Showing posts with label သဘာဝပတ်ဝန်းကျင်. Show all posts
Showing posts with label သဘာဝပတ်ဝန်းကျင်. Show all posts

သယံဇာတထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ

Friday, May 15, 2015 0 comments





မြန်မာပြည်မှာ သဘာဝသယံဇာတတွေ ထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ။
နိုင်ငံအတွက်လား၊ အများပြည်သူအတွက်လား၊ လူတချို့အတွက်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ မြန်မာကာတွန်းဆရာတွေကလည်း ကာတွန်းတွေဆွဲ မေးခွန်း ထုတ်ထားတာကို ဒီကနေ့ သောကြာနေ့က စတင်ပြီး ရန်ကုန်မှာ ပြသပါမယ်။

For Who? လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာမယ့် ဒီကာတွန်းပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း အလယ်ဘလောက်၊ အမှတ် ၁၃၄ မှာ ရှိတဲ့ River Ayeyarwaddy ပြခန်းမှာ ပြုလုပ်မှာပါ။

ဒီပြပွဲမှာ ထိပ်တန်း ကာတွန်းဆရာ လူကြီး လူငယ် အယောက် ၂၀ ရဲ့ လက်ရာများ ပါဝင်မယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ရွှေမင်းသား၊ မောင်မောင်အောင်
အော်ပီကျယ်၊ ၀င်းအောင်

ဇော်မောင်၊ ဘဌေးကြည်
စောမင်းဝေ၊ ဧကစာချို


အောင်ဌေးမင်း၊ မိုးထက်မိုး
ဖေသစ်တည်၊ ကျော်သူရိန်

အာကာ၊ နိုင်လင်း
တော်တီဆွေ၊ ATH

မောင်မောင်ဖောင်တိန်၊ ဘီရုမာ
ဆလိုင်းစွမ်ပိ၊ လိုင်လုဏ်



ဆရာ အော်ပီကျယ်က ပြပွဲတင် ကာတွန်း ၃ ကွက်ထဲက ၁ ကွက်ကို သူ့ရဲ့ facebook fan page မှာ ဖော်ပြထားပါတယ်။ 

ဒီနိုင်ငံမှာ ရင်းနီးမြှုပ်​နှံမယ့် ပြည်ပ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ ဒီနိုင်​ငံရဲ့ လက်​ရှိ သဘာဝသယံဇာတအ​ခြေအ​နေ သိသွားစေဖို့ ဒီပြပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ကာတွန်းဆရာတို့ရဲ့ သဘာဝသယံဇာတ​ပေါ်ထားရှိမှု အနုပညာကာတွန်းပြပွဲ​လေးကို ကာတွန်းပရိသတ်များသာမက သဘာဝပတ်ဝန်းကျင်ချစ်သူများ စိတ်ဝင်စားကြပါလိမ့်မယ်။

ပြခန်း တည်နေရာက အချက်အချာကျတဲ့အတွက် လမ်းကြုံလို့ ၀င်ကြည့်လိုသူတို့အတွက် အဆင်ပြေသလို အဝေးကနေလာမယ့်သူတို့အတွက် အဆင်ပြေဖွယ် ရှိပါတယ်။


စည်သူလင်း

ထိုင်းမြန်မာနယ်စပ် ခဲဆိပ်သင့်စမ်းချောင်း

Friday, December 19, 2014 0 comments



ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ထဲက သတ္တုမိုင်းကြောင့် ပျက်စီးသွားတဲ့
စမ်းချောင်းလေးကို ထိုင်းအစိုးရက ပြန်လည်သန့်စင်ရေး လုပ်ဆောင်မပေးတာကြောင့် ဒေသခံ ကရင်တိုင်းရင်းသားတွေ ခဲဆိပ်သင့်နေကြတယ်လို့
လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။





အပင်သက်တမ်း ၅ နှစ်ရှိမှသာ "ကမ္ဘာမြေချစ်သူ" ဆုပေးမည်

Thursday, December 11, 2014 0 comments


သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ သစ်ပင်စိုက်ပျိုးခြင်း၊ လှုပ်ရှားခြင်းတွေကို  ဆောင်ရွက်နေသူတွေ အတွက် ပေးအပ်တဲ့ “ ကမ္ဘာမြေချစ်သူဆု”ကို အနည်းဆုံး အပင်သက်တမ်း ၅နှစ် ရှိမှသာ ထည့်သွင်းဆုံးဖြတ်မယ်လို့ ကမ္ဘာမြေချစ်သူဆု ကျင်းပရေးကော်မတီအဖွဲ့မှ သိရပါတယ်။








"ကမ္ဘာမြေချစ်သူ"ဆုရ ဦးအုန်း (ဓာတ်ပုံ - မေစိုးစံ)

ကမ္ဘာမြေချစ်သူဆု ကျင်းပရေးကော်မတီအဖွဲ့ကို ကုမ္ပဏီအချို့က စိုက်ပျိုးပြီးကာစ ပျိုးပင်ငယ်ကလေးတွေကို တင်ပြလာတဲ့အတွက်  အဲ့ဒီလို အပင်ငယ်တွေရဲ့ ရှင်သန်မှုကို သေချာစွာ မသိနိုင်တာကြောင့် အခုလို  စည်းကမ်းသတ်မှတ်လိုက်တာပါ။

 “ဒီဆုနဲ့ပတ်သက်ပြီး ပြဿသနာရှိလာတယ်။ဒီဆုက ရွက်ပုန်းသီးတွေကို ပေးတာ၊ အခု တထွာ နှစ်ထွာစိုက်ပြီး တင်ပြသူရှိလာတဲ့အတွက် အနည်းဆုံး အပင်ရှင်သန်မှု ၅နှစ်ရှိမှ စဉ်းစားဖို့ မူပြောင်းချမှတ်လိုက်တယ်” လို့ ကျင်းပရေးကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ဒေ၀ီသန့်စင်က ပြောပါတယ်။

ဒါ့အပြင် ၎င်းဆုအတွက် အပင်ရှင်သန်မှု သက်တမ်းအနည်းဆုံး ၅နှစ်ရှိရမည့်အပြင် အနည်းဆုံး အပင်ပေါင်း တစ်ထောင်စိုက်ထားပြီး ခိုင်မာတိကျတဲ့ အချက်အလက်တွေကိုပါ တင်ပြနိုင်ရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၀၅ ခုနှစ်တွင် ပုပ္ပါးတောင် စိမ်းလန်းစိုပြေလာအောင် ပြုလုပ်နိုင်ခဲ့တာကြောင့် ဂျပန်နိုင်ငံက “ကမ္ဘာမြေချစ်သူဆု” အယောက် ၁၀၀ ပေးအပ်ချီးမြင့်ရာတွင် မြန်မာနိုင်ငံမှ သစ်တောပညာရှင် ဦးအုန်း ( ဖရီဒါ ) က ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံမှာလည်း ၂၀၁၀ ခုနှစ်က စတင်လို့ ပေးအပ်ခဲ့တာပါ။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် အထူးဆုအနေနဲ့ ပေးအပ်ခဲ့ပေမယ့် ဒီဇင်ဘာ ၉ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မှာတော့ အထူးဆုပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

“ကမ္ဘာမြေချစ်သူ” ဆုချီးမြှင့်ခြင်း တတိယအကြိမ်မြောက်တွင် ပဲခူးမြို့နယ် ကျောက်တန်းရွာမှ ဆရာတော် ၊ ကျောက်ပန်းတောင်းမြို့နယ်မှ ဆရာတော် ၊ ပခုက္ကူမြို့နယ်အတွင်းမှ green echo အဖွဲ့နဲ့ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ အနီးစခန်း သဘာဝပတ်ဝန်းကျင် ချစ်သူများအသင်း စုစုပေါင်း လေးဆု ချီးမြင့်ခဲ့ပါတယ်။

ဒီဆုကို ပေးရာတွင် အမှန်တကယ် စိုက်ပျိုးထားသည့်နေရာများ အထိ လေ့လာစုံစမ်းခြင်းများပြုလုပ်ပြီးမှသာ ရွေးချယ်ပေးခြင်းဖြစ်ပါတယ်။


မေစိုးစံ 






 

တရုတ်သမ္မတရဲ့ တန်ဇီးနီးယားခရီးမှာ ဆင်စွယ်မှောင်ခိုချကြောင်း စွပ်စွဲခံရ

Friday, November 7, 2014 0 comments

 -


တရုတ်သမ္မတနဲ့အဖွဲ့ မနှစ်တုန်းဆီက တန်ဇီးနီးယားနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ သွားရောက်လည်ပတ်ပြီးအပြန်ခရီးမှာ ဆင်စွယ်တွေ မှောင်ခိုဈေးကနေ အလုံးအရင်းနဲ့ဝယ်ပြီး သယ်ထုတ်သွားကြတယ် လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်နေပါတယ်။

 

ကချင်ဒေသ ပန်ဒါနီတွေ့ရှိမှု မှတ်တမ်းဓာတ်ပုံ ရပြီ

Wednesday, October 29, 2014 0 comments

.


ကချင်ပြည်နယ် တောင်ပေါ်ဒေသမှာ ပန်ဒါနီ ၂ ကောင်ကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားလိုက်နိုင်တဲ့အကြောင်း Fauna & Flora International  လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ သုတေသီတွေက ကြေညာပါတယ်။


စက်ရုံတွေကြောင့် ညစ်ညမ်းနေတဲ့ ပြည်မြို့က စမ်းချောင်းလေး

Tuesday, October 14, 2014 0 comments


.






 ပြည်မြို့ကစက်ရုံတချို့ရဲ့ ရေဆိုးစွန့်ထုတ်မှုတွေကြောင့်  လော့သော့ ဆိုတဲ့ စမ်းချောင်းလေး ညစ်ညမ်းနေပါပြီ။ 

အဲဒီချောင်းက ဧရာဝတီမြစ်အတွင်းကို စီးဝင်တဲ့  နဝင်းချောင်းရဲ့  လက်တက်တခုပါ။

လော့သော့ချောင်း တလျှောက် အရက်ချက်စက်ရုံ၊ မုန့်ဖတ်စက်ရုံ၊
 ဇီးဆံခွဲစက်ရုံနဲ့ သားရေစက်ရုံတွေက အညစ် အကြေးတွေ စွန့်ပစ်မှုကြောင့်
 သောက်သုံးရန် မဖြစ်နိုင်တော့သလို စိုက်ပျိုးရေး အတွက်လည်း  အသုံး မပြုနိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

        အဓိကအားဖြင့် ပြည်မြို့ ဘိုးဘွားရိပ်သာအနီးမှာရှိတဲ့ ကျားနှစ်ကောင်  အရက်ချက်စက်ရုံရဲ့ ဖွဲပြာတွေ ရေဖျော်ပြီး ချောင်းအတွင်း မျှောချနေပြီး
 စက်ရုံကထွက်တဲ့ ရေဆိုးတွေကြောင့်   ဖြစ်တယ်လို့   ဝါးပိုးကုန်းရွာမှ  ကိုဇော်ထက်က ပြောပါတယ်။

        "အရင်က ဒီချောင်းရေက ကြည်ပြီး သန့်နေတာပဲ။ အခုကတော့ ညစ်ပတ်နေတာပဲ။
 မိုးများလို့ ရေတက်ရင် စိုက်ခင်းတွေရေ လွှမ်းပြီး ပြန်ကျသွားရင်  အပင်တွေ အကုန်သေတာပဲ။
အဲဒီစွန့်ပစ်အဖတ်တွေမှာ အက်စစ်တို့  အချဉ်တို့ ပါမယ်ထင်တယ်၊
နောက်တစ်ခုက ချောင်းထဲကို ကျွဲနွားတွေ ရေမချရဲဘူး။
 ချောင်းအထက်ပိုင်းကလုပ်သမျှ အောက်ပိုင်းက အကုန်ခံရတာပဲ။
 စက်ရုံတွေရဲ့ အထက်ပိုင်းကရေနဲ့ အောက်ပိုင်းကရေ အရောင်ချင်း ယှဉ်ကြည့်ပါ။  လုံးဝ မတူပါဘူး"

 


         အဲဒီ အရက်ချက်စက်ရုံ အနီးတဝိုက်နဲ့ စက်ရုံအောက်ဘက်ပိုင်းဘက်တွေမှာ  အနံ့ဆိုးတွေအပြင် စက်ရုံကထွက်တဲ့ ဖွဲပြာအမှုန့်တွေနဲ့၊ ဇီးခွဲစက်က အမှုန်တွေကြောင့် အရေပြား ယားယံခြင်းတွေ ဖြစ်ပွားတတ်ကြောင်း၊  ချောင်းအတွင်း ဖွဲပြာထုမှာ တဖြည်းဖြည်းမြင့်တက်လာတာကြောင့်
 ချောင်းကောမည့်အခြေအနေ ရှိကြောင်း ဒေသခံတွေကပြောပါတယ်။

 

 ချောင်းဘေးတလျှောက်မှာတော့ ပြည်မြို့ကုန်စိမ်းဈေးကွက်ကို တင်ပို့တဲ့  စိုက်ပျိုးရေးခြံတွေ အမြောက်အများ ရှိပါတယ်။
 စိုက်ပျိုးရေးသမားတွေ အနေနဲ့လည်း ချောင်းရေကို အသုံးမပြုပေမဲ့  မိုးများပြီး ချောင်းရေလျှံတဲ့အခါ အဲဒီ အညစ်အကြေးတွေကြောင့်
 သီးပင်စားပင်များ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့နေရကြောင်း ဝါးပိုးကုန်းရွာ  ဒေသခံတဦးက ပြောပါတယ်။

        "ချောင်းအထက်ပိုင်းမှာရှိတဲ့ စက်ရုံတွေက စီးလာတဲ့ရေနဲ့ အရက်ချက်စက်ရုံ အောက်ပိုင်းစီးလာတဲ့ရေ အရောင်က တခြားစီပါ။
 ဒီချောင်းရေ သုံးမရတာ  အဲဒီ အရက်ချက်စက်ရုံကြောင့်ပါ။
သူတို့ပြောသလို သန့်စင်ပြီးမှ လွှတ်တာ ဆိုရင်  သူတို့ အရင် ဒီရေကို သုံးပြ၊  မယုံရင် လက်ညှိုးလေးပဲ  ချောင်းထဲကို ထိုးပြီး နမ်းကြည့်လိုက်ပါ။
ဘယ်လောက် အနံ့ဆိုးသလဲ ဆိုတာ  သိသာတယ်။
ကျနော်တို့ကတော့ သက်ဆိုင်ရာ ဌာနတွေ ကိုယ်တိုင်လာစစ်စေချင်တယ်"

 


        ကျားနှစ်ကောင် အရက်ချက်စက်ရုံ  မန်နေဂျာ ဦးဇော်ကြီးကတော့  စည်းကမ်းချက်တွေကို ဂရုတစိုက် လိုက်နာပါတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ အနေနဲ့က စွန့်ပစ်အရည်ကို ဒီအတိုင်း ချောင်းထဲကို မချပါဘူး၊
 ဇီဝနည်းစဉ်နဲ့ ပိုးမွှေးပြီ၊ BOD, COD ကို လျှော့ချလိုက်ပြီး၊ အနယ် စစ်ပြီး စွန့်တယ်၊
 ဖွဲပြာတွေကိုလည်း မပစ်ပါဘူး၊
 ကိုယ့်စိုက်ခင်းကို ပြန်သုံးတယ်" လို့ စက်ရုံ  မန်နေဂျာက ပြောပါတယ်။

 စက်ရုံကိုတော့ ၁၉၉၆ ခုနှစ်ကနေစတင်ပြီး ပြည်မြို့ အမှတ်(၃) သမဝါယအမအသင်းလီမီတက် ဥက္ကဋ္ဌ ဦးလှမိုး ခေါ် ဦးထိုင်ထိုင်က   တခြားပုဂ္ဂလိကလုပ်ငန်းရှင်တဦးထံကနေ  လွှဲပြောင်းဝယ်ယူခဲ့ကြောင်း  စက်ရုံတာဝန်ရှိသူ တဦးထံမှ သိရပါတယ်။


 ကောင်းမြတ်မင်း



 


.

တောင်ဖြိုမြေတူးသူများနဲ့ ပြည်မြို့ အုပ်ချုပ်ရေးမှူး

Friday, September 26, 2014 0 comments


 ~






တောင်တလုံးလုံးကို ကိတ်မုန့်လှီးသလိုလှီးပြီး မြေတွေကို တခြားနေရာမှာ ပြန်လည် အသုံးချနေတာကို ပြည်မြို့နယ်အနီးတဝိုက်မှာ   တရားဝင်တားမြစ်ထားပါတယ်။ 

အဲဒိလိုတားမြစ်ချက်တွေကတော့ ကားလမ်းမဘေးဘီဝဲယာမှာ လူမြင်သူမြင်ရှိတဲ့နေရာတွေမှာသာ သက်ရောက်နေသလိုပါပဲ။ 

ဘာကြောင့်လဲ ဆိုတော့ လူမြင်သူမြင်မရှိတဲ့နေရာတွေမှာလည်း ခိုးကြောင်းခိုးဝှက်နဲ့ တောင်ဖြို မြေတူးမှုတွေ လုပ်နေခြင်းကြောင့်ပါ။

ပြည်မြို့နယ် အတွင်းရှိ ရန်ကုန်-ပြည် ကားလမ်းမဘေးနဲ့ အရေးပေါ်လမ်းအနီးရှိ တောင်များကို မြေတူး၊
မြေကော်စက်ကြီးတွေနဲ့ တောင်ဖြိုမြေယူမှုတွေကြောင့်  သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့အတွက်
 ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ မြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မတီက လုပ်ငန်းရှင်သုံးဦးကို မြေတူးဖေါ်တာတွေ  ရပ်ဆိုင်းဖို့  တရားဝင် ဟန့်တားခဲ့ပါတယ်။

 ဒါ[ာ  တစုံတယောက်က တိုင်ကြားလို့ တားမြစ်ခဲ့တာမဟုတ်ဘဲ၊ ကိုယ်တိုင်မြင်တွေခဲ့ရလို့ အမြန်ဆုံး တားမြစ်စာထုတ်ခဲ့ရတာဖြစ်တယ်လို့ ပြည်မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ဧရာဝတီကို ပြောပါတယ်။

            “မြေတူးစက်တွေနဲ့ တောင်တွေကို ဖဲ့နေတာမြင့်တော့ တော်တော် လန့်သွားတယ်။
အဲဒါနဲ့ မလှမ်းမကမ်းမှာ ဓါတ်အားပေးလိုင်း တာဝါတိုင်ကြီးတွေ ရှိတယ်။ 
တော်တော် အန္တရာယ်များတဲ့ ကိစ္စကို ဘယ်သူ့ဆီမှာမှ ခွင့်မတောင်းဘဲနဲ့ အများပြည်သူ အန္တရာယ် ကျရောက်အောင် လက်ရဲဇက်ရဲလုပ်နေတာ။ 
အကွက်ပိုင်ရှင်တွေကို တရားဝင်တားမြစ်စာ ထုတ်ခဲ့တာ”

လုပ်ငန်းရှင်တွေကတော့ သူတို့ အလုပ်ဖြစ်ရေးအတွက် နည်းလမ်းမျိုးစုံသုံးဖို့ အဆင်သင့် ဖြစ်နေပုံကိုလည်း အုပ်ချုပ်ရေးမှူးက ပြန်လည် ဖောက်သည်ချပါတယ်။

“အဲဒါကို တယောက်က ကျွန်းစိုက်ခင်းအတွက် မြေဖြိုတာပါ၊ ဖြို့ခွင့်ပြုပါ ဆိုပြီး စာပြန်တင်ထားသေးတယ်။ 
ကျွန်းစိုက်တာတောင် မဖြိုဘဲ စိုက်လို့ရတယ်။ ဒါ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတာပေါ့ဗျာ”

 


            အဲဒီလို တားမြစ်နေပေမဲ့ ရန်ကုန်- ပြည် အဝေးပြေးကားလမ်းမကနေ ၃ ဖာလုံလောက်အကွာမှာ ရှိတဲ့  အောင်မြေကျေးရွာက တောင်ကြီးတွေကို ဖြိုပြီး မြေညှိမြေယူလုပ်နေတဲ့သူတွေလည်း ရှိနေပါသေးတယ်။

သူတို့ လုပ်ပုံကိုင်ပုံကိုလည်း အောင်မြေကျေးရွာကဒေသခံတဦးက လိုတိုရှင်း ရှင်းပြပါတယ်။ 

“ အရင်က အဲဒီတောင်အပေါ်ကနေ တာဝါတိုင်က ဓါတ်ကြိုးတွေကိုထိဖို့ဆို ၁၅ ပေလောက်ပဲ ရှိမယ်။ 
အခု သူတို့ ဖဲ့ချထားတာပေ ၁၀၀ ကျော်ဖြစ်တဲ့အထိ သူတို့ တူးပစ်လိုက်ကြတာ မြင်တဲ့အတိုင်းပဲ။  အဲဒီ တောင်ကြီး မြေညီသွားရင် အိမ်ယာကွက်တွေ လုပ်မယ်။
  လျှပ်စစ်မီးကိုလည်း လျှောက်မယ်။  ရွာက သုံးပုံပုံရင် တပုံစာ တာဝန်ယူ၊ ကျန်တဲ့ နှစ်ပုံ ငါတို့တာဝန်ယူမယ်ဆိုပြီး ရွာသားတွေနဲ့ လာညှိဖူးတယ်။
 ဘာလုပ်မယ်တော့ သေသေချာချာ မပြောဘူး”


 


တောင်ဖြိုတဲ့အတွက် ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့ အဆင်ပြေသွားတယ်လို့ ဆိုချင် ဆိုနိုင်ပါတယ်။
သို့သော်လည်း သဘာဝပတ်ဝန်းကျင် အပြောင်းအလဲ ဘယ်လောက်အထိ ကြီးမားသလဲ ဆိုတာကိုတော့ ထည့်တွက်ချင်မှ တွက်ပါလိမ့်မယ်။

 ပြည်မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကတော့ သူ့ရဲ့ စီမံမှုဒေသအတွင်း  တောင်ဖြိုမြေယူမှုတွေကို  ဟန့်တားသွားမယ် လို့ ဆက်ပြောပါတယ်။

            “အောင်မြေဘက်မှာ တောင်ဖြိုနေတယ်ဆိုတာ ကျနော် မသိသေးပါဘူး။
 အဲဒီ ဒေသက အုပ်ချုပ်ရေးမှူးတွေကလည်း ဒါကို လုပ်လို့ ရလုပ်တယ်လို့ ထင်ပြီး ကျနော့်ကို သတင်းမပို့တာလည်း ဖြစ်နိုင်တယ်။
 ကျနော်သွားပြီး အမြန်ဆုံး တားမြစ်မှာပါ”

လုပ်ငန်းရှင်တွေက ရှေ့ဆက်တိုးရင် ဘယ်လိုလုပ်မလဲ??

 “တားမြစ်နေတဲ့ ကြားက ဆက်လုပ်နေရင်တော့ ၂၀၁၂ လယ်ယာမြေဥပဒေအရ အရေးယူသွားမယ်” လို့    အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

 ကောင်းမြတ်မင်း

 




ကျိုက်မရော ကျောက်မိုင်းများ ရပ်ဆိုင်းဖို့ ဒေသခံတချို့ပြောပြီ
http://blog.irrawaddy.org/2014/09/blog-post_75.html


.

ကျွဲအကောင် ၅ဝ ကြောင့် ဒေးဒရဲ လူ့အခွင့်အရေးသမားထောင်ထဲရောက်

Thursday, September 4, 2014 0 comments


 ~



ဒေးဒရဲမှာ ကျွဲအကောင် ၅ဝ ကြောင့် ဒီရေတော ပျက်သွားတယ်၊ ဒါကြောင့် ဒေသခံ တယောက် ထောင်ထဲ ရောက်ပါတယ်။




ကျိုက်မရော ကျောက်မိုင်းများ ရပ်ဆိုင်းဖို့ ဒေသခံတချို့ပြောပြီ

Wednesday, September 3, 2014 0 comments


 ~
 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ဝန်းကျင်ရှိ   နေအိမ်များ၊ ဘုရားစေတီများ တုန်ခါစေသည့် ကျောက်မိုင်းများမှ မိုင်းခွဲခြင်း၊ ကျောက်ထုတ်လုပ်ခြင်းများကို   ရပ်ဆိုင်းစေလိုကြောင်း  ဒေသခံတချို့က ပြောသည်။

 


မွန်ပြည်နယ်အတွင်း ကျောက်မိုင်း လုပ်ငန်းခွင်


"ကျနော်တို့ မအဖို့တော့ လိုပြီ"

Thursday, August 28, 2014 0 comments


 ~




မန္တလေးမြို့ ဈေးချိုဟိုတယ် မင်္ဂလာခန်းမမှာ ဇူလိုင် ၂၆ ရက် မနက်က ဧရာဝတီအန္တရာယ်ကို ပညာရှင်များ ရှု့ထောင့်မှ သုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတခု ကျင်းပခဲ့ရာမှာ နောက်ဆုံးပိတ် အလှည့်ကျ အစီအစဉ်အဖြစ် မြန်မာ့စာပေဆုများရှင် စာရေးဆရာ နေ၀င်းမြင့် တက်ရောက်ဟောပြောခဲ့ပါတယ်။

ပြည်မြို့ဆန္ဒပြသူများ CPI ခေါင်းတလားထမ်းခြင်းကို ရဲတပ်ဖွဲ့ လက်မခံနိုင်

Sunday, August 17, 2014 0 comments

 ~


ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကန့်ကွက်သူ အများအပြားရဲ့  ပြည်မြို့ လမ်းလျှောက်ဆန္ဒပြမှုမှာ CPI အမည်ပါတဲ့ ခေါင်းတလားပုံစံတူတခုလည်း ပါဝင်ပါတယ်။
  


တာချီလိတ်က ရွှေတွင်းလုပ်ငန်းတွေရပ်ဆိုင်းဖို့ ပြည်နယ်ဝန်ကြီး အမိန့်ပေး

Wednesday, August 6, 2014 1 comments

 ~


 


တာချီလိတ်မြို့နားမှာ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေသူ အများအပြားကို လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းထားဖို့၊ ဒေသခံ လယ်သမားတွေကို လျော်ကြေးပေးဖို့
ရှမ်းပြည်နယ် အစိုးရ သတ္ထုတွင်းနဲ့သစ်တောဝန်ကြီး စိုင်းအိုက်ပေါင်းက အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် အဲဒီဒေသ လယ်ယာမြေတွေ ရေလမ်းကြောင်းတွေ ပျက်စီး၊ ရေထုညစ်ညမ်းခဲ့တဲ့အတွက် ဒေသခံတွေကို လျော်ကြေးပေးဖို့ ပြောလိုက်တာပါ။

ဝန်ကြီး အဲဒီလို ရပ်ဆိုင်းမိန့် ထုတ်ခဲ့တာကတော့ တွေ့ဆုံပွဲတခုမှာပါ။
ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေ၊ ပြည်နယ်လွှတ်တော်အမတ်တွေ၊ ပြည်နယ်အဆင့် အုပ်ချုပ်ရေး အရာရှိ၊ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တို့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ပွဲပါ။

ဒီအကြောင်း Shan Minister Orders Halt to Environmentally Damaging Mining  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ရေးပါတယ်။
http://www.irrawaddy.org/burma/shan-minister-orders-halt-environmentally-damaging-mining.html မှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ ဆက်ပြီး ညွှန်းရရင်  .... နားဟိုင်းလုံ ဆိုတဲ့ ရွာနဲ့ အဲဒီဒေသက ရွာတချို့မှာ လုပ်ငန်းရှင်တွေအတွက် ရွှေထွက်ပေမယ့် ဒေသခံတွေအတွက်တော့ ဧက ၃၀၀ ထက် မနည်း လယ်လုပ်ကွက်တွေ ပျက်ခဲ့ပါပြီ။
ဒီဖြစ်ရပ်အတွက် ၀င်ငွေ ထိခိုက်ရတဲ့  ဒေသခံ အိမ်ထောင်စု ကိုးဆယ်ခန့် ရှိပါမယ် တဲ့။
သောက်သုံးရေ၊ ငါးဖမ်း၊ လယ်လုပ်ဖို့အတွက် သူတို့တွေအားကိုးရတဲ့ စမ်းချောင်းတွေလည်း ပျက်စီးနေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးက သူ့အမိန့်ကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ပြောဆိုကြောင်း ဒေသခံ အမျိုးသမီးက ပြောပါတယ်။
သို့သော်လည်း  ၀န်ကြီးအမိန့် တကယ် အလုပ်ဖြစ်မဖြစ်  စောင့်ကြည့်ရပါဦးမယ် တဲ့။
ဘာကြောင့်လဲ ဆိုတော့ ဒီလိုရပ်ဆိုင်းဖို့အမိန့်ကို ဒေသခံ အာဏာပိုင်တွေက ယခင်ကလည်း ထုတ်ခဲ့ပြီးပြီ၊ မနေ့ကအထိတော့ လုပ်ငန်းရှင်တွေက လုပ်ငန်း လည်ပတ်နေတာကြောင့်ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

 


.

ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစင်း

Saturday, July 26, 2014 0 comments

တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။ 

ဓာတ်ပုံ- China Newscom

ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ
လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း 
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့  အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။ 


“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။ 

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။ 

 ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။ 

 “ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။ 

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

မှတ်ချက်။    ။ သတင်းမှာ ပါသော အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာနိုင်ငံ က  
ရေမြောင်း တခုလိုပါဘဲ။ 



အိမ့်သံစဉ် ~ 










လက်ပံတောင်းလေထုရဲ့ အနံ့အသက်

Thursday, June 26, 2014 1 comments

 ~



လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေမှာရှိတဲ့  အက်ဆစ်စက်ရုံဟာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါဘဲ ဆောက်ထားတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

ပုဂံဒေသ ပလပ်စတစ်ကင်းစင်ရေးနဲ့ အလှမယ် ၂ဝ

Wednesday, June 25, 2014 0 comments

 ~





တနင်္ဂနွေနေ့မှာ ပုဂံညောင်ဦးဒေသကို သွားရောက်ခဲ့တဲ့  Myanmar Miss Universe 2014 ပြိုင်ပွဲဝင် အလှမယ် အယောက် ၂ဝ က သူတို့ရဲ့ လူမှုရေး လှုပ်ရှားမှု ခရီးစဉ် တတိယနေ့မှာ ရှေးဟောင်းစေတီတွေပြည့်နေတဲ့ ဒီဒေသတွင်း ပလပ်စတစ် ကင်းစင်ရေး လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြိုင်ပွဲစီစဉ်သူတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူတို့ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို ပုံမှန်တင်နေရာမှာ အမှိုက်ရှင်းနေတဲ့ပုံတွေ ဒီနေ့ တက်လာတာပါ။ အထင်ကရ စေတီပုထိုးတွေဖြစ်တဲ့ အာနန္ဒာ၊ သဗ္ဗညုတို့အကြားမှာ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြတာပါ တဲ့။
 

  •  Miss Universe Myanmar ပြိုင်ပွဲဝင်သူများနဲ့ ပုဂံဒေသ ကလေးငယ်များ
http://blog.irrawaddy.org/2014/06/miss-universe-myanmar.html
http://blog.irrawaddy.org/2014/06/blog-post_4698.html
သဘာဝပတ်ဝန်းကျင်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ ပလပ်စတစ်တွေဟာ အလိုအလျောက် ပျက်စီးဖို့ အင်မတန် ခက်ခဲပါတယ်။ မီးရှို့ရှင်းလင်းရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါလိမ့်မယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထူးသဖြင့် ပလပ်စတစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တခါသုံးပလပ်စတစ်ဆိုင်းဘုတ်တွေသုံးခြင်း အတတ်နိုင်ဆုံး ရှောင်ရှားဖို့တော့ အချိန် ယူရဦးမယ် ထင်ပါတယ်။

 

 



 



.

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved