Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
ညှိုးနွမ်းစေ ...
Wednesday, May 7, 2014
0
comments
ကျခဲ့ရတဲ့ သွေးတွေ ...
ကျခဲ့ရတဲ့ မျက်ရည်တွေ ...
ရှုံးဆုံးခဲ့တဲ့ အခွင့်အရေးတွေ ...
မှေးမှိန်ခဲ့ရတဲ့ အလင်းတွေ ...
မည်းညစ်နေတဲ့ ကျောမွဲတွေ ...
ညှိုးနွမ်းနေတဲ့ သူတို့ရဲ့ မျက်နှာတွေ ...
နံရိုးကိုင်းနေတဲ့ ကလေးတွေ ...
ဗိုက်နှိပ်ပြီး ငိုနေတဲ့ကလေးတွေ ...
ပညာအတွက် သင်ပုန်းမဲ့ ဘ၀တွေ ...
ဝမ်းစာအတွက် ခွက်စုတ်နဲ့ ဘ၀တွေ ...
အချိန်တန် အိမ်မပြန်နိုင်သေးတဲ့ ညဥ့်ငှက်ကလေးတွေ ...
သြော် ... သူတို့တတွေကို ညှိုးနွမ်းစေလို့ ... ဘယ်သူတွေကများ ဖန်းဆင်းနေပါလိမ့် ... ။
အဉ္ဇလီ

ဦးဝင်းတင်ရဲ့ ကျားရဲ ကဗျာ
Tuesday, April 22, 2014
0
comments
~

.
ဦးဝင်းတင်ရဲ့ ကျားရဲ ကဗျာကို Kenneth Wong ဆိုတဲ့ ဘလော်ဂါတယောက်က သူ့ဘလော့မှာ အင်္ဂလိပ်လို ဘာသာပြန်ပြီး ဖော်ပြထားပါတယ်။ ဦးဝင်းတင်ပုံကိုလည်း ဆွဲထားပါတယ်။ အထင်ကရ ဓာတ်ပုံဆရာ James Mackay ရိုက်ကူးထားတဲ့ပုံကို ကူးဆွဲတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နာရီပိုင်းအတွင်း တင်လိုက်တဲ့ အဲဒီပုံနဲ့ ကဗျာဘာသာပြန်၊ ပြီးတော့ မူရင်းကဗျာကို ရွတ်ထားတဲ့ အသံဖိုင် စတာတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ကျားရဲ
နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမ၀င်…..လေမ၀င်
နေမမြင်…..လမမြင်
လူမမြင်…..သူမမြင်မှာ
ထိုင်လျှင်ထိုင်…..မထိုင်လျှင်ငေး
အိပ်လျှင်အိပ်…..မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရော…..သီချင်းလေးမှ မဆိုရ
စါဖတ်ဖို့ ဝေးရော…..ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော…..စကားလေးမှ မပြောရ
အဟောသိက…..သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး…..ပတ်လျှောက်လိုက်
သံတခါးဝ…..ရပ်လိုက်
တမတ်တပ်တပ်…..တနေကုန်။ ။
မနေ့ ကလည်း…..တနေကုန်
ဒီနေ့ လည်း…..တနေကုန်
မနက်ဖြန်လည်း…..ကုန်အုံးမယ်
ကုန်…..ကုန်…..ကုန်….
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား…..တသက်ကုန်မလား
တလကုန်မလား…..တဘ၀ကုန် မလား
တနှစ်ကုန်မလား…..တခေတ်ကုန်မလား
အားမလျှော့ဘူး…..မပျော့ဘူး
ပေဖြစ်တော့ခံမယ်..…တူုဖြစ်တော့ နှံမယ်
အမှန်တရား…..တို့ဖက်မှာရှိတယ်
ပြည်သူအများ…..တို့ဖက်မှာရှိတယ်
ကာလယန္တား…..တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား…..တို့ဖက်မှာရှိတယ်
သိကြရဲ့လား။ ။
တိရစ္ဆာန်ရုံ က ကျားလို..…လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့် တုံးမယ် ထင်နေသလား…
မှားလိုက်တဲ့အမြင်..…ဟားတိုက်လို့ ရီချင် စရာ။ ။
မှတ်ထားဟေ့….
အ၀ါပေါ်မှာ…အနက်စင်း…
မပျက်မယွင်း….ကွက်ကွက်ကွင်း…
အရှင်းသား မလွဲသ၍
အထင်းသားစွဲ သ၍
ကျားရဲဟာ ကျားရဲ
ငါလည်း….
အဲဒီလိုပဲကွ…..ဟေ။ ။
ဦးဝင်းတင် (ဟံသာဝတီ) ၏ ထောင်တွင်းမှကဗျာ
Fearless Tiger

Burning sun,
Pelting snow,
Sometimes the heat is prickly,
Sometimes the cold shakes me;
My narrow living quarter
Sees no bright light, feels no wind blow,
Sees no sunshine, nor no moonrise,
Sees no human, nor humanity.
Sit or gaze,
Sleep or think,
Can’t get news, can’t even sing a song,
Can’t read, can’t attempt poetry,
Can’t preach, can’t even speak to a soul.
Samsara is empty,
My world is tiny,
I pace in my little space,
I pause before the iron door,
I stand for a bit … and the day is gone.
Gone was the day before,
Gone is the whole today,
Gone will be the next day,
Gone, gone, gone …
Get them all gone!
A day or a life
A month or an age
A year or an era,
I won’t lose hope, I won’t give up,
Now I’m the anvil, later the hammer;
Don’t you know
The truth is on my side,
The people are on my side,
Time stands by me,
And Buddha stands with me?
Do you think
I’ll grow blunt in monotony
Like a caged tiger at the zoo?
What a laugh!
Remember!
As long as the black stripes
Cut across my yellow bright,
Unmistakable
And clear,
A tiger is a tiger,
And I am
Just the same!
..
U Win Tin (Hanthawaddy)
U Win Tin (Hanthawaddy)
A poem from somewhere inside the prison
translated by Kenneth Wong
http://kennethwongsf.blogspot.com/2014/04/fearless-tiger-by-hanthawaddy-u-win-tin.html
.translated by Kenneth Wong
http://kennethwongsf.blogspot.com/2014/04/fearless-tiger-by-hanthawaddy-u-win-tin.html
နိုင်ငံတကာမြစ်များနေ့ ကဗျာဖတ်ပွဲ
Thursday, March 13, 2014
0
comments
~

မနက်ဖြန် သောကြာနေ့ နေ့ခင်း ၁းဝဝ နာရီမှာ မြန်မာနိုင်ငံ ကဗျာဆရာမသဂ္ဂရဲ့ အစီအစဉ်တခု ရှိပါတယ်။ အဲဒါကတော့ နိုင်ငံတကာမြစ်များနေ့ ကဗျာဖတ်ပွဲပါ။
ရန်ကုန်မြို့ အမှတ် ၂၆၈ ပန်းဆိုးတန်းလမ်းက The Last Leaf ပန်းချီပြခန်းမှာ ပြုလုပ်မှာဖြစ်ကြောင်း ကဗျာစိတ်ဝင်စားသူ၊ သဘာ၀၀န်းကျင် ချစ်ကြသူ၊ မီဒီယာတို့ကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
ဖိတ်စာကို ဓာတ်ပုံရိုက်ပြီး ဖော်ပြလိုက်ပါတယ်။

ဖျာလေးတစ်ချပ် လိုချင်တယ်
Tuesday, December 3, 2013
1
comments
~
ခင်းဖို့ ဖျာသစ်လေး တစ်ချပ်လိုချင်ပါတယ်။
အမေ အိပ်နေတဲ့ ဖျာလေးက
ထောင့်တွေ စုတ်လို့ ဟောင်းလှပြီ။
အဖေ့ ကျောက ချွေးကွက်တွေနဲ့
နွမ်းလှပါပကော။
သြော်... ဖျာလေးဘယ်လိုရက်
ရော်.. ငါမတတ်ပါလား။
မြေမဲ့၊ ယာမဲ့၊ နည်းပညာမဲ့တဲ့ငါ
ဖျာလေးတစ်ချပ်အတွက်
မြ၀တီတောင်တန်းဆီသွားရမလား။
ရွှေလီမြစ်ကမ်းနံဘေးကို သွားရမလား။
ဒါမဟုတ် ရန်ကုန်ကိုလား။
နေပြည်တော်ကိုလား။
အမေ့အတွက်
ဖျာသစ်လေးတစ်ချပ် လိုချင်တယ်။
ဘာရာဒွါဂျာ (မြန်မာပြည်)
.
ခင်းဖို့ ဖျာသစ်လေး တစ်ချပ်လိုချင်ပါတယ်။
အမေ အိပ်နေတဲ့ ဖျာလေးက
ထောင့်တွေ စုတ်လို့ ဟောင်းလှပြီ။
အဖေ့ ကျောက ချွေးကွက်တွေနဲ့
နွမ်းလှပါပကော။
သြော်... ဖျာလေးဘယ်လိုရက်
ရော်.. ငါမတတ်ပါလား။
မြေမဲ့၊ ယာမဲ့၊ နည်းပညာမဲ့တဲ့ငါ
ဖျာလေးတစ်ချပ်အတွက်
မြ၀တီတောင်တန်းဆီသွားရမလား။
ရွှေလီမြစ်ကမ်းနံဘေးကို သွားရမလား။
ဒါမဟုတ် ရန်ကုန်ကိုလား။
နေပြည်တော်ကိုလား။
အမေ့အတွက်
ဖျာသစ်လေးတစ်ချပ် လိုချင်တယ်။
ဘာရာဒွါဂျာ (မြန်မာပြည်)
.
တင်မိုး ၈ဝ၊ ကဗျာ ၈ဝ နဲ့ ဟိုဘက်ကမ်းက ဖန်မီးအိမ်
Friday, November 22, 2013
0
comments
~

နိုဝင်ဘာ ၁၉ရက်နေ့တွင် ကျရောက်သော ကဗျာဆရာကြီးတင်မိုး ၈ဝ ပြည့်နေ့တွင် သူနှင့်သက်ဆိုင်သော စာအုပ် ၂ အုပ် ထွက်လာသည်။
စာအုပ်အမည်များမှာ "တင်မိုး ၈ဝ၊ ကဗျာ ၈ဝ" နှင့် "ဟိုဘက်ကမ်းက ဖန်မီးအိမ်" တို့ဖြစ်သည်။
တင်မိုး ၈ဝ၊ ကဗျာ ၈ဝ တွင် "ပြည်ပမှာ ရေးထားတဲ့ ကဗျာ အသစ်များ" အများစု ပါဝင်သည်ဟု ဆရာကြီး၏သမီးဖြစ်သူ စာရေးဆရာမ မိုးချိုသင်းက သူ၏ Facebook တွင် ရေးထားသည်။
မိုးနဲ့ စမ်း စာအုပ်တိုက်၏ ပွဲဦးထွက် လက်ရာဖြစ်သည်ဟု ဆိုသည်။ စာအုပ်တိုက်အမည်နှင့် စပ်လျဉ်းပြီး မိုးချိုသင်းက
"မိုး နဲ့ စမ်း ဆိုတာ အဖေ စပ်ထားတဲ့ ကဗျာ ခေါင်းစဉ် တခုပေါ့။ ၉ဝ ကျော်တုန်းက စပ်ဖြစ်ခဲ့တဲ့ ကဗျာလေး တပုဒ်ပါ။
အမေ ဆုံးတော့ အမေ့ကို သတိတရ နဲ့ အိမ်ဘေးက ချောင်းကလေးကို ပမာပြုပြီး အဖေက စပ်ခဲ့တာ။ မိုးရှိရင် စမ်းကလေး ရှိမှာ အသေအချာ တဲ့။
အဲဒါကို မဂ္ဂဇင်းတိုက်ကို စာမူပို့တော့ စိစစ်ရေးက ဖြုတ်တယ်။ ဘာဖြစ်လို့လဲ ဘာလို့ ဖြုတ်တာလဲဆိုတော့ ဒါ မိုးသီးဇွန် ရှိရင် အောင်ဆန်းစုကြည် ရှိမှာပဲ လို့ ပြောချင်တာ တဲ့။ ဒါကြောင့် ပိတ်တာ ဆိုပဲ။ ပညာရှိများ လုပ်တာ ဟာသ ဖြစ်ကျန်ခဲ့တာပေါ့"
ဟု ရှင်းပြထားသည်။
ဟိုဘက်ကမ်းက ဖန်မီးအိမ် စာအုပ်ကို လမ်းသစ် စာအုပ်တိုက်က ထုတ်ဝေသည်။
၂ဝဝဝ ပြည့်နှစ် မေလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သော ပညာရေးဆိုင်ရာဆွေးနွေးပွဲတွင် ဆရာကြီးတင်မိုး ဟောပြော၊ ဆွေးနွေးထားချက်များကို ထိုစာအုပ်တွင် စုစည်းထားခြင်းဖြစ်သည်။
ပညာရေးဆိုင်ရာဆွေးနွေးချက်များအပါအ၀င် စာပေ၊ ယဉ်ကျေးမှုအထွေထွေ၊ ဆရာကြီး၏ ပညာရေးနယ်ပယ်မှ အတွေ့အကြုံများ၊ ရေးသားခဲ့သော ကဗျာများအကြောင်းလည်း ဖတ်ရှုရမည်ဖြစ်သည်။

- မှတ်ချက်
.
သော်ဒီဝေရဲ့ မြို့ထဲက အနုပညာဖန်တီးမှု “လ” သုံးစင်း အကြောင်း
Sunday, September 8, 2013
0
comments
~
တကယ့်ကိုပါပဲ၊ ကဗျာတွေကို ဖတ်ရင်း အလွမ်းတွေက ရင်ကို လွှမ်းသွားပါတယ်။ ကိုဝေကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ သော်ဒီဝေရဲ့ “မြို့တမြို့၊ လ သုံးစင်း” ကဗျာ စာအုပ်ကို ဖတ်ရှုရင်း ကျနော့် အတွေးစိတ်ကူးနဲ့ ဘဝထဲကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး တိုးဝင်လာတဲ့ အလွမ်းတွေကို လွမ်းမိပါတယ်။
အဲဒီအလွမ်းတွေကို တိတိကျကျ ပြောဖို့ အမည်ပေး သတ်မှတ်ဖို့ အတော် ခက်ပါတယ်။

အဲဒီအလွမ်းတွေကို တိတိကျကျ ပြောဖို့ အမည်ပေး သတ်မှတ်ဖို့ အတော် ခက်ပါတယ်။

ရန်ကုန် ငြိမ်းချမ်းရေး
Thursday, August 1, 2013
0
comments
ရန်ကုန် ငြိမ်းချမ်းရေး
အောင်ဒင်၊ သြဂုတ် ၁၊ ၂၀၁၃
(၂၀၁၃ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ၂၅နှစ်ပြည့်သို့ ဦးညွတ်ဂုဏ်ပြုခြင်း၊)
ရန်ကုန်မှာ
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာပြောဆိုနေကြပြီတိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပါတ်လာနေကြပြီ၊
နိုင်ငံခြားသားတွေ ခြေချင်းထပ်နေကြပြီ၊
လူ့အခွင့်အရေးသင်တန်းတွေ ပေးနေကြပြီ၊
ဟိုတယ်တွေဟာ သင်တန်းခန်းမတွေဖြစ်ပြီး
ဒီမိုကရေစီအင်အားစုတွေ စွမ်းရည်မြင့်မားလာကြပြီ၊
အလုပ်သမားတွေ သမဂ္ဂတွေ ဖွဲ့ကြပြီ၊
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်ရဲကြပြီ၊
ဥပဒေပညာရှင်တွေက အနိုင်ကျင့်ခံရသူဘက်က ရပ်တည်ရဲကြပြီ၊
ရန်ကုန်မှာ
ရှစ်လေးလုံး ငွေရတုသဘင်ကြီးကို
ဒီမိုကရေစီအင်အားစုတွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေ၊
အစိုးရဝန်ကြီးတွေ၊ ခရိုနီတွေ
အတူလက်တွဲ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကျဆုံးခဲ့သူတွေကို သတိရကြမယ်တဲ့…၊
ရန်ကုန်မှာ …………..၊
ကျနော် ပြောလို့မဆုံးသေးပါဘူး
ရေတစ်ဝက်မြုတ်နေတဲ့ ဗုံးခိုကျင်းထဲမှာ
အဖျားတက်နေတဲ့
ကချင် ဒုက္ခသည် ကလေးမလေး ခေါင်းထောင်ထလာတယ်၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ”… တဲ့၊
ဒီကလေးရဲ့ စကားကို
လက်ပံတောင်းတောင်ကြီးက ထောက်ခံတဲ့အနေနဲ့
သူ့ရင်ဘတ်ထဲက
ကြေးနီတွေကို သွန်ချလိုက်တယ်၊
ဧရာဝတီမြစ်ဆုံကလည်း
နောက်ဆုံးဖြစ်တော့မည့် ရေကို အညင်သာဆုံး စီးဆင်းပြီး
ကောင်းချီးဩဘာပေးတယ်၊
တရုတ်ပြည်အရောက်သွယ်တန်းထားတဲ့
ကွန်ကရစ်ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊
အဲဒီ အချိန်မှာပဲ
အရက်မူးနေတဲ့ ယူနီဖောင်းဝတ် တစ်ယောက်က
သူ့လက်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့
ကောင်းကင်ကို ချိန်ရွယ်ပြီး
ကျည်ဆံတွေနဲ့ ဖောက်ခွဲပစ်လိုက်တော့
ပါတ်ဝန်းကျင် တစ်ခုလုံး
ဆူညံသွားတာပေါ့၊
ပြီးတော့ သူကပြောသေးရဲ့
“ထာဝရ ငြိမ်းချမ်းရေးရဖို့
ထာဝရစစ်တိုက်ရမယ်”… တဲ့၊
ဒီနေရာမှာတင်
ဒီကဗျာကို ဆက်ရေးချင်စိတ်မရှိတော့ပဲ ရပ်တန့်လိုက်ရတာပေါ့၊
အောင်ဒင်
ဇူလိုင် ၃၁၊ ၂၀၁၃
- See more at: http://moemaka.com/archives/36939#sthash.unHlSFmL.FFw8sGk8.dpufဇူလိုင် ၃၁၊ ၂၀၁၃

"၂၀၁၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့်
ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ၂၅ နှစ်ပြည့် သို့ ဦးညွတ်ဂုဏ်ပြုခြင်း"
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကာလက ရန်ကုန်မြင်ကွင်းတခု
ရန်ကုန် ငြိမ်းချမ်းရေး
အောင်ဒင်၊ သြဂုတ် ၁၊ ၂၀၁၃
ရန်ကုန်မှာ
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာပြောဆိုနေကြပြီ
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပါတ်လာနေကြပြီ၊
နိုင်ငံခြားသားတွေ ခြေချင်းထပ်နေကြပြီ၊
လူ့အခွင့်အရေးသင်တန်းတွေ ပေးနေကြပြီ၊
ဟိုတယ်တွေဟာ သင်တန်းခန်းမတွေဖြစ်ပြီး
ဒီမိုကရေစီအင်အားစုတွေ စွမ်းရည်မြင့်မားလာကြပြီ၊
အလုပ်သမားတွေ သမဂ္ဂတွေ ဖွဲ့ကြပြီ၊
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်ရဲကြပြီ၊
ဥပဒေပညာရှင်တွေက အနိုင်ကျင့်ခံရသူဘက်က ရပ်တည်ရဲကြပြီ၊
ရန်ကုန်မှာ
ရှစ်လေးလုံး ငွေရတုသဘင်ကြီးကို
ဒီမိုကရေစီအင်အားစုတွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေ၊
အစိုးရဝန်ကြီးတွေ၊ ခရိုနီတွေ
အတူလက်တွဲ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကျဆုံးခဲ့သူတွေကို သတိရကြမယ်တဲ့…၊
ရန်ကုန်မှာ …………..၊
ကျနော် ပြောလို့မဆုံးသေးပါဘူး
ရေတစ်ဝက်မြုတ်နေတဲ့ ဗုံးခိုကျင်းထဲမှာ
အဖျားတက်နေတဲ့
ကချင် ဒုက္ခသည် ကလေးမလေး ခေါင်းထောင်ထလာတယ်၊
“ဪ၊ တော်သေးတာပေါ့၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ”… တဲ့၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ”… တဲ့၊
ဒီကလေးရဲ့ စကားကို
လက်ပံတောင်းတောင်ကြီးက ထောက်ခံတဲ့အနေနဲ့
သူ့ ရင်ဘတ်ထဲက
ကြေးနီတွေကို သွန်ချလိုက်တယ်၊
ဧရာဝတီ မြစ်ဆုံကလည်း
နောက်ဆုံးဖြစ်တော့မည့် ရေကို အညင်သာဆုံး စီးဆင်းပြီး
ကောင်းချီးဩဘာပေးတယ်၊
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကိုဖြတ်ပြီး
တရုတ်ပြည် အရောက် သွယ်တန်းထားတဲ့
ကွန်ကရစ် ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊
တရုတ်ပြည် အရောက် သွယ်တန်းထားတဲ့
ကွန်ကရစ် ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊
အဲဒီ အချိန်မှာပဲ
အရက်မူးနေတဲ့ ယူနီဖောင်းဝတ် တစ်ယောက်က
သူ့ လက်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့
ကောင်းကင်ကို ချိန်ရွယ်ပြီး
ကျည်ဆံတွေနဲ့ ဖောက်ခွဲပစ်လိုက်တော့
ပါတ်ဝန်းကျင် တစ်ခုလုံး
ဆူညံသွားတာပေါ့၊
ပြီးတော့ သူက ပြောသေးရဲ့
“ထာဝရ ငြိမ်းချမ်းရေး ရဖို့
ထာဝရ စစ်တိုက်ရမယ်”… တဲ့၊
ဒီနေရာမှာတင်
ဒီကဗျာကို ဆက်ရေးချင်စိတ် မရှိတော့ပဲ ရပ်တန့်လိုက်ရတာပေါ့၊
အောင်ဒင်
ဇူလိုင် ၃၁၊ ၂၀၁၃
ဇူလိုင် ၃၁၊ ၂၀၁၃
ကဗျာကို မိုးမခ မီဒီယာကနေ ကူးယူဖော်ပြပါတယ်။
.
.
ရန်ကုန် ငြိမ်းချမ်းရေး
အောင်ဒင်၊ သြဂုတ် ၁၊ ၂၀၁၃
(၂၀၁၃ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ၂၅နှစ်ပြည့်သို့ ဦးညွတ်ဂုဏ်ပြုခြင်း၊)
ရန်ကုန်မှာ
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာပြောဆိုနေကြပြီတိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပါတ်လာနေကြပြီ၊
နိုင်ငံခြားသားတွေ ခြေချင်းထပ်နေကြပြီ၊
လူ့အခွင့်အရေးသင်တန်းတွေ ပေးနေကြပြီ၊
ဟိုတယ်တွေဟာ သင်တန်းခန်းမတွေဖြစ်ပြီး
ဒီမိုကရေစီအင်အားစုတွေ စွမ်းရည်မြင့်မားလာကြပြီ၊
အလုပ်သမားတွေ သမဂ္ဂတွေ ဖွဲ့ကြပြီ၊
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်ရဲကြပြီ၊
ဥပဒေပညာရှင်တွေက အနိုင်ကျင့်ခံရသူဘက်က ရပ်တည်ရဲကြပြီ၊
ရန်ကုန်မှာ
ရှစ်လေးလုံး ငွေရတုသဘင်ကြီးကို
ဒီမိုကရေစီအင်အားစုတွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေ၊
အစိုးရဝန်ကြီးတွေ၊ ခရိုနီတွေ
အတူလက်တွဲ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကျဆုံးခဲ့သူတွေကို သတိရကြမယ်တဲ့…၊
ရန်ကုန်မှာ …………..၊
ကျနော် ပြောလို့မဆုံးသေးပါဘူး
ရေတစ်ဝက်မြုတ်နေတဲ့ ဗုံးခိုကျင်းထဲမှာ
အဖျားတက်နေတဲ့
ကချင် ဒုက္ခသည် ကလေးမလေး ခေါင်းထောင်ထလာတယ်၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ”… တဲ့၊
ဒီကလေးရဲ့ စကားကို
လက်ပံတောင်းတောင်ကြီးက ထောက်ခံတဲ့အနေနဲ့
သူ့ရင်ဘတ်ထဲက
ကြေးနီတွေကို သွန်ချလိုက်တယ်၊
ဧရာဝတီမြစ်ဆုံကလည်း
နောက်ဆုံးဖြစ်တော့မည့် ရေကို အညင်သာဆုံး စီးဆင်းပြီး
ကောင်းချီးဩဘာပေးတယ်၊
တရုတ်ပြည်အရောက်သွယ်တန်းထားတဲ့
ကွန်ကရစ်ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊
အဲဒီ အချိန်မှာပဲ
အရက်မူးနေတဲ့ ယူနီဖောင်းဝတ် တစ်ယောက်က
သူ့လက်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့
ကောင်းကင်ကို ချိန်ရွယ်ပြီး
ကျည်ဆံတွေနဲ့ ဖောက်ခွဲပစ်လိုက်တော့
ပါတ်ဝန်းကျင် တစ်ခုလုံး
ဆူညံသွားတာပေါ့၊
ပြီးတော့ သူကပြောသေးရဲ့
“ထာဝရ ငြိမ်းချမ်းရေးရဖို့
ထာဝရစစ်တိုက်ရမယ်”… တဲ့၊
ဒီနေရာမှာတင်
ဒီကဗျာကို ဆက်ရေးချင်စိတ်မရှိတော့ပဲ ရပ်တန့်လိုက်ရတာပေါ့၊
အောင်ဒင်
ဇူလိုင် ၃၁၊ ၂၀၁၃
- See more at: http://moemaka.com/archives/36939#sthash.unHlSFmL.FFw8sGk8.dpufဇူလိုင် ၃၁၊ ၂၀၁၃
ရန်ကုန် ငြိမ်းချမ်းရေး
အောင်ဒင်၊ သြဂုတ် ၁၊ ၂၀၁၃
(၂၀၁၃ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ၂၅နှစ်ပြည့်သို့ ဦးညွတ်ဂုဏ်ပြုခြင်း၊)
ရန်ကုန်မှာ
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာပြောဆိုနေကြပြီတိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပါတ်လာနေကြပြီ၊
နိုင်ငံခြားသားတွေ ခြေချင်းထပ်နေကြပြီ၊
လူ့အခွင့်အရေးသင်တန်းတွေ ပေးနေကြပြီ၊
ဟိုတယ်တွေဟာ သင်တန်းခန်းမတွေဖြစ်ပြီး
ဒီမိုကရေစီအင်အားစုတွေ စွမ်းရည်မြင့်မားလာကြပြီ၊
အလုပ်သမားတွေ သမဂ္ဂတွေ ဖွဲ့ကြပြီ၊
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်ရဲကြပြီ၊
ဥပဒေပညာရှင်တွေက အနိုင်ကျင့်ခံရသူဘက်က ရပ်တည်ရဲကြပြီ၊
ရန်ကုန်မှာ
ရှစ်လေးလုံး ငွေရတုသဘင်ကြီးကို
ဒီမိုကရေစီအင်အားစုတွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေ၊
အစိုးရဝန်ကြီးတွေ၊ ခရိုနီတွေ
အတူလက်တွဲ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကျဆုံးခဲ့သူတွေကို သတိရကြမယ်တဲ့…၊
ရန်ကုန်မှာ …………..၊
ကျနော် ပြောလို့မဆုံးသေးပါဘူး
ရေတစ်ဝက်မြုတ်နေတဲ့ ဗုံးခိုကျင်းထဲမှာ
အဖျားတက်နေတဲ့
ကချင် ဒုက္ခသည် ကလေးမလေး ခေါင်းထောင်ထလာတယ်၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ”… တဲ့၊
ဒီကလေးရဲ့ စကားကို
လက်ပံတောင်းတောင်ကြီးက ထောက်ခံတဲ့အနေနဲ့
သူ့ရင်ဘတ်ထဲက
ကြေးနီတွေကို သွန်ချလိုက်တယ်၊
ဧရာဝတီမြစ်ဆုံကလည်း
နောက်ဆုံးဖြစ်တော့မည့် ရေကို အညင်သာဆုံး စီးဆင်းပြီး
ကောင်းချီးဩဘာပေးတယ်၊
တရုတ်ပြည်အရောက်သွယ်တန်းထားတဲ့
ကွန်ကရစ်ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊
အဲဒီ အချိန်မှာပဲ
အရက်မူးနေတဲ့ ယူနီဖောင်းဝတ် တစ်ယောက်က
သူ့လက်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့
ကောင်းကင်ကို ချိန်ရွယ်ပြီး
ကျည်ဆံတွေနဲ့ ဖောက်ခွဲပစ်လိုက်တော့
ပါတ်ဝန်းကျင် တစ်ခုလုံး
ဆူညံသွားတာပေါ့၊
ပြီးတော့ သူကပြောသေးရဲ့
“ထာဝရ ငြိမ်းချမ်းရေးရဖို့
ထာဝရစစ်တိုက်ရမယ်”… တဲ့၊
ဒီနေရာမှာတင်
ဒီကဗျာကို ဆက်ရေးချင်စိတ်မရှိတော့ပဲ ရပ်တန့်လိုက်ရတာပေါ့၊
အောင်ဒင်
ဇူလိုင် ၃၁၊ ၂၀၁၃
- See more at: http://moemaka.com/archives/36939#sthash.unHlSFmL.FFw8sGk8.dpufဇူလိုင် ၃၁၊ ၂၀၁၃
ရန်ကုန် ငြိမ်းချမ်းရေး
အောင်ဒင်၊ သြဂုတ် ၁၊ ၂၀၁၃
(၂၀၁၃ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ၂၅နှစ်ပြည့်သို့ ဦးညွတ်ဂုဏ်ပြုခြင်း၊)
ရန်ကုန်မှာ
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာပြောဆိုနေကြပြီတိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပါတ်လာနေကြပြီ၊
နိုင်ငံခြားသားတွေ ခြေချင်းထပ်နေကြပြီ၊
လူ့အခွင့်အရေးသင်တန်းတွေ ပေးနေကြပြီ၊
ဟိုတယ်တွေဟာ သင်တန်းခန်းမတွေဖြစ်ပြီး
ဒီမိုကရေစီအင်အားစုတွေ စွမ်းရည်မြင့်မားလာကြပြီ၊
အလုပ်သမားတွေ သမဂ္ဂတွေ ဖွဲ့ကြပြီ၊
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်ရဲကြပြီ၊
ဥပဒေပညာရှင်တွေက အနိုင်ကျင့်ခံရသူဘက်က ရပ်တည်ရဲကြပြီ၊
ရန်ကုန်မှာ
ရှစ်လေးလုံး ငွေရတုသဘင်ကြီးကို
ဒီမိုကရေစီအင်အားစုတွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေ၊
အစိုးရဝန်ကြီးတွေ၊ ခရိုနီတွေ
အတူလက်တွဲ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကျဆုံးခဲ့သူတွေကို သတိရကြမယ်တဲ့…၊
ရန်ကုန်မှာ …………..၊
ကျနော် ပြောလို့မဆုံးသေးပါဘူး
ရေတစ်ဝက်မြုတ်နေတဲ့ ဗုံးခိုကျင်းထဲမှာ
အဖျားတက်နေတဲ့
ကချင် ဒုက္ခသည် ကလေးမလေး ခေါင်းထောင်ထလာတယ်၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ”… တဲ့၊
ဒီကလေးရဲ့ စကားကို
လက်ပံတောင်းတောင်ကြီးက ထောက်ခံတဲ့အနေနဲ့
သူ့ရင်ဘတ်ထဲက
ကြေးနီတွေကို သွန်ချလိုက်တယ်၊
ဧရာဝတီမြစ်ဆုံကလည်း
နောက်ဆုံးဖြစ်တော့မည့် ရေကို အညင်သာဆုံး စီးဆင်းပြီး
ကောင်းချီးဩဘာပေးတယ်၊
တရုတ်ပြည်အရောက်သွယ်တန်းထားတဲ့
ကွန်ကရစ်ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊
အဲဒီ အချိန်မှာပဲ
အရက်မူးနေတဲ့ ယူနီဖောင်းဝတ် တစ်ယောက်က
သူ့လက်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့
ကောင်းကင်ကို ချိန်ရွယ်ပြီး
ကျည်ဆံတွေနဲ့ ဖောက်ခွဲပစ်လိုက်တော့
ပါတ်ဝန်းကျင် တစ်ခုလုံး
ဆူညံသွားတာပေါ့၊
ပြီးတော့ သူကပြောသေးရဲ့
“ထာဝရ ငြိမ်းချမ်းရေးရဖို့
ထာဝရစစ်တိုက်ရမယ်”… တဲ့၊
ဒီနေရာမှာတင်
ဒီကဗျာကို ဆက်ရေးချင်စိတ်မရှိတော့ပဲ ရပ်တန့်လိုက်ရတာပေါ့၊
အောင်ဒင်
ဇူလိုင် ၃၁၊ ၂၀၁၃
- See more at: http://moemaka.com/archives/36939#sthash.unHlSFmL.FFw8sGk8.dpufဇူလိုင် ၃၁၊ ၂၀၁၃
မြို့
Tuesday, July 30, 2013
0
comments
( မြို့)....
ရန်ကုန်မြို့တွင်း မြင်ကွင်းတခု၊ ဓာတ်ပုံ- ဇွဲထက်/ ဧရာဝတီ
"မြို့"
"မြို့"
သစ်ကိုင်းခြင်းပွတ်တိုက်သံ
မွန်းတည့်ချိန်တွေကျော်ဖြတ်ဘူးတဲ့
ခွေးလေခွေးလင့်ဟောင်သံ
သရိုးဆွေးတို့ခိုးကြွေကျသံ
တစီစီနဲ့
အိပ်ဆေးသောက်ရပေါင်းများပေါ့....
မြို့မှာသွေးကင်ဆာရှိကြောင်း
မြို့သိသွားတယ်..
ခုတလောမြို့မှာ
နေဘက်ဆိုအတိတ်စိမ်းတွေ စိမ့်ထွက်ပြီး
ညဘက်ဆိုသားပျောက်ရှာတယ်...
ဒါရိုက်တာ စိတ်တိုင်းမကျလို့
ကြွေပန်းကန်တွေအကြိမ်ကြိမ် ချခွဲလိုက်ရ
အလွမ်းဖွဲ့ဇာတ်ကား...
ဒီမြို့မှာလူကြိုက်များတယ်..
အဲ့ဒီကစမြို့သူမြို့သားတွေ
ကြေအေးတမ်းကစားတက်လာရော...
သိပ်မကြာသေးဘူး
မြို့မှာ
တစ်ယောက်ကဧကစာရီကျင့်ပြီး
တစ်ယောက်ကသူ့ အသုဘ သူခိုးချသွားလေရဲ့
ဆရာဝန်တောင်ဆေးခိုးကုရတဲ့အထိ
ယဉ်ကျေးမှုနိမ့်ကျနေတဲ့မြို့
မြို့ကိုကြက်သွန်နံ့တွေအလည်လာတယ်
တခြားမြို့ကိုကြက်သွန်နံ့တွေအလည်သွားတယ်...
အလင်းလုသူ
မြေလုသူ
ကိုယ့်အသက် ကိုယ်ပြန်လုသူ နည်းနည်းကလွဲလို့
ဒီမြို့မှာ ဖီဒယ်ရားမို့စ် မရှိ
ဒီကလပ်မရှိ
ယစ်ဇက်ရာဘင် မရှိ
မရှိ ... မရှိ ... မရှိ..
တစ်ခုတော့ရှိရဲ့
ညအုပ်ကြီး ဒို့အရေးအော်ပြီဆို
သူ့မျက်နှာ ကိုယ်ကြည့် ကိုယ့်မျက်နှာ သူကြည့်
မြို့နေတွေ မျက်ရည် အတိနဲ့...
( ဇော်မင်း - ၁၁၆၆၆ )
ကဗျာရေးသူ ဇော်မင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး ယခုအခါ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးလုပ်ငန်း တာဝန်ခံတဦးလည်းဖြစ်သည်။ အဆိုပါ မြို့ အမည်ရ ကဗျာကို သရက်ထောင်အတွင်းရှိစဉ်က ရေးစပ်ခဲ့ခြင်းဖြစ်သည်။
ဒ ဂု န် တာ ရာေ နွ ဦး ( ၈ )
Sunday, July 28, 2013
0
comments
“မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ”
(မောင်လေးအောင်)
အေးမင်းစောရေ
ညီလေးရေ...။
ဦးနေ၀င်းသေတယ်
မောင်လေးအောင်မသေဘူး။
မန်းချောင်းလရောင်
ခွေးတစ်ဟောင်
သောင်စွန်းလို့ ထွန်း
ကျွန်းမကြီးကျွန်း။
ဧရာဝတီရယ်
မလွမ်းဘူးလား။
မင်းဘူးစား
မကွေးစား
ရေနံချောင်းစားတို့ ရေ
မလွမ်းဘူးလား။
ရဲဘော်တို့ ရေ
တစ်ခုလုံးကိုသာလွမ်း။
လေရိုင်းတွေ ပတတ်ရပ်
ကိုင်းတောကြီးပေါ်မှာ
နွေဦးက တဖျပ်ဖျပ်။
ဘ၀အလွမ်းအမောဇာတ်
ကဗျာတောကြီးထဲမှာ
နွေဦးက တလှပ်လှပ်။
နောက်ထပ် ငါးမိနစ်ဖြစ်ဖြစ်
(ငါးနှစ်ဖြစ်ဖြစ်)
ဆက်ပြီး တောင့်ခံနိုင်ရင်
တို့ -
ကဗျာသမ္မတနိုင်ငံတော် တည်နိုင်မယ်။
အာဏာရှင်တွေ သေတယ်
ကဗျာဆရာတွေ မသေဘူး။
သမ္မတကြီးမောင်ရန်ပိုင်
အဓွန့် ရှည်ပါစီ။
သမ္မတကြီးမောင်ချောနွယ်
အဓွန့် ရှည်ပါစီ။
သစ်ကောင်းအိမ်ကတော့
သတိပေးနေပြီ
“ရန်သူက အမေရိကအထိ
တက်စီးထားပြီ” တဲ့။
နွေဦးက
ဝတ်ညှာရွှေငယ်လေ
လေညင်းခူး
ကတုတ်ကျင်းတွေနက်နက်တူးမှ
ပန်းဖူးမယ်ဆိုရင်...။
ဘာပဲဖြစ်ဖြစ်
ကျန်းမာအောင်သာနေပါ။
ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်
နေတာဟာလည်း
ဒဂုန်တာရာကို ဂုဏ်ပြုရာကျတာပါပဲ ညီလေးရေ။ ။
အောင်ဝေး
မိုးမခ http://www.moemaka.blogspot.com ကနေ ကူးယူ ဖော်ပြပါတယ်။
.
ဂီလာန ဧရာဝတီ
Monday, June 24, 2013
0
comments
တည်လာထာဝရ
ကြည်ပြာအလှ
နဒီသာစွ ဧရာဝတီကို
ခုတော့ - ဂီလာနဧရာဝတီတဲ့
အမည်သစ်ပေးကြ
မမွှေးတဲ့နာမည်
မသတီစရာ ဂီလာန
ဘယ်ခါဘယ်ရက်
အသက်ထွက်လေမလဲ
မတွေးရဲပါ။
ဧရာဝတီဘေးမှာ မွေးဖွား
ဧရာဝတီနားမှာနေ
မြစ်ရေကြည်သောက်
လူလားမြောက်ခဲ့တဲ့ ငါ
ကာသုံးပါး
စီးဆင်းရွေ့လျားနေတဲ့ဧရာ
ခုခါ အနာဂတ်ပျောက်မယ့်
မတ်တတ်ခြောက်တဲ့သစ်ပင်လို
နုပျိုမှုကင်း
ရင့်အိုခြင်းသင်္ကေတ
မမြင်ရ မတွေ့ရပါလို
တောင်းဆုဆိုမိ။
မိုးပြာပြာအောက်မှာ
တည်ငြိမ်လှပတဲ့
ရိုးမတောင်နှစ်သွယ်ကြားမှာ
စိမ်းပြာရောင်ရေသားနဲ့ 
စီးသွားတဲ့ဧရာဝတီ
မြေဆီလည်းကျွေး
ရေကြည်လည်းပေး
ကျွေးသူပေးသူအစစ်
ကျေးဇူးရှင်အဖြစ်
နှစ်ပေါင်းများစွာ ရှည်ကြာ
ကမ္ဘာတည်သ၍
သိမ်မွေ့ရွေ့လျား
တည်လိမ့်လေမလားအတွေးများ
ခုတော့ မှားလေပြီလား
သံသယပွားနေမိ။

ထက်အောက်ကြေညာ
သွားလာစုန်ဆန်
လှေသမွန်သဘောင်္
သွားလာရင်း ရင်မောရ
မြစ်ကြော ကျဉ်းမြောင်း
မြစ်ကြောင်းမှာ ထွန်းတဲ့သောင်
ရေလယ်ခေါင်
ကင်းမြီးကောက် ထောင်လို့ ရသတဲ့။
တန်ဆောင်မုန်းခါး ခွေးမစားတဲ့
တင်စားတဲ့ စကားဥပမာ
မြစ်ဧရာတစ်ကြော
ပေါလိုက်တဲ့ ပုစွန်ငါး
များ----များ----များ
စားမကုန်အောင်များ။
ခုခါ-----
ဧရာမြစ်တစ်ရိုး
ပိုးသတ်ဆေးနဲ့ ပက်
ဘက်ထရီနဲ့ ရှော့တိုက်
ဖမ်းလိုက်ကြ ပုစွန်ငါး
မျိုးတုံးလို့ သွားလေသလား
ရှား-----ရှား-----ရှား
စားစရာမရှိအောင်ရှား
စားရပြန်တော့ အဆိပ်သင့်တဲ့ပုစွန်ငါး။
ရွှေဟသာင်္မောင်နှံငှက်
လည်ယှက်ကာတွဲ
ပျော်စံနွှဲတဲ့
သဲခင်းသောင်သာ
သူတို့ မလာကြာလေပြီ။
မတွေ့နိုင် မမြင်နိုင်တော့ပါ
တစာစာ ဟစ်ကြွေး
စင်ရော်ငှက်ကလေး
တေးမသီမပျံဝဲ
ဘယ်ရပ် ဘယ်ဆီရောက်နေပြီလဲ။
ငါးကြင်းတွေဆန်
ငါးတန်တွေမြုး
နွေဦးချိန်မှာ
ကိုတံငါလှေနံခေါက်တော့
လင်းပိုင်တွေရောက်လို့ လာ
တံငါလည်းမြူး လင်းပိုင်မြူး
မြစ်ဧရာရဲ့ သောင်ယံဦး။
ခုချိန်ခါ
ဧရာမြစ်တွင်း
လင်းပိုင်တွေမလာ
ကိုတံငါ
လှေနံမခေါက်တာ ကြာပြီပေါ့။
ရေနဲ့ရွှေ
ရွှေကိုတန်ဖိုးထား
လောဘသမားတွေ
မြစ်ရေထဲရွှေကျင်
သဲသောင်ပြင်မြင်မကောင်း
မြစ်ကြောင်းဆို့ ပိတ်
အဆိပ်တွေ အဆိပ်တွေ
မြစ်ရေကြည်ထဲ စိမ့်ဝင်နေ။
ရှုကြည့်စမ်းပါ
ဧရာဝတီမှာ
ဘ၀အလီလီ
အလှအစီအရီ။
မြူခိုးရစ်သန်း
တောင်တန်းမို့ မို့ 
သောင်ကမ်းတို့ က
စိမ်းညို့ရေလျဉ်
တသွင်သွင်။
ဧရာဝတီ
ရွှေနဒီရဲ့
နေရီညချမ်း
လွမ်းလို့ မ၀နိုင်။
ဆန်းစ
ခြမ်းလ သော်တာ
ရေပေါ်မှာ အရိပ်ထင်
လေနှင်တော့ လှိုင်းလွန့်လူး
လှိုင်းတွေကြားမှာ လရောင်မြူး။
စေတီပုထိုး
မြစ်ကမ်းရိုးဝယ်
မိုးတိုးမတ်တတ်
မြစ်ရေပြင်မှာ လာလို့ ဟပ်
စိန်ဖူးရောင်တွေ တဖျတ်ဖျတ်။

ဧရာလမ်း
မြစ်ကမ်းဝဲယာ
နုန်းတင်တဲ့မြေလွှာပေါ်မှာ
ရာသီအလိုက်
စိုက်ပျိုးကြသီးနှံတွေ
စိမ်းလဲ့လဲ့မြရောင်ဝေ။
မြစ်ကမ်းပေါ်မှာ တောင်သူများ
မြစ်ရေပြင်မှာ ကိုတံငါနဲ့ ဖောင်သမား
တိုင်းပြည်အတွက် အားမာန်များ
မိုးနဲ့မြေကြား ၀င့်ကြွားကြွား။
နေရီရီမှာ
မဒီတစ်သိုက်
ရေအိုးကိုယ်စီပိုက်လို့ 
တောစရိုက် တောမူရာ
ရေခပ်ဆင်းကြသောအခါ
ဧရာလမ်း
အိပ်တန်းပြန်ငှက်
တောင်ပံချင်းယှက်
တွဲဖက်လို့ ပျံကာသွား
အုပ်စုဖွဲ့ကြ ပျော်တအား။
ဧရာဝတီရဲ့နို့ ရည်
မြစ်ရေကြည်
ငါသည်မွေးစ
သေချိန်ကအောင်
ချိုမြစွာ စို့ သောက်အံ့
အသက်ကိုစောင့်ရှောက်တဲ့အရှင်
ဧရာဝတီ မဟာမိခင်။
ခုချိန်ခါ
သဘာ၀၀န်းကျင် ချစ်ကျွမ်းဝင်
တွေးခေါ်မြော်မြင်တတ်သူတွေက
လှပတဲ့ဧရာဝတီမိခင်
ရောဂါစုံဝင်လို့ 
အသက်ငင်နေပြီတဲ့။
ကြားဖူးတဲ့စကား
လက်ဆောင်ပါးပါရစေ။
အိန္ဒိယက
ဗုဒ္ဓကျမ်းစာလာ
လွမ်းစရာ ယမုန်နာမြစ်
စွန့်ပစ်ပစ္စည်းဒဏ်ရာနဲ့
ရေဆိုးမြောင်းသာသာရှိတော့သတဲ့။
ဒါပေမဲ့------------
ဂျာမဏီပြည်က ရိုင်းမြစ်
ပြည်သူတွေ ၀ိုင်းချစ်
ကောင်းမွန်တဲ့ နည်းစနစ်နဲ့
သစ်လွင်တဲ့ရေကြည်များ
တသွင်သွင် စီးသွားနေသတဲ့။
အို ---- လူအများတို့ 
မြသားနဒီ
ဧရာဝတီမိခင် ကျေးဇူးရှင်
အသက်ငင်တာကို မြင်လိုပါသလား
အသက်ရှင်တာကို မြင်လိုပါသလား
အသက်ရှင်တာ
မြင်လိုပါလျှင်
ကယ်တင်ခြင်းမှတပါး
အခြားမရှိပြီ
မြန်မာပြည်သားစစ်မစစ်
ဧရာဝတီကို ချစ်ခြင်း
ဧရာဝတီကို ကယ်တင်ခြင်းနဲ့
လက်ငင်းသက်သေပြကြပါ။
အမိဧရာရဲ့ရောဂါ
ကင်ဆာမဖြစ်ပါစေကြောင်း
လှိုက်လှဲစွာဆုတောင်းလျက် ---- ။
ကြည်သင်း
စကားအကိုး
RFA ကိုညို၏ စိတ်ယဉ်ကျေးမှုမှတ်စုများ။
၆.၁၁.၉၉ ဘီဘီစီညပိုင်း ဆရာတင်မိုး၏ ‘ Rhyne ရိုင်းမြစ်မှ ဧရာဝတီသို့ ’ ကဗျာနှင့် ပြောပြချက်။
အိပ်မက်ကထာ
Saturday, June 22, 2013
0
comments
(၁)
စာဆိုရှိစဉ်က
စာဆိုပေးတဲ့ အိပ်မက်ကထာ
‘လူတိုင်း၌ အိပ်မက်ကိုယ်စီရှိကြ၏
အချို့သော အိပ်မက်တို့ သည် ညှိုးငယ်နွမ်းလျော်ကြ၏
အချို့သော အိပ်မက်တို့ သည် စိမ်းလန်းလတ်ဆတ်ကြ၏
ကဗျာဆရာ၌ မြင်မက်သော အိပ်မက်တို့ ကား
(စိမ်းလန်းသော အိပ်မက်ကဗျာစာအုပ်အဖွင့်မှ)
(၂)
စာဆိုခွဲခွာသွားတဲ့အခါ
စာဆိုပေးခဲ့တဲ့အိပ်မက်ကထာ
ဝေဒနာလွှမ်း
စာဆိုကိုတမ်းတဲ့
လွမ်းအိပ်မက်ပါ။
(၃)
ချစ်သောစာဆို
ရင့်အိုကြာညောင်း
ကာလတွေပြောင်းသော်ငြား
ဘယ်တော့မှ မဟောင်းနိုင်တဲ့အိပ်မက်ကထာ
ထာဝစဉ်ရင်ထဲမှာ။
(၄)
အိုဘယ့်စာဆို
နားခိုလေရာ
တစ်ရပ်ရွာမှ
ကဗျာကိုယ်နံ့သင်းလှည့်ပါ..
(ဆရာတင်မိုးသို့ ထာဝရအောက်မေ့တသလျက်)
ကြည်သင်း
၂၂.၁၁.၂၀၀၇
ဧည့်စာရင်းမတိုင်တဲ့ ဘလူးစ်
Tuesday, May 14, 2013
1
comments
မိုးသီးဇွန် ဆိုထားတဲ့ သီချင်းတပုဒ် ယူကျုမှာ ရောက်နေပါပြီ။
ယူကျုရဲ့ ထုံးစံအတိုင်း အင်တာနက်မြန်နှုန်းနိမ့်ရင် ကြည့်ရတာ အဆင်မပြေပါဘူး။
အပျော်တမ်းရိုက်ထားတဲ့ရုပ်သံဖြစ်တဲ့အတွက်လည်း ကြည့်ရတာ အဆင်မပြေပါဘူး)
ဘယ်သူ ရေးထားတဲ့သီချင်းမှန်း မသိရပါ။
စာသားတွေကတော့ လန်းပါတယ်။
ရုပ်သံနဲ့အတူ သူ့သီချင်းစာသားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(ထပ်မံ ဖြည့်စွက်ချက် - သူကိုယ်တိုင်ရေးထားတဲ့သီချင်း ဖြစ်ပါတယ် တဲ့)
ဧည့်စာရင်းမတိုင်တဲ့ ဘလူးစ်
ငါမွေးခဲ့တဲ့ ငါ့နိုင်ငံကို ငါတပတ်လှည့်ကြည့်မယ်ဟေ့
ငါဘယ်နေ့  သွားမယ်။
ငါဘယ်သူနဲ့ တွေ့ မယ်။
ငါ ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး
ငါ့အဖိုးသေတုန်းက ငါတို့ တရွာလုံး
အုန်းအုန်းကျွက်ကျွက် ချက်အရက်တွေသောက်ပြီး မူးကြတယ်။
ဟေ ဟေ ဟေ ငါတို့ ဘယ်သူမှ ဧည့်စာရင်း မတိုင်ကြဘူး။
ဟေ ဟေဟေ ။
ငါစိုက်ခဲ့တဲ့ ငါ့ရဲ့ လယ်ကို ငါရိတ်သိမ်းရတော့မယ်ဟေ့
ငါဘယ်သူ့ကို … ရောင်းမယ်။
ငါဘယ်ဈေးနဲ့ …. ရောင်းမယ်
ငါဘယ်သူ့ကိုမှာ ပြောပြစရာမလိုဘူး။
ဟေဟေဟေ ။
ငါ့အစ်မ မင်္ဂလာဆောင်တုန်းက ငါတို့ တရွာလုံး
အုန်းအုန်းကျွက်ကျွက် ခဲဖိုးတောင်းလို့  ရန်ဖြစ်ကြတယ်။
ဟေ ဟေ ဟေ
ငါတို့ ဘယ်သူမှ ဧည့်စာရင်းမတိုင်ကြဘူး။
ဟေဟေဟေ။
ငါ စပ်ခဲ့တဲ့ ငါ့ကဗျာတွေ ငါအသံထွက်ရွတ်ကြည့်မယ်ဟေ့
ဒါ ဘာအဓိပါယ်လဲ ။ ဒါ ဘာကိုဆိုလိုတာလဲ
ငါဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး။
ငါတို နှစ်ဦးသား ချိန်းတွေ့တုန်းက … ငါတို့ နှစ်ယောက်စလုံး
ဝုန်းဒိုင်းကျဲကြ..ချစ်အပြုံးတွေတောက်ပြီး နမ်း ကြတယ်။
ဟေဟေဟေ
ငါတို့ ဘယ်သူမှ ဧည်စာရင်းမတိုင်ဘူး။
ငါတို့ ဘယ်သူမှ ဧည့်စာရင်းမတိုင်ဘဲ ချစ်ခဲ့ကြတယ်။
ဒါဟာ ဧည့်စာရင်းမတိုင်တဲ့  ဘလူးစ် ….ဟေ ဟေဟေ။

- ဧရာဝတီ Facebook / ဧရာဝတီ Twitter
တင်ဆက်ပုံအသစ်နဲ့ ကဗျာတွေ
Monday, May 6, 2013
0
comments
စာဖတ်သူတွေထဲမှာ ကဗျာဖတ်ပရိတ်သတ်အား ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မခန့်မှန်း တတ်ပါဘူး။ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ကဗျာစာအုပ် ၅၀ ဝန်းကျင် ထွက်ရှိခဲ့တယ် လို့ သိရပါတယ်။
အခု မိတ်ဆက်ပေးချင်တာကတော့ လူငယ်ကဗျာဆရာတွေရဲ့ လက်ရာ - မူမှန်လွန်ကဗျာအဖွဲ့အစည်း(၅) လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ် ဖြစ်ပါတယ်။
လူငယ်ကဗျာဆရာတွေဖြစ်ကြတဲ့ ကိုအောင်၊ ပီမွန်သော်၊ ကိုရဲ၊ ဂျူရီနို၊ မင်းရည်သွေး၊ တေဇT တို့ရဲ့ လက်ရာတွေ ဒီစာအုပ်မှာ တွေ့ရမှာပါ။
ဒီစာအုပ်မှာပါဝင်တဲ့ ကဗျာအမျိုးအစားတွေကတော့ စုံလင်ပါတယ်။
လူငယ်တွေရဲ့လက်ရာ ဖြစ်တာကြောင့် ဒီကနေ့ခေတ်ရဲ့ပုံရိပ်တွေကို လတ်လတ်ဆတ်ဆတ် ခံစားနိုင်မှာပါ။
တေဇT ရဲ့“လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (မူရင်း)” ဆိုတဲ့ ကဗျာ တစ်ပုဒ်ကို ခံစားကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ငါတို့ကို ဘယ်တော့အရည်အသွေးစစ်ဆေးရေးခန်းထဲပို့မှာလဲ
ငါတို့ကို ဘယ်သူတွေက အရည်အသွေးစစ်ဆေးမှာလဲ
ငါတို့ကို ဘယ်သူတွေပြုလုပ်တင်သွင်းမှာလဲ
ငါတို့ကို (ငါတို့လို) ဘယ်သူတွေနဲ့ ရောနှောဆက်ယှက်ပြီးသုံးမှာလဲ
ငါတို့ကို ဘယ်အမှတ်တံဆိပ်တပ်ပေးမှာလဲ
ငါတို့ကို ဘယ်ဈေးနှုန်းနဲ့ဘယ်ဈေးကွက်ဆီတင်ပို့မှာလဲ
ငါတို့ကို ဘယ်သူတွေက ၀ယ်ယူအသုံးပြုမှာလဲ
ငါတို့ဟာ ဘယ်တော့ကုန်ချောအဖြစ်ရောက်မှာလဲ
ငါတို့ဟာ ထုတ်လုပ်မှုကုန်ကြမ်းတွေလား
ငါတို့ဟာ လူ့စွမ်းအားအရင်းအမြစ်ကုန်ကြမ်းတွေထုတ်လုပ်မှုလား
ငါတို့ဟာ ကုန်ချောဖြစ်သွားရင်ငါတို့ကရှိသေးရဲ့လား။
…………………………………….

နောက်ထပ်တစ်ပုဒ်ကတော့ ပီမွန်သော်ရဲ့ သံမဏိကြိုးမျှင် (သို့မဟုတ်) ဒေါ်အောင်ဆန်း စုကြည်ရဲ့ နီတိ ဆိုတဲ့ ကဗျာပါ။
ဒီလမ်းမှာ’ကြောက်ရွံ့ခြင်း’ သည် ၀ံပုလွေကို ရင်းစွဲထက်ပိုကြီးသည်ဟု ထင်အောင် ဖန်တီးနိုင်စွမ်းရှိသည်။
ဒီလမ်းမှာ အားလုံးဟာ နံပါတ်တစ်ကတော့ မှန်ကန်တဲ့ စိတ်ဓာတ်ကိုတောင့်ထားပါ
ဒီလမ်းမှာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာတဲ့ယဉ်ကျေးမှု ထူထောင်ရမယ်
ဒီလမ်းမှာ ပျော့ပျောင်းတယ်ဆိုတာ ပျော့ညံ့တာမဟုတ်ဘူး
ကြံဟာ သူတို့ကို ဘယ်လိုပဲကြိတ်ကြိတ် ချိုတဲ့သတ္တိကို မစွန့်လွှတ်သလိုမျိုး သံမဏိကြိုးမျှင်ဟာ သံမဏိကြိုးမျှင်ပဲ
ဒီလမ်းမှာ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏အကြီးအကဲ ဟု ဖခင်အမွေလက်ဆင့်ကမ်း
ဒီလမ်းမှာ ရင်ထဲသို့ အမုန်းတရားဝင်ရောက်လာလျှင် တိုက်ပွဲရှုံးလိမ့်မယ်
ဒီလမ်းမှာ ဒီမိုကရေစီတော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေး စိတ်ကလုပ်နိုင်မှ ဒီမိုကရေစီရမှာ
ဒီမိုကရေစီမှာ မေတ္တာထည့်နိုင်ရင် တခြားနိုင်ငံတွေထက် သာလိမ့်မယ်။ ။
တေဇT က “ကဗျာအမျိုးအစားတွေက ဒီကနေ့ခေတ်မှာ စုံလာပြီ၊ ကဗျာ တိုးတက်လာတယ်လို့ ပြောနိုင်တယ်” လို့ ပြောပါတယ်။
“မြန်မာနိုင်ငံက ကဗျာဆရာတွေရဲ့ကဗျာကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုတဲ့ စာအုပ်တွေလည်း အခုနောက်ပိုင်းမှာ ထွက်ရှိလာတာရှိတယ်၊
အဲဒါကြောင့်နိုင်ငံတကာက ကဗျာဖတ်ပရိတ်သတ်နဲ့ မြန်မာကဗျာဆရာတွေ ထိတွေ့ခွင့်ရလာတဲ့သဘောပေါ့။
ဒီ မြန်မာကဗျာတွေကိုဖတ်တဲ့ နိုင်ငံတကာကဗျာဆရာတွေကလည်း မြန်မာပြည်က ကဗျာတွေကိုဖတ်ပြီး အားရကျေနပ်တာမျိုး၊ သဘောက ကျွန်တော်တို့ကဗျာတွေက နိုင်ငံတကာကိုပါ စတင်ပြီး ထိုးဖောက်လာနိုင်တဲ့ အခြေအနေမျိုး ဆိုတော့ ဒီကနေ့ခေတ် ကဗျာအခြေအနေက အားရစရာကောင်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။
စာအုပ်မိတ်ဆက်တဲ့ပွဲ နဲ့ Performance ပွဲကို ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ရန်ကုန်မြို့ New Zero Art Space မှာ ပြုလုပ်ခဲ့ပါ တယ်။ ကဗျာတွေကို ပုံစံအမျိုးမျိုးနဲ့ တင်ဆက်လာတဲ့အထဲမှာ ဒီလူငယ်များလည်း ပါဝင်ပါတယ်။
မိတ်ဆက်ပွဲမှာ ခင်းကျင်းထားတဲ့ ကဗျာပုံစံတွေကို ဧရာဝတီပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရွက်စိမ်း ~

.
Subscribe to:
Posts
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရ...
-
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေ...
-
(25)ရက်နေ့ မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှ...
-
www.popularmyanmar.com အားလုံးက ကြံ့ဖွံ့ပါတီကို မဲမထည့်ချင်ပဲ ထည့်လိုက်ရတဲ့ အခြေအနေမှာ တမူထူးတဲ့ မင်းသားလွင်မိုးက ကြံ့ဖွံ့ပါတီကို လိုလို လား...
-
- ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေကို ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ငိုယိုပြလိုက်ပါတယ်။ ကနဦး မိန့်ခွ...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ
.jpg)

.jpg)
.jpg)

+(Cu.jpg)

+4+55+(Custom)+(2).jpg)
.jpg)

.jpg)