Showing posts with label Environment. Show all posts
Showing posts with label Environment. Show all posts

သယံဇာတထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ

Friday, May 15, 2015 0 comments





မြန်မာပြည်မှာ သဘာဝသယံဇာတတွေ ထုတ်ယူနေတာ ဘယ်သူတွေ အတွက်လဲ။
နိုင်ငံအတွက်လား၊ အများပြည်သူအတွက်လား၊ လူတချို့အတွက်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေချိန်မှာ မြန်မာကာတွန်းဆရာတွေကလည်း ကာတွန်းတွေဆွဲ မေးခွန်း ထုတ်ထားတာကို ဒီကနေ့ သောကြာနေ့က စတင်ပြီး ရန်ကုန်မှာ ပြသပါမယ်။

For Who? လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာမယ့် ဒီကာတွန်းပြပွဲကို ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း အလယ်ဘလောက်၊ အမှတ် ၁၃၄ မှာ ရှိတဲ့ River Ayeyarwaddy ပြခန်းမှာ ပြုလုပ်မှာပါ။

ဒီပြပွဲမှာ ထိပ်တန်း ကာတွန်းဆရာ လူကြီး လူငယ် အယောက် ၂၀ ရဲ့ လက်ရာများ ပါဝင်မယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ရွှေမင်းသား၊ မောင်မောင်အောင်
အော်ပီကျယ်၊ ၀င်းအောင်

ဇော်မောင်၊ ဘဌေးကြည်
စောမင်းဝေ၊ ဧကစာချို


အောင်ဌေးမင်း၊ မိုးထက်မိုး
ဖေသစ်တည်၊ ကျော်သူရိန်

အာကာ၊ နိုင်လင်း
တော်တီဆွေ၊ ATH

မောင်မောင်ဖောင်တိန်၊ ဘီရုမာ
ဆလိုင်းစွမ်ပိ၊ လိုင်လုဏ်



ဆရာ အော်ပီကျယ်က ပြပွဲတင် ကာတွန်း ၃ ကွက်ထဲက ၁ ကွက်ကို သူ့ရဲ့ facebook fan page မှာ ဖော်ပြထားပါတယ်။ 

ဒီနိုင်ငံမှာ ရင်းနီးမြှုပ်​နှံမယ့် ပြည်ပ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ ဒီနိုင်​ငံရဲ့ လက်​ရှိ သဘာဝသယံဇာတအ​ခြေအ​နေ သိသွားစေဖို့ ဒီပြပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကာတွန်းဆရာ လိုင်လုဏ်က ပြောပါတယ်။

ကာတွန်းဆရာတို့ရဲ့ သဘာဝသယံဇာတ​ပေါ်ထားရှိမှု အနုပညာကာတွန်းပြပွဲ​လေးကို ကာတွန်းပရိသတ်များသာမက သဘာဝပတ်ဝန်းကျင်ချစ်သူများ စိတ်ဝင်စားကြပါလိမ့်မယ်။

ပြခန်း တည်နေရာက အချက်အချာကျတဲ့အတွက် လမ်းကြုံလို့ ၀င်ကြည့်လိုသူတို့အတွက် အဆင်ပြေသလို အဝေးကနေလာမယ့်သူတို့အတွက် အဆင်ပြေဖွယ် ရှိပါတယ်။


စည်သူလင်း

တရုတ်သမ္မတရဲ့ တန်ဇီးနီးယားခရီးမှာ ဆင်စွယ်မှောင်ခိုချကြောင်း စွပ်စွဲခံရ

Friday, November 7, 2014 0 comments

 -


တရုတ်သမ္မတနဲ့အဖွဲ့ မနှစ်တုန်းဆီက တန်ဇီးနီးယားနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ သွားရောက်လည်ပတ်ပြီးအပြန်ခရီးမှာ ဆင်စွယ်တွေ မှောင်ခိုဈေးကနေ အလုံးအရင်းနဲ့ဝယ်ပြီး သယ်ထုတ်သွားကြတယ် လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်နေပါတယ်။

 

ကချင်ဒေသ ပန်ဒါနီတွေ့ရှိမှု မှတ်တမ်းဓာတ်ပုံ ရပြီ

Wednesday, October 29, 2014 0 comments

.


ကချင်ပြည်နယ် တောင်ပေါ်ဒေသမှာ ပန်ဒါနီ ၂ ကောင်ကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားလိုက်နိုင်တဲ့အကြောင်း Fauna & Flora International  လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ သုတေသီတွေက ကြေညာပါတယ်။


စက်ရုံတွေကြောင့် ညစ်ညမ်းနေတဲ့ ပြည်မြို့က စမ်းချောင်းလေး

Tuesday, October 14, 2014 0 comments


.






 ပြည်မြို့ကစက်ရုံတချို့ရဲ့ ရေဆိုးစွန့်ထုတ်မှုတွေကြောင့်  လော့သော့ ဆိုတဲ့ စမ်းချောင်းလေး ညစ်ညမ်းနေပါပြီ။ 

အဲဒီချောင်းက ဧရာဝတီမြစ်အတွင်းကို စီးဝင်တဲ့  နဝင်းချောင်းရဲ့  လက်တက်တခုပါ။

လော့သော့ချောင်း တလျှောက် အရက်ချက်စက်ရုံ၊ မုန့်ဖတ်စက်ရုံ၊
 ဇီးဆံခွဲစက်ရုံနဲ့ သားရေစက်ရုံတွေက အညစ် အကြေးတွေ စွန့်ပစ်မှုကြောင့်
 သောက်သုံးရန် မဖြစ်နိုင်တော့သလို စိုက်ပျိုးရေး အတွက်လည်း  အသုံး မပြုနိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

        အဓိကအားဖြင့် ပြည်မြို့ ဘိုးဘွားရိပ်သာအနီးမှာရှိတဲ့ ကျားနှစ်ကောင်  အရက်ချက်စက်ရုံရဲ့ ဖွဲပြာတွေ ရေဖျော်ပြီး ချောင်းအတွင်း မျှောချနေပြီး
 စက်ရုံကထွက်တဲ့ ရေဆိုးတွေကြောင့်   ဖြစ်တယ်လို့   ဝါးပိုးကုန်းရွာမှ  ကိုဇော်ထက်က ပြောပါတယ်။

        "အရင်က ဒီချောင်းရေက ကြည်ပြီး သန့်နေတာပဲ။ အခုကတော့ ညစ်ပတ်နေတာပဲ။
 မိုးများလို့ ရေတက်ရင် စိုက်ခင်းတွေရေ လွှမ်းပြီး ပြန်ကျသွားရင်  အပင်တွေ အကုန်သေတာပဲ။
အဲဒီစွန့်ပစ်အဖတ်တွေမှာ အက်စစ်တို့  အချဉ်တို့ ပါမယ်ထင်တယ်၊
နောက်တစ်ခုက ချောင်းထဲကို ကျွဲနွားတွေ ရေမချရဲဘူး။
 ချောင်းအထက်ပိုင်းကလုပ်သမျှ အောက်ပိုင်းက အကုန်ခံရတာပဲ။
 စက်ရုံတွေရဲ့ အထက်ပိုင်းကရေနဲ့ အောက်ပိုင်းကရေ အရောင်ချင်း ယှဉ်ကြည့်ပါ။  လုံးဝ မတူပါဘူး"

 


         အဲဒီ အရက်ချက်စက်ရုံ အနီးတဝိုက်နဲ့ စက်ရုံအောက်ဘက်ပိုင်းဘက်တွေမှာ  အနံ့ဆိုးတွေအပြင် စက်ရုံကထွက်တဲ့ ဖွဲပြာအမှုန့်တွေနဲ့၊ ဇီးခွဲစက်က အမှုန်တွေကြောင့် အရေပြား ယားယံခြင်းတွေ ဖြစ်ပွားတတ်ကြောင်း၊  ချောင်းအတွင်း ဖွဲပြာထုမှာ တဖြည်းဖြည်းမြင့်တက်လာတာကြောင့်
 ချောင်းကောမည့်အခြေအနေ ရှိကြောင်း ဒေသခံတွေကပြောပါတယ်။

 

 ချောင်းဘေးတလျှောက်မှာတော့ ပြည်မြို့ကုန်စိမ်းဈေးကွက်ကို တင်ပို့တဲ့  စိုက်ပျိုးရေးခြံတွေ အမြောက်အများ ရှိပါတယ်။
 စိုက်ပျိုးရေးသမားတွေ အနေနဲ့လည်း ချောင်းရေကို အသုံးမပြုပေမဲ့  မိုးများပြီး ချောင်းရေလျှံတဲ့အခါ အဲဒီ အညစ်အကြေးတွေကြောင့်
 သီးပင်စားပင်များ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့နေရကြောင်း ဝါးပိုးကုန်းရွာ  ဒေသခံတဦးက ပြောပါတယ်။

        "ချောင်းအထက်ပိုင်းမှာရှိတဲ့ စက်ရုံတွေက စီးလာတဲ့ရေနဲ့ အရက်ချက်စက်ရုံ အောက်ပိုင်းစီးလာတဲ့ရေ အရောင်က တခြားစီပါ။
 ဒီချောင်းရေ သုံးမရတာ  အဲဒီ အရက်ချက်စက်ရုံကြောင့်ပါ။
သူတို့ပြောသလို သန့်စင်ပြီးမှ လွှတ်တာ ဆိုရင်  သူတို့ အရင် ဒီရေကို သုံးပြ၊  မယုံရင် လက်ညှိုးလေးပဲ  ချောင်းထဲကို ထိုးပြီး နမ်းကြည့်လိုက်ပါ။
ဘယ်လောက် အနံ့ဆိုးသလဲ ဆိုတာ  သိသာတယ်။
ကျနော်တို့ကတော့ သက်ဆိုင်ရာ ဌာနတွေ ကိုယ်တိုင်လာစစ်စေချင်တယ်"

 


        ကျားနှစ်ကောင် အရက်ချက်စက်ရုံ  မန်နေဂျာ ဦးဇော်ကြီးကတော့  စည်းကမ်းချက်တွေကို ဂရုတစိုက် လိုက်နာပါတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ အနေနဲ့က စွန့်ပစ်အရည်ကို ဒီအတိုင်း ချောင်းထဲကို မချပါဘူး၊
 ဇီဝနည်းစဉ်နဲ့ ပိုးမွှေးပြီ၊ BOD, COD ကို လျှော့ချလိုက်ပြီး၊ အနယ် စစ်ပြီး စွန့်တယ်၊
 ဖွဲပြာတွေကိုလည်း မပစ်ပါဘူး၊
 ကိုယ့်စိုက်ခင်းကို ပြန်သုံးတယ်" လို့ စက်ရုံ  မန်နေဂျာက ပြောပါတယ်။

 စက်ရုံကိုတော့ ၁၉၉၆ ခုနှစ်ကနေစတင်ပြီး ပြည်မြို့ အမှတ်(၃) သမဝါယအမအသင်းလီမီတက် ဥက္ကဋ္ဌ ဦးလှမိုး ခေါ် ဦးထိုင်ထိုင်က   တခြားပုဂ္ဂလိကလုပ်ငန်းရှင်တဦးထံကနေ  လွှဲပြောင်းဝယ်ယူခဲ့ကြောင်း  စက်ရုံတာဝန်ရှိသူ တဦးထံမှ သိရပါတယ်။


 ကောင်းမြတ်မင်း



 


.

တောင်ဖြိုမြေတူးသူများနဲ့ ပြည်မြို့ အုပ်ချုပ်ရေးမှူး

Friday, September 26, 2014 0 comments


 ~






တောင်တလုံးလုံးကို ကိတ်မုန့်လှီးသလိုလှီးပြီး မြေတွေကို တခြားနေရာမှာ ပြန်လည် အသုံးချနေတာကို ပြည်မြို့နယ်အနီးတဝိုက်မှာ   တရားဝင်တားမြစ်ထားပါတယ်။ 

အဲဒိလိုတားမြစ်ချက်တွေကတော့ ကားလမ်းမဘေးဘီဝဲယာမှာ လူမြင်သူမြင်ရှိတဲ့နေရာတွေမှာသာ သက်ရောက်နေသလိုပါပဲ။ 

ဘာကြောင့်လဲ ဆိုတော့ လူမြင်သူမြင်မရှိတဲ့နေရာတွေမှာလည်း ခိုးကြောင်းခိုးဝှက်နဲ့ တောင်ဖြို မြေတူးမှုတွေ လုပ်နေခြင်းကြောင့်ပါ။

ပြည်မြို့နယ် အတွင်းရှိ ရန်ကုန်-ပြည် ကားလမ်းမဘေးနဲ့ အရေးပေါ်လမ်းအနီးရှိ တောင်များကို မြေတူး၊
မြေကော်စက်ကြီးတွေနဲ့ တောင်ဖြိုမြေယူမှုတွေကြောင့်  သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်တဲ့အတွက်
 ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ မြို့နယ် မြေယာစီမံခန့်ခွဲရေးကော်မတီက လုပ်ငန်းရှင်သုံးဦးကို မြေတူးဖေါ်တာတွေ  ရပ်ဆိုင်းဖို့  တရားဝင် ဟန့်တားခဲ့ပါတယ်။

 ဒါ[ာ  တစုံတယောက်က တိုင်ကြားလို့ တားမြစ်ခဲ့တာမဟုတ်ဘဲ၊ ကိုယ်တိုင်မြင်တွေခဲ့ရလို့ အမြန်ဆုံး တားမြစ်စာထုတ်ခဲ့ရတာဖြစ်တယ်လို့ ပြည်မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ဧရာဝတီကို ပြောပါတယ်။

            “မြေတူးစက်တွေနဲ့ တောင်တွေကို ဖဲ့နေတာမြင့်တော့ တော်တော် လန့်သွားတယ်။
အဲဒါနဲ့ မလှမ်းမကမ်းမှာ ဓါတ်အားပေးလိုင်း တာဝါတိုင်ကြီးတွေ ရှိတယ်။ 
တော်တော် အန္တရာယ်များတဲ့ ကိစ္စကို ဘယ်သူ့ဆီမှာမှ ခွင့်မတောင်းဘဲနဲ့ အများပြည်သူ အန္တရာယ် ကျရောက်အောင် လက်ရဲဇက်ရဲလုပ်နေတာ။ 
အကွက်ပိုင်ရှင်တွေကို တရားဝင်တားမြစ်စာ ထုတ်ခဲ့တာ”

လုပ်ငန်းရှင်တွေကတော့ သူတို့ အလုပ်ဖြစ်ရေးအတွက် နည်းလမ်းမျိုးစုံသုံးဖို့ အဆင်သင့် ဖြစ်နေပုံကိုလည်း အုပ်ချုပ်ရေးမှူးက ပြန်လည် ဖောက်သည်ချပါတယ်။

“အဲဒါကို တယောက်က ကျွန်းစိုက်ခင်းအတွက် မြေဖြိုတာပါ၊ ဖြို့ခွင့်ပြုပါ ဆိုပြီး စာပြန်တင်ထားသေးတယ်။ 
ကျွန်းစိုက်တာတောင် မဖြိုဘဲ စိုက်လို့ရတယ်။ ဒါ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတာပေါ့ဗျာ”

 


            အဲဒီလို တားမြစ်နေပေမဲ့ ရန်ကုန်- ပြည် အဝေးပြေးကားလမ်းမကနေ ၃ ဖာလုံလောက်အကွာမှာ ရှိတဲ့  အောင်မြေကျေးရွာက တောင်ကြီးတွေကို ဖြိုပြီး မြေညှိမြေယူလုပ်နေတဲ့သူတွေလည်း ရှိနေပါသေးတယ်။

သူတို့ လုပ်ပုံကိုင်ပုံကိုလည်း အောင်မြေကျေးရွာကဒေသခံတဦးက လိုတိုရှင်း ရှင်းပြပါတယ်။ 

“ အရင်က အဲဒီတောင်အပေါ်ကနေ တာဝါတိုင်က ဓါတ်ကြိုးတွေကိုထိဖို့ဆို ၁၅ ပေလောက်ပဲ ရှိမယ်။ 
အခု သူတို့ ဖဲ့ချထားတာပေ ၁၀၀ ကျော်ဖြစ်တဲ့အထိ သူတို့ တူးပစ်လိုက်ကြတာ မြင်တဲ့အတိုင်းပဲ။  အဲဒီ တောင်ကြီး မြေညီသွားရင် အိမ်ယာကွက်တွေ လုပ်မယ်။
  လျှပ်စစ်မီးကိုလည်း လျှောက်မယ်။  ရွာက သုံးပုံပုံရင် တပုံစာ တာဝန်ယူ၊ ကျန်တဲ့ နှစ်ပုံ ငါတို့တာဝန်ယူမယ်ဆိုပြီး ရွာသားတွေနဲ့ လာညှိဖူးတယ်။
 ဘာလုပ်မယ်တော့ သေသေချာချာ မပြောဘူး”


 


တောင်ဖြိုတဲ့အတွက် ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့ အဆင်ပြေသွားတယ်လို့ ဆိုချင် ဆိုနိုင်ပါတယ်။
သို့သော်လည်း သဘာဝပတ်ဝန်းကျင် အပြောင်းအလဲ ဘယ်လောက်အထိ ကြီးမားသလဲ ဆိုတာကိုတော့ ထည့်တွက်ချင်မှ တွက်ပါလိမ့်မယ်။

 ပြည်မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကတော့ သူ့ရဲ့ စီမံမှုဒေသအတွင်း  တောင်ဖြိုမြေယူမှုတွေကို  ဟန့်တားသွားမယ် လို့ ဆက်ပြောပါတယ်။

            “အောင်မြေဘက်မှာ တောင်ဖြိုနေတယ်ဆိုတာ ကျနော် မသိသေးပါဘူး။
 အဲဒီ ဒေသက အုပ်ချုပ်ရေးမှူးတွေကလည်း ဒါကို လုပ်လို့ ရလုပ်တယ်လို့ ထင်ပြီး ကျနော့်ကို သတင်းမပို့တာလည်း ဖြစ်နိုင်တယ်။
 ကျနော်သွားပြီး အမြန်ဆုံး တားမြစ်မှာပါ”

လုပ်ငန်းရှင်တွေက ရှေ့ဆက်တိုးရင် ဘယ်လိုလုပ်မလဲ??

 “တားမြစ်နေတဲ့ ကြားက ဆက်လုပ်နေရင်တော့ ၂၀၁၂ လယ်ယာမြေဥပဒေအရ အရေးယူသွားမယ်” လို့    အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောပါတယ်။

 ကောင်းမြတ်မင်း

 




ကျိုက်မရော ကျောက်မိုင်းများ ရပ်ဆိုင်းဖို့ ဒေသခံတချို့ပြောပြီ
http://blog.irrawaddy.org/2014/09/blog-post_75.html


.

ကျွဲအကောင် ၅ဝ ကြောင့် ဒေးဒရဲ လူ့အခွင့်အရေးသမားထောင်ထဲရောက်

Thursday, September 4, 2014 0 comments


 ~



ဒေးဒရဲမှာ ကျွဲအကောင် ၅ဝ ကြောင့် ဒီရေတော ပျက်သွားတယ်၊ ဒါကြောင့် ဒေသခံ တယောက် ထောင်ထဲ ရောက်ပါတယ်။




"ကျနော်တို့ မအဖို့တော့ လိုပြီ"

Thursday, August 28, 2014 0 comments


 ~




မန္တလေးမြို့ ဈေးချိုဟိုတယ် မင်္ဂလာခန်းမမှာ ဇူလိုင် ၂၆ ရက် မနက်က ဧရာဝတီအန္တရာယ်ကို ပညာရှင်များ ရှု့ထောင့်မှ သုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတခု ကျင်းပခဲ့ရာမှာ နောက်ဆုံးပိတ် အလှည့်ကျ အစီအစဉ်အဖြစ် မြန်မာ့စာပေဆုများရှင် စာရေးဆရာ နေ၀င်းမြင့် တက်ရောက်ဟောပြောခဲ့ပါတယ်။

ပြည်မြို့ဆန္ဒပြသူများ CPI ခေါင်းတလားထမ်းခြင်းကို ရဲတပ်ဖွဲ့ လက်မခံနိုင်

Sunday, August 17, 2014 0 comments

 ~


ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကန့်ကွက်သူ အများအပြားရဲ့  ပြည်မြို့ လမ်းလျှောက်ဆန္ဒပြမှုမှာ CPI အမည်ပါတဲ့ ခေါင်းတလားပုံစံတူတခုလည်း ပါဝင်ပါတယ်။
  


ပင်လယ်သေမှာ ရေနစ်မသေဘူး

Saturday, August 16, 2014 0 comments

Dead Sea ဆိုတာ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးပြီး ထူးခြားတာက ဒီပင်လယ် ထဲက ရေရဲ့ ထူးခြားချက်ကြောင့် လူတွေဟာ ရေနစ်လို့ မသေနိုင်ပါဘူး။ 

 Dead Sea ပင်လယ်မှာ ရေပေါ်မှာ စာဖတ်နေသူတဦး၊ ဓာတ်ပုံ- twistedsifter.com

ပင်လယ်ရဲ့ နာမည်ဟာ အာရပ်ဘာသာစကားအရ The Sea of Death လို့ ဆိုပေမယ့် ဆားဓာတ်ပါဝင်မှု အလွန်များတဲ့ ပင်လယ် ကြီး ဖြစ်ပါတယ်။ 

အရှေ့ဘက်မှာ ဂျော်ဒန်နိုင်ငံ တည်ရှိပြီး အနောက်ဘက်မှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတို့ ရှိပါတယ်။ Dead Sea ရဲ့ ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၁၄ဝဝ လောက်နိမ့်ပါတယ်။ ပြောရရင် ကမ္ဘာ့ အနိမ့်ဆုံးနေရာတခုပါဘဲ။ 

Dead Sea ရဲ့ ရေအနက်ဟာ ပေ ၁ဝဝဝ ကျော် ရှိပြီး ပင်လယ်လို့နာမည်ခေါ်ပေမယ့် ကန် အမျိုးအစား သာ ဖြစ်ပါတယ်။ 

ထူးခြားတာက ဆားပါဝင်မှုက အလွန်များပြီး ရေတလီတာမှာ ဆားက ၁.၂၅ ကီလိုဂရမ်လောက် ပါဝင်တာ မို့ ဒီ သတ္တိကြောင့် လူတွေ၊ တိရိစ္ဆာန်တွေဟာ ရေထဲမှာ ပေါလောပေါ်စေပါတယ်။ Dead Sea မှာ ဆား ဓာတ် ပါဝင်မှုက ပုံမှန် ပင်လယ်ထဲက ဆား ဓာတ်ပါဝင်မှုထက် ၉ ဆနီးပါး ပိုပါတယ်။ 

ဆားဓာတ်များမှုက ခန္ဓာကိုယ်ကို တွန်းကန်ထားတဲ့အတွက် ရေနစ်သွားစရာ အကြောင်း မရှိပါဘူး။ ဒီအချက်ကပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတာဖြစ်ပါတယ်။ 

အရှည် ၆၇ ကီလိုမီတာရှိပြီး အကျယ်အားဖြင့် ၁၈ ကီလိုမီတာ ရှိပါတယ်။ စိန်ပွင့်သဏ္ဍန် ဆားပွင့်တွေက လည်း အလွန်လှပါတယ်။

ဒါပေမယ့် Dead Sea ဟာ တနှစ်ထက်တနှစ် တိမ်ကောလာတဲ့ ဘေးအန္တရာယ်လည်း ရှိနေပါပြီတဲ့။ တနှစ်ကို ၃ ပေ လောက် နှုန်းနဲ့ နှစ်စဉ် ပင်လယ်ရဲ့ အကျယ်အဝန်းဟာ ကျုံ့လာနေပါတယ်။ 

ဒီအကြောင်းအပြည့်အစုံကို ရှင်းပြထားတဲ့ ဗွီဒီယိုကို ကြည့်လိုက်ရင် ပိုပြီး ဗဟုသုတ ရစေမှာဖြစ်ပါတယ်။

  


အိမ့်သံစဉ် ~ 












လက်ပံတောင်းလေထုရဲ့ အနံ့အသက်

Thursday, June 26, 2014 1 comments

 ~



လက်ပံတောင်းဒေသ ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေမှာရှိတဲ့  အက်ဆစ်စက်ရုံဟာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါဘဲ ဆောက်ထားတာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

ပုဂံဒေသ ပလပ်စတစ်ကင်းစင်ရေးနဲ့ အလှမယ် ၂ဝ

Wednesday, June 25, 2014 0 comments

 ~





တနင်္ဂနွေနေ့မှာ ပုဂံညောင်ဦးဒေသကို သွားရောက်ခဲ့တဲ့  Myanmar Miss Universe 2014 ပြိုင်ပွဲဝင် အလှမယ် အယောက် ၂ဝ က သူတို့ရဲ့ လူမှုရေး လှုပ်ရှားမှု ခရီးစဉ် တတိယနေ့မှာ ရှေးဟောင်းစေတီတွေပြည့်နေတဲ့ ဒီဒေသတွင်း ပလပ်စတစ် ကင်းစင်ရေး လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြိုင်ပွဲစီစဉ်သူတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူတို့ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို ပုံမှန်တင်နေရာမှာ အမှိုက်ရှင်းနေတဲ့ပုံတွေ ဒီနေ့ တက်လာတာပါ။ အထင်ကရ စေတီပုထိုးတွေဖြစ်တဲ့ အာနန္ဒာ၊ သဗ္ဗညုတို့အကြားမှာ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြတာပါ တဲ့။
 

  •  Miss Universe Myanmar ပြိုင်ပွဲဝင်သူများနဲ့ ပုဂံဒေသ ကလေးငယ်များ
http://blog.irrawaddy.org/2014/06/miss-universe-myanmar.html
http://blog.irrawaddy.org/2014/06/blog-post_4698.html
သဘာဝပတ်ဝန်းကျင်ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ ပလပ်စတစ်တွေဟာ အလိုအလျောက် ပျက်စီးဖို့ အင်မတန် ခက်ခဲပါတယ်။ မီးရှို့ရှင်းလင်းရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါလိမ့်မယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထူးသဖြင့် ပလပ်စတစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တခါသုံးပလပ်စတစ်ဆိုင်းဘုတ်တွေသုံးခြင်း အတတ်နိုင်ဆုံး ရှောင်ရှားဖို့တော့ အချိန် ယူရဦးမယ် ထင်ပါတယ်။

 

 



 



.

ရန်ကုန်မြို့မှာ အမှိုက်ကောက်ခြင်း

Sunday, June 8, 2014 0 comments

 ~


ရန်ကုန်မြို့လယ်နေရာတချို့မှာ လူငယ်များရဲ့ စုပေါင်းအမှိုက်ကောက်ပွဲကို တနင်္ဂနွေနေ့ နံနက်ပိုင်းက တွေ့ရပါတယ်။


  • ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

ဒီမြင်ကွင်းတွေကို ဧရာဝတီ ဖေ့စ်ဘုတ်  https://www.facebook.com/IrrawaddyBurmese မှာ ဖော်ပြတဲ့အခါ စာဖတ်သူအများအပြားက လေးစားကြောင်း သာဓုခေါ်ကြောင်း မှတ်ချက်ပေးကြပါတယ်။

အမှိုက်ပုံး လုံလောက်မှု မရှိတဲ့ ကမ္ဘာ့မြို့ကြီးတွေထဲမှာ ရန်ကုန်မြို့လည်း ပါဝင်ပါတယ်။
အမှိုက်ကြီးငယ်ကို ပစ်ချင်သလို ပစ်လိုက်ဖို့ ဝန်မလေးသူများကို ရန်ကုန်မှာ အများအပြား တွေ့ရမှာဖြစ်ပါတယ်။

လာမယ့်မျိုးဆက်က အမှိုက်ကို စည်းကမ်းတကျ ပစ်နိုင်ရေးအတွက် အခြေအနေများ ဖန်တီးရေး ဆိုတာ စာသင်ခန်း၊ နိုင်ငံရဲ့ ပညာရေးမူဝါဒ၊ မိသားစုအတွင်း သွန်သင်မှု စတဲ့ စတဲ့ အချက်တွေအပေါ် မူတည်ပါလိမ့်မယ်။

  • ဆက်စပ် -
လူမှုရေးအသင်းများ တောင်သမန်အင်းမှာ အမှိုက်ကောက်  
   











.

သစ်ပင်စိုက်လို့ တရားစွဲတယ်

Thursday, June 5, 2014 1 comments

 ~



မြန်မာနိုင်ငံမှာ တရားမဝင် သစ်ပင်ခုတ်ရင် ထောင်ကျနိုင်တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ 
လက်ရှိအခြေအနေမှာတော့ တရားမဝင် သစ်ပင်စိုက်ရင် တရားစွဲခံရနိုင်တဲ့ အခြေအနေတွေ ရှိလာပါပြီ။


 သစ်ပင်စိုက်တာ ခွင့်ပြုချက်မယူလို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများ
သစ်ပင်စိုက်တာ ခွင့်ပြုချက်မယူလို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူများ 


ဒေးဒရဲမြို့မှာ အဓိကရုဏ်းတွေဖြစ်လာနိုင်မလား

Friday, May 30, 2014 0 comments

 ~
 

  .

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှာ ဒီရေကာတောစိုက်ပျိုးသူတွေနဲ့ လယ်သမားတွေကြား အဓိကရုဏ်းတွေ ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်း ရွာပေါင်း ၂၀ ကျော်က ဒေသခံ အများအပြားဟာ ဒီရေကာတောသစ်ပင်တွေကို ကိုယ်ထူကိုယ်ထ စိုက်ပျိုးခဲ့ကြပါတယ်။ 

လက်ရှိအချိန်အထိ ဒီရေကာတောစားကျက်မြေဧက ၁,၁၀၀ ကျော်မှာ အပင်ပေါင်း တသိန်းနီးပါး စိုက်ပျိုးပြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။


ကျွန်းပင်ကျေးရွာမှာ ဒီရေကာတော စိုက်ပျိုးနေပုံ

တဖက်မှာလည်း ဒီစားကျက်မြေတွေမှာ  ယာယီလယ်လုပ်ဖို့ ခွင့်ပြုပေးထားတာကြောင့် လယ်သမားတွေ  ၀င်ပြီးလယ်ထွန်မှာပါ။

ဒါကြောင့် မကြာခင် ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတယောက်ဖြစ်တဲ့ ကိုမောင်ဦးကပြောပါတယ်။

“ကျနော်တို့ဒေသဟာနာဂစ်မုန်တိုင်းနောက်ပိုင်း ပင်လယ်ရေတိုက်စားမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံလာရတယ်။
ဒီရေကာတောတွေကိုခုတ်ထွင်ရှင်းလင်းပြီးလယ်စိုက်ခဲ့ကြတော့ အပင်တွေမရှိတော့ ပင်လယ်ကတိုက်စားတာပေါ့။
ဒါကြောင့် ကျနော်တို့ကဒီရေကာတောတွေ ပြန်လည်စိုက်ပျိုးဖို့ လိုအပ်တဲ့အတွက် စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ လု ၁,၀၀၀ ကျော် လက်မှတ်ရေးထိုးတောင်းဆိုခဲ့တယ်။
အစိုးရကအဲဒါကိုခွင့်မပြုဘဲ စားကျက်မြေထဲမှာ လယ်လုပ်ခွင့်ပြုလိုက်တယ်။ အဲတော့ ကျနော်တို့ စိုက်ထားတဲ့အပင်တွေကို လယ်သမားက လယ်ထွန်ပစ်ရင်တော့ ပြဿနာ အကြီးကြီးတက်မှာပဲ”

တိုင်းအတွင်းမှာ ၁၉၉၇ ခုနှစ်က လယ်ယာမြေဧက တသန်း ဖော်ထုတ်ရေးစီမံချက်လုပ်တဲ့အခါ ဒေးဒရဲမြို့နယ်က ဒီရေကာတောစားကျက်မြေတွေကို  လယ်ယာမြေလုပ်ခွင့်ပေးခဲ့ပါတယ်။
အဲတော့ လယ်သမားတွေကလည်းဒီရေကာတောတွေ ခုတ်ထွင်ရှင်းလင်းပြီး လယ်စိုက်ခဲ့ကြတာပါ။

ဒေးဒရဲမြို့နယ်ေ်ထွအုပ အပါအ၀င် ဌာနဆိုင်ရာတချို့တောင် စားကျက်မြေထဲက လယ်တွေကိုဌာနဆိုင်ရာအမည်ပေါက် လုပ်ထားပြီး
ဝန်ထမ်းသက်သာ ခေါင်းစဉ်နဲ့ လယ်သမားတွေကို ၁ ဧက ၅ တင်းနှုန်း သီးစားချခဲ့တာတွေရှိကြောင်း သိရပါတယ်။

 ဒေးဒရဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ဧရာဝတီကို ပြောပါတယ်။  “သီးစားချတာတွေ ဟိုတုန်းကရှိခဲ့ပါတယ်။ အခုတော့ အဲဒါတွေ မရှိတော့ပါဘူး”လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

လယ်သမားတွေမှာ ၁၇ နှစ်တိုင်တိုင် စိုက်လာခဲ့တဲ့သူတွေရှိတော့ လက်ငုပ်မြဲနေတယ်။
ဒါကြောင့် စားကျက်မြေပယ်ဖျက်ဖို့အတွက် အဆင့်ဆင့် တင်ပြသွားမယ်။ လက်ရှိမှာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေနဲ့ ယာယီစိုက်ပျိုးခွင့်လက်မှတ် ထုတ်ပေးဖို့ ဆုံးဖြတ်ထားတယ်”

ဒါ့အပြင် ဒေသတွင်း လယ်စိုက်တဲ့နေရာနဲ့ လွတ်ကင်းတဲ့မြေလွတ်တွေမှာ ဒီရေကာတောဧက ၃၀၀ စိုက်ပျိုးဖို့ စီမံချက်တွေ ရေးဆွဲနေပြီး အစိုးရအစီအစဉ်နဲ့ မကြာခင် စတင်စိုက်ပျိုးသွားမယ်လို့ ဦးနိုင်ဝင်းက ပြောပါတယ်။

ဒေသခံအများအပြားကတော့  ဒီရေကာတော စားကျက်မြေထဲမှာ အပင်တွေစိုက်ရေး အားသန်ပါတယ်။ ဒါမှ ပင်လယ်ရေတိုက်စားမှုကို ခုခံကာကွယ်နိုင်မှာလို့ ဆိုနေကြတာပါ။

ဒီရေတောကိစ္စနဲ့ ပတ်သက်ပြီး အစိုးရမှာ အစီအစဉ်တချို့ ရှိပေမယ့် အဲဒါက အလုပ်ဖြစ်မယ် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီအကြောင်း တော်ကနိ - ညောင်လိန်ကုန်းကျေးရွာ ရပ်မိရပ်ဖတဦးရဲ့ အသံကို နားထောင်ပါအုံး။

“ဟိုတလောက မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ ဆင်းလာပြီး ချောင်းသစ်ပေါက်ကျေးရွာနားကသောင်ပြင်ပေါ်မှာ အလံတိုင်တွေ စိုက်သွားတယ်။
ဒီရေကာတောစိုက်မယ့်နေရာ သတ်မှတ်ခဲ့တာပေါ့။
ပင်လယ်နား ကပ်နေတဲ့ သဲသောင်ပြင်ပေါ်စိုက်လို့ ဘယ်လိုလုပ် အပင်ပေါက်ပါ့မလဲ။ ပြီးတော့ သူတို့ အခုစိုက်မယ့်နေရာဟာမကြာခင် သဲဖုံးတော့မယ့်နေရာတွေ။ ဘယ်လိုမှ အောင်မြင်မှာမဟုတ်ဘူး”

 တော်ကနိညောင်လိန်ကုန်းကျေးရွာအနီးက ကျုံကနပ်စားကျက်မြေမှာ ဒီရေကာတောစိုက်ပျိုးကြသူများ

စားကျက်မြေထဲလယ်စိုက်နေတဲ့ လယ်သမားတွေကတော့ မိုးရာသီရောက်ပြီဖြစ်လို့ ထွန်ဖို့ယက်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ အစိုးရကလည်းခွင့်ပြုထားပြီ ဆိုတော့ မကြာခင် စိုက်ပျိုးမှု စတင်ပါတော့မယ်။

တခြား တဘက်မှာလည်း ဒေသခံတချို့က မုန်တိုင်းဘေး၊ ဆူနာမီရေလှိုင်းဘေး၊ ပင်လယ်ရေတိုက်စားမှုဘေးကို ကြောက်ကြလို့ အပင်ပန်းခံပြီး စိုက်ပျိုးထားတဲ့ ဒီရေကာတောအပင်တွေကို လယ်သမားတွေက ထွန်ယက်ဖျက်ဆီးပစ်ရင်တော့ တုတ်တပြက်၊ ဓားတပြက် အခြေအနေတွေ ဖြစ်သွားမလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။

ယခင် အဓိကရုဏ်းများ

ဧရာဝတီတိုင်းမှာကလည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလက ကျုံပျော် ရှားခဲအင်း အဓိကရုဏ်းဖြစ်ခဲ့ပြီး ၂၀၁၃ ဖေဖော်ဝါရီလမှာ မအူပင်မလက်တိုအဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

အဓိကရုဏ်း ၂ ခုစလုံးတိုင်းသိပြည်သိ ဖြစ်ခဲ့တာပါ။

ရှားခဲအင်းကိစ္စမှာလူ ၃ ဦး သေဆုံးခဲ့သလို မလက်တိုကိစ္စမှာ ရဲတပ်သား ၁ ဦးသေပြီး  ၄၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရှားခဲအင်းကိစ္စဆိုရင် ဒေသခံရေလုပ်သားတွေနဲ့ ၀ိုင်းဝိုင်းလည် သမအသင်းတို့ရဲ့ အားပြိုင်မှုမှာ ဧရာဝတီတိုင်းအစိုးရက ၀ိုင်းဝိုင်းလည်အသင်းကို ရှားခဲအင်းလုပ်ပိုင်ခွင့် ချထားပေးရာက စတင်ခဲ့တဲ့ ပဋိပက္ခ ဖြစ်ပါတယ်။

အခုလည်း ဒေးဒရဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရင်တမမနဲ့ ဆက်လက်စောင့်ကြည့်ရမယ့် အခြေအနေပါပဲ။

ဒေးဒရဲ ဒီရေကာတော စိုက်တဲ့ ကျေးရွာများထဲမှာ  တော်ကနိ - ညောင်လိန်ကုန်း၊ ချောင်းသစ်ပေါက်၊ သြဥလမ်း၊ ကျောင်းဆိပ်၊ အလယ်ကုန်းစတဲ့ကျေးရွာတွေ ပါဝင်နေကြောင်း တင်ပြလိုက်ရပါတယ်။

ဆလိုင်းသန့်စင်

 



.

မြေရှိမှရှင်သန်နိုင်မယ်ဆိုတဲ့ လက်ပံတောင်းတောင် ဒေသခံများ

Monday, May 26, 2014 0 comments

 ~



လက်ပံတောင်းတောင် စီမံကိန်းကြောင့် မြေတွေ သိမ်းဆည်းထားတာကို ၃ နှစ်ကျော်အထိ တိုက်ပွဲဝင်နေကြတဲ့ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ဒေသခံတွေက ... သူတို့ရဲ့ဘ၀ ရှင်သန်မှုက မြေရှိမှဖြစ်မှာ လို့ ပြောပါတယ်။



ရွှေဂက်စ် စက်ရုံစွန့်ပစ်ပစ္စည်းကြောင့် ပင်လယ်သတ္တ၀ါများ သေဆုံး

Saturday, May 17, 2014 0 comments

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက တည်ဆောက် နေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ပတ်ဝန်းကျင် 
ရေထု၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတဲ့ အပြင် ရေနေ သတ္တ၀ါ အများ အပြားဟာလည်း စဉ်ဆက် မပြတ် သေဆုံးနေရပါတယ်။ 



ဒီရေကာတောတွေ ဒေးဒရဲ ပြန်လာမယ်

Friday, May 16, 2014 0 comments

 ~





(သတင်းနဲ့ ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးတွင် ပင်လယ်ဒီရေကာတောများ ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေကြသည်။

ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်အုပ်စုအတွင်းရှိ ကျုံကနပ်စားကျက်မြေ အတွင်း၌ တနင်္လာနေ့မှ စတင်ကာ ဒီရေကာတောအတွက် အပင်ပေါင်းသုံးသောင်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း၊  ဒီရေကာတောစိုက်ပျိုးပွဲ ဦးဆောင်ကျင်းပသူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦးက  ပြောသည်။

အပင် ခြောက်သောင်းအထိ စိုက်ပျိုးသွားရန်စီစဉ်ထားသည်ဟု ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

“ဒီဒေသမှာ ဒီရေကာတောက မဖြစ်မနေ လိုအပ်တဲ့အတွက် အခုလို စီစဉ်တာ ဖြစ်ပါတယ်။
 ဒီဒေသမှာ ဆိုင်ကလုန်း shelter အရေအတွက်လည်း နည်းတယ်။ ရှိတဲ့လူအင်အားနဲ့ ဘယ်လိုမှ မလောက်ငှဘူး။ အဲတော့ မုန်တိုင်းတို့ ဆူနာမီရေလှိုင်းတို့လိုမျိုး သဘာဝဘေးဒဏ်တွေကာကွယ်ဖို့က ဒီရေကာတောပဲ ရှိတယ်”

ဒေသခံတို့၏ ပူးပေါင်းဆောင်ရွက်မှုလည်း ရရှိထားသည်ဟု သူက ပြောသည်။

“ဒေသခံတွေကလည်း ဒီရေကာတောရှိမှ သူတို့ရေရှည် အသက်ရှင်ရပ်တည်လို့ရမယ် ဆိုတာကို သဘောပေါက်နေကြတော့ အားရ၀မ်းသာ ပါဝင် စိုက်ပျိုးကြတယ်”

 တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်သော ဒီရေကာတောစိုက်ပျိုးပွဲကို  တော်ကနိ-ညောင်လိန်ကုန်း၊ ချောင်းသစ်ပေါက်၊ မရမ်း၊ တော်ပေါင်စိန်၊ တော်ပိ၊ သြဥလမ်းစသည့်  ရွာပေါင်း ၂၀ ကျော်မှ ဒေသခံပေါင်း ၃၀၀ ကျော် ပါဝင်  ခဲ့ကြကြောင်း သိရသည်။

  • ကိုလိုနီအစိုးရက စိုက်တယ်၊ ဗိုလ်ချုပ်ကြီးတွေက ရှင်းထုတ်တယ် ~
ယင်းဒေသတွင် အင်္ဂလိပ်အစိုးရလက်ထက်က ၀ိတိုရိယဘုရင်မကြီးအမည်ဖြင့်  ကျောက်တိုင်စိုက်ထူပြီး စိုက်ပျိုးခဲ့သော ဒီရေကာတောစားကျက်မြေ   ဧက နှစ်ထောင်ကျော်က သဘာဝဘေးဒဏ်ကို ခုခံ ကာကွယ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါစားကျက်မြေများကို ၁၉၉၆ ခုနှစ်တွင် ယခင်အစိုးရ ကျေးရွာအေးချမ်းဖြိုးကောင်စီဥက္ကဋ္ဌ ဦးမြတ်စိုးက ၁ ဧက ၄၅၀၀ ကျပ်နှုန်းဖြင့် ရောင်းစားခဲ့ရာ ဒေသခံနှင့် စီးပွားရေးသမားတချို့က ၀ယ်ယူပြီး  ခုတ်ထွင်ရှင်းလင်းကာ လယ်အဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြကြောင်း၊ 
ဒီရေကာတောများ ပြုန်းတီးခဲ့ခြင်းကြောင့်  နာဂစ်မုန်တိုင်း ကျချိန်တွင်   သေကြေပျက်စီးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း တော်ကနိ - ညောင်လိန်ကုန်းကျေးရွာမှ ကိုမြင့်လွင်က ပြောသည်။


  • ဒေသခံတွေ ကာကွယ်ရေး လုပ်ဆောင်ပြီ  ~

လယ်ယာမြေဖြစ်ကုန်သည့် နေရာများကို   မူလအတိုင်း ဒီရေကာတောစားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ဒေသခံတို့က စုပေါင်းတောင်းဆိုခဲ့ရာ   ၀န်ကြီးချုပ် ဦးသိန်းအောင်က နှုတ်မိန့်ဖြင့် ခွင့်ပြုပေးခဲ့ပြီး ဒီရေကာတောစိုက်ပျိုးကြရန် တိုက်တွန်းအားပေးခဲ့ကြောင်း ဒေသခံဒေါ်စိုးစိုးက ပြောသည်။

“ကျမတို့ ၀န်ကြီးချုပ်နဲ့ သွားတွေ့တုန်းက ဒီရေကာတောတွေကို အဘတို့လည်းစိုက်မယ်။ သမီးတို့လည်း စိုက်ကြပါဆိုပြီး အားပေးခဲ့တယ်။
ဝန်ကြီးချုပ်ကြီးက အဲ့ဒီလိုတိုက်တွန်းအားပေးခဲ့တော့ ကျမတို့ဒေသခံတွေက အရမ်းဝမ်းသာသလို ကျေးဇူးလည်းတင်ကြတယ်”

နာဂစ်ကြောင့် ဒီရေကာတော ရှိသင့်ကြောင်း သဘောပေါက်ခဲ့ပြီဟု  သူက ဆက်ပြောသည်။

“အခုလည်း ကျမတို့နားတ၀ိုက်မှာရှိတဲ့ ဒီရေကာတောအပင်တွေကို ရသလောက်နှုတ်ပြီး စားကျက်မြေထဲမှာ ပြန်လည် စိုက်ပျိုးကြတာ။ နာဂစ်မုန်တိုင်းပြီးတဲ့နောက်ပိုင်း ဒီရေကာတောတန်ဖိုးကို ကျမတို့နားလည် သွားပြီ”

 ကျေးရွာပေါင်း ၄၀ ကျော်၊  လူပေါင်း ၄ သောင်းကျော် ရှိသည့် ဤပင်လယ်ကမ်းစပ်ဒေသတွင်  နာဂစ်မုန်တိုင်းကာလက  လူပေါင်းသောင်းနှင့်ချီ၍ သေကြေပျောက်ဆုံးခဲ့သည်။

 ဒီရေကာတောများ ပျက်စီးပြုန်းတီးမှုကြောင့်  တော်ပေါင်စိန်၊ ချောင်းသစ်ပေါက်၊ ရေတွင်းကုန်း၊ သံဒိပ်၊ တော်ကရင်၊ လေးရွာစသည့် ကျေးရွာများတွင် ပင်လယ်ရေတိုက်စားမှုများ ဆိုးဝါးစွာဖြစ်ပေါ်နေသည်။

 



.

မြစ်ဆုံဆည်စီမံကိန်းဖျက်ဖို့ ဧရာဝတီမြစ်ထဲ လက်ပစ်ကူးဆန္ဒပြ

Monday, May 5, 2014 0 comments

~





မြန်မာပြည်မှာ ထူးခြားဖြစ်ရပ်တွေ မကြာခဏ ပေါ်ပေါက်နေတဲ့အတွက်   ဧရာဝတီမြစ်ဆုံဒေသ ရေအားလျှပ်စစ်စီမံကိန်းကြီးကို မေ့လျော့နေကြသူတွေ အများအပြား ရှိပါလိမ့်မယ်။


   -
 
မြန်မာပြည်ကို ကောင်းကောင်း ဒုက္ခပေးမယ့် ဒီစီမံကိန်းကြီးကို ပြည်မြို့ဒေသခံအများအပြား မမေ့မလျော့ ရှိနေကြပုံအကြောင်း သတင်းထောက် ကောင်းမြတ်မင်းရဲ့ သတင်းပေးပို့ချက်နဲ့ ဓာတ်ပုံတွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။



        ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေး ဆန္ဒပြတဲ့အနေနဲ့  ပြည်မြို့ဒေသခံ (၁၄) ဦးက ကြာသပတေးနေ့ညနေပိုင်းမှာ ဧရာဝတီမြစ်ကို လက်ပစ်ကူးကြပါတယ်။

  ရွှေဘုံသာဘုရား သဲသောင်ပြင်အစပ်အထိ မြစ်ကိုဖြတ်ပြီးလက်ပစ်ကူး ဆန္ဒပြကြတာပါ။

        ဆန္ဒဖေါ်ထုတ်ရာမှာ ဦးဆောင်သူ ကိုကျော်ဆွေက သူတို့ရဲ့ လှုပ်ရှားမှုအကြောင်း  ဧရာဝတီသတင်းဌာနကို ရှင်းပြပါတယ်။

        “ကျနော်တို့ရဲ့ မြတ်မိခင်ဧရာဝတီကို လူတစုလုပ်ရပ်ကြောင့် အဖျက်အဆီးမခံနိုင်ပါဘူး။
အခုလို မြစ်ကိုဖြတ်ကူးတယ်ဆိုတာ အန္တရာယ်များမှန်း သိပါတယ်။
ကျနော်ဆိုရင် ခြေထောက်တဖက် မသန်ပါဘူး။
ဒါပေမဲ့ ကျနော်တို့က ဒီစီမံကိန်းကို နည်းလမ်းမျိုးစုံသုံးပြီးတော့ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖေါ်သွားမှာပါ။
ဧရာဝတီမြစ်ကြီး ပျက်ဆီးအောင်လုပ်တဲ့လူတွေဟာ ကိုယ့်အမေကို ကိုယ်ပြန်သတ်တဲ့လူတွေပါပဲ။
ကျနော်တို့ မိခင်ကို ကျနော်တို့ လိုအပ်ရင် အသက်ပေးကာကွယ်သွားမှာပါ”

        ဧရာဝတီမြစ်ကို လက်ပစ်ကူးပြီး ဆန္ဒထုတ်ဖေါ်တဲ့နေရာကို ရာနဲ့ချီတဲ့ ပြည်မြို့ခံလူထုက လာရောက် အားပေးခဲ့သလို၊ အခုလို ဆန္ဒထုတ်ဖေါ်မှုအတွက် ခွင့်ပြုချက် တောင်းခံထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

ဧရာဝတီမြစ်ကို ဖြတ်ကူးသူထဲက (၄) ဦးကတော့ အသွားအပြန်ကူးခတ်ပါတယ်။

လာမဲ့ ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲ) ညမှာလည်း ဧရာဝတီမြစ်သဲသောင်ပြင်ပေါ်မှာ ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ မြစ်ဆုံဆည်စီမံကိန်းကို ထပ်မံ ကန့်ကွက်သွားမဲ့ အစီအစဉ်များလည်းရှိနေသေးကြောင်း သိရပါတယ်ခင်ဗျာ။

ဆက်စပ်

http://burma.irrawaddy.org/%E1%81%80_dam/2013/06/26/42987.html

http://burma.irrawaddy.org/%E1%81%80_dam/2013/05/20/40152.html

 











.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved