော ဆုမှ ငွေကြေးနှင့်ပင် တင့်တင့်တယ်တယ် နေမည် ဆို က ပြည့်စုံသူတယောက် ဖြစ်နေပါသည်။ 

သို့သော်လည်း အိတ်ကပ်ထဲ ရောက်လာသမျှကို အကျိုးရှိရှိ အသုံးပြုနေသည်။ ကိုယ်တွေက အခု ဦးဝင်းတင်ဖောင်ဒေးရှင်း လုပ်မှ ဦးဝင်းတင်၏ ကောင်းမှုကို သိခဲ့ရသော်လည်း တကယ့် ဦးဝင်းတင်
ဖောင်ဒေးရှင်း က ဟိုးပဝေသဏီ ရှေးထဲက လူမသိ သူမသိ တည်ရှိနေခဲ့တာ ကြာပါပကော။ 

အသက်ရှင်နေထိုင်ရမှုအတွက် လိုအပ်သည်ထက် ပိုပြီး သူ့ဆီမထား၊ အစားအသောက် အနေအထိုင်က အစ ထမင်းတနပ်တည်း စားခဲ့သည်မှာ ကြာပြီဟုဆိုသည်။ ကားစီးနှိုင်သော်လည်း ဆိုက်ကားလောက်နှင့် လိုရာရောက်မည်ဆိုလျှင် ဆိုက်ကယ်ကိုတောင် စိတ်ထဲထည့်မည့်သူမဟုတ်။ 

ထောင်ကလွတ်ပြီးနောက်ပိုင်း ဟိုကသည်က ရသမျှကို ပေးဝေငှနေသည်မှာပင် သိန်း-၇၀၀-၈၀၀လောက် ရှိနေပြီ။ အိပ်ထဲမှာ အပိုတကျပ်တပြားမှ မထား။ ကြုံသလို လမ်းဘေးက ငှက်ပျောသီး တလုံးလောက် နှင့် လည်း တင်းတိမ်နှိုင်သူကြီး။ သူ့ရှိတာ သူစားဖို့ထက် သူများဝေငှဖို့ အစဉ်တွေးနေသူ။ 

ဦးဝင်းတင်လို လူမျိုးတွေ မြန်မာပြည်မှာ များများပေါ်ပေါက်လာလျှင် ဒီတိုင်းပြည်ကြီး ကောင်းပြီဟု တထစ် ချ ပြောလို့ ရပြီ။ ဦးဝင်းတင်လို ဘဝ၊ ဦးဝင်းတင်လို စိတ်ဓာတ်ရှိသူတွေ များများ ပေါ်ထွက်ဖို့လိုပြီ။ 

လူတွေက ဘုရားဆု ပန်ကြသည်။ သိကြားဆုပန်ကြသည်။ ဆု-ဆု ဆု တွေ လိုချင်ကြ၊ ဆုပန်ကြ၊ ဆုတောင်းကြသည်။ 

ဘုရားဆုပန်၊ သိကြားဆုပန်က ကိုယ်လိုချင်သော ဘဝနှင့်တန်သော အကျင့်အကြံ အနေထိုင်တွေကို ကျင့်ကြံနေ ထိုင် ကြရသည် မဟုတ်လော။ ဦးဝင်းတင်လို ဖြစ်အောင်တောင် ဘယ်လောက် ကြိုးပမ်းရမည် ထင်ပါသနည်း။ 

ကျင့်ကြည့်ကြပါဦး။ ဦးဝင်းတင်လို တထပ်တည်းကျသော ဘဝကို မဆိုထားနှင့် သူလို ဖြစ်ရန် ကျင့်ဆောင်
နေတုန်း အခိုက်မှာပင် လောကကြီးကို ကောင်းကျိုးပြုနေမှာ သေချာပါသည်။ ။ 

ဒီတော့ အားလုံးကို တိုက်တွန်းလိုက်ချင်ပါသည် မြန်မာပြည်ကြီးကောင်းဖို့၊ လောကကြီးကောင်းဖို့အတွက် လူတိုင်း လူတိုင်း ဦးဝင်းတင်ဆုကို ပန်ကြပါဟု----။ 



အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) ~

ဤဆောင်းပါး ဤအတွေးကို ရေးဖြစ်ရန် စေ့ဆော်ပေး အစပျိုးပေးသော ကိုနေရိန်ကျော်ကို ကျေးဇူး မှတ်တမ်းတင်ပါသည်။ 


 





ခရိုင်းမီးယားပြဿနာ မြန်မာတွေ ဘယ်လိုသင်ခန်းစာယူကြမလဲ

Wednesday, March 19, 2014 1 comments


ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ယူကရိန်းနိုင်ငံက ခရိုင်းမီးယားဒေသနဲ့ပတ်သက်တဲ့ ကိစ္စ ကို မတ်လ ၁၀ ရက်နေ့က ညီစောလွင်က မြန်မာတွေ စဉ်းစားရမယ့်ခရိုင်းမီးယား ပြဿနာဆိုပြီး ရေးသားတင်ပြခဲ့ပါတယ်။ 
 အခု မတ်လ ၁၈ ရက်နေ့ကတော့ ၂၁ ရာစုမှာ အကြီးကျယ်ဆုံး ကမ္ဘာကြီးမှာ စိန်ခေါ်မှုကြီးတခုက ဘွားက နဲ့ ပေါ်လာခဲ့ပါပြီ။ 

ခရိုင်းမီးယားက ရုရှတွေကို ကာကွယ်ဖို့ အကြောင်းပြပြီး ရုရှလက်နက်ကိုင်တပ်တွေ ဝင်တပ်စွဲထားတယ် 
(ဓာတ်ပုံ – Reuters)

ခရိုင်းမီးယားပါလီမန်က ယူကရိန်းကခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းရေးအဆို ဝိုင်းဝန်းထောက်ခံပြီးနောက်မှာ
တော့ ခရိုင်းမီးယားကို ရုရှားသမ္မတ ပူတင်ကရရှားနိုင်ငံရဲ့ နယ်နမိတ်တခု တခုအဖြစ် အသိအမှတ်ပြု လက်မှတ်ထိုးလိုက်ပါပြီ။ ဒါကြောင့် မြန်မာတွေအနနဲ့ ခရိုင်းမီးယားပြဿနာက ဘယ်လိုသင်ခန်းစာယူကြ မလဲ ဆိုတဲ့ ဧရာဝတီက ဖော်ပြထားခဲ့တာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

မြန်မာတွေ စဉ်းစားရမယ့် ခရိုင်းမီးယား သင်ခန်းစာ

 

 လတ်တလောဖြစ်ပွားနေတဲ့ ရုရှားလက်နက်ကိုင်တွေ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို ဝင်တပ်စွဲတာ ကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးအတွက် နှိုင်းယှဉ် သင်ခန်းစာထုတ်စရာတွေ ဖြစ်လာနေပါတယ်။

နိုင်ငံရေးစနစ်နဲ့ ပထ၀ီ နိုင်ငံရေးရူ့ထောင့် ကြည့်ရင် ရုရှားနဲ့ တရုတ်တို့ ကြားမှာ တူညီချက်များစွာရှိသလို ယူကရိန်းနဲ့ မြန်မာတို့ကြားမှာ တူညီချက်များစွာ ရှိပါတယ်။ 

ဒီလိုပဲ ရုရှား-ယူကရိန်း ဆက်ဆံရေးနဲ့ တရုတ်-မြန်မာဆက်ဆံရေးမှာ နှိုင်းယှဉ်စဉ်းစားစရာ အချက်တွေ 
တော်တော်များများတူနေလို့ ခရိုင်းမီးယား အရေးက မြန်မာပြည်အတွက် စိုးရိမ်စရာရော၊ သင်ခန်းစာ ယူစရာတွေရော အမြောက်အမြား ရှိပါတယ်။ 

ရုရှားဟာ ယူကရိန်းနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါ ဖြစ်သလို တရုတ်ဟာလည်း မြန်မာနဲ့ ခြံစည်းရိုး ချင်း ကပ်နေ တဲ့ ဂရိတ်ပါဝါဖြစ်နေတယ်။ 

ရုရှားဟာ ယူကရိန်းရဲ့ အဓိက ကုန်သွယ်ဖက် ဖြစ်သလို တရုတ်ဟာလည်း မြန်မာရဲ့ အဓိက ကုန်သွယ် ဖက်ဖြစ်တယ်။ ရုရှားဟာ ယူကရိန်းရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်သလို၊ တရုတ်ဟာ မြန်မာရဲ့ အကြီးဆုံး 
ကြွေးရှင်ဖြစ်တယ်။ 

ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေ ဖြစ်ပြီး ယူကရိန်းနဲ့ မြန်မာတို့ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အားယူနေဆဲ နိုင်ငံတွေဖြစ်တယ်။ 

ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံနဲ့ ခြံစည်းရိုးချင်း ကပ်လျက်မှာ အားကြီးတဲ့ အာဏာရှင်နိုင်ငံ ရှိခြင်း၊ မရှိခြင်းဆိုတဲ့ အချက်ဟာ ပညာရှင်တွေ ထည့်သွင်း စဉ်းစားကြတဲ့ အချက်ဖြစ်ပါတယ်။ 

ဒီအချက်ဟာ တရုတ်ပြည် နောက်ဖေးပေါက်နားက မြန်မာပြည်အတွက် အထူး စဉ်းစားသင့်တဲ့ အချက်ဖြစ် ပါ တယ်။ 

ဒီလို ပြောလို့ အင်အားကြီးတဲ့ အာဏာရှင်နိုင်ငံနဲ့ အိမ်နီးချင်းမို့လို့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ဖို့ မဆိုလိုပါဘူး။ သင်ခန်းစာယူဖို့နဲ့ သတိရှိနိုင်ဖို့ လိုတယ် ဆိုတာကို ပြောချင်တာပါ။ 

ယူကရိန်းရဲ့ ပထမအမှားက ရုရှားရဲ့ အကျိုးစီးပွားကို လျစ်လျူရူ့ခဲ့တယ်။ ယူကရိန်းမှာ အကျင့်ပျက်ပြီး ညံ့ဖျင်း တဲ့ အစိုးရကို လူထုအုံကြွမှုနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ကောက်ခါငင်ခါ အာဏာရလာတဲ့ အစိုးရ တရပ်အနေ နဲ့ ခြံစည်းရိုးချင်းကပ်နေရုံသာမက အင်အားကြီးတဲ့ အိမ်နီးချင်းနဲ့ ဆက်ဆံတဲ့နေရာမှာ လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမျိုး မဖြစ်ခဲ့ဘဲ ရုရှားဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပြသခဲ့တယ်။ 

တကယ်တော့ ယူကရိန်း နိုင်ငံတည်ငြိမ်ရေးအတွက် ရုရှားရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မရရင် မဖြစ်နိုင် ပါဘူး။ ဒုတိယအမှားက လူနည်းစု အခွင့်အရေးနဲ့ ဆိုင်ပါတယ်။ 

ကိယက်မြို့တော်ကနေ ယန်နိုကူဗစ် ထွက်ပြေးသွားတယ်ဆိုရင်ပဲ ယူကရိန်း လွှတ်တော်က ရုရှားဘာသာ စကားနဲ့ တခြား လူနည်းစုတွေရဲ့ ဘာသာစကားကို တရားဝင်အဆင့်အတန်းကနေ ဖျက်သိမ်းခဲ့တယ်။ 

ခရိုင်းမီးယား ဒေသမှာ ရုရှားလူဦးရေက ၆၀ ရာခိုင်နှုန်း၊ ယူကရိန်းက ၂၅ ရာခိုင်နှုန်း၊ တာတာ (မွတ်စလင်) 
တွေက ၁၂ ရာခိုင်နှုန်း ရှိပြီး လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုရှားစကားကို အဓိက ဘာသာစကားအနေနဲ့ အသုံးပြုကြပါတယ်။ 

ကီယက်မြို့မှာ ယူကရိန်း အစိုးရသစ်က ရုရှား ဘာသာစကားကို တရားဝင် ဘာသာစကားအဖြစ်ကနေ ဖျက်သိမ်းလိုက်တဲ့အခါ ခရိုင်းမီးယားက ရုရှားလိုလားတဲ့ အရပ်သားတွေကပဲ လွှတ်တော်ကို ၀င်သိမ်းဖို့ ကြိုးစားကြတယ်။ 

ယူကရိန်းမြေပေါ်မှာ ရုရှားတွေအတွက် အန္တရာယ် ကျရောက်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရ တယ် ဆိုပြီး ပူတင်အတွက် အကြောင်းပြ တခါတည်း ရသွားပါတယ်။ 

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပထ၀ီ နိုင်ငံရေးနဲ့ ရှေ့ဖြစ်ဟော စာရေးဆရာတွေက အင်အားကြီး နိုင်ငံတွေ ကြား က အာဏာပြိုင်တွေကို ကြိုတင်နိမိတ်ဖတ်ခဲ့ပါတယ်၊ ရောဘတ်ကာဂန် (Robert Kagan) ရေးတဲ့ “သမိုင်းတကျော့ပြန်နှင့် အိပ်မက်များ နိဂုံး” (The Return of History and the End of Dreams) စာအုပ်နဲ့ သိပ်မကြာခင်က ထွက်ထားတဲ့ ဂျော့ ဖရိုင်းမင်း (George Friedman) ရဲ့ နောက်လာမယ့် နှစ် ၁၀၀ ( The Next 100 years) စာအုပ်မှာ ဒီနေ့ ခရိုင်းမီးယား ပြဿနာကို ကြိုတင် နိမိတ်ဖတ် ထားပါ တယ်။ 

ဂျော့ဖရိုင်းမင်းဆိုရင် ၂၀၂၀ မတိုင်ခင်မှာ ရုရှားက ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းတွေအပေါ် သြဇာစက်ကွင်းချဲ့ထွင်တာကို အထင်အရှားတွေ့ရလတ္တံလို့ နိမိတ်ဖတ်ခဲ့ပါတယ်၊ ရုရှားလိုပဲ သတိထားရ မယ့် နိုင်ငံက တရုတ်နိုင်ငံလို့ ဆိုထားပါတယ်။ 

 “ရုရှားက ခရိုင်းမီးယား ဒေသကို ကျူးကျော်ခွင့်ရသွားရင် ဒါက ပထမ ခြေလှမ်းပဲ။ အကျိုးဆက်က ယူကရိန်း ပိုင်နက်တခုတည်း မဟုတ်ဘူး၊ တကမ္ဘာလုံးအပေါ် ဂယက်ရိုက်သွားမယ်လို့ ပြောရဲတယ်” လို့ ယူကရိန်းရဲ့ အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ်၊ ၀န်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ တီမိုရှန်ကိုက သတိပေးတယ်။ 

အလားတူ သတိပေးတဲ့ တယောက်ကတော့ နာမည်ကျော် စာရေးဆရာ ဇာကာရီယာ ဖြစ်ပါတယ်။ 

သူက “ ရုရှားက အိမ်နီးချင်းနိုင်ငံဆီကကနေ အစိတ်အပိုင်းတခုကို သိမ်းသွင်းတာကို လက်ပိုက်ကြည့်နေ ကြရင် တရုတ်နိုင်ငံလို တခြား ဂရိတ်ပါဝါတွေကလည်း အလားတူ လိုက်လုပ်ကြရင် မခက်ကုန်ဘူးလား” လို့ သတိပေးပါတယ်။ 

ဇာကာရီယာရဲ့ ခန့်မှန်းချက်သာ အမှန်ဖြစ်ခဲ့ရင် ယူကရိန်လို ကံကြမ္မာမျိုး ပထမဆုံးကြုံရမယ့် နိုင်ငံ ဟာ မြန်မာနိုင်ငံလို့ ထင်ပါတယ်။ 

ခရိုင်းမီးယား ဒေသလိုပဲ သမိုင်းကြောင်းအရရော၊ ပထ၀ီ နိုင်ငံရေးအရရော အမှားမခံတဲ့ နယ်နိမိတ်မျဉ်း
တွေ (fault lines) မြန်မာပြည်နဲ့ တရုတ်ပြည် နယ်နိမိတ်မျဉ်း တလျှောက်လုံးမှာ ရှိနေပါတယ်။ 

တရုတ်နဲ့မြန်မာတို့ ကြားက နယ်နိတ်မျဉ်းကို သတ်မှတ်နိုင်တာ နှစ်ပေါင်း ၆၀ ရှိပြီ ဆိုပေမယ့် မြန်မာပြည် တည်ငြိမ်ရေးဟာ ယူကရိန်းလိုပဲ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ 

ဥပမာ ၀ နယ်ဆိုရင် ခရိုင်းမီးယား ဒေသနဲ့ အတော်လေး ဆင်တူပါတယ်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ
ဒေသမှာ အစိုးရက ရွေးကောက်ပွဲတွေကို မကျင်းပနိုင်ပါဘူး။ “၀”တွေ မြန်မာစကားကို မပြောကြ ပါဘူး။ 

မြန်မာအစိုးရက ကချင်နယ်ကို စစ်ဆင်နေတဲ့အချိန်မှာ တရုတ်က ၀ တပ်ကို ခေတ်မီ လက်နက်တွေကို တပ်ဆင်ပေး နေတယ်ဆိုတဲ့ ထိုင်းအခြေစိုက် လုံခြုံရေးဆိုင်ရာ သုတေသန အဖွဲ့ (HIS Jane’s Intelligence Review) က အစီရင်ခံပါတယ်။ 

တရုတ်သံရုံးက ဒါကို ငြင်းဆန်ပါတယ်။ သေချာတာကတော့ ၀ နယ်ဟာ တရုတ်ငွေ၊ တရုတ်ဆဲလ်ဖုန်းကို သုံး၊ တရုတ်ပြည်က လျှပ်စစ်ကို သွယ်ယူပြီး တရုတ်ပြည်က အင်တာနက်နဲ့ ချိတ်ထား ပါတယ်။ 

ဒါက ဥပမာ တခုကိုပဲ ထုတ်ပြတာပါ။ တကယ်တော့ တရုတ်-မြန်မာ နယ်စပ်က မိုင်ပေါင်း (၁၃၀၀) ရှည်ပြီး နယ်စပ်တလျှောက်မှာ အစိုးရကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားတပ်တွေ ရှိနေပါတယ်။ 

တကယ်တော့ ယူကရိန်းနဲ့ ရုရှားတို့ကြားမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က နယ်မြေ မကျူးကျော်ရေး အကျုံးဝင်တဲ့ စာချုပ်ချုပ်ဆိုထားတာရှိပါတယ်။ ယူကရိန်းက နယူးကလီးယား လက်နက်ကို စွန့်လွှတ်ရေးနဲ့ ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်နက်ကို အာမခံရေး နားလည်မှု စာချုပ် Budapest Memorandum (1994) ရှိပါတယ်၊ ဒါကြောင့် ခရိုင်းမီးယား အရေးအခင်းက စာချုပ်စာတမ်းတွေဟာ ဘာ အာမခံချက်မှ မရှိဘူးဆိုတဲ့ အဓိပါယ် သက်ရောက်ပါတယ်။ 

အဲဒီစာချုပ်မှာ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့လည်း လက်မှတ် ထိုးထားလို့ သူတို့ ဘာတတ်နိုင် မလဲ ဆိုတာကို စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ 

“သမိုင်းတကျော့ပြန်နှင့် အိပ်မက်တွေရဲ့ နိဂုံး” စာအုပ်ထဲက အဖြေက စိတ်ပျက်စရာပါ၊ 

“ အကယ်၍ ယူကရိန်း ဒါမှမဟုတ် ဂျော်ဂျီယာမှာ ရုရှားက စွန့်စွန့်စားစား နိုင်ငံရေးကစားလာရင် အမေရိကားရော၊ ဥရောပနိုင်ငံတွေပါ ဘာလုပ်နိုင်မလဲလို့ မေးရင် အဖြေက ဘာမှ မလုပ်နိုင်ပါဘူး” တဲ့။ 

ဆိုဗီယက်ပြိုကွဲပြီးခါစ (၁၉၉၂-၁၉၉၃) နှစ်တွေမှာ ရုရှားဝန်ကြီးချုပ် Yegor Gaidar ရဲ့ အကြံပေး တာဝန် ယူခဲ့ဖူးတဲ့ ထင်ရှားတဲ့ စီးပွားရေးပညာရှင် ဂျက်ဖရီဆာ့ခ်ျစ်ကတော့ ခရိုင်းမီးယား ပြဿနာကို ပဋိပက္ခ မကြီးထွားစေဘဲ ဖြေရှင်းဖို့ဆိုရင် ရုရှားဘက်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက် ကို လေးစားဖို့နဲ့၊ ယူကရိန်းကလည်း ရုရှားရဲ့ အကျိုးစီးပွားနဲ့ စိုးရိမ်သောကတွေကို နားလည်ဖို့လိုတယ် ဆိုတာပါပဲ။ 

ယူကရိန်းနဲ့ ရုရှားဆက်ဆံရေးလိုပဲ မြန်မာနဲ့ တရုတ်ဆက်ဆံရေးမှာလည်း တရုတ်အကျိုးစီးပွား ဆိုတာကို လျစ်လျူမရူ့ဖို့ လိုပါလိမ့်တယ်။ 

မြန်မာပြည်မှာ တရုတ်အကျိုးစီးပွား ၄ မျိုး ရှိတယ်လို့ Brookigns Institution က သုတေသီ ယန်ဆန်ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ စွမ်းအင်ဖူလုံရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ ပထ၀ီ 
နိုင်ငံရေးအရ မဟာဗျူဟာမြောက် အသုံးဝင်မှုတို့ ဖြစ်ပါတယ်။ 

ခရိုင်းမီးယား ပြဿနာကို နမူနာယူပြီး မြန်မာပြည် အကူးအပြောင်းကာလမှာ တရုတ် ရဲ့ အရေးကြီး တဲ့ အကျိုးစီးပွားတွေကို သတိနဲ့ ထိန်းထိန်း သိမ်းသိမ်း ကိုင်တွယ်ရမယ့် သဘောရှိပါတယ်။ 

တဖက်မှာ မြန်မာပြည်အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာရတဲ့ သမိုင်းကြောင်းကို ခြေရာပြန်
ကောက်ဖို့ လိုပါလိမ့်မယ်။ 

“တရုတ်ဖဲ” ဗျူဟာကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ 

မြန်မာတိုင်းရင်းသား အချင်းချင်း စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အပေးအယူလုပ် ညှိနှိုင်းတာ မလုပ်ဘဲ တရုတ်အားကိုးနဲ့ ပြိုင်ဖက်ကို အနိုင်ယူဖို့ ကြိုးစားရင်း နောက်ဆုံးတော့ ဘယ်သူ့ ဘယ်သူမှ အနိုင်မရဘဲ တရုတ်ရဲ့ အသုံးချဘ၀ကို ရောက်မှန်းမသိ ရောက်သွားရတဲ့ အဖြစ်ကို နောင်တ ရကြဖို့ အချိန်တန်ပါပြီ။ 

ဒီလိုမှမဟုတ်ရင်တော့ အမျိုးသား အကျိုးစီးပွားချင်း ယှဉ်တဲ့ အခါတိုင်း မြန်မာတွေကပဲ တရုတ်ကို အလျှော့ပေး တပမ်းရှုံးနေရတဲ့ ဘ၀ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေ ပါလိမ့်မယ်။ 


ညီစောလွင် ~ 


 




 

ဆိုးမွေ

Sunday, March 16, 2014 0 comments


ဆီးရီးယားမှာ နေ့စဉ် လူတွေ သေနေတယ်။ အီရတ်မှာ အသေခံဗုံးခွဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်။ ဆိုနီမွတ်ဆလင်နဲ့ ရှီယာတ်မွတ်ဆလင်အကြား ပဋိပက္ခလို့ ပြောရင်လည်း မမှားပါ။ ဆော်ဒီအာရေဗီးယားလို ဆိုနီမွတ်ဆလင်နိုင်ငံတွေက ဆိုနီဘက် အားပေးကူညီပြီး အီရန်လို ရှီယာတ်မွတ်ဆလင်နိုင်ငံတွေက ရှီယာတ် ဘက် အားပေးကူညီနေကြတယ်။ 

 ကာတွန်း ဟန်လေးရဲ့ မွေခံထိုက်စေ ဆိုတဲ့ ကာတွန်းကွက်၊ ဓာတ်ပုံ-ဧရာဝတီ

အာဏာရှိပြီး ငွေကို လိုသလောက် သုံးနိုင်ကြသူတွေက သြဇာအရှိန်အဝါ ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ ပဋိပက္ခရဲ့ နောက်ကွယ်မှာ ရှိနေကြတယ်။ ကြားထဲမှာ မြေဇာပင် ဖြစ်နေကြရသူတွေက အပြစ်မဲ့ သာမာန်မွတ်ဆလင် လူများစုတွေပါ။ 

ယူကရိန်းပြဿနာကတော့ နိုင်ငံရေးရော လူမျိုးရေးပါ ရောစွက်နေတယ်။ ငြိမ်းချမ်းစွာ ပြေလည်သွား မလား ပေါက်ကွဲထွက်သွားမလား ရင်တမမ အခြေအနေမှာ ရှိနေတယ်။ ကမ္ဘာ့အခြားနေရာများမှာလည်း ပဋိပက္ခတွေ မစဲနိုင်သေးပါ။ 

လူမျိုးရေး ဘာသာရေး နိုင်ငံရေး ခေါင်းစဉ် ဘယ်လိုပင် တပ်တပ် ခြုံငုံကြည့်မယ်ဆိုရင် လူတွေ ရဲ့ လောဘ ဒေါသ အာဃာတ မာန အတ္တတွေအပေါ် အခြေခံတဲ့ အားပြိုင်မှုတွေပါ။ အားပြိုင်မှုကို သာယာတဲ့ အာသာဆန္ဒဟာ လူမှာ ရှိနေတယ်။ 

လက်ဝှေ့ပွဲတွေ ပစ်ခတ် ထိုးခုတ် တိုက်ခိုက်ကြတဲ့ ရုပ်ရှင်တွေကို ကြည့်နေရတာကို သဘောကျတယ်။ ကိုယ်တိုင် သူတစ်ပါးနဲ့ အားပြိုင်ချင်သလို အခြားသူတွေ အားပြိုင်ကြတာကိုလည်း ရှုစားချင်နေတယ်။ အန္တရာယ်ရှိတဲ့ အားပြိုင်မှုကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ဘောလုံး ဘော်လီဘော ဘက်စကတ်ဘော တင်းနစ် ကြက်တောင် ပြေးခုန်ပစ် စတဲ့ အားကစားတွေ ရှိနေသင့်တယ်။ 

ဒါ့အပြင် ကဗျာ ဝတ္ထု သီချင်း ဂီတ စတဲ့ သုခုမအနုပညာတွေဟာ လူ့စိတ်ကို နူးညံ့သိမ်မွေ့စေတာ ဖြစ်တဲ့အ တွက် မရှိမဖြစ် လိုအပ်တယ်။ သီချင်း ဂီတ အနုပညာတွေကို ဆန့်ကျင်ပိတ်ပင်တဲ့ တာလီဘန်အဖွဲ့လို မွတ်ဆလင်အစွန်းရောက်တွေရဲ့ အယူအဆဟာ လူ့ယဉ်ကျေးမှုနဲ့ အံချော်နေတယ်။ 

ဒီလို လူ့ယဉ်ကျေးမှုနဲ့ အံချော်တဲ့ အယူအဆတွေဟာ အမြင်ကျဉ်းမှုမှ မြစ်ဖျားခံလာတာပါ။ အမြင်ကျယ်မှု ဆိုတာ လေ့လာစူးစမ်းမှု အသိအမြင် ဗဟုသုတကြွယ်ဝမှုမှ လာတာပါ။ လေ့လာစူးစမ်းမှု အသိအမြင် ဗဟုသုတနည်းမယ်ဆိုရင် အမြင်ကျဉ်းမှုကို ဖြစ်စေပါတယ်။ 

အမြင်ကျယ်မှုဆိုတဲ့ ပညာဦးစီးမှုဟာ လူ့အဖွဲ့အစည်း တိုင်းမှာ အခရာကျပါတယ်။ လွတ်လပ်စွာ တွေးခေါ်
ရေးသား ထုတ်ဖေါ်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ် လေ့လာသင်ယူခွင့်တွေကို ပိတ်ပင်ဟန့်တားတဲ့ လူ့အဖွဲ့အစည်းဟာ ပညာဦးစီးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်မလာနိုင်ပါ။ 

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုးကွယ်ယုံကြည်မှုပေါင်းစုံ ဘာသာစကား စာပေ ယဉ်ကျေးမှု
ပေါင်းစုံ စုစည်းတည်ရှိနေတဲ့ နိုင်ငံပါ။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ပန်းဥယျာဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ 

ဘာသာစကား စာပေ ယဉ်ကျေးမှု ကိုးကွယ်ယုံကြည်မှု ပေါင်းစုံနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ သဟ အတူ တကွ ဇာတ ဖြစ်တည်မှုဆိုတဲ့ သဟဇာတ ဖြစ်ဖို့ဆိုလျှင် အပြောသက်သက်နဲ့ မလုံလောက်ပါ။ 

မိမိတို့ရဲ့ သက်ဆိုင်ရာ ဘာသာစကား စာပေယဉ်ကျေးမှုတွေကို လွတ်လပ်စွာ သင်ကြားရေးသား ထုတ်ဖေါ်
မြှင့် တင်ခွင့်နဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အချင်းချင်းကြား အပြန်အလှန် လေ့လာသင်ယူမှု အမြင်ချင်း ဖလှယ်မှုတွေဆိုတာ တကယ် လိုအပ်ပါတယ်။ အချင်းချင်း အပြန်အလှန် နားလည်သိမြင်မှုမှ တစ်ဆင့် အမြင်ကျယ်မှုဆိုတာ ဖြစ်လာရတာပါ။ 

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မအအောင် သမိုင်းသင်ပါလို့ ပြောခဲ့တယ်။ သမိုင်းပညာရှင်မို့ သမိုင်းကို ဦးတည်ပြီး ပြောပေမယ့် မသိတာမှန်သမျှဟာ အ တာပါပဲ။ ဒါကြောင့်မို့ ဘယ်အရာမဆို များများသိလေ ကောင်းလေပါ။ ဒါမှ အမြင်ကျယ်သူ ဖြစ်လာမှာပါ။ အမြင်ကျယ်သူများမှ ပညာဦးစီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနိုင်မှာပါ။ 

တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုးကွယ်ယုံကြည်မှုပေါင်းစုံ ဘာသာစကား စာပေ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အမြင်ကျယ်မှုဆိုတဲ့ ပညာဦးစီးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ လိုအပ်ပါတယ်။ 

ပညာဦးစီးမှုဖြင့်သာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်နိုင်မှာပါ။ စစ်မိန့်နဲ့ တစ်ဖတ် သက် ဖိနှိပ်အုပ်ချုပ်မှုဖြင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါ။ စစ်ရေးအမြင်တစ်ခုတည်း ရှိခြင်းဟာလည်း အမြင်ကျဉ်းမှုပင် ဖြစ်ပါတယ်။
 
၂၀၀၈ အခြေခံဥပဒေဟာ အမြင်ကျဉ်းသူများရဲ့ အမိန့်အာဏာအောက်မှ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေ တစ်ခုသာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောနဲ့တူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမြင်ကျယ်မှု အပေါ် အခြေခံထားတဲ့ ပညာဦးစီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဖြစ်သင့်ပါတယ်။ 

အမြင်ကျယ်မှုဆိုတဲ့ စကားဟာ အလွန်ပဲ အဓိပ္ပါယ် ကျယ်ဝန်း လေးနက်ပါတယ်။ အမြင်အကျယ်ဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုလျှင် မြတ်စွာဘုရားကို ပြရပါလိမ့်မယ်။ 

မြတ်စွာဘုရားသည် အမြင်အကျယ်ဆုံးနဲ့ စိတ်ဓါတ်အဖြူစင်ဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ 

သို့သော် ဗုဒ္ဓ ဘာသာ ဝင် ဖြစ်သွားရုံနဲ့ အခြားဘာသာဝင်များထက် စိတ်ဓါတ် ပိုမိုဖြူစင်သူ ဖြစ်သွားမယ် လို့ ပြောရင် လုံးဝ မှားပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓအဆုံးအမကို ကျင့်သုံးလိုက်နာသူလို့ ယေဘုယျ အားဖြင့် သဘောအဓိပ္ပါယ် ထွက်ပါတယ်။ 

ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓအဆုံးအမကို တလေးတစား လိုက်နာကျင့်သုံးနေကြသူများ မဟုတ်ကြပါ ဘူး။ 

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် အမည်ခံရုံနဲ့ စိတ်ဓါတ်မြင့်မြတ်ဖြူစင်သူ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် စိတ်ဓါတ်မြင့်မြတ်ဖြူစင်သူတွေ မြန်မာပြည်မှာရော ကမ္ဘာမှာပါ များစွာ ရှိကြတယ်။ 

ဗုဒ္ဓဘာသာရဲ့ အဆုံးပန်းတိုင်ဟာ လောဘ ဒေါသ မောဟ စတဲ့ စိတ်ညစ်အကြေးအားလုံး ကင်းရှင်းတဲ့ ထာဝရ စိတ်ဖြူစင်မှုပါ။ ပန်းတိုင်ဖြစ်တဲ့ ထာဝရ စိတ်ဖြူစင်ရာသို့ သွားရာလမ်းမှာ စိတ်အညစ်အကြေးတွေ ပါးသထက် ပါးလာရပါမယ်။ 

ပန်းတိုင်ဖြစ်တဲ့ ထာဝရ စိတ်ဖြူစင်ရာသို့ သွားရာမှာ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဖြစ်ချင်ဖြစ်မယ်။ စီးပွါးရေးသမား တစ်ယောက်အနေနဲ့ ဖြစ်ချင်ဖြစ်မယ်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်ပိုင်နိုင် တဲ့ အတတ်ပညာရှင် အသိပညာရှင် တစ်ယောက်အနေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ 

အဆိုပါ သက်ဆိုင်ရာ အရည်အချင်းတွေနဲ့အတူ လူတိုင်းမှာ ယှဉ်တွဲလျှက် လိုအပ်တာက စိတ်ပိုင်းဆိုင် ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှု ဖြစ်ပါတယ်။ စိတ်အညစ်အကြေးများ ဖုံးလွှမ်းခံနေရသူဟာ စိတ်ပိုင်းဆိုင် ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်သူ ဖြစ်မလာနိုင်ပါ။

နိုင်ငံရေးသမားတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ အမြင် ကျယ် မှု နှစ်မျိုးစလုံး လိုအပ်ပါတယ်။ 

မြန်မာနိုင်ငံမှာ မိုးကျရွှေကိုယ် နိုင်ငံရေးသမား အတော်များများဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ အမြင်ကျယ်မှု နှစ်မျိုးစလုံး လစ်ဟာချို့ယွင်းနေပါတယ်။ 

ခေါင်းပေါင်းတလူလူ ပိုးလုံချည် တကားကား တိုက်ပုံတလတ်လတ် ဝတ်ထားလိုက်ရုံနဲ့ ပြည်သူလူထု က လေးစားယုံကြည် အားကိုးထိုက်တဲ့ နိုင်ငံရေးသမား နိုင်ငံခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ 

မြန်မာပြည်နိုင်ငံဟာ စိတ်ပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ် အမြင်ကျယ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ အမြင်ကျယ်မှု နှစ်မျိုး စလုံး လစ်ဟာချို့ယွင်းနေတဲ့ မိုးကျရွှေကိုယ် နိုင်ငံရေးသမားများ နိုင်ငံရေးအာဏာကို လက်ဆင့်ကမ်း လွှမ်းမိုးချုပ်ကိုင်ခွင့် ရရာ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ 

မိုးကျရွှေကိုယ် နိုင်ငံရေးသမားများ ထိပ်ပိုင်း စစ်တပ်အရာရှိအသိုင်းအဝိုင်းများ သူတို့နဲ့ ပတ်သက်ဆက်နွယ် သူများ ချယ်လှယ်ချင်တိုင်း ချယ်လှယ်ခွင့် ရနေတဲ့ နိုင်ငံတစ်နိုင်ငံဟာလည်း မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ 

အထက်စီးမှ အာဏာပြ ချယ်လှယ်ခွင့် ရနေတဲ့ တရားမျှတမှုကင်းတဲ့ ဒီအစဉ်အလာဟာ ၁၉၆၂ ခုနှစ်က တည်း က စတင်လာခဲ့တာ ယနေ့အချိန်အထိပါ။ 

သာမာန်ပြည်သူလူထုမှ ဆင်းသက်လာတဲ့ မျိုးဆက်သစ် လူငယ်လူရွယ်လေးများကတော့ မမျှတတဲ့ အစဉ်အလာရဲ့ ဆိုးမွေကို မျိုးဆက် ဘယ်နှဆက်တိုင်အောင် ဆက်လက် ခံကြရအုံးမယ်ဆိုတာ မသိနိုင်ပါဘူး။ 

မိုးကျရွှေကိုယ် နိုင်ငံရေးသမားများ နိုင်ငံရေးအာဏာ ဆက်ခံခွင့် အစဉ်အလာကို ၂၀၀၈ အခြေခံဥပဒေမှာ ခိုင်ခိုင်မာမာ ရေးဆွဲပြဌာန်းထားခဲ့ပါပြီ။ 

သာမာန်လူတန်းစား ပြည်သူပြည်သားများရဲ့ သားသမီး မြေးမြစ် တီတွတ် မျိုးဆက်သစ် လူငယ်လူရွယ်လေး များ ဟာ တရားမျှတမှုကင်းတဲ့ မှားယွင်းတဲ့ အစဉ်အလာရဲ့ ဆိုးမွေကို ဆက်လက် ခံကြပေတော့လို့ ၂၀၀၈ အခြေခံဥပဒေမှာ ရေးထားသကဲ့သို့ အဓိပ္ပါယ်ထွက်နေတာကို လူတိုင်းလူတိုင်း မြင်နိုင်ကြမယ်ဆိုလျှင်……. 

အရှင်စန္ဒိမာ (မွန်စိန်တောရ) ~



 







ဆီးဂိမ်းက ပေးတဲ့ အတွေးစများ

Friday, December 20, 2013 0 comments



မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ မြန်မာ အမျိုးသားဘောလုံးအသင်း ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ ရွှေ ရယူရေး အိပ်မက်ဟာ အင်ဒိုနီးရှားကို ရှုံးပြီး အုပ်စုအဆင့်ကတင် မြန်မာအသင်း ထွက်ခွာသွားခြင်းနဲ့အတူ ပြိုကွဲသွားပြီးတဲ့နောက်၊ အားမလိုအားမရ၊ မချင့်မရဲ ဖြစ် ကြရတဲ့ ပရိသတ်ကြီးက သူတို့ရဲ့ ဒေါသတွေကို အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေနဲ့အတူ ပေါက်ကွဲပြ လိုက်ပါတော့တယ်။ 

 ဆီးဂိမ်းက မြန်မာအမျိုးသမီး ဘောလုံးအသင်းမြင်ကွင်တခု၊ ဓာတ်ပုံ- မြန်မာဘောလုံး အဖွဲ့ချုပ် စာမျက်နှာ

ပြိုင်ပွဲအပြီးမှာတော့ မြန်မာဘောလုံးအသင်းရှုံးနိမ့်ရခြင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်ခဲ့ရာ မှာ၊ 
မြန်မာအသင်း နည်းပြချုပ် ပက်ဆောင်ဟွာ က Head to Head စံနစ် (ထိပ်တိုက်တွေ့ဆုံရာမှာ အနိုင်ရတဲ့ အသင်းကို ဦးစားပေးတဲ့စနစ်) ကို မသိလို့ပါလို့ ပြောသလို၊ နည်းပြချုပ် ပက်ဆောင်ဟွာနဲ့ တိုက်စစ်မှုး 
ကျော်ကိုကို တို့အကြား ပြသနာ ရှိလို့ ကျော်ကိုကို က ထိုင်ကန်တော့မှ ဒုတိယပိုင်းမှာ ၀င်ကစားခွင့်ရတယ် လို့ လည်း ကြားရပါတယ်။ 

နောက်ဆုံးတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ် ပက်ဆောင်ဟွာ ကို ထုတ်ပစ်လိုက်ပါတယ်။ 

ဒီဇင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားကို မြန်မာအသင်း ရှုံးနိမ့်ခဲ့ရတဲ့ သတင်းတွေ၊ မြန်မာဘောလုံး ပရိတ်သတ်ရဲ့ ပေါက်ကွဲခဲ့တဲ့ သတင်းတွေကို ဆက်တိုက်ဆိုသလို ကြားရပြီးတဲ့နောက် Eleven media ကလည်း U 23 အသင်းမန်နေဂျာ ဦးစိုးမိုးကျော်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ video သတင်းကိုလည်း တွေ့ရပါ တယ်။ 

ဦးစိုးမိုးကျော် ရှင်းထားတဲ့အထဲမှာ Head to Head စနစ်ကို နည်းပြချုပ် ပက်ဆောင်ဟွာ အနေနဲ့ မသိစရာ မရှိကြောင်း၊ သူတို့အနေနဲ့ အစည်းအဝေးတိုင်းမှာ ရှင်းပြကြောင်းနဲ့ ပက်ဆောင်ဟွာရဲ့ အားနည်းချက်တွေဖြစ်တဲ့ တယူသန်တာ၊ သူသိ၊ သူတတ်၊ သူ့ကို အကြံပေးရင် နားမထောင်တာတွေကိုဘဲ အဓိကထား ပြော သွားပါတယ်။ 

ဒီနေရာမှာ ပြောစရာရှိတာက နည်းပြချုပ် ပက်ဆောင်ဟွာကို Sea Games မစမီက မှ ခန့်ထားတာ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဘရူနိုင်းဘုရင့်ဖလား အပြီးကတည်းက ခန့်ထားတာလို့ ဦးစိုးမိုးကျော် 
ပြောတဲ့အထဲမှာ ပါပါတယ်။ 

ခန့်ထားတဲ့အခါမှာလည်း စာချုပ်စာတန်းနဲ့ နှစ်ဖက်သဘောတူမှ ခန့်တာဖြစ်တယ်လို့ ယူဆပါတယ်။ တကယ်လို့ ပက်ဆောင်ဟွာရဲ့ အားနည်းချက်တွေ၊ တယူသန်မှုတွေက စာချုပ်ပါအချက်တွေ၊ မြန်မာ
ဘောလုံး အသင်း အတွက် အောင်ပွဲတွေ ရယူမပေးနိုင်ဘူးလို့ ယူဆရင် စာချုပ် သက်တန်းပြည့်တဲ့ အထိ စောင့်စရာမလိုဘဲ စောစောစီးစီး လမ်းခွဲသင့် ခွဲရမှာ ဖြစ်ပါတယ်။ 

ပက်ဆောင်ဟွာဟာ လူတဦးတယောက်ရဲ့ စကားကိုဘဲ နားထောင် တယ်ဆိုရင် ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအပေါ် မေးခွန်းထုတ်စရာရှိလာပါတယ်။ 

အင်္ဂလိပ်ပရီးမီးယားလိဂ် (English Primer League) ဘောလုံးပွဲတွေမှာလည်း အသင်းရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် အကောင်အထည်မဖော်ပေးနိုင်ဘူးလို့ ယူဆတဲ့ နည်းပြတွေ၊ မန်နေဂျာတွေ ကို စောစောစီးစီး လမ်းခွဲကြတာပါဘဲ။ 

ဒီဇင်ဘာလထဲမှာဘဲ စပါး (Totttenham Hotspur) အသင်းက လေဗာပူးအသင်း (Liverpool) အသင်းကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးတဲ့နောက် အသင်းမန်နေဂျာဖြစ်သူ Andre Villas-Boas ကို ထုတ်ပစ်ခဲ့ပါတယ်။ 

Andre Villas-Boas ဟာ ၂၀၁၂ ခုနှစ်မှာ ချယ်ဆီး (Chelsea) အသင်းမှာတာဝန်ယူခဲ့စဉ်ကလည်း ၉ လနဲ့ဘဲ အထုတ်ခံခဲ့ရဖူးပါတယ်။ ကျော်ကိုကို က အသင်းဆွေးနွေးပွဲမှာ သူမရှင်းတာ မေးတဲ့ အတွက် 
မေးရကောင်းလား ဆိုပြီး ပက်ဆောင်ဟွာက ဒေါသပေါက်ကွဲတာ၊ ကျော်ကိုကို ကို ဖျောင်းဖြတဲ့နေရာ မှာလည်း ကြီးတဲ့သူ၊ တာဝန်ရှိတဲ့သူ၊ ဆရာသမားဆို ဘာမှ အကျိုးသင့်၊ အကြောင်းသင့် ပြန်ပြောခွင့် မရှိဘဲ သူတို့ပြောသမျှနာခံဖို့ သွန်သင်ဆုံးမတာလည်း တိုးတက်ရာ တိုးတက်ကြောင်း တွေအတွက် လမ်းလွဲနေ တယ်လို့ မြင်ပါတယ်။ 

ဦးစိုးမိုးကျော်ရဲ့ ရှင်းလင်းချက်တွေမှာ မြန်မာဘောလုံးပရိသတ်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးသလိုမျိုးဖြစ်တဲ့ အတွက် ၀မ်းနည်းကြေကွဲနေတာထက်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်အနေနဲ့ အစွမ်းကုန် ကြိုးစား ပံ့ပိုးပေးပေမယ့် အခုလို ရှုံးနိမ့်မှုမျိုးကြုံရတဲ့အတွက် ဦးဇော်ဇော်အတွက် ယူကျုံးမရဖြစ်ပြီး မျက်ရည်လေး စမ်းစမ်း၊ စမ်းစမ်းနဲ့ ၀မ်းနည်း နေပုံရပါတယ်။ 

ကျနော်တို့မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုတွေနဲ့ ကြေကွဲနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ယခု အချိန်ထိ ရွှေ့တံဆိပ်အများဆုံးနဲ့ နိုင်ငံအလိုက် ထိပ်ဆုံးမှာ ရပ်တည်နေသလို၊ ထိုင်းအမျိုးသား အမျိုးသမီး ဘောလုံးအသင်းတွေဟာလည်း ရွှေရယူ နိုင်မယ့် အနေအထားတွေ တွေ့နေရပါတယ်။ 

ကျနော်တို့နိုင်ငံကတော့ ထိုင်းတွေကို ဘောလုံးအပါအ၀င် အားကစား၊ နိုင်ငံရေး၊ စီးပွားရေးအရ ဘယ်လိုမှ မယှဉ်နိုင်သေးတာ လက်တွေ့ဘဲဖြစ်ပါတယ်။ 

အထူးသဖြင့် အားကစားအနေနဲ့ပြောရရင် ထိုင်းတွေက မျက်စေ့ရှေ့မှာတင် စနစ်တကျ ပြုစုပျိုးထောင်နိုင် ကြလို့ အားကစားအဆင့်အတန်း မြင့်လာတာ တွေ့ရမှာပါ။ 

ကျောင်းတွေမှာ (အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း) ကလေးတွေကို ကျောင်းစာတခုထဲ သင်ကြားပေး တာ မဟုတ်ဘဲ၊ အများနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ (project)၊ အားကစားတွေပါ လေ့ကျင့် သင်ကြားပေးကြပါတယ်။ 

ဒါကြောင့် ငယ်ရွယ်၊ ထူးချွန်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေကို မွေးထုတ် ပေးနိုင်ပါတယ်။ ကြက်တောင်၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ရေကူး၊ ပြေးခုန်ပစ်၊ ဘောလီဘော စတဲ့ အားကစားတွေမှာ မြန်မာမပြောနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကပါ ထိုင်းတွေကို မယှဉ်နိုင်ကြပါဘူး။ 

ထိုင်းအမျိုးသမီး ဘောလီဘော အသင်း ဆိုရင် ကမ္ဘာ့အဆင့်မီတယ်လို့တောင် ပြောနိုင်ပါတယ်။ ထိုင်းနိုင်ငံ က ကြက်တောင်ကစားသမား Ratchanok Intanon ခေါ် May ဟာ အသက် (၁၈) နှစ်ဘဲရှိသေးပြီး ၂၀၁၃ ခုနှစ် အမျိုးသမီး တဦးချင်း ကြက်တောင်ချန်ပီယံလည်းဖြစ်၊ ကမ္ဘာ့အသက်အငယ်ဆုံး ချန်ပီယံလည်းဖြစ်ပါတယ်။ 

ထိုင်းလက်ဝှေ့သမားတွေဟာလည်း ဒေသတွင်းမှာသာမက အိုလံပစ်လို ကမ္ဘာ့အဆင့်ပွဲတွေ မှာပါ 
ရွှေတံဆိပ်တွေ ဆွတ်ခူးပေးနိုင်တာ တွေ့ရမှာပါ။ ဒါတွေဟာ စနစ်တကျ ပြုစုပျိုး ထောင်ပေးတဲ့ ရလဒ်တွေလို့ မြင်ပါတယ်။ 

မြန်မာအမျိုးသားဘောလုံးအသင်း ရွှေအိပ်မက်နဲ့ လွဲခဲ့အပြီး ဘောလုံးနဲ့ ပတ်သက်လို့ အားလုံးရဲ့ မျှော်လင့်ချက်ဟာ မြန်မာအမျိုးသမီးဘောလုံးအသင်းပေါ် ပြောင်းရွှေ့ရောက်ရှိ သွားတယ်လို့ မြင်ပါတယ်။ 

ဒီဇင်ဘာလ ၁၈ ရက်နေ့က မန္တလေးမြို့မှာကန်တဲ့ ထိုင်းအမျိုးသမီးနဲ့ပွဲမှာ နည်းစနစ်ပိုင်းနဲ့ တဦးချင်းကျွမ်းကျင် မှုမှာ ထိုင်းတွေက သာပေမယ့်၊ မြန်မာ အမျိုးသမီးအသင်းကတော့ မလျော့သော ဇွဲ၊ လုံ့လနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ယှဉ်ပြိုင်သွားတာ မြင်တွေ့ကြရပါတယ်။ 

ဒိုင်တွေရဲ့ အားနည်းချက်ရှိတယ်ဆိုပေမယ့် မြန်မာအမျိုးသမီး အသင်းဟာ သာမန် မိနစ် ၉၀ အတွင်း ဦးဆောင်ဂိုးသွင်းထားတဲ့ ထိုင်းအသင်းကို ချေပ ဂိုးပြန်သွင်းနိုင်တာ။ အချိန်ပို ၁၅ မိနစ်အတွင်းမှာလည်း ထိုင်းတွေက ဦးဆောင်ဂိုး သွင်းထားပေမယ့် မဆုတ်မနစ်နဲ့ ဆက်လက်ရင်ဆိုင်ရင်း ချေပဂိုးရအောင် စွမ်းဆောင် သွားနိုင်ပါတယ်။ 

ပယ်နယ်တီကန်သွင်း ဆုံးဖြတ်ရာမှာတော့ (၉ : ၈) ဂိုး (စုစုပေါင်းဆို ၁၁ : ၁၀ ဂိုး) နဲ့ ရှုံးနိမ့်သွား ပါတယ်။ 

ပယ်နယ်တီဆိုတာကတော့ ကမ္ဘာ့နာမည်ကြီး အကျော်အမော် ကစားသမားတွေတောင် လွဲချော်တတ်တာမို့ ဒါဟာ ရာနှုန်းပြည့်နားလည်ပေးလို့ရတဲ့ အရာဖြစ်ပါတယ်။ 

မြန်မာအမျိုးသားအသင်း နောက်ဆုံးထွက်ခွာသွားရဖို့ ဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ ကန်တဲ့ပွဲမှာ မြန်မာအသင်းက ကစားသမားတွေလည်း အနိုင်ရဖို့၊ တိုင်းပြည်ရဲ့ ဘောလုံးရွှေအိပ်မက် ကို အကောင်အထည်ဖော်ပေးဖို့ ကြိုးစားကန်ကြမှာဖြစ်ပေမယ့်၊ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကို ရင်ဆိုင်၊ ယှဉ်ပြိုင်သွားတဲ့ စိတ် ဓာတ်နဲ့ ကြိုးစားမှုကိုတော့ မမီဘူးလို့ သုံးသပ်မိပါတယ်။ 

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ထိုင်းအသင်းကို ဘောလုံးစည်းမျဉ်းစည်းကမ်းတွေ အရ အနိုင်ပေး လိုက်ရပေမယ့် သူတို့ရဲ့ အနိုင်မခံ၊ အရှုံးမပေးတဲ့စိတ်ဓာတ်၊ သန့်သန့်ရှင်း ရှင်းနဲ့ အိမ်ရှင်ပီသစွာ ယှဉ်ပြိုင် သွားတဲ့ မြင့်မားတဲ့ စိတ်အခြေခံတွေကတော့ သူတို့ကို မရှုံးနိမ့်စေခဲ့ပါဘူး။ 

မြန်မာပရိသတ်တွေရဲ့ သူတို့အပေါ်စာနာနားလည်မှုနဲ့ လက်ခံ အသိအမှတ်ပြုမှုကို အကောင်းဆုံး ရယူ သွားနိုင်ခဲ့ပါတယ်။ 

စနစ်တကျ ပြုစုပျိုးထောင်ပေးမယ့် နည်းစနစ်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ဦးဆောင်မှု အုပ်ချုပ်မှုတွေ၊ အရှုံးကို ရင်ဆိုင်တွေ့တဲ့အခါ တဦးကို တဦးအပြစ်ပုံချနေမယ့်အစား စနစ်တကျ သုံးသပ်မှုတွေ၊ လက်ခံမှုတွေနဲ့အတူ အားကစားသမားတွေရဲ့ ကြံ့ခိုင်တဲ့စိတ် ဓာတ်၊ အသန့်ရှင်းဆုံး ယှဉ်ပြိုင်မှုတွေကသာ မြန်မာ့အားကစား အဆင့်အတန်း ကို မြှင့်တင်နိုင် မယ်လို့ ထင်မြင်မိပါတယ်။ 




ဟန်ပိုင် ~










 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved