Showing posts with label Business. Show all posts
Showing posts with label Business. Show all posts

ပုဂံမှာ တင်ဆက်နေတဲ့ ကမ္ဘာအဆင့်မီ Dandaree Show

Monday, November 17, 2014 0 comments

-




ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့တဲ့  အနော်ရထာမင်းရဲ့ ရွှေနန်းတော်ကြီးအတွင်း ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပုံကို  တင်ဆက်ပြသနေတာကတော့ ပုဂံမြို့ နန်းတော်ရာမှာ ဖြစ်ပါတယ်။

 

  • (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)

ဗိုလ်ချုပ်မှူးကြီးအိမ်ကို ငှားထားခြင်းမဟုတ်ကြောင်း WHO ရှင်းလင်း

Thursday, November 13, 2014 0 comments

.


 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ရန်ကုန်ရုံးဟာ ငှားခ ဒေါ်လာ ၇၉,၀ဝ၀ ဖြစ်ပါတယ်။

မြန်မာငွေနဲ့တွက်ရင် တလ သိန်း ၈ဝဝ ပေါ့။
  
 

အိုဘားမားတည်းမယ့် ဟိုတယ်ခန်းမှာ ကျည်ကာမှန်တပ်ထားသလား

Wednesday, November 12, 2014 0 comments

-




အိုဘားမား ဒီရက်ပိုင်း နေပြည်တော်ရောက်ရင် တည်းခိုမှာက  Kempinski  ဟိုတယ် ဖြစ်ကြောင်း ဒုဝန်ကြီးတယောက်ကို ကိုးကားပြီး The Messenger သတင်းဂျာနယ်မှာ ရေးထားပါတယ်။



စင်္ကာပူမှာ နာမည်ပျက်နေတဲ့ဆိုင်

Saturday, November 1, 2014 2 comments




-


စင်္ကာပူမှာ ဈေးဝယ်ရင် နာမည်ပျက်တဲ့ဆိုင်တွေမှာ မဝယ်မိဖို့ လိုပါလိမ့်မယ်။
လောလောဆယ် မီဒီယာမှာ ရေးနေကြတဲ့ ဆိုင်တဆိုင်အကြောင်း ဖောက်သည်ချလိုက်ပါတယ်။
 



ထိုင်း လဝက အလုပ်တချို့ကို 7-Eleven ရနိုင်ဖွယ်ရှိ

Monday, October 27, 2014 0 comments


.


 

ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်သူ နိုင်ငံခြားသားတွေဟာ ၃ လ ၁ ကြိမ် လဝကရုံးကို မျက်နှာသွားပြရပါတယ်။
ထိုင်းမှာ ရှိနေပါတယ်ဆိုတဲ့အကြောင်း ရက် ၉ဝ ပြည့်တိုင်း အစီရင်ခံသတင်းပို့ခြင်းပါ။ စာရွက်စာတမ်းရေးသားဖြည့်စွက် မိတ္တူကူး၊ လဝကရုံးခန်းလေးထဲမှာ ကြိတ်ကြိတ်တိုး သွားစောင့်ပြီး အချိန်ပေး လုပ်ဆောင်ရခြင်းပါ။

အခုတော့ အဲဒီအလုပ်ကို ရုံးသွားစရာမလို၊ ရပ်ကွက်ထဲက 7-Eleven စတိုးဆိုင်များမှာ လုပ်လို့ရမယ့် အစီအစဉ်ကို ထိုင်းအာဏာပိုင်တွေ စိတ်ကူးနေကြတယ်၊
ဒီအစီအစဉ် လက်တွေ့ ဖြစ်ပေါ်လာအောင် တွန်းအားပေးမယ်လို့ ချင်းမိုင်(ဇင်းမယ်) လ၀က အကြီးအကဲ  ရဲဗိုလ်မှူးကြီး  Rutjapong Saravanangkool က ပြောဆိုပါတယ် တဲ့။

အောက်တိုဘာ ၂၂ ချင်းမိုင်မြို့ အစည်းအဝေးတခုမှာ ပြောဆိုလိုက်တာဖြစ်ကြောင်း  chiangmaicitynews.com အွန်လိုင်းသတင်းတပုဒ်မှာ ရေးပါတယ်။

၃ လ ၁ ကြိမ် မျက်နှာပြရမယ့်နိုင်ငံခြားသားကို ကတ်တမျိုး ထုတ်ပေးမယ်၊ ဆိုင်သွားရင် အဲဒီကတ် ယူသွားရုံပဲလို့ ဆိုတယ်။

ဒီအစီအစဉ် တကယ် အကောင်အထည်ဖော်၊ အလုပ်ဖြစ်လာရင်တော့ ရေရှည်နေထိုင်သူ နိုင်ငံခြားသားများအတွက် အဆင်ပြေပါလိမ့်မယ်။
 7-Eleven စတိုးဆိုင်များက နေရာတကာ တွေ့နေရတဲ့အတွက်ပါ။ ဒီဆိုင်တွေလည်း ၀င်ငွေ တိုးပါမယ်။

လ၀ကရုံးအတွက်လည်း အဆင်ပြေပါမယ် - ရုံးမှာ လူတွေ တရုန်းရုန်းဖြစ်နေတာကို လျှော့ချနိုင်ပါလိမ့်မယ်။

စတိုးဆိုင်တွေမှာ ရေမီတာဖိုး၊ လျှစ်စစ်မီးဖိုး ပေးလို့ ရနေပါတယ်။ ဒီအကြောင်း "ရပ်ကွက်ထဲဆင်းလာတဲ့ ကုန်တိုက်" ဆိုပြီး http://blog.irrawaddy.org/2012/03/blog-post_19.html  မှာ ရေးခဲ့ပြီးပါပြီ။

ဝန်ဆောင်ခ ၁ဝ ဘတ်ခန့် (ကျပ် ၃ဝဝ ခန့်) ပေးရုံနဲ့ အဆင်ပြေပါတယ်။ ရေဖိုးမီးဖိုးငွေတောင်းခံလွှာမှာ ကွန်ပြူတာက ဖတ်နိုင်တဲ့ ဘားကုတ်တွေ ရှိတဲ့အတွက် ငွေချေတဲ့ကိစ္စကို အဲဒီဆိုင်မှာ ၁ မိနစ်နဲ့ ပြီးမြောက်ပါတယ်။
ဆိုင်အတွက်လည်း ၀င်ငွေရပါတယ်။
ငွေသွင်းသူကလည်း ရုံးသွားမယ်ဆိုရင် ခရီးစရိတ်က ၁ဝ ဘတ်ထက် မနည်း ကုန်ကျနိုင်ပါလိမ့်မယ်။ ရုံးဆိုတာကလည်း အလုပ်ချိန် အကန့်အသတ်နဲ့။
စတိုးဆိုင်ကတော့ ပိတ်ရက်မရှိ။ ညကြီးမိုးချုပ်လည်း ဖွင့်။

ဒီနည်းလမ်း ရှိမနေဘူး ဆိုရင် ရုံးတွေမှာ ငွေပေးချေတဲ့လူအုပ်ကြီး နဲ့ မနိုင်မနင်းဖြစ်နေတဲ့ ၀န်ထမ်းများကို တွေ့ရမှာဖြစ်ပါတယ်။

ချင်းမိုင် လ၀က   ရဲဗိုလ်မှူးကြီးပြောတဲ့ အစီအစဉ် တကယ် ဖြစ်လာမယ် ဆိုရင်တော့ အားလုံးအတွက် အဆင်ပြေစရာတွေ ထပ်တိုးလာပြီလို့ ဆိုရပါမယ်။

(ဓာတ်ပုံတွေကိုတော့ ၂၀၁၁ ခုနှစ် ချင်းမိုင်မြို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။)



  • ဓာတ်ပုံများ - အောင်အောင်

-

ဧရာဝတီတိုင်းလွှတ်တော်အမတ်များလည်း ကန်ထရိုက်ဖြစ်ချင်

Friday, October 24, 2014 0 comments






ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ အမတ်မင်းများက သူတို့လည်း ဆောက်လုပ်ရေးကန်ထရိုက် ဖြစ်ချင်ကြကြောင်း ပြောကြပါတယ်။
ဒီအကြောင်း လွှတ်တော်ထဲ ရောက်ခဲ့တဲ့ သတင်းထောက် ဆလိုင်းသန့်စင်က အသေးစိတ် ပြောပြထားပါတယ် -



အရောင်းသွက်အောင် ဘယ်လိုလုပ်ကြမလဲ

Friday, October 17, 2014 0 comments


 `


 


 တရုတ်နိုင်ငံ  Zhejiang ပြည်နယ်၊ Yongkang မြို့ လမ်းဘေးဈေးသည်တယောက်ရဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်ကို ကြည့်ပါ။

 အသားကင်လည်းရောင်းတယ်၊ အကအခုန်လည်း ရတယ်။

လမ်းသွားလမ်းလာများ သူ့ကို အာရုံစိုက်၊ သူဘာရောင်းလဲ သိသွားရင် အ၀ယ်လိုက်မယ်လို့ သူက ယူဆပုံ ရပါတယ်။
သူ ယူဆတဲ့အတိုင်း အာရုံတော့ စိုက်ကြပါတယ်။
သူ့ရဲ့ အ၀တ်အစားကြောင့်လည်း အာရုံစိုက်ချင်စရာပါပဲ။

အရောင်း သွက် မသွက် ဆိုတာကတော့ မသိရပါဘူး။
ငြိမ်နေတာထက်စာရင်တော့ ပိုပြီး သွက်မယ်လို့ မျှော်လင့်ရပါတယ်။

တချို့သော ဈေးသည်တွေကတော့ သူတို့ဈေးဗန်းကို လူတွေ ခလုတ် မတိုက် တိုက်အောင် လူသွားလမ်းပေါ် ကျူးကျော် တင်ရောင်းကြ နယ်ချဲ့ကြတာ တွေ့ဖူးကြမှာပါ။

လမ်းသွားလမ်းလာတွေ လမ်းလျှောက်ရ ခက်ခဲအောင် လုပ်တာထက် စာရင် ဒီဈေးသည်လို ၀တ်ဆင်၊ ကခုန်ပြခြင်းက ပိုပြီး သင့်တော်မယ်လို့ ယူဆရပါတယ်။



 




.

အရည်အသွေးမြင့် နားကြပ်လှလှလေးတွေနဲ့ လမ်းသလားကြမလား

Monday, October 13, 2014 0 comments

-



 
သီချင်းနားထောင်ရတာ ဝါသနာပါတဲ့ ဒီနေ့ခေတ်ရေစီးထဲက ခေတ်လူငယ်တွေအတွက် နားကြပ် ကောင်းကောင်း တလက်က မရှိမဖြစ်ပါပဲ။ စမတ်ဖုန်းကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပြီး Iphone, Ipad, Ipod တွေ ခေတ်စားနေတဲ့ ဒီနေ့ချိန်ခါမှာ အရည်အသွေး ကောင်းကောင်း၊ အသံထွက်အားကောင်းပြီး ဒီဇိုင်းလည်း လှတဲ့ Beats Audio နားကြပ် မျိုးတွေကို လူငယ်တွေ သုံးစွဲလာကြပါတယ်။

Beats Audio System ဟာ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ HTC Smart Phone တွေမှာပါ ပါဝင်လာပြီ ဖြစ်ပါတယ်။ Beats အသံစနစ်ကို အသုံးပြုထားတဲ့ နားကြပ်တွေရဲ့ အားသာချက်ကတော့ အခြားသာမန် နားကြပ်တွေနဲ့ မတူဘဲ ဂီတ ပိုင်းဆိုင်ရာ အသံစနစ်ကို ပိုအလေးပေးပြီး ထုတ်လုပ်ထား တာကြောင့် ဘေးပတ်ဝန်းကျင်က တခြား ဆူညံသံတွေ ဝင်မလာစေနိုင်ဘဲ သာမန်နားကြပ်တွေထက် အသံအားက အဆပေါင်းများစွာ ကြည်လင် ပြတ်သားပါတယ်။

Hip Hop ဂီတသမားတွေအတွက် Beats သံကောင်းကောင်းနဲ့ Headphones တွေ Loud Speaker တွေကို စတင် ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာလည်း ကမ္ဘာ့ဖျော်ဖြေရေး ကဏ္ဍတွေမှာ ရောင်းအား အကောင်းဆုံးနဲ့ အရည်အသွေး အမြင့်ဆုံး နေရာကို ယူထားတာကတော့ Beats by Dr.dre နားကြပ်တွေပါပဲ။

Dr.dre ဟာ အမေရိကန်က နာမည်ကြီး Hip Hop အဆိုတော်တဦး ဖြစ်ပြီးတော့ Dr.dre ရဲ့ Beat Electronics Company ကထုတ်လုပ်တဲ့ Beats by Dr.dre နားကြပ်တွေက အနိမ့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်က စလို့ ၅၀၀ ဝန်းကျင်လောက်ထိ ဈေးနှုန်း အစားစား အမျိုးအစားစုံရှိပြီး မြန်မာငွေကျပ်နဲ့ဆိုရင်တော့ ၂ သိန်းကျော် ဝန်းကျင်ကစလို့ ၅ သိန်း နီးပါး အထိ ဈေးအစားစားရှိပါတယ်။ နားကြပ်ရဲ့ ကာလာ၊ အရည်အသွေး၊ ဒီဇိုင်းနဲ့ မော်ဒယ်လ် အပေါ်မူတည်ပြီး ဈေးနှုန်းက ကွဲပြားသွားတာပါ။

 


Dr.dre နားကြပ်တွေက သီချင်း နားထောင်ရတာ နှစ်သက်သူတွေ အတွက်သာမကဘဲ ဂီတနဲ့ ပရော်ဖက်ရှင်နယ် အသက်မွေး ဝမ်းကျောင်းပြုသူတွေ အတွက်ပါ အထူးအားထား နှစ်သက် အသုံးပြုနေရပြီး Beats by Dr.dre နားကြပ်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ အသံစနစ်ကြောင့်လည်း နာမည်ကြီးနေရခြင်း ဖြစ်ပါတယ်။

Hip Hop, R&B, Pop, Acoustic, Jazz စတဲ့ ဂီတအမျိုးအစားတွေ ဖန်တီးသူတွေကတွေကလည်း Beats သံ မှန်မှန် ထုတ်ပေးနိုင်တဲ့ အားသာချက်ကြောင့် Dr.dre နားကြပ်တွေကို ရွေးချယ်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Dr.dre Headphones တွေမှာ Dr.dre Beats Studio Wireless, Dr.dre Beats Excutive, Dr.dre Beats Mixr, Dr.dre Beats Pro, Dr.dre Beats by Dr.dre, Dr.dre Beats Solo စသဖြင့် အမျိုးအစားစုံရှိပြီး လူငယ်တွေက Dr.dre Beats Studio Wireless နဲ့ Dr.dre Beats Mixr ကို ပိုကြိုက်ကြတယ်လို့ ဆိုပါတယ်။
Dr.dre Beats Pro ကတော့ Hip Hop ဂီတနဲ့ ပတ်သက်ပြီး Professional လုပ်ကိုင်နေသူတွေ အထူးသဖြင့် DJ သမားတွ အသုံးပြုလေ့ရှိကြတယ်လို့ သိရပါတယ်။
Dr.dre နားကြပ်တွေရဲ့ ဈေးနှုန်းတွေကတော့ ၂ သိန်းခွဲကျော်ကစလို့ ၄ သိန်းခွဲကျော်တဲ့အထိ အစားစား ရှိတယ်လို့ သိရပါတယ်။

 


 Dr.dre က နားကြပ်အပြင် Dr.dre Beats Pill ဆိုတဲ့ Loud Speaker အသေးလေးလည်း ရှိပါသေးတယ်။ စပီကာရဲ့ ဈေးနှုန်းကတော့ ၂ သိန်းခွဲ အထက်မှာရှိပါတယ်။ အရောင်အသွေးလည်းစုံ၊ ဒီဇိုင်းလည်းလှတဲ့ Dr.dre နားကြပ်တွေက အရည်အသွေး မြင့်မားတာကြောင့် ဈေးများပေမယ့်လည်း လူကြိုက်များပြီး အဝယ်များနေရခြင်း ဖြစ်ပါတယ်။

ဒီလို Beats Audio နားကြပ်တွေဟာ မြန်မာပြည် ဈေးကွက်ထဲမှာဆိုရင် အတုတွေလည်း ရှိနိုင်ပါတယ်။ အတုတွေရဲ့ ဈေးနှုန်းကတောင် အနိမ့်ဆုံး ၃ သောင်း ဝန်းကျင်လောက်ကစလို့ တသိန်းနီးပါးအထိ ရှိနိုင်ပါတယ်။ ဒီလို နားကြပ်တွေ ကတော့ များသောအားဖြင့် တရုတ်ဘက်ကနေ ဝင်ပါတယ်။ Dr.dre အစစ်တွေလောက် အရည်အသွေးက Perfect မဖြစ်ပေမယ့် ဒီဇိုင်း၊ ကာလာ မဆိုးတာကြောင့် လူငယ်တွေ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး စိတ်ကြိုက် ရွေးချယ် ဝယ်ယူသုံးစွဲကြပါတယ်။


ပုံမှာပြထားတဲ့ အမေရိကန်နိုင်ငံထုတ် Headphones တွေဖြစ်တဲ့
Dr.dre Beats Studio Wireless,
Dr.dre Beats Excutive,
Dr.dre Beats Mixr,
Dr.dre Beats Pro,
Dr.dre Beats by dr.dre,
Dr.dre Beats Solo စတဲ့ နားကြပ်တွေနဲ့
Dr.dre Beats Pill စပီကာတွေကိုတော့ အမှတ် (၂၆၂၊ စီ)၊ ပန်းဆိုးတန်းလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မှာရှိတဲ့ “Ai KON” Apple Product Sales & Services မှာ ဝယ်ယူရရှိနိုင်ရပါတယ်။

 

သီဟတိုး



 

 


.

အညောင်းအညာကင်းရှင်း လန်းဆန်း ကျန်းမာခြင်း

Monday, October 6, 2014 0 comments


 ~




 

“ကျန်းမာခြင်းသည် လာဘ်တပါး” ဆိုသလိုပဲ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာ ဖြစ်သလို စိတ်ရောကိုယ်ပါ ကျန်းမာနေမှလည်း မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာ မှန်သမျှကို အောင်အောင်မြင်မြင် အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါမယ်။

  စားဝတ်နေရေးအတွက် နိစ္စဓူဝ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြို့ပြလူနေမှု ဘဝပုံစံတွေမှာ ကျန်းမာရေးအတွက် သီးသန့်အချိန်ပေးဖို့ အခွင့်အရေးက အင်မတန်မှ နည်းပါးလာတယ်လို့ ဆိုရပါမယ်။
နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အလုပ် သွား၊ အလုပ်ပြန်၊ ကျောင်းသွား၊ ကျောင်းပြန် စတဲ့ ဗာဟီရတွေနဲ့ပဲ  အချိန်တွေ ကုန်နေရတာကြောင့် ကျန်းမာရေးအတွက် အားကစားလုပ်ဖို့ အချိန် သီးသန့်ပေးနိုင်ဖို့က ခဲယဉ်းလာကြပါတယ်။

 အလုပ်မှာ၊ ကျောင်းမှာ အထိုင်များတဲ့ မြို့ပြရဲ့ လူနေမှုဘဝပုံစံကြောင့် ကိုယ်လက် ညောင်း ညာကိုက်ခဲမှုတွေ၊ လေးလံထိုင်းမှိုင်းမှုတွေနဲ့အတူ စိတ်ဖိစီးမှုလို ဆိုးကျိုးတွေကိုလည်း နောက်ဆက်တွဲ ခံစားလာကြရလေ့ရှိပါတယ်။

ရုံးသွား ရုံးပြန်၊ ကျောင်းသွား ကျောင်းပြန် အချိန်ကြာမြင့်စွာ ကားစီး၊ ရထားစီးရပြီး ရုံးမှာ၊ ကျောင်းမှာလည်း ကွန်ပျူတာရှေ့ နာရီများစွာ အညောင်းထိုင်ရတဲ့အတွက် ဇက်၊ ခါး၊ ကျော အစရှိတဲ့ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့က ညောင်းညာကိုက်ခဲမှုတွေ အပြင်မျက်စိ၊ မျက်ရိုး ကိုက်ခဲခြင်းတွေကိုပါ ခံစားလာကြရပါတယ်။

 အဲဒါတွေ အဆင်ပြေစေဖို့အတွက် အခု ဆိုရင် ခန္ဓာကိုယ်ညောင်းညာကိုက်ခဲမှုတွေ သက် သာစေဖို့ လူက နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုတွေ အပြင်
စက်ကိရိယာနဲ့  နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှု မျိုးတွေလည်း ရှိနေပါပြီ။
လူကိုယ်တိုင်နှိပ်နယ်ပေးတဲ့ အနှိပ်ခန်းလို နေရာမျိုးတွေကို မသွားရောက်လိုသူတွေအတွက် စက်နဲ့နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုကလည်း အဆင်ပြေပါတယ်။

 ခါးနဲ့ကျောရိုးကို သက်သောင့်သက်သာဖြစ်စေတဲ့ Back Massager, ဇက်ကြောတက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အညောင်းထိုင်သူတွေအတွက် အထူးသက်သာစေတဲ့
Neck Massager, မျက်စိနဲ့ မျက်ရိုးတလျှောက်ကို ပြေလျော့စေဖို့ လေအိတ် အသုံးပြုပြီး နှိပ်နယ်ပေးတဲ့ Eye Massager, ခြေထောက်နဲ့ ခြေဖဝါး ညောင်းညာကိုက်ခဲမှုတွေကို
ဖြေလျှော့ပေးနိုင်တဲ့ Foot Massager စတဲ့ စက်ကိရိယာတွေကို အိမ်မှာအပိုင်ဝယ်ထားပြီး အချိန်မရွေး လွယ်ကူစွာ တအိမ်သားလုံး အသုံးပြုနှိပ်နယ် သုံးစွဲနိုင်ပါတယ်။ 

 အချိန်ကြာမြင့်စွာ ကားမောင်းရသူတွေလည်း မိမိကားထိုင်ခုံမှာ ဒီလို အနှိပ်စက် အသေးလေးတွေကို တပ်ဆင်ပြီး အညောင်းအညာ ကင်းဝေးစွာ ခရီးနှင်နိုင်ပါတယ်။
 အိမ်မှာ ဝယ်ယူထားမယ်ဆိုရင်လည်း အဆင်ပြေပါလိမ့်မယ်။

ဈေးနှုန်း အစားစား ရှိပါတယ်။

 Back Massager - ၈၁,ဝဝဝ 
Neck Massager - ၇၃,ဝဝဝ
Eye Massager - ၁၄ဝ,ဝဝဝ
Foot Massager - ၃၆၉,ဝဝဝ

မဝယ်ယူခင် အရင် စမ်းသပ်ကြည့်ချင်သူတွေ အတွက်လည်း ရန်ကုန်တဘက်ကမ်း သံလျင်မြို့ “Lwin”  Relax & Health Wellness Center မှာ သွားရောက် အသုံးပြုလို့ ရပါတယ်။
နှိပ်နယ်မှု အသီးသီး အတွက် ၁၅ မိနစ်စာ ဝန်ဆောင်မှုများအတွက် ဈေးနှုန်းက ၅၀ဝ ကျပ် ကျသင့်ပါလိမ့်မယ်။

 


ဒီနေ့ခေတ်မှာ စမတ်ဖုန်းနဲ့ ကွန်ပျူတာအပါအဝင် ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေကို ကြာရှည်နီးကပ်စွာ နေ့စဉ်အသုံးပြုနေ သူတွေရဲ့
ခန္ဓာကိုယ်မှာရှိတဲ့ လျှပ်စစ်အမဓာတ်တွေကလည်း နေ့စဉ်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
ခန္ဓာကိုယ်မှာ လျှပ်စစ်အမဓာတ်တွေ အများအပြား ဆုံးရှုံးလာတာနဲ့အမျှ အဓိကအားဖြင့် ကိုယ်ခံအား နည်းလာပြီး ခန္ဓာကိုယ်ကို ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။

  လျှပ်စစ်အမ ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့ စက်ကိရိယာ တမျိုးကတော့ Life Energy Device လို့ခေါ်တဲ့ လျှပ်စစ်စက်ကွင်း  ကုထုံးနည်းနဲ့ ရောဂါဝေဒနာတွေကို ကုသပေးတဲ့ စက်တမျိုး ဖြစ်ပါတယ်။
Life Energy Device ဟာ အနှိပ်စက်လည်း မဟုတ်သလို လေ့ကျင့်ခန်းလုပ်တဲ့ စက်လည်း မဟုတ်ပါဘူး။
 အားကုန်သွားတဲ့ အရာတွေကို အားပြန်သွင်းသလိုပဲ လူ့ခန္ဓာကိုယ်မှာ အားကုန်သွားတဲ့ လျှပ်စစ်အမဓာတ်တွေကို ပြန်လည်ဖြည့်တင်း အားသွင်းပေးတဲ့ စက်တမျိုးပါ တဲ့။
Life Energy Device ကို အသုံးပြုမယ် ဆိုရင် ၄၅ မိနစ်ကို ကျပ် ၂,ဝဝဝ  ကျသင့်ပါမယ်။ 

နောက်ထပ် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ စက်တမျိုးကတော့ ကိုရီးယားနိုင်ငံထုတ် “MIGUN” လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်သုံး အကြောအချဉ်ပြေလျော့စက် ဖြစ်ပါတယ်။
ဒီစက်ပေါ် လဲလျောင်းပြီး အသုံးပြုရမှာပါ။
စက်ရဲ့ခုတင် ဝမ်းတွင်းမှာ ကျောင်းစိမ်းအစစ်ကို အသုံးပြုထားပြီး အပူနဲ့ လူ့ခန္ဓာကိုယ် ပင်မကျောရိုးတလျှောက်ကို နှိပ်နယ်ပေးတာကြောင့် အကြောအချဉ် ပြေလျှော့စေပြီး သွေးသားကိုလည်း သန့်စင်ပေးနိုင်တယ်လို့ သိရပါတယ်။
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှု အား ကောင်းစေသလို၊ အသားအရေ ကြည်လင်လှပပြီး ကိုယ်ခံစွမ်း အားကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။
ဒီစက်ကို အသုံးပြုမယ်ဆိုရင် မိနစ် ၄၀ ကို   ၁,၅၀ဝ  ကျသင့်ပါမယ်။

 


ကဲ ... အထိုင်များပြီး အညောင်းမိသူတွေအတွက် လုပ်ငန်းခွင်မှာ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်မနေစေဖို့နဲ့ ခန္ဓာကိုယ်ကို Relax လုပ်ဖို့ နီးစပ်ရာ
Health Center တခုခုကို သွားလိုက်ရအောင်လား။

သီဟတိုး

(အချက်အလက်တွေကို သံလျင်မြို့ “Lwin”  Relax & Health Wellness Center ကနေ ရယူပါတယ်)
 

 






 



.

ဘယ်နိုင်ငံခြားဘဏ်တွေ မြန်မာပြည်လာမလဲ၊ မကြာခင် သိရပါတော့မယ်

Thursday, September 25, 2014 0 comments


 ~



    
 မြန်မာပြည်မှာ ဖွင့်ခွင့်ရမယ့်   နိုင်ငံခြားဘဏ်တချို့ရဲ့အမည်ကို ဒီလကုန်မှာ  ကြေညာပါတော့မယ်။ လကုန် ဆိုတော့ ရက်ပိုင်းပဲ လိုပါတော့တယ်။

 



အိမ်မဲပျံကျဈေး ဒီလကုန်အပြီးရွှေ့ရမယ်

Sunday, September 21, 2014 0 comments

 ~



 

ဧရာဝတီတိုင်း၊   အိမ်မဲမြို့ ကမ်းနားလမ်းမှာရှိတဲ့ ပျံကျဈေးဟောင်းက ဆိုင်အားလုံး စက်တင်ဘာ  ၃၀  နောက်ဆုံးထားပြီး ဈေးသစ်ကို ရွှေ့ပြောင်းဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဌာနက
 ညွှန်ကြားထားပါတယ်။

ပျံကျဈေးဟောင်းဟာ အိမ်မဲမြို့မဈေးကြီးအနီးမှာ တည်ရှိပြီး ပျံကျဈေးအသစ်ကတော့ အိမ်မဲမြို့ စာချွန်ကံရပ်ကွက်မှာပါ။

“သူတို့ဈေးရောင်းရတာ အဆင်ပြေစေဖို့ ဈေးမော်တော်တွေကို အဲဒီဈေးသစ်နေရာမှာ ဂိတ်ထိုးပေးဖို့ သတ်မှတ်ထားပါတယ်။
တခြား လိုင်းမော်တော်တွေအနေနဲ့လည်း ဈေးနေရာမှာ လူအတင်အချပြုလုပ်ပြီး ၀င်ရောက်ရပ်နားပေးဖို့ ကျနော်တို့ စီစဉ်ထားပေးပါတယ်”လို့ အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က ဧရာဝတီကို ပြောပါတယ်။

ဈေးဟောင်းကို ရွှေ့ပြောင်းရတာဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ လယ်ယာမြေစုံစမ်းရေးကော်မရှင် အစီရင်ခံစာအရ တိုင်းဒေသကြီးအစိုးရက ညွှန်ကြားလာတဲ့အတွက် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

 ဈေးသစ်ဟာ မြို့ပြင်မှာ တည်ရှိတဲ့အတွက်  ဈေးမော်တော် ၁၀ စီးလောက် ဆိုက်ကပ်ရုံနဲ့ သူတို့ဈေးရောင်းလို့ အဆင်မပြေဘူးလို့ ဈေးသည်တွေက ပြောနေတာပါ။

“ဈေးမော်တော်ဆိုတာက အိမ်မဲမြို့အနီးနားက သူဌေးတွေ ဈေးလာဝယ်တဲ့မော်တော်ပါ။
လူနည်းနည်းပဲ ပါသလို ကျမတို့ ပျံကျဈေးတန်းမှာ ဈေးဝယ်ကြသူတွေ မဟုတ်ပါဘူး။
လိုင်းမော်တော်ကမှ ကျမတို့ ပျံကျဈေးရဲ့ ဈေးဝယ်သူတွေပါ။
အဲဒီလိုင်းမော်တော်တွေ မဆိုက်ကပ်ဘူးဆိုရင် ကျမတို့ ဈေးသည် ၁၅၀ ကျော်က ဈေးရောင်းရဖို့ လမ်းမမြင်ပါဘူး။
ဒါကြောင့် ပျံကျဈေးသစ်နေရာမှာ လိုင်းမော်တော်တွေ ဂိတ်ထိုးပေးမှသာ ကျမတို့အတွက် အဆင်ပြေမှာဖြစ်ပါတယ်” လို့ အိမ်မဲမြို့ ပျံကျဈေးမှာ ထမင်းဟင်းရောင်းချသူ ဒေါ်သေးသေးက ပြောပါတယ်။

ပျံကျဈေးအဟောင်းမှာ နှစ်ပေါင်း ၂၀ နီးပါး ဈေးရောင်းလာခဲ့တဲ့ ဈေးသည် ဒေါ်ခင်ပွားကလည်း
“တကယ်လို့ ဈေးနေရာသစ်မှာ အရောင်းအ၀ယ် အဆင်မပြေလို့ ဈေးမရောင်းရရင် ကျမတို့ကိုမှီခိုနေရတဲ့မိသားစုဝင်တွေ အကုန်ဒုက္ခရောက်ကြမှာပါ။
ကျမမှာ မျက်မမြင်အမေအိုကြီးကို ထမင်းရောင်းပြီး ရှာကျွေးနေရတာပါ။
လူကြီးတွေအနေနဲ့ မရှိဆင်းရဲသား ကျမတို့ဈေးသည်တွေကို သနားငှဲ့ညှာပြီး ဈေးရောင်းပြီး ၀မ်းစာရှာဖို့ကို အဆင်ပြေအောင်စီစဉ်ပေးပါလို့ တင်ပြချင်ပါတယ်” လို့ ပြောပါတယ်။

ပျံကျဈေးသစ်မှာ ၆ ပေပတ်လည်ကျယ်တဲ့ ဆိုင်ခန်းပေါင်း ၁၉၈ ခန်းဆောက်လုပ်ထားပြီး ဈေးဆိုင်ခန်း တခန်းကို ၃၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
 ဆိုင်ခန်းခကိုတော့ ပျံကျဈေးသည်တွေအနေနဲ့ လာမယ့် ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလကျမှသာ ပေးသွင်းဖို့၊ ပေးသွင်းရာမှာလည်း တကြိမ်တည်း မတတ်နိုင်သူတွေ ၃ ကြိမ်ခွဲ ပေးသွင်းဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းကိုကိုအမိန့်နဲ့ ခွင့်ပြုပေးထားတာပါ။ 

လက်ရှိမှာတော့ အိမ်မဲမြို့တာဝန်ရှိသူတွေက ပျံကျဈေးဟောင်းက ဈေးသည်တွေကို မဲနှိုက်ပြီး နေရာချပေးလျက်ရှိရာမှာ ဈေးသည်ပေါင်း ၈၄ ဦးက မဲနှိုက်ပြီး အခန်းတွေ ရယူထားကြောင်း သိရပါတယ်။

နေရာသစ်ဟာ အဆင်မပြေနိုင်ဘူးလို့ယူဆတဲ့ ဈေးသည် ၆၀ ကျော်ကတော့ မဲမနှိုက်သေးဘဲ  ရွှေ့ပြောင်းဖို့ ငြင်းဆန်နေကြပါတယ်။

ပျံကျဈေးဟောင်းပေါ်ပေါက်လာပုံကတော့ န၀တအစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှာ အိမ်မဲမြို့ကမ်းနားလမ်းက နေအိမ်များကို  မြို့သန့်ရှင်းသာယာ လှပရေးစီမံချက်နဲ့ အိမ်မဲချောင်းတဖက်တချက်က  အိမ်အလုံးပေါင်း ၃၈၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး လွတ်သွားတဲ့မြေနေရာမှာ ဈေးရောင်းချရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

ဈေးသည်တွေ နေရာသစ်ဆီကိုရွှေ့ပြောင်းပြီးရင် ပျံကျဈေးဟောင်းနေရာကို မူလရည်ရွယ်ချက် အတိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် အများပြည်သူ အပန်းဖြေနိုင်တဲ့ ပန်းခြံတခုအဖြစ် တည်ဆောက် ထိမ်းသိမ်းသွားမယ်လို့ အိမ်မဲမြို့နယ် စည်ပင်ဌာနမှူး ဦးဇော်မင်းက ဆိုပါတယ်။

လက်ရှိမှာတော့ ဘယ်ဈေးသည်မှ နေရာသစ်ကို ရွှေ့ပြောင်းခြင်း မရှိသေးဘဲ ကမ်းနားလမ်းက မူလဈေးဟောင်း နေရာမှာသာ ရောင်းချနေကြပါတယ်။

ဆလိုင်းသန့်စင်



 



.

စီဂျေ ဦးလှဆွေ

Tuesday, September 16, 2014 0 comments


 ~




  မီဒီယာအဖွဲ့တခုမှာ လုပ်ကိုင်မနေပေမယ့် မြင်တွေ့ရသမျှခဲကဖြစ်ရပ်တချို့ကို အများသိအောင် ဆောင်ရွက်နေသူတွေ ရှိပါတယ်။

သူတို့ကို ရပ်ရွာထဲကသတင်းသမား (citizen journalist - cj) လို့ ခေါ်ကြပါတယ်။

မြန်မာပြည်မှာ ထင်ရှားတဲ့  စီဂျေတယောက် ရှိနေပါပြီ။ သူကတော့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပါပဲ။

တနင်္လာမနက် သူပြောပြတဲ့အကြောင်းအရာကတော့ နေပြည်တော်အမြန်လမ်းဘေးက စိုက်ခင်းတခုအကြောင်းပါ။
ပိုင်ရှင် ဘယ်သူလဲ၊ အရပ်ဘက်ကလား၊ စစ်ဘက်ကလား ဆိုတာကိုတော့ မသိရပါ။
အဲဒီစိုက်ခင်းက ဥပဒေကို ကျော်လွန်ပြီး လုပ်နေတာတွေ ရှိတယ်လို့ သူက ထောက်ပြပါတယ်။
ဓာတ်ပုံတချို့လည်း ဖော်ပြထားပါတယ်။

သူ့ရေးသား ထောက်ပြချက် အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

အမြန်လမ်းဘေးမှာ သရက်တို့ နဂမောက် တို့ကျွန်းစိုက်ခင်းတို့ ရှိပါတယ်။
အဲ့မှာအခိုင်အမာ တိုက်အိမ်ကြီးတွေ။ over head tankရေစဉ်ကြီးတွေ။ steel ခြံစည်းရိုးတွေ။ တွေ့ရပါတယ်။
လယ်ယာမြေဥပဒေအရ ပုံစံ ၃၀ -ခ မရှိရင်ခြံစည်းရိုးတောင် ဝါးနဲ့ ယာယီသာလုပ်ခွင့်ရှိတာပါ ။
လယ်စောင့်တဲ ဆိုတာဟာလဲ ယာယီသာဖြစ်ပြီး အခိုင်အမာ အဆောက်အဦ ဆောက်ခွင့်မရှိပါဘူး ။
ဒီမှာ ဘယ်သူတွေကဆောက်နေတာလဲ။ ပုံစံ၃၀-ခ ရောရှိကြရဲ့လား။
ဥပဒေကျော်လွန်လုပ်နေတာကို နမူနာယူပြီး FMIတို့ ဘာတို့ဘာကသူတို့လဲ လုပ်နေတာဘဲလို့ ရောင့်တက်လာတာဖြစ်မယ်လို့ယူဆတယ်။

 



.

ဒေါနတောင်ကျော်ကားလမ်းနှင့် မိုးရာသီ

Monday, September 15, 2014 0 comments


 ~





 ထိုင်းမြန်မာနယ်စပ်ကနေ ရန်ကုန်ကို အမြန်ဆုံးရောက်တယ် ဆိုတဲ့လမ်းက မြဝတီနဲ့ ကော့ကရိတ် ၂ မြို့ကြားမှာ ခက်ခဲ အဆင်မပြေတဲ့ အခြေအနေတွေ ရှိနေပါတယ်။




တာချီလိတ်ဒေသ နယ်စပ်ကုန်သွယ်ရေး

Wednesday, September 3, 2014 0 comments


 ~





    တာချီလိတ် ဒေသမှာ အာဏာပိုင်တို့က  ကုန်သည်တွေကို ၂ လ ကြာခန့် စစ်ဆေး ပညာပေးတဲ့နောက် အခုတော့ ထိထိရောက်ရောက်  အရေးယူလျက်ရှိပါတယ်။

ပညာပေးကာလ ပြီးဆုံးသွားပြီ ဆိုသော်လည်း  တရားဝင် ကုန်သွယ်မှု လုပ်ဆောင်ရာမှာ
 စာရွက်စာတမ်းကိစ္စ နဲ့  ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို ကျင့်သားမရကြသေးကြောင်း  တာချီလိတ်မြို့  ဒို့ညီနောင် ကားဂိတ်မှူး ကိုဝင်းမောင်က ဧရာဝတီကို ပြောပါတယ်။

“အခွန်ဆောင်မယ်ဆိုရင် ဘဏ်သွားရမယ်။ အခွန်ဦးစီးသွား ရမယ်ပေါ့နော်။
အဲဒါတွေက လုပ်လက်စ မရှိတဲ့အခါကြတော့ ပြည်သူတွေက အခက်အခဲ တွေ့နေတာ”

ဒီလို အခက်အခဲတွေ့တာဟာ ပညာပေးလုပ်ငန်းမှာ ဘာများ အားနည်းချက် ရှိခဲ့ပါသလဲ။

 “သူတို့က ကုန်သည်တွေကို လွယ်လွယ်ကူနဲ့ ချောချောမွေ့မွေ့ဖြစ်အောင် ကုညီပေးတာ တော့ ပေးပါတယ်။
 ဒါပေမယ့် ပြည်သူတွေနားလည်တဲ့ စကားလုံးတွေနဲ့ အလုပ်တွေကို လုပ်မပြနိုင်တဲ့ အခါကြတော့ ပြည်သူတွေ ယောင်တောင်ပေါင်တောင် ဖြစ်နေတာပေါ့ဗျာ”

ဒါကတော့ ကုန်သည်တွေနဲ့ နီးစပ်ထိတွေ့နေသူတဦးရဲ့ အမြင် ဖြစ်ပါတယ်။

Mobile Team လို အတိုကောက် ခေါ်ဆိုကြတဲ့  တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ရွေ့လျားစစ်ဆေးရေးအဖွဲ့က  ဒေသတွင်း ကုန်စည် စီးဆင်းတဲ့  လမ်းကြောင်းများမှာ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပါတယ်။

အခွန်မဆောင်ဘဲ သယ်နေတဲ့  ကုန်စည်ပစ္စည်းများကို အရေးယူတာနဲ့ ပတ်သက်ပြီး မေးကြည့်ရာမှာတော့   တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို

သူတို့ကို အထက်က  ပြောပိုင်ခွင့် မပေးထားဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကောက်ခွန်ဌာနကိုသာ မေးလိုက်ပါ လို့ ညွန်မှူးက ပြန်လည်ဖြေကြားခဲ့ပါတယ်။


  • ITC ကတ်

စီးပွား ကူးသန်း ဝန်ကြီးဌာနက တခြားသော နယ်စပ် ကုန်သွယ်ရေးစခန်းများလိုပဲ တာချီလိတ်မှာလည်း   ITC ကတ် ဆိုတာကို ထုတ်ပေးထားပါတယ်။
အဲဒါက တဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်ကတ်  (Individual Trading Card)  ဆိုတာကို နယ်စပ်ဒေသတွေမှာ အတိုကောက် ခေါ်ကြတာပါ။

ဒေသခံ ကုန်သည်လေးတွေ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းလုပ်တဲ့   အသေးစား အလတ်စား ကုန်သည်တွေ
  အရင်းအနှီး နည်းနည်းနဲ့  တရားဝင် ကုန်သွယ်နိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ဒီကတ် ထုတ်ပေးထားတာပါ။ 
နှစ်စဉ် ကျပ်ငါးသောင်း ပေးသွင်းပြီး လုပ်ရပါမယ်။
ကုမ္ပဏီထောင်စရာ မလိုပါဘူး။ ကိုယ်တတ်နိုင်တဲ့ အရင်းအနှီးနဲ့ လုပ်နိုင်ပါတယ်။ 

ဒီနည်းနဲ့ နိုင်ငံအတွက် ဝင်ငွေ၊ အခွန်ငွေ နစ်နာစေတဲ့ မှောင်ခိုသယ်၊ ခိုးသယ်၊ အခွန်မဆောင်ဘဲသယ်တာတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။

ဒီကတ် ကိုင်ဆောင်ပြီး လုပ်ဆောင်ခြင်းဟာ တနိုင်တပိုင်ကုန်သွယ်ခွင့်ဖြစ်တဲ့အတွက် ကုန်သည်ကြီးတွေလို အချီကြီးလုပ်ခွင့်တော့ မရှိပါ။
ငါးရက်ကို သိန်း ၅၀ ဖိုးအထိ သယ်ယူခွင့်ရှိပါတယ်။

  •  FDA  ထောက်ခံစာ

တာချီလိတ်မှာ ITC ကတ် ကိုင်ဆောင်ပြီး အခွန်ဆောင်၊ တရားဝင် လုပ်ကိုင်နိုင်တဲ့အတွက် ကုန်သည်လေးတွေ အဆင်ပြေပါတယ်။
သို့သော်လည်း အဆင်မပြေတဲ့အပိုင်းကတော့ တချို့စားသောက်ကုန်စည်တွေ သယ်ဆောင်ခြင်းပါပဲ။ အဲဒါအတွက် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဗဟိုဌာန (FDA) ရဲ့ ထောက်ခံစာပေးမှသာ  သယ်ဆောင်ခွင့် ရှိတာပါ။

 


ထိုင်းဖြစ်၊ တရုတ်ဖြစ် စားသုံးကုန်တို့အတွက်   FDA  ထောက်ခံစာရဖို့ အတွက် အခက်ခဲများစွာ ရှိနေတယ်လို့  တာချီလိတ်မြို့ ကုန်သည်တွေက ဆိုပါတယ်။

 တာချီလိတ်မြို့နေ ကုန်သည်တဦးက   “စားသောက်ကုန်နဲ့ ပတ်သက်လို့ နို့ချဉ်၊ အိုဗာတင်း၊  ပဲနို့ရည်တို့ပေါ့၊ ဒီဟာတွေကို ကျနော်တို့က လွယ်လွယ်ကူကူ အခွန်ဆောင်လို့ မလွယ်ဘူး။
 FDA  က ကျတော်တို့ဆီက နမူနာတွေယူပြီးမှ နေပြည်တော်ကို ပို့ရတာပေါ့နော်။
နောက်ပြီး ယိုးဒယားဘက်က လာတဲ့ စားသောက်ကုန်တွေဆိုရင် သူတို့ကုမ္ပဏီရဲ့ စာရွက်စာတမ်းတွေ ကျနော်တို့ လက်ထဲ ရောက်မှ ကျနော်တို့က  FDA  ရဲ့ ထောက်ခံစာကို ယူလို့ရတာပေါ့။
ဒါကို ကုန်သည်တွေဘက်က နားလည်သဘောပေါက်တာတွေ မရှိဘူး၊ လုပ်နေကျလည်း မဟုတ်တော့ ပြဿနာတွေ တက်နေတာပေါ့”
လို့ ဆိုပါတယ်။

 ထိုင်းကုမ္ပဏီစာရွက်စာတမ်း နဲ့  FDA ထောက်ခံစာရွက် ကိုင်ဆောင်ထားသူက အဆင်ပြေပါတယ်။
ထောက်ခံစာကို  တဆင့်ခံ ပြန်လည်ရောင်းချမှုလည်း ရှိတဲ့အတွက်  ကုန်ပစ္စည်းတန်ဖိုး  ပိုပြီးမြင့်တက်မှုတွေ ရှိနေတယ်လို့လည်း ကုန်သည်တွေက ဆိုပါတယ်။ 

ဝယ်ယူစားသုံးသူတို့ရဲ့ ကျန်းမာရေးအတွက် စားသောက်ကုန်ကို စိစစ်ရတယ်၊ ဒါကြောင့် စာရွက်စာတမ်းကိစ္စ အထိုက်အလျောက် ပိုများမယ် ဆိုတာကို ကုန်သည်တွေ သဘောတူ၊ သဘောပေါက်ဖို့တော့ လိုပါသေးတယ်။

  • Mobile Team

ဒီနှစ်ပိုင်းမှာ ပေါ်လာတဲ့ Mobile Team က ကုန်သည်တွေ၊ သူတို့နဲ့ ဆက်စပ်လုပ်ကိုင်နေသူတို့အတွက် ဆက်ဆံရခက်တဲ့အပိုင်း ရှိနေပါသေးတယ်။

 “ကျနော်တို့ ပုံမှန်သွားနေတာပါ။ ဂိတ်ရောက်တတာချီလိတ် နဲ့ တောင်ကြီး  ကားအငှားဆွဲသူ ကိုကျော်ဝင်းစိန်က နဲ့ ဂိတ်တာဝန်ရှိသူတွေက ကားကို တန်ချိန်တယ်။ ပြီးရင် ဈေးဖြတ်တယ်။ အဲလိုပဲ သွားလာနေတာ။
ဒီ Mobile Team ရောက်လာတာနဲ့ အခွန်မဆောင်ရင် ကားပေါ်က ပစ္စည်းတွေ အားလုံး ဆွဲချတော့တာပဲ” လို့  ပြောပါတယ်။

  တာချီလိတ်မြို့ နေ မသက်က  တရုတ်နိုင်ငံထုတ် အမျိုးသမီးအဝတ်အထည်တွေ  အခွန် ဆောင်မထားဘဲ မကြာသေးခင်က သယ်ခဲ့ပါတယ်။  
တာချီလိတ်မြို့အထွက် မယ်ယန်းဂိတ်မှာ ကုန်ပစ္စည်း သိန်း ၂ဝ ဖိုးလောက် အသိမ်းခံလိုက်ရတယ်လို့  ဧရာဝတီကို ပြောသည်။

“ဂျူတီမဆောင် လို့ ပစ္စည်းသိမ်းတာ တဲ့။
ဂျူတီကိုသက်ဆိုင်ရာကို ပြောပြီးလုပ်ခဲ့၊  ဂျူတီပါရင် (ပြန်)ထုတ်ပေးမယ် ဆိုတော့ ... ကျမလည်း အဲဒီနေ့ ညနေ ချက်ချင်းဘဲ အကောက်အခွန်ရုံးကို သွားပြီး ဂျူတီ လုပ်တယ်။
ဂျူတီလည်းရရော မယ်ယန်းဂိတ်ကို ပြန်လာတယ်။  ဂျူတီ ပါလာပြီ၊ ကျမပစ္စည်းတွေ ပြန်ပေးပါလို့ ပြောတော့ ဦးစီးအရာရှိက နင် မြန်မာ စကား နားမလည်ဘူးလား။ နေပြည်တော် ကို အမှုတွဲ တင်လိုက်ပြီ။
နင့်ပစ္စည်းတွေ ပြန်မရတော့ဘူး တဲ့”

မိုးတွင်းဖြစ်တဲ့အတွက်  တာချီလိတ်မြို့မှာ ခရီးသည် ပါးနေချိန်ပါ။
အစားအသောက် ကုန်သွယ်သူတွေလည်း စာရွက်စာတမ်းကိစ္စ အခက်အခဲ ရှိတာကြောင့် သိပ်အလုပ်မဖြစ်ပါဘူး။
ခရီးသည်၊ ကုန်သည်တို့ကို အမှီပြုနေရတဲ့ ကားသမား၊  ကားပိုင်ရှင်တွေလည်း  ကားမထွက်ရရင် အခက်တွေ့မှာ ဖြစ်ပါတယ်။

ပွင့်လင်းရာသီရောက်၊ စာရွက်စာတမ်းကိစ္စ ကျင့်သားရရင်တော့ ကုန်သွယ်လမ်းကြောင်း စည်ပင်လာမှာဖြစ်တယ်လို့ ဆိုရပါမယ်။

ငြိမ်းဇော်
 
 


 



.

MPT ဖုန်းကတ်တွေ ဆိုင်တင်ရောင်းပြီ

Monday, September 1, 2014 0 comments


 ~



MPT ဖုန်းကတ်တွေ စက်တင်ဘာ ၁ ဆိုရင်  ဆိုင်တွေမှာ ရောင်းမယ်ဆိုပြီး ကြေညာထားတဲ့အတိုင်း တကယ်ပဲ ရောင်းနေပါပြီ။

  •  (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved