အဲအေးရှားလေယာဉ်နောက်တစီး ဖိလစ်ပိုင်မှာ ပြေးလမ်းချော်

Tuesday, December 30, 2014 0 comments

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာ အဲအေးရှား ဇက်စ်တ် လေယာဉ်တစီးဟာ ဖိလစ်ပိုင်းနိုင်ငံ အလယ်ပိုင်း ကာလီဘို နိုင်ငံတကာ လေဆိပ်မှာ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ 

 ဖိလစ်ပိုင်းမှာ ပြေးလမ်းချောတဲ့ အဲအေးရှားလေယာဉ်၊ ဓာတ်ပုံ-nydailynews.com

ခရီးသည် ၁၅၉ ဦး လေယာဉ်ပေါ်တင်ပြီး ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကနေ ပျံသန်းလာတဲ့ အဲအေးရှား ဇက်စ်တ် အဲ ဘတ်စ် A 300-200 လေယာဉ် တစီးဟာ ဖိလစ်ပိုင်း အလယ်ပိုင်း ကာလီဘို လေဆိပ်မှာ ဆင်းသက်ချိန် လေတိုက်နှုန်း မြင့်နေတဲ့ ရာသီ ဖြစ်လို့ ပြေးလမ်းချော်ခဲ့ရာတာပါ။ 

အဲဒီလို မတော်တဆ ပြေးလမ်းချော်ခဲ့ပေမယ့် ခရီးသည်တွေရော လေယာဉ်အမှုထမ်းတွေပါ ထိခိုက်ဒဏ်ရာ ရမှု မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

 လေယာဉ်အမှုထမ်းတွေကလည်း လေယာဉ်အရေးပေါ် တံခါးတွေကနေ ခရီးသည်ျွှေကို အရေးပေါ် ဆင်းဖို့ စီစဉ်ပေးခဲ့တယ် လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ 

 လေယာဉ်ဘီးတွေကလည်း ရွှံ့နွံတွေထဲ နစ်နေလို့ အတော်ပဲ ကြိုးစားလုပ်ဆောင်ခဲ့ရတယ်လို့ ဖိလစ်ပိုင် 
နိုင်ငံ လေကြောင်း ထိန်းသိမ်းရေး ဌာန ပြောခွင့်ရ အိရစ်ခ် အပိုလိုနီယိုက ဖုန်းနဲ့ ဖြေဆိုတယ်လို့ သိရပါ တယ်။ 

သူ့အဆိုအရ လေယာဉ်အ၀င်အထွက်များတဲ့ လေဆိပ်မှာ ခဏတော့ ပိတ်ရနိုင်တယ်လို့ ပြောဆို ထားပြီး 
လေယာဉ်ပြေး လမ်းချော်သွားတဲ့အတွက် ပြေးလမ်းဝန်းကျင် အနည်းငယ် အပျက်အစီးရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက်စောစောက အဲအေးရှားလေကြောင်း လိုင်း အင်ဒိုနီးရှား ဌာနခွဲက လူ ၁၆၂ ဦးပါ ဂျက်လေ ယာဉ်တစီး ပျက်ကျသွားခဲ့ပြီး အဲအေးရှား ဖိလစ်ပိုင်ရဲ့ လက်ခွဲတခုဖြစ်တဲ့ အဲအေးရှားဇက် စ်တ် လေယာဉ်အခုလို ပြေးလမ်း ချော်ခဲ့တာလည်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 








တရုတ်နိုင်ငံက ထူးခြားတဲ့ စီးပွားရေးလုပ်ငန်း

0 comments

အင်တာနက်စာမျက်နှာဖွင့်ပြီး မွေးကင်းစ ကလေးငယ်ရှိတဲ့ ငယ်ရွယ်တဲ့ မိခင်အမျိုးသမီးတွေကို ငှားရမ်း
ခေါ်ယူကာ လူကြီး တွေကို အခကြေးငွေယူပြီး နို့တိုက်တဲ့ စီးပွားရေးမျိုး တရုတ်နိုင်ငံမှာ ရှိပါတယ်။ ကလေး မိခင်တွေဟာ ကိုယ့် သားသမီး သောက်စို့ရမယ့် နို့ရည်ကို ရောင်းစားတဲ့ စီးပွားရေးမျိုးပါ။ 

 ဓာတ်ပုံ- South China Morning Post

တရုတ်နိုင်ငံ မြို့တော် ပီကင်းက ပြည်သူ့ဘဝ လုံခြုံရေး ရဲတပ်ဖွဲ့နဲ့ ပြည်နယ်တချို့က ရဲတပ်ဖွဲတွေပူးပေါင်း ပြီး လူကြီးတွေကို ကလေး မိခင်တွေက နို့တိုက်တာနဲ့ ပြည့်တန်ဆာ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့ ဂိုဏ်း ၂ ဂိုဏ်းကို ၀င်ရောက်ဖမ်းဆီးတာမှာ အမျိုးသမီး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ South China Morning Post သတင်း တပုဒ်က ဖော်ပြပါတယ်။ 

အင်တာနက်စာမျက်နှာက တဆင့် လုပ်ကိုင်နေတဲ့ အဲဒီ စီးပွားရေးမှာ အမျိုးသမီး ၂ဝဝ ကျော်ဟာ အမျိုးသားတွေကို အခ ကြေးငွေနဲ့ နို့တိုက်တာလုပ်နေသလို တဖက်မှာလည်း လိင်အလုပ်သမတွေ အဖြစ် ဝန်ဆောင်မှုပေး လုပ်ကိုင်နေကြတာကို ရဲက စုံစမ်းဖော်ထုတ်နေတာလည်းဖြစ်ပါတယ်။ 

ဖောက်သည်တွေက အင်တာနက်စာမျက်နှာတွေကို တပတ်ကို ယွမ် ၆၀ ကနေ တနှစ်ကို ယွမ် ၇၈၀ ထိ
ပေးပြီး အဖွဲ့ဝင် ဖြစ်အောင်လုပ်ရပါတယ်တဲ့။ 

အဖွဲ့ဝင် ဖြစ်သွားမှသာ သက်ငယ်မိခင်တွေရဲ့ အသေးစိပ် အချက်အလက်တွေကို သိနိုင်ပြီး သူတို့ ငှားရမ်း လို့ ရတာလို့ သတင်းက ဆိုပါတယ်။ 

အမျိုးသားတဦးက သက်ငယ်မိခင်နို့ရည်သောက်သုံးဖို့အတွက် ယွမ် ၁ဝဝဝ ပေးရတယ်လို့ ဖောက်သည် အသွင် ယူထားတဲ့ သတင်းထောက် တဦးက ရေးထားပါတယ်။ 

 နို့သောက်တဲ့ ကိစ္စအပြင် လိင်ကိစ္စ အတွက် ယွမ် ၁၅၀၀ ကျတယ်လို့ သက်ငယ် မိခင်တဦး က ဆိုပါ တယ်။ 

ဖောက်သည်တွေက နို့သောက်တဲ့ ကိစ္စအပြင် လိင်ကိစ္စလည်း တောင်းဆိုတာတွေ ရှိတတ်ပြီး တချို့မိခင်
တွေ က နို့တိုက်တဲ့ ဝန်ဆောင်မှုကိုပဲ သက်သက်လုပ်တာမျိုးလည်း ရှိကြတယ်တဲ့။ 

အသက် ၂၃ နှစ်အရွယ် မိခင်ငယ်တဦးက အပတ်စဉ်၊ လစဉ် အဲဒီလို အမျိုးသားတွေကို နို့တိုက်တဲ့ လုပ်ငန်းနဲ့ တင် တလကို ယွမ် ၄ သောင်းလောက်ရပါတယ်တဲ့။ 

လိင်ကိစ္စဝန်ဆောင်မှုအတွက်က တလကို ယွမ် ၅ သောင်းရပါတယ်တဲ့။ 

ဒီလို လုပ်ငန်းလုပ်တဲ့အတွက် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်တွေကို တနေ့ တကြိမ်သာ နို့တိုက်နိုင် ပါတော့တယ်။ တချို့ဆို သူ့ကိုယ်ပိုင် ကလေးငယ်ကို နို့ဖြတ်လိုက်ကြရပြီး စီးပွားရေးကိုပဲ အာရုံထားကြတာ
တွေ ရှိတယ်လို့ သတင်းက ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 




ကိုကား။    ။

Police bust prostitution rings offering 'breastfeeding for adults' services

 

ပျောက်ဆုံး အဲအေးရှားလေယာဉ်ကို အပြင်းအထန် ရှာဖွေနေဆဲ

Monday, December 29, 2014 0 comments

အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်က စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားတဲ့ အဲအေးရှား ခရီးသည်တင် 
လေယာဉ် A320-200 ၊ ခရီးစဉ် QZ 8501 ဟာပျောက်ဆုံးနေ ဆဲဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေက ရှာဖွေရေး လုပ်ငန်းတွေကို အပြင်း အထန်လုပ်ဆောင်နေပါတယ်။ 


မနေ့ညပိုင်းကတော့ ပျောက်ဆုံးအဲအေးရှားလေယာဉ်ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် ရာသီဥတု ဆိုးရွား လာ တဲ့အတွက် ရပ်နားပြီး ဒီကနေ့ မနက်ပိုင်းမှာ ဆက်လက်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ 
ပြန်လည် စတင်နေတယ်လို့ သိရပါတယ်။ 

ပျောက်ဆုံးအဲအေးရှား လေယာဉ်မှူးဟာ စတင်ပျံသန်းခဲ့ပြီး မိနစ်ပိုင်းအကြာမှာ ရာသီဥတုဆိုးရွားလာတဲ့ အတွက် လေယာဉ် လမ်းကြောင်း ပြောင်းပျံသန်းမယ်လို့ အင်ဒိုနီးရှားလေကြောင်းထိန်းချုပ်ရေး စခန်းကို အကြောင်းကြားခဲ့သေးတယ်လို့ အင်ဒို သတင်းတွေက ဖော်ပြကြပါတယ်။ 

လေယာဉ်ပေါ်မှာ စုစုပေါင်း ၁၆၂ ဦးပါပြီး ၁၅၅ ဦးက ခရီးသည်တွေ ဖြစ်ပါတယ်။ လေယာဉ်ပျောက်ဟာ ဂျာဗားပင်လယ်ပြင် ထဲမှာ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင် ဆက်လက်လုပ်ဆောင်နေပါတယ်။ 

ပျောက်ဆုံး အဲအေးရှားလေယာဉ်ကို ရှာဖွေနေဆဲမှာပါဘဲ ၄င်းနဲ့ ခရီးစဉ် တူတဲ့ QZ 8501 အဲအေးရှား
လေယာဉ် နောက် တစီး ဟာ စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်ကို ဒီကနေ့ မနက်ပိုင်းက လုံခြုံစွာ ဆင်းသက် လာတယ်လို့ စင်ကာပူ အခြေစိုက် Channel News Asia- ANA က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ သတင်း တင်ပြခဲ့တာမှာ စာဖတ်သူအများရဲ့ ဝေဖန်မှုတွေ ခံ နေရပါတယ်။ 




အင်ဒိုနီးရှားနိုင်ငံ Surabaya လေဆိပ်က စင်ကာပူနိုင်ငံသို့ ဒီကနေ့ မနက်ပိုင်းကပဲ အဲအေးရှား လေယာဉ် QZ 8501 ဟာ လုံခြုံစွာ စင်ကာပူကို ဆင်းသက်ခဲ့တယ်လို့ CNA က ရေးခဲ့ပြီး ပထမ လေယာဉ်ပျောက် ဆုံးပြီး နောက်တရက်မှာ ထွက်ခွာ လာတဲ့ လေယာဉ်လို့ ပြန်လည် ပြင်ဆင် ရေးသားခဲ့ပါတယ်။ 

ဝေဖန်မှုတွေအနေနဲ့ လေကြောင်းလိုင်းအနေနဲ့ ပျောက်ဆုံး လေယာဉ်နဲ့ နံပတ်တူတာကို မသုံးသင့်ဘူးလို့ ဆိုကြသလို CNA အနေနဲ့ ထင်ယောင်ထင်မှားသတင်းမတင်ဘူးလို့လည်း ဆိုကြပါတယ်။

အိမ့်သံစဉ် ~ 














အကယ်ဒမီဆုပေးပွဲမှာ ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်

0 comments

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က အကယ်ဒမီ ဆုပေးပွဲ မှာ သူ ဝတ်ဆင်ထားတဲ့ ရွှေလက်ကောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ 

 အကယ်ဒမီဆုပေးပွဲ ညက ခိုင်သင်းကြည်တို့ မိသားစု မြင်ကွင်း၊ ဓာတ်ပုံ- ခန့်နိုင်ရဲ့ ဖေ့စ်ဘုတ်


ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ် ရှင်စောပုလမ်း MEP ( Myanmar Event Park ) ခန်းမမှာ ကျင်းပခဲ့တဲ့ အကယ်ဒမီ ဆုပေးပွဲ အတွင်း ခိုင်သင်းကြည့်ရဲ့ ရွှေလက်ကောက် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး ခင်ပွန်းသည် ကိုခန့်နိုင်က သူ့ ဖေ့စ်ဘုတ်ကနေ ရွှေလက်ကောက်ကို တွေ့ရှိသူအနေနဲ့ အကြောင်းကြားဖို့ တယ်လီဖုန်း နံပတ်နဲ့ တကွ ကြေညာထားပြီး ကျေးဇူးဆပ်မယ်လို့လည်း ရေးထားတာပါတယ်။ 



မခိုင်သင်းကြည်ကတော့ ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲမှာ စုန်းပြူး ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ပို့ဆု ကို ဆွတ်ခူးရရှိသွားခဲ့တာပါ။ 

၂ဝ၁၃ ခုနှစ်အတွက် အကယ်ဒမီဆုရှင်တွေကတော့ 

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဒါရိုက်တာ ဝိုင်းရဲ့ နင်စေရင် ဆိုတဲ့ ဇာတ်ကားနဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆွတ်ခူးရရှိပြီး အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို အဲဒီဇာတ်ကားနဲ့ပဲ သရုပ်ဆောင် ပြေတီဦးက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ စုန်းပြူးဇာတ်ကားနဲ့ သရုပ်ဆောင် ခိုင်သင်းကြည်က ဆွတ်ခူးရရှိ ပြီး အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို နင်စေရင် ဇာတ်ကားနဲ့ သရုပ်ဆောင် မင်းဦးက ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 

အကောင်းဆုံး ဒါရိုက်တာ ဆုကို စေတန်ရဲ့ ကချေသည် ဇာတ်ကားနဲ့ ဒါရိုက်တာ ဝိုင်းက ဆွတ်ခူးရရှိသွားပါ တယ်။ 

ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ နင်စေရင် ဇာတ်ကားဟာလည်း အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်း ဆုံး အသံဆုနဲ့ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုတို့ကို ဆွတ်ခူးရရှိသွားပါတယ်။ 

အကောင်းဆုံး နောက်ခံ တေးဂီတဆုကိုတော့ ကြယ်စင်မော်ကွန်း ဇာတ်ကားနဲ့ စန္ဒရား တင်ဝင်းလှိုင်က ဆွတ်ခူး ရရှိ သွားပါတယ်။ 





 အိမ့်သံစဉ် ~





အဲအေးရှား လေယာဉ်တစီး အင်ဒိုနီးရှားမှ စင်ကာပူသွားစဉ် ပျောက်ဆုံးနေ

Sunday, December 28, 2014 0 comments

အဲအေးရှား  QZ 8501 ခရီးသည်တင် လေယာဉ်တစင်းသည် အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံ သို့ ပျံသန်းစဉ် ပျောက်ဆုံးနေကြောင်း ဘီဘီစီ၊ CNA သတင်းများတွင် ဖော်ပြထားသည်။ 



လေယာဉ်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး အသေးစိပ် မသိရသေးပေ။ လေယာဉ်ပေါ်တွင် လေယာဉ် အမှုထမ်း၊ ခရီးသည် မည်မျှ ပါဝင်သည်ကိုလည်း အသေးစိပ် မသိရသေးပေ။ 



အိမ့်သံစဉ် ~ 








ဒေါသသင့်ခြင်းနဲ့ အသက်တချောင်း

Saturday, December 27, 2014 0 comments


ရန်ကုန်ရဲ့ ခရစ်စမတ်နေ့ နံနက်စောစောမှာ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်က သရုပ်ဆောင် မင်းအုပ်စိုးရဲ့ ထိုးကြိတ်မှုနဲ့  သရပါ မဂ္ဂဇင်း အယ်ဒီတာ တေးနုယဉ် ခေါ် မနုနုရင်တယောက် အသက်ဆုံးသွားခဲ့ရပြီ။ 

 ဓာတ်ပုံ- တေးနုယဉ်ရဲ့ ဖေ့စ်ဘုတ်မှတ်တမ်း တခု 

သရပါ မဂ္ဂဇင်းထုတ်ဝေနေသူ သရုပ်ဆောင် မင်းအုပ်စိုးလည်း ရဲစခန်းကို ကိုယ်တိုင် သွားရောက် အဖမ်းခံ ခဲ့ပြီး အခုဆို သက်ဆိုင်ရာ ရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့် အရေးယူခံထားရတယ်။ 

တေးနုယဉ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း သူ့ကို ချစ်ခင်သူ၊ သူ့မိတ်ဆွေတွေက မယုံနိုင်လောက်အောင် 
ဖြစ်နေကြ တာတွေကို ၀မ်းနည်းစကားတွေ ရေးထားကြတယ်။ 

အခုလို အဖြစ်ဆိုးနဲ့ သေဆုံးမယ်လို့ တေးနုယဉ်ရဲ့ မိတ်ဆွေတွေ က မျှော်လင့်မထားခဲ့တာ အထင်အရှား ပါ။ 

သရုပ်ဆောင် မင်းအုပ်စိုးနဲ့ သေဆုံးသွားရသူ တေးနုယဉ်တို့ ၂ ဦးလုံးကို သိထားသူ မဂျူလိုင်မိုးဆိုသူက လည်း အဖြစ် မှန် ဆိုပြီး ရေးသားထားတာ စိတ်ဝင်စားစရာပါ။ 

သူကတော့ အခုလို အဖြစ်ဆိုးရဲ့ တရားခံကို ဒေါသလို့ ရေးသားထားတယ်။ 

မဂျူလိုင်မိုးရဲ့ အဆိုအရ မင်းအုပ်စိုးဟာ သေဆုံးသ တေးနုယဉ်အပါအ၀င် သူ့ဝန်ထမ်းတွေအပေါ် တကယ့်
aဆွမျိုး ရင်း ချာလို ဆက်ဆံပါတယ်တဲ့။ 

ဒါပေမယ့် မင်းအုပ်စိုးရဲ့ အားနည်းချက်က ဒေါသထွက်ရင် ဘာမှ မမြင်တော့တာပါဘဲလို့ ဆိုတယ်။ 

“အခု ပြဿနာ အရင်းကို ကျမ မသိပေးပေမယ့် ဒေါသကြောင့် သူချစ်တဲ့၊ သူ့ကို ချစ်တဲ့ အညွှန့်တလူလူနဲ့ လူငယ်လေး တယောက် ဆုံးရှုံးသွားခဲ့ပါပြီး လက်လွန်သွားပြီလို့ သူ သိလိုက်ချိန်မှာ သူ အရမ်းနောင်တရ ၀မ်းနည်းကြေကွဲနေ ပေ မယ့် ဘယ်လို့ မှ ပြင်လို့မရတော့ပါဘူး”လို့ မဂျူလိုင်မိုးက ရေးထားပါတယ်။ 

မဂျူလိုင်မိုးကတော့ သရုပ်ဆောင် မင်းအုပ်စိုးအပေါ်ရော ကွယ်လွန်သူ ယောနု ခေါ် တေးနုယဉ် ခေါ် နုနုရင် အပေါ် မှာပါ အဖြစ်မှန်မမြင်ပဲ တလွဲတွေ မြင်မှာစိုးလို့ အမုန်းခံပြီး ရေးသားထားတာလို့ ဆိုပါတယ်။ 

လူတယောက်ရဲ့ ဒေါသသင့်ခြင်းဟာ တခြား လူတယောက်ရဲ့ ဘဝ အသက်ဆုံးရှုံးခြင်းနဲ့ အဆုံးသတ်သွားရ သလို သူ့ဒေါသနဲ့ ထိုက်တံတဲ့ ပြစ်မှုတွေလည်း ခံစားရတော့မှာပါ။



အိမ့်သံစဉ် ~






သရော်စာ ရှင်းတမ်း (သို့) မှူးဇော်မှ မင်းဒင်သို့

0 comments


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသမှာ ပစ်ခတ်မှုဖြစ်ပြီး လယ်သူမကြီး ဒေါ်ခင်ဝင်း အသက်ဆုံးရှုံး ခဲ့ရပြီး အွန်လိုင်းပေါ်မှာ လူအများကြား အထူးစိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ စာရေးဆရာ မင်းဒင်ရဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက် ဆိုတဲ့အမည်နာမနဲ့ သရော်စာနဲ့ ဆက်စပ်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး 
ခေါ် မှူးဇော်ရဲ့ ပြန်လည် တုံ့ပြန်လာတဲ့ သရော်စာရှင်းတမ်းဖြစ်ပါတယ်။ 





ဆရာ မင်းဒင်ရဲ့ သရော်စာနဲ့ အတူ အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ လက်ပံတောင်းအရေး NLD ကြေညာ ချက် အတု တို့ကို သမ္မတရုံးညွှန်မှူး ဦးဇော်ဋ္ဌေးက သူ့ရဲ့ မှူးဇော်ဆိုတဲ့ ဖေ့စ်ဘုတ်မှာ ပူးတွဲဖော်ပြခဲ့လို့ ဆရာမင်းဒင်က ဝေဖန်ရေးသားခဲ့ပါတယ်။ 

အဲဒီလို ဆရာ မင်းဒင်ရဲ့ ဝေဖန်ရေးသားချက် ပေါ်ထွက်လာပြီး ဒီကနေ့မှာတော့ မှူးဇော်ရဲ့ သရော်စာ ရှင်းတမ်းဆိုတာ ထွက်ပေါ်လာတာပါ။ 

အပြည့်အစုံကို မှူးဇော် ရဲ့ ဖေ့စ်ဘုတ်က ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

သရော်စာ ရှင်းတမ်း


ပထမဦးစွာ ဆြာမင်းဒင် ကို ၄င်းရေးသားသောစာများမှတစ်ဆင့် လေးစားသမှုရှိကြောင်း၊ ၄င်းအား လူချင်း မတွေ့ဘူးသော်လည်း မည်သို့မျှ သဘောမရှိပါကြောင်း ပြောလိုပါတယ်။ 

ပဋိပက္ခ ပုံရိပ်တွေ မြင်တွေ့ ကြားသိလိုက်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို နားလည် စာနာ ပါကြောင်း ပဏာမအနေနဲ့ ပြောလိုပါတယ်။ ယခုလို ရှင်းလင်းခြင်း မပြုလိုသော်လည်း “သရော်စာကို သရော်စာမှန်းမသိ” ဟူသော ရေးသားချက်၊ ပြောကြားချက်တွေကြောင့်လည်းကောင်း၊ တချို့ ရည်ရွယ်ချက် ရှိရှိ လိုရာဆွဲနေသူ အချို့ကြောင့်လည်းကောင်း ယခုလို ရှင်းရခြင်း ဖြစ်ပါတယ်။ 

 Satire ဆိုတဲ့စကားက လက်တင်စကား Satur ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ (၁၇) ရာစု ကတည်း က တွင်တွင်ကျယ်ကျယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီကနေ့ ခေတ်မှာ တော့ သရော်ခြင်းကို စာပေ၊ ကာတွန်း၊ ဂီတ၊ ပြဇာတ်၊ ရုပ်ရှင် အစရှိတဲ့ အနုပညာဖန်တီး မှု အမျိုးမျိုးမှာ တွေ့မြင်နိုင်ပါတယ်။

 ပြည်ပနိုင်ငံအချို့မှာဆိုရင် လူအများကြားမှာ သရော်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာကိုလည်း တွေ့ရှိ ရ ပါ တယ်။ 

သရော်ခြင်းရဲ့ အဓိကအချက်က သက်ဆိုင်ရာလူ့အဖွဲ့အစည်းက နားလည်ရလွယ်ကူစေခြင်းပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပေါ်ထွက်ခဲ့တဲ့ သရော်စာတွေကို အဓိကအားဖြင့် ဦးဘဂျမ်းရဲ့ ကာတွန်းတွေမှာ အများစု 
တွေ့ ရှိခဲ့ရပါတယ်။ 

သရော်စာရေးသားကြရာမှာ အများစုက စံနမူနာပြု ရည်ညွှန်းလေ့ရှိကြတာကတော့ ဆရာကြီး
သော်တာဆွေ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဒီဆရာကြီးတွေရဲ့ လက်ရာတွေကို ဖတ်ရှုသိမ်းဆည်းခဲ့ကြတာလည်း ဖြစ် ပါ တယ်။ 

သရော်စာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စရိုက်လက္ခဏာ အမျိုးမျိုး ရှိနေကြပါတယ်။ 

သရော်စာ ရေးရတာလည်း ခက်ခဲပါတယ်။ မြန်မာစာ၊ မြန်မာစကား နှံ့စပ်ဖို့သာမက သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ တွေကိုလည်း နားလည်သိမြင်ရမှာ ဖြစ်တဲ့အပြင် ဖန်တီးတီထွင်နိုင်တဲ့ စိတ်ကူးစိတ်သမ်း
ကောင်းလည်း ရှိဖို့ လိုပါတယ်။ သာသာနဲ့ နာနာနှက်နိုင်ဖို့ ဇ၀နဥာဏ် ရင့်သန်ဖို့ လိုပါတယ်။ 

“သရော်စာ မရေးတတ်ရင် ဆဲသလိုဖြစ်တတ်တယ်” ဆိုတဲ့ စကားလည်း ရှိပါတယ်။ သရော်ခြင်း ခံလိုက်ရတဲ့ သူတွေမှာ ရယ်ရမလိုလို၊ စိတ်ပဲဆိုးရတော့မလိုလို စိတ်ဆိုးရခက် နာလိုခံခက် ခံစားချက်ကို ဖြစ်ပေါ်စေပါ တယ်။ 

သရော်လိုက်တဲ့ကိစ္စ မှန်နေတော့လည်း အောင့်သက်သက်နဲ့ ဖြစ်စေတယ် လို့ ဆိုကြပါတယ်။ ဒီသရော်မှုကို ကြုံတွေ့ရပြီးတဲ့နောက် လူအများက တပြုံးပြုံးဖြစ်နေချိန်မှာ သက်ဆိုင်သူတွေက အိုးမလုံအုံပွင့် ရှက်ရွံ့စိတ်
တွေ ခံစားစေတယ် လို့လည်း ဆိုပါတယ်။ 

သရော်စာနဲ့ ဟာသ မတူပါ။ သရော်စာဟာ ဟာသပြက်လုံးလိုပါပဲ။ လူအများကို ရယ်မောစေပါတယ်။ 

တစ်ဆက်တည်းမှာပဲ အဲဒီ ရယ်မောစရာတွေရဲ့နောက်မှာ စဉ်းစားဆင်ခြင်းစရာတွေ တစ်ပုံတစ်ပင် ဖြစ်ပေါ် လာစေပါတယ်။ ဒါဟာ သရော်တာနဲ့ ဟာသပြက်လုံးတွေရဲ့ အဓိက ခြားနားချက်ပဲ ဖြစ်ပါတယ်။ 

သရော်စာနဲ့ ကောလဟာလ ဖြန့်ချိမှု မတူပါ။ သရော်စာဟာ ဖန်တီးပြောကြားနေတာကို သိသာထင်ရှား စေ ပါ တယ်။ ကောလဟာလကတော့ ယုံထင်ကြောင်ထင် ဖြစ်စေအောင် တွန်းပို့ပေးတာဖြစ်ပါတယ်။ 

သရော်စာရဲ့ အဓိကဦးတည်ချက်က မှားနေတာတွေ တည့်မတ်လာအောင်၊ လိုနေတာတွေ သတိပြုမိ 
အောင်၊ လုပ်မှားကိုင်မှားတွေကို ရှက်ရွံ့သွားအောင် ဖြစ်ပေမယ့် ကောလဟာလကတော့ အထင်အမြင် 
တွေ လွဲ မှားလာအောင်၊ အမှန်တကယ် မဖြစ်ခဲ့တာတွေ ဖြစ်ခဲ့တယ် ထင်မြင်ယူဆလာအောင် သတင်း မှား ဖြန့်ချိခြင်း ဖြစ်ပါတယ်။ 

ဆြာမင်းဒင် စတင်တဲ့ ရည်ရွယ်ချက် သူ့ဘာသာသူ သိပါလိမ့်မယ်။ 

ပဋိပက္ခ စတင်ဖြစ်ပွားပြီး ခံစာချက် တွေ တောက်လောင်နေချိန်မှာ အချိန်အခါအကိုက် ရေးလိုက်တဲ့ Status ဖြစ်နေပါတယ်။ 

ဒီစာကို Like ပေါင်း (၄၇၀) ထပ်ဆင့်ဝေမျှShare သူပေါင်း (၃၁၉)ဦး ရှိပါတယ်။ ဆင့်ပွား ဖြန့်ချိမှုတွေကို ထည့်တွက်ရင် ဒီထက်ပိုပြီး များနိုင်ပါတယ်။ (ဥပမာအားဖြင့် မိုးသီးဇွန်က ဒီ Status ကို ဟန်ဝင်းအောင်ရဲ့ Wall မှာ သွားတင်ခဲ့ပါတယ်။ ဒါ့အပြင် ဆြာဒင်ရဲ့ Status ကို Screen Shot ရိုက်ပြီး ဖြန့်ချိမှုတွေ ရှိခဲ့ပါ တယ်) 

ဒီလိုထပ်ဆင့် ပွားလိုက်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ ရည်ညွှန်းခဲ့တဲ့ တတိယအုပ်စုတွေ ပါလာပါပြီ။ ဒီပြန့်နှံ့မှုကို လိုက်ပြီးကြည့်ရင် ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပါလိမ့်မယ်။ 

ပဋိပက္ခ ဖြစ်အပြီး အွန်လိုင်းမှာ ပြန့်နှံ့လာနေတဲ့ ပဋိပက္ခမှတ်တမ်း ဓါတ်ပုံတွေကြောင့် ပြည်သူအားလုံးက စိတ်ဝင်တစား ဖြစ်နေချိန်မှာ သမ္မတရုံး ကြေညာချက် ဆိုပြီး ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

 နောက်တစ်ခါ ကောလဟာလလို့ ယူဆကြသလား၊ သရော်စာလို့ ယူဆကြသလား ဆိုတာကို ဆြာ မင်းဒင်ရဲ့ “သရော်စာ”ပါ ဆိုပြီး ပြောနေတဲ့ Status အောက်က Comment ပေါင်း (၈၄)ခုကို ဖတ်ကြည့်စေ ချင်ပါတယ်။ 

သမ္မတရုံးထုတ်ပြန်ချက်ပဲ ဆိုပြီး အခိုင်အမာ ယူဆထားကြတဲ့ ပရိတ်သတ်က ရာခိုင်နှုန်းအများစု ဖြစ်နေ ပါတယ်။ အခြား ပြန့်နှံ့သွားတဲ့ နေရာတွေမှာလည်း အလားတူ တွေ့ရှိရပါတယ်။ တော်တော်များ များ 
ပြန့်နှံ့ပြီးတော့မှ ကာယကံရှင်က သရော်စာပါ ဆိုပြီး ရှင်းချက် ထုတ်ပါတယ်။ 

လူမှုကွန်ရက်၊ အထူးသဖြင့် မြန်မာနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေအကြား ပြန့်နှံ့မှုအနေအထားကို ကြည့်လိုက်ရင် ပဋိပက္ခကြောင့် အားလုံး စိတ်မကောင်းဖြစ်ရ၊ ဒေါသဖြစ်ရ ဖြစ်နေကြတဲ့အချိန်မှာ “သရော်စာ ဟုဆိုသည့် ထိုရေးသားချက်” က ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။ 

မီဒီယာသမားတချို့ဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး သမ္မတရုံး ကြေညာချက်အကြောင်း မေးလာခဲ့ပါ တယ်။ တချို့လည်း တစ်ကယ် ထင်သွားတာတွေ ရှိခဲ့တာလည်း တွေ့ရှိနိုင်ပါတယ်။ 

ကာယကံရှင်က သဘောရိုး မည်သို့ပင် ရှိရှိ၊ ဒီကြေညာချက်ကို နိုင်ငံရေး အသုံးချသွားသူတွေ အများကြီး ရှိနေပါတယ်။ အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံမှာ အဆင်သင့် မဖြစ်သေးတဲ့ လူ့အဖွဲ့အစည်းပေါ်ကို လှုံ့ဆော်နေသူတွေ၊ သွေးထိုးနေသူတွေ ရှိပါတယ်။ 

ဒီလူတွေ ဒီကြေညာချက်ကို အသုံးချခဲ့ကြပါတယ်။ ဒါက အမှန်တရား ဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ NLD ကြေညာချက် အတု ထွက်လာပါတယ်။ NLD ပါတီက ဆရာကြီး မုံရွာအောင်ရှင် က “ဒါဟာ နိုင်ငံရေးလုပ်ကြံမှု” ဆိုပြီး မှတ်ချက် ပြုပါတယ်။ 

အဲဒီ ကြေညာချက်ကိုရော “သရော်စာ” ပါ လို့ အမည်ပေး ကင်ပွန်းတပ်နိုင်ပါသလား။ 

နောက် ဒုတိယ မေးချင်တဲ့မေးခွန်း က “သရော်စာ” ဟုတ်ပါရဲ့လား ဆိုတာပါပဲ။ 

This’s Satire ဆိုပြီး တံဆိပ်တပ်ပြီး ပြောတော့မှာ သြော် ဒါက သရော်စာပါလား ဆိုပြီး သိစေနိုင်တာ ကရော “သရော်စာ မှန်ပါရဲ့လား” 

 နောက်ဆုံး တတိယအနေနဲ့ မေးချင်တာက ဒီကြေညာချက်ကို အသုံးချပြီး နိုင်ငံရေးအရ အချိန်ကိုက် ထိုးနှက်တိုက်ခိုက်ခဲ့တာတွေ၊ သတင်းမှား အဖြစ် ပြန့်နှံ့ခဲ့တာတွေ ရှိခဲ့တယ်ဆိုတာ သတိပြုမိပါရဲ့လား ဆိုတာပါပဲ။ 

 ကျေးဇူးတင်ပါတယ်။ 








၂၀၁၄ ခုနှစ် နှစ်ချုပ်သတင်းသုံးသပ်ချက်နဲ့ ဒိတ်လိုင်း ဧရာဝတီ

0 comments


၂၀၁၄ ခုနှစ် နိုင်ငံရေး၊ စီးပွားရေး စတဲ့ ကဏ္ဍစုံတွေအပေါ် နှစ်ချုပ် သတင်းသုံးသပ်ချက်တွေကို ဒီတပတ် ဒိတ်လိုင်း ဧရာဝတီမှာ သုံးသပ်ဆွေးနွေးထားပါတယ်။ 



ဒီတပတ် ၂၀၁၄ ခုနှစ် နှစ်ချုပ် သတင်းသုံးသပ်ချက်တွေကို ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့အတူ ဧရာဝတီ ဝိုင်းတော်သားတွေဖြစ်တဲ့ လင်းသန့်နဲ့ ရန်ပိုင်တို့က သုံးသပ်ဆွေးနွေးထားတာဖြစ်ပါတယ်။

  

ဒိတ်လိုင်းဧရာဝတီ / Dateline Irrawaddy  








သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၆)

Friday, December 26, 2014 0 comments





သတိပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်ဆိုတဲ့ ဒီကဏ္ဍလေးကနေ ပျင်းတတ်တဲ့လူငယ်တို့အတွက် ဧရာဝတီဘလော့ဂ်ရဲ့ ခြောက်ပတ်မြောက် ဖော်ပြပေးချင်တာက “အောင်မြင်သူတို့ ဘာသာစကားအကြောင်း” နဲ့ပတ်သက်လို့ပါ။

“စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုတဲ့ မြန်မာ စကားပုံ တခုကို ကြားဖူးကြပါလိမ့်မယ်။ စကားထဲက ဇာတိပြ ဆိုတာက ဒီလိုပါ။ အောင်မြင်သူလား၊ မအောင်မြင်သူလား ဆိုတာ ပြောတဲ့ စကားအရ သိနိုင်တယ်။ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လိုလားမှုကို ပြောတဲ့ စကားအရ သိနိုင်တယ်။ ဒါကြောင့် စကားထဲက ဇာတိပြ ဆိုတာ ဖြစ်လာတာပါ။ ဇာတိ ဆိုတာ မူရင်း အခံစိတ်ကို ပြောတာ ဖြစ်တယ်။

အောင်မြင်မယ့်သူနဲ့ မအောင်မြင်သူတို့ စကားတွေကို လေ့လာကြည့်ရအောင်ပါ။ ဆရာ တင်မောင်သန်း ရေးသားတဲ့ သခင်စိတ်ဓာတ်၊ သခင်အကျင့် နဲ့ ဆောင်းပါးများ ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဇာတိပြ စကားတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

ပျင်းတတ်တဲ့ တို့လူငယ်တွေ အနေနဲ့ ကိုယ်ဘယ်လိုလူ ဆိုတာ သိမြင်နိုင်ဖို့ပါ။ ပြီးတော့ ကျင့်ကြံ ပြောဆို နေထိုင်ဖို့ပါ။

မအောင်မြင်သူတို့ ဘာသာစကား    အောင်မြင်သူတို့ ဘာသာစကား
-    ဘာမှ လုပ်မရနိုင်ပါဘူး ဗျာ    -    ဖြစ်နိုင်ခြေတွေ ရှာကြည့်ရအောင်
-    ကျနော့် ဘ၀ကိုက ဒီလို ဖြစ်ခဲ့တာကိုး။ ကျနော့်ကံကို မကောင်းတာ။    -    ကျနော် တခြားနည်းလည်း ရှာနိုင်တယ်
-    သူ ကျနော့်ကို ဒေါသထွက်အောင် လုပ်တယ်ဗျ    -    ကျနော့်စိတ်ကို ကျနော် ထိန်းနိုင်တယ်
-    ခွင့်ပြုမှာ မဟုတ်ဘူး    -    ထိရောက်တဲ့ တင်ပြပုံ ကျနော် ဖန်တီး ကြည့်နိုင်တယ်

-    လုပ်ရမယ့် ကိန်းပဲ    -    လုပ်မလား၊ မလုပ်ဘူးလားဆိုတာ ကျနော် ကိုယ်တိုင်  ဆုံးဖြတ်မယ်
-    တကယ်လို့သာ….    -    ကျနော် လုပ်မယ်


ပျင်းတဲ့
နိုင်စွမ်း


ကင်ညာနိုင်ငံက အကြမ်းဖက်ခံ အမျိုးသမီးငယ်တွေရဲ့ဘဝ

0 comments



ဓာတ်ပုံများ - Reuters

 ကင်ညာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကို ထိမ်းမြားလက်ထပ်ဖို့ရန် ခန်းဝင်ပစ္စည်းကြေးအဖြစ် အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲလှယ်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးအဖြစ် ဓလေ့ထုံးတမ်းအရ အသိအမှတ်ပြုတဲ့ပွဲကာလမှာတော့ တော်တော်ကို စိတ်နှလုံးကြေကွဲဖွယ်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ရိုးရာကျောက်မျက်ရတနာတွေဆင်မြန်းပေးထားပြီးဆံပင်တွေကျစ်ထားတဲ့ အချို့အမျိုးသမီးငယ်လေးတွေမှာ လက်ထပ်ထိမ်းမြားရန်ဆွဲထုတ်ခေါ်ဆောင်ခြင်းခံရတာကြောင့်အကြောက်အကန်ရုန်းထွက်နေကြတာကိုလည်း တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ ဖခင်တွေဟာ သူတို့ကို ဆိတ်အကောင်(၂၀)၊ကုလားအုပ် (၃)ကောင်၊နွားဆယ်ကောင်တို့နဲ့ တခြားယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ ရောင်းစားပြီး သွားတာကြောင့်ပါ။

ပေါ့ကော(Pokot) လူမျိုးစုဝင်အမျိုးသမီးငယ်အများစုဟာသူတို့ရဲ့ ခင်ပွန်းလောင်းများထံကို ရောင်းစား ခံထားရပြီး ကြောင်းကိုမသိရဘဲခင်ပွန်းလောင်းတွေက လာရောက်သိမ်းဆည်းခေါ်ယူပြီး ထိမ်းမြားမင်္ဂလာပွဲ အတွက်တစ်လကြာသီးသန့်ဖယ်ထားခြင်းခံရပြီဆိုတော့မှ သူတို့ဟာ ရောင်းစားခံထားရပြီဆိုတာ ရိပ်မိပါတော့တယ်။




 သမီးဖြစ်သူကို ထိမ်းမြားမင်္ဂလာကိစ္စအား စီစဉ်ထားပြီးဖြစ်ကြောင်း အသိမပေးရခြင်းက သူမသိရှိသွားမယ်ဆိုရင် ထွက်ပြေးသွားမှာစိုးတဲ့အတွက်ကြောင့်လို့ မိသားစုဝင်တဦးရဲ့ အဆိုအရ သိရပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို ခန်းဝင်ပစ္စည်းကြေးအဖြစ် အပတ်စဉ်အမျိုးသမီးငယ်ရဲ့ မိဘတွေ ထံပေးဆောင်ရပြီး ပေးဆောင်ဖို့ကျန်တဲ့ နောက်ဆုံးသောအိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုတော့ အမျိုးသားမှအမျိုးသမီးငယ်ကို လာရောက်သိမ်းယူသောနေ့ကျမှ ယူဆောင်လာခဲ့ရတာပါ။

ကင်ညာနိုင်ငံမှာ အသက်မပြည့်သေးသူများအား လက်ထပ်ထိမ်းမြားခြင်းအတွက် ဥပဒေအရ တားမြစ် ထားပေမယ့်လည်း လူမျိုးစုတွေဟာ ဓလေ့ထုံးစံတွေကို တင်းကြပ်စွာလိုက်နာကြပြီး ဥပဒေထက် ထုံးတမ်း အစဉ်အလာကို အလေးထားကြတာကြောင့် အသက် (၁၄)နှစ်အရွယ် မိန်းမပျိုလေးများမှာ လက်ထပ် ထိမ်းမြားခြင်းကို ခံကြရတာပါ။


 

သိမ်းယူခံကြရတဲ့အမျိုးသမီးငယ်တွေဟာ သူတို့ကို ပြုမှုလိုက်တဲ့ အခြေအနေတွေအတွက် ထိတ်လန့် တုန်လှုပ်ခြင်း၊ စိတ်ပူပင်သောကရောက်ရတာတွေ ရှိပေမယ့်လည်း အဲ့ဒီလို အဖြစ်အပျက်တွေဟာ သူတို့အတွက်ပထမဆုံးအကြိမ်ခံစားရခြင်းမဟုတ်ဘဲသူတို့မိဘတွေရဲ့လက်ထဲမှာလည်းရိုးရာဓလေ့တွေကြောင့်အခုလို ခက်ခဲမှုများစွာကိုခံစားခဲ့ရပြီးဖြစ်ပါတယ်။

ဒ့ါထက် ပေါ့ကော့လူမျိုးစုတွေဟာ အမျိုးသမီးလိင်အင်္ဂါတွေကိုဖြတ်ထုတ်တဲ့ ဓလေ့ကိုကျင့်သုံးတာကြောင့် မျိုးနွယ်စုဝင်အမျိုးသမီးတွေရဲ့ ဘ၀ဟာ အချိန်နှင့်အမျှ ရုန်းကန်နေကြရတာပါ။

အဲ့ဒီ လူမျိုးစုဝင်တွေမှာ အမျိုးသမီးလိင်အင်္ဂါတွေကိုဖြတ်ထုတ်တဲ့ ဓလေ့ကိုကျင့်သုံးတဲ့လူမျိုးစုလို့ လူသိများကြပြီး အဲ့ဒီလို ပြုလုပ်ရာမှာလည်း အမျိုးသမီးလိင်အင်္ဂါကို ကတ်ကြေး၊ ဘလိတ်ဓါးသို့မဟုတ် မှန်ကွဲစတွေနဲ့ ဖြတ်ထုတ်ခံရပြီး အဲ့ဒီအနာတွေကို မချုပ်မီအနာကြပ်တဲ့အထိ သူတို့ရဲ့ ခြေထောက်တွေကို ချုပ်နှောင်ထားလေ့ရှိကြပါတယ်။

ဒီလို ပြုလုပ်ခြင်းဟာ အတင်းအဓမ္မလက်ထိပ်ထိမ်းမြားပေးခြင်းမတိုင်ခင် ငယ်ရွယ်ချိန် ကတည်းက ဆောင်ရွက်ထားတဲ့ကိစ္စဖြစ်ကာ အဲ့လို ပြုလုပ်ခြင်းဟာ အမျိုးသမီးငယ်တွေကို အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုတဲ့ အခမ်းအနားမတိုင်ခင်အထိ ပကတိဖြူစင်တဲ့ အနေအထားကိုထိန်းသိမ်းထားဖို့ရန် အထောက်အကူဖြစ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

လိင်ဖြတ်ထောက်ခြင်းကိစ္စတွေကိုဆောင်ရွက်တဲ့ သူတွေဟာ များသောအားဖြင့် ဆေးရုံဆေးပေးခန်းနှင့် နီးစပ်မှုမရှိ၊ ကျွမ်းကျင်မှုမရှိတဲ့ ဆရာဝန်တွေက ပြုလုပ်ပေးကာ မေ့ဆေး၊ ပိုးသတ်ဆေးတို့ကို အသုံးမပြုဘဲလုပ်ဆောင်တာကြောင့် တချို့သောသူတွေမှာ သွေးထွက်လွန်ခြင်း ဒါမှမဟုတ် အနာပိုးဝင်ခြင်းတို့နဲ့ အသက်ဆုံးရှုံးကြရပါတယ်။

အမျိုးသမီးငယ်လေးတွေဟာ လိင်အင်္ဂါဖြတ်တောက်ခြင်းခံရချိန်မှာ သေဆုံးခြင်းမရှိပါက အင်္ဂါကို ပြန်ချုပ်ထားတဲ့ဒဏ်ကို ဘ၀တလျှောက်လုံး အထူးသဖြင့် မီးဖွားချိန်တွေမှာ အပြင်းအထန် ခံစားကြရတာပါ။

ကင်ညာနိုင်ငံတွင်အသက်မပြည့်သေးတဲ့သူများနဲ့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထားပြီး တကယ်လို့ အမျိုးသမီးငယ်လေးတွေ သေဆုံးခဲ့ပါက အမြင့်ဆုံးဖြစ်တဲ့ ပြစ်ဒဏ်နှင့် ထောင်ချရန် ဥပဒေထားရှိထားပေမယ့် အခုထိတိုင် အဲ့ဒီ ဥပဒေကို အောင်မြင်စွာအသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။

ကင်ညာနဲ့  ယူဂန်ဒါ နိုင်ငံအကြား ပေါ့ကော့ စကားပြောသော လူမျိုးစု (၇)သိန်းမျှ နေထိုင်ကြပြီး အများစုမှာ အနောက် ပေါ့ကော့ နိုင်ငံမှာ နေထိုင်ကြပါတယ်။


လုဒိ 


ကိုးကားသတင်းလင့်ခ်။  ။ http://www.dailymail.co.uk/news/article-2868693/Young-women-dragged-away-village-dowry-20-goats-three-camels-Inside-traditional-tribal-wedding-ceremony-takes-place-Kenya.html?ito=social-facebook












ထောင်အရာရှိနဲ့ အကျဉ်းသားရဲ့ ချစ်ဇာတ်လမ်း

Wednesday, December 24, 2014 0 comments


အချစ်ဟာ မျက်စေ့မရှိဘူးဆိုတာ သက်သေပြတဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ပါဘဲ။ 

အကျဉ်းထောင် ဝန်ထမ်းမိသားစုက ဆင်းသက်လာတဲ့ ဆင်ဒီ ဘိတ်ကာ ဆိုတဲ့ ထောင်အရာရှိ အမျိုးသမီး တဦးဟာ အကျဉ်းသား အမျိုးသား ၂ ဦးနဲ့ အနီးကပ် ဆက်ဆံရေး ရြှိ့ပီး အပြန်အလှန် စာတွေ ရေးခဲ့ကြတာ ဟာ အပြစ်ရှိတယ်လို့ လန်ဒန် အရှေ့တောင်ပိုင်းက Guildford Crown Court မှာ တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်တဲ့။ 

ဓာတ်ပုံ - mirror.com

ပြစ်မှုကျူးလွန်ခဲ့သူ အကျဉ်းသား အမျိုးသား ၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် အကျဉ်းထောင်အရာရှိ ဆင်ဒီ ဘိတ်ကာ တို့ကြား ပုံမှန်မဟုတ်တဲံ ဆက်ဆံရေးရှိခဲ့တာတွေဟာ ဥပဒေအရ အပြစ်ရှိတာပါတဲ့။ 

ဆင်ဒီရဲ့ အိပ်ခန်းထဲ ရှာဖွေခဲ့စဉ်မှာ လူသတ်မှုနဲ့ ၂၀၀၉ ခုနှစ်က ထောင်တသက်ကျခံနေခဲ့ရသူ အမျိုးသား တဦးနဲ့ ဆင်ဒီ တို့ကြား ဆက်သွယ်ရေးသားထားတဲ့ စာတွေ တော်တော်များများကိုလည်း သိမ်းမိခဲ့တာပါ။ 

စာတွေထဲမှာ လိင်ဆက်ဆံမှု ကိစ္စတွေ အချစ် အလွမ်း ကိစ္စတွေလည်း ပါဝင်တယ်လို့ The Mirror သတင်း က ရေးပါတယ်။

အဲဒီစာတွေကြောင့်ပဲ ဌာနတွင်း စုံစမ်းစစ်ဆေးရေးကို ဆင်ဒီဘိတ်ကာ ရင်ဆိုင်ခဲ့ရတာပါ။ 

ဒီအပြင် ဆင်ဒီဘိတ်ကာဟာ လက်နက်ကိုင်ဆောင်မှုနဲ့ ထောင် ၅ နှစ်ကျခံနေခဲ့ရတဲ့ အကျဉ်းသား အမျိုးသားတဦးနဲ့လည်း ချစ်မှုရေးရာ အဆက်အဆံ ရှိခဲ့တယ်လို့ ထုတ်ပြောဆိုခဲ့ပါတယ်တဲ့။  

ဒါပေမယ့် ဆင်ဒီက ပြောတာမှာတော့ လူချင်း ထိတွေ့ဆက်ဆံမှု ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ ဆိုထားပါ တယ်။ 

တရားသူကြီးရဲ့ ကြားနာမှုမှာလည်း ဆင်ဒီဘိတ်ကာဟာ လက်ရှိ ချစ်သူ အမျိုးသား ရှိနေခဲ့တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်တဲ့။ 

အခုဖြစ်ရပ်တွေကြောင့် ဆင်ဒီရဲ့ သူငယ်ချင်းတွေနဲ့ တချို့တွေကတော့ သူဟာ အတော်ရူးသွပ်နေတယ်၊ သာမန်ထက်ပိုလွန်းတယ်၊ စိတ်ကူးယဉ် ဆန်လွန်းတယ် ဆိုတဲ့ ဝေဖန်မှုတွေရင်ဆိုင်နေရတယ်လို့ သတင်း က ဆိုပါတယ်။ 

 မြန်မာ စာပေထဲမှာလည်း ခိုးသားနဲ့ ဘုရင့်သမီးတော် ဇာတ်လမ်းဆိုတာ ရှိခဲ့ဖူးတာကြောင့် အကျဉ်းထောင် အမျိုးသမီး အရာရှိ ဆင်ဒီဘိတ်ကာနဲ့ အကျဉ်းသားတို့ရဲ့ အချစ်ဇာတ်လမ်းဟာ ခေတ်သစ်မှာလည်း ရှိနေဆဲ ဆိုတာပါဘဲ။ 


အိမ့်သံစဉ် ~ 


ကိုးကားသတင်း။  ။ http://www.mirror.co.uk/news/uk-news/female-prison-officer-who-exchanged-4866709?ICID=FB_mirror_main








အားသာချက်တွေနဲ့ Honda Airwave

0 comments



ဓာတ်ပုံ - www.blogspot.com


ဒီနေ့  ပြည်တွင်းကားဈေးကွက်မှာကWagon Type တွေရဲ့ နေရာရရှိမှုကတခြားမော်ဒယ်တွေနဲ့ စာရင်တော့ နေရာ နည်းတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အကြောင်းကတော့ Wagon တွေက Taxiလောက်အဖြစ် သုံးရအောင်လည်းကိုယ်ထည်နဲ့ အင်ဂျင်ကနည်းနည်းပိုကြီးနေတာကြောင့် ဆီစားနှုန်းအနေအထားနဲ့ အံမဝင်နိုင်တော့ မသုံးကြဘူးပေါ့။ နောက်ထပ် အိမ်စီးအနေနဲ့  ကြည့်မယ် ဆိုရင်လည်း တဖက်က ကိုယ်ထည  ကြီးမားတော့ မိသားစု Type အတွက် အဆင်ပြေပေမယ့် လမ်းကျပ်ကျပ်မှာတော့ အဆင်မပြေချင်ပြန်ဘူး၊ နောက်ဆုံး ဒီဇိုင်းပေါ့။ ရုပ်ထွက်က Fastback တွေက Wagon တွေထက် သာနေတော့ လူကြိုက်နည်းချင်တဲ့ သဘောပါ။

ဒါဆို Wagon တွေကလူမစီးကြတော့ဘူးလားဆိုတော့လည်း မဟုတ်သေးပါဘူး။ အင်ဂျင်အရွယ်ကြီးတော့  စွမ်းဆောင်ရည်လည်းကောင်းတယ်၊ ဝန်များများတင်နိုင်တယ်၊ ခရီးဝေးသွားနိုင်တယ်၊ ကိုယ်ထည် ကြီးမား တာကြောင့် အတွင်းခန်းကျယ်ပြီး Family Type တွေအတွက် အဆင်ပြေတယ်။ စတဲ့ အားသာချက် တွေ ကတော့ ရှိနေပြန်တာပေါ့။

Wagon တွေရဲ့ ဈေးကွက်ကို တချက်လောက် ကြည့်လိုက်ရအောင်ပါ။

ဘယ်ကားအမျိုးအစားမှာမဆို ဈေးကွက်ရဲ့ Leader ကတော့ Toyota ပဲနော်။ ဒီလိုပဲအခု Wagon မှာလည်း Wish တွေ Ipsum တွေကဈေးကွက်ရဲ့ ဆရာတွေပါ။ ဒါပေမယ့် သူတို့နဲ့အတူတူ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ Wagon တစီးဝယ်မယ်လို့ စိတ်ကူးထားသူတွေအနေနဲ့ အဝယ်စာရင်းမှာ ထည့်သွင်း ထားသင့်တဲ့ မော်ဒယ်တခုတော့ ရှိပါတယ်။ သူကတော့ Honda Airwave ပါ။

ရုပ်ထွက်ပိုင်းမှာ ပုံမှန်လောက်ပဲ ဆိုပေမယ့် ရှေ့မီးကြီးဒီဇိုင်းကတော့ တော်တော်လေးကောင်းပါတယ်။ နောက်ပြီးအတွင်းခန်းအနေအထားက သေသပ်တယ်၊ အနောက်ဘက် ဝန်တင်ခန်းကျယ်တယ်၊ ခရီးသည်ခန်းကတော့ ပုံမှန် အနေအထားလောက်ပါပဲ။ အရောင်ရွေးချယ်နိုင်မှု အပိုင်းမှာ တချက်ကောင်းတာက တည်ငြိမ်တဲ့ အရောင်မျိုးတွေဖြစ်တဲ့ အဖြူနဲ့အနက်တွေ ရနိုင်တာလည်းပါပါတယ်။ တခြား ပြိုင်ဘက် မော်ဒယ်တွေကတော့ Wagon ဆိုရင် အဆိုပါ အရောင်တွေ အဝင်နည်းတယ်လေ။ ပြီးတော့ နောက်ဆုံးနဲ့ အကောင်းဆုံးအားသာချက်တချက် ရှိသေးတယ်၊ ပြိုင်ဘက် Wishတွေထက် သာလွန်တာကဈေးနှုန်း၊ သိန်း ၃၀ လောက်ထိအောင် ကွာတယ်။ ဒါကEquipment အပေါ် မူတည်သေးတယ်နော်။ တချို့ Wishထဲက ခပ်မြင့်မြင့် အနေအထားဆိုရင် သိန်း ၅၀ လောက်ထိအောင် ဟတာတွေ့ရတယ်။

အခု Airwave ကတော့ ၂၀ဝ၉ ခုနှစ် ပတ်ဝန်းကျင်လောက်ကထုတ်ထားတဲ့ မော်ဒယ် ဆိုရင် သိန်း ၁၅၀ လောက်ပဲရှိနိုင်ပြီးအင်ဂျင်ကလည်း ၂ ဒသမ ၄ လီတာသုံးတွေဆိုတော့ အရမ်းကြီးမကြီးပါဘူး။ ဒါပေမယ့် ပုံမှန်ထက်တော့ နည်းနည်းများနေတာပေါ့။ ပြောရရင် ခရီးဝေးထွက်တတ်တဲ့သူမျိုးတွေနဲ့ ဝန်တင်တတ်တဲ့ သူတွေအတွက် ဆိုရင်တော့ ကိုက်မယ် ထင်ပါတယ်ဗျာ။ ဒီလို ၂၀ဝ၉ ခုနှစ်ထုတ် မော်ဒယ်တွေက များသောအားဖြင့်တော့ ကီလို ၆ သောင်းဝန်းကျင်လောက် မောင်းထားပြီးပြီဗျ။ ဒါပေမယ့် ၅ နှစ်လောက်အတွင်းမှာ ဒီလောက်ပဲ သုံးထားတာကတော့ ပြစ်ချက်မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်ကတော့ Airwave က ဝယ်မယ်လို့ စိတ်ကူးစဉ်းစားတဲ့စာရင်းမှာမဖြစ်မနေထည့်ထားရမယ့် မော်ဒယ်တခုလို့ ဆိုလိုက်တာပါ။ ကောင်းတာကတော့ မော်ဒယ်မြင့် ၂၀၁၀ နောက် ပိုင်းတွေ ဖြစ်ပေမယ့် ၂၀ဝ၉ နဲ့ ဝန်းကျင်ဆိုလည်းမမှားပါဘူး။

လင်းထက်(IA)

ပြန်ကြားရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်တဲ့ လက်ပံတောင်းကိစ္စ

Tuesday, December 23, 2014 0 comments


လက်ပံတောင်းတောင်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ထုတ်ပြန်လာတဲ့ သတင်းပါ။ 

 ယမန်နေ့က လက်ပံတောင်းက မြင်ကွင်းတခု၊ ဓာတ်ပုံ- ဟန်ဝင်အောင် ဖေ့စ်ဘုတ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ကာရံရေးဆောင်ရွက်မှု တားဆီးနှောင့်ယှက်ခံရ 

နေပြည်တော် ဒီဇင်ဘာ ၂၂ 

 စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ခြံစည်းရိုး တိုးချဲ့ ကာရံရေးလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခွဲက အဖွဲ့(၃)ဖွဲ့ခွဲ၍ စတင်ဆောင်ရွက်ခဲ့သည်။ 

အဖွဲ့(၃) သည် ယာယီခြံစည်းရိုး တိုးချဲ့ကာရံမည့် အင်ကြင်းတောင်အနီးသို့ အရောက်တွင် ရွာသူ ရွာသား ၁၀၀ ခန့်အနက်မှ ရွာသား ၃၀ ခန့်က မြေထိုးယာဉ်ရှေ့၌ ဝမ်းလျားမှောက်လျက် တားဆီးမှုများ ပြုလုပ်ခဲ့ ကြသည်။ 

အလားတူအဖွဲ့(၂)သည် လိပ်ခွံ တောင် အနောက်ဘက်အနီးတွင် မိုးကြိုးပြင်ရွာမှ ဒေါ်ဝ(၃၇)နှစ်ပါ ရွာသူ ရွာသား ၂၀ ခန့်၏ တားဆီး နှောင့်ယှက်မှုခံခဲ့ရပြီး မိုးကြိုးပြင် ရဲကင်းအနီးမှ စတင်၍ ခြံစည်းရိုး တိုးချဲ့ ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့(၁) ကိုလည်း ဒေါ်ဝ ပါ ရွာသူရွာသား ၃၀ က လာရောက်ဟန့်တားသဖြင့် လုပ်ငန်းခေတ္တရပ်နားခဲ့ရသည်။ 

 ထို့နောက် အဖွဲ့(၂)သည် လုပ်ငန်းခွင် ဆောင်ရွက်မည့်နေရာသို့ သွားရောက်စဉ် အတူပါရှိလာသည့် မြေကော်ယာဉ်နှင့် မြေထိုးယာဉ်တို့ကို ဟန့်တားသည့်လူစုမှ ရွာသား ၁၅ ဦးခန့်က ဘန်ကာစိမ်းရဲကင်းနှင့် လိပ် ခွံတောင်ကြားမှ လေးခွများဖြင့် အနီးကပ်ပစ်ခတ် အကြမ်းဖက်လာ သဖြင့် ကွပ်ကဲရေးအဖွဲ့က နှုတ်ဖြင့် သတိပေးပြီး အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်သည့် ၁၂ ဗို့ပြောင်း ချောသေနတ်ဖြင့် သုံးချက်ခြောက် လှန့်ပစ်ခတ်တားဆီးရာ ရွာသားများ လူစုခွဲ ဆုတ်ခွာသွားခဲ့ကြသည်။ 

 နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် အဖွဲ့(၁) ခြံစည်းရိုးကာရံခြင်း လုပ်ငန်းခွင်နေရာသို့ တုံရွာနေ ဒေါ်သန်းမြ ဦးဆောင်ပြီး ရွာသူရွာသား ၄၀ ခန့်လာရောက်၍ ဟန့်တားမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆွေးနွေးဖြေ လျှော့မှုများ ဆောင်ရွက်ခဲ့သော်လည်း ရွာသူရွာသားများက လက်မခံဘဲ တင်းမာစွာပြောဆိုခဲ့ကြသည်။ 

အင်ကြင်းတောင်အနီး ခြံစည်း ရိုးကာရံနိုင်ရေး ပြင်ဆင်နေသည့် အဖွဲ့(၃)နေရာ၌ ဟန့်တားနှောင့် ယှက်နေကြသော ရွာသူရွာသား ၁၀၀ ခန့်အား တင်းမာမှုများ ဖြေလျှော့ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါ လူအုပ်စုမှ ခြံစည်းရိုးကာရံသည့် လုပ်ငန်းခွင်သုံး အချက်ပြအလံတိုင် ငယ်များကို အလုပ်သမားများထံမှ အတင်းဝင်ရောက်လုယူပြီး မီးရှို့ဖျက် ဆီးကာ လုပ်သား ၁၀ ဦးကို ဝိုင်းဝန်း ပိတ်ဆို့ထိန်းသိမ်းထားခဲ့ကြ သည်။ 

နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ထိန်းသိမ်းထားသော လုပ်သား ၁၀ ဦး ပြန်လွှတ်ပေးရန် လုံခြုံရေးအဖွဲ့ များက တောင်းဆိုခဲ့ရာ အဆိုပါရွာသူ ရွာသားများမှာ ခြံစည်းရိုးတိုးချဲ့ကာရံရာတွင် အသုံးပြုနေသော ယာဉ်၊ ယန္တရားများ ပြန်လည်ဆုတ်ခွာပေးရန် ပြန်လည်တောင်းဆိုခဲ့၍ တာဝန်ရှိ သူများက တင်းမာမှုများကို ညှိနှိုင်း မရဘဲ အန္တရာယ်ဖြစ်မည့်အခြေအနေ အထိ ရောက်ရှိလာသောကြောင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ် သည့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့်ထပ်မံ၍ ရှစ်ချက်ပစ်ခတ် လူစုခွဲခဲ့ရသည်။ 

ထို့နောက် ခြံစည်းရိုးတိုးချဲ့ကာရံသည့် လုပ်ငန်းခွင်သို့ ပါရှိလာသည့်ယာဉ် ယန္တရားများကို မိုးကြိုးပြင် အလယ်ရွာနေ ရွာသူရွာသား ၂၀ ခန့်က လိပ်ခွံတောင်စောင်းပေါ်မှ လေးခွများဖြင့် ပစ်ခတ်ဟန့်တားခဲ့ရာ သံဆူးကြိုးလိပ်များ တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်၏ ရှေ့ခန်း ဝဲဘက်ခြမ်းတံခါးမှန် ထိမှန်ပျက်စီးခဲ့ သဖြင့်လုံခြုံရေးအဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြစ်သည့် ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် လေးချက် ပစ်ခတ်၍ ထပ်မံလူစုခွဲခဲ့ရသည်။ 

အဆိုပါဖြစ်စဉ်တွင် ထိန်းသိမ်း ခံထားရသော လုပ်သား ၁၀ ဦးအား ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင် ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ရွာသားကိုးဦး ဒဏ်ရာရရှိခဲ့ကာ မိုးကြိုးပြင် အလယ်ရွာနေ ဒေါ်ခင်ဝင်းဒဏ်ရာရ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 


ပြန်ကြားရေး ၀န်ကြီးဋ္ဌာန မှ ထုတ်ပြန်ချက်ကို ပြန်လည် ကူးယူဖော်ပြထားပါသည်။ 


 ဆက်စပ်သတင်း။   ။


ရွှေမြန်မာတို့ရဲ့ မောင်းသူမဲ့ လေယာဉ် အသုံးချနယ်ပယ်မှာ အောင်မြင်

0 comments


မြန်မာနိုင်ငံမှာလည်း မောင်းသူမဲ့ လေယာဉ်ကို အသုံးချနယ်ပယ်မှာ စမ်းသပ်အသုံးပြုတာ အောင်မြင်တယ် လို့ မြန်မာနိုင်ငံ လေကြောင်းဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ UAV (သုတေသန) က ထုတ်ဖော်ပြောဆို လာပါ တယ်။ 

အသုံးချနယ်ပယ်မှာ အောင်မြင်စွာ ပျံသန်းတဲ့ မြန်မာတို့ရဲ့ မောင်းသူမဲ့ လေယာဉ်၊ ဓာတ်ပုံ- UAV Research (MAEU)

လျှပ်စစ် ဝန်ကြီးဌာနက တည်ဆောက်မယ့် ၅ဝဝ ကေဗွီ မဟာဓာတ်အားလိုင်း လမ်း အူကြောင်း Survey တိုင်းတာခြင်း ( မဟာဓာတ်အားလိုင်း ဓာတ်ကြိုးသွယ်မည့် လမ်းကြောင်း) လုပ်ငန်းတခုဖြစ်တဲ့ တောင်ငူမြို့ ကနေ ဘုရားကြီး ထိ မိုင် ၁၂ဝ အကွာကို အင်ဂျင်နီယာတွေ ရဲ့ တီထွင်ထားတဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပြီလို့ သိရပါတယ်။ 

မြန်မာတို့ရဲ့ မောင်းသူမဲ့ လေယာဉ် အောင်မြင်စွာ လုပ်ငန်း ဆောင်ရွက်ခဲ့ပုံတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားဖို့လည်း ရှိတယ်လို့ UAE ( Research) ရဲ့ စာမျက်နှာက သိရပါတယ်။ 

အခုလို အောင်အောင်မြင်မြင် လုပ်ငန်း အကောင်အထည်ဖော်နိုင်တဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ပတ်သက်ပြီး ဋ္ဌာနနဲ့ သက်ဆိုင်ရာက ပူးပေါင်းပါဝင်ဆောင်ရွက်သူတွေလည်း ဝမ်းမြောက်ဂုဏ်ယူနေကြတယ်တဲ့။ 




ဒါကြောင့် နည်းပညာ ခေတ်မီဆန်းပြားမှုတွေ ကမ္ဘာကြီးမှာ ရှေ့တန်းရောက်နေချိန်မှာ မြန်မာ အင်ဂျင်နီယာ
တွေ ကလည်း အမှီလိုက်နိုင်အောင် ကြိုးပမ်းမှုရဲ့ ရလာဒ်ပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အမြင့်ပေ မီတာ ၅ဝဝ အမြင့်ထိ မောင်းသူမဲ့ လေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲနယ်မြေမှာ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ ပါသေးတယ်။ 



အိမ့်သံစဉ် ~ 





အသေးစိတ် သိရှိလိုရင်လည်း အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်နော်။

https://www.facebook.com/uavresearch.maeu?fref=photo




၂၀၁၃ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးမှာ ဘာတွေ ထူးထူးခြားခြားတွေ့ရမလဲ

Monday, December 22, 2014 0 comments





 မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးက တဖြည်းဖြည်းနီးလာပါပြီ။ လာမယ့် ဒီဇင်ဘာလ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးက ခါတိုင်းနှစ် ကျင်းပနေကျ အကယ်ဒမီပေးပွဲ တွေနဲ့ မတူဘဲကွဲပြားထူးခြားနေမယ့် နှစ်လို့ ဆိုနိုင်ပါတယ်။

နှစ်စဉ်နှစ်တိုင်းကျင်းပမြဲအကယ်ဒမီပွဲတွေမှာ နိုင်ငံတော်အစိုးရက ကျင်းပပြုလုပ်ပြီး ထူးချွန်ဆုတွေကို အစိုးရအဖွဲ့ကရွေးချယ်ပေးအပ်ခဲ့ပေမယ့် ဒီနှစ်ကတော့ NGO (Non-Government Organization)တခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရုပ်ရှင်အစည်းအရုံးကတာဝန်ရှိသူတွေကိုယ်တိုင် ဦးစီးဆောင်ရွက် ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီထူးချွန်ဆုတွေကို စိစစ်ရွေးချယ် ချီးမြှင့်မယ့်နေရာမှာလည်း ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေကိုယ်တိုင် ဝင်ရောက်ပါဝင်ဦးစီးလုပ်ကိုင်ဆောင်ရွက်မှာဖြစ်ပြီးအကယ်ဒမီပေးပွဲကိုတော့ ခါတိုင်းကျင်းပနေကျ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတို့၊ နေပြည်တော်တို့မှာမကျင်းပတော့ဘဲရန်ကုန်မြို့ စမ်ေးချာင်းမြို့နယ်မှာရှိတဲ့ M.E.P (Myanmar Event Park) ဝင်းထဲမှာကျင်းပမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အကယ်ဒမီဆုပေးပွဲကို ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ အရင့်အရင်နှစ်တွေကလို ကိုယ်တိုင် သွားရောက် အားပေးကြည့်ရှုခံစားနိုင်တဲ့ အခွင့်အရေးကတော့ ဒီနှစ်မှာမရနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်အကယ်ဒမီပေးပွဲကအခြေအနေ၊ အကြောင်းအရာ အမျိုးမျိုးကြောင့် ပရိသတ်တွေအတွက် ထိုင်ခုံနေရာ၊ လက်မှတ်ရောင်းချတာမျိုးရှိမှာမဟုတ်ဘဲဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့  အနုပညာရှင်တွေ၊ စာနယ်ဇင်း ရုပ်သံမီဒီယာသတင်းသမားတွေသာသွားရောက်နိုင်မယ့် အနေအထားမျိုးဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးအနေနဲ့ မြန်မာတပြည်လုံးတိုက်ရိုက်ကြည့်ရှုနိုင်ဖို့  ရုပ်သံ Channel အသီးသီးကနေ ပြသသွားမှာဖြစ်တယ်လို့ ကြားသိရပါတယ်။

ဒီလိုမျိုးခါတိုင်းနှစ်တွေနဲ့ မတူညီတဲ့ ပြောင်းလဲမှုတွေကဒါတင်မကသေးပါဘူး။ နှစ်စဉ် အကယ်ဒမီပေးပွဲတွေမှာအကယ်ဒမီဗန်းကိုင်ဖို့အတွက် လှပျို ဖြူအမျိုးသမီးတွေကိုသာ လျှောက်လွှာ ခေါ်ယူခဲ့ပေမယ့် ဒီနှစ်မှာတော့ အမျိုးသားအကယ်ဒမီဗန်းကိုင်တွေကိုပါ ခေါ်ယူခဲ့ပြီးဒီနှစ်ကစလို့ အကယ်ဒမီ ဗန်းကိုင်တွေကိုအကယ်ဒမီရွှေကြိုလို့  စတင်ပြောင်းလဲခေါ်ဝေါ်တာကလည်း အနုပညာလောကသားတွေ၊ မီဒီယာကစာနယ်ဇင်းပုဂ္ဂိုလ်တွေနဲ့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အံ့ဩဆန်းကြယ် စိတ်ဝင်စားဖွယ် အကယ်ဒမီဆုပေးပွဲတရပ် ဖြစ်လို့နေပါတယ်။

အကယ်ဒမီရွှေကြို ရွေးချယ်မှု အဆင့်ဆင့်ကိုထပ်ဆင့်အကယ်ဒမီရန်အောင်၊ ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်၊ ထပ်ဆင့်အကယ်ဒမီမေသန်းနု၊ ထပ်ဆင့်အကယ်ဒမီမျိုးသန္တာထွန်း၊  ဒါရိုက်တာအိအိခိုင်၊ ဒါရိုက်တာဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊  ဦးမိုးမင်း၊ ကိုမျိုး (မြန်မာစာ)နဲ့ ရုပ်ရှင်အစည်းအရုံးတာဝန် ရှိသူတွေကအကဲဖြတ်  ဒိုင်လူကြီးများ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အကယ်ဒမီရွှေကြို လျှောက်လွှာပေါင်း ၅၀ဝ ကျော်ထဲကမှ ပထမအဆင့် အမျိုးသား၊ အမျိုးသမီးအယောက် ၄၀ စီဆန်ခါတင်၊ အဲဒီနောက် တယောက်ချင်းစီကိုအမှတ်ပေးစနစ်နဲ့ နောက်ဆုံးအဆင့် ဆန်ခါတင် ရွှေကြို အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်စီရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာထူးထူးခြားခြားဆိုသလိုပဲ နိုင်ငံတကာနဲ့ ပြည်တွင်းအလှမယ်ပြိုင်ပွဲတွေမှာ သရဖူတွေ၊ ဆုတွေ အသီးသီးရရှိထားတဲ့ အလှမယ်တွေဖြစ်တဲ့ Miss Asia Pacific World 2014 သရဖူဆုရှင်အလှမယ်မေမြတ်နိုး၊ Miss Myanmar International 2013သရဖူဆုရှင် အလှမယ် ဂုဏ်ရည်အေးကျော်၊ Miss Universe Myanmar 2014  ပြိုင်ပွဲရဲ့ 1st Runner up ကစဆုရရှိထားတဲ့ အလှမယ် ယွန်းမီမီကျော်၊ Miss Oramin-F ပြိုင်ပွဲမှာ ဆယ်ကျော်သက်အလှ ဘုရင်မဆုရရှိထားတဲ့ မော်ဒယ်လ် ခိုင်သုဇင်ငုဝါ၊ Miss Now How 2014 ပြိုင်ပွဲမှာ 1st Runner up ကစဆုရရှိထားတဲ့ မော်ဒယ်လ်နန်းစန္ဒာလှထွန်းစတဲ့ အလှမယ်တွေနဲ့ နာမည်ရမော်ဒယ်လ်တွေကို တက်သစ်စ မျက်နှာသစ် မော်ဒယ်လ်တွေနဲ့ အတူဒီနှစ်အကယ်ဒမီရွှေကြိုနေရာကိုယှဉ်ပြိုင် လျှောက်ကြတာ တွေ့ရပါတယ်။

နောက်ဆုံးအဆင့် ရွေးချယ်ထားတဲ့ အမျိုးသမီးရွှေကြိုဆန်ခါတင် ၁၀ ဦးကတော့ ဆုနန္ဒာအောင်၊ မေမြတ်နိုး၊ ဂုဏ်ရည်အေးကျော်၊ နန်းစန္ဒာလှထွန်း၊ ဖြူသန့်ချော၊ အမရာငြိမ်း၊ စံထိပ်ထားခင်၊ သံသာမိုးသိမ့်၊ ယွန်းမီမီကျော်၊ ခိုင်သဇင်ငုဝါတို့ပဲ ဖြစ်ပါတယ်။

ဒီလိုနောက်ဆုံးအဆင့် ဆန်ခါတင် ရွေးချယ်ထားတဲ့ အမျိုးသမီး ၁၀ ဦးထဲမှာအလှမယ်တွေ ပါဝင်တာနဲ့ပတ်သက်ပြီးပရိသတ်တချို့နဲ့ အနုပညာရှင်တချို့အကြားမှာမတူညီတဲ့အမြင်၊ ဝေဖန်ချက်တွေ ရှိနေပါတယ်။

ဒီလိုဝေဖန်ချက်တွေ ရှိတဲ့အပေါ်ကိုတော့ ရွှေကြိုရွေးချယ်ရေးအဖွဲ့ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူတွေက ဒီလိုနာမည်ရအလှမယ်တချို့နဲ့ ပရိသတ်သိပြီးသားမော်ဒယ်လ်တချို့ကိုရွေးချယ်ဖြစ်တာဟာသူတို့အရင်က ပြိုင်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲတွေမှာရရှိထားတဲ့ ဆုတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ရွှေကြိုရွေးချယ်တဲ့ ပြိုင်ပွဲတလျှောက်မှာသာသတ်မှတ်ထားတဲ့ စံနှုန်း၊ အရည်အချင်းပြည့်မီသူတွေကိုအမှတ်ပေးစနစ်နဲ့ အဆင့်ဆင့် သေချာစိစစ်ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Miss Asia Pacific World သရဖူဆုရှင် အလှမယ် မေမြတ်နိုးက“မြတ်နိုးရွှေကြို ပွဲမှာဝင်လျှောက်ဖြစ်တာက သရုပ်ဆောင်တွေကိုဂုဏ်ပြု တဲ့ပွဲမှာတထောင့်တနေရာကနေပါဝင်ချင်လို့ပါ။ ဒီပွဲဝင်ပြိုင်လို့ သရဖူရထားတဲ့ အလှမယ် တယောက်အပေါ်ဝေဖန်မှုတွေရှိနေတဲ့အပေါ်ပြောရရင် အဲဒါတွေကတွေးခေါ်မှု မှားနေတယ်လို့ပဲပြောပါရစေ။

ဒီလိုထူးချွန်တဲ့ သရုပ်ဆောင်တွေကိုချီးမြှင့်တဲ့ ပွဲမှာ မြတ်နိုးလည်းသရုပ်ဆောင် တယောက်အနေနဲ့ တထောင့်တနေရာကဝင်ရောက်ပါဝင်တာဟာ မြတ်နိုးရတဲ့ Crownနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ပါတယ်။ မြတ်နိုးတို့လည်းသူများနဲ့တန်းတူဖောင်တင်တယ်။ အားလုံးနဲ့တန်းတူအားလုံးရှေ့မှာဝင်အရွေးခံခဲ့တယ်။ အဲဒီအထဲကမှ သင့်လျော်တဲ့သူကိုရွေးလိုက်တာပါ။ မေးခွန်းတွေမှာလည်းဖြေနိုင်တဲ့သူရှိသလိုမဖြေနိုင် တဲ့သူလည်းရှိပါတယ်။ မြတ်နိုးကသရဖူရထားတဲ့ အလှမယ်မို့လို့ အရွေးခံခဲ့ရတာမျိုးမဟုတ်ပါဘူး”လို့ ဧရာဝတီကိုပြောပါတယ်။

Miss Universe Myanmar 2014 ပြိုင်ပွဲရဲ့ 1st Runner up စဆုရရှိထားတဲ့ အလှမယ် ယွန်းမီမီကျော် ကလည်း“ညီမရွှေကြိုရွေးပွဲမှာဝင်ပြိုင်ဖြစ်တာကအကယ်ဒမီပေးပွဲကိုညီမ နှစ်တိုင်းအိမ်ကနေပဲအားပေးခဲ့တာ။ အဲဒီမှာကြည့်ရင် အကယ်ဒမီဗန်းကိုင် အစ်မတွေကိုအရမ်းအားကျတယ်။ သူတို့ဆိုရင် သူတို့လျှောက်လှမ်းနေတဲ့ အနုပညာလောကမှာနေရာတွေရနေကြပြီ။ ဒါကြောင့် ဒီနှစ်ဝင်လျှောက် ဖြစ်တာပါ။ ပြိုင်ပွဲကို Miss တယောက် အနေနဲ့ ဝင်ပြိုင်ပြီးအရွေးခံရတာ ဘယ်လိုခံစားမိလဲဆိုတော့ ကိုယ်သည် ပြိုင်ပွဲတလျှောက် ကိုယ့်ကိုယ်ကိုယ် miss တယောက်ဆိုတာခေါင်းထဲထည့်မထားဘူး။ ကိုယ်သည် သူများတွေနဲ့တန်းတူ ပြိုင်ပွဲဝင်တယောက်ပဲ။ အမှန်အတိုင်းပြောရရင် ဒီဆယ်ယောက်ထဲမှာအရွေးခံရပါ့မလားဆိုပြီးရင်တုန်ခဲ့ပါတယ်။ ပွဲမှာလည်းအကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် အရွေးခံရတယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

ဒီနှစ်မှ ပထမဆုံးစတင်ခေါ်ယူတဲ့ အမျိုးသားအကယ်ဒမီရွှေကြိုမှာဆိုရင်လည်းလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်နေသူသရုပ်ဆောင် ဘုန်းရှိန်ထက်၊ လင်းမြတ် စတဲ့ သရုပ်ဆောင်တွေအပြင်၊ ပရိသတ်တွေမစိမ်းတဲ့ ပိုင်တံခွန်၊ သုတ၊ ချမ်းမြေ့ ညီညီ၊ ထက်အောင်ဝေစတဲ့ အမျိုးသားဓာတ်ပုံမော်ဒယ်လ်တွေနဲ့ တခြားမျက်နှာသစ် တက်သစ်စ အမျိုးသား မော်ဒယ်လ်တွေလည်းအများအပြားလျှောက်ထားကြတယ်လို့ သိရပါတယ်။

နောက်ဆုံးအဆင့် ဆန်ခါတင် ရွေးချယ်ထားတဲ့ အမျိုးသားရွှေကြို ၁၀ ယောက်ကတော့ ဘုန်းရှိန်ထက်၊ ပိုင်တံခွန်၊ လင်းမြတ်၊ ထက်အောင်ဝေ၊ သုတ၊ ရန်နောင်ဇော်၊ အောင်ထွဋ်စံ၊ စိုးသီဟ၊ မင်းတော်ဝင်၊ ချမ်းမြေ့ညီညီတို့ပဲ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာပထမဆုံးဒီနှစ်မှာ ထူးထူးခြားခြားရွေးချယ်တဲ့ ယောကျာ်းလေး အကယ်ဒမီရွှေကြိုကို သတင်းစာကနေ၊ Channelတွေကနေတွေ့ပြီးကျနော်လျှောက်ဖြစ်တာပါ။ အရင်ကတည်းက နှစ်တိုင်းအကယ်ဒမီရွှေကြိုဆိုရင် မိန်းကလေးပဲရွေးတယ်၊ တနှစ်တလေများရွှေကြိုကိုယောကျာ်းလေးတွေ ရွေးရင်လည်းအရမ်းကောင်းမှာပဲဆိုပြီးစိတ်ကူးလေးရှိခဲ့တယ်။ အခုကျနော့်စိတ်ကူးနဲ့ ထပ်တူကျပြီးတော့ ယောကျာ်းလေးရွှေကြိုခေါ်တဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်ပြီးဝင်ပြိုင်ဖြစ်တာပါ”လို့ နောက်ဆုံးဆန်ခါတင်အဆင့်မှာရွေးချယ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်ကဧရာဝတီကိုပြောပါတယ်။

အမျိုးသားရွှေကြို လျှောက်ထားသူတွေထဲမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mr. Asia Contest 2014  ပြိုင်ပွဲမှာ2nd Runner up ဆုရရှိခဲ့တဲ့ မော်ဒယ်လ် ခါရာကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးသူဟာ နိုင်ငံကိုယ်စားပြု အလှမောင်တယောက် ဖြစ်တာကြောင့် သူ့ရဲ့အဖွဲ့အစည်းMiss Golden Land Myanmar က ခွင့်မပြုတဲ့အတွက် ဆန်ခါတင်စာရင်းရွေးချယ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကိုတွေ့ခဲ့ရပါတယ်။

MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ The Sign of Love  မြန်မာရုပ်သံဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် ဘုန်းရှိန်ထက်ကလည်း ရွှေကြိုကိုလျှောက်ဖြစ်ခဲ့တာက ဒီနှစ်အကယ်ဒမီပေးပွဲဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပထမဦးဆုံးဦးစီးကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲဖြစ်ပြီး အမျိုးသား အကယ်ဒမီ ရွှေကြိုကိုလည်းပထမဆုံးစခေါ်တဲ့ပွဲဖြစ်တာကြောင့် စိတ်ဝင်စားပြီးလျှောက်ဖြစ်သွားတာဖြစ်တယ်လို့ ဧရာဝတီကိုပြောပြပါတယ်။ သူကအခုလက်ရှိမှာကိုယ့်ရဲ့ အနုပညာဝမ်းစာကို ဖြည့်နေချိန် ကြိုးစားနေဆဲ အနေအထားသာဖြစ်ပြီး ရွှေကြိုကနေတဆင့် အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်တဲ့ အနုပညာရှင် တယောက် ဖြစ်လာဖို့ဆိုတာကိုယ့်ကြိုးစားမှု အပေါ်မှာလည်းအများကြီးမူတည်တယ်လို့လည်းဆိုပါတယ်။

၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီရွှေစင်ရုပ်တုအတွက် အကယ်ဒမီ တစ်ပြေးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ဒါရိုက်တာကိုဇော်  (အရုဏ်ဦး)  ရိုက်ကူးထားတဲ့ “အဖြူရောင်ရဲတိုက်”နဲ့ “ကိုယ့်အထာနဲ့ကိုယ်”၊ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ “နင်စေရင်”နဲ့     “စေတန်ရဲ့ ကချေသည်” ၊ ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးထားတဲ့ “စုန်းပြူး” ၊ ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးထားတဲ့ “ကြယ်စင်မော်ကွန်း”စတဲ့ ဆန်ခါ တင်ရုပ်ရှင်ဇာတ်ကား ၆ ကားပဲ ဖြစ်ပါတယ်။
ပရိသတ်ခန့်မှန်းထားတဲ့ ဖြစ်နိုင်ခြေအရှိဆုံးမင်းသမီးတွေကတော့ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့၊ ဝတ်မှုံရွှေရည်လို့ သိရပြီးမင်းသားတွေကတော့ အကယ်ဒမီနေတိုးနဲ့ အကယ်ဒမီပြေတီဦး တို့ကိုခန့်မှန်းထားကြတယ်လို့ ကြားသိရပါတယ်။

ဒီနှစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မှာကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲမှာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ထူးချွန်ဆု၊ အကယ်ဒမီဆုများကိုပေးအပ် ချီးမြှင့်သွားမှာဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပထမဆုံးကိုယ်တိုင်ဦးစီးတဲ့ ဒီနှစ် အကယ်ဒမီပေးပွဲကြီးမှာအကယ်ဒမီဗန်းကိုင်ကနေအကယ်ဒမီရွှေကြိုလို့ ပြောင်းလဲခေါ်ဆိုတာ၊ ရွှေကြိုကိုအမျိုးသမီးတွေသာမကအမျိုးသားတွေကိုပါ ရွေးချယ်ခေါ်ယူတာ၊ အကယ်ဒမီပွဲ ကျင်းပမယ့်နေရာကို M.E.P မှာပထမဆုံးစတင်ကျင်းပပြုလုပ်မှာ၊ ခါတိုင်းနှစ်တွေလို မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေကိုယ်တိုင်လာအားမပေးနိုင်တာစတဲ့ စတဲ့ ပြောင်းလဲမှုတွေနဲ့အတူ ဒီနှစ်အခမ်းအနား တင်ဆက်မှုကခါတိုင်းနှစ်တွေထက် ခမ်းနား၊  မခမ်းနား၊  ဆုရွေးချယ် ချီးမြှင့်မှုတွေ တရားမျှတ ခြင်းရှိ၊ မရှိ၊  ပရိသတ်တွေ  မျှော်မှန်းထားတာနဲ့ တထပ်တည်း ကျ၊ မကျ အစရှိတာတွေကော ဘယ်လိုထူးထူးခြားခြား ပြောင်းလဲသွားမလဲဆိုတာကိုတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့ မှာ ဖန်သားပြင်အသီးသီးကနေစောင့်မျှော် ကြည့်ရှုကြပါလို့ပဲ ...။


သီဟတိုး

ဆေးဖြစ်ဝါးဖြစ်သစ်သီးဝလံ (၂)

0 comments





သစ်သီးဝလံတွေကဆေးဖက်ဝင်တာကိုရောဂါအလိုက်ပြောခဲ့ဖူးပါတယ်။ထပ်ပြီးလေ့လာတွေ့ရှိတာတွေကလည်းစိတ်ဝင်စားစရာကောင်းနေတာမို့ဝေမျှပေးချင်လို့ထပ်ဆင့်တင်ပြလိုက်ပါတယ်။ အာဟာရအဖြစ်၊ အရသာအဖြစ် သာမက ဆေးဝါးအဖြစ်သုံးရတဲ့ သစ်သီးတွေစားတဲ့အလေ့အထလည်း ပျိုးထောင်ကြစေချင်တာပါ။ ကိုယ်နဲ့ လက်လှမ်းမီရာ သစ်သီးတွေရွေးချယ်စားသုံးဖို့လည်း ချင့်ချိန်နိုင်တာပေါ့။ သက်ဆိုင်ရာဝေဒနာအလိုက် သင့်လျော်တဲ့အသီးတွေကိုသိပ္ပံနည်းကျစူးစမ်းမှုတွေကနေတင်ပြထားတာတွေ့ရတာပါ။ဈေးနှုန်းသင့်တင့်မှုနဲ့ရနိုင်ဖို့လွယ်ကူတာလေးတွေဦးစားပေးရွေးချယ်ထားပါတယ်။

အစာအိမ်မှာအက်ဆစ်ဓာတ်များခြင်း

အစာအိမ်အချဉ်ဓာတ်လွန်ကဲတဲ့အခြေအနေမျိုးကိုမကြာခဏကြုံရတတ်တာပါ။ရင်ပြည့်၊လေချဉ်တက်၊နေရထိုင်ရအလွန်ခက်တာပေါ့။ဒီအတွက်အသင့်လျော်ဆုံးကတော့သခွားသီးပါပဲတဲ့။အစားအသောက်တွေစားပြီးချိန်မှာ ရေသောက်တာထက်သခွားသီးများများစားပေးလိုက်ရင်၊ဒါမှမဟုတ်စားနေရင်းပဲသခွားသီးစားပေးရင်အဲဒီ အစာအိမ်အချဉ်ပေါက်တဲ့ ဝေဒနာကိုခံသာစေပါတယ်တဲ့။ ကဲ - ဘယ်လောက်လွယ်ကူလိုက်ပါသလဲ။ စမ်းကြည့်ကြတာပေါ့။

သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါအတွက်ပျောက်ကင်းသက်သာစေတဲ့အသီးအပွင့်တွေအများကြီးရှိတယ်လို့ဆိုပါတယ်။အခုပြောမှာကတော့တချို့တဝက်ပါ။သွေးအားနည်းတယ်လို့သွေးစစ်စမ်းသပ်ချက်တွေတွေ့ရင်စပျစ်သီးအရည် တနေ့ကိုတပေါင်၁၀ရက်သောက်ပြီး ပြန်စစ်ကြည့်ပါ၊အသေအချာသွေးအား ပြန်တက်လာတာ တွေ့ရပါမယ်လို့ဆိုလေရဲ့။ ဒီမိုဂလိုဘင်ခေါ်တဲ့သွေးထဲကဓာတ်ကသူ့မှာကြွယ်ဝလို့ပါပဲ။ မက်မွန်သီးတနေ့၅လုံး လောက်၁၀ရက်စားတာကလည်းအဆင်ပြေပါသတဲ့။သူ့မှာကတော့ သံဓာတ်ကြွယ်ဝလွန်းတာမို့ပါပဲ။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါတွေအတွက်အဆင်ပြေတာပေါ့။ ဒါတင်မက၊သရက်သီးဖျော်ရည်နဲ့ နို့အရောလေးတပတ်လောက်သောက်ရင်လည်းသွေးအားနည်းတာ ပြန်ကောင်းလာတာ လက်တွေ့လို့ဆိုပါတယ်။

ထိပ်ပြောင်နေသလား

ဒီပြဿနာကတချို့အတွက်အတော်စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့။ ဒါပေမယ့် သူ့အတွက် ဆေးနည်း ရှိပါတယ်။ မျိုးရိုးလိုက်လို့မဟုတ်ဘဲ၊ ဆံပင်ကျွတ်၊ ထိပ်ပြောင်တာအတွက်တော့သရက်သီးအချဉ်တည်ထားတဲ့ (ပိုးတီလို့ခေါ်ကြတာပေါ့) အသားကိုညှစ်ပြီးရတဲ့အရည်ကိုနာရီဝက်လောက်ခေါင်းမှာလိမ်းပြီးနှိပ်နယ်ပေးတာမျိုးလုပ်ပေးရင်လပိုင်းလောက်မှာဆံပင်တွေ ပြန်ပေါက်လာတတ်တယ်လို့ဆိုပါတယ်။ ထိပ်ပြောင်ကြီးကိုသရက်သီးချဉ် ပွတ်ရတာ စိတ်ကသိကအောင့် ဖြစ်စရာတော့ကောင်းသား။ ဒါကခက်ခဲတယ်ထင်ရင် တခြားနည်းလမ်းရှိပါသေးတယ်။ သခွားသီးအရည်ကိုနှစ်ပတ်တကြိမ်ဆံပင်တွေအပေါ်သုတ်လိမ်းတာကလည်းထိရောက်သလိုသခွားသီးအသား လေးတွေကိုပြောင်နေတဲ့ဦးရေအပေါ်တင်တင်ပေးတာကလည်းဆံပင်ပေါက် မြန်စေပါသတဲ့။

အဆုတ်လေပြွန်ရောင် (အဆုတ်အအေးမိ)

မကြာခဏအဆုတ်အအေးမိတယ်ဆိုပြီးဖျားနာချောင်းဆိုး ဖြစ်တတ်တဲ့သူတွေအတွက် စမ်းကြည့်သင့်တဲ့ ဆေးနည်းလေးပါ။ ဗာဒံစေ့ ၁၀ စေ့နဲ့ စပျစ်သီးခြောက် ၁၀စေ့ ကို တညရေစိမ်ထားပါ။ နံနက်ကျတော့ ဗာဒံစေ့ကို အခွံချွတ်၊ စပျစ်ခြောက်ရေစိမ်ကို အစေ့ထုတ်၊ ချင်း(ဂျင်း)နည်းနည်းထည့်ပြီး ရောကြိတ်ရပါမယ်။ နောက်တော့ ပျားရည်၂ဇွန်းနဲ့ရောမွှေ (တေ) ပြီးနံနက်တကြိမ်၊ ညတကြိမ်လျက်ပေးရင် ၂ရက်လောက်နဲ့ ပျောက်ကင်းသက်သာပါသတဲ့။အဲဒီလိုကုထုံးအဖြစ်မဟုတ်ဘဲနေ့စဉ်အနည်းငယ်မျှသုံးဆောင်တာက အဆုတ်ကိုကြံ့ခိုင်စေတယ်လို့ဆိုပါတယ်။

နားကွဲနာ

ကျေးလက်ကလေး သူငယ်ဘဝတုန်းက ကိုယ်တိုင်လည်း ဖြစ်ဖူးသလို၊ အတော်လေး အတွေ့ရများတဲ့ရောဂါပါ။ နားရွက်ဖျားအောက်နားမှာအမြဲကွဲပြီး ပြည်တစွတ်စွတ် ဖြစ်နေတာမျိုးပေါ့။ ဒီအတွက်တော့ ဆေးက လွယ်ပါတယ်။ သရက်ပင်အနီးအနားမှာရှိနေဖို့ပါပဲ။ သရက်ရွက်အနုလေးတွေအရည်ညှစ်ပြီး မုန်ညင်းဆီနည်းနည်းနဲ့ရော၊ ပြီးတော့ကွဲနေတဲ့ နားရွက်နာပေါ်အစက်ချပေးရုံနဲ့ ပြည်တွေကင်းပြီး အနာကျက်တာ တွေ့ရမယ်လို့ဆိုပါတယ်။

ရုပ်ပျိုဆေး

သဘာဝကိုဆန့်ကျင်ပြီးအလှအပခုံမင်သူတွေစမ်းသပ်ကြည့်သင့်တာပေါ့။ဆေးတဖုံစာအတွက်ဗာဒံစေ့၁၀စေ့ရေစိမ်ကိုအခွံချွတ်ပြီးကြိတ်၊ နွားနို့နဲ့ပျစ်ပျစ်လေးတေပါ။ ပြီးရင်တခါနွားနို့ထဲမှာထပ်ပြီးကျိုပါ။ အအေးခံပြီးတဲ့ အချိန်မှာ ပျားရည်၂ဇွန်းထည့်ဖို့ မမေ့ပါနဲ့။ အဲဒါကိုနေ့စဉ်သောက်ပေးပါတဲ့။ တနှစ်လောက်သောက်ရင် အစဉ်နုပျိုတဲ့ရုပ်ရည် ဖြစ်လာမယ်ဆိုပဲ။ ဆေးစွမ်းပိုထက်အောင်ပန်းသီး၊ စပျစ်သီး၊လိမ္မော်သီးတွေနဲ့ တွဲဖက်စားသုံးသင့်ပါသေးသတဲ့။

ရေငတ်ပြေဆေး

တချို့သူတွေမှာအလကားနေရင်းရေငတ်သလိုခံစားနေရတတ်ပါတယ်။လိမ္မော်ရည်တို့၊နာနတ်ရည်တို့က ပြေသာတဲ့ဆေးတွေပေါ့။တခြားထူးခြားတဲ့နည်းလမ်းတခုကတော့သရက်စေ့ထဲကအဆန်ကိုခြေပြီးရေနွေးကြမ်းလိုသဘောထားကြိုသောက်တာပါပဲတဲ့။အရသာရှိချင်ရင်သကြားလေးနည်းနည်းထည့်လို့ရပါတယ်။ရေငတ်တဲ့ခံစားမှုမကြာခဏခံစားနေရသူတွေအတွက်တော့ကျွဲကောသီးအရည်ကိုသကြားထည့်ပြီးသောက်တာကအစွမ်းအထက်ဆုံးလို့ဆိုပြန်ပါတယ်။တနေ့၂ကြိမ်၃ကြိမ်သောက်ပေးရင်ပျောက်သွားမှာပါတဲ့။

မီးလောင်ဒဏ်ရာ

သရက်စေ့ရဲ့အသုံးတည့်ပုံတခုကတော့အပေါ်ယံလောက်မီးလောင်တာမျိုးမှာအဲဒီသရက်စေ့ရဲ့အဆန်ကိုသွေး ပြီးလူးထားပေးရင်အပူလည်းသက်သာ၊ဒဏ်ရာလည်းမကျန်ဘူးဆိုပဲ။ သရက်ရွက်ခြောက်ကို ပြာချပြီး မီးလောင်ထားလို့ ဖြစ်နေတဲ့အနာတွေမှာ ဖြူးပေးတာကလည်း အကောင်းဆုံးပိုးသတ်ဆေးနဲ့ အနာကျက်မြန်ဆေးလို့ဆိုပြန်ပါတယ်။

နွမ်းလျမောပန်းနုံးချည့်

လူတိုင်းစိတ်ပန်းလူပန်းချိန်မှာခံစားရတဲ့အဲဒီအမောအနွမ်းတွေအတွက်အုန်းရည်လတ်လတ်ဆတ်ဆတ်လေး သောက်ပေးတာကအကောင်းဆုံးဖြေဆေးပါတဲ့။လိမ္မော်၊နာနတ်အရောဖျော်ရည်လေးကလည်းအဆင်ပြေပါသတဲ့။အဲဒီဖျော်ရည်ကိုမျိုမချမီပါးစပ်ထဲနည်းနည်းငုံကျင်းပြီးမှသောက်ရင်သွားတွေတောင်သန့်ရှင်းပြီးသွားချေးတက်သက်သာတယ်ဆိုလေရဲ့။

ခံတွင်းအနံ့ဆိုး

ပုံမှန်အားဖြင့်ခံတွင်းနံ့ဆိုးရတာကခံတွင်းမှာရောဂါပိုးမွှားတွေဝင်ရောက်တာကြောင့် ဖြစ်သလို၊အစာလမ်းကြောင်းရဲ့ရောဂါဘယတွေကြောင့်လည်း ဖြစ်တတ်တာပါ။ စပျစ်သီးခြောက်ကလေးတွေကို အစေ့ထုတ်ပြီးဝါးပေး၊ ငုံထားပေးရင်အနံ့အသက်တွေသက်သာစေတယ်လို့ဆိုပါတယ်။

အစာမကြေခြင်း

ဒီ ဝေဒနာကတော့မကြာခဏကြားဖူးနေမှာ ဖြစ်သလို၊ခံလည်းခံစားဖူးကြမှာပါ။ အစာမကြေဘူး၊ ရင်ပြည့်ရင်ကယ် မအီမသာစသဖြင့်တွေပေါ့။ ဆေးကစိတ်ဝင်စားစရာကောင်းသား။ သင်္ဘောသီးကို အစိတ်လေးစိတ်၊ဆားနဲ့ငရုတ်ကောင်းမှုန့်ဖြူး၊ သံပရာရည်လေးတစက်လောက်ညှစ်ချပြီးစားကြည့်ပါတဲ့ (ရောဂါမသက်သာတောင်မှအရသာတော့အတော်ရှိမယ့်သဘောပဲ)။သင်္ဘောသီးမှာပါတဲ့ Pepsin ကအစာကြေညက်မှုမှာ အတော် အထောက်အကူ ပြုတယ်လို့ဆိုပါတယ်။ အစာကြေရုံတင်မက၊ အစာလမ်းကြောင်းက ရောဂါပိုးတွေလည်း သေစေပြန်ပါသတဲ့။ အသည်းကောင်းချင်ရင်လည်း သင်္ဘောသီးစားဖို့တိုက်တွန်းပြန်ပါတယ်။

ကျောက်ကပ်ရောဂါ

ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါစုံအတွက်တော့စပျစ်ရွက်အနုလေးတွေပြုတ်ပြီးဆားနည်းနည်းခတ်သောက်ပါတဲ့။ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေကြောင့် ဖြစ်သမျှနာကျင်ရောင်ရမ်းမှုတွေအဆင်ပြေပါသတဲ့။

အသည်းရောဂါ

အသည်းဝေဒနာမျိုးစုံအတွက်တော့ခရမ်းချဉ်သီးဖျော်ရည်ကိုညွှန်းပါတယ်။အသက်ကြီးသူတွေတနေ့မှာ၂လုံး၊ ငယ်သူတွေတနေ့တလုံးအရည်ဖျော်သောက်ရင်အသည်းရောဂါတွေ ဖြစ်နေသမျှကင်းပစေပါမယ်တဲ့။ ဖျော်ရည်အဖြစ်သောက်တာ၊စွပ်ပြုတ်လိုလုပ်သောက်တာဘာမဆိုအဆင်ပြေပါသတဲ့။အဲဒီခရမ်းချဉ်ဖျော်ရည်ထဲ ချင်း (ဂျင်း) ဖျော်ရည်လေးများစွက်လိုက်ရင်တော့အူလမ်းကြောင်းကိုပါအထောက်အကူ ဖြစ်စေပါသတဲ့။

ကဲ - ဒီဆရာဝန်တော့ဗိန္ဒောယောင်ယောင် ဖြစ်နေပြီမထင်လိုက်ပါနဲ့။ အသီးအနှံတွေစားရင်းကနေ ရောဂါဝေဒနာတွေပါပျောက်ကင်းတယ်ဆိုရင်အရသာလည်းရှိ၊ အမြတ်လည်းထွက်တယ်မဟုတ်ပါလား။ ကြိုးစားကြည့်လို့ဘေးမဖြစ်စေမယ့်ဆေးနည်းလေးတွေစိတ်ဝင်စားလို့မျှဝေလိုက်ပါတယ်။ စိတ်ပါရင် စမ်းကြည့်ကြရအောင်။

ဒေါက်တာသက်ဦး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ်(၅၁)မှ ကူးယူဖော်ပြသည်"

ပျော်စရာခရစ္စမတ်နဲ့အတူအလှဆင်ကြ၊လက်ဆောင်ပေးကြမယ်

0 comments



 
Pearl Gift Shop & Florist မှ (ဓာတ်ပုံများ-တင်ထက်ပိုင်/ ဧရာဝတီ)


  နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလဟာခရစ်ယာန် ဘာသာဝင်တွေအတွက် ခရစ်တော် ဖွားမြင်တဲ့၊ ဆွေမျိုးမိတ်သဟာတွေနဲ့ တွေ့ဆုံကြတဲ့လ၊ တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးစွာလက်ဆောင်တွေ ပို့စ်ကတ်တွေ ဖလှယ်ကြတဲ့လ၊ ပျော်ပွဲရွှင်ပွဲညစာစားပွဲတွေ ကျင်းပကြလို့ ပျော်ရွှင်ရတဲ့လပဲ ဖြစ်ပါတယ်။
 
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့နဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ည New Year Night တို့ဟာဆိုရင် လူငယ်တွေအတွက် Christmas Party၊ New Year Party စသဖြင့် ပျော်ပွဲရွှင်ပွဲညစာစားပွဲပါတီပွဲမျိုးတွေ ကျင်းပပြုလုပ်ပြီးပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိကြတဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာအချိန်အခါ ရောက်လာပြီဆိုတာနဲ့ ကမ္ဘာ အနှံ့အပြားမှာရှိတဲ့ မြို့ကြီးတွေမှာဟိုတယ်၊ ဈေးဝယ်စင်တာ၊ အပန်းဖြေစင်တာ၊ ပန်းခြံအစရှိတဲ့နေရာတွေမှာခရစ္စမတ် အပြင်အဆင်တွေနဲ့ အလှဆင်မှုမျိုးတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြပြီးခရစ္စမတ် မီးထွန်းပွဲကိုလည်းသက်ဆိုင်ရာခရစ်ယာန်ဘာသာဝင် အသီးသီးကသူတို့ရဲ့နေအိမ်တွေရှေ့မှာ ခရစ္စမတ်သစ်ပင်လေးတွေ ကိုယ်စီထားလို့ ကျင်းပဆင်နွှဲကာ ခရစ္စမတ်ကိုကြိုဆိုလေ့ရှိကြပါတယ်။

အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်တွေ အများအပြားနေထိုင်ကြတဲ့ အနောက်နိုင်ငံတွေမှာ ဒီအချိန်ဆိုရင် ဖွားမြင်လာမယ့် သခင်ယေရှုခရစ်ကို ကြိုဆိုဖို့ သူတို့ရဲ့ နေအိမ်၊ ဆိုင်ခန်းတွေမှာခရစ္စမတ်သစ်ပင်တွေနဲ့ ခရစ္စမတ်မီးလုံးတွေကိုလှပစွာထွန်းညှိအလှဆင်တတ်ကြပါတယ်။

ခရစ္စမတ်သစ်ပင်နဲ့အတူ နေအိမ်ရှေ့နဲ့ ဆိုင်ခန်းမျက်နှာစာတွေမှာ ဝ၀၊ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ဖြူဖြူနဲ့ ကတ္တီပါအင်္ကျီ၊ ဘောင်းဘီနီနီရဲရဲကို ဝတ်ဆင်ထားပြီး လက်ဆောင်ထုပ်အကြီးကြီးသယ်ထားတဲ့၊ ကလေးတွေချစ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီး စန်တာကလော့စ် အရုပ်၊ အရွယ်အစားစုံ၊ အရောင်သွေးစုံနဲ့ ခရစ္စမတ် လက်ဆောင်အထုပ်တွေ၊ ခရစ္စမတ် ရဲ့ သင်္ကေတတွေဖြစ်တဲ့ သမင်၊ ဒရယ်ရုပ် တွေနဲ့ ကြယ်တာရာ၊ ခေါင်းလောင်း၊ ထင်းရှူးသီး၊ နှင်းပွင့် နှင်းဖတ်၊ နှင်းလူရုပ်၊ ရောင်စုံ လျှပ်စစ်မီးလုံးစတဲ့ ခရစ္စမတ်မှာအလှဆင် လေ့ရှိကြတဲ့ တန်ဆာပစ္စည်းမျိုးစုံ၊ အရုပ်မျိုးစုံတို့နဲ့ အလှဆင်ထားတာတွေ့ရပါတယ်။

ခရစ္စမတ် ကာလမှာဆိုရင် ခရစ်ယာန် ဘာသာဝင် လူငယ်တွေ၊ အပေါင်းအသင်းမိတ်ဆွေတွေ စုဝေးလို့ ခင်ရာမင်ရာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ နေအိမ်ရှေ့တွေမှာခရစ္စမတ် တေးသီချင်းတွေ ဂစ်တာတီးရင်းသံပြိုင်သီဆိုလို့ ယေရှုခရစ်တော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုချီးမွမ်းကြတာလည်း ကြားရမှာ ဖြစ်ပါတယ်။
 

ဒါ့အပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ည၊ ခရစ္စမတ် ညကိုရောက်ပြီဆိုရင် ယေရှုခရစ်တော် မွေးဖွားခြင်းကိုသတိရတဲ့အနေနဲ့ ဘုရားကျောင်းတွေမှာအထိမ်းအမှတ်ပွဲတွေ၊ ပြဇာတ်ကပြတာမျိုးတွေ၊ သီချင်းဆို ပြိုင်ပွဲတွေ၊ ဈေးရောင်းပွဲတော်တွေ ကျင်းပပြုလုပ်လေ့ ရှိကြသလိုနေအိမ်တွေမှာလည်းမိသားစုတွေ၊ မိတ်ဆွေ သင်္ဂဟတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံညစာစားကြတဲ့ ခရစ္စမတ် ညစာစားပွဲပါတီမျိုးတွေလည်းကျင်းပပြီး ခရစ္စမတ်ညကို ဖြတ်သန်းလေ့ရှိကြပါတယ်။ အခုလို ခရစ္စမတ်ကာလမှာ အဝေးရောက်နေတဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ ခရစ္စမတ်နေ့ မရောက်ခင်ကတည်းက ကြိုတင်ပြီးတော့ ဇာတိရပ်ဝေးကအပေါင်းအသင်းမိတ်ဆွေတွေ၊ မိဘဆွေမျိုးမောင်နှမတွေနဲ့ ကိုယ် ချစ်ခင်မြတ်နိုးရသူတွေဆီကိုအမှတ်တရအထိမ်းအမှတ် ပို့စ်ကတ်တွေ လက်ဆောင်ပေးပို့ကြပါတယ်။

အင်တာနက် အသုံးပြုမှု မတွင်ကျယ်ခင်ကဒီလိုပို့စ်ကတ်လက်ဆောင်တွေကိုစာတိုက်၊ ကြေးနန်းတွေကတဆင့် ပေးပို့ခဲ့ကြရပြီးဒီနေ့ခေတ်မှာတော့ အင်တာနက်ကနေအလွယ်တကူ Download ဆွဲပြီးဒါမှမဟုတ် ကိုယ်တိုင် ဖန်တီးပြုလုပ်ပြီး Email, Facebook, Viberတို့ကနေတဆင့် အချင်းချင်းပေးပို့နေကြပါပြီ။ တချို့သူတွေကလည်းGift Shopတွေကနေတဆင့် Delivery service (အိမ်တိုင်ရာရောက် ပေးပို့ပေးတဲ့ ဝန်ဆောင်မှုစနစ်) မျိုးနဲ့  ခရစ္စမတ်  အမှတ်တရလက်ဆောင်တွေ၊ ခရစ္စမတ်ကတ်တွေ ပေးပို့လေ့ ရှိကြပါတယ်။

ဟိုးအရင်ကတော့ မြန်မာပြည်မှာခရစ်ယာန် ဘာသာဝင် တချို့တလေပဲ ခရစ္စမတ်ပွဲအတွက် ဆင်နွှဲကြပေမယ့် ဒီဘက် အင်တာနက် ခေတ်မှာတော့ ဘယ်ဘာသာဝင်မဆိုဝင်ရောက်ပျော်ရွှင် ဆင်နွှဲကြသလို စူပါမားကတ်ကြီးတွေ၊ အရောင်းဆိုင်တွေမှာလည်းခရစ္စမတ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေ ရောင်းချတာ၊ အလှဆင်ထားတာတွေ့နိုင်ကြမှာပါ။

ခရစ္စမတ် အလှဆင်ပစ္စည်းတွေရဲ့ ဈေးနှုန်းအချို့ကတော့ ကျပ် ၁၀ဝ၀ ကျော် ဝန်းကျင်ကနေကျပ် ၅၀ဝ၀ဝ ကျော်အထိပစ္စည်းအပေါ်မူတည်ပြီးဈေးနှုန်းအသီးသီးရှိကြပါတယ်။
 
ဒီတပတ်မှာတော့ ဧရာဝတီခေတ်ရေစီးစာဖတ်ပရိသတ်တွေအတွက် ခရစ္စမတ်ချိန်ခါနီးလာတာကြောင့် ခရစ္စမတ်ညမတိုင်ခင် ကိုယ့်နေအိမ်မှာအလှဆင်ဖို့၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်း၊ မိသားစုဝင် ချစ်ခင်သူတွေကိုလက်ဆောင်ပေးဖို့ ခရစ္စမတ် ကတ်ကလေးတွေ၊ ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ အလှဆင် ပစ္စည်းလေးတွေ၊ အရုပ်လေးတွေ ကြိုတင် ဝယ်ယူနိုင်ဖို့ ရိုက်ကူးရေးသားဖော်ပြပေးလိုက်ပါတယ်။

 
သီဟတိုး 



 



 "အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ် (၅၁) မှ ကူးယူဖော်ပြသည်"



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved