Showing posts with label အချက်အလက်. Show all posts
Showing posts with label အချက်အလက်. Show all posts

ပီနန်ဆရာတော်

Wednesday, June 11, 2014 0 comments

 ~



 အငြင်းပွားဖွယ်ဖြစ်နေတဲ့ ရန်ကုန်၊ တာမွေမြို့နယ်   မဟာသန္တိသုခ ကျောင်းတိုက်မှာ သီတင်းသုံးခဲ့သူ ပီနန်ဆရာတော်အကြောင်း ဧရာဝတီ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့ဖူးပါတယ်။

၂၀၀၈ ခုနှစ်၏ အရေးပါသူများ ဆိုတဲ့ အထူးကဏ္ဍမှာ ဆရာတော်အကြောင်းကို  မြန်မာပိုင်းမှာရော အင်္ဂလိပ်ပိုင်းမှာပါ ဖော်ပြခဲ့ပါတယ်။
ဆရာတော်ရဲ့အကြောင်း ၂ဝဝ၉ ဇန်န၀ါရီလဆန်းမှာ ရေးသားတင်ဆက်ခဲ့တာကို ပြန်လည် လေ့လာလိုသူတို့အတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။

 



  • နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်းနှင့် ချီ၍ ဦးစီးထောက်ပံ့ ခဲ့သော ပီနန် ဆရာတော်ကြီး ဦးပညာဝံသ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

မလေးရှားနိုင်ငံ၊ ပီနန်မြို့ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဦးပညာဝံသသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုနှင့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ထင်ရှားလာသည်။ လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေး လုပ်ငန်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ကမ္ဘာအနှံ့ တည်ဆောက်ခြင်း လုပ်ငန်းများကြောင့်လည်း မူလကပင် ထင်ရှားသော သံဃာတော်တပါးဖြစ်သည်။

ဆရာတော်သည် သက်တော် ၈၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါဝင်ဘဲ ခပ်ရှောင်ရှောင် နေလာခဲ့သည်။ သို့သော်လည်း အမိနိုင်ငံအတွင်း သံဃာတော်များဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်က မတရား ဖြိုခွင်းခဲ့မှုကြောင့် မခံရပ်နိုင်တော့သည့်အဆုံး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ပြောဆိုလေသည်။

ဆရာတော်က ဗုဒ္ဓဘာသာ မြန်မာသံဃာများ၏ နိုင်ငံတကာအဖွဲ့အစည်းတခုကိုလည်း ဦးဆောင် တည်ထောင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (၀ါ) သာသနမောဠိ ဟု လူသိများသော အဖွဲ့အစည်းပင် ဖြစ်သည်။ ဆရာတော်သည် ထိုအဖွဲ့ကြီး၏ ပထမဦးဆုံးသော ဥက္ကဋ္ဌ ဆရာတော်တပါးလည်း ဖြစ်သည်။ 

မေလတွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လိုက်သောအခါ ဆရာတော်က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့ကို ခေါ်၍ ရန်ပုံငွေရှာဖွေရေး အစည်းအဝေးတရပ်ကို ဦးစီး ကျင်းပခဲ့သည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများထံ ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းခန့် ကောက်ခံနိုင်ခဲ့သည်။

သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၌ ဗုဒ္ဓရံသီဟု အမည်ရသော ပထမဦးဆုံးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော်၏ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာတ၀န်း တည်ထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများ အနက်မှ နောက်ဆုံးတည်ထောင်ခဲ့သည့် ကျောင်းတကျောင်းလည်း ဖြစ်သည်။  

ဆရာတော်ဦးပညာဝံသကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ၌ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် မီးရှုးသန့်စင် ဖွားမြင်ခဲ့သည်။ ၀ါးခယ်မ၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာကို လေ့လာဆည်းပူးခဲ့သည်။
၁၉၅၄ ခုနှစ်၌ သီရီလင်္ကာ၊ အက်ဒမန်ကျွန်းစုများ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင် သာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

Ashin Pannya Vamsa

Pannya Vamsa has raised millions of dollars to support the Cyclone Nargis relief effort. (Illustration: Harn Lay/The Irrawaddy)
The September 2007 uprising and Cyclone Nargis galvanized Ashin Pannya Vamsa, abbot of the Dhammikarama Monastery in Penang, Malaysia, who was already well known for his humanitarian work and for founding Buddhist monasteries in several parts of the world.

The 84-year-old abbot had refrained from participating in the political debate over Burma, but the military junta’s crackdown on the monk-led demonstrations in his homeland spurred him to condemn the regime’s brutality.

He then co-founded an international organization of Burmese monks, the International Buddhist Monks Organization (IBMO), also known as Sasana Moli. He became its first chairman.

When Cyclone Nargis hit Burma in May, the abbot organized a fund-raising meeting of 27 different groups in California. At least US $2 million was raised for disaster relief.

In August, he opened the first Buddhist monastery in Denmark, Buddha Ramsi—the latest in a string of monasteries he has founded throughout the world in the past 50 years.

Pannya Vamsa was born in Wakhema in the Irrawaddy delta in January 1924. He studied Pali and Buddhism in Wakhema, Rangoon and Mandalay, before embarking in 1954 on his missionary work in Sri Lanka, the Andaman Islands and southern India.

 



.

မလေးရှားလိုင်းလေယာဉ်နဲ့လိုက်ပါသွားတာ ဘယ်နိုင်ငံသားတွေလဲ

Monday, March 10, 2014 2 comments

~

 


ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်နဲ့ လိုက်ပါသွားတာ ဘယ်နိုင်ငံသားတွေလဲ ဆိုတာက အများစိတ်ဝင်စားတဲ့အကြောင်းအရာတခုပါ။

777 လေယာဉ်အမျိုးအစားအကြောင်း မလေးရှားလေကြောင်းလိုင်း အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားတာ တွေ့ရမှာပါ  / ဓာတ်ပုံ -  www.malaysiaairlines.com
 -
 မလေးရှားလေကြောင်းလိုင်းက ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး သူ့အွန်လိုင်းကနေ သတင်းတွေ အဆက်မပြတ် ထုတ်ပြန်နေရာမှာ ဒီအချက်လည်း ပါဝင်ပါတယ်။

စနေနေ့က လေယာဉ်နဲ့ အဆက်အသွယ်ပြတ်သွားပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ ဒီလို ထုတ်ပြန်တာပါ။
နိုင်ငံ ၁၄ ခုက ခရီးသည်တွေ ပါတယ်၊ လေယာဉ်အမှုထမ်းတွေ အားလုံးကတော့ မလေးရှားနိုင်ငံသားတွေလို့ ဆိုတယ်။

ဒီစာရင်းထဲမှာ Myanmar/Burmese/Burma ဆိုတဲ့ စကားလုံးတွေကို မတွေ့ရပါဘူး။

လေကြောင်းလိုင်းထုတ်ပြန်ချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

Saturday, March 08, 07:20 PM MYT +0800 Malaysia Airlines MH370 Flight Incident - 5th Media Statement

Sepang, 8 March 2014:  The families of all passengers on board MH370 are being informed. The flight was carrying a total number of 239 passengers and crew – comprising 227 passengers (including 2 infants) and 12 crew members.An international search and rescue mission was mobilized this morning. At this stage, our search and rescue teams from Malaysia, Singapore and Vietnam have failed to find evidence of any wreckage.The sea mission will continue while the air mission will recommence at daylight.For the passenger manifest of MH370, click here.

The passengers are of 14 different nationalities. All crew on-board are Malaysians.

The below table shows the latest number of passengers and their nationalities:-


China/Taiwan - 153 including infant/1

Malaysia - 38

India - 5

Indonesia - 7

Australia - 6

France - 4

USA - 3 including infant

New Zealand - 2

Ukraine - 2

Canada - 2

Russian - 1

Italy - 1

Netherlands - 1

Austrian - 1

Our thoughts and prayers are with all affected passengers and crew and their family members.

The public may contact +603 7884 1234+603 7884 1234.

For media queries, kindly contact +603 8777 5698+603 8777 5698/ +603 8787 1276+603 8787 1276.



.


ကားချစ်သူများအတွက် ချက်ဘလက်

Thursday, March 6, 2014 0 comments

~


မြန်မာနိုင်ငံရဲ့ ကားတင်သွင်းခွင့်မူဝါဒကို အစိုးရက  အများကြီးဖြေလျှော့ပေးပြီးတဲ့နောက်မှာတော့ နိုင်ငံအတွင်းကို ပြည်ပနိုင်ငံအသီးသီး ကနေ မော်ဒယ်မြင့်ကားအမျိုးမျိုး အများအပြားတင်သွင်းလာခဲ့ပါတယ်။
 -

ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ
 


အမျိုးသမီးရေးရာဝန်ကြီးဌာန မြန်မာပြည်မှာ "မဖြစ်နိုင်သေး"

Saturday, March 1, 2014 0 comments

~

 


မြန်မာပြည်မှာ အမျိုးသမီးရေးရာဝန်ကြီးဌာန ထားရှိဖို့ လွှတ်တော်ထဲ ပြောဆိုခဲ့ကြပါတယ်။

အစိုးရက ဒီလို ဝန်ကြီးဌာန ထားရှိရေးက မဖြစ်နိုင်သေးပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

 

အမျိုးသမီးရေးရာဝန်ကြီး

0 comments

~

 


အမျိုးသမီးရေးရာဝန်ကြီးဆိုတာကို နိုင်ငံအများစုမှာ တွေ့ရမယ် မဟုတ်ပါ။

သို့သော်လည်း နိုင်ငံတချို့မှာတော့ ဒီဝန်ကြီးဌာနက ရှိနေပါတယ်။

ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ နယူးဇီလန်၊ ဇင်ဘာဘွေ၊ သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တူနီးရှား၊ နိုက်ဂျီးရီးယား၊ အီရတ်၊ သီရိလင်္ကာ၊  တွန်ဂါ၊ ပီရူး၊ ဂျာမနီ၊ အိန္ဒိယ၊ အီသီယိုးပီးယား၊ ဂါနာ စသဖြင့် စသဖြင့် နိုင်ငံတွေမှာ ရှိနေကြောင်း အင်တာနက်စာမျက်နှာတွေကို နာရီဝက်လောက်ကြာကြာ ရှာဖတ်လိုက်ရင် တွေ့ပါမယ် (အင်တာနက်တော့ မြန်ရမယ်)။
 

အဲဒီထဲက တချို့နိုင်ငံတွေကတော့ အမျိုးသမီးအရေးချည်းပဲ မဟုတ်ဘဲ ကလေးသူငယ်အရေးနဲ့
တွဲထားကြတာပါ။အမျိုးသမီးရေးရာဝန်ကြီးဌာနက ဘာတွေ ဆောင်ရွက်မယ် ဆိုတာကတော့ ခန့်မှန်းလို့ ရကြဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေပြည်တော်မှာလည်း 
အမျိုးသမီးရေးရာဝန်ကြီးဌာန ဆိုတဲ့အသံ ထွက်လာပါတယ်။

မြန်မာပြည်မှာ ဒီလို ဝန်ကြီးဌာန ရှိသင့်ကြောင်း အမျိုးသမီးတဦးက လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး(၂) ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က ပြည်သူ့လွှတ်တော်ကို သွားရောက်ပြီး မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။



.


ကာချုပ်ရဲ့ Facebook

Thursday, February 27, 2014 0 comments

~



ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ Facebook fan page မှာ ပရိသတ် လေးသောင်းဝန်းကျင် ရှိနေပါပြီ။
 -

 


လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်ကို စောင့်ကြည့်ကြမယ်

Wednesday, February 26, 2014 0 comments

~


 


လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်အတွက် သမ္မတရုံးက အမည်စာရင်းတင်သွင်းတဲ့ ၁၅ ဦးမှာ စစ်ဗိုလ်ချုပ်ဟောင်းကို ဥက္ကဋ္ဌနေရာမှာ တာဝန်ပေးထားပါတယ်။
ကော်မရှင်ကို လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ။
အစိုးရက ဒီကနေ့ထုတ် သူတို့သတင်းစာတွေမှာ ကော်မရှင်အဖွဲ့ဝင်စာရင်း ဖော်ပြပါတယ်။

နိုင်ငံရေးသမားတွေ လွှတ်တော်အမတ်တွေက စစ်ဗိုလ်ချုပ်ဟောင်း ဦးစီးတဲ့ ကော်မရှင်က တကယ်တမ်း လာဘ်ပေးလာဘ်ယူပပျောက်တာတွေ
လုပ်နိုင်ပါ့မလား ဆိုတာ မနေ့ကအထိ  သံသယ ရှိနေကြတယ်။

ဒါပေမယ့် ဒီအဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်အပေါ် ကန့်ကွက်မယ့်လူရှိရင် လွှတ်တော်မှာ ကန့်ကွက်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
ဆိုခဲ့ပေမယ့် လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၀၀ ကျော်အတွက် ကိုယ်ရေးအချက်အလက်ဖော်ပြထားတဲ့ မိတ္တူ ၁၀ စုံသာ ရေးပီးတော့ လျှို့ဝှက်လို့ ရေးပို့တဲ့အတွက်
တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆို ကော်မရှင်နာရဲ့ နာမည်ရဲ့ ရာထူးလောက်သာ သိကြတာပါ တဲ့။

အချက်အလက် မသိရတဲ့အတွက် အမတ်မင်းတွေက  ဘယ်လိုကန့်ကွက်မတုန်း။   ပွင့်လင်းမြင်သာမှု မရှိပုံများ။

"ဒီပုဂ္ဂိုလ်တွေဟာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတယ်လို့ သက်သေနဲ့ ခိုင်ခိုင်မာမာ သက်သေ ထူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ လိုအပ်တယ်" လို့ NLD  ဦးဝင်းတင် က ထောက်ပြပါတယ်။

ဦးဝင်းတင်ရဲ့ ဝေဖန်ချက် ပါဝင်တဲ့ ဧရာဝတီသတင်းအပြည့်အစုံကို  http://burma.irrawaddy.org/news/2014/02/25/55485.html သို့မဟုတ် http://www.irrawaddy.org/burma/questions-anticorruption-chiefs-military-past.html တို့မှာ ဖတ်နိုင်ပါတယ်။ ကော်မရှင်မှာ ပါဝင်သူတွေကတော့ အစိုးရအရာရှိဟောင်းတွေချည်း ဖြစ်နေပါတယ်။
အရာရှိဟောင်း ဆိုသူတွေဟာ ဗိုလ်ချုပ်တွေ အမိန့်ပေးသမျှ လုပ်ခဲ့ရတာပါ။
ဒီတော့ သံအမတ်ဟောင်း၊ အရာရှိဟောင်းတွေချည်းပဲ ပါဝင်တဲ့ ကော်မရှင်က အလုပ်ဖြစ်ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

သံသယအ၀င်ခံရမယ့် ဒီကော်မရှင်က အလုပ်လုပ်ပြဖို့တော့ လိုပါမယ်။ ၆ လ အတွင်း ထူးထူးခြားခြား လုပ်မပြနိုင်ရင်တော့ ပိုပြီး သံသယ အ၀င်ခံရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

    ဦးမြဝင်း  - စစ်မှုထမ်း (အငြိမ်းစား) -     ဥက္ကဋ္ဌ
    ဦးတင်ဦး - သံအမတ်ကြီး (အငြိမ်းစား) -     အတွင်းရေးမှူး

    ဦးကျော်ကျော် - ညွှန်ချုပ် (အငြိမ်းစား၊ နိုင်ငံခြားရေးဝန်ကြီး ဌာန)
    ဦးစိုးတင့် - ညွှန်မှူး (အငြိမ်းစား၊ စာရင်းစစ်ချုပ်ရုံး)

    ဦးသန်းအောင် - ညွှန်မှူး (အငြိမ်းစား၊ ရှေ့နေချုပ်ရုံး)      
    ဦးမောင်ရှိန် - စစ်မှုထမ်း (အငြိမ်းစား)

    ဒေါက်တာတိုက်စံ - ပါမောက္ခ (အငြိမ်းစား၊ တပ်မတော်နည်းပညာတက္ကသိုလ်)      
    ဦးနေဝင်း - သံအမတ်ကြီး (အငြိမ်းစား)     

    ဒေါ်မြတ်မြတ်စိုး - ညွှန်ချုပ် (အငြိမ်းစား၊ စီမံ/စီးပွား ဝန်ကြီးဌာန)
    ဦးသင်းမောင် - ညွှန်မှူး (အငြိမ်းစား၊ စီမံ/စီးပွား ဝန်ကြီးဌာန)

    ဦးဆွန်ဒုတ်ကျင့် - ဒုညွှန်မှူး (အငြိမ်းစား၊ ရှေ့နေ ချုပ်ရုံး)
    ဒေါက်တာညီညီထွန်း - (အငြိမ်းစား၊ မွေးရေ ဝန်ကြီးဌာန)

    ဦးကျော်မြင့် - စစ်မှုထမ်း (အငြိမ်းစား)
    ဒေါ်သန်းသန်းရီ - ညွှန်မှူး (အငြိမ်းစား၊  စာရင်းစစ်ချုပ်ရုံး)

    ဦးအောင်လှိုင်စိုး - ညွှန်မှူး (အငြိမ်းစား၊  စာရင်းစစ်ချုပ်ရုံး)      
  



.


၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ၈၈ ငြိမ်း/ပွင့် ရဲ့ သဝဏ်လွှာ

Saturday, January 4, 2014 0 comments

  
ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက သဝဏ်လွှာတစောင် ပေးပို့ပါတယ်။ 



၂၇ ကြိမ်မြောက် ဆီးဂိမ်းကို သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုမှတ်တမ်းလွှာပို့

Monday, December 23, 2013 0 comments

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပတဲ့အပေါ် သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု မှတ်တမ်းလွှာ ပေးပို့လိုက်ပါတယ်။ 

 
အဲဒီမှတ်တမ်းလွှာကို အခုလို ပြန်ကြားရေး ဝက်ဆိုက်က အခုလိုဖော်ပြပါတယ်။ 

 နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါ သည်။ 

ယခုအားကစားပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် မြန်မာ အားကစား မောင်မယ်များသည် လှေခွက်ချည်ကျန် အလဲ မလှဲ သော စိတ်ဓာတ်ကို ရင်ဝယ်ပိုက်လျက် ကြိုးစား ယှဉ်ပြိုင်ခဲ့ သည့် အတွက် ရွှေတံဆိပ် ၈၆ခု၊ ငွေ တံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခု ရရှိပြီး နိုင်ငံအလိုက် ဒုတိယအဆင့် ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။ 

ထို့အတူ အရှေ့တောင်အာရှ အားကစားပြိုင် ကာလ အတွင်း မြန်မာတိုင်းရင်းသားများ၏ ယဉ်ကျေး မှု၊ 
ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့်တရား မြင့်မားမှုများကို လည်းကောင်း၊ မြန်မာအားကစားသမား များ စိတ်ဓာတ်၊ စွမ်းရည်၊ သန့်ရှင်းစွာ ယှဉ်ပြိုင်မှု၊ ရဲစွမ်း သတ္တိရှိမှုတို့ ကို လည်းကောင်း ပြသနိုင်ခဲ့ပါသည်။ 

ထိုကဲ့သို့ စွမ်းဆောင်နိုင်မှု အားလုံး သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပုံရိပ်ကို ကမ္ဘာ့အလယ် တွင် မြှင့်တင်နိုင် ခဲ့ခြင်းလည်း ဖြစ်ပါသည်။ 

ယခုကဲ့သို့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း သည် မြန်မာတိုင်းရင်းသား အားလုံး ၏ အောင်ပွဲဖြစ်ပြီး ထိုအောင်ပွဲ ကို ပြည်သူ အားလုံး က ပြည်ထောင်စု စိတ်ဓာတ်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များနှင့် ရယူပေးခဲ့ခြင်း ဖြစ်ပါသည်။ 

ထိုကဲ့သို့ အမျိုးသားရေးတာဝန်တစ်ရပ်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ခြင်း အတွက် (၂၇) ကြိမ်မြောက် အရှေ့တော်ငအာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယကနှင့် (၂၇)ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ၊ မြန်မာ့ ဂုဏ်ဆောင် အားကစားမောင်မယ်များ၊ အားစား အဖွဲ့ချုပ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်
ဖျော်ဖြေခဲ့ကြသော မောင်မယ်များ၊ ဆက်သွယ်ဆက်ဆံရေး အရာရှိ များ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေးလူငယ်များ၊ အထောက် အကူပြု အဖွဲ့များ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ စစ်သည်များ၊ ဂီတ အနုပညာရှင် များအားလည်းကောင်း၊ ယဉ်ကျေးတက်ကြွမျှတစွာ အားပေး ခဲ့ကြ
သော ပြည်သူများအား လည်းကောင်း၊ အားကစား စိတ်ဓာတ် အပြည့် အဝဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အရှေ့တောင်အာရှ နိုင်ငံများမှ အားကစား အဖွဲ့ဝင်များအားလည်းကောင်း လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု အပ်ပါသည်။ 


သမ္မတ ဦးသိန်းစိန် 







၁၃ဝဝ ပြည့်အရေးတော်ပုံ စိန်ရတု သမ္မတ ဦးသိန်းစိန် သဝဏ်လွှာပို့

Thursday, December 12, 2013 0 comments


မြန်မာနိုင်ငံတွင် အထင်ကရ အရေးတော်ပုံကြီးဖြစ်သည့် ၁၃ဝဝ ပြည့်ရေနံမြေ သပိတ်၊ အရေးတော်ပုံကြီးရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ ကျရောက်တဲ့ စိန်ရတု အခမ်းအနားကို သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေး ပို့ပါတယ်။ 

 
သဝဏ်လွှာအပြည့်အစုံကို ပြန်ကြားရေး ဝက်ဆိုက်ကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ကျရောက်သည့် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ 


ဒီဇင်ဘာ ၁၁ ရက် (၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၉ ရက်) တွင် ကျင်းပသည့် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနားသို့ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ခဲ့သည်။ 

အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်- 

ချစ်ကြည် လေးစားအပ်ပါသော တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား- 

ယနေ့ အခါသမယဟာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာ တစ်မျိုးသားလုံးရဲ့ စည်းလုံး ညီညွတ်မှုကို နိုးထစေခဲ့သော ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့တဲ့ စိန်ရတု အခမ်းအနားနေ့ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၇၅ နှစ်က ဒီအချိန်မှာ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ အမျိုးသားရေး စိတ်ဓာတ်တွေဟာ ဖိနှိပ်မှုတွေကြား က ရဲဝံ့စွာ တွန်းလှန်ပေါ်ထွန်း လာခဲ့ပါတယ်။ ယခုလို ၇၅ နှစ်မြောက် သမိုင်းဝင် စိန်ရတု အခမ်းအနား မှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးက တိုင်းရင်းသား ပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ မော်ကွန်း တင်ရစ်ခဲ့တဲ့ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ ဟာ ကိုလိုနီ နယ်ချဲ့တွေရဲ့ ဖိနှိပ်မှု အောက်ကနေ မိုင်ပေါင်း ၄၀၀ ခရီးရှည် ချီတက်ပြီး ရုန်းထ ပေါက်ကွဲခဲ့ကြတဲ့ အလုပ်သမားထုနှင့်အတူ တောင်သူ လယ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်း ရှင်လူ ပြည်သူတွေ တစုတစည်းတည်း လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်း မှတ်တမ်းလည်း ဖြစ်ပါတယ်။ 

မြန်မာ တစ်မျိုးသားလုံး အတွက် နယ်ချဲ့ လက်အောက် ကျွန်သပေါက်ဘဝမှ ရုန်းထွက် လွတ်မြောက်ပြီး လွတ်လပ်ရေး အိပ်မက်ကို စတင် မြင်မက်လာနိုင်အောင် ကန့်လန့်ကာ ဖွင့်ခဲ့တဲ့ လူထု လှုပ်ရှားမှု အရေးတော်ပုံကြီးပဲ ဖြစ်ပါတယ်။ 

ဒီ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံက အစပြုလို့ အခြေတည်ခဲ့တဲ့ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှုနဲ့ ထက်သန်ပြင်းပြတဲ့ အမျိုးသားရေး စိတ်ဓာတ်ကြောင့်ပဲ ခက်ခဲ ကြမ်းတမ်းတဲ့ ကာလတွေကို ကျော်ဖြတ်ပြီး လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ 

သို့သော်လည်း ရပြီးဖြစ်တဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို လွတ်လပ်ရေး ရရှိခဲ့ပြီးတဲ့ နောက်မှာ ကြာရှည်စွာ ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေး ပါတီများရဲ့ အကွဲအပြဲများကို တွေ့ကြုံခဲ့ရပြီး ယနေ့အချိန်အထိ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှု ရအောင် ကြိုးစား တည်ဆောက်ရလျက် ရှိပါတယ်။ 

လွတ်လပ်ရေး မရမီကာလမှာ လွတ်လပ်ရေး အတွက် သွေးစည်း ညီညွတ်ခဲ့ ကြပေမယ့်လည်း လွတ်လပ်
ရေး ရရှိပြီးတဲ့နောက်မှာ ဝါးအစည်းပြေသလို ဖြစ်ခဲ့ရတဲ့ အမျိုးသား ညီညွတ်ရေး လျော့ရဲ မှုကြောင့် နိုင်ငံ
ရေးကို အခြေခံတဲ့ ပဋိပက္ခတွေဟာ သံသရာ လည်နေခဲ့ တာကိုလည်း တွေ့ကြုံခဲ့ကြရပါတယ်။ 

ဒီကနေ့ ဒီအချိန်မှာတော့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ရရှိနိုင်မယ့် မျှော်လင့်ချက် ရောင်ခြည် ကို မြင်တွေ့
နေရပြီ ဖြစ်ပါတယ်။ 

အမျိုးသား ညီညွတ်ရေး ပြိုကွဲခဲ့ရခြင်း အကျိုးဆက်ကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစ အရာရာမှာ အိမ်နီးချင်း နိုင်ငံတွေထက် နောက်ကျ ကျန်ခဲ့ပါတယ်။ 

အကွဲအပြဲ ဇာတ်လမ်းများ၊ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့ ကျွန်တော် တို့ နိုင်ငံဟာ ဒီကနေ့မှာဆိုရင် မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို စတင် ဖော်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

ဒီမိုကရေစီ ခေတ်သစ်ကို တစ်ကျော့ပြန် ပြန်လည် ထူထောင်နေတဲ့ ဒီကနေ့ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အားလုံး ပါဝင်ခွင့် ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ 

လူများစုရဲ့ သဘောဆန္ဒကို လိုက်နာရမှာ ဖြစ်သလို လူနည်းစုရဲ့ သဘောဆန္ဒကိုလည်း အလေးထားရ မှာ ဖြစ်တဲ့ ဒီမိုကရေစီ သဘောတရားနဲ့ အညီ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ညီညွတ်ရေးကို ပွင့်လင်းစွာဖြင့် လက်တွေ့ ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ 

ဒီကနေ့ ဒီအချိန်မှာ အလုပ်သမားနဲ့ လယ်သမားတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ တိုးတက် မြင့်မား လာအောင် လည်း အခြေခံဥပဒေနဲ့အညီ ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ 

အသွင်ကူးပြောင်းစ ဒီမိုကရေစီ လမ်းခရီးမှာ နိုင်ငံတော် ဖွံ့ဖြိုးရေးကို ယှဉ်တွဲ ဖော်ဆောင်နိုင်ဖို့ အတွက် အစိုးရနဲ့အတူ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးများ၊ စတုတ္ထမဏ္ဍိုင် မီဒီယာများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ အားလုံးတို့က ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ 

ခေတ်အဆက်ဆက်မှာ စည်းရုံးမှုတွေ ပျက်ပြီး မညီမညွတ်ဖြစ်ခဲ့တဲ့ သမိုင်းကို ယနေ့အခါမှာ ပြည်ဖုံးကား ချနိုင်ဖို့ အရေးကြီးပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ ဒီကနေ့ အားလုံးမှာ တာဝန်ရှိပါတယ်။ 

တူညီသော ရည်မှန်းချက် ဖြစ်တဲ့ နိုင်ငံနဲ့ ပြည်သူတို့ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတ္တဗဟိုပြု ဆောင် ရွက် မှု ဘောင်ထဲက ရဲရဲကြီး လမ်းခွဲထွက်နိုင်ဖို့ အရေးကြီးပါတယ်။ 


ဒီလိုသာ အမျိုးသား ညီညွတ်ရေးကို တည်ဆောက် နိုင်မယ်ဆိုရင် သာယာ ၀ပြောတဲ့ ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သမိုင်းဝင် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော် ပုံ ကြောင့် နိုးထခဲ့တဲ့ အမျိုးသားရေး စိတ်ဓာတ်
တွေ ကို ပြန်လည် အသက်သွင်းပြီး သန်း ၆၀ သော ပြည်သူများ ကောင်းကျိုး အတွက် စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက် သွားကြဖို့ အလေးထား တိုက်တွန်း လိုက်ရပါတယ်။ 







အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်

Sunday, December 8, 2013 0 comments


ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးထားတဲ့  အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက် တခု ထုတ်ပြန်လိုက်ပါတယ်။ 



သမ္မတ ဦးသိန်းစိန်ရဲ့ ဒီဇင်ဘာ ရေဒီယို မိန့်ခွန်း

Sunday, December 1, 2013 0 comments

သမ္မတ ဦးသိန်းစိန်ရဲ့ အခါအားလျော်စွာ ရေဒီယိုမိန့်ခွန်းပြောလေ့ရှိတာမှာ အခု ဒီဇင်ဘာလ ၁ ရက်နေ့ 
ရေဒီယို မိန့်ခွန်းမှာတော့ အစိုးရ ၂ နှစ်ကျော် သက်တမ်း ဘယ်လို တိုးတက်မှုတွေ ဖော်ဆောင်နိုင်ခဲ့တာတွေ ကို အစချီပြီး ပြောထားပါတယ်။ 

 သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ပြန်ကြားရေး ဝက်ဆိုက်

လတ်တလော ကြိုးစား အကောင်အထည်ဖော်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ လက်မှတ်ထိုးရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့ မူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကိစ္စတွေလည်း ထည့်သွင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အမျိုးသား နေ့ကို ထောက်ပြပြီး အမျိုးသားရေး ကိစ္စတွေလည်း ပြောဆိုသွားပါသေးတယ်။ 

မိဘပြည်သူများခင်ဗျား 

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ် ထွန်း နေတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ပတ်သက်တဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြား သွားမှာဖြစ်ပါတယ်။ 

လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ဖြစ်စဉ်များဟာ ၂ နှစ် 
ကျော် ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိလာတာနဲ့အညီ သိသာတဲ့ အဆင့် တစ်ခု သို့ ရောက်နေပြီဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အချက်ပဲဖြစ်ပါတယ်။ 

ဒီအဆင့်ကို ရောက်ရှိလာအောင် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးအနေနဲ့ အခက်အခဲပေါင်း များစွာ၊ ပြဿနာပေါင်းများစွာနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ကြားထဲက ကြိုးစားတက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်တယ် ဆိုတာကလည်း ငြင်းဆိုလို့မရတဲ့ အချက်ပါပဲ။ 

အခု ရရှိထားတဲ့ အဆင့်ဟာဆိုရင် မျိုးစေ့အဆင့်ကနေ အစို့အညှောက် ပေါက်တဲ့အဆင့်သို့ ရောက်ရှိ လာပြီ လို့ ပြောရမှာဖြစ်ပါတယ်။ အစို့အညှောက်ဘဝကနေ အဆင့်ဆင့် ရှင်သန်ကြီးထွားဖို့ ဆိုတာ ကတော့ ကျွန်တော်တို့ အားလုံး မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရမယ့် အမျိုးသားရေး တာဝန်တစ်ရပ် ပဲ ဖြစ်ပါတယ်။ 

ဒီကိစ္စဟာ တခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ၊ လက်ရှိဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်း အလဲများ ခိုင်မာပြီး အသွင်ကူုးပြောင်းရေးကိစ္စအရပ်ရပ် လမ်းမှန်ကမ်းမှန်ဖြစ်စေဖို့ မိမိတို့အားလုံး မဖြစ်မနေ လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ မြန်မာ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါ တယ်။ 

နိုင်ငံရေးအပြောင်းအလဲများနဲ့ အသွင်းကူးပြောင်းဖြစ်စဉ်များ ဒီအဆင့်ကို ရောက်လာဖို့ဆိုတာ အစိုးရ တစ်ဖွဲ့ တည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရောက်ရှိလာခြင်းမဟုတ်ဘဲ အစိုးရ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ နဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့ များ၊ တပ်မတော်နဲ့ နိုင်ငံသားတစ်ဦးချင်းစီက ကျရာကဏ္ဍကနေပြီး လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလအတွင်း ဝိုင်းဝန်း အားထုတ်ကြိုးပမ်း လုပ်ဆောင်ခဲ့ကြလို့ ယခုလိုအခြေအနေကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယခု ၂ နှစ်ကျော် ကာလမှာ တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ထွန်းမှုအဆင့်ဆင့်ကို ရေရာသေချာတဲ့ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာဖို့ဆိုရင် မိမိတို့ထားရှိရမယ့် တူညီတဲ့ ရည်မှန်းချက်တွေဟာလည်း ခိုင်မာတဲ့ ရပ်တည်ချက်တွေပါဝင်ဖို့ လိုအပ်ပါတယ်။ 

ဒါ့ကြောင့် ထားရှိရမယ့် တူညီတဲ့ ရည်းမှန်းချက်တွေဟာ လက်တွေ့ကျဖို့လည်း လိုအပ်ပြီး ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ 

လက်ရှိ မျိုးဆက်အတွက် သာမကဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်ပါ ခိုင်မာတဲ့၊ အာမခံ ချက် ရှိတဲ့ နိုင်ငံရေးအနာဂတ် ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းများ ပါဝင်တဲ့ အုတ်မြစ်တွေ ချနေ
ခြင်း ဖြစ်တယ်လို့ ရှုမြင်ကြရမှာဖြစ်ပါတယ်။ 

နိုဝင်ဘာလ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ရှင်းလင်းတင်ပြ လိုပါတယ်။ နိုဝင်ဘာလမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ EU-Myanmar Task Force ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရှိပြီး ပြည်သူအများကို အကျိုးပြုတဲ့ အမျိုးသား စီးပွားရေးစနစ်တစ်ရပ် ပိုင်ဆိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေကနေတဆင့် အမျိုးသားစည်းလုံးညီညွတ်ရေး တည်ဆောက်မှုလုပ်ငန်းစဉ်များကို အကောင်အထည်
ဖော် ကြိုးပမ်း ဆောင်ရွက်ရေးကိစ္စတွေကို ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလ အတွင်း 
ဆောင် ရွက်နေတာဖြစ်ပါတယ်။ 

ဒီလုပ်ငန်းစဉ်တွေအတွက် အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီစနစ် ရှင်သန်ရေးနဲ့ အမြစ်တွယ်ခိုင်မာရေး၊ မတူညီ ကွဲပြားမှုတွေ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းမှာ တန်းတူရည်တူရှိမှုနဲ့ အပြန်အလှန်လေးစားမှုရှိရေး၊ လူများ စု က လူနည်းစုရဲ့ လိုလားချက် များကို အလေးထားရေး၊ ပွင့်လင်းလွတ်လပ်ပြီး တည်ငြိမ်မှုရှိတဲ့ နိုင်ငံရေး
ဖြစ်စဉ်နဲ့ နိုင်ငံရေးမှာ နိုင်ငံသား အားလုံးပါဝင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက် 
မြင့်မား လာရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု အပါအ၀င် ကမ္ဘာ့စီးပွားရေးစနစ်နဲ့ ပြန်လည်ချိတ်ဆက် မိရေး ဆိုတဲ့ ကိစ္စရပ်များဟာ အထူးအရေးကြီးပါတယ်။ 

ဒီလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂနိုင်ငံများအကြား ထိထိရောက်ရောက် ပူးပေါင်း ဆောင် ရွက် နိုင်ဖို့အတွက် EU-Myanmar Task Force ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ပူးပေါင်းဆောင်ရွက်ရာမှာ အစိုးရ၊ လွှတ်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အသင်းအဖွဲ့ များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ လုံခြုံရေးအဖွဲ့အစည်းများ အချင်းချင်း အဆင့်ဆင့် အလွှာပေါင်းစုံ ချိတ်ဆက် လုပ်ဆောင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့လည်း သိရှိရပါတယ်။ 

EU- Myanmar Task Force ကို ဖွဲ့စည်း နိုင်ခြင်းဟာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ မြန်မာနိုင်ငံ အကြား ရေရှည် ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် အစပြု ထူထောင်ခြင်းလည်း ဖြစ်ပါတယ်။ 

ဒီကနေ့ အချိန်ကာလလို မြန်မာနိုင်ငံအနေနဲ့၊ သိက္ခာရှိတဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘာ့မိသားစု
နိုင်ငံများ အကြား ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို ဘက်စုံဆက်ဆံရေး ပုံစံတစ်ခု အစပြု
နိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများနဲ့ မိမိအစိုးရ တာဝန်ရှိဝန်ကြီးများ၊ ၀န်ထမ်းများကိုလည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ 

ယခုလို ကိစ္စရပ်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြမယ်ဆိုရင်တော့ များမကြာမီကာလ မှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ မိသားစုအလယ်မှာ သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ 

ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သတ်လို့ လိုင်ဇာဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့
ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပဲ ဖြစ်ပါတယ်။ 

ဒီ လိုင်ဇာဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး 
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုများဟာ လည်း အောင်မြင်မှုရရှိပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် အဆင့်ဆင့် 
ဖြစ်ထွန်းမှုများ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

မြစ်ကြီးနားဆွေးနွေးပွဲများကို အခြေခံပြီး ဒီဇင်ဘာလမှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ဘားအံမြို့မှာ တွေ့ဆုံ
ဆွေးနွေး ဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ကြားကာလမှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ မြန်ဆန်သွက်လက်စေဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံက တာဝန်ပေးအပ်ထားတဲ့ အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့အစည်း
ပေါင်း စုံ အခြေပြုရာဒေသ အားလုံးကို သွားရောက်ညှိနှိုင်းလျှက် ရှိကြောင်းကိုလည်း သိရှိထား ပါတယ်။ 

အခုလို ဆောင်ရွက်မှုများဟာ မိမိတို့အားလုံး လက်တွဲပူးပေါင်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ်မှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးရဲ့ ထက်သန်သော စိတ်ရင်းစေတနာမှန်ကို ပြသနေခြင်း ဖြစ် တယ် လို့ ကျွန်တော့်အနေနဲ့ ရှုမြင်ပါကြောင်း ပြောကြားလိုပါတယ်။ 

အလျဉ်းသင့်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ စပ်လျဉ်းတဲ့ အချက်တစ်ချက်ကို ဒီနေရာမှာ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ 

ဖိတ်ခေါ်ခဲ့တဲ့ အစဦး ကာလတွေမှာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မယုံကြည်မှု၊ သံသယဖြစ်မှုတွေ များစွာ ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ အပစ် အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ် ငန်း စဉ်များ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို တက်လှမ်းနိုင်ခြင်းဟာ ပါဝင်ပတ်သက်သူ အားလုံး ရဲ့ စိတ်ရင်းစေတနာမှန်ကို အခြေခံတဲ့ အောင်မြင်မှုများလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ကျန်ရှိနေသေးတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန် တဲ့ နိုင်ငံရေး နည်းလမ်းတွေနဲ့ တိုင်းရင်းသားများရဲ့ လိုလားချက်များကို ဆွေးနွေးညှိနှိုင်းဖို့ အခိုင်အမာ သံန္နိဋ္ဌာန် ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ 

ထပ်လောင်းပြောကြားလိုတဲ့ ကိစ္စကတော့ ယခု တစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်း
စေတနာ မှန်ကို အခြေပြုတဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်။ 

ဒီနိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်တဲ့ တပြည်လုံး အတိုင်း အတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင် သဘော တူညီမှု ရယူခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားကြဖို့ လိုအပ် မှာ ဖြစ်ပါတယ်။ 

အခြားဖြစ်ထွန်းမှု တစ်ရပ်အနေနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစည်းပြီး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနဲ့ စတင်ထိတွေ့ ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါတယ်။ 

ယခုလို ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ကျွန်တော့်အနေနဲ့ ကြိုဆိုအားပေးလျက် ရှိကြောင်း ပြောကြားလိုပါ တယ်။ 

ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် ဘားအံ ညီလာခံများကနေ အစွန်းတရားများ ကို ရှောင်နိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများက တဆင့် ရလဒ်ကောင်းများ ရရှိပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်လျှက် ရှိကြောင်း ပြောကြားလိုပါ တယ်။ 

လက်ရှိ အစိုးရလက်ထက်မှာ ချမှတ်ထားတဲ့ ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်းများဖြစ်တဲ့ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ 

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို အမျိုးသား အဆင့် စီမံချက်များချမှတ်ပြီး ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်
ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ 

အမျိုးသား ကျန်းမာရေး တည်ဆောက်မှုရဲ့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ သန့်ရှင်းသော သောက် သုံးရေ ရရှိရေးအတွက် မိမိတို့နိုင်ငံမှာ ရှိနေပြီးဖြစ်တဲ့ ရေအရင်းအမြစ် များစွာကို ပေါင်းစည်းထား သည့် 
ရေစီမံခန့်ခွဲမှု စနစ်နဲ့ ထိရောက်စွာ အသုံးချနိုင်ဖို့ အမျိုးသားရေး လိုအပ်ချက်အဖြစ် ဆောင်ရွက်နေခြင်း ဖြစ် ပါ တယ်။ 

ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ အရးကြီး ဆုံး အချက်လို့ ရှုမြင်တဲ့ ကိစ္စရပ်ကတော့ လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစားတွေးခေါ်မှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ နိုင်ငံရေးဦးဆောင်မှု ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ 

ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရေးခေါင်းဆောင်များ အားလုံးအနေနဲ့ ဒီမိုကရေစီ အရေး ကို 
နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ် အလယ်လပ်တဲ့ အစွန်းနှစ်ပါး ကို ရှောင်ရှားပြီး မိမိတို့နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း၊ ယခု ပစ္စုပ္ပန်အခြေအနေနဲ့ အနာဂတ်အတွက် အကျိုးအပြစ်တို့ကို ရှုမြင်သုံးသပ်ကာ နိုင်ငံရေး ရင့်ကျက်မှုရှိရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ယခု ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်ရာ ရောက်စေမယ့် ချဉ်းကပ်မှုများနဲ့ ကိုင်တွယ် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။ 

တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ဟာ ဆိုရင် ၉၃ နှစ်မြောက် အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ အခါသမယမှာဆိုရင် ကျွန်တော်တို့ဟာ အတိတ်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နိုးကြားလာမှုတွေဟာ ပြည်သူများအကြားမှာ နိုင်ငံရေး အသိစိတ်နိုးကြားမှုနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်လိုမှုတွေကို မြင့်မားလာခဲ့ စေတယ်ဆိုတာကို ပြန်လည် အမှတ်ရ ကြမှာပဲ ဖြစ်ပါတယ်။ 

မှန်ကန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး စတင်ခဲ့တဲ့ နိုင်ငံရေးနိုးကြားမှု၊ ဒီနိုင်ငံရေး နိုးကြားမှုကို အခြေခံတဲ့ နိုင်ငံရေးဖြစ်စဉ်၊ အမျိုးသားစည်းလုံးညီညွှတ်မှုအားနဲ့ လွတ်လပ်ရေး ရယူနိုင်ခဲ့သလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ယခုအချိန်မှာလည်း လွတ်လပ်ရေး ရယူစဉ်ကာလကလို အမျိုးသားစည်းလုံးညီညွှတ်မှု အားတစ်ခု တည်ဆောက်ပြီး မိမိတို့ မြင်တွေ့လိုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

ဒီလို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာအောင်ဆိုရင် လက်ရှိရရှိထားတဲ့ နိုင်ငံရေးအပြောင်း အလဲများနဲ့ ဖြစ်စဉ်တွေ ဆက်လက်ရှင်သန်ဖို့ လိုပါတယ်။ 

ဒီလိုဆက်လက်ရှင်သန်မှလဲ ခိုင်မာတဲ့ အသွင်ကူးပြောင်းရေးအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ ပြည်သူလူထု အများစု လိုလားတဲ့ ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ်ပေါက်လာစေရေးနဲ့ အမြစ်တွယ် ခိုင်မာစေရေးအတွက် လက်ရှိဖြစ်စဉ်တွေ ဆက်လက်ရှင်သန်အောင်၊ ခိုင်မာတဲ့ အသွင် ကူးပြောင်းရေး အဆင့်ဆင့်ကို တက်လှမ်း နိုင်အောင်၊ အမျိုးသားစည်းလုံး ညီညွှတ်မှုအားနဲ့ တည်ဆောက် သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ 

နိဂုံးချုပ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကြီး ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

နှစ်ပေါင်း (၄၄) နှစ်ကြာပြီးမှ ကျင်းပပြုလုပ်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံး ငါတို့ လုပ်နိုင် တယ်လို့ ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။ 

အဝေးကနေ လာရောက်ကြတဲ့ မိမိတို့ရဲ့ အာဆီယံမိသားစုဝင် အားကစားသမားတွေကို ကူညီကြဖို့၊ ကာကွယ်စောင့်ရှောက်ကြဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။ 

ကူညီစောင့်ရှောက်ပေးကြဖို့နဲ့ အားကစား ပြိင်ပွဲများမှာ နိုင်ငံကြီးသားပီသစွာ မျှမျှတတ အားပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။ 

မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ 






.

ဦးသိန်းစိန်ရဲ့ နိုဝင်ဘာ ရေဒီယိုမိန့်ခွန်း

Friday, November 1, 2013 1 comments


သမ္မတ ဦးသိန်းစိန်ရဲ့ နိုဝင်ဘာလ ရေဒီယိုမိန့်ခွန်း အပြည့်အစုံဖြစ်ပါတယ်။ အခု မိန့်ခွန်းမှာ လိုင်ဇာ မှာ ကျင်းပနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ညီလာခံကို ကြိုဆိုတယ်လို့ စတင်ပြောကြားပါတယ်။ 



၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်က နေပြည်တော် တွင် မိန့်ခွန်းပြောနေသော သမ္မတ ဦးသိန်းစိန်

လက်ရှိ အပစ်အခတ်ရပ်စဲရေးတွေနဲ့တင် တိုင်းပြည် ငြိမ်းချမ်းရေးရမှာမဟုတ်ပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လိုအပ်ပြီး ယုံကြည်မှု တည်ဆောက်နိုင် မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ နိုဝင်ဘာ ရေဒီယို မိန့်ခွန်းကတဆင့် ပြောကြားလိုက်တာဖြစ်ပါတယ်။ မိန့်ခွန်း အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မိဘပြည်သူများခင်ဗျား- 


ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ် ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေရဲ့ ဖြစ်ထွန်း တိုးတက် မှုတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ 

ပထမဦးစွာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကျင်းပ ပြုလုပ်လျက်ရှိသည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းများရဲ့ ခေါင်းဆောင်များ ပါဝင် တက်ရောက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲကို ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။ 

ဒီဆွေးနွေးပွဲဟာ များမကြာမီ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေတဲ့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ဦးတည်ကျင်းပ နေကြောင်းလည်း သိရှိရပါတယ်။ 

ဆွေးနွေးညှိနှိုင်း မှုတွေဟာ အပြုသဘော ဆောင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားနေတဲ့ ရေရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိရန် ဦးတည်ဆွေးနွေး နေတယ်လို့သိရတဲ့ အတွက်လည်း ကျွန်တော့်အနေနဲ့ အထူးပင် ဝမ်းမြောက်မိ ပါတယ်။ 

ရလဒ်ကောင်းများ ရရှိပြီး တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘော တူညီချက် လက်မှတ်ရေးထိုးပွဲသို့ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ အစည်းအားလုံး တက်ရောက်လာရန် ကြိုဆိုလျက်ရှိကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ထပ်လောင်း ပြောကြားလိုပါတယ်။ 

တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို အနည်းငယ် ရှင်းပြလိုပါတယ်။ 

ရည်ရွယ်ချက်များကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆို ချက်များကို ညှိနှိုင်းဖြည့် ဆည်းပေးလိုခြင်း၊ ရေးထိုးပြီးဖြစ် သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူ ညီချက် အဆင့် ဆင့် ကို ထပ်လောင်း အတည်ပြုလိုခြင်းနှင့် လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စတင်လိုခြင်းကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ထပ်မံအတည်ပြု ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုအကြိမ် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းသည် အပစ်အခတ် ရပ်စဲရေး အဆင့်တွင် ရပ်တန့်ထားရန် မဟုတ်ဘဲ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးများကို အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို တက်လှမ်း နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်း ပင်ဖြစ်ပါတယ်။ 

လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျှောက်တွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ ချမှတ်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ အဆိုပြု ချက်အားလုံးကို လက်ခံဆွေးနွေး ခဲ့ကြောင်းကိုလည်း ရှင်းလင်းပြောကြား လိုပါတယ်။ ဒီလိုလုပ်ဆောင် နိုင်ခဲ့တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင် အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ 

ဒီလိုရရှိ အောင်မြင်ထားတဲ့ အပြန် အလှန် ယုံကြည်မှုကို အခြေခံပြီး များမကြာမီ ကာလက ဖြစ်ပွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ် ဖြစ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့တာကိုလည်း အများအသိပင် ဖြစ်ပါသည်။ 

ဒါ့ကြောင့် မိမိတို့ရရှိထားတဲ့ အပြန်အလှန်ယုံ ကြည်မှုကို အခြေခံပြီး လက်ရှိလိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်း သား ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ် ၏အဓိက ကျသည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်း အဆင့်ကို အောင်မြင် စွာတက်လှမ်း နိုင်မည်ဟု ကျွန်တော့် အနေနဲ့ မျှော်လင့် ယုံကြည်လျက်ရှိ ကြောင်း ပြောကြားလိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး ဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နှေးကွေး သည်၊ မြန်ဆန် လွန်းသည် အစရှိသည့် ပြောကြားချက် များသည် ပြောကြားသူတို့၏ ရပ်တည်ချက်၊ ကြည့်မြင် သည့် ရှုထောင့် နှင့်တိုင်း တာသည့် စံချိန်၊ စံညွှန်းများပေါ်တွင် မူတည်မည်ဖြစ်ပါ တယ်။ 

လတ်တလော ဖြစ်ပေါ် လျက်ရှိသည့် အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ၊ ပြောဆိုငြင်းခုံမှု များ၏ အနေအထားကို သုံးသပ်ကြည့်ရှုပါက မိမိတို့လူ့အဖွဲ့ အစည်းတွင်ရှိရမည့် ဒီမိုကရေစီရေး ဆိုင်ရာ အလေ့အကျင့်များ စတင်ရှင်သန်လာခြင်း ဖြစ်သည်ကို ငြင်းဆို၍ မရသည့် အချက်အဖြစ် တွေ့ရှိရမှာဖြစ်ပါတယ်။ 

ဤအလေ့ အကျင့်များ ဆက်လက်ရှင်သန် အမြစ်တွယ် ခိုင်မာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အနေနှင့် မိမိတို့အားလုံး ကြိုးပမ်း သွားရမှာဖြစ်ပါတယ်။ 

ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက် မှုနှေးကွေးသဖြင့် ဒီမိုကရေစီအရေးကို နှောင့်နှေး စေသည့် အစွန်းနှင့် မြန်ဆန်လွန်းသည့်အတွက် အလှမ်းကျယ်၊ အလယ်လပ် သည့် အစွန်း နှစ်ပါးကို ရှောင်ရှားပြီး မိမိတို့လူ့အဖွဲ့အစည်း အနေနှင့် လက်ရှိနိုင်ငံရေး အရှိတရား များကို အခြေခံသည့် လက်တွေ့ ကျသည့် ရလဒ်များရရှိရန် ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ 


အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍လည်း အစွန်း ရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထု အများစု၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာ ကောင်းများဖြင့် မိမိဖြစ်လိုသည့် ဆန္ဒထက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ် လာနိုင်သည့် အနာဂတ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို စဉ်းစားတွက်ဆပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါတယ်။ 

ကျွန်တော်တို့ ကြိုးပမ်း အကောင်အထည် ဖော်နေတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ် ရေး ကို ရှေးရှုပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေ နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို လွတ်ငြိမ်း ချမ်း သာခွင့်ပေးခဲ့ပါတယ်။ 

နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရ အောင်လည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်။ 

ကျွန်တော့်အနေနဲ့ အောက်တိုဘာလအတွင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်ခရီးစဉ် ကာလအတွင်း သံတွဲမြို့မှာ ပဋိပက္ခ များဖြစ်ပွား ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ဒီဖြစ်ရပ်များကို သုံးသပ်ကြည့် မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့ ပွင့် လင်း လွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် စိန်ခေါ်မှုများ များစွာရှိနေသေးတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ဒီစိန်ခေါ်မှုတွေကို ကျွန်တော် တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အနေနှင့် အတူတကွ လက်တွဲရင်ဆိုင်ဖြေရှင်း ကြရဦးမှာဖြစ်ပါတယ်။ 

ပြဿနာများကို ဖြေရှင်းရာမှာ အခြေခံအကျဆုံး ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတည်ငြိမ်ရေးကို ယခုထက်ပိုမို တိုးမြှင့်လုပ် ဆောင်ရန် ဒေသအာဏာပိုင် များကို ကျွန်တော့်အနေနဲ့ ညွှန်ကြားထားပြီး ဖြစ်သလို လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ရပ်မိရပ်ဖများ ကိုလည်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းပြောကြား ထားပြီးဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ ပြည်သူလူထုကို ကျွန်တော့်အနေနဲ့ တင်ပြလိုတာ ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဘရူနိုင်း
နိုင်ငံမှ လွှဲပြောင်းရယူခဲ့ပြီး ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ အာဆီယံအဖွဲ့ကြီး အနေနဲ့ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာနိုင်ငံ အစိုးရ၊ မြန်မာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ်မှာပါ ယုံကြည်မှု ရှိတဲ့အကြောင်းကို ပြသခြင်းလည်း ဖြစ်ပါတယ်။ 

ဒီလို အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်နိုင်ခြင်း ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် အရေးကြီး တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း ဖြစ်သလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုတွေဟာ အာဆီယံဒေသ တွင်းမှာ ဂုဏ်ယူနိုင်တဲ့အဆင့် ရောက်ရှိနေပြီဟု ယုံကြည်ပြီး တာဝန်လွှဲအပ်ခြင်းခံရတာဖြစ်တဲ့ အတွက် 
မြန်မာနိုင်ငံသားများ အားလုံး အတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ 

အာဆီယံဥက္ကဋ္ဌ တာဝန်ဟာ အာဆီယံအဖွဲ့ကြီးကို ဦးဆောင်မှုပေးရုံ သာမဟုတ်ဘဲ အာဆီယံအဖွဲ့ကြီးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပ သမဂ္ဂ၊ ရုရှားနိုင်ငံတို့နဲ့ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဦးစီးဦးဆောင် ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ 

၂၀၁၅ မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်းကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ၊ တာဝန် တွေ လုပ်ဆောင်ဖို့ ရှိနေတဲ့အတွက် ကျွန်တော်တို့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် လာမယ့် နှစ်ဟာ ဆိုရင် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌတာဝန်ကိုယူထားချိန်မှာ အာဆီယံ ဆိုင်ရာ အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ အစည်းအဝေးကြီးတွေ ကို လက်ခံကျင်းပပြုလုပ် သွားဖို့ရှိပြီး နိုင်ငံတကာ ဆိုင်ရာ အရေးကြီး ကိစ္စရပ်များကိုလည်း ဦးဆောင် ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ 

လာမယ့်နှစ်အတွင်းမှာ အာဆီယံအဖွဲ့ကြီးကို ဒေသတွင်း အင်အားစု တစ်ခုအနေဖြင့် အင်အားကောင်းလာအောင် ဆောင်ရွက် သွားရမှာဖြစ်သလို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အကြား ဆက်ဆံရေးတွေမှာလည်း ပိုမို တိုးတက်ကောင်းမွန်လာအောင် ဦးဆောင်သွားရမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့အသိုင်း အဝိုင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တစ်ရပ်ကို ပြန်လည် တည်ဆောက်နေခြင်းရဲ့ ပြယုဂ်တစ်ခု လည်း ဖြစ်ပါတယ်။ 

ကျွန်တော် တို့နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအရလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား သက်သက်ကို အကာအကွယ်ပေးရုံသာမကဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်သိတတ်တဲ့၊ တာဝန် ယူတတ်တဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။ 

ဒီလပြောကြားတဲ့ ကျွန်တော့်ရဲ့ တင်ပြပြောဆိုချက်များကို ခြုံငုံကြည့် မယ်ဆိုရင် မိမိတို့ လူ့အဖွဲ့အစည်းဟာ အရေးကြီးသည့် ကာလတစ်ခုကို ဖြတ်သန်းပြီး နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တည်ဆောက်နေရတာ ဖြစ်ပါ တယ်။ 

ဒီလုပ်ငန်းစဉ် အဆင့်ဆင့်မှာလည်း စိန်ခေါ် မှုများပြည့်နှက်နေပြီး ၎င်းစိန်ခေါ်မှုများကို အဆင့်အလိုက် ရင်ဆိုင်ဖြေရှင်း နေရချိန်လည်းဖြစ်ပါတယ်။ 

တစ်ဖက်တွင် ပြဿနာမျိုးစုံ ဖြေရှင်းကျော်လွှား နေရသော်လည်း အခြားတစ်ဖက်တွင် အာမခံ ချက်ရှိသည့် မျှော်လင့်ချက်များကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ထိုမျှော်လင့်ချက်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေးဖြစ်စဉ်များ ရှင်သန် မှု ကို မိမိတို့အားလုံး ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း 
ပြောကြားလိုပါတယ်။ 

ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာ အောင် နောင် အနာဂတ် မျိုးဆက်သစ် တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင်လာကြဖို့ အတွက် 
ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း
ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။


လိုင်ဇာ တိုင်းရင်းသား ထိပ်သီးညီလာခံကို ဦးသိန်းစိန် သ၀ဏ်လွှာပို့

Wednesday, October 30, 2013 0 comments

ကချင်ပြည်နယ် လိုင်ဇာ မှာ ဒီကနေ့ စတင်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထိပ်သီးညီလာခံကို သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။ 

ယနေ့ စတင်ကျင်းပတဲ့  လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံ (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)


တိုင်းရင်းသားခေါင်ဆောင်တွေရဲ့ လိုင်ဇာထိပ်သီး ညီလာခံကို ကချင်လွှတ်မြောက်ရေး တပ်မတော် KIA က ကမကထ လုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေး ပွဲတွေ လုပ်နိုင်ဖို့အတွက် ညီလာခံလည်း ဖြစ်ပါတယ်။ 

အဲဒီသ၀ဏ်လွှာကို သမ္မတရုံး ၀က်ဆိုက်က တဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ 
လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ 

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် လိုင်ဇာ အစည်းအဝေးသို့ တက်ရောက်လာသော တိုင်းရင်းသား ညီနောင်များအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ခွန်း ဆက်သအပ်ပါသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင် ရန် ရည်မှန်းချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ကချင်ပြည်နယ်လိုင်ဇာတွင် အစည်း အဝေး ကျင်းပနေသည်ကို သိရှိရပါသည်။ 

အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင် ဆက်လက် 
ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်း
ရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ် နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်း
ရေး တည်ဆောက်ရန် တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်စွာ
ဖြင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါ
ကြောင်း နှင့် အစည်းအဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ သဝဏ်လွှာပေးပို့ လိုက် ပါသည်။ 

(ပုံ) 
သိန်းစိန် 
နိုင်ငံတော်သမ္မတ


အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဥပဒေ ဆိုတာ

Wednesday, October 23, 2013 0 comments

.


တချိန်က စစ်အစိုးရလက်ထက်တလျှောက် မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းဖို့ ဆိုတာ အိပ်မက် အလား ခက်ခဲပါတယ်။ ရှိခဲ့တဲ့ အသင်းအဖွဲ့ဆိုတာကလည်း အစိုးရ ကျောထောက်နောက်ခံပေးတဲ့ အသင်းအဖွဲ့မျိုးက များပါတယ်။ 



ဗုံးကိစ္စ သတင်းစာရှင်းလင်းပွဲ ရဲချုပ် ပြောဆိုချက်အပြည့်အစုံ

Saturday, October 19, 2013 2 comments

မကြာခင်က ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးတွေပေါက်၊ ဗုံးတွေ တွေ့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ရဲချုပ်ဇော်ဝင်းပြောတဲ့ အချက်အလက်အပြည့်အစုံကို သမ္မတရုံး ၀က်ဆိုက် က ဖော်ပြထားပါတယ်။ 
 မနေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ ရဲချုပ်ဇော်ဝင်း။ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

သံသယရှိသူတွေကို ဘယ်လို ခြေရာခံတယ်။ စုံစမ်းစစ်ဆေးပြီး ဘယ်လိုအချက်အလက်တွေကို သိရတယ် ဆိုတာတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေကို ပြောသွားတဲ့ ပြောဆိုချက်တွေပါ။ အပြည့်အစုံကို ဧရာဝတီ က ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/ ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီး များ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူး ဖိတ်ကြား ထားသော ဧည့်သည်တော်များ ခင်ဗျာ 
ရှေးဦးစွာ  ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်း ဆက်သ ဂါရဝ ပြုအပ်ပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ 
ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ 
တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ ပေါက်ကွဲ မှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော် ထုတ် ဆောင်ရွက်ခဲ့မှု အခြေအနေ များအား ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာ များ အားလုံး သိရှိနိုင်  စေရန်အတွက် ရည်ရွယ် ပြုလုပ် ရခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ နိုင်ငံတော် အတွင်း တိုင်းဒေသကြီးအချို့မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဘဝ တည်ငြိမ် အေးချမ်းရေး  ပျက်ပြား
စေရန် ရည်ရွယ်ပြီး မသမာ သူများဟာ အောက်တိုဘာလ အတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြပါ တယ်။
အထူးသဖြင့် ပြည်သူလူထုများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်ရဲ့ တည်ငြိမ်
အေးချမ်းမှုကို ထိခိုက်ပျက်ပြား စေရန် ဦးတည်ဆောင်ရွက်ခဲ့ရာမှာ ပေါက်ကွဲမှု (၆) ကြိမ်၊ မိုင်းရှင်းလင်း ပြီး ဘေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ပေးနိုင်မှု (၄) ကြိမ်၊ စုစုပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်း အရေ အတွက် (၁၀) လုံးဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ (၂) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါတယ်။
ပထမဦးဆုံးဖြစ်စဉ်အနေနဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၁၀၀၀ နာရီချိန် ဖြူးမြို့ ကားဂိတ်မှာ ဇေယျာဟိန်း ခရီးသည်တင် ကားပေါ်မှ မသင်္ကာဖွယ်ရာ မိုင်းတစ်လုံးတွေ့ရှိရသဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျ ရှင်းလင်း
ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ပြည်နယ်/ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အားလုံးကို ယခု ဖြစ်စဉ်ချပြပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး လုံခြုံရေး ဂရုပြုဆောင်ရွက်ဖို့နဲ့ လှည့်ကင်း ပတ်ကင်းများနဲ့ နယ်မြေစိုးမိုးမှု ရရှိရေး ဆောင်ရွက်ဖို့ ကြပ်မတ်ညွှန်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြူးမြို့မ ရဲစခန်းက ဥပဒေနဲ့ အညီ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၅ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့် အရေးယူ ဆောင် ရွက်ထားရှိပါတယ်။
အဲဒီလို ဖြစ်ပွားပြီး တစ်ရက်ကျော်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ၂၀၅၀ နာရီချိန် တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စိစစ်ဖော်ထုတ်ချက်အရ မသင်္ကာတရားခံ စောထွန်းထွန်းကို ဖော်ထုတ် နိုင်ခဲ့ပြီး ဝတ္တုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ
အောင်ဆန်းလင်း(ခ) ဆန်းလင်းကို ဖမ်းဆီးရမိတဲ့အခြေအနေကို တင်ပြသွားမှာဖြစ်ပါတယ်။
အဲဒီသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂၃၀ နာရီအချိန်မှာ လမ်းမတော်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားရုံးမှာ လုပ်ကိုင်နေ တဲ့ အောင်ဆန်းလင်း (ခ) ဆန်းလင်းကို အဲဒီ အလုပ်သမားရုံး အပေါ်ထပ်မှာ တွေ့ရှိဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အငှားယာဉ်မောင်း အောင်မင်းဦးကို ဖမ်းဆီးရမိတဲ့ အခြေအနေကို တင်ပြပါမယ်။
ဆက်လက်ဖော်ထုတ်ချက်အရ ၁၄၀၀ ချိန် အငှားယာဉ်မောင်း အောင်မင်းဦးဟာ သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် (၁၀၁၀) တွင် နေထိုင်ကြောင်း သိရှိရလို့ သွားရောက်စုံစမ်းရာ ခြံတခါးနှင့် နေအိမ်တံခါးသော့ခတ်ထားပြီး ၁၁၃၀ ချိန်ခန့်မှ စလို့ နေအိမ်အပြင်ထွက်ခွာသွားကြောင်း သိရှိရတဲ့အတွက် ဖြန့်ကြက်ရှာဖွေခဲ့ရာ ၂၀၁၃ ချိန် လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ ပြည့်စုံဝင်း စတိုးဆိုင်ရှေ့မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောင်မင်းဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။
အောင်မင်းဦးကို စစ်ဆေးရာမှာ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ နာရီချိန်မှာ ကဝမြို့နယ် ကျားတက်ရွာမှ တစ်ရွာတည်းသား သူငယ်ချင်းဖြစ်တဲ့ မောင်မိုး (ဖ) ဦးမြင့်သိန်း မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူက တက္ကဆီငှားရမ်းခဲ့ပြီး အောင်မိုးရဲ့ မိတ်ဆွေ (စောမြင့်လွင်) ကို သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှ ကျောက်တံတားမြို့နယ် Hitachi အပေါ်ဆုံးထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကို လိုက်ပို့ခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ဘောင်ရပ်ကွက် (၉၄) လမ်း၊ အမှတ် (၃၁) ၊ (၄) လွှာ/ ယာဘက်မှာနေတဲ့ အောင်မိုး ရဲ့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၁၈၀၀ ချိန်မှာ 
အောင်ဆန်းလင်း၊ အောင်မိုးနဲ့ ဇနီး၊ စောမြင့်လွင်တို့နဲ့ အတူ ဗဟန်းမြို့နယ်ရှိ ရွှေကောင်းဟော့ပေါ့ ဆိုင်ကို သွားရောက် စားသောက်ခဲ့ပြီးတော့ အောင်မိုးနဲ့ ဇနီးတို့ လမ်းခွဲကာ ၁၉၃၀ ချိန် အောင်ဆန်းလင်း၊ 
စောမြင့်လွင်တို့နဲ့အတူ အလုံမြို့နယ်ရှိ Western Park II စားသောက်ဆိုင်ကို ဆက်လက်သွားရောက် စားသောက်ခဲ့ကြောင်း၊ ၂၂၀၀ ချိန် အဲဒီဆိုင်ကနေ ပြန်လည် ထွက်ခွာပြီး စောမြင့်လွင်ကို အောင်ဆန်းလင်း နဲ့ အတူ ပဲခူးမြို့ထိ ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၀၅၀၀ နာရီအချိန်မှာတော့ သာကေတမြို့နယ် နေအိမ်ကို ပြန်ရောက် ရှိစဉ် စောမြင့်လွင်က အောင်မင်းဦးကို ဖုန်းဆက်သွယ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ် ကားပေါ်မှာကျန်ခဲ့ကြောင်းပြောတဲ့အတွက် ကားပေါ်မှာ တွေ့ရတဲ့ ပိုက်ဆံအိတ်ကို ညီဖြစ်သူ ဝင်းသန်း(၃၅) နှစ် သာကေတ မြို့နယ်နေသူထံ ခေတ္တအပ်နှံပေးခဲ့ကြောင်းသိရပါတယ်။
ဝင်းသန်း အသက် ၃၅ နှစ် (ဖ) ဦးသောင်းစိန်ရဲ့ နေအိမ်မှာ အဲဒီ ပိုက်ဆံအိတ်ကို သွားရောက်ရှာဖွေ ရာ စောမြင့်လွင် အသက်၂၅ နှစ် ကရင်/ဗုဒ္ဓ၊ ကျပန်း၊ ၃/ ဖပန(နိုင်) ၀၂၂၅၇၆ မလိကျောက်ကျေးရွာ ဖာပွန်မြို့နယ်နေသူရဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ အတူ မြန်မာငွေရောရာ ၃၇၁၅၀ ကျပ်၊ လိပ်စာကတ် ၁၀ ခု၊ ဈေးဝယ်ဘောင်ချာ ၁ စောင်နဲ့ ဘော့ပင် ၁ ချောင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပါတယ်။
အဲဒီလိုသိမ်းဆည်းရမိတဲ့ စောမြင့်လွင်ရဲ့ မှတ်ပုံတင်နဲ့ ရန်ကုန်မြို့တွင်း တည်းခို သွားလာနိုင်မဲ့ နေရာတွေ ကို စိစစ်အတည်ပြုနေစဉ် ၂၃၂၀ အချိန်မှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အခန်းအမှတ် (၉၂၁) မှာ မိုင်းတစ်လုံးပေါက်ကွဲလို့ နိုင်ငံခြားသူ တစ်ဦး ဒဏ်ရာရ တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရတဲ့ အတွက် အဲဒီဟိုတယ်ရဲ့ တည်းခိုသူ စာရင်းများကို အသေးစိတ်စိစစ်တဲ့အခါ စောမြင့်လွင်ဟာ အခန်းအမှတ် (၉၂၁) မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ၁၅ ၀၀ အချိန်မှ ၁၃ ရက်နေ့ ၀၆ ၀၀ ချိန်ထိ တည်းခို သွားကြောင်း သိရှိရပြီး ဟိုတယ်ရဲ့ CCTV မှတ်တမ်းများကို စိစစ်ချက်အရလည်း စောမြင့်လွင် ရောက်ရှိသွားလာမှု မှတ်တမ်းများကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှု ဖြစ်စဉ် ကိုလည်း ကျောက်တံတား မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့်လည်းကောင်း၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၈ ဖြင့်လည်းကောင်း ဥပဒေနဲ့အညီ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိပါတယ်။
ဆက်လက်ပြီးတော့ စောမြင့်လွင်အား စုံစမ်းဖမ်းဆီးတဲ့ အခြေအနေများကို ရှင်းလင်း တင်ပြပါမယ်။
ဖမ်းဆီးရမိထားတဲ့ အငှားယာဉ်မောင်း အောင်မင်းဦးဆီက ရရှိတဲ့ သတင်းအချက်အလက် များအရ 
စောမြင့်လွင်ရဲ့ တည်နေရာကို နည်းပညာ အထောက်အကူနဲ့ အတည်ပြုခဲ့ရာမှာ ဘီးလင်းမြို့မှာ ရှိနေကြောင်း သိရလို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ပူးပေါင်းဆောင်ရွက် ခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇ ၃၀ ချိန် ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားလမ်းမပေါ်မှာ ၂၄ယ/ ၉၅၁၀၁ ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ စောမြင့်လွင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သူ့ကို အောက်တိုဘာလ ၁၅ ရက်နေ့ ၁၁ ၂၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ဆက်လက်စစ်ဆေးနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အောင်မိုးအား စုံစမ်းဖမ်းဆီးခဲ့တဲ့ အခြေအနေများကို တင်ပြပါမယ်။
ဖောက်ကွဲမှုတရားခံ စောမြင့်လွင်ရဲ့ မိတ်ဆွေ မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူ အောင်မိုးကို ဖမ်းဆီးရမိဘို့အတွက် သူရဲ့နေအိမ်ကို သွားရောက်စုံစမ်းရာ တိမ်းရှောင် နေကြောင်း သိရပြီး နည်းပညာ အထောက်အကူနဲ့ သူရဲ့ တည်နေရာကို ရှာဖွေချက်အရ သန်လျင်မြို့၊ ဆေးရုံကြီးအနီး မှာ အောက်တိုဘာ လ ၁၄ ရက်နေ့ ၂၃ ၀၀ နာရီအချိန် ဟိုင်းလပ်ဆပ်ဖ်အနက်ရောင် ယာဉ်အမှတ် ၄ ဃ/၂၅၇၆ နဲ့အတူ 
အောင်မိုး ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။
အောင်မိုးကို စိစစ်ဖော်ထုတ်ချက်အရ စောမြင့်လွင်ဟာ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးရဲ့ ကားနဲ့ ရန်ကုန်သို့ လာရောက်ပြီး သူ့ရဲ့နေအိမ်မှာ ၁ ရက် တည်းခိုခဲ့ဘူးကြောင်း၊ စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ ၀၇ ၀၀ချိန် သူရဲ့ နေအိမ်ကို ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ သွားလာ လည်ပတ်နိုင်အောင် သူရဲ့သူငယ်ချင်း ယာဉ်မောင်း အောင်မင်းဦးကို ခေါ်ယူထည့်ပေးလိုက်ကြောင်း၊ ညနေပိုင်းမှာ ရွှေကောင်း 
ဟော့ပေါ့ဆိုင်၌ ညစာလိုက်ကျွေးကြောင်း၊ ညစာစားပြီး စောမြင့်လွင်က မြို့ထဲတွင် ထပ်မံစားသောက် ဖို့ ယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်းတို့နဲ့အတူ ၁၉၃၀ ချိန် ထွက်ခွာသွားကြောင်း ထွက်ဆိုပါ တယ်။
ဆက်လက်ပြီး စောမြင့်လွင်ကို စစ်ဆေးဖော်ထုတ်ရရှိမှု အခြေအနေများကို တင်ပြပါမယ်။
စောမြင့်လွင်ဟာ အသက် ၁၆ နှစ်အရွယ်မှာ စတင်၍ KNU ၌ ၅ နှစ် တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၀၈ ခုနှစ်မှာ KNU မှ ထွက်ပြီးတော့ ဦးမြဖူးရဲ့ ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီ၌ နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာမှ KNU အဖွဲ့အစည်း ရဲ့ စီးပွားရေး အဖွဲ့တစ်ခုမှ နေတိုး(ခ) စောရွှေထူးနဲ့ ခင်မင် ရင်းနှီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဘီးလင်းမြို့ ဦးမြဖူးနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) 
စောရွှေထူး က ဖုန်းဆက်ခေါ်တဲ့အတွက် စက်တင်ဘာလ ၂၈ ရက်နေ့ ၀၇၀၀ ချိန်ထွက်ခဲ့ရာ မလိကျောက် အကောက်ဂိတ်ကို ၁၂၀၀ ချိန်ရောက်ရှိခဲ့ပြီး နေတိုး(ခ) စောရွှေထူးရဲ့ တပည့် မောင်ချမ်းအေး၊ တင်အောင်ဟိန်းတို့ (၂) ဦး ကို တွေ့ရှိရကြောင်း၊ အကောက်ဂိတ်၌ ညအိပ်ပြီး စက်တင်ဘာလ ၂၉ ရက်
နေ့မှာ နေတိုး(ခ) စောရွှေထူးက အိတ်(၁)လုံးဖွင့်ပြလို့ မိုင်း (၁၀) လုံး တွေ့ရှိရပြီး ဖောက်ခွဲနည်းကို (၁၅) ကြိမ်လောက် သင်ကြားပေးခဲ့လို့ တတ်မြောက်ခဲ့ကြောင်းနဲ့ နေတိုး(ခ) စောရွှေထူးက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မိုင်းထောင် ဖောက်ခွဲဖို့ မိုင်းနှစ်လုံးနဲ့ ငွေကျပ် ၅ သိန်းပေး စေခိုင်းခဲ့ပြီး သူလဲ ဘီးလင်းသို့ ပြန်လာခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ ၀၆၀၀ ချိန် ဘီးလင်းနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) စောရွှေထူးက ဦးမြဖူးဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး သူနဲ့အတူ ရန်ကုန်ကိုလာဘို့ ပြောတာကြောင့် ၁၂၀၀ ချိန် ဦးမြဖူးနဲ့ အတူ ရန်ကုန်ကို သွားခဲ့ကြောင်း၊ ၁၈၀၀ ချိန် နေတိုး(ခ) စောရွှေထူးနဲ့ စိုးမြင့်အောင်တို့ အိုလံပစ် ဟိုတယ်မှာ ရှိကြောင်း ဖုန်းဆက်ပြောတဲ့အတွက် အဲဒီဟိုတယ်ကို သွားရောက်တည်းခိုခဲ့ကြောင်း၊ အဲဒီလို တည်းခိုစဉ် ဦးမြဖူးက ဝင်းကိုကိုအမည်နဲ့ လည်း ကောင်း၊ နေတိုး(ခ) စောရွှေထူးက စောရွှေထူး (၃၀) နှစ်၊ (ဖ) ဦးပန်းအောင်၊ ၃/ဖပန(နိုင်) ၀၂၄၀၈၅ အမည်နဲ့လည်းကောင်း တည်းခိုကြရာမှာ နေတိုး(ခ) စောရွှေထူးက အခန်းအမှတ် (၁၀၄)၊ စိုးမြင့်အောင်နဲ့ သူက အခန်းအမှတ် (၁၀၉)မှာ ညအိပ်ပြီး ဦးမြဖူးဟာ ဟိုတယ် အပေါ်ထပ်မှာ သွားရောက် အိပ်ခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာ ချောင်းသာကို သွားခဲ့ကြပြီး ချောင်းသာဟိုတယ်မှာ နေတိုး(ခ) စောရွှေထူး က သူ့ကို နိုင်ငံခြားသားတွေ တည်းခိုတဲ့ ကုန်သည်ကြီးများဟိုတယ်၊ ဆီဒိုးနားဟိုတယ်နဲ့ နိုင်ငံခြားသား စားသောက်ဆိုင်တွေကို အဓိကထား ဖောက်ခွဲရမည် ဖြစ်ကြောင်း၊ ဖောက်ခွဲရတဲ့ ရည်ရွယ်ချက်က
တော့ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး တိုင်းရင်းသားများရဲ့ စီးပွားရေး လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်လာမှုများ အဟန့်အတားဖြစ်စေဖို့ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့
နောက်ဆုံး ထားပြီး နှစ်နေရာ လုပ်ပေးရမှာ ဖြစ်ကြောင်း၊ အဲဒီလို လုပ်ပေးပါက ရွှေတူးဖော်ခွင့် လုပ်ကွက်
ပေး မယ်လို့ ပြောတာမို့ သူက သဘောတူ လက်ခံခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာ သူတို့အဖွဲ့ ရန်ကုန်ကို ပြန်လာတာ အိုလံပစ် ဟိုတယ်မှာ နေတိုး (ခ) စောရွေထူး က အခန်းအမှတ် (၁၀၃)၊ သူက အခန်းအမှတ် (၁၀၄) တွင် တည်းခိုပြီး ဦးမြဖူးနဲ့ ဦးစိုးမြင့်အောင်တို့က နေအိမ်ပြန်အိပ်ကြကာ ညနေမှာတော့ နေတိုး (ခ) စောရွေထူးက သူ့ကို ကုန်သည်ကြီးများ ဟိုတယ်ကို လေ့လာဖို့ ဦးမြဖူးနဲ့ စေလွှတ် ခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ နေတိုး (ခ) စောရွေထူးက သူ့ကို ဘီးလင်းသို့ ပြန်လည် စေလွှတ် တဲ့ အတွက် ပြန်လာခဲ့ပြီး နေတိုး (ခ) စောရွေထူးတို့မှာ ရန်ကုန်၌ ကျန်ရစ်ခဲ့ ကြကြောင်း၊ နေတိုး (ခ) စောရွေထူး၊ စိုးမြင့်အောင်၊ ဦးမြဖူး ယာဉ်မောင်း ဇော်လတ်မောင် တို့ဟာ အဖြူရောင် Mark-X ကားနဲ့ မန္တလေးဘက်သို့ ခရီးသွားရန်ရှိကြောင်း သိရပါတယ်။
စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိုင်းနှစ်လုံးယူဆောင်ပြီးတော့ ဘီးလင်းကနေ ကားငှား ထွက်ခွာခဲ့ရာ ၁၄၀၀ ချိန် ရန်ကုန်မြို့ကို ရောက်ရှိပြီး ၁၄၃၀ ချိန် ကုန်သည်ကြီးများ ဟိုတယ်အခန်းအမှတ် (၉၂၁) ကို ရောက်ရှိ တည်းခို ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၀၃၀၀ ချိန် အိပ်ရာမှထပြီး မိုင်းတစ်လုံးထုတ်ကာ မိုင်းခွဲမဲ့ အချိန်ကို (၄၈) နာရီပြတဲ့ ပဉ္စမပေါက်အတွင်းသို့ ဝါယာကြိုး တစ်စ ထည့် ပြီး ရေအိမ်သာနောက်၌ ထောင်ထားခဲ့ကြောင်း၊ အဲဒီနောက် နံနက် ၀၆၀၀ ချိန် ဟိုတယ်မှ ထွက်ခွာလာ ပြီး ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီမှာ ရင်းနှီးခဲ့တဲ့ တာမွေမြို့နယ်နေ ကိုအောင်မိုးထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုအောင်မိုး နေအိမ်ကို ရောက်ခဲ့ကြောင်း၊ ၁၂၀၀ ချိန် ရန်ကုန်မြို့တွင်း လည်ပတ်ခဲ့ပြီး ၁၆၃၀ ချိန် ကိုအောင်မိုး အိမ်ပြန်ရောက် ခဲ့ကြောင်းနှင့် ၁၈၀၀ ချိန်ခန့်တွင် ကိုအောင်မိုးတို့ လင်မယားနဲ့ အတူ 
ရွှေကောင်း စားသောက်ဆိုင်သို့ သွားရောက်စားသောက်ခဲ့ကြကြောင်း သိရှိရပါတယ်။
အဲဒီကမှတစ်ဆင့် ၁၉၃၀ ချိန် အလုံမြို့နယ်၊ Western Park II စားသောက်ဆိုင်ကို သွားရောက်ခဲ့ပြီး စားပွဲအမှတ် (၁၉) ၌ အငှားယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်း တို့နဲ့ ဘီယာသောက်နေစဉ် အငှားယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ လက်ကျန်မိုင်း တစ်လုံးကို ကြွပ်ကြွပ်အိတ်အနက်နဲ့ ယူဆောင်၍ စားပွဲအမှတ် (၁၉) အောက်တွင် ထောင်ထားခဲ့ကြောင်းနှင့် ၂၂၀၀ ချိန် အငှားယာဉ်မောင်း ကို ပဲခူးမြို့သို့ လိုက်ပို့ရန် ငွေကျပ် ၇၀၀၀၀ ဖြင့် ငှားရမ်းပြီး ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၄၀၀ ချိန် ရွှေမော်ဓောဘုရား အနီး နေထိုင်တဲ့ ယခင်က ခင်မင်ရင်းနှီးသူ ရွှေတွင်းပိုင်ရှင် ဦးသိန်းဝင်းရဲ့ နေအိမ်သို့ ရောက်ရှိ ညအိပ် ခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ ၀၇၀၀ ချိန် ပဲခူးမြို့မှ ဘီးလင်းမြို့သို့ ထွက်ခွာလာရာ ၀၉၀၀ ချိန် ရောက်ရှိ ခဲ့ပြီး ဦးမြဖူးရဲ့ နေအိမ်၌ တည်းခိုးနေထိုင်ကြောင်းနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇၄၅ ချိန် သူပိုင်တဲ့ ဆိုင်ကယ်နဲ့ စီးနင်းသွားလာစဉ် ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ် အရောက် တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဘီးလင်းမြို့မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကို ခေါ်ဆောင်စစ်ဆေးခြင်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ

ဆက်လက်၍ မန္တလေး၊ စစ်ကိုင်းဖြစ်စဉ်များကို ရှင်းလင်း တင်ပြသွားပါမယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ ၁၃၁၅ ချိန် မန္တလေးမြို့ ၁၆x၈၀ လမ်းထောင့် ရွှေဘဲ စားသောက်ဆိုင်အပေါ် ထပ် မှာ မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိရပြီး ၁၆ လမ်းတောင်ဘက် ပလက်ဖောင်းမှာ မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့နဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အဲဒီအထုပ်အတွင်းရှိ မိုင်းကို ဖောက်ခွဲ ဖျက်ဆီး ပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ် မှာလည်း အောင်မြေသာစံ မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင် ရွက်ထားရှိပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ ၀၃၃၀ ချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းလမ်းရပ်ကွက်၊ ရွှေပြည့်စုံ ဟိုတယ် အပေါ်ထပ်နဲ့ ၀၅၄၅ ချိန် စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင် မုခ်ဦးအဝင် ယာဉ်ရပ်နားစခန်းမှာ မိုင်းတစ်လုံးစီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း သိရှိရပါတယ်။

ဒီဖြစ်စဉ်များကိုလည်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။
အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားမှုနှင့် ပတ်သက်လို့ ရဲချုပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့နဲ့ အတူ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အခင်းဖြစ်ပွားတဲ့ နေရာများအား အသေးစိတ် စစ်ဆေးပြီး အခင်းဖြစ်နေရာ များမှာ တပ်ဆင်ထားရှိတဲ့ CCTV ကင်မရာမှတ်တမ်းများမှာရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ယူပြီးနောက် ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးမြို့ ဖြစ်စဉ်များကို ဆက်စပ်ဖော် ထုတ် သွားဖို့ ညှိနှိုင်းဆွေးနွေး ညွှန်ကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားတဲ့ ဟိုတယ်ကို အသေးစိတ် စစ်ဆေးရာမှာ တရားခံ 
စောမြင့်လွင်ရဲ့ ထွက်ဆိုချက်မှာ ပါတဲ့ နေတိုး (ခ) စောရွှေထူးနဲ့ ဇော်လတ်မောင်တို့ဟာ တည်းခိုသူ စာရင်း ၌ ဇော်လတ်မောင် နာမည် တစ်ခုသာ ပေး၍ နှစ်ဦးတည်းခိုသွားကြောင်း မသင်္ကာဖွယ် တွေ့ရှိရလို့ ဟိုတယ်ရဲ့ CCTV မှတ်တမ်းအား ဆက်လက် ရှာဖွေခဲ့ရာ မသင်္ကာဖွယ် တရားခံဓာတ်ပုံများ ရရှိခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကို ပေးပို့ စိစစ်စေခဲ့ရာ ဇော်လတ်မောင်နဲ့ နေတိုး (ခ) စောရွေထူးတို့ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ 
အဲဒီနောက် ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်ရှိ CCTV များက မှတ်တမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အဆိုပါ နေရာများကိုလည်း Mark-X အဖြူရောင် ၆ဂ/၅၉၄၈ နဲ့ ရောက်ရှိသွားလာ ခဲ့ကြောင်း ဖော်ထုတ်နိုင် ခဲ့ပါတယ်။
ထိုနည်းတူစွာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း အဆိုပါ ဓာတ်ပုံများနှင့် ရွှေဘဲ စားသောက်ဆိုင်ရှိ CCTV မှ မှတ်တမ်းပုံများကို ဆက်လက် တိုက်ဆိုင်ကြည့်ရှုရာမှာ အဲဒီ မသင်္ကာဖွယ် တရားခံများဟာ မိုင်းတွေ ရှိတဲ့ စားပွဲ အမှတ် (၁၄) ၌ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ ချိန်ခန့်မှာ စားသောက် ခဲ့ကြောင်း ဖော်ထုတ်ရရှိတဲ့အပြင် စားပွဲအောက်မှာ မိုင်းကို ချည်နှောင်ထားခဲ့တဲ့ သွပ်ကြိုးစကို သိမ်း ဆည်းရမိခဲ့ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများ ခင်ဗျာ
စစ်ကြောဖော်ထုတ်ချက်များအရ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့ ဇော်လတ်မောင်နဲ့ ယာဉ်ပိုင်ရှင် ဦးမြဖူး တို့ကို မွန်ပြည်နယ် ရဲတပ်ဖွဲ့ဟာ KNU အဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ပို့ဆောင် စစ်ဆေးခဲ့ပါတယ်။
ဇော်လတ်မောင်ရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှ အခင်းဖြစ် နေရာများကို နေတိုး (ခ) စောရွေထူးနဲ့ အတူ ရောက်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နေတိုး (ခ) စောရွေထူး၊
ဇော်လတ်မောင်တို့အဖွဲ့ဟာ ခရီးစဉ်၌ တောင်ငူ၊ ညောင်ဦး၊ မကွေး၊ ပုပ္ပါးမြို့ များကို ရောက်ရှိသွား လာခဲ့ကြောင်း သိရှိရတာကြောင့် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သံသယဖြစ်ဖွယ်နေရာတွေကို မိုင်းအန္တရာယ် ကင်းရှင်း
ရေး ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
အခင်းဖြစ်နေရာများက သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံ ပစ္စည်းများအပေါ် မှုခင်းတပ်ဖွဲ့ရဲ့ ကျွမ်းကျင်သူ ထင်မြင်ချက်များ အရ အောက်တိုဘာက ၉ ရက်နေ့ ဖြူးမြို့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၁ ရက်နေ့   တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်း ဖြစ်စဉ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်း ဖြစ်စဉ်နဲ့ သာကေတမြို့နယ်၊ ၃/မာန်ပြေ ရပ်ကွက်ဖြစ်စဉ် များက မိုင်း (၅) လုံးရဲ့ အသုံးပြု ပစ္စည်းများ နှိုင်းယှဉ်ရာမှာ TNT ယမ်းတုံး ၀.၅ ပေါင်စီ၊ ဒီတိုနေတာမှာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၁၀ ပေ ခန့်စီ၊ ဘက်ထရီ ၉ ဗို့စီ၊ မီးတိတ် အနက်ရောင်များ၊ ချိန်ကိုက်နာရီ ၁.၅ ဗို့ ဓာတ်ခဲပါ မိုင်း (၄) လုံးနဲ့ ထောင်ချောက် မိုင်း (၁) လုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရတာကြောင့် အဖွဲ့အစည်း/ လူတစ်ဦးတည်းမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ဒေသလုပ် မိုင်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ အလုံမြို့နယ်၊ Western Park IIဖြစ်စဉ်နဲ့ အောင်မြေသာစံမြို့နယ်၊ 
ရွှေဘဲ စားတော်ဆက်ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျောက်တံတားမြို့နယ်၊ Traders Hotel၊ စစ်ကိုင်းမြို့၊ ရွှေပြည့်စုံ ဟိုတယ်နဲ့ ဆွမ်းဦး ပုညရှင် စေတီဖြစ်စဉ်တို့က မိုင်း (၅) လုံးရဲ့ အသုံးပြုပစ္စည်းများ နှိုင်းယှဉ်ရာမှာ M-67 လက်ပစ်ဗုံး တစ်လုံးစီ၊ ဒီတိုနေတာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၅ လက်မ ခန့်စီ၊ Sequence Controller များ အသုံးပြုခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် အဖွဲ့အစည်း တစ်ခုတည်းမှ ဆောင် ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းနဲ့ ဒေသလုပ်မိုင်းများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
ရန်ကုန်ဖြစ်စဉ်နှစ်ခုမှာ နေတိုး (ခ) စောရွေထူးရဲ့ စေခိုင်းချက်ကြောင့် စောမြင့်လွင် ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကြောင့် လည်းကောင်း၊ ကျန်တဲ့စစ်ကိုင်း မန္တလေးဖြစ်စဉ် သုံးခုမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများနှင့် တပ်ဆင်ပုံစနစ် တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါနေရာတွေကို နေတိုး (ခ) စောရွေထူး နှင့် နေတိုး ဦးဆောင်တဲ့ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 
စစ်ကြောဖော်ထုတ် ချက်များ အရ နိုင်ငံအတွင်းမှာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက် လုပ်ကိုင်မှုကို ခြိမ်းခြောက်လိုတဲ့ အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါတယ်။ ဆက်လက် စစ်ကြော ဖော်ထုတ်ချက်များအရ ပိုမိုတိကျတဲ့ သတင်း အချက်အလက်များ ရရှိမှုကို သတင်းထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ
ဒီပေါက်ကွဲမှုဖြစ်စဉ်များမှာ ကျူးလွန်သူများနဲ့ ပါဝင်ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေး အတွက် နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာ အထောက်အကူများ ရယူ၍ လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ ရဲအဖွဲ့ချုပ် Interpol မှ စုံစမ်းစစ်ဆေးရေးနဲ့ သတင်း အချက်အလက် အထောက်အကူများရယူ၍ လည်းကောင်း ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အကြံပြုချက်များ၊ သတင်းအချက်အလက်များ ရရှိရေး အတွက် လည်းကောင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြလိုပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နည်းပညာ အထောက်အကူ ပစ္စည်းများကို အခြေခံ၍ စုံစမ်းဖော်ထုတ်နိုင်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြစ်စဉ်များ၊ ကျူးလွန်တဲ့ တရားခံ များနဲ့ ပါဝင်ပတ်သက်သူများကို အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း ၈ ဦးကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
ထို့အပြင် အဓိက ပါဝင် ပတ်သက်နိုင်တဲ့ ကျန်တရားခံများကို ဆက်လက် ဖော် ထုတ်ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်းနဲ့ မိဘပြည်သူများရဲ့ စိုးရိမ်စိတ်များ လျော့ပါးစေရန်နဲ့ ဖြစ်စဉ်ဖြစ်ရပ် တို့ကို ဆောလျင်စွာ အသိပေးလိုပါသဖြင့် ယခုကဲ့သို့ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများ၊ သတင်းစာဆရာကြီးများနဲ့၊ ဧည့်သည်တော်ကြီးများ ခင်ဗျာ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူကို ဗဟိုပြုလျက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး တို့အပြင် ပြည်သူတစ်ရပ်လုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင် ရွက် လျက် ရှိပါကြောင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လက်တွဲ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါတယ်။



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved